Saturday, May 12, 2012

မြစ်ကြီးနားမြို့ကို ဗုံးခွဲတဲ့သူများအား ဖမ်းမိပြီ



From : Jing Hpaw Land
မြစ်ကြီးနား၊ မေလ ၉ ရက်
မေလ ၇ ရက်နေ့ည ၁၁ နာရီခွဲခန့်က မြစ်ကြီးနား ဒုစရိုက်နှိမ်နင်းရေးရဲအဖွဲ့ဝင်
များသည် ကချင်လူမျိုး သတင်းပေး၏ သတင်းအရ ကားကြီးဝင်းအနီးရှိ စိုးစံတည်းခိုခန်းသို့ ၀င်ရောက်ရှာဖွေစစ်ဆေးရာ အခန်းအမှတ် ၁၉ တွင် တာလောကြီးကျေးရွာမှ ဇော်ဘန်နှင့်၎င်း၏ ဇနီးဖြစ်သူ မရွယ် တို့ထံမှ မိုင်းထောင်ရာတွင် အသုံးပြုသော

၁) အနက်ရောက်လက်ကိုင်ရိုးတပ် အရှည် ၆ လက်မခန့်ရှိ ၀ါယာကြိုးဖြတ်ပလာယာ၊
၂) အရှည် ၂၂ လက်မ 7044 အမျိုးအစားဝါယာကြိုးအဖြူရောင် ၁ ချောင်း၊
၃) အလျား ၃ လက်မခန့်ရှိ တံစဉ်းပြားအကျိုး ၁ ခု၊
၎) အရိုးအသွား ၉ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်း တို့နှင့်အတူ စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။

ဇော်ဘန်မှာ ၂၀၀၉ခုနှစ် နိုဝင်ဘာလတွင် တပ်ရင်း (၁၁) တွင် သင်တန်းသား ၈၂ ဦးနှင့်အတူ အခြေခံ တပ်သားသစ် သင်တန်းနှင့် မိုင်းသင်တန်းများကို ၃ လခန့်သင်ကြားတက်ရောက်ခဲ့ပြီး ကိုယ်ပိုင်အမှတ် A-၅၀၃၉၇ တပ်သားတစ်ဦးဖြစ်ပါတယ်။ အစိုးရနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် လိုင်ဇာဌာနချုပ်မှ မြစ်ကြီးနားမြို့ပေါ်တွင် မိုင်းများဖောက်ခွဲရန်အတွက် ဇော်ဘန်နှင့် သင်တန်းအတူတက်ခဲ့သော

၁) နော်ဆန်(ခေါ်) ကရိန်နော်၊ မလိဆွန်ယန်ရွာ၊ အကျဲလမ်းခွဲ၊ မြစ်ကြီးနား။
၂) လမိုင်၊ မလိဆွန်ရွာ၊ အကျဲလမ်းခွဲ၊ မြစ်ကြီးနား။
၃) ဇုံးယိန်း၊ မော်ဖောင်းကျေးရွာ၊ မြစ်ကြီးနား။

၎ ဦးအား စေလွှတ်ဖောက်ခွဲခဲ့ပါတယ်။ ၄င်းတို့ ၄ ဦးသည် ကေအိုင်အေ တပ်ရင်း(၁၁) တပ်ရင်းမှူး ဒူးဂျုံး၏ ခိုင်းစေချက်ကြောင့် မြစ်ကြီးနားမြို့ပေါ်တွင် အကြိမ်ကြိမ်ဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ပါတယ်။ အသင့်ဖောက်ခွဲမိုင်းများကို တပ်ရင်း (၁၁) မှ ထုတ်ပေးပြီး မိုင်းဖောက်ခွဲရမည့်နေရာများကိုပါ သတ်မှတ်ပေးခဲ့ကြောင်း ၄င်းတို့မှ မိုင်းထောင်ခဲ့ပြီး အဝေးမှ Remote Control ဖြင့်ဖောက်ခွဲခဲ့ပါတယ်။ မိုင်းခွဲပြီးနောက် ၄င်းတို့နေထိုင်တဲ့ရွာတွေမှာ ပြန်လည်နေထိုင်ကြောင်း ကေအိုင်အေမှ လက်လုပ်မိုင်းများသည် စိတ်ချရမှုမရှိပဲ မိုင်းထောင်သူများပါ ထောင်ရင်းပေါက်ကွဲမှုဖြစ်ကာ သေဆုံးရကြောင်း။ ထို့ကြောင့် မိုင်းထောင်ရန် ကြောက်လန့်နေကြကြောင်း ဇော်ဘန်မှ စစ်ဆေးခံခဲ့တယ်လို့ သိရပါတယ်။ ကျန်ရှိနေတဲ့ ၃ ဦးကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေကြောင်း မြစ်ကြီးနား ရဲတပ်ဖွဲ့မှူးရုံးမှ ပြောကြားခဲ့ပါတယ်
Myanmar Express
Unknown at 7:19 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.