
(၅၊ ၅၊ ၂၀၁၂)နေ့က ရန်ကုန်မြို့တစ်နေရာတွင် ကျွန်တော်စီးလာသော Taxi ကားသည် မီးနီမိနေ၏။ ထိုစဉ်အခိုက် စီဒီဈေးသည်တစ်ဦးက ကျွန်တော့် အနားကပ်လာကာ သူရောင်းနေသော စီဒီခွေများကို ၀ယ်ယူအားပေးပါရန် ပြော၏။ သူ့လက်ထဲက စီဒီချပ်ကာဗာတွေကို ကြည့်လိုက်တော့ "၂၀၁၂ သင်္ကြန် အဖော်၊ အချွတ်၊ နန့်ကျောထ အကနှင့် မြင်ကွင်းစုံ၊ ခေါ်ယူသတိပေးရတဲ့အထိ အကွဲအပြဲများနှင့် သဉ္ဇာဝင့်ကျော်၊ သာဓုပါဗျာ-ပါပါလေးနှုတ်ခမ်းေ
ကျွန်ုပ်သည် အဆိုပါ စီဒီခွေကို မြင်ကတည်းက အင်တာနက်သုံးလေ့သုံးထရှိသူပ
အိမ်သို့အရောက် စီဒီစက်ထဲသို့ အဆိုပါအခွေအား ထိုးထည့်၍ ကြည့်ရှုမိလေရာ ခွေစစချင်း ပေါ်လာသည့် သီချင်းကား... "ကောင်းလား...ကို၊ ကောင်းတယ်၊ ကောင်းလား...ကို၊ ကောင်းတယ်၊ ကောင်းရင် ကောင်းတယ်မှတ်၊ ကောင်းရင် ကောင်းတယ်မှတ်" ဖြစ်၏။ ပထမဆုံး ပေါ်လာသည့် အရုပ်ကား "သေနာလီဆာ" ဟုဆိုကာ ကမ္ဘာကျော်ပန်းချီဆရာ Leonardo da Vinci ၏ မိုနာလီဆာ ပန်းချီကားကို သွားလေသူ ဦးသန်းရွှေမျက်နှာနှင့် အစားထိုးထားသော Mr Creator ၏ ရုပ်ပြောင် Photoshop လက်ရာကလေး ဖြစ်ချေ၏။ ဘယ့်နှယ်။ နန့်ကျောထ စီဒီခွေနှင့် သေနာလီဆာ မည်သို့မည်ပုံ ဆက်စပ်ထားလေသည်မသိ။ ထားတော့။ သေနာလီဆာ ပြီးနောက်ပိုင်း ပေါ်လာသည့် အရုပ်များကား ၂၀၁၂ သင်္ကြန်ကာလအတွင်း ကျွန်ုပ်အပါအ၀င် အင်တာနက်ရှုသူအပေါင်း မြင်ဖူးကာ အံ့သြဘနန်း၊ မအံသြဘနန်း ဖြစ်ခဲ့ရသော ဓာတ်ပုံ၊ ဗွီဒီယိုများ ဖြစ်ချေသည်တကား။ အုန်းမှုတ်ခွက်ဖက်ရှင်တွေလည်
ခွေ စဖွင့်ဖွင့်ချင်း သဉ္ဇာဝင့်ကျော်၏ သင်္ကြန်ဖက်ရှင်ကို မြင်လိုက်ရသော ကျွန်ုပ်၏ အစ်မအရင်းခေါက်ခေါက်(သမီးပေ
အစ်မ ထိုင်ရာမှ ထသွားအပြီး မကြာမီ ဖန်သားပြင်ပေါ် ဆက်လက်ပေါ်ထွက်လာသည်ကား သံချပ်များဖြစ်ချေတော့၏။ "အင်း... ဒီ တိတ်တိတ်ကူးစီဒီသမားတွေလုပ်
အနှီအခွေထဲတွင် သံချပ်မျိုးစုံပါ၏။ ကိုဝိုင်ဝိုင်ကေ ရိုက်ကူးတင်ဆက်ကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့သော "မန္တလေးမှ လူရွှင်တော် ပါပါလေးသံချပ်ဗွီဒီယို" ပါ၏။ ရန်ကုန်က သာဓုပါဗျာ သံချပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ သံချပ်တွေလည်း ပါ၏။ အောင်မယ်။ ဂျပန်က ကိုထွန်းဝေတို့ ထုတ်လွှင့်တဲ့ မင်္ဂလာဒိုး သံချပ်တောင် ပါလိုက်သေး၏။ မန္တလေးက စာ/ကဗျာတွေရဲ့ တော်ရိလျော်ရိ သံချပ်တော့ အဆိုပါ စီဒီခွေထဲတွင် မပါဝင်။
အဆိုပါ နန့်ကျောထစီဒီခွေကို ကြည့်ပြီးသကာလ ကျွန်ုပ်၏ ဦးနှောက်ထဲက အတွေးဆဲလ်များသည် အလုပ်ထလုပ်ပြန်ချေတော့၏။
"အင်း ဒီလို နန့်ကျောထတာတွေကို ဒီလို အင်တာနက်ပေါ်တင်၊ စီဒီပေါ်ကူးပြီး ရောင်းချနေကြပြီဆိုတော့ နန့်ကျောထဖို့ စပ်ကူးမတ်ကူးဖြစ်နေတဲ့ သကောင့်သမီးတွေတော့ နည်းနည်းတွန့်သွားလောက်ပြီထ
ကဲ... အင်တာနက်ရှုသူများခင်ဗျား...
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge