Wednesday, April 11, 2012

မြန်မာနိုင်ငံရှိကမ်းခြေများတွင် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီ

ယနေ့ညနေ လှူပ်ခတ်ခဲ့သည့် အင်ဒိုနီးရှား ငလျင်ကြောင့် မြန်မာနိုင်ငံရှိကမ်းခြေများတွင

် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာကမ်းခြေများမှ စုံစမ်းသိရှိရသည်။

ချောင်းသာကမ်းခြေတွင်ရောက်ရှိနေ
သည့် ဧည့်သည်များအား ငလျင်လှုပ်ခတ်အပြီးတွင် သက်ဆိုင်ရာဟိုတယ်များ
အလိုက် သတိပေးချက်ထုတ်ပြန်မှုကြောင့် ယခုအချိန်တွင်
ကမ်းခြေမှာရှင်းလင်းသွား ပြီး ပင်လယ်အတွင် ရောက်ရှိနေသည့် စက်လှေများလည်း ကမ်းခြေသို့ပြန်လည်ဆိုက်ကပ်ထားကြကြောင်း ချောင်းသာ ဟိုတယ်များမှ စုံစမ်းသိရှိရသည်။

"၃နာရီလောက်မှာ ငလျင်လှူပ်တော့ CNN မှာသတိပေးချက်တွေ့တာနဲ့အကုန်လုံးကမ်းပေါ်ပြန်တက်ကြဖို့ခေါ်တယ်။ တစ်ချို့ဧည့်သည်တွေကတော့ မယုံကြဘူး" ဟု ချောင်းသာကမ်းခြေ bell resort ဧည့်ကြိုကောင်တာမှတာဝန်ကျ ၀န်ထမ်းတစ်ဦးကပြောသည်။

အလားတူ ငပလီကမ်းခြေတွင်လည်း ညနေ ၃ နာရီအချိန်ခန့်က ပင်လယ်ဘက်မှမီးတောက်အချို့ထွက်ပေါ်လာသည်ကိုမြင်တွေ့ရသဖြင့် ယင်းကမ်းခြေမှ ဟိုတယ်များအားလုံး ပိတ်ထားကြပြီး ဧည့်သည်များအား အရေးပေါ်ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိကြောင်း ငပလီ ဟိုတယ်ဇုန်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

" ခု Amazing ဟိုတယ်ကတော့သူတို့ဟိုတယ်
က ဧည့်သည် ၉၂ ယောက်ကို ရွှေ့ဖို့ ချက်ချင်းလုပ်နေကြတယ်။ တခြားဟိုတယ်တွေကိုလည်းသက်ဆိုင်ရာက သတိပေးနေတယ်" ဟုငပလီကမ်းခြေသို့ဆက်သွယ်မေးမြန်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
ဟိုတယ်တွေအားလုံးတော့ပိတ်လိုက်ပြီ "ဟု ငပလီကမ်းခြေသို့ ဆက်သွယ်စုံစမ်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
 
 7Day News Journal
Unknown at 8:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်း

ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်း။ (၁၁-၄-၂၀၁၂ ရက် ညနေ (၃)နာရီ(၅၀)မီနစ်)

 ယနေ့ (၁၁-၄-၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃)နာရီ(၈)မီနစ်အချိန်က အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမတြာကျါန်းရဲ့ အနောက်တောင်ဖက် (၂၆၈)မိုင်အကွာ ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် အာအား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
ယခင် (၂၆-၁၂-၂၀၀၄) ရက်နေ့ နံနက် (၇)နာရီခွဲအချိန်တွင် အင်အား (၉.၀)ရှိသော ရေအောက်မြေငလျင် လှုပ်ရှားသွားခဲ့ရာ ဆူနီမီရေလှိုင်းများ ဖြစ်ပေါ်မှုကြောင့် နိုင်င့ပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲု့ရာ လူ(၃)သိန်းကျော် အသက်ဆုံးရှုံး ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီရေလှို်းအမြင့် (၃.၅)မီတာ(၁၁ ပေ)ခန့်ရှိသော ရေလှိုင်းများတက်ရောက်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီအချိန်တုံးက ကော့သောင်း၊ မြစဟ်ဝကျွန်းပေါ် နဲက ရခိုင်ကမ်းရိုးတန်းဒေသများကို ထိခိုက်ခဲ့ရပါတယ်။ ပထမဆုံးရေလှိုင်းကို နံနက် (၁၁)နာရီခန့်တွင် ရောက်ရှိခဲ့သဖြင့် လှိုင်းရောက်ရန် ကြာချိန် (၃)နာရခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထိုကနောက် ရေလှိုင်းတက်သံများအော်မည်လာလေ့ရှိပါတယ်။ အဆိုပါ အချက်များတွေ့ရျိပါက အနည်းဆုံးအမြင့် (၁၀)မိတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် နှင့်ါ ထိုနေရာတွင် အနည်းဆုံး(၃)နာရီခန့် ကြာအောင်နေထိုင်ကြရန် အကြံပြုပါတယ်။

ဒေါက်တာထွန်းလွင်
Unknown at 5:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရားစီရင်ရေးစနစ်ကို ပြောင်းဖို့လိုပြီ

မြန်မာပြည်မှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရကနေ ၂၀၁၁ ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအထိ ရင်ဆိုင်နေရတဲ့ အဓိက ပြသနာကတော့ လူနည်းစုနှင့် လူများစုတို့ ကြားထဲက ဆက်ဆံရေးကို ကျွမ်းကျွမ်းကျင်ကျင် မကိုင်တွယ်တတ်တဲ့ ပြသနာပါပဲ။
ဗဟိုအစိုးရက ပြည်ထောင်စုကြီး ပြိုကွဲမှာကို စိုးရိမ်သလို၊ လူနည်းစုတွေကလည်း ယဉ်ကျေးမှုနဲ့ စီးပွားရေး ခြယ်လှယ်ခံရမှာကို စိုးရိမ်ခဲ့ကြပါတယ်။

ဒါကြောင့် မြန်မာပြည်ရဲ့ အနာဂတ်ဟာ လူများစု ဗမာတွေနဲ့ မတူကွဲပြားတဲ့ လူနည်းစုအုပ်စုတွေကြားထဲမှာ အာဏာနဲ့ အရင်းအမြစ်တွေကို ဘယ်လောက်အထိ မျှမျှတတ ဖြန့်ကျက်ခွဲဝေနိုင်မလဲဆိုတာက အဆုံးအဖြတ်ပေးပါလိ့်မ်မယ်။
လက်နက်ကိုင်အုပ်စုတွေနဲ့ အပစ်ခတ်ရပ်စဲရေးဟာ ပြသနာဖြေရှင်းရေးအတွက် ပထမခြေလှမ်းဖြစ်ပြီး၊ မျိုးဆက်နဲ့ချီ တဦးအပေါ် တဦးမယုံကြည်တာတွေ၊ ခွဲခြားဆက်ဆံတာတွေကို ကျော်လွှာနိုင်ဖို့ကတော့ အခုမှ အစပဲ ရှိပါသေးတယ်။
လူနည်းစုတွေရဲ့ ပြည်နယ်နဲ့ လူများစုတွေရဲ့ တိုင်းဒေသကြီး ပါလီမန်တွေ ပေါ်ပေါက်လာတာကို  တိုးတက်မှုတွေအဖြစ် ကြိုဆိုသင့်သလို၊ တချိန်တည်းမှာ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကို ပိုပြီး အာဏာ အပ်နှင်းတာမျိုးက နောက်ဆက်တွဲ မဖြစ်မနေ ဆက်လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။
အုပ်စုတွေအားလုံးအတွက် အပြောင်းအလဲလမ်းကြောင်းမှာ ပွင့်ပွင့်လင်းလင်းနဲ့ အားပေးမှုတွေ လိုအပ်ပါတယ်။ အခုအချိန်အထိတော့ စစ်တပ်က ထိန်းချုပ်ကန့်သတ်ထားတုန်းပဲ ရှိပါသေးတယ်။ ဒေသအသီးသီးရဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ဘာသာတရားတွေကို လေးစားဖို့၊ နဂိုအရှိအတိုင်း လွတ်လပ်ခွင့်ရှိဖို့ လိုအပ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအ၀င် မြန်မာပြည်မှာ ရှိခဲ့ဖူးတဲ့ ဖွဲ့စည်းပုံတွေ အားလုံးမှာပါတတ်တဲ့ မစားရ၀ခမန်း - လက်တွေ့ဘာမှ ဖြစ်မလာတဲ့ အဆင့်ကို ကျော်ကြဖို့ လိုပါပြီ။
အာဏာတွေအားလုံး လူပုဂ္ဂိုလ်တွေက မောင်ပိုင်စီးထားတဲ့ တိုင်းပြည်တခုမှာ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဟာ နယ်ပယ်စုံ တိုးတက်လာရေးအတွက် မရှိမဖြစ် အရေးကြီးလှပါတယ်၊ ပင်ကိုယ် အရည်အချင်းရှိပြီး၊ စနစ်တကျ သင်ကြားတတ်မြောက်ထားကြတဲ့ တရားရေး ၀န်ထမ်းတွေကို ၁၉၆၂ ခုနှစ်မှာ စစ်တပ်က ဖျက်စီးပစ်ခဲ့ပါတယ်။ နဂိုအခြေအနေ ပြန်ရောက်ဖို့ လိုအပ်နေပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်နဲ့ တရားရေးဆိုင်ရာ အစိုးရ ယန္တယားခွဲတရပ်ကို ဖွဲ့စည်းဖို့ တောင်းဆိုထားပြီး၊ သမ္မတ ဦးသိန်းစိန်ကလည်း သူ့ရဲ့တိုက်ရိုက်အမိန့်နဲ့ အဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းခဲ့ပါတယ်၊ တချိန်တည်းမှာ အတိုက်အခံကလည်း တရားဥပဒေစိုးမိုးရေးကို တောင်းဆိုနေပါတယ်။
ရာစုနှစ်ဝက်လောက် အာဏာရှင်စနစ်လက်အောက်မှာကျရောက်ခဲ့တဲ့ တရားရေး စနစ်ကို ပြောင်းလဲတိုးတက်လာဖို့ ဘယ်လောက်ပဲ ခက်ခဲတယ်ဆိုဆို၊ တိုင်းပြည်အနာဂတ် အတွက်ကတော့ အသက်တမျှအရေးကြီးပါတယ်။
နေသွင်
Monday, 09 April 2012 05:40
မောက္ခပညာရေးမဂ္ဂဇင်း
ရည်ညွန်း၊ ၊ David Steinberg: Promote the rule of law
(အမေရိကန်ပြည်ထောင်စု၊ Georgetown University မှ ပါမောက္ခ David Steinberg ၏ မြန်မာပြည် ပြန်လည်ထူထောင်ရေးမှာ တရားစီရင်ရေးစနစ် မြှင့်တင်ရန် မရှိမဖြစ်လိုအပ်ကြောင်း အဆိုပြုထားသည့် ဆောင်းပါးဖြစ်ပါသည်၊ ပါမောက္ခ Steinberg သည် အာရှနှင့် မြန်မာ့ပြည်အရေးကျွမ်းကျင်သူအဖြစ် လူသိများပါသည်။)
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2012-maukkha-myanmar-to-promote-the-rule-of-law
Posted by lu bo
Unknown at 5:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်ရှိ သင်္ကြန် မဏ္ဍပ်များတွင် သင်္ကြန်တွင်း မိုင်းအန္တရာယ် ကင်းရှင်းစေရန် တစ်နေ့ ၂ ကြိမ် စစ်ဆေး သွားမည်




 
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ လုံခြုံရေး ကော်မတီမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ  သင်္ကြန် ကာလ အတွင်း ရန်ကုန်ရှိ သင်္ကြန် မဏ္ဍပ်တွေမှာ
မိုင်းအန္တရာယ် ကင်းရှင်း စေရေး အတွက် စစ်ဆေးမှု တွေကို တစ်နေ့  ၂ ကြိမ် စစ်ဆေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့လို စစ်ဆေး ရာမှာတော့ ရေပက် မကစားခင် နံနက် ၅ နာရီ တစ်ကြိမ်နဲ့ ညနေ ၆ နာရီ နောက်ပိုင်း တစ်ကြိမ် စစ်ဆေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ကြန် မဏ္ဍပ်တွေမှာ လုံခြုံရေး အတွက် CCTV ကင်မရာနှင့် လုံခြုံရေး ၀န်ထမ်းများ ထားရှိဖို့ တာဝန်ရှိ သူများမှ ညွှန်ကြား ထားတယ်လို့ သိရပါတယ်။

ဒီလို မဏ္ဍပ်တွေမှာ CCTV ကင်မရာ တပ်ဆင် ရာမှာတော့ မဏ္ဍပ်ကြီး များမှာ Still CCTV ကင်မရာ ၃ လုံးနဲ့ ဒုန်း CCTV ကင်မရာ ၁ လုံး တပ်ဆင်ရမှာ ဖြစ်သလို မဏ္ဍပ်လတ် မှာတော့ Still CCTV ကင်မရာ ၂ လုံး၊ ဒုန်းကင်မရာ ၁ လုံး တပ်ဆင် သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လုံခြုံရေး ၀န်ထမ်းများ ကိုလည်း မဏ္ဍပ်ကြီးမှာ အနည်းဆုံး ၁၅ ယောက်နဲ့ မဏ္ဍပ်လတ် မှာတော့ အနည်းဆုံး ၁၀ ယောက် ထားရှိရမှာ ဖြစ်ပါတယ်။

ဒါတင် သာမက CCTV ကို Monitor နဲ့ မှတ်တမ်းတင် ထားပြီး ထိုမှတ်တမ်း တင်ထားတဲ့ Record များကို နေ့စဉ် အစိုးရ အဖွဲ့သို့ တင်ပို့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဏ္ဍပ်နဲ့ မနီးမဝေး မှာလည်း ရဲတပ်ဖွဲ့များ ထားရှိမှာ ဖြစ်သလို ကွပ်ကဲရေး ရုံးတွေ ကိုလည်း ထားရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

 Myanmar Express
Unknown at 5:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးခင်ညွန့်သတင်း မှားယွင်းကြောင်း စာနယ်ဇင်းရှင်းလင်း


ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်ရှင်းလင်းပြောကြားနေစဉ်
(ဓါတ်ပုံ-Popular Myanmar News Journal)
"Bangkok Post သတင်းစာတွင် ဖေါ်ပြသော ဦးခင်ညွန့်သတင်း မှားယွင်းကြောင်း စာနယ်ဇင်းရှင်းလင်း"

ယခုလ ကိုးရက်နေ့ထုတ် Bangkok Post သတင်းစာတွင်ဖေါ်ပြာထားပြီး၊ အင်တာနက်တွင်ပြန့်နှံ့နေသော ဦးခင်ညွန့်နှင့်ပတ်သက်သည့်သတင်းမှာ မှားယွင်းနေပြီး၊ ယခုလ ရှစ်ရက်နေ့ထုတ် Bangkok Post သတင်းစာနှင့် အင်တာနက်တွင် ဖေါ်ပြထားသည့် တွေ့ဆုံမေးမြန်းခြင်း သတင်းဆောင်းပါးပါ အချက်အလက် အချို့မှာလည်း မှားယွင်းနေကြောင်း ဦးခင်ညွှန့်နှင့် ရင်းနှီးကာ သူ၏ သတင်းကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည့် ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်က ယနေ့ပြောကြားသည်။

ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံး(ယခင် ပြည်ထဲရေးဝန်ကြီးရုံး) အပေါ်ဆုံးထပ်တွင်ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် ယခုကဲ့သို့ သူကပြောကြားခြင်းဖြစ်သည်။

"အဲဒီ သတင်းတွေကို အင်တာနက်မှာ တွေ့ရတော့ ကျွန်တော်က နယ်ကိုခရီးထွက်နေပါတယ်။ ဒါနဲ့ အဘ ဦးခင်ညွန့်ကို မေးမြန်းကြည့်တော့ ငါ ဘယ်နိုင်ငံခြားသတင်းထောက်နဲ့မှ မတွေ့ဘူးလို့ မင်းကို ပြောထားပြီးသားပဲ လို့သူကပြန်ပြောပါတယ်။ နိုင်ငံခြား သတင်းထောက်ဆိုတာ အထူးသဖြင့် နိုင်ငံခြားသားသတင်းထောက်တွေကိုပြောတာပါ။ ဒါပေမယ့် ကနေဒါကိုရောက်နေတဲ့ မြန်မာတစ်ယောက်ဖြစ်တဲ့ ဦးမြင့်ရွှေနဲ့တော့ သူမြန်မာနိုင်ငံကိုရောက်လာတုန်းမှာ စာနယ်ဇင်းသမားတစ်ယောက်က မိတ်ဆက်ပေးတာကြောင့် တွေ့ဆုံမေးမြန်းမှုလုပ်ခဲ့ဖူးပါတယ်။ ဒါတွေကို လောလောဆယ်အားဖြင့် မရေးဖို့လဲ သူနဲ့ သဘောတူညီထားပါတယ်။ ခုတော့ Bangkok Post သတင်းစာမှာ သူကရေးထားတွေ တွေ့ရပါတယ်။ အဲဒီရေးသားချက်တွေထဲမှာ အဘမပြောခဲ့တာတွေ ပါနေတာကို တွေ့ရပါတယ်။ အဲဒီ ဦးမြင့်ရွှေကို အီးမေလ်းကနေ ဆက်သွယ်မေးမြန်းတော့လဲ အကြောင်းမပြန်ပါဘူး"ဟုဦးဝင်းမောင်မောင်ကပြောသည်။

ယင်း သတင်းစာတွင် သတင်းတစ်ပုဒ် အဖြစ် ဖေါ်ပြထားသည့် "Myanmar EX-PM claims he saved suu kyi's life" ဆိုသည့်သတင်းမှာလည်း ဦးခင်ညွန့် လုံးဝမဖြေကြားခဲ့သည်များကိုသာ ရေးသားထားခြင်းဖြစ်ကြောင်း ဦးဝင်းမောင်မောင်ကပြောပါသည်။

"ဒီတော့ကာ ခုလို မပြောပဲနဲ့ ပြောတယ်ဆိုတဲ့သတင်းမျိုးတွေ နောက်ထပ်ပေါ်ရင် ပေါ်လာနိုင်တတ်တာကြောင့် စာနယ်ဇင်းဆရာများကို ခုလိုရှင်းလင်းပြောကြားရခြင်းဖြစ်ပါတယ်"ဟု ဦးဝင်းမောင်မောင်က ပြောပါသည်။

အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသတင်းတပ်ဖွဲ့ ဒု-တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက မိတ်ဆက်အမှာစကားပြောကြားပြီးနောက် ဦးဝင်းမောင်မောင်က စာနယ်ဇင်းသမားများအား ရှင်းလင်းတင်ပြခြင်းဖြစ်သည်။ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားငါးဆယ်ခန့်တက်ရောက်ကြသည်။


Popular Myanmar News Journal

ရဲမှူးကြီး ၀င်းနိုင်ထွန်းက မိတ်ဆက်အမှာစကားပြောကြားနေစဉ်(ဓါတ်ပုံ-Popular Myanmar News Journal)
တက်ရောက်လာကြသော ပြည်တွင်းပြည်ပ စာနယ်ဇင်းဆရာများ
Unknown at 5:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်ဒိုနီးရှားငလျင် ရန်ကုန်မြို့နှင့် နေရာအချို့တွင် ခံစားသိရှိ

ဧပြီ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI

ယနေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ဝန်းကျင်က ရန်ကုန်မြို့နှင့် ပုသိမ်မြို့အပါအ၀င် မြို့အချို့တွင် ငလျင်လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရကြောင်း မြို့ခံများက ပြောသည်။

ပြင်းထန်ခြင်း မရှိသော်လည်း လှုပ်ခတ်သွာသည်ကို ခံစားလိုက်ရကြောင်း မြို့ခံများက ပြောသည်။

ချယ်နယ်နယူးစ် အေးရှား သတင်းဋ္ဌာနမှ ထုတ်လွှင့်ချက်အရ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို ဗဟိုပြုကာ ၈.၉ မဂ္ဂနီကျူ့ ပြင်းအားရှိ ငလျင်လှုပ်ခတ်သွားသည်ဟု သိရှိရသည်။

ငလျင်ဒဏ်ကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ်နိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံမှ သတိပေးချက် ထုတ်ပြန်ထားသည်။
 Yangon Press International
----------------------------------------------------
 ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်မြို့နှင့် အနီးတ၀ှိုက်တွင် ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင်လည်း တပြိုင်နက်တည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ အတည်ပြု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် လှုပ်ခတ်ခဲ့သည့် အတိုင်းအတာကို တိုင်းတာနေဆဲ ဖြစ်ပြီး ဆက်လက် ထုတ်ပြန်မည်ဟု သိရပါသည်။

 ကမ္ဘာအေး မြေငလျင်စခန်းမှ တိုင်းထွာချက်အရ ကမ္ဘာအေးမြေငလျင် စခန်း၏ တောင်ဘက် မိုင် ၁၀၀၀ ကျော်ခန့် အကွာ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ ယနေ့မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ပမာဏရှိ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းများ အတွင်း ငလျင်လှုပ်ခတ်မှုလှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါသည်။
Eleven Media Group
Unknown at 5:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

IT ကဏ္ဍအတွက် ၂၇ ထပ်ရှိ အဆင့်မြင့်တာဝါကြီးတစ်ခု MICT တွင် တည်ဆောက်မည်





မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နည်းပညာ၏ အများပိုင်ကုမ္ပဏီ MICTDC က မကြာမီနှစ်များအတွင်း အထပ် ၂၇ ထပ်ရှိသော IT ၏ အဆောက်အအုံကြီးတစ်ခု ဆောက်လုပ်သွားရန် အစီအစဉ်ရှိနေကြောင်း ၄.၄.၂၀၁၂ ရက်က သိရသည်။ မြေဧက အကျယ် ၂၃ ဧကရှိသော MICTDC ၏ အဆောက်အအုံဝင်းအတွင်းတွင် လက်ရှိအနေအထားအထိ အခန်းများထပ်မံ တိုးချဲ့နေရပြီ ဖြစ်သော်လည်း ထပ်မံတိုးချဲ့နေသည့် အခန်းများမှာ အခန်းရယူထားသူများနှင့် ပြည့်နှက်နေသောကြောင့် ထပ်မံတည်ဆောက်သွားရဦးမည်ဟု သိရသည်။ “အခန်းတွေက ထပ်ပြီး တိုးချဲ့ဆောက်နေပေမယ့် မလောက်ငှဘူး။ အခန်းယူထားသူနဲ့ ပြည့်နေပါပြီ။ လိုအပ်ရင် လက်ရှိပင်မအဆောက်အအုံရဲ့ နောက်ဘက်မှာ အထပ် ၂၀ ကျော် အဆောက်အအုံ တာဝါကြီးတစ်ခု ဆောက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု MICTDC ၏ ဥက္ကဋ္ဌ ဦးသိန်းဦးက ပြောကြားသည်။ လက်ရှိတွင် တိုးချဲ့ဆောင် Phase III ကို ဆောက်လုပ်နေပြီး၊ ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးနိုင်မည်ဟု တွက်ဆထားကြောင်း သိရသည်။ MICTDC ၏ ပင်မအဆောင်ကြီးမှာ မြေဧက ငါးဧကပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ထပ်မံချဲ့ထွင်သည့် Phase III ၏ ဒုတိယအဆောင်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အနည်းငယ် ထည့်သွင်းပေးသွားဖွယ်ရှိကြောင်း သိရသည်။ “နောက်ထပ် မြေဧက ခြောက်ဧကပေါ်မှာ အထပ် ၂၇ ထပ်ရှိတဲ့ Hill Tower လိုမျိုးဆောက်ဖို့ အစီအစဉ်ရှိပါတယ်။ MICT စပြီး ထောင်မယ်ဆိုကတည်းက ဒီစီမံချက်တွေက ပါပြီးသားပါပဲ” ဟု ဦးသိန်းဦးက ပြောကြားသည်။ အဆိုပါ ၂၇ ထပ် တာဝါတစ်ခု ပြီးစီးပါက MICT ၏ အဆောက်အအုံအားလုံးကို ဆက်သွယ်မည့် လမ်းများနှင့် အမိုးများ တပ်ဆင်သွားရမည်ဖြစ်ကြောင်း သိရှိရသည်။
 
  ခေတ်လူငယ်
Unknown at 5:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြောက်ပိုင်း ဆူမတြားကမ်းလွန်ပင်လယ်ပြင်တွင် ငလျင်လှုပ်




လွန်ခဲ့သော ဆယ့်ငါးမိနစ်အချိန်ခန့်က မြောက်ပိုင်း ဆူမတြားကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၈.၇ ရှိသော ရေအောက်ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ရာ ရန်ကုန်မြို့လယ်တွင်ပင် တုန်ခါမှုများရှိခဲ့ကြောင်းသိရသည်။ "နှစ်မိနစ်လောက်ကြာတယ် လှုပ်နေတာ၊ ရုတ်တရက်တော့ ငလျင်မှန်းမသိဘူး။ အိမ်မှာချိတ်ထားတဲ့ တီဗီတွေ၊ မီးချောင်းတွေလှုပ်နေပြီး ခေါင်းပါနည်းနည်းမူးလာတော့မှ ငလျင်လှုပ်နေမှန်းသိရတာ"ဟု ရန်ကုန်မြို့ ၃၅ လမ်းနေသူတစ်ဦးကပြောသည်။
 Popular Myanmar News Journal
Unknown at 4:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယနေ့ နံနက်ပိုင်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် တွေ့ ဆုံ


သမတဦးသိန်းစိန်နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ရောက်လာစဉ်(ဓာတ်ပုံ-စိုးသန်းလင်း/AFP)
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် 
ယနေ့တွေ့ဆုံခဲ့ကြကြောင်းသတင်းရရှိသည်။

ထိုသို့တွေ့ဆုံကြရာဝယ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးရာများ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များ စသည်တို့ကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
 Popular Myanmar News Journal
Unknown at 12:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သီးစားခ ပိုမပေးနိုင်သူ လယ်သမားများကို လယ်လုပ်ခွင့် ရုတ်သိမ်းမည်ဟု မြန်မာရေတပ်က ခြိမ်းခြောက်

မောင်အေး
------------
ရခိုင်ပြည်နယ် ကျောက်ဖြူ အခြေစိုက် ဓည၀တီ ရေတပ်ဌာနချုပ်မှ ၎င်းတို့ သီးစားချထားသည့် လယ်မြေများ အတွက် သီးစားခ စပါးကို ပိုမပေးနိုင်လျှင် လယ်လုပ်ပိုင်ခွင့်ကို ရုတ်သိမ်းမည်ဟု လယ်သမားများကို ခြိမ်းခြောက်ထားကြောင်း သတင်း ရရှိသည်။


KP
" သူတို့က သူတို့ တောင်းတဲ့ စပါးကို မပေးသွင်းနိုင်ရင် နောက်လာမယ့်နှစ်အတွက် လယ်လုပ်ခွင့်ကို ရုတ်သိမ်းမယ်ဆိုပြီး လယ်သမားတွေကို ခြိမ်းခြောက်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရွာက လယ်သမားတွေ အခက်ကြုံနေကြရပါတယ်" ဟု ကျောက်ဖြူမြို့နယ် စစ်တော ကျေးရွာမှ လယ်သမားကြီး တစ်ဦးက ပြောသည်။

စစ်တောကျေးရွာမှာ ဓည၀တီ ရေတပ် စခန်း အနီးတွင် တည်ရှိပြီး ၁၉၉၂ ခုနှစ်က ရေတပ် ချရန်ဟု အကြောင်းပြကာ လယ်ဧက အများအပြားကို သိမ်းယူသွားခဲ့သည်။ ထိုအထဲမှ လယ် ၁၇၃ ဧကတွင် တပ်အတွက် မည်သည့် အဆောက်အဦးမှ မဆောက်ဘဲ လယ်သမား ၄၃ ဦးကို သီးစားချပြီး ဌားရမ်းထားကြောင်း သိရသည်။

" သူတို့က လယ်မြေ အတော်များများမှာ တပ်အဆောက် အဦးတွေ ဆောက်ပါတယ်။ ပိုနေတဲ့ အသုံးမလိုတဲ့ လယ်တွေကို ပိုင်ရှင် လယ်သမားတွေကို သီးစား ပြန်ချပါတယ်။ အရင်က တစ်ဧက ၅ တင်းနုန်းနဲ့ပါ။ ဒီနှစ်မှာတော့ တစ်ဧက ၁၃ တင်းထိ တိုးတောင်းပါတယ်။ ရေတပ်က တောင်းတဲ့ ၁၃ တင်းကို ပေးလိုက်ရင် လယ်သမားတွေမှာ ဘာမှ မကျန်ဘူး။ မပေးပြန်ရင်လည်း လယ်လုပ်လို့ မရတော့ဘူးဆိုတော့ လယ်သမား ၄၃ ဦးက ဘေးကျပ် နံကျပ် ဖြစ်နေကြပါတယ်" ဟု လယ်သမားကြီးက ဆက်ပြောသည်။

လယ်သမားများမှာ ရေတပ်က တောင်းသော တစ်ဧက အတွက် စပါး ၁၃ တင်းကို မပေးဘဲ တင်းခံနေရာမှ ယခုကဲ့သို့ လယ်လုပ်ပိုင်ခွင့် ရုတ်သိမ်းမည်ဟု ရေတပ်က ခြိမ်းခြောက်လာခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဓည၀တီ ရေတပ် စခန်းသို့ ဆက်သွယ်မေးမြန်းနိုင်ခွင့် မရခဲ့သော်လည်း စစ်တောကျေးရွာ ဈေးထဲတွင် နေထိုင်သူ ရေတပ်မှ အငြိမ်းစား တပ်ကြပ် တစ်ဦးကို မေးမြန်းရာ သူက ယခုလို ပြောသည်။

" တပ်က ဘာကြောင့် ခုလို ပိုတောင်းတယ်ဆိုတယ်ဆိုတာ တရားဝင် တိတိကျကျ မသိရပါဘူး။ ဒါပေမယ့် တပ်ထဲက လာတဲ့ သတင်းအရ အထက်က တိုတောင်းဖို့ ခိုင်းတဲ့ အတွက် တိုတောင်းတယ်လို့ဘဲ သိရပါတယ်" ဟု ပြောသည်။

ရေတပ်မှ သီးစားခ စပါး တိုးတောင်းနေမူနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီရုံကို ဆက်သွယ်ရာ ပြောခွင့်ရသူ ဦးသန္တာမောင်မောင်က ယခုလို ပြောသည်။

" အခု ဒီကိစ္စ ပြည်သူ့ လွှတ်တော် အမတ် ဦးဘရှင်ဆီကိုလည်း ရွာသားတွေက တိုင်ကြား ထားပါတယ်။ အခု သိရတာက ရွာသားတွေက ရေတပ်မှ မတရား စပါး အတင်း တောင်းနေတဲ့ အတွက် လယ်မားများကလည်း မြို့နယ်အုပ်ချုပ် ရေးမှူး၊ ပြည်နယ်ဝန်ကြီးချုပ်၊ နိုင်ငံတော် သမ္မတ အပါအ၀င် ကာကွယ်ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဦးစီးချုပ် ထံသို့  စာရေးတိုင်ကြားမယ် ဆိုပြီး ပြင်ဆင်နေပါတယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ် အနှံ့အပြားတွင် ရေတပ်မှ အလားတူ ရေတပ် တည်ဆောက်ရန်ဟု အကြောင်းပြချက်ဖြင့် လယ်သမားများ ပိုင်ဆိုင်သည့် လယ်မြေအမြောက် အများကို သိမ်းယူထားကြောင်း သူကဆက်ပြောသည်။

" စစ်တောကျေးရွာက လယ်သမား ၄၃ ဦးရဲ့ လယ်ဧကက ၁၇၃ ဧက ပါသွားသလို တခြားရွာတွေ ဖြစ်တဲ့ စိုင်ခြုံ ကျေးရွာ၊ ဂုံးချိန်ရွာ၊ အုန်းတောရွာနဲ့ စေတီရင့်ကျေးရွာက လယ်တွေကိုလည်း စစ်တပ်က သိမ်းထား ပါတယ်။ သိမ်းပီးရင် ခုလိုဘဲ သီးစားချထားပါတယ်"ဟု ပြောသည်။

ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသည့် ရခိုင် လယ်သမားများ၏ လယ်မြေများကို စစ်တပ်မှ အတင်း သိမ်းဆည်းပြီး ဗြိတိသျှ နယ်ချဲ့ခေတ်က ရှိခဲ့သော ချစ်တီး ကုလားများကဲ့သို့ သီးစားချနေသည့် စနစ်ကို မြန်မာနိုင်ငံတွင် ပြန်လည် ကျင့်သုံးနေသည်မှာ ရခိုင်ပြည်နယ်တခုတည်းတွင်သာ ရှိကြောင်း သိရသည်။

ပြည်သူများ၏ အသက်အိုးအိမ်ကို စောင့်ရှောက်နေသည်ဟုပြောဆိုနေသည့် မြန်မာစစ်တပ်က ယခုကဲ့သို လယ်မြေများကို သိမ်းဆည်းပြီး လူထုကို အနိုင်ကျင့်နေသဖြင့် ဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရလက်ထက်တွင် အဆိုပါ စနစ်ကို ဖျက်သိမ်းရန် ရခိုင်ပြည်သူများက အထူး လိုလား နေကြကြောင်း သတင်းများ ရရှိသည်။


-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါသည်။ သို့သော်လည်း သတင်း ရင်းမြစ်နေရာတွင် နိရဉ္စရာ၏ အမည်ကို ရေးသား ဖေါ်ပြပေးစေလိုပါသည်။
Unknown at 8:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သင်္ကြန်တွင် NLD အလံ၊ တံဆိပ်များ အသုံးမပြုရန် မေတ္တာရပ်ခံ

မန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန် ကာလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ခွပ်ဒေါင်းအလံ၊ တံဆိပ်နှင့် အမှတ်အသားများကို အသုံးမပြုဘဲ တမျိုးသားလုံးနှင့်သက်ဆိုင်သော သင်္ကြန်နှစ်သစ်ကူး ကာလကို အေးအေးချမ်းချမ်း ဖြတ်သန်းစေလိုကြောင်း NLD ပြန်ကြားရေးတာဝန်ခံ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။
ယမန်နှစ်က ရန်ကုန်မြို့ သင်္ကြန်မြင်ကွင်း (ဓာတ်ပုံ - Reuters / Soe Zeya Tun)
NLD (ဗဟို) နှင့် မန္တလေးတိုင်း NLD က ခွပ်ဒေါင်းအလံနှင့် အမှတ်အသားများကို သင်္ကြန်ကာလတွင် အသုံးမပြုရန် ပြည်သူများကို မေတ္တာရပ်ခံချက်များ တရားဝင် ထုတ်ပြန်ထားသည်။
“သင်္ကြန်ဆိုတာက တမျိုးသားလုံးနဲ့ သက်ဆိုင်တယ်။ သင်္ကြန်ဆိုတာက နိုင်ငံရေးပွဲမဟုတ်ဘူး။ ရိုးရာပွဲ၊ မြန်မာ့ရိုးရာ အစဉ်အလာတခုပါ။ ဒီအစဉ်အလာပွဲကြီးမှာ နိုင်ငံရေး အရိပ်အရောင်တွေ မပါစေချင်ဘူး။ လူမျိုးမရွေး၊ ဘာသာမရွေး အေးအေးချမ်းချမ်း ဖြတ်သန်းကြတာကိုပဲ ကျနော်တို့က လိုချင်ပါတယ်။ ဒါကြောင့်မို့လို့ NLD အလံတွေ၊ တံဆိပ်တွေ မသုံးကြဖို့ မေတ္တာရပ်ခံလိုက်တာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။
NLD က ထုတ်ပြန်ထားသော ပန်ကြားလွှာတွင် သင်္ကြန်ကာလသည် မြန်မာ့နိုင်ငံရေး တိုးတက်ပြောင်းလဲမှုအတွက် အလှည့်အပြောင်းတရပ်ကို ရရှိပိုင်ဆိုင်ထားသော ၀မ်းမြောက်ပျော်ရွှင်ဖွယ်ရာ အချိန်ကာလနှင့် တိုက်ဆိုင်နေကြောင်း၊ ထိုအခြေအနေတွင် အပျော်သည် အပျက်ဘက်သို့ ဦးတည်မသွားစေရန် သတိပြုရန်လိုအပ်ကြောင်း၊ အဖွဲ့ချုပ် ပါတီဝင်များအနေနှင့်လည်း သိက္ခာရှိသော ပျော်ရွင်မှုများဖြင့် မဟာသင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲရန် တိုက်တွန်းလိုကြောင်း၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိသော စေတနာနှင့် စိတ်သဘောထား၊ အဖွဲ့ချုပ်၏ ဂုဏ်သိက္ခာ၊ အဖွဲ့တဦးချင်းစီ၏ ဂုဏ်သိက္ခာတို့ကို ထိခိုက်စေမည့် အပြုအမူ၊ ပျော်ရွှင်မှုများကို ရှောင်ရှားသင့်သည်ဟု ပါရှိသည်။
NLD ဗဟို အောင်နိုင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း “အဖွဲ့ချုပ်အမည်ဖြင့် ရေပက်ခံ မဏ္ဍပ်ဆောက်လုပ်ခြင်း၊ ရေပက်ခံကားဖြင့် ပါဝင်ဆင်နွှဲခြင်းများကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ကြိုတင်သဘောတူညီချက်ဖြင်သာ ဆောင်ရွက်ရန်” ဟု ဖော်ပြထားသည်။
သို့သော်လည်း ရန်ကုန်နှင့် မန္တလေးမှ လူငယ်အများစုက ခွပ်ဒေါင်းအလံ၊ နဖူးစည်းနှင့် စတေကာများကို ရေပက်ခံထွက်ကြမည့် သင်္ကြန်ကားများတွင် ကပ်ထားမည် ဧရာဝတီသို့ ပြောကြသည်။
“ခွပ်ဒေါင်းအလံ အကြီးကြီးတခုကို ကျနော်တို့ ဂျစ်ကားမှာ တပ်မယ်။ အားလုံးက နဖူးစည်းလေးတွေတော့ ခေါင်းမှာစည်းကြမယ်။ စတေကာတွေလည်း တပ်ဖို့ စီစဉ်နေကြတယ်။ ပျော်လည်း ပျော်မယ်၊ ဒီနှစ်တော့ ရင်ခုန်တယ်။ အရင်နှစ်တွေလိုမဟုတ်ဘူး။ ဟိုအရင်နှစ်တွေကဆိုရင် ခွပ်ဒေါင်းအလံကို သုံးလို့ရတာမဟုတ်ဘူး။ ဒီနှစ်တော့ အလံတွေ၊ နဖူးစည်းတွေ စည်းကြဖို့ အားလုံး တိုင်ပင်ပြီးသား” ဟု ရန်ကုန်မြို့မှ လူငယ်တဦးက ဆိုသည်။
အစိုးရကမူ မြန်မာ့ရိုးရာ သင်္ကြန်ကာလအတွင်း ရေပက်ခံကားများတွင် “နိုင်ငံတော်အလံများ ယာဉ်တွင်တပ်ဆင်၍ မောင်းနှင်ခြင်း မပြုရ” ဟု အစိုးရသတင်းစာများမှတဆင့် စည်းကမ်း ထုတ်ပြန်ထားသော်လည်း နိုင်ငံရေးပါတီအလံများ ချိတ်ဆွဲလွှင့်ထူခြင်းပြုမပြုနှင့် ပတ်သက်၍ ဖော်ပြထားခြင်း မရှိပေ။
ထို့ပြင် ရေခဲထုပ်၊ ရေပူဖောင်း ဆပ်ပြာရည် ဂစ်ဘူးဖြင့် ကစားက လက်ဝယ်တွေ့ရှိသူ ထောင် ၁ နှစ်၊ ကစားသူ ထောင် ၃ နှစ်၊ ထုတ်လုပ်ရောင်းချသူ ထောင် ၅ နှစ်နှင့် ပစ္စည်းကို သိမ်းယူမည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသည်။
Unknown at 8:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

KIO ဗဟိုဌာနချုပ် လိုင်ဇာ သိမ်းရန် မြန်မာအစိုးရ စစ်ပြင်

မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်နေသည်ဟု ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရာရှိများပြောသည်။

လိုင်ဇာမြို့မှ မြေပြင်ခရီးအားဖြင့် ငါးမိုင်အကွာရှိ လဂျားယန်ကျေးရွာတွင် မြန်မာအစိုးရတပ်က ထိုသို့ ပြင်ဆင်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ KIA အရာရှိတစ်ဦးပြောသည်။

လဂျားယန်သို့ ၁၂၀ မမ အမြောက်များပို့ဆောင်ထားသည်ဟုဆိုသည်။

အဖြောင့်တိုင်းလျှင် ၃ မိုင်ခန့်သာကွာဝေးသည့် လိုင်ဇာသို့ လဂျားယန်မှ ထိုအမြောက်များဖြင့်ပစ်ခတ်လျှင်  ပျက်စီးမှုကြီးမားနိုင်သည်။

လဂျားယန်အပြင် မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က မဟာဗျူဟာကျသည့်နေရာများတွင်လည်း မြန်မာအစိုးရတပ်များ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ကိုတွေ့ရသည်ဟု ဆိုသည်။ ထိုတပ်စခန်းများသို့

အစိုးရတပ်သားသစ်များလည်း ရောက်ရှိလာကြခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သော ကြာသပတေးနေ့က ဗန်းမော်ဆိပ်ကမ်းသို့ အင်အား ၂၀၀ ကျော်ရှိ မြန်မာအစိုးရစစ်သားများ စက်လှေဖြင့်ရောက်ရှိလာကြသည်။ ၎င်းတို့မှာလည်း လိုင်ဇာစစ်မျက်နှာအတွက် ပို့ဆောင်ကြခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်များတွင်လည်း မြစ်ကြီးနား-ဗန်းမော်လမ်းမရှိ KIO ခြေကုပ်စခန်းအနီး အင်ပေါန်နှင့် ဂန်တော်ယန်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

တရုတ်နယ်စပ်ရှိ လိုင်ဇာမြို့သည် အကြီးဆုံးဒုက္ခသည်များရှိရာဒေသဖြစ်သည်။ ၁၀ လ ကြာ အစိုးရတပ်၏ ထိုးစစ်ကြောင့် ဒုက္ခသည် အနည်းဆုံး ၂၅၀၀၀ ရှိနေသည်ဟု ခန့်မှန်းကြသည်။

အစိုးရတပ်၏ လိုင်ဇာတိုက်ပွဲကြောင့် ၁၉၉၀ နှစ်များနောက်ပို်င်းတွေ့ရမည့် အကြီးဆုံး ဒုက္ခသည်ပြဿနာ ဖြစ်နိုင်သည် ဟု သုံးသပ်ကြသည်။

ယမန်နှစ် ဒီဇင်ဘာလက ကုလသမဂ္ဂလက်အောက်ခံ အကူအညီပေးသည့်အဖွဲ့များ တစ်ကြိမ် လိုင်ဇာသို့ရောက်ရှိခဲ့သေးသည်။

ယခုအခါ ဒုက္ခသည်များအား KIO  နှင့် ဒေသတွင်း NGO များက ကူညီပံ့ပိုးနေခြင်းဖြစ်သည်။

[B]တိုက်ပွဲအတွင်း မြန်မာစစ်သား ၃၀၀ ကျဆုံး[/B]
မြန်မာအစိုးရတပ်သည် ၁ နှစ်ကြာ ကချင်ပြည်နယ်ထိုးစစ်တွင် ၎င်းစစ်သား ၃၀၀ ကျော်ကျဆုံးသည်ဟု မြန်မာစစ်ဖက်နှင့်နီးစပ်သူများဆိုသည်။

မတ်လမှဆက်တိုက်ဖြစ်ပွားနေသည့် အင်ပေါန်နှင့် ဂန်တော်ယန်တိုက်ပွဲများ၌ပင် မြန်မာစစ်သား ၁၀၀ ကျော် ကျဆုံးနိုင်သည်ဟု KIA အရာရှိများပြောသည်။

ပြီးခဲ့သည့် ဇွန်လမှ ယခုချိန်အထိဖြစ်ပွားနေသော တိုက်ပွဲတစ်ခုလုံးတွင် အစိုးရစစ်သား ၃၀၀၀ ခန့် ကျရှုံးနိုင်သည်ဟု KIA သတင်းရပ်ကွက်ဆိုသည်။

မြန်မာအစိုးရကလည်း ယခုတိုက်ပွဲတွင် ၎င်း၏တပ်သားသေဆုံးဒဏ်ရာရမှုစာရင်းကို တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါ။

"မြန်မာစစ်သားတွေကို သတ်ဖို့မကြိုးစားပါဘူး။ သူတို့ကလာတိုက်လို့ ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ရတာပါ။" ဟု KIO/KIA ဒုတိယအကြီးဆုံးမြို့ မိုင်ဂျာယန်မှ အရာရှိတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

KIA တွင် နှစ် ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ထိုအရာရှိက KIA အမာခံစခန်းများကို ထိုးစစ်ဆင်ရသည့်တိုင် မြန်မာစစ်သားများ၏အမူအရာများသည် ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုမျိုး မ ပြ ဟုဆိုသည်။

ထို့ကြောင့် မြန်မာစစ်သားများသည် စစ်ပွဲအတွင်း စိတ်ကြွဆေးပြားနှင့် အခြား မူးယစ်ဆေးဝါးများ သုံးစွဲထားဟန်ရှိသည်ဟု သူ့အနေဖြင့်ယုံကြည်ကြောင်း ကချင်သတင်းဌာနသို့ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း (မန်တုန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မူဆယ်၊ မုံးကိုး) တိုက်ပွဲများတွင်လည်း မြန်မာစစ်သား ဒါဇင်နဲ့ချီ ကျဆုံးသည်ဟု ရှမ်းပြည်အခြေစိုက် KIA အရာရှိများပြောသည်။

ထိုဒေသတွင် ဖြတ်သန်းဖောက်လုပ်မည့် ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြောင့် တိုက်ပွဲများ ပြင်းထန် လာခြင်းဖြစ်သည်။

ထိုပိုက်လိုင်းသည် ရခိုင်ကမ်းခြေမှ ရေနံနှင့် သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်ဖြစ်သည်။
ကချင်သတင်း
Unknown at 8:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်/ကျဉ်း လွတ်မြောက်ရေး အမတ်သစ်များ မဆိုင်းမတွ ဆက်လုပ်မည်

ချင်းမိုင်(မဇ္စျိမ) ။       ။ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များက လွှတ်တော်တွင်း ဆက်လက် ကြိုးပမ်းသွားကြမည်ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ယခင်က တောင်းဆိုခဲ့သလို၊ လွှတ်တော်အတွင်းမှာလည်း မဆိုင်းမတွ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင် က ပြောသည်။

“ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်သူမှ မထားသင့်တော့ပါဘူး။ မန္တလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးကျန်သေးတယ်။ ဒီ နိုင်ငံရေး အကျဉ်းသား လွတ်ရေးက တစိုက်မတ်မတ် တောင်းဆိုခဲ့တာပဲ။ လွှတ်တော်ထဲ
ရောက်ရင်လည်း အခွင့်သင့် အခါသင့်တာနဲ့ တပြိုင်နက် တောင်းဆိုမှာပဲ။ ဦးတို့ဘက်က လွှတ်တော်ထဲမှာ မဆိုင်းမတွ
တောင်းဆိုရမှာပါ”ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာဇော်မြင့်မောင် က မဇ္ဈိမကို ပြောသည်။
zawmyintmg
ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ်မှ အရွေးချယ်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်အား မန္တလေး ဒေသခံများက ကြိုဆိုဂုဏ်ပြုနေကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

NLD အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ရသည့် အဓိက ရည်ရွယ်ချက်ထဲမှ တရားဥပဒေစိုးမိုးရေး
အောက်တွင် အဆိုပါ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပါဝင်နေသဖြင့် လွှတ်တော်အတွင်း အတိုင်းအတာ တခုထိ ပြောဆိုလာနိုင်မည်ဟု မျှော်လင့်နေသည်ဟု ဆိုသည်။

ပုဗ္ဗသီရိမြို့နယ်မှ NLD ကိုယ်စားလှယ်အဖြစ် လွှတ်တော်သို့ မတက်ရောက်မီ ဥပဒေဆိုင်ရာ စာအုပ်များကို လေ့လာ
နေသော နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဖြိုးဇေယျာသော် ကလည်း “ရှေ့မှာလုပ်တဲ့ အလုပ်တွေနဲ့ နောက်မှာ ရှိနေသေးတဲ့ ဥပဒေတွေကို နားလည်ချင်လို့ ဥပဒေတွေကို လိုက်လေ့လာနေတယ်။ ထောင်ထဲမှာ ရှိနေတဲ့ ကျနော်တို့ အကိုတွေ၊ အမတွေ အကုန်လုံးကို အကျဉ်းထောင်ထဲကနေ အမြန်ဆုံး ပြန်လွတ်စေချင်တယ်။ ဒါပေမယ့် အရင်တုန်းက
နိုင်ငံရေး တက်ကြွလှုပ်ရှားသူအနေနဲ့၊ အခု ပါတီတရပ်ရဲ့ ကိုယ်စားလှယ် တယောက်အနေနဲ့ လုပ်ဆောင်ပုံကတော့ ကွာသွားမှာပါ”ဟု မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံအတွင်း ကျင့်သုံးနေသော အချို့ဥပဒေများသည် ခေတ်နှင့်မညီသည့် ဥပဒေများ ရှိနေကြောင်းလည်း ဦးဖြိုးဇေယျာသော်က ပြောသည်။

မိထ္ထိလာမြို့နယ်မှ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းထိန် ကလည်း ပါတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် လွှတ်တော်တွင်း လုပ်ဆောင်သွားမည်ဟု ပြောသည်။

“နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ မလွဲမသွေ ပြောဆိုရမှာပါ။ သို့သော် လွှတ်တော်အတွင်း ဘာတွေ ပြောမယ် ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွန်ချက်ကို ယူပြီးတော့မှ လွှတ်တော်မှာ အလုပ်လုပ်ကြမှာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ဧပြီလ ၁၉ ရက်နှင့် ၂ဝ ရက်များတွင် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ ရန်ကုန်မြို့ ရုံးချုပ်သို့ စုဝေး၍ လွှတ်တော်အတွင်း တင်ပြမည့် အချက်အလက်များ အသေးစိတ်ကို ပြန်လည် ဆွေးဆွေးကြမည် ဖြစ်ကြောင်း သိရသည်။

NlD ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ၄၃ ဦးထဲမှ ၃ဝ ခန့်သည် ယုံကြည်ချက်ကြောင့်
ထောင်ဒဏ် အပြစ်ပေးကျခံခဲ့ရဖူးသော နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၉၅၉ ဦး ကျန်ရှိနေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှတ်တမ်းများက ဆိုသည်။

နိုင်ငံရေးအကျဉ်းသား ၄၉၄ ဦးသည် အမှုတွဲများဖြင့် အခိုင်အမှာ စာရင်းပြုစုထားပြီး ကျန် ၄၆၅ ဦးကို အတည်ပြုရန် စစ်ဆေးနေဆဲ ဖြစ်၍ စုစုပေါင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၉၅၉ ဦးရှိနေသေးသည်ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင် က မဇ္ဈိမကို ပြောသည်။

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသား အရေအတွက် ကွဲလွဲမှုများ ရှိနေရာ NLD ပါတီ၏ ဇန်နဝါရီ စာရင်းအရ
နိုင်ငံရေးအကျဉ်းသား ၃ဝဝ ကျော် ကျန်နေသေးသည်ဟု သိရသည်။

NLD အနေဖြင့် မတရားသင်းဥပဒေ အပါအဝင် ဖောက်ခွဲရေးမှုများဖြင့် စွပ်စွဲခံရပြီး ပြစ်ဒဏ်ကျခံနေရသူများလည်း
နိုင်ငံရေး အကျဉ်းသားအဖြစ် ထည့်သွင်း သတ်မှတ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။

“ဖောက်ခွဲတယ်လို့ စွပ်စွဲခံရသူတွေ၊ ဘုန်းကြီးအရေးအခင်းတုန်းက ပါဝင်ခဲ့တဲ့သူတွေ ၁၇ (၁)၊ ၁၇ (၂) တောင်ငူ ဘက်မှာ ဖမ်းခံရသူတွေ၊ နောက်ကျနော်တို့ ၅ (ည) ဘာညာနဲ့ အစွဲခံရတဲ့ အရေးပေါ် အက်ဥပဒေပုဒ်မ၊ နောက် ၅ဝ၅ နိုင်ငံတော် ကို အကြည်အညိုပျက်အောင် လုပ်တာ၊ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က ထည့်ပါတယ်။ နောက် အားပေးကူညီတယ်ဆိုပြီး ဖမ်းတာတွေ ရှိတယ်။ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားထဲ ထည့်ပါတယ်” ဟုဆိုသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် လွှတ်တော်တွင်း အရေးဆိုမှုများလည်း ယခင်က ရှိခဲ့ဖူးသည်။

၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ သင်္ကန်းကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသော “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ
နေရသူများ အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” အဆိုအား တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံစဝေါ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းတိုးတက်ရေး ပါတီများမှ ထောက်ခံ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးလှုပ်ရှားတက်ကြွသူများအား အစိုးရအဆက်ဆက်က ဖမ်းဆီးထောင်ချခဲ့လေ့ရှိသော ဥပဒေ၊ အမိန့်များအား
ပြင်ဆင်၊ ပယ်ဖျက်ရေးအတွက်လည်း ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

“တစ် ၁၉၅ဝ ခုနှစ်က အရေးပေါ်စီမံချက် ဥပဒေ၊ (၅) ည တို့ဘာတို့ပေါ့ဗျာ၊ အဲဒါကို ဖျက်သိမ်းမယ်။ ပထမဆုံးလုပ်မယ့် အလုပ်က အဲဒီဥပဒေကို ပယ်ဖျက်ဖို့။ နောက်ဒုတိယက သိပ်ပြီးတော့ ဆိုးဝါးတဲ့ တရားရုံးမတင်ဘဲ စစ်ဆေးပြီးတော့ ၅ နှစ်ကြာ ချုပ်ထားတဲ့ဟာပေါ့။ နိုင်ငံတော် နှောက်ယှက်သူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေပေါ့။ အဲဒါတွေကို ဖျက်ပစ်မယ်ဆိုတဲ့ သဘောထား ဒီနေ့အထိရှိတယ်။ ပြည်သူလူထုနဲ့ အများအကျိုး ထိခိုက်တဲ့ ဥပဒေတွေ အားလုံးကို ဖျက်မယ်။ ပြင်မယ်” NLD ၏ ဥပဒေရေးရာကော်မတီ ခေါင်းဆောင် ဦးတင်ဦး က ပြောသည်။

၂ဝ၁၁ စက်တင်္ဘာလအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် အဆိုပါ ဥပဒေပြင်ဆင်မှုနှင့် ပတ်သက်၍ အဆိုတင်သွင်းခဲ့ဖူးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

“ကျနော့်အနေနဲ့တော့ ၁၉၅ဝ ပြည့်အရေးပေါ် စီမံချက် ဥပဒေ ရုတ်ပေးဖို့ တင်ခဲ့တယ်။ အကျဉ်းသား လွှတ်ပေးဖို့ တင်ခဲ့တယ်။ လွှတ်ငြိမ်းချမ်းသာခွင့် တင်ခဲ့တယ်။ ကျနော် အဲတုန်းက ၈ မဲပဲ ရတယ်” ဟု ၎င်း၏ အတွေ့အကြုံအား
ပြန်ပြောင်း ပြောပြသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံတွင် မတရားသင်းဟူ၍ မရှိသင့်ကြောင်း တနင်္လာနေ့က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် နေပြည်တော် ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၃၄၃ ဦးဖြင့် ၅၂.၃ ရာခိုင်နှုန်း ရှိနေဦးမည်ဖြစ်ကာ တပ်မတော်သားကိုယ်စားလှယ် ၁၁၆ ဦးဖြင့် ၂၅ ရာခိုင်နှုန်း ရရှိထားမည် ဖြစ်သည်။ NLD မှ ၆.၄ ရာခိုင်နှုန်းအဖြစ် ၄၂ ဦး ရှိကာ ကျန်ပါတီများနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များက ၁၆.၃ ရာခိုင်နှုန်းအဖြစ် ၁ဝ၅ ဦး ရှိနေမည် ဖြစ်သည်။
Unknown at 8:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်ထိပ်တန်းခေါင်းဆောင် Bo Xilai ကို ပါတီကထုတ်ပယ်

နောက်ဆုံးဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်ရဲ့ နိုင်ငံရေး အရှုပ်တော်ပုံမှာ သူ့ရဲ့ မိသားစုနဲ့အတူ ပါဝင်ပတ်သက် နေတယ်ဆိုပြီး တရုတ်ပြည် ကွန်မြူနစ် ပါတီရဲ့ အလွန် လူကြိုက်များခဲ့တဲ့ နိုင်ငံရေး ထိပ်တန်း ခေါင်းဆောင် Bo Xilai ကို ကွန်မြူနစ် ပါတီက ထုတ်ပယ်လိုက်ပါတယ်။
“အလွန်အရေးကြီးတဲ့ စည်းကမ်းချိုးဖောက်မှုများကြောင့်” Bo Xilai ကို ၂၅ ဦး ပါဝင်တဲ့ ပေါလစ်ဗျူရိုက လည်းကောင်း၊ အဖွဲ့ဝင် ၃၀၀ ရှိတဲ့ ဗဟို ကော်မတီက လည်းကောင်း ဖယ်ရှားလိုက်တာဖြစ်တယ်လို့ တရုတ် အစိုးရ သတင်းစာမှာ အင်္ဂါနေ့က ဖော်ပြပါရှိပါတယ်။
၂၀၀၇ ခုနှစ်ကစပြီး အခုလို ပေါလစ်ဗျူရို အဖွဲ့ဝင်တယောက် ထုတ်ပယ်ခံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဘိုရဲ့မိသားစုနဲ့ နီးစပ်တဲ့ ဗြိတိသျှ လုပ်ငန်းရှင် Neil Heywood အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဘိုရဲ့ဇနီး Bo Kailai ကိုလည်း စစ်ဆေး မေးမြန်းနေတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။
Bo ရဲ့ နှစ်ရှည်ရဲမှူးကြီး Wang Lijun က အမေရိကန် ကောင်စစ်ဝန်ရုံးမှာ ပြေးဝင်ပြီး ခိုလုံခွင့်တောင်းပြီးတဲ့ နောက် ပြီးခဲ့တဲ့လက Bo Xilai ကို တရုတ်ပြည် အနောက်တောင်ဒေသရဲ့ မြို့တော်ချုံကင်းရဲ့ ကွန်မြူနစ် ပါတီ ခေါင်းဆောင်အဖြစ်က ထုတ်ပယ်ခဲ့ပါတယ်။ အာဏာကုန် ပိုင်ဆိုင်တဲ့ တရုတ် ကွန်မြူနစ်ပါတီရဲ့ ပေါလစ်ဗျူရို ခေါင်းဆောင် ဖြစ်လာမယ်လို့ Bo ကို တချိန်က ယူဆခဲ့ကြပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
Unknown at 8:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၉/၁၁ တိုက်ခိုက်မှု စီစဉ်ညွှန်ကြားသူတွေကို ရုံးတင် စစ်ဆေးတော့မည်

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ အကြမ်းဖက် တိုက်ခိုက်လို့ လူပေါင်း သုံးထောင်ကျော် အသက်ဆုံးရှုံးရတဲ့ လုပ်ကြံမှုကြီးကို စီစဉ်ညွှန်ကြားခဲ့တယ်လို့ စွပ်စွဲခံရသူ ၅ ဦးကို အမေရိကန် ပိုင် Guantanamo ပင်လယ်အော် အခြေစိုက်စခန်းမှာ စစ်ခုံရုံးတရားသူကြီး က စတင်စစ်ဆေးဖို့ မေလ ၅ ရက်နေ့ကို သတ်မှတ်လိုက်ပါတယ်။
စစ်တရားသူကြီး James Pohl က စက်တင်ဘာ ၁၁ အကြမ်းဖက်မှု လုပ်ကြံမှုကို အကွက်ချ စီစဉ်ညွန်ကြားတယ်လို့ ယူဆရသူ Al-Qaida စစ်သွေးကြွအဖွဲ့ဝင် ၅ ဦးကို ထူးထူးခြားခြား စနေနေ့မှာ စတင် စစ်ဆေးဖို့ စီစဉ်ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပဉ္စဂံဌာနက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
ဒီ ၅ ဦးမှာ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုကို ကိုယ်တိုင် ကြံစည်လုပ်ဆောင်ခဲ့တယ်လို့ ကိုယ်တိုင် ထုတ်ဖော် ကြေညာသူ Khalid Sheikh Mohammed နဲ့ ကြံရာပါ ၄ ဦးတို့ ပါဝင်ပါတယ်။ သူတို့ကို အကြမ်းဖက်၊ လေယာဉ်အပိုင်စီး မှု၊ ပူးပေါင်းကြံစည်မှု၊ လူသတ်မှုတွေနဲ့ တရားစွဲဆိုမှာ ဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ တွေ့ရှိရရင် သေဒဏ် ကျခံကြရမှာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

Unknown at 8:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ကိစ္စမှာ -

  စာမျက်နှာ ၁၁၊ အပိုဒ် ၄၃ မှာ မည်သည့်ပြစ်မှု ဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ - ဆိုတာ နားလည်တဲ့သူတွေရှိရင် ရှင်းပြကြပါလား။
ဒါကို ကျနော် နားလည်သလို ပြန်ရှင်းပြပါမယ်။ ဦးဆုံးအနေနဲ့ကတော့ ကျနော်ဟာ ဘယ်လို ဥပဒေ ပညာရှင် တဦးမျှ မဟုတ်တဲ့အကြောင်း ကြိုတင် ဝန်ခံထားပါရစေ။
မည်သည့်ပြစ်မှု ဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ (အခြေခံဥပဒေ ပုဒ်မ ၄၃) -
ဆိုတာကို ရုတ်တရက် အဓိပ္ပာယ်ကောက်လိုက်ရင် --- ပြစ်မှုတခုခုကို ကျူးလွန်တာ ထင်ရှားလို့ တရားရုံးက စီရင်ချက် ချမှတ်ပြီး ပြစ်ဒဏ်ခတ်ခဲ့တယ် (သို့) မထင်ရှားလို့ တရားသေလွှတ်လိုက်တယ်...
အဲဒီလိုအမှုကို ပြန်ပြင်စေနိုင်တဲ့ အခြားဥပဒေတွေ ထပ်မထုတ်ရတော့ဘူးလို့ အဓိပ္ပာယ် သက်ရောက်နေသယောင်ယောင် ဖြစ်နေပါတယ်။
အဲဒါက မရိုးသားတဲ့သဘော ရှိနေတယ် ထင်ပါတယ်။ အမှန်တကယ် ရှင်းလင်းအောင် မြန်မာဘာသာနဲ့ ရေးသင့်တာက
“နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် အလို့ငှာ မည်သည့်ပြစ်မှု ဆိုင်ရာဥပဒေမျှ ပြဌာန်းခွင့် မရှိစေရ”
ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတာက ရှင်းပါတယ်။ ဖတ်ကြည့်ကြပါ။
No Panel Law shall be enacted to provide retrospective effect.
ဒါမှသာ အတိတ်ကာလက ပြစ်မှုတခုခုကို ကျူးလွန်ဖောက်ဖျက်သူကို နောက်ကြောင်းပြန် အပြစ်ပေး အရေးယူနိုင်တဲ့ အခြားဥပဒေ (သစ်)တွေ မပြဌာန်းရဘူး ဆိုတဲ့ အဓိပ္ပာယ်ကို ထွက်စေမှာ ဖြစ်ပါတယ်။  
အဲဒါကို ဘယ်လိုပဲ အမှန်ဖြစ်အောင်၊ အဓိပ္ပာယ် ရှင်းလင်းအောင် ရေးသည်ဖြစ်စေ တကယ်တော့ အခြေခံဥပဒေ ပုဒ်မ ၄၃ ဟာ အတိတ်ကာလက ပြစ်မှုကျူးလွန်ခဲ့ဖူးသူတွေကို လက်ရှိအချိန်မှာ အရေးမယူနိုင်အောင် ကာကွယ်ပေးထားတဲ့ ဥပဒေပါပဲ။
မြန်မာဥပဒေ ပညာရှင်များ၊ ဗဟုသုတ ကြွယ်သူများက တတ်နိုင်သလောက် ပါဝင်ဆွေးနွေးပြီး လူထုကို ရှင်းလင်းတဲ့ ဗဟုသုတ ပေးစေချင်ပါတယ်။ တဆက်တည်းမှာပဲ အခြားဒီမိုကရေစီနိုင်ငံတွေမှာရော အခုလို နောက်ကြောင်းပြန် အရေးယူတာတွေ ရှိ-မရှိ ဗဟုသုတတွေ မျှပေးစေချင်ပါတယ်။
လွင်အောင်စိုး
ဧပြီ ၁၁ ရက် ၂ဝ၁၂ ခုနှစ်
Unknown at 8:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သူတို့ကို မေ့ထားခဲ့ပြီလား

မကြာခင်က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပြတ်အသတ် နိုင်ခဲ့တာကြောင့် မြန်မာပြည် ပြောင်းနေပြီလို့ ကမ္ဘာ့အသိုင်း အ၀ိုင်းက အသိအမှတ်ပြု ချီးမွမ်းသံတွေ ညံနေစဉ်မှာပဲ သူတို့ကို မေ့ထားခဲ့ကြပြီလားလို့ ခံစားတွေးမြင်နေသူတွေ သံတိုင်တွေ နောက်ကွယ်မှာ အများကြီး ကျန်ရှိနေသေးပါတယ်။
သူတို့တွေထဲမှာ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကတည်းက ထောင်ကျနေခဲ့တဲ့ ကိုအေးအောင် တယောက်လည်း အပါအဝင်ပါ။ ဇန်န၀ါရီလအတွင်း နိုင်ငံရေးအကျဉ်းသားတွေ နောက်ဆုံးတခေါက် ထပ်လွတ်လာခဲ့တုန်းက သားဖြစ်သူ လွတ်လာမလားရယ်လို့ မျှော်လင့်ခဲ့ပေမယ့် လွတ်မလာခဲ့ဘူးလို့ ဖခင် ဦးသောင်းစိန်နဲ့ မိခင် ဒေါ်စန်းမြင့်တို့က ပြောပြကြတယ်။

အိမ်ရဲ့ ဧည့်ခန်းနံရံပေါ်မှာ ၁၉၉၅ ခုနှစ်မှာ စာစီစာကုံးဆုရလို့ ဒေါ်အောင်ဆန်းစုကြည်က ကိုအေးအောင်ကို ဆုပေးနေတဲ့ မှတ်တမ်းဓာတ်ပုံလေးက ချိတ်ဆွဲလျက်သား။
ကိုအေးအောင်ရဲ့ မိသားစုဟာ ရန်ကုန်မြို့မှာ ဘ၀ရပ်တည်ရေးအတွက် အိမ်ဆိုင်လေးဖွင့်ပြီး ရုန်းကန်နေကြသူတွေပါ။ မိသားစု ခံစားနေနေရတဲ့ ဝေဒနာအပူမီးတွေကို ဘယ်သူကမှ သတိလည်း မထားမိကြဘူးလို့ ထောင်ဒဏ် စုစုပေါင်း ၅၉ နှစ် ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအေးအောင်ရဲ့ အသက် ၆၀ ကျော်အရွယ် အရွယ်မိဘများက ပြောပါတယ်။
“သူ ဘာကြောင့် လွတ်မလာတာလဲဆိုတာ ဘယ်သူမှ ကျနော်တို့ကို ရှင်းမပြခဲ့ပါဘူး။ ကျနော်တို့ ဘာမှ မသိရဘူး” လို့ ဦးသောင်းစိန်က ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီး ၁၈ လ ကြာမှာ ကိုမင်းကိုနိုင်၊ ဦးဂမ္ဘီရ အစရှိတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာခဲ့ပါတယ်။
“ခေါင်းဆောင်တွေ ပြန်လွတ်လာတော့ ကျန်သူတွေကို ကမ္ဘာကြီးက မေ့သွားတယ်” လို့ ဦးသောင်းစိန်က ပြောတဲ့အချိန် အနားက ဇနီးသည်၊ ကိုအေးအောင်ရဲ့မိခင်ဖြစ်သူက မျက်ရည်တွေ သုတ်လို့။
ကိုအေးအောင်ဟာ အသက် ၂၂ နှစ် အရွယ်၊ ၁၉၉၈ ခုနှစ်က ရာဇ၀တ်ပြစ်မှုများစွာနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် စုစုပေါင်း ၅၉ နှစ် ချမှတ်ခံထားရတာ အခုဆိုရင် စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်မှာ ရှိနေပါတယ်။ မိနစ် ၂၀ လောက် စကားပြောခွင့်ရကြဖို့ ကုန်းလမ်းနဲ့ ၂ ရက်လောက် အဆင့်ဆင့် ခရီးနှင်ရတဲ့ သားဖြစ်သူရှိရာ အကျဉ်းထောင်ရှိရာကို မိသားစု တနှစ်မှ ၂ ခေါက်လောက်ပဲ အရင်က သွားနိုင်ခဲ့တာပါ။ အခုတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့ လမ်းစရိတ် ကူညီမှုကြောင့် အခုဆို ၂ လ တခေါက် သွားနိုင်နေပါပြီ။ လွန်ခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကပဲ ကိုအေးအောင်ကို မိခင်ဖြစ်သူဟာ နှစ်ပေါင်း ၁၄ နှစ်အတွင် ပထမဆုံး အကြိမ် သားဖြစ်သူကို ပွေ့ဖက်ခွင့် ရခဲ့ပါတယ်။
“ဒီနှစ်ဆန်း ဇန်န၀ါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာပေးတော့ ကျမတို့လည်း သားလွတ်လာမလားလို့ မျှော်မိတယ်။ တကယ်ဖြစ်လာတာက အဲဒီ ထောင်ထဲမှာ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဆိုလို့ သားတယောက်တည်း။ ကျမတို့ အရုပ်ကြိုးပြတ် လဲကျ မသွားအောင် မနည်းထိန်းနေရတယ်။ မလွယ်ပါဘူးရှင်” လို့ ကိုအေးအောင်ရဲ့ မိခင်က ပြောပါတယ်။
အဲဒီတုန်းက ကိုအေးအောင် မလွတ်လာတော့ အစိုးရ စွပ်စွဲထားတဲ့အတိုင်း သာမန် ရာဇ၀တ်မှုနဲ့ ထောင်ကျနေတယ်လို့ အိမ်နီးချင်းတွေက ထင်ခဲ့ကြလို့ နားလည်အောင် တော်တော် ရှင်းပြခဲ့ရသေးတယ်လို့လည်း ဆိုတယ်။
ကိုအေးအောင်နဲ့ အတူ အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၂ နှစ်ကျခံခဲ့ရကာ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ တောင်ကြီးထောင်က လွတ်လာတဲ့ ကိုစန်းဇော်ထွေး ဆိုရင် လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာပေမယ့် သူငယ်ချင်း ကိုအေးအောင်က ထောင်ထဲမှာ ကျန်နေဆဲဖြစ်တာကြောင့် သူလွတ်လာတာကိုတောင် မပျော်နိုင်ဘဲ စိတ်ထိခိုက်နေပါတယ်။
“လွတ်ဖို့က လူဘယ်လောက်သိလဲ ဆိုတဲ့အပေါ် မူတည်တယ်လေ။ နိုင်ငံရေး အကျဉ်းသားတွေအတွက် နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံစိုက်မှုရရင် ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတာပဲ။ ဒါပေမယ့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်မရှိတဲ့ အကျဉ်းသားဆို မေ့နေကြရောပဲ” လို့ ကိုစန်းဇော်ထွေးက ပြောပါတယ်။
အလားတူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးမြင့်အေးရဲ့ မိသားစုကလည်း သူတို့ရဲ့ မျှော်လင့်ချက်တွေကို အရှုံးမပေးသေးပါဘူး။ ဦးမြင့်အေးဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးကို တက်တက်ကြွကြွ လုပ်ဆောင်လာခဲ့တာ အခုဆို အသက် ၆၁ နှစ် ရှိနေပါပြီ။ ၂၀၀၈ ခုနှစ်က နာဂစ် မုန်တိုင်းအပြီးမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေး စောင့်ရှောက်ဖို့ စည်းရုံး ကြိုးစားနေစဉ်မှာပဲ သူ့ကို ဗုံးခွဲတရားခံတဦးအဖြစ် စွပ်စွဲဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းကတော့ ယခင်စစ်အစိုးရရဲ့ စွပ်စွဲမှုကို လက်မခံကြောင်းနဲ့ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ ခင်ပွန်းဖြစ်သူ လွတ်လာခဲ့မယ်လို့ မျှော်လင့်ခဲ့သေးကြောင်း ဆိုပါတယ်။ “မကြာခင်မှာ သူလွတ်လာမယ်လို့ မျှော်နေဆဲပါ” လို့ ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်။
ထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်အပေါ်မှာ သဘောကွဲနေကြပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကတော့ နိုင်ငံရေးအကျဉ်းသား ၈၀၀ ကျော်လောက် ကျန်ရှိနေပြီး ၄၀၀ လောက်ဟာ ဘယ်ထောင်မှာ ဘာပြစ်မှုနဲ့ ထောင်ဒဏ် ဘယ်လောက်ကျခံနေရတယ်ဆိုတာကို အခိုင်အမာပြောနိုင်ကြောင်း၊ ကျန်သူတွေကို စုံစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူများတွေကတော့ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၃၀၀ လို့ ပြောဆိုနေကြပါတယ်။
NLD ခေါင်းဆောင်တဦးလည်းဖြစ်၊ အကျဉ်းထောင်ထဲမှာ ၁၉ နှစ် ကျော် နေခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်သူ ဦးဝင်းတင်ကတော့ “နိုင်ငံရေး အကျဉ်းသားတွေ အများကြီးရှိနေဆဲပါ။ အစိုးရတော့ သူတို့ အကုန်လွှတ်လိုက်ပြီလို့ ပြောနေတယ်။ ဒါပေမယ့် ဒါဟာ အမှန်မဟုတ်ဘူးဗျ” လို့ ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ အနောက်တိုင်း သံတမန်တဦးကလည်း သံရုံးတွေအနေနဲ့ အကြမ်းဖျင်း ခန့်မှန်းစာရင်းပြုစုထားတာ ရှိကြောင်းနဲ့ မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မရုပ်သိမ်းခင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ထပ်ခါတလဲလဲ ဖိအားပေး ပြောဆိုနေတယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးရေး ရန်ကုန်မှာ စုဖွဲ့ထားတဲ့ အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုခင်ဇော်ကတော့ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား ခန့်မှန်းခြေ ၃၄၅ ဦးကနေ ၆၁၉ ဦး ရှိတယ်လို့ ပြောပါတယ်။
“ပြန်လွတ်လာသူ တော်တော်များများနဲ့ ကျနော်တို့ လိုက်တွေ့ပြီး စကား ပြောဖြစ်တယ်။ ဒါပေမယ့် တချို့က မပြောရဲဘူး” လို့ ကိုခင်ဇော်က ဆိုတယ်။
နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့ ပြောဆိုချက်များကလည်း ရှုပ်ထွေးနေပါတယ်။ ဇန်န၀ါရီလ ၁၃ ရက်က လွတ်ငြိမ်းချမ်းသာ အမိန့်ထုတ်ပြန်ပြီး အာဏာပိုင်တွေက ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား မရှိကြောင်း ပြောနေချိန်မှာ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုက “နိုင်ငံရေး” အကျဉ်းသားလို့ စာရင်းဝင်သူ ၁၂၈ ဦးဟာ “အကြမ်းဖက် ဗုံးဖောက်ခွဲမှုတွေလို ရာဇ၀တ်ပြစ်မှုကြီးတွေကို ကျူးလွန်တဲ့အထဲမှာ ပါဝင်သူတွေဖြစ်တယ်” လို့ ဆိုပါတယ်။
အနောက်တိုင်း သံတမန်တဦးက ဒီအမှုတွေဟာ တကယ်မမှန်လို့ စိုးရိမ်မှုတွေ ရှိနေကြောင်း ပြောပါတယ်။
ကလေး ၂ ဦးရဲ့ ဖခင်လည်းဖြစ်၊ အင်ဂျင်နီယာတဦးလည်းဖြစ်တဲ့ ကိုဖြိုးဝေအောင်ရဲ့ မိသားစုကလည်း နိုင်ငံတကာက ဆက်လက် ကြိုးစားပေးလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက အများစု အနိုင်ရလိုက်ပြီး ပါလီမန်မှာ ၀င်ရတော့မယ်ဆိုတော့ ကိုဖြိုးဝေအောင် ပြန်လွတ်ရေး မျှော်လင့်ချက်ထားနေကြပါတယ်။
လူ ၁၀ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် X2O သင်္ကြန်ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှု တရားခံ တဦးအဖြစ် ခိုင်မာတဲ့ အထောက်အထား မရှိဘဲ ယခင် အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးထောင်ချ အရေးယူခဲ့တာကြောင့် တရားရေးဆိုင်ရာ အဂတိလိုက်စားမှုကြီးတခုလို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားသူတွေက ယူဆနေကြပြီး ကိုဖြိုးဝေအောင် လွတ်မြောက်ရေး ကြိုးစားနေကြပါတယ်။
ကိုဖြိုးဝေအောင်ရဲ့ အမှုကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူးကလည်း ထုတ်ဖော်ပြောဆိုနေပါတယ်။
အစ်ကိုဖြစ်သူ ဒေါက်တာ ထက်ဖြိုးအောင်က အာဏာပိုင်တွေဟာ ကိုဖြိုးဝေအောင်ကို ဗုံးကွဲမှုနဲ့ပတ်သက်တဲ့ အထောက်အထား ဘာတခုမှ မရှိဘဲ နှိပ်စက်ညှဉ်းပမ်းပြီး မတရား ထွက်ဆိုချက်တွေနဲ့ အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်လိုက်တာလို့ ဆိုပါတယ်။ “သူတို့ သူ့ကို လျှို့ဝှက်စစ်ကြောရေးစခန်းကို ခေါ်သွားပြီး သူ့ကို ၀န်ခံလာအောင်လို့ ရိုက်နှက် ညဉ်းပမ်းခဲ့ကြတယ်” လို့ ဒေါက်တာ ထက်ဖြိုးအောင်က ပြောပါတယ်။
ကိုဖြိုးဝေအောင် အမှုကို အင်းစိန်ထောင်ထဲမှာပဲ ၁၈ လကြာ တခါးပိတ် အကျဉ်းရုံး တရားစီရင်ခဲ့ကြတာပါ။ အမှုက မပြတ်သေးပါဘူး။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပြောတာက ကိုဖြိုးဝေအောင်ဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတယောက် မဟုတ်ပေမယ့် လှုပ်ရှားမှုတချို့မှာ ပါဖူးကြောင်း၊ ပြည်ပအတိုက်အခံ အုပ်စုတွေနဲ့ အဆက်အသွယ်ရှိကြောင်း ပြောကြပါတယ်။
ကိုဖြိုးဝေအောင်ရဲ့ ဇနီး မဌေးဌေးက ကလေးတွေကို သူတို့ရဲ့ ဖခင် ဘယ်လို ဖြစ်ပျက် ရင်ဆိုင်နေရတယ်ဆိုတာကို ယခင်က မပြောခဲ့ကြောင်း၊ ဒါပေမယ့် မကြာသေးခင်က အသက် ၈ နှစ်အရွယ် သမီးက ဖခင်အကြောင်းကို မေးမြန်းလာကြောင်း ပြောပါတယ်။
မဌေးဌေး ပြောတာက “သူတို့အဖေကို မကောင်းတဲ့ရဲတွေ ဖမ်းသွားတယ်လို့ အခုတော့ ကျမ ပြောလိုက်ပြီ” တဲ့။
(လန်ဒန်အခြေစိုက် The Independent သတင်းစာပါ ဆောင်းပါးရှင် Brian Rex ရဲ့ Still in the grip of Burma’s tyrants ကို တိုက်ရိုက် ဘာသာပြန်ဆိုသည်)
http://burma.irrawaddy.org/archives/8379 မှကူးယူပါသည်။
Unknown at 7:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တပ်၏ ဂုဏ်သိက္ခာကို ဗန်းပြကာ လိမ်ညာနေကြသော အရာရှိစစ်သည်များ၏ အန္တရာယ်မှရှောင်ရှားတတ်စေရန်


ဗိုလ်ကြီးစည်သူအောင်၏ဓါတ်ပုံ


မြန်မာ့တပ်မတော်ထဲမှ လူပျိုအရာရှိစစ်သည်တော်တစ်ချို့သည် ငယ်ရွယ်သော မြန်မာအမျိုးသမီး ကောင်မလေးများအား ရာထူးဂုဏ်ရှိန် စစ်တပ်ဂုဏ်ရှိန် ကိုသုံး၍ သမီးရည်းစားဖြစ်ပြီးနောက် လိမ်ညာဖြားယောင်းကာ ငွေကြေးရယူမှု ကာမလိမ်လည်မှုများ မကြာခဏဖြစ်ပေါ်ကြားသိ နေရပါသည်။

ယခုလည်း မြန်မာအမျိုးသမီးတစ်ဦးနှင့် နှစ်ရှည်လများ သမီးရည်းစားအဖြစ်တွဲလာပြီး နောက် အတည်ပေါင်းသင်းပါမည်ဟု ပြောဆိုကာ ကာမလိမ်လည်ရယူမှု ငွေကြေးရယူမှုများပြုလုပ်ပြီး နောက်ပိုင်း၌ ၎င်းအမျိုးသမီးအား ဥပက္ခာပြုကာ တစ်ခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရန် စီစဉ်နေပါသဖြင့် ကာယကံရှင်အမျိုးသမီးမှ ယခုလိုရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

ကာယကံရှင်အမျိုးသမီး၏ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် အမည်နာမကို ထည့်သွင်းခြင်းမပြုလုပ်ပါ။
မန္တလေးတိုင်း မိတ္ထီလာမြို့ မှ (မ --) နှင့် အမတ (၃၁၉) ကြည်းတပ်မှ ဗိုလ်ကြီးစည်သူအောင် (ကြည်း-၄၄၆၉၅) တို့သည် ၁၁.၆.၂၀၀၈ ခုနှစ်တွင် စတင်၍ လူငယ်တို့သဘာဝ သမီးရည်းစားအဖြစ်သို့ရောက်ရှိခဲ့ပါသည်။

ကာလတစ်ခုကြာလက်တွဲပြီးနောက် ဗိုလ်ကြီးစည်သူအောင် သည် (မ --)အား ဖြားယောင်သွေးဆောင်ကာ တရားဝင်ပေါင်းသင်းလက်ထပ်ယူပါမည်ဟုပြောဆိုကာ သမီးရည်းစားအဆင့်ထက် ကျော်လွန်သောအဆင့်သို့ရောက်ရှိခဲ့ပါသည်။ သူမအနေဖြင့်လည်း အရာရှိ တပ်မတော်စစ်သားတစ်ယောက် ၏ တည်ကြည်မှု ၊ ကတိသစ္စာ ကိုယုံကြည်မှု တို့ကြောင့် လိမ်ညာနေမှန်း မသိပဲနှင့် အတည်ယူမည်ဟု ယုံကြည်ကာ ဗိုလ်ကြီးစည်သူအောင်၏ ပြောဆိုမှုများထဲ၌ အပျိုစင်ဘ၀ကို ဆုံးရှုံးသွားခဲ့ပါသည်။

(မ --) သည် (၂၄.၆.၂၀၀၉) ရက်နေ့တွင် ယခုလိုဆက်လက်နေထိုင်ရန်ဖို့မသင့်တော်ကြောင်းနှင့် ပတ်ဝန်းကျင်တွင်လည်း သူမတို့နှစ်ယောက် အကြောင်းကို အားလုံးကသိနေသောကြောင့် ယူရန်ပြောဆိုသောအခါ ဗိုလ်ကြီးစည်သူအောင်အနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ ရှောင်ရှားနေခဲ့ပါသည်။ သူမထံမှလည်း ငွေကြေး (၁၁) သိန်းကျော်ယူငင်သုံးစွဲခဲ့ပါသည်။

 ၂၀၁၁ ခုနှစ် ၁၁ လပိုင်းလောက်တွင် အကြောင်းအမျိုးမျိုးပြ လမ်းခွဲဖို့ကြိုးစား၍ အဆက်သွယ်ဖြတ်ကာ ရှောင်နေခဲ့ပါသည်။ ၎င်းထံလည်းဖုန်းဆက်သောအခါ မရှိဘူးဟုပြောဆိုခဲ့၍ တပ်ထဲသို့ သွားသောအခါတွင်လည်း မရှိဘူးဟုပြောဆိုကာရှောင်နေခဲ့ပါသည်။ တစ်ရက်တွင် ဗိုလ်ကြီးစည်သူအောင် စေ့စပ်တော့မည်ဟု သတင်းကြားသိရသောကြောင့် ၁၆.၂.၂၀၁၂ ၌ တပ်ထဲသို့သွားခဲ့ရာ သူမရှိကြောင်းပြောဆိုခဲ့ပါသည်။

 ၁၈.၂.၂၀၁၂ ၌သူ၏ အထက်အရာရှိဗိုလ်ကြီး ဇော်မျိုးသန့် ဆီသို့သွား၍ သူမနှင့် ဗိုလ်ကြီးစည်သူအောင်တို့ ပတ်သက်ခဲ့သည့်အကြောင်းကို ပြောပြရာ သူမကို ၎င်း ဗိုလ်ကြီးမှ ဘယ်လိုဖြစ်စေချင်တာလဲဟုမေးခဲ့သဖြင့် (မ --) က ဗိုလ်ကြီးစည်သူအောင်အနေဖြင့် အရာရှိတပ်မတော်စစ်သားတစ်ယောက်ပီပီ ၎င်းပြုမှုခဲ့သမျှ အားလုံးအတွက် တာဝန်ယူရန်သာလိုအပ်ကြောင်း ပြောဆိုခဲ့ရာ ဗိုလ်ကြီးဇော်မျိုးသန့်က ကူညီ၍ညှိပေးပါမည်ဟု ပြောဆိုခဲ့ပါသည်။

၂၀.၂.၂၀၁၂ ရက်နေ့တွင် ဗိုလ်ကြီး စည်သူအောင်ကို ခေါ်၍ (မ--) နှင့်အတူ ချန်ပီယံ အအေးဆိုင်၌ လာတွေ့ခဲ့ပါသည်။ ဗိုလ်ကြီးစည်သူအောင်က (မ -- ) ကို ဘာကိစ္စလည်းဟု မေးခဲ့ရာ (မ --) နှင့်စည်သူအောင်တို့ ပတ်သက်ငြိစွန်းခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် တာဝန်ယူလက်ထပ်ရန် ပြောဆိုခဲ့ပါသည်။ ဗိုလ်ကြီး စည်သူအောင်က တာဝန်မယူနိုင်ဘူး တိုင်ချင်ရာကိုတိုင်နိုင်တယ် ငါအရာရှိစစ်ဗိုလ်တစ်ယောက် ဟု ပြောဆိုခဲ့ပါသည်။

 ထို့အတွက်သူမကို ၂၂.၂.၂၀၁၂ ရက်နေ့တွင် အဖြေပေးအကြောင်းပြန်မည်ဟုပြောဆိုခဲ့ပါသော်လည်း ၎င်းနေ့တွင် မရောက်လာခဲ့ပဲ ၂၃.၂.၂၀၁၂ ရက်နေ့သို့ထပ်မံ၍ ချိန်းဆိုခဲ့ပါသည်။ ထိုနေ့ နေ့လည် ၂ နာရီတွင် လမ်း၌ မတော်တဆ တွေ့ခဲ့သဖြင့် သူမက အကြောင်းပြန်ရန်ပြောဆိုသောခါ ဗိုလ်ကြီး စည်သူအောင်အနေဖြင့်ထိုနေ့ကပြောဆိုခဲ့သည်မှာ နောက်ပြောင်မှုသက်သက်သာဖြစ်သည်ဟု ပြောဆိုခဲ့ပါသည်။

၂၄.၂.၂၀၁၂ နေ့၌ ၎င်းနေထိုင်ရာအဆောင်သို့ နံနက် ၆ နာရီသွားရောက်တွေ့ဆုံ၍ မေးခဲ့ရာ ဗိုလ်ကြီးစည်သူအောင်က မင်အခုလက်ရှိဘာဖြစ်နေလို့ယူရမှာလဲဟု ပြောဆိုခဲ့ပါသည်။ (မ--) က အခုဘာမှမဖြစ်ပေမယ့် အရင်က ဖြစ်ခဲ့တယ်ဟု ပြောဆိုလိုက်ပြီးနောက် ညနေကျမှ လာရောက်၍ ထပ်မံတွေ့ဆုံမယ်ဟုပြောဆိုခဲ့ပါသည်။ နေ့လည် ၃နာရီ၌ ဗိုလ်ကြီး ဇေယျာပွင့်နှင့် ကန်သာယာအအေး ဆိုင်သို့ ချိန်းဆိုခဲ့ပြီး ၎င်းဗိုလ်ကြီးမှ အခုခေတ်ကြီးမှာ ဒီကိစ္စတွေဟာမဆန်းဘူးဖြစ်၍ (မ --) ကိုနောက်ဆုတ် ပေးရန် နှမချင်းစာနာထောက်ရှု့မှုမပြုပဲ တပ်မတော်အရာရှိတစ်ယောက်အနေဖြင့် တာဝန်မဲ့စွာ ယခုလို ပြောဆို ခဲ့သည်။

၁၈.၃.၂၀၁၂ နေ့၌ ၎င်း၏ တပ်ရင်းမှူး နှင့် တပ်ရင်းမှူး ကတော်ကိုသွားရောက်တင်ပြရာ လူငယ်ချင်း ပြေလည်အောင်ညှိနှိုင်းပါဟုပြောဆိုခဲ့သော်လည်း ဗိုလ်ကြီးစည်သူအောင် အနေဖြင့် ညှိနှိုင်းခြင်းဆွေးနွေးခြင်းမရှိခဲ့ပေ။သူ့အနေဖြင့် တစ်ခြားတွင်ပြဿနာရှိ၍ (မ--)ကိုမယူနိုင်ပါဟု တာဝန်မဲ့စွာပြောဆိုခဲ့ပါသည်။ ၅.၄.၂၀၁၂ ရက်နေ့ (ယနေ့)တွင်လည်း ၎င်းတို့တပ်ရင်းမှူးမှ (မ--) ကို ခေါ်တွေ့ကာ ဥပဒေကိုလက်တစ်လုံးခြားအသုံးပြုကာ အနုနည်းဖြင့် ဖြားယောင်းသွေးဆောင်ပြီး ကျေအေးကြောင်းလက်မှတ်ထိုးပေးရန်ပြောဆိုခဲ့သည်။

တပ်ရင်းမှူးတစ်ယောက်အနေဖြင့် မိမိတပ်ရင်းရှိ လက်အောက်ငယ်သားများကို ဖခင်တစ်ဦးကဲ့သို့ အုပ်ချုပ်ရန် တာဝန်ရှိသကဲ့သို့ ဖြစ်ပေါ်လာသည့် ကိစ္စရပ်မှန်သမျှအား တာဝန်ခံမှု တာဝန်ယူမှု ရှိစေရန် လေ့ကျင့်သင်ကြားပေးရမည့် တာဝန်ရှိပါသည်။ ထို့အပြင် ပြည်သူလူထု အရေးကိစ္စရပ်များနှင့် ပတ်သက်လာခဲ့လျှင်လည်း တပ်မတော်မှပြဌာန်းထားသော စစ်စည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း စစ်ဆေးမေးမြန်အပြစ်ပေးအရေးယူ တင်ပြပေးရန် နှင့် အထက်အဆင့်ဆင့်သို့ တင်ပြပေးရန်တာဝန်ရှိပါသည်။

 ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှလည်း တပ်မတော်သားများအနေဖြင့် ပြည်သူလူထုအပေါ် နိုင့်ထက်စီးနင်း အနိုင်ကျင့် စော်ကားမှုများ ပြုလုပ်ခဲ့လျှင် တိုင်ကြားနိုင်ကြောင်း ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်းကို ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်းထားခြင်းရှိခဲ့ပါသည်။

  ဗိုလ်ကြီစည်သူအောင် အနေဖြင့် ပျော်ဘွယ်မှအခြားသော မိန်းကလေး နှင့် (၆.၄.၂၀၁၂) ရက်နေ့တွင် လက်ထပ်ရန် စီစဉ်နေသောကြောင့် ၎င်း နှင့် နှစ်ရှည်လများ တွဲခဲ့သော ကာယကံရှင်အမျိုးသမီးအနေဖြင့် လွန်စွာနစ်နာလှပါသည်။ ရိုးသားဖြူစင်လှသောမြန်မာ အမျိုးသမီးများအနေဖြင့် ရာထူးဂုဏ်အရှိန်ဝါ ၊ စစ်တပ်၏ ဂုဏ်သိက္ခာကို ဗန်းပြကာ လိမ်ညာနေကြသော အရာရှိစစ်သည်များ၏ အန္တရာယ်မှရှောင်ရှားတတ်စေရန် ဖော်ပြလိုက်ရပါသည်။

Myanmar News Now
Unknown at 7:49 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံခြားငွေလဲ ဈေးကွက် ကမောက်ကမ ဖြစ်နေဆဲ


ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံခြားငွေလဲ ဈေးကွက်ကို ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ဗဟိုဘဏ်မှ နှုန်းရှင် သတ်မှတ်
ပေးပြီး ဝယ်ယူခြင်းဖြင့် ဈေးကွက်ကို ဝင်ရောက် ထိန်းညှိပေးနေသော်လည်း ဈေးကွက်အတွင်း အားနည်းမှုများ ရှိနေဆဲဖြစ်ပြီး ပြန်လည် ရောင်းချရာတွင် အခက်အခဲ ရှိနေဆဲ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီပွားရေး လုပ်ငန်းရှင်များနှင့်
နိုင်ငံခြားငွေဖြင့် ဝင်ငွေ ရရှိသူ ဝန်ထမ်းများက ဆိုသည်။

ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ နိုင်ငံခြား ငွေလဲ ဈေးကွက်တွင်သာမက ဘဏ်တချို့ရှိ ငွေလဲ ကောင်တာများတွင်ပါ အမေရိကန်ဒေါ်လာကို လိုသလောက် လဲ၍ မရသေးဘဲ ကန့်သတ်မှုများကြောင့် အခက်အခဲများ ရှိဆဲဖြစ်သည်ဟု
နိုင်ငံခြားသင်္ဘောတစီးတွင် အလုပ်လုပ်ကိုင်ပြီး ပြန်ရောက်လာသော သင်္ဘောသား ဦးမျိုးနိုင်က ဆိုသည်။

“ကျနော် သိမ်ဖြူ ငွေလဲကောင်တာမှာ အမေရိကန်ဒေါ်လာ သွားလဲတာ ငွေလဲကောင်တာတွေက တဦးကို ဒေါ်လာ တရာ၊ နှစ်ရာလောက်ပဲ လဲပေးပါတယ်။ ဒေါ်လာ တထောင်ကျော် လဲဖို့  ကောင်တာ ငါးခု ခြောက်ခုလောက် ပတ်ပြီး တန်းစီ လဲခဲ့ရပါတယ်” ဟု ဦးမျိုးနိုင်က မဇ္ဈိမကို ပြောသည်။
moneychange2
ဘဏ်လုပ်ငန်း သက်တမ်း သုံးနှစ်အထက်ရှိသည့် ပုဂ္ဂလိကဘဏ် ခြောက်ခုက ကောင်တာများ စုပေါင်း ဖွင့်လှစ်ထားသည့် သိမ်ဖြူ နိုင်ငံခြားငွေလဲဌာနတွင် အမေရိကန်ဒေါ်လာ၊ အက်ဖ်အီးစီ၊ ယူရိုငွေကြေးနှင့် စင်္ကာပူဒေါ်လာ စသည့် ငွေကြေးလေးမျိုး အရောင်းအဝယ် ပြုလုပ် (ဓါတ်ပုံ - မဇ္ဈိမ)

သိမ်ဖြူလမ်းရှိ နိုင်ငံခြား ငွေလဲဈေးကွက်တွင် မြန်မာ့ အရှေ့တိုင်းဘဏ်၊ အင်းဝဘဏ်၊ မြဝတီဘဏ်၊ သမဝါယမ CB ဘဏ်၊ ကမ္ဘောဇ ဘဏ်နှင့် မြန့်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တို့မှ ငွေလဲကောင်တာများ ဖွင့်လှစ်ထားသော် လည်း ဧပြီလ ၁ဝ ရက်နေ့တွင် အင်းဝဘဏ်နှင့် မြန်မာ့ အရှေ့တိုင်းဘဏ်တို့၏ ငွေလဲကောင်တာများကသာ FEC ကို ဝယ်ယူပေးပြီး အခြားဘဏ်များမှ ကောင်တာများက ဝယ်ယူခြင်း မရှိဟု ပြည်တွင်း အန်ဂျီအို ဝန်ထမ်းတဦးဖြစ်သူ ဦးစိုးမြင့်ကလည်း ဆိုသည်။

“ကျနော် အင်းဝဘဏ် ကောင်တာမှာ FEC ၇ဝဝ ကျော် လဲပြီး နေ့လည် နှစ်နာရီထိုးခါနီး နောက်တခေါက် ထပ်လဲဖို့ အသွားမှာ FEC ကို အဝယ် ပိတ်လိုက်ပါပြီလို့ ပြောပါတယ်။ ကောင်တာ ပိတ်ချိန်က ၃ နာရီ သတ်မှတ်ထားပေမယ့် တခြားကောင်တာတွေမှာလည်း လဲလို့ မရတော့ပါဘူး” ဟု ဦးစိုးမြင့် က ဆိုသည်။

ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ၈၁၈ ကျပ် သတ်မှတ်ပေးပြီး နိုင်ငံခြားငွေ ရောင်း ဝယ်ခွင့် ပေးထားသော ပြည်တွင်း ဘဏ် ၁၁ ခုတို့မှ ဝယ်ယူပေးသဖြင့် ထို့နေ့တွင်ပင် နိုင်ငံခြား ငွေလဲကောင်တာများ၌ FEC နှင့် အမေရိကန်ဒေါ်လာကို ၈၁၁ ကျပ် ဝယ်ယူပြီး၊ ၈၂၅ ကျပ်ဖြင့် ရောင်းချခဲ့သည်။

“ဗဟိုဘဏ်က နိုင်ငံခြားငွေတွေကို တရားဝင် ရောင်းဝယ်ခွင့် ပေးထားတဲ့ ဘဏ် ၁၁ ခု ဆီကပဲ ဝယ်နေတာပါ။ တခြား လုပ်ငန်းရှင်တွေကိုလည်း ဗဟိုဘဏ်နဲ့ တိုက်ရိုက် ရောင်းဝယ်ခွင့် ပေးရင် ပိုကောင်းမယ် ထင်ပါတယ်။ အခုဘဏ်တွေ ကတဆင့် ဝယ်ရောင်း လုပ်နေရပြီး ဘဏ်တွေကလည်း ဈေးကွက်ကို မထိန်းနိုင်တော့ အရောင်းအဝယ် လုပ်ရ ခက်ပါတယ်” ဟု သွင်းကုန် ထုတ်ကုန် ကုမ္ပဏီ တခုမှ လုပ်ငန်းရှင် တဦးဖြစ်သူ ဦးဝင်းကျော် က ဆိုသည်။

ဧပြီလ ၁ဝ ရက်နေ့ ဗဟိုဘဏ် သတ်မှတ်နှုန်းမှာ အမေရိကန် တဒေါ်လာ ၈၂၂ ကျပ်ဖြစ်ပြီး ငွေလဲကောင်တာများတွင် ၈၁၅ ကျပ်ဖြင့် ဝယ်ယူပြီး ၈၂၉ ကျပ်ဖြင့် ပြန်လည်ရောင်းချနေသော်လည်း ငွေလဲကောင်တာတွင် လာရောက် ရောင်းချ သူများ များပြားလျက် ရှိပြီး ဝယ်ယူသူ နည်းပါးလျက် ရှိသဖြင့် ဒေါ်လာကို အကန့်အသတ်ဖြင့် လဲလှယ်ပေးလျက် ရှိသည်ကို တွေ့ရှိရသည်။

“ကျမတို့ ကောင်တာမှာ FEC ဒီနေ့ မဝယ်ပါဘူး။ အမေရိကန် ဒေါ်လာကိုလည်း ၁ နာရီခွဲကတည်းက အဝယ် ပိတ်လိုက် ပါပြီ။ ကျမတို့ဆီက ဝယ်မယ်ဆိုရင်တော့ ၃ နာရီအထိ ရောင်းပေးပါတယ်” ဟု သမဝါယမ CB ဘဏ်မှငွေလဲကောင်တာ ဝန်ထမ်းက ဆိုသည်။

ကမ္ဘောဇဘဏ်မှ ငွေလဲကောင်တာ ဝန်ထမ်းကလည်း “ကျမတို့ ဒီနေ့ FEC မဝယ်ပါဘူး။ အမေရိကန် ဒေါ်လာကိုတော့ တဦးကို တရာစီ ဝယ်ပေးပါတယ်” ဟု ဆိုသည်။

ဗဟိုဘဏ်က အမေရိကန် ဒေါ်လာနှင့် FEC အပြင် စင်္ကာပူဒေါ်လာနှင့် ယူရိုငွေကို နှုန်းရှင် သတ်မှတ်ပေးကာ ဝယ်ယူ
ရောင်းချပေးလျက်ရှိပြီး ဧပြီလ ၁ဝ ရက်နေ့တွင် စင်္ကာပူဒေါ်လာ တဒေါ်လာကို ဝယ်ဈေး ၆၄၇ ကျပ်၊ ရောင်းဈေး ၆၅၇ ကျပ်နှင့်  ယူရိုငွေကို ဝယ်ဈေး ၁,ဝ၇ဝ၊ ရောင်းဈေး ၁,ဝ၈၈ ကျပ် သတ်မှတ်ထားသော်လည်း အမေရိကန်ဒေါ်လာနှင့် FEC ကိုသာ လာရောက် ရောင်းချသူ ဝယ်ယူသူ များပြားလျက် ရှိသည်။

အမေရိကန်ဒေါ်လာနှင့် FEC ဝယ်ဈေးနှင့် ရောင်းဈေးမှာ ၁၄ ကျပ် ကွာသည့်အပြင် ငွေလဲကောင်တာများက အကန့်အသတ်ဖြင့်သာ ဝယ်ယူနေသဖြင့် တချို့ အမေရိကန် ဒေါ်လာ လာရောက် ဝယ်ယူသူများသည် ငွေလဲ
ကောင်တာများ အနီးတွင် စောင့်ဆိုင်းကာ လာရောက်ရောင်းချသူများထံမှ တိုက်ရိုက် ဝယ်ယူမှုများကိုလည်း တွေ့ရှိရ သည်။

“ကျနော် ကောင်တာမှာ ဒေါ်လာ သွားရောင်းတာ မဝယ်တော့ဘူးလို့ ပြောပါတယ်။ ဒါနဲ့ လူတယောက်က ကျနော့်နား ကပ်လာပြီး သူဝယ်မယ် ၈၁၅ ကျပ်ပေးမယ်လို့ ပြောတော့ ကျနော် သူ့ဆီမှာပဲ ရောင်းလိုက်ပါတယ်” ဟု ဧပြီလ ၁ဝ ရက်နေ့က ငွေလဲကောင်တာတွင် ဒေါ်လာ ရောင်းချရန်လာသော သင်္ဘောသားတဦးက ဆိုသည်။

အမေရိကန် ဒေါ်လာနှင့် FEC ကို ငွေလဲကောင်တာများက အကန့်အသတ်ဖြင့် ဝယ်ယူနေသည့်အပြင် ဝယ်ယူရာတွင် လည်း ငွေစက္ကူ အသစ်များကိုသာ ရွေးချယ် ဝယ်ယူနေပြီး ခေါက်ရာပါသော၊ သာမန် မြင်တွေ့ရန်ပင် ခက်ခဲသည့် အစွန်းအထင်း အနည်းငယ်ပါသော ငွေစက္ကူများကို ဝယ်ယူမှု မရှိပေ။ ထို့ကြောင့် ရောင်းချသူ အများအပြားမှာ မှောင်ခို များဆီသို့သာ သွားရောက် လဲလှယ်နေရဆဲဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဘဏ်ရှိရာ မဟာဗန္ဓုလ လမ်း တဝိုက်တွင် မှောင်ခို ဝယ်ရောင်းများက ငွေလာရောက် လဲလှယ်သူများကို နည်းအမျိုးမျိုးဖြင့် လိမ်လည်မှုများ မကြာခဏ ကြားနေရသည်။

“ကျနော် မဟာဗန္ဓုလမ်းထောင့် မှာ FEC လဲဖူးပါတယ်။ ကျနော်ပေးတဲ့ FEC အရေအတွက်ကိုလည်း ဘယ်လို လုပ်လိုက်မှန်း မသိလိုက်ရဘူး။ သူတို့ လက်ထဲမှာတင် ၂ဝ တန် လေးငါးရွက်လောက် လျော့သွားတယ်။ သူတို့ပေးတဲ့
မြန်မာငွေကိုလည်း နောက်မှ သေချာ ပြန်တွက်ကြည့်လိုက်တော့ သောင်းနဲ့ချီ လျော့နေပါတယ်။ ငွေစက္ကူတွေကို
ခေါက်ပြီး အမျိုးမျိုး လက်လှည့် လိမ်နေတာပါ။ ရဲတွေကို သွားတိုင်မယ် လုပ်တော့လည်း သူတို့က အုပ်စုလိုက် ကိုယ်ယောင် ဖျောက်သွားပါတယ်” ဟု အင်ဂျီအို ဝန်ထမ်းတဦးဖြစ်သူ ဦးဝင်းအောင်က ဆိုသည်။

ထိုသို့ကဲ့ မှောင်ခိုသမားများအား သက်ဆိုင်ရာမှ အရေးယူမှုများ ကြားသိရခြင်း မရှိပေ။
Unknown at 7:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၀ နိုဝင်ဘာလက လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ မေခ၊ မလိခနှင့် ဧရာဝတီမြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများအတွက် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေးကိစ္စ အကြောင်းကြားစာ..

  ဒီမိုဝေယံ  

၂၀၁၀ နိုဝင်ဘာလ (၁၆)ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့ မေခ၊ မလိခနှင့် ဧရာဝတီမြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများအတွက် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေးကိစ္စ အကြောင်းကြားစာ..။ မြစ်ဆုံဆည်စီမံကိန်းကို ထိုစဉ်ကတည်းက လုပ်ဆောင် လိုခြင်းမရှိတဲ့ အစိုးရ အဖွဲ့ဝင် လူကြီးများလည်း ရှိတယ်လို့ဆိုပါတယ်..။

ပေးပို့လာသူအား ကျေးဇူးတင်ပါသည်...။
Unknown at 7:43 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်နဲ့NLDအောင်နိုင်ရေးအတွက် စည်းရုံးဝန်းရံပေးကြခဲ့တဲ့ အနုပညာရှင် တွေကို အကြောင်းပြချက်မရှိဘဲ သင်္ကြန်မှာ ဖျော်ဖြေခွင့်တွေ ပိတ်လိုက်



မီးမီးခဲနဲ့ ဘရိတ်ကီ ကမအူပင် NLD အောင်နိုင်ရေးမှာ ပါဝင် ဖျော်ဖြေ ခဲ့လို့ ဖြစ်တယ်လို့သာသိရပါတယ် တိကျတဲ့အကြောင်းပြချက် မသိရပါဘူး ..သီချင်းလည်းတိုက်ပြီး အားလုံးအဆင်သင့် ဖြစ်ပြီး ဒီနေ့ညနေမှ Banလုပ်လိုက်တယ် လို့ ကဗျာဘွဲ့မှူးဆီမှ သိရပါတယ် .... လင်းလင်း ကိုလည်း အားလုံးသေချာပြီးမှ ဒေါ်စုကို ဝန်းရံ တဲ့ အတွက် ခေါ်လို့မရဘူးဆိုပြီး cancel ပြန်လုပ်သွားတယ် လို့ သိရပါတယ် .. ဖျော်ဖြေ ရေးမဏ္ဍပ် တွေကို ဖိအားပေး ထားပု...ံရပါတယ်.. ထလော့မြန်မာ သီချင်းကိုဆိုတဲ့ နေဇော် ကို လည်း စရံ ပေး ပြီးမှ ပြန်ဖျက်သွား တယ်လို့ ဆိုပါတယ်.. သျှီ ကိုလည်းထိုနည်းတူ.. ထူးအယ်လင်းကတော့ သူ ဖျော်ဖြေခွင့်မရဘူးဆိုတာကိုဒီနေ့ ညနေ DVBကနေပြောသွားတာ ကြားလိုက်ရပါတယ်... ကဗျာဘွဲ့မှူး ကတော့ ခရီးသွားမှာ မို့မသိပါဘူး..

အနဂ္ဂရယ် ကျမရယ်ကတော့ မဆို ဖြစ်ပါဘူး.. ဆိုရင်လည်း ပိတ်မှာတော့ သေချာသလောက်ပါပဲ ..main targets တွေလေ
၂၀၁၀ တုန်းက မဖြူဖြူသင်း ရဲ့ တောင်ဒဂုံက ဝေဒနာသည်တွေ ကိုသွားအားပေးလို့ဆိုပီး လူမှုရေးလုပ်တာတောင် ပိတ်သေးတာပဲ ..လူတွေသိပ်မသိလိုက် ပေမဲ့ (‘၈၈ တော်လှန်ရေးနှင့် စွန့်လွှတ်ခြင်း’ ‘ခွပ်ဒေါင်းဝိဥာဉ်’စတဲ့ သီချင်းများကြောင့် ) ဟိုးအရင် စစ်အစိုးရလက်ထက် ကတည်းကလည်း ကျမက ပိတ်ခံနေကြပါပဲ မဆန်းတော့ပါဘူး....
အခုချိန်မှာတော့ ကိုယ်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရသင့်ပြီ လို့ထင်ပါတယ် ဒါပေမဲ့...........( သံသာဝင်းရဲ့ facebook)
ဒေါ်အောင်ဆန်းစုကြည်နဲ့NLDအောင်နိုင်ရေးအတွက် စည်းရုံးဝန်းရံပေးကြခဲ့တဲ့ အချို့သောအနုပညာရှင် တွေကို အကြောင်းပြချက်မရှိဘဲ သင်္ကြန်မှာ ဖျော်ဖြေခွင့်တွေ ပိတ်လိုက်ကြောင်း... စည်းရုံးရေးမှာပါဝင်ခဲ့သူတစ်ဦးဖြစ်သူ သံသာဝင်းရဲ့ facebook မှာရေးသားထားပါတယ်။

ကျမ တို့အတွက်တော့ ရိုးနေပါပြီ ..ခဏခဏ ပိတ်ခံရလွန်းလို့ .....ဒါပေမဲ့
အရင်စစ်အစိုးရ လက်ထက်တုန်းက ဒီလိုဥပဒေမဲ့ လုပ်ချင်တိုင်း လုပ်လို့ရပေမဲ့ အခုလိုdemocracy ဖော်ဆောင် နေပါပြီ ဆိုတဲ့ အရပ်သားအစိုးရလက်ထက်မှာ ဒီလို အကျင့်စိတ်တွေ ရှိ နေသေးဒါကိုကြည့်ခြင်းအားဖြင့် သူတို့တွေမပြောင်းလဲသေးဘူးဆိုတာ သက်သေပြလိုက်တာဘဲ....
လွှတ်တော်ထဲကိုတောင် ဝင်ရောက်တော့မဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကိုဝန်းရံပေး သူတွေကို လက်မခံနိုင်တာဟာဒေါ်အောင်ဆန်းစုကြည်ကိုလက်မခံနိုင်သေးတာဖြစ်တယ်လို့ယူ ဆပါတယ် အပြင်းအထန်ကန့်ကွက်ပါတယ်


ကျမသိရသလောက် မီးမီးခဲ ထူးအယ်လင်း ဘရိတ်ကီ လင်းလင်း တို့ဖြစ်တယ်လို့ရေးသားထားပါတယ်။

source..Trues journal, thantharwin

True News ဂျာနယ်
Unknown at 7:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန် တိုင်းဒေသကြီး အင်းစိန် အကျဉ်းထောင်ရှိ သီးသန့်/ သာမန်သီးသန့် အကျဉ်းသားများ၏ တင်ပြတောင်းဆိုချက်”



ထောင်ပိုင်ကြီးခင်ဗျား
အင်းစိန် ဗဟိုအကျဉ်းထောင်ရှိ ကျွန်တော်တို့ သီးသန့်/သာမန်သီးသန့် အကျဉ်းသားများမှ လူ့အခွင့်အရေးနှင့် စပ်လျဉ်းပြီး
၁။ ကျန်းမာရေး စောင့်ရှောက်မှု
(၁) အချိန်နှင့် တပြေးညီ ဆေးဝါးကုသမှု ခံယူရန် Refer မရရှိခြင်း၊
(၂) အချိန်နှင့် တပြေးညီ ဆေးဝါးမရရှိခြင်း၊
၂။ စာအုပ်၊ စာစောင် ဖတ်ရှုခြင်း
(၁) စာပေ စီစစ်ရေး ခွင့်ပြုပြီးသော စာအုပ်၊စာစောင်များ ထောင်တွင်း စီစစ်ရေး တင်ပြရခြင်း
၃။ လျော့ရက် ခံစားခွင့်
(၁) အကျဉ်းထောင် လက်စွဲဥပဒေအပိုဒ် (၈၃၈)နှင့် (၈၄၈)တို့အရ ခံစားခွင့်ရှိသော သာမန်လျော့ရက်နှင့်အတူ လျော့ရက်( အထူးလျော့ရက်များကို ညွှန်ကြားရေးမှူးချုပ်၊ ခရိုင်အုပ်ချုပ်ရေးအရာရှိ၊ ထောင်တာဝန်ခံ အရာရှိ စသူတို့မှ ပေးနိုင်ကြောင်း) စသည့် လျော့ရက်များ ခံစားခွင့်မရှိခြင်း၊
ထို့အတူ ကျွန်တော်တို့ (လွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဘဲ ကျန်ရှိနေသော) သီးသန့်/ သာမန်သီးသန့် အကျဉ်းသားများအား အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ နိုင်ငံတော် တည်ဆောက်ရေးတို့တွင် တတ်စွမ်းသမျှ ပါဝင်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ဖဒိုမန်းငြိမ်းမောင် နည်းတူစဉ်းစားပေးပါရန်။
သို့ဖြစ်၍ အထက်ပါ လူ့အခွင့်အရေးကိစ္စများနှင့် စပ်လျဉ်းပြီး (၁) နိုင်ငံတော် သမ္မတကြီး၊ (၂) မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ (၃) ပြည်ထဲရေး ဝန်ကြီးဌာနတို့ထံ တရားဝင် စာရေးအကြောင်းကြားခွင့်ပေးပါရန် ထောင်ပိုင်ကြီးအား လေးစားစွာ တင်ပြပါသည်။
အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်/သာမန်သီးသန့် အကျဉ်းသားများ
(၁) အောင်နိုင်(ဘ) ဦးစံရဲကျော်၊ (၂) ကျော်ဇော်မင်း/ဇော်မိုး(ဘ) ဦးနေအောင်ဝင်း၊ (၃) ထွန်းဦး(ဘ) ဦးကျော်မြ (၄) ဝင်းမြင့် (ဘ) ဦးတိုးခို၊ (၅) ကံမင်းသာ/ဖရန်စစ် (ဘ) ဦးအိမ်စိုး၊ (၆) ကျော်ကျော်/စောဖရန်စစ်(ဘ)ဦးမောင်မောင်၊ (၇) စောဂေသေးမူး (ဘ) ဦးစောကြိုဒေါ၊ (၈) စောတင်ဝင်း/စောဝါးလေး (ဘ) ဦးထွန်းရွှေ၊ (၉) နိုင်ဝင်း (ဘ) ဦးအောင်သိန်း၊ (၁၀)ရန်နိုင်/အေးသိန်း (ဘ) ဦးစောလွင်၊ (၁၁) ထွန်းမြတ်သူ/နိုင်လင်းဆက် (ဘ) ဦးကျော်သူ၊ (၁၂) စိုးမင်းသန်း(ဘ) ဦးမောင်မောင်သန်း
Unknown at 7:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဓါတ်သတ္တု လုပ်ငန်းများတွင် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် လာရောက် ဆွေးနွေးလျက် ရှိ





ပြည်တွင်းက ဓါတ်သတ္တု လုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ အင်္ဂလန် နိုင်ငံများက ကုမ္ပဏီ တွေက လာရောက်
ဆွေးနွေးမှုတွေ ပြုလုပ် လာတယ်လို့ သတ္တုတွင်း ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ ပြည်တွင်းက ဓါတ်သတ္တု တူးဖော်ရေး လုပ်ငန်း များမှာ လာရောက် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ရာမှာ တရုတ်နဲ့ ရုရှား နိုင်ငံများ လာရောက် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ ပြည်ပက ဓါတ်သတ္တု လုပ်ငန်း လုပ်ကိုင် နေတဲ့ လုပ်ငန်း အရေအတွက်ဟာ တစ်ထောင့် လေးရာ့ ငါးဆယ်ကျော် ရှိနေတယ်လို့ သိရပါတယ်။ သတ္တုတွင်း ၀န်ကြီးဌာန အနေနဲ့ ဓါတ်သတ္တု လုပ်ငန်း အတွက် ပုံသေ မြေငှားရမ်းခဟာ အရင်က တစ်စတုရန်း ကီလိုမီတာကို ကျပ်နှစ်ထောင် ရှိပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း လောက်ကစပြီး တစ် စတုရန်း ကီလိုမီတာကို ကျပ်သိန်း နှစ်ဆယ် ပြောင်းလဲ ကောက်ခံ ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ ဓါတ်သတ္တု တူးဖော် ရှာဖွေရေး လုပ်ငန်းများကို ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်း မြစ်နဲ့ စစ်တောင်း မြစ်ကြီး ၄ သွယ်ရဲ့ ဘေးနှစ်ဖက် ပေ ၃၀၀ အတွင်း မပြုလုပ်ဖို့ သတ္တုတွင်း ၀န်ကြီးဌာနမှ အမိန့်ထုတ်ပြန် ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
 Myanmar Express
Unknown at 7:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေညဝါဆရာတော်ကြီး တရားဓမ္မများ ဟောကြားရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ..

ဒီမိုဝေယံ  No comments

ရွှေညဝါ ဆရာတော်ကြီး ထိုင်းနိုင်ငံသို့ တရားဓမ္မများ ဟောကြားရန် ရောက်ရှိ..
၂၀၁၁ စက်တင်ဘာလက မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြီးခဲ့တဲ့  သြဝါဒတရား ချီးမြှင့်ခဲ့သည် ဆိုသော အကြောင်းပြချက်ဖြင့် ယခုနှစ် ဖေဖော်ဝါရီလက ကြည့်မြင်တိုင်... သာဓုပရိယတ္တိ စာသင်တိုက်မှ ထွက်ခွာသွားရန် မတရားဖယ်ရှားခြင်း ခံခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးဟာ ဧပြီလ ၁၀ရက်နေ့က ထိုင်းနိုင်ငံသို့ တရားဓမ္မများ ဟောကြားရန် ရောက်ရှိနေပြီဖြစ်ပါတယ်..။
မနက်ဖြန်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား တရားဓမ္မများ ဟောကြားချီးမြှင့်မှာ ဖြစ်ပါတယ်..။

သာသနာကို ခုတုံးလုပ်တဲ့ ခေတ်နောက်ပြန်ဆွဲ အာဏာရှင်လူတစုရဲ့ မတရား စွပ်စွဲချက်နဲ့ မတရားအမိန့်ချမှတ် ခဲ့မှုအပေါ်မှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဆရာတော်ဟာ ကျောင်းတိုက်မှ ထွက်ခွာပေးခဲ့ပြီး မှော်ဘီမြို့မှာ ပြောင်းရွှေ့သီတင်းသုံး နေထိုင်ခဲ့ပါတယ်..။ သာသနာ့အရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိမိရဲ့ တိုင်းသူပြည်သားတွေအတွက် မိမိကိုယ်ကိုယ် အမြဲပေးဆပ်နေတဲ့ ဆရာတော်ဟာ ပတ္တမြားမှန် နွံ့မနစ်ဆိုတဲ့ စကားအတိုင်း ဆရာတော်ကို လေးစားကြည်ညိုသူတွေ ယခင်ကထက်ကို ပိုမိုများပြားနေပါတယ်..။

လက်ရှိ မှော်ဘီမှိ(၅) ဧကရှိတဲ့ ဆရာတော်အား လှူဒါန်းထားတဲ့ မြေကွက်မှာတော့ ဗုဒ္ဓတက္ကသိုလ် ပြန်လည် ဆောက်လုပ်ပြီး ပြည်နယ်နဲ့တိုင်း အသီးသီးမှ စာသင်သား သံဃာတော်များအား ပြန်လည်လက်ခံဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်..။ သာသနာ အကျိုး၊ အများအကျိုး ကြိုးပမ်းဆောင်ရွက်နေတဲ့ ဆရာတော်ကြီးရဲ့ သာသနာ့အကျိုးအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းပါဝင် လှူဒါန်းကြဖို့ ဒီမိုဝေယံမှ တိုက်တွန်း နှိုးဆော်ပါရစေ ခင်ဗျာ...

ရွှေညဝါဆရာတော်ကြီးအား ဆက်သွယ်ရန်ဖုန်း

မြန်မာပြည် ဆက်သွယ်ရန်ဖုန်း... ၀၉၈၆၂၁၃၃၂
ထိုင်းနိုင်ငံ ဆက်သွယ်ရန်ဖုန်း ၆၆ + ၉၀၀၁၃၇၁၇၉
Unknown at 7:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ လမ်းအချို့အား တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်




 မဟာသင်္ကြန်ပွဲတော်ကာလဖြစ်သည့် ဧပြီ ၁၂ ရက် (အကြိုနေ့) မှ ၁၆ ရက်နေ့ (အတက်နေ့) အထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ရန်ကုန်မြို့ရှိ အောက်ဖော်ပြပါ လမ်းများအား တစ်လမ်းမောင်းစနစ်ကျင့်သုံးမည်ဖြစ်သည်။ (က) ကမ္ဘာအေးစေတီလမ်း။ ပါရမီလမ်းဆုံမှစက်မှု(၁) လမ်းဆုံအထိ မြောက်မှ တောင်သို့ တစ်လမ်းမောင်းသတ်မှတ်သည်။ (ခ) စက်မှု(၁) လမ်း။ ကမ္ဘာအေးစေတီလမ်းဆုံမှ ဆရာစံလမ်းဆုံအထိ အနောက်မှ အရှေ့သို့ တစ်လမ်းမောင်းသတ်မှတ်သည်။ (ဂ) တက္ကသိုလ်ရိပ်သာလမ်းသစ်။ စက်မှု(၁) လမ်းဆုံမှ ကုက္ကိုင်းလမ်းဆုံအထိ အရှေ့မှ အနောက်သို့ တစ်လမ်းမောင်းသတ်မှတ်သည်။ (ဃ) ဆရာစံလမ်း။ စက်မှု(၁) လမ်းဆုံမှ ကမ္ဘာအေးစေတီလမ်းဆုံအထိ အရှေ့မှ အနောက်သို့ တစ်လမ်းမောင်း သတ်မှတ်သည်။ (င) ကန်တော်ကြီးပတ်လမ်း။ ဦးထောင်ဘိုအဝိုင်း၊ တိရစ္ဆာန်ဥယျာဉ်ဘက်မှ ကန်ရိပ်သာလမ်းသို့ အဝင်လမ်းသတ်မှတ်ပြီး ကန်ရိပ်သာလမ်းအတိုင်း လက်ဝဲရစ်မောင်းနှင်၍ ၎င်းမှ နတ်မောက်လမ်းအတိုင်း ကမ္ဘာအေးစေတီလမ်းဆုံသို့ အထွက်သတ်မှတ်ထားရှိသည်။ ကန်တော်ကြီးပတ်လမ်းသို့ ချဉ်းကပ်လမ်းများအားလုံး ညာကွေ့ပြီး လက်ဝဲရစ် သွားရမည်ဖြစ်သည်။ (ကန်တော်ကြီးပတ်လမ်းသို့ ဝင်ရောက်မည့် အထက်ပန်းဆိုးတန်းလမ်းမှ ယာဉ်များသည် ဒေါ်လာတင်မီးပွိုင့် မှ လည်းကောင်း၊ သိမ်ဖြူလမ်းမှ ယာဉ်များသည် သိမ်ဖြူ(၅) ခွဆုံမှ လည်းကောင်း လမ်းလွှဲအတိုင်းသွားရမည်ဖြစ်သည်။   ဖော်ပြပါ ကန်တော်ကြီးပတ်လမ်း တစ်လျှောက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ မော်တော်ယာဉ်များ ရပ်နားခြင်းမပြုကြရန်နှင့် မော်တော်ယာဉ်များသည် သတ်မှတ်ထားသည့် လမ်းများမှ မောင်းနှင်ကြပါရန် သတိပေးနှိုးဆော်အပ်ပါကြောင်းသိရှိရသည်။
Unknown at 7:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ထပ် တွေ့မယ်

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့သမ္မတဦးသိန်းစိန်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ တွေ့ဆုံမှုတုန်းက တူတာတွေကို လက်တွဲ လုပ်ဆောင်ဖို့ သဘောတူ ခဲ့ကြ
ဗုဒ္ဓဟူး နေ့ မနက် ၁၁ နာရီမှာ သမ္မတနဲ့ ဒေါ်အောင်ဆန်း စုကြည် နှစ်ဉီးတည်းသာ တွေ့ဆုံ ပြီးတဲ့ နောက် သမ္မတ မိသားစု၊ အစိုး ရ အဖွဲ့ဝင် ဝန်ကြီး တွေနဲ့ အတူ နေ့လည်စာ စားဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ လိုက်ပါ သွားမယ့် သူ့ ရဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ နှစ်ဘက် အကြား ပြီးခဲ့တဲ့ တွေ့ဆုံ မှုတုန်းက နှစ်ဘက် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြဖို့ နှစ်ဘက် နားလည် ထားခဲ့ကြတာ ဖြစ်ပြီး အဲဒီ တွေ့ဆုံမှု ၇ လ ကျော် ကြာလာတဲ့ အချိန်မှာ နောက်ထပ် ဆွေးနွေး စရာ တွေ ရှိနေ တယ်လို့ ဦးခွန်သာမြင့် က ဘီဘီစီကို ပြောပါတယ်။

အခုလို ဆွေးနွေးခွင့် ရဖို့ ဒေါ်အောင်ဆန်း စုကြည် ဘက်က ကမ်းလှမ်း ခဲ့တာဖြစ်ပြီး သမ္မတ ဘက်က လက်ခံလိုက်တဲ့ အတွက် ဆွေးနွေးပွဲ ဖြစ်မှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

တိုင်းပြည် အတွက် ရှေ့ဆက် ပူးပေါင်း လုပ်ဆောင် စရာတွေ ကို ဘယ်လို လုပ်ဆောင် ကြမယ် ဆိုတာ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံ ကြမှာ ဖြစ်တယ် ဆိုတာက လွဲပြီး ဘာတွေ ဆွေးနွေး ကြမယ် ဆိုတာ ကိုတော့ ဦးခွန်သာမြင့်က ထုတ်ဖော် ပြောဆို ခြင်း မရှိ ပါဘူး။

ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ သူ့ရဲ့ လုံခြုံရေး အရာရှိ ဖြစ်သူ ဦးခွန်သာမြင့်နဲ့ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါ သွားကြမယ်လို့ လည်း သိရပါတယ်။

ဘီဘီစီ
Unknown at 7:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.