Wednesday, April 11, 2012

ဦးခင်ညွန့်သတင်း မှားယွင်းကြောင်း စာနယ်ဇင်းရှင်းလင်း


ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်ရှင်းလင်းပြောကြားနေစဉ်
(ဓါတ်ပုံ-Popular Myanmar News Journal)
"Bangkok Post သတင်းစာတွင် ဖေါ်ပြသော ဦးခင်ညွန့်သတင်း မှားယွင်းကြောင်း စာနယ်ဇင်းရှင်းလင်း"

ယခုလ ကိုးရက်နေ့ထုတ် Bangkok Post သတင်းစာတွင်ဖေါ်ပြာထားပြီး၊ အင်တာနက်တွင်ပြန့်နှံ့နေသော ဦးခင်ညွန့်နှင့်ပတ်သက်သည့်သတင်းမှာ မှားယွင်းနေပြီး၊ ယခုလ ရှစ်ရက်နေ့ထုတ် Bangkok Post သတင်းစာနှင့် အင်တာနက်တွင် ဖေါ်ပြထားသည့် တွေ့ဆုံမေးမြန်းခြင်း သတင်းဆောင်းပါးပါ အချက်အလက် အချို့မှာလည်း မှားယွင်းနေကြောင်း ဦးခင်ညွှန့်နှင့် ရင်းနှီးကာ သူ၏ သတင်းကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည့် ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်က ယနေ့ပြောကြားသည်။

ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံး(ယခင် ပြည်ထဲရေးဝန်ကြီးရုံး) အပေါ်ဆုံးထပ်တွင်ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် ယခုကဲ့သို့ သူကပြောကြားခြင်းဖြစ်သည်။

"အဲဒီ သတင်းတွေကို အင်တာနက်မှာ တွေ့ရတော့ ကျွန်တော်က နယ်ကိုခရီးထွက်နေပါတယ်။ ဒါနဲ့ အဘ ဦးခင်ညွန့်ကို မေးမြန်းကြည့်တော့ ငါ ဘယ်နိုင်ငံခြားသတင်းထောက်နဲ့မှ မတွေ့ဘူးလို့ မင်းကို ပြောထားပြီးသားပဲ လို့သူကပြန်ပြောပါတယ်။ နိုင်ငံခြား သတင်းထောက်ဆိုတာ အထူးသဖြင့် နိုင်ငံခြားသားသတင်းထောက်တွေကိုပြောတာပါ။ ဒါပေမယ့် ကနေဒါကိုရောက်နေတဲ့ မြန်မာတစ်ယောက်ဖြစ်တဲ့ ဦးမြင့်ရွှေနဲ့တော့ သူမြန်မာနိုင်ငံကိုရောက်လာတုန်းမှာ စာနယ်ဇင်းသမားတစ်ယောက်က မိတ်ဆက်ပေးတာကြောင့် တွေ့ဆုံမေးမြန်းမှုလုပ်ခဲ့ဖူးပါတယ်။ ဒါတွေကို လောလောဆယ်အားဖြင့် မရေးဖို့လဲ သူနဲ့ သဘောတူညီထားပါတယ်။ ခုတော့ Bangkok Post သတင်းစာမှာ သူကရေးထားတွေ တွေ့ရပါတယ်။ အဲဒီရေးသားချက်တွေထဲမှာ အဘမပြောခဲ့တာတွေ ပါနေတာကို တွေ့ရပါတယ်။ အဲဒီ ဦးမြင့်ရွှေကို အီးမေလ်းကနေ ဆက်သွယ်မေးမြန်းတော့လဲ အကြောင်းမပြန်ပါဘူး"ဟုဦးဝင်းမောင်မောင်ကပြောသည်။

ယင်း သတင်းစာတွင် သတင်းတစ်ပုဒ် အဖြစ် ဖေါ်ပြထားသည့် "Myanmar EX-PM claims he saved suu kyi's life" ဆိုသည့်သတင်းမှာလည်း ဦးခင်ညွန့် လုံးဝမဖြေကြားခဲ့သည်များကိုသာ ရေးသားထားခြင်းဖြစ်ကြောင်း ဦးဝင်းမောင်မောင်ကပြောပါသည်။

"ဒီတော့ကာ ခုလို မပြောပဲနဲ့ ပြောတယ်ဆိုတဲ့သတင်းမျိုးတွေ နောက်ထပ်ပေါ်ရင် ပေါ်လာနိုင်တတ်တာကြောင့် စာနယ်ဇင်းဆရာများကို ခုလိုရှင်းလင်းပြောကြားရခြင်းဖြစ်ပါတယ်"ဟု ဦးဝင်းမောင်မောင်က ပြောပါသည်။

အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသတင်းတပ်ဖွဲ့ ဒု-တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက မိတ်ဆက်အမှာစကားပြောကြားပြီးနောက် ဦးဝင်းမောင်မောင်က စာနယ်ဇင်းသမားများအား ရှင်းလင်းတင်ပြခြင်းဖြစ်သည်။ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားငါးဆယ်ခန့်တက်ရောက်ကြသည်။


Popular Myanmar News Journal

ရဲမှူးကြီး ၀င်းနိုင်ထွန်းက မိတ်ဆက်အမှာစကားပြောကြားနေစဉ်(ဓါတ်ပုံ-Popular Myanmar News Journal)
တက်ရောက်လာကြသော ပြည်တွင်းပြည်ပ စာနယ်ဇင်းဆရာများ
Unknown at 5:03 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.