Wednesday, April 11, 2012

နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ကိစ္စမှာ -

  စာမျက်နှာ ၁၁၊ အပိုဒ် ၄၃ မှာ မည်သည့်ပြစ်မှု ဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ - ဆိုတာ နားလည်တဲ့သူတွေရှိရင် ရှင်းပြကြပါလား။
ဒါကို ကျနော် နားလည်သလို ပြန်ရှင်းပြပါမယ်။ ဦးဆုံးအနေနဲ့ကတော့ ကျနော်ဟာ ဘယ်လို ဥပဒေ ပညာရှင် တဦးမျှ မဟုတ်တဲ့အကြောင်း ကြိုတင် ဝန်ခံထားပါရစေ။
မည်သည့်ပြစ်မှု ဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ (အခြေခံဥပဒေ ပုဒ်မ ၄၃) -
ဆိုတာကို ရုတ်တရက် အဓိပ္ပာယ်ကောက်လိုက်ရင် --- ပြစ်မှုတခုခုကို ကျူးလွန်တာ ထင်ရှားလို့ တရားရုံးက စီရင်ချက် ချမှတ်ပြီး ပြစ်ဒဏ်ခတ်ခဲ့တယ် (သို့) မထင်ရှားလို့ တရားသေလွှတ်လိုက်တယ်...
အဲဒီလိုအမှုကို ပြန်ပြင်စေနိုင်တဲ့ အခြားဥပဒေတွေ ထပ်မထုတ်ရတော့ဘူးလို့ အဓိပ္ပာယ် သက်ရောက်နေသယောင်ယောင် ဖြစ်နေပါတယ်။
အဲဒါက မရိုးသားတဲ့သဘော ရှိနေတယ် ထင်ပါတယ်။ အမှန်တကယ် ရှင်းလင်းအောင် မြန်မာဘာသာနဲ့ ရေးသင့်တာက
“နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် အလို့ငှာ မည်သည့်ပြစ်မှု ဆိုင်ရာဥပဒေမျှ ပြဌာန်းခွင့် မရှိစေရ”
ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတာက ရှင်းပါတယ်။ ဖတ်ကြည့်ကြပါ။
No Panel Law shall be enacted to provide retrospective effect.
ဒါမှသာ အတိတ်ကာလက ပြစ်မှုတခုခုကို ကျူးလွန်ဖောက်ဖျက်သူကို နောက်ကြောင်းပြန် အပြစ်ပေး အရေးယူနိုင်တဲ့ အခြားဥပဒေ (သစ်)တွေ မပြဌာန်းရဘူး ဆိုတဲ့ အဓိပ္ပာယ်ကို ထွက်စေမှာ ဖြစ်ပါတယ်။  
အဲဒါကို ဘယ်လိုပဲ အမှန်ဖြစ်အောင်၊ အဓိပ္ပာယ် ရှင်းလင်းအောင် ရေးသည်ဖြစ်စေ တကယ်တော့ အခြေခံဥပဒေ ပုဒ်မ ၄၃ ဟာ အတိတ်ကာလက ပြစ်မှုကျူးလွန်ခဲ့ဖူးသူတွေကို လက်ရှိအချိန်မှာ အရေးမယူနိုင်အောင် ကာကွယ်ပေးထားတဲ့ ဥပဒေပါပဲ။
မြန်မာဥပဒေ ပညာရှင်များ၊ ဗဟုသုတ ကြွယ်သူများက တတ်နိုင်သလောက် ပါဝင်ဆွေးနွေးပြီး လူထုကို ရှင်းလင်းတဲ့ ဗဟုသုတ ပေးစေချင်ပါတယ်။ တဆက်တည်းမှာပဲ အခြားဒီမိုကရေစီနိုင်ငံတွေမှာရော အခုလို နောက်ကြောင်းပြန် အရေးယူတာတွေ ရှိ-မရှိ ဗဟုသုတတွေ မျှပေးစေချင်ပါတယ်။
လွင်အောင်စိုး
ဧပြီ ၁၁ ရက် ၂ဝ၁၂ ခုနှစ်
Unknown at 8:08 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.