Wednesday, April 11, 2012

ရန်ကုန်ရှိ သင်္ကြန် မဏ္ဍပ်များတွင် သင်္ကြန်တွင်း မိုင်းအန္တရာယ် ကင်းရှင်းစေရန် တစ်နေ့ ၂ ကြိမ် စစ်ဆေး သွားမည်




 
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ လုံခြုံရေး ကော်မတီမှ တာဝန်ရှိသူရဲ့ ပြောပြချက်အရ  သင်္ကြန် ကာလ အတွင်း ရန်ကုန်ရှိ သင်္ကြန် မဏ္ဍပ်တွေမှာ
မိုင်းအန္တရာယ် ကင်းရှင်း စေရေး အတွက် စစ်ဆေးမှု တွေကို တစ်နေ့  ၂ ကြိမ် စစ်ဆေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့လို စစ်ဆေး ရာမှာတော့ ရေပက် မကစားခင် နံနက် ၅ နာရီ တစ်ကြိမ်နဲ့ ညနေ ၆ နာရီ နောက်ပိုင်း တစ်ကြိမ် စစ်ဆေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်္ကြန် မဏ္ဍပ်တွေမှာ လုံခြုံရေး အတွက် CCTV ကင်မရာနှင့် လုံခြုံရေး ၀န်ထမ်းများ ထားရှိဖို့ တာဝန်ရှိ သူများမှ ညွှန်ကြား ထားတယ်လို့ သိရပါတယ်။

ဒီလို မဏ္ဍပ်တွေမှာ CCTV ကင်မရာ တပ်ဆင် ရာမှာတော့ မဏ္ဍပ်ကြီး များမှာ Still CCTV ကင်မရာ ၃ လုံးနဲ့ ဒုန်း CCTV ကင်မရာ ၁ လုံး တပ်ဆင်ရမှာ ဖြစ်သလို မဏ္ဍပ်လတ် မှာတော့ Still CCTV ကင်မရာ ၂ လုံး၊ ဒုန်းကင်မရာ ၁ လုံး တပ်ဆင် သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လုံခြုံရေး ၀န်ထမ်းများ ကိုလည်း မဏ္ဍပ်ကြီးမှာ အနည်းဆုံး ၁၅ ယောက်နဲ့ မဏ္ဍပ်လတ် မှာတော့ အနည်းဆုံး ၁၀ ယောက် ထားရှိရမှာ ဖြစ်ပါတယ်။

ဒါတင် သာမက CCTV ကို Monitor နဲ့ မှတ်တမ်းတင် ထားပြီး ထိုမှတ်တမ်း တင်ထားတဲ့ Record များကို နေ့စဉ် အစိုးရ အဖွဲ့သို့ တင်ပို့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဏ္ဍပ်နဲ့ မနီးမဝေး မှာလည်း ရဲတပ်ဖွဲ့များ ထားရှိမှာ ဖြစ်သလို ကွပ်ကဲရေး ရုံးတွေ ကိုလည်း ထားရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။
 

 Myanmar Express
Unknown at 5:04 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.