Wednesday, April 11, 2012

ရွှေညဝါဆရာတော်ကြီး တရားဓမ္မများ ဟောကြားရန် ထိုင်းနိုင်ငံသို့ ရောက်ရှိ..

ဒီမိုဝေယံ  No comments

ရွှေညဝါ ဆရာတော်ကြီး ထိုင်းနိုင်ငံသို့ တရားဓမ္မများ ဟောကြားရန် ရောက်ရှိ..
၂၀၁၁ စက်တင်ဘာလက မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြီးခဲ့တဲ့  သြဝါဒတရား ချီးမြှင့်ခဲ့သည် ဆိုသော အကြောင်းပြချက်ဖြင့် ယခုနှစ် ဖေဖော်ဝါရီလက ကြည့်မြင်တိုင်... သာဓုပရိယတ္တိ စာသင်တိုက်မှ ထွက်ခွာသွားရန် မတရားဖယ်ရှားခြင်း ခံခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးဟာ ဧပြီလ ၁၀ရက်နေ့က ထိုင်းနိုင်ငံသို့ တရားဓမ္မများ ဟောကြားရန် ရောက်ရှိနေပြီဖြစ်ပါတယ်..။
မနက်ဖြန်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား တရားဓမ္မများ ဟောကြားချီးမြှင့်မှာ ဖြစ်ပါတယ်..။

သာသနာကို ခုတုံးလုပ်တဲ့ ခေတ်နောက်ပြန်ဆွဲ အာဏာရှင်လူတစုရဲ့ မတရား စွပ်စွဲချက်နဲ့ မတရားအမိန့်ချမှတ် ခဲ့မှုအပေါ်မှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဆရာတော်ဟာ ကျောင်းတိုက်မှ ထွက်ခွာပေးခဲ့ပြီး မှော်ဘီမြို့မှာ ပြောင်းရွှေ့သီတင်းသုံး နေထိုင်ခဲ့ပါတယ်..။ သာသနာ့အရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိမိရဲ့ တိုင်းသူပြည်သားတွေအတွက် မိမိကိုယ်ကိုယ် အမြဲပေးဆပ်နေတဲ့ ဆရာတော်ဟာ ပတ္တမြားမှန် နွံ့မနစ်ဆိုတဲ့ စကားအတိုင်း ဆရာတော်ကို လေးစားကြည်ညိုသူတွေ ယခင်ကထက်ကို ပိုမိုများပြားနေပါတယ်..။

လက်ရှိ မှော်ဘီမှိ(၅) ဧကရှိတဲ့ ဆရာတော်အား လှူဒါန်းထားတဲ့ မြေကွက်မှာတော့ ဗုဒ္ဓတက္ကသိုလ် ပြန်လည် ဆောက်လုပ်ပြီး ပြည်နယ်နဲ့တိုင်း အသီးသီးမှ စာသင်သား သံဃာတော်များအား ပြန်လည်လက်ခံဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်..။ သာသနာ အကျိုး၊ အများအကျိုး ကြိုးပမ်းဆောင်ရွက်နေတဲ့ ဆရာတော်ကြီးရဲ့ သာသနာ့အကျိုးအတွက် တတ်နိုင်သလောက် ဝိုင်းဝန်းပါဝင် လှူဒါန်းကြဖို့ ဒီမိုဝေယံမှ တိုက်တွန်း နှိုးဆော်ပါရစေ ခင်ဗျာ...

ရွှေညဝါဆရာတော်ကြီးအား ဆက်သွယ်ရန်ဖုန်း

မြန်မာပြည် ဆက်သွယ်ရန်ဖုန်း... ၀၉၈၆၂၁၃၃၂
ထိုင်းနိုင်ငံ ဆက်သွယ်ရန်ဖုန်း ၆၆ + ၉၀၀၁၃၇၁၇၉
Unknown at 7:26 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.