Monday, April 9, 2012

အင်တာနက်သုံးခြင်းဖြင့် ဘာတွေအကျိုးကျေးဇူးရရှိစေမည်နည်း ...

ကွန်ယက်အဖွဲ့အစည်းတစ်ခုနှင့် ဆက်သွယ်ခြင်းဖြင့် အရာအားလုံးပြီးပြည့်စုံသွားပြီလို့ ဆိုနိုင်ပါတယ်။ သင်အလုပ်အကိုင်ရှာနေပါသလား၊ လုပ်ငန်းအသစ်တစ်ခု တည်ထောင်ချင်ပါသလား၊ ဆက်သွယ်ရေး နယ်ပယ်ချဲ့ထွင်ချင်ပါသလား၊ အလုပ်ရုံတွင် လူတော်တစ်ယောက်ဖြစ်လိုပါသလား။ ထိုအရာအားလုံးကို ကွန်ယက်အဖွဲ့အစည်းတစ်ခုထဲ၌ပင် ရရှိနိုင်ပါသည်။ သင့်ကိုအပြန်အလှန်ဆွေးနွေးပေးမည့်သူ (သို့) သင်ပြောသမျှကို လက်ခံနားထောင်ပေးမည့်သူများအား ရွေးချယ်နိုင်သည်။ ထိုအဖွဲ့အစည်း၌ ပုံမှန်တက်ရောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံအစစ်အမှန်ကို ရရှိမည်ဖြစ်သည်။
သင့်ဆန္ဒနှင့် ကိုက်ညီမည့်အဖွဲ့အစည်းတစ်ခုကို ရွေးချယ်လိုက်လျှင်လိုက်ခြင်း ထိုအဖွဲ့အစည်းတွင် ကိုယ့်သဘောနှင့် ကိုယ်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သင်၏အသိဥာဏ်ကို တိုးတက်စေပါတယ်။
အလုပ်အကိုင်အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော The Jennings Company ၏အကြီးအကဲ Kathleen Jenning က ‘ကွန်ယက်ဆက်သွယ်ရေးသည် သင်သိသောအရာမဟုတ်၊ သင့်ကိုသာ သိသောအရာဖြစ်သည်’ ဟုဆိုသည်။ အလုပ်အကိုင်ကွန်ယက်များဖြင့် ဆက်သွယ်နိုင်ခြင်း၊ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူများ၏ မိန့်ခွန်းပြောကြား ချက်များအား နားဆင်နိုင်ခြင်း၊ အလုပ်အကိုင်များတွေ့ရှိနိုင်ခြင်း (သို့) သင်လိုချင်သော ကုမ္ပဏီမှ သင့်အား အလုပ်ခန့်အပ်လိုက်ခြင်း စသော အကျိုးကျေးဇူးများစွာရရှိပါသည်။ ထိုကွန်ယက်အဖွဲ့အစည်းများကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပြည်တွင်းသတင်းစာ၏ စီးပွားရေးကဏ္ဍတွင်ဖတ်ရူခြင်း (သို့) စီးပွားရေးဂျာနယ်များတွင် ဖတ်ရူခြင်းဖြင့်လည်း ရှာဖွေနိုင်သည်။ ကွန်ယက်ဆက်သွယ်ရေးအဖွဲ့ နှင့်ပတ်သက်သော web site များကိုလည်း ရှာဖွေနိုင်ပါတယ်။ ဒီအချက်အလက်များ ကိုသာ သင်ရရှိထားမည်ဆိုလျှင် ဧည့်သည်အဖြစ်သွားမည့် အစည်းအဝေးခန်းထဲတွင် ကိုယ့်ကိုယ်ကိုမိတ်ဆက်စွမ်းရှိသွားပြီး မိတ်ဆွေအဖွဲ့သားများအတွက်လည်း အမြဲလိုလိုမေးခွန်းများပြင်ဆင်ပြီး ဖြစ်ပါလိ့မ်မယ်။
ကွန်ယက်အဖွဲ့အစည်းများ၏ စည်းဝေးပွဲကိုတက်ရောက်ရာတွင် Internet သည်အကောင်းဆုံး လက်နက်ပင်ဖြစ်သည်။
- သင်ရှာလိုသောနာမည်ကို Search engine တွင်အလွယ်ရှာဖွေနိုင်သည်။
- သင့် ထံတွင်ရှိသော စိတ်ဝင်စားဖွယ်ဆောင်းပါးများအား forward လုပ်၍ပေးနိုင်သည်။
- ဆက်သွယ်ရေး သတင်းအချက်အလက်များကိုလည်း email ပို့၍ပေးနိုင်သည်။
- အဖွဲ့၏ message board ပေါ်တွင်ရှိသော request များအား ပြန်လည်ဖြေကြားပေးနိုင်သည်။
မဆင့်လျော်သော (သို့) မလိုလားအပ်သော email ပို့ခြင်းများကို ရှောင်ကြဉ်ခြင်းဖြင့် Internet ကွန်ယက် သည် အကောင်းဆုံးလမ်းတစ်ခုဖြစ်လာလိမ့်မည်။
အရင်ဆုံးနားထောင်ပါ
ကွန်ယက်ဆက်သွယ်ရေးစနစ်တွင် အခြားသူများပြောတာကို အရင်ဆုံးအာရုံစူးစိုက်ခြင်းသည် အကောင်းဆုံးအနားယူမှု တစ်ခုဖြစ်သည်။ ဤနည်းလမ်းသုံးခြင်းအားဖြင့် ဆက်သွယ်ရေးအမြင်များ၊ ဆက်သွယ်ရာတွင် ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။ ကွန်ယက်ဆက်သွယ် ရေးအဖွဲ့အစည်းများသည် Business Card များစုစည်းခြင်းမဟုတ်ပါ။ မှန်ကန်သော နည်းလမ်းတွေကိုသာ စုစည်းနေခြင်းဖြစ်သည်။
 သတင်းအချက်အလက်များပေါ်တွင် အမှီလိုက်နိုင်ကြပါစေ။ သင့်ရဲ့ လုပ်ငန်းသည်လည်း အသိအမှတ်ပြုခြင်း ကို ခံရမည်ဖြစ်သည်။ သင်၏ကြိုးစားမှုများသည် ရောင်ပြန်ဟပ်လာပြီး စီးပွားရေး လုပ်ငန်း လည်းတိုးတက်လာပါစေ၊ သင်နှင့်သင့်လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းကြားတွင် ကွန်ယက် ဆက်သွယ်ခြင်း သည် မှတ်တိုင်သဖွယ်တည်ရှိနေလိမ့်မည်။
ဤဆက်သွယ်ရေး၏အကျိုးကျေးဇူးများကို သိပြီး ကွန်ယက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ထား လျှင် ရုတ်တရက် သင်၏မြင်ကွင်းပိုကျယ်လာပါလိမ့်မယ်။မှန်ကန်သောနည်းလမ်းများဖြင့် ဆက်သွယ်ခြင်းဖြင့် ဗဟုသုတများရရှိပြီး အဆက်အသွယ်ပေါများခြင်းတို့ကို ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဆက်သွယ်ရေးသည် သင်၏အသက်မွေးဝမ်းကြောင်း၌ အဆင့်မြှင့်တင်ပေးမည့် အရာတစ်ခုပင် ဖြစ်တော့သည်။
မူရင်းလင့်ခ် - http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:305333?xg_source=msg_mes_network
Posted by manawphyulay on March 31, 2012 at 2:35pm
Unknown at 10:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ပထမဆုံးအကြိမ် ရဟန်းခံရှင်ပြု"

 
ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ေ ကျာင်းတိုက် တွင် ကျင်းပခဲ့သည်။အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်ကာ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ဆရာတော်မှ ကိုယ်တော်တိုင်သာ သနာ့ဘောင်သို့ သွတ် သွင်းပေးခဲ့ သည်။''ဒါပထမဆုံးရဟန်းခံတာပါ။ ရဟန်း ဘဝနဲ့တစ် ပတ်လောက်နေမယ် လို့ပြောတယ်'' ဟု ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက် တာဒေါ်ခင်ဝင်းရွှေက ဆိုသည်။ယင်းရှင်ပြုရဟန်းခံပွဲသို့် တပ် မတော်မှ အရာရှိများ၊ အငြိမ်းစား အရာရှိကြီးများနှင့် ၄င်းနှင့်ဆက်စပ် သောအရာရှိ အသိုင်းအဝိုင်းမှ ဧည့်ပရိသတ်ပေါင်း ၂ဝဝ ခန့်တရားနာလာ ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ ဧည့် သည်တော်များပါလာရောက်၍ သိမ်ဆင်းဆွမ်းလောင်း လှူခဲ့ကြသည်။
Popular Myanmar News Journal
 
Unknown at 10:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန်-မြန်မာ ဆက်ဆံရေးသစ် ပြန်စမည်

၁၉၉၀ ခုနှစ်မှစ၍ ရုပ်သိမ်းထားခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဆင့်ကို သမ္မတ အိုဘားမား အစိုးရက မကြာမီ ပြန်လည် ခန့်ထားထားခြင်းဖြင့်အမေရိကန်-မြန်မာ သံတမန်ဆက်ဆံရေး အသစ်တဖန် ပြန်လည် စတင်တော့မည်ဖြစ်ပြီး ယင်းတာဝန်ကို မြန်မာပြည်ဆိုင်ရာ အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရက် မစ်ချယ်အား ပေးအပ်မည်ဟု သိရှိရသည်။
ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် ယခုနှစ် မတ်လ ၁၅ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသည့် မစ္စတာ ဒဲရက် မစ်ချယ် (ဓာတ်ပုံ - ဧရာဝတီ)
သတင်းများအဆိုအရ ပြန်လည်တိုးတက်လာသော နှစ်နိုင်ငံဆက်ဆံရေးနှင့်အတူ အမေရိကန်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ပြန်လည်ခန့်ထားမည့် သံအမတ်ကြီးက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုသတင်းကို လန်ဒန်အခြေစိုက် Financial Times သတင်းစာကြီးက ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လတ်တလော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး ခေတ်မီတိုးတက်မှုတို့ကို အရှိန်ရလာစေရေးအတွက် အမေရိကန်က တားမြစ်ပိတ်ပင်ထားသည်တို့ကို ဖြေလျှော့ရုပ်သိမ်းတော့မည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖော်ပြောဆိုမှုအပြီး ယင်းသတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံစကား စပြောခြင်းတို့ကြောင့် အမေရိကန်အစိုးရက ယင်းကဲ့သို့ အပြုသဘောဆောင် ဆက်ဆံရေးများ ပြန်လည်ဖြစ်ထွန်းစေမည် ဖြစ်သော်လည်း မြန်မာအစိုးရအတွင်း သဘောထားတင်းမာသူ ခေါင်းမာဂိုဏ်းသားများအရေးကို မေ့မထားရန် လိုသည်ဟုလည်း သတိပေးနေကြသည်။
ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ရပ်တန့်ရန် သမ္မတမှ အမိန့်ပေးခဲ့သော်လည်း စစ်တပ်မှ ဆက်လက် တိုက်ခိုက်နေခြင်းကို ထောက်ပြ၍ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် မြန်မာ့တပ်မတော် ပါဝင်လာခြင်း မရှိသေးဟု အမည်မဖော်လိုသူ အမေရိကန် အကြီးတန်း အစိုးရအရာရှိတဦးက AFP သတင်းဌာနသို့ ပြောဆိုခဲ့သည်။
“စစ်တပ်နဲ့ ဆက်ဆံရေးလုပ်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြချက်ရှိနေတယ်လို့ ကျနော် ထင်တယ်။ သူတို့ကို (ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ထဲ) ခေါ်ထည့်ရမယ်။ သူတို့အတွက်နေရာ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ထဲမှာ ရှိနေတယ်ဆိုတာ သေသေချာချာ သူတို့မြင်လာအောင် လုပ်ရမယ်” ဟု အဆိုပါ အမေရိကန်အရာရှိက ဆိုသည်။
ကချင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး အမေရိကန်အစိုးရက တောင်းခံထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဖြစ်လာမည့် ဒဲရက် မစ်ချယ်အနေဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့သေးသည်။
ယင်း တွေ့ဆုံဆွေးနွေးမှုမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း အမေရိကန်အစိုးရ ကိုယ်စားလှယ်နှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု မြန်မာအစိုးရပိုင် မီဒီယာများမှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။
မစ္စတာ ဒဲရက် မစ်ချယ်သည် ၇ လအတွင်း ၆ ကြိမ်မြောက် ခရီးစဉ်အဖြစ် ယခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သေးသည်။
 
Unknown at 9:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

KNU နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး သဘော တူညီချက်များ



Written by ရွှေဟင်္သာသတင်းဌာန

2_KNU__DKNU နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့များသည် ရန်ကုန်၏မြို့ တွင် (၂) ရက်တာ ဆွေးနွေးကြပြီး၊ အောက်ပါ အတိုင်း သဘောတူညီမှု ရရှိခဲ့ပါသည်။
ဆုံးဖြတ်ချက် (၁)။  ။ တတိုင်းပြည်လုံး အတိုင်းတာ အပစ်ခတ် ရပ်စဲရေး ဖြစ်ပေါ် လာရန်အတွက် အဆင့်ဆင့် တိုးတက် အကောင်ထည်ဖော် လုပ်ဆောင်သွားခြင်း Progressive Realization မူ သဘောထားကို သဘောတူ လက်ခံသည်။ တိုင်းရင်းသား နယ်မြေ ဒေသများတွင် စစ်မဲ့ ဖြစ်ပွား နေမှုကိုလဲ အမြန်ဆုံး ရပ်စဲရန် ကြိုးစားသွားမည်ဟု သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၂) ။  ။ ပြည်သူလူထုဘ၀ လုံခြုံမှုကို အာမခံ ပေးနိုင်ရန်အတွက် နှစ်ဦးနှစ်ဖက် လိုက်နာရမည့် အပစ်ခတ်ရပ်စဲ ရေးဆိုင်ရာ ကျင့်ဝတ် စည်းကမ်း များကို (Code of Conduct) ကို ပေါင်းစပ် ညှိနှိုင်းချမှတ်ပြီး အကောင်ထည် ဖော်လုပ် ဆောင် သွားမည်ဟု သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၃) ။  ။ ပြည်တွင်း ဌာနေမဲ့ ပြည်သူလူထုများ IDP နေရပ်ဒေသသို့ ပြည်လည် အခြေချနေထိုင်ရန်  အတွက် လိုအပ်သည့် အစီစဉ်များကို ချမှတ် လုပ်ဆောင်သွားမည်။ ထိုသို့ လုပ်ဆောင်ရာတွင် လိုအပ်သည့် ဘ၀လုံခြုံမှု၊ စာနပ်ရိက္ခာ လုံခြုံမှု၊ အသက်မွေး ၀မ်းကျောင်း လုံခြုံမှု အစီစဉ် Program များကို ချမှတ်ဆောင်ရွက် မည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက် သည့် နေရာတွင် အားလုံး ပါဝင်နိုင်သည့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အဆင့်ဆင့် လုပ်ဆောင် သွားမည်ဟု သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၄) ။  ။ ဒီလို လတ်တလော ဖြေရှင်းရန် ကိစ္စများကို အကောင်ထည်ဖော် လုပ်ဆောင်သွားရမည် ဖြစ်ပြီး ရေရှည် အတွက် ပြည်တွင်း ဌာနေမဲ့များနှင့် ဒုက္ခသည်များကို စနစ်တကျ ပြန်လည်နေရာချထားရေး IDP နိုင်ငံသားဖြစ်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက် လုပ်သွား ရန်လိုသည်ဟု သဘောတူဆုံး ဖြတ် သည်။
ဆုံးဖြတ်ချက် (၅) ။  ။ ပြည်သူပြည်သားများအတွင်း ယုံကြည်မှုရသည့် အခြေနေ တည်ဆောက်ရန် ငြိမ်းချမ်းရေး ကိစ္စ ဆိုင်ရာ လုပ်ငန်းများကို မြန်မာအစိုးရနှင့် ကေအန်ယူ ကရင် အမျိုးသား အစည်းရုံး ဗဟိုတို့ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်။ ခရိုင်၊ မြို့နယ်၊ ကျေးရွာ၊အုပ်စု အဆင့်များတွင်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များ ဖွဲ့ပြီး ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။
Knu_03KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ဆီဒိုးနာ ဟိုတယ်၌ ဆွေးနွေးစဉ်
မှတ်ချက်  ။           ။  ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ဦးဆောင် ပါဝင်မှုကို ထည့်သွင်းသွားမည်။
ဆုံးဖြတ်ချက် (၆) ။  ။ အလုပ်သမား ဥပဒေအတိုင်း အကောင်ထည်ဖော် လုပ်ဆောင်နေသည့် ပြင်ဆင်ဖြည့်စွက် ရမည့် အချက်များကို ပြင်ဆင်ဖြည့်စွက်ပြီး ရေးပြီးပါက ဆက်လက်အတည်ပြုပြီး ယင်းဥပဒေကို နှစ်ဦးနှစ်ဖက် ပူးပေါင်း အကောင်ထည် ဖော်ဆောင်ရွက်သွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၇) ။  ။ အန်ဂျီအို၏ အခန်းကဏ္ဍ အထူးသဖြင့် Local NGO များ၏  ပူးပေါင်းပါဝင်မှု အားကောင်းအောင် လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၈) ။  ။ တစ်ဦးခြင်း၊ တစ်ဖွဲ့ခြင်းနှင့် သက်ဆိုင်သည့် အကျဉ်းသားများကို လွတ်ပေးရန်အတွက် စာရင်းပြုပြီး နိုင်ငံတော် သမ္မတထံသို့ တင်ပြကာ နိုင်ငံတော် သမ္မတမှ ထည့်သွင်း စဉ်းစားသွားရန် သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၉) ။  ။ သက်ဆိုင်ရာ မြေယာဥပဒေရေးဆွဲခြင်း မပြီးသေးသည့် ကာလအတွင်း မြေယာပြသနာ များဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြပြီးဖြေရှင်းရန် သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၀)။ ။ တိုင်းရင်းသား အဖွဲ့စည်းများ ကေအန်ယူမှ ချမှတ်သည့် မြေယာဂရမ်များကို အသိမှတ်ပြုပြီး ဓလေ့ ထုံးတမ်းအရ ပိုင်ဆိုင်သည့် မြေယာများနှင့် ဌာနေမဲ့ IDP ရှိ မြေယာ ကိစ္စများကိုလည်း ညှိနှိုင်းဖြေရှင်း သွားမည်ဟု သဘော တူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၁)။ ။ လူထုများအတွက် မြေယာကိစ္စကို မျှမျှတတ ဖြစ်ရန်သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့မှ ညှိနှိုင်းပြီး အကောင်းဆုံး နည်းလမ်းကို ရှာဖွေဖြေရှင်းသွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၂)။ ။ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း စိစစ်အတည်ပြုခြင်းနှင့် တည့်မတ် မှန်ကန် အောင် အစီစဉ် လုပ်ဆောင်မှုများစတင် သဘောတူ လက်ခံသည်။ စောင့်ကြပ် စစ်ဆေးခြင်း (Monitoring) ကို အဆင့် ၃ ဆင့်ထား၇န် ၄င်းတို့မှာ -
၁) နှစ်ဦး နှစ်ဖက် လက်ခံသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး စောင့်ကြပ် စစ်ဆေးခြင်း (Local Monitoring)
၂) အခြေနေ တိုးတက်ကောင်းမွန် လာသည့်အခါ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှု့ရေး (Internal Monitoring) နှင့်
၃) ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်စီးရန် အလားလာ မရှိသောအခါ ပွင့်လင်းသောစောင့်ကြပ် ကြည့်ရှု့ရေး (Open Monitoring) ကို အဆင့်ဆင့်လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၃) ။  ။ နှစ်ဦးနှစ်ဖက် လက်ခံသည့် Local Monitoring အတွက် နှစ်ဦးနှစ်ဖက် သဘောတူ သည့် နာမည် စာရင်းကို (မေလ) နောက်ဆုံးအပတ်တွင်ပေးပြီးနောက် အစည်းဝေး တစ်ခုတွင် ဆွေးနွေး အတည်ပြုရန် သဘောတူ လက်ခံသည်။
အထက်ဖော်ပြပါ အစည်းဝေးဆုံးဖြတ်ချက် ၁၃ ချက်ကို အောက်ဖော်ပြပါ နှစ်ဦးနှစ်ဖက် တာဝန်ရှိသူများက လက်မှတ် ရေး ထိုးကြသည်။
KNU သည်၊ ပထမအဆင့်၌ အပစ်အခတ် ရပ်စဲရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် (၅) ရက်နေ့တွင် သဘောတူလက် မှတ်ထိုးခဲ့ပါသည်။ (၅) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိပြီး၊ (၆) ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး (၇) ရက်နေ့ည နေပိုင်းတွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါသည်။ (၈) ရက်နေ့နေ့လည်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေး နွေးခဲ့ပါသည်။
Unknown at 9:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၂၃ လွှတ်တော်တက်မည်

ရန်ကုန် (မဇ္ဈိမ) ။      ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

လက်ရှိရပ်နားထားပြီး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တတိယအကြိမ်မြောက် လွှတ်တော်အစည်းအဝေး များသို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များ တက်ရောက်ရန် တနင်္လာနေ့ နံနက်ပိုင်းက နေပြည်တော်မှ တရားဝင် အကြောင်းကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ပဲ နေပြည်တော်က အကြောင်းကြားတယ်။ ၂၃ ရက်နေ့ တက်ဖို့။ အချိန် အရမ်းကပ်သွားတော့ ကျနော်တို့လည်း အရမ်းအလုပ်များနေကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
metpaliman1
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြော (ဓါတ်ပုံ မဇ္ဈိမ)

တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး မပြီးပြတ်သေးသည့် ကာလဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ကိုယ်စားလှယ်များအနေဖြင့် စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေးမှသာ လွှတ်တော်တွင်း ပါဝင်ခွင့်ရမည်ဟု အများက ယူဆထားကြပြီး အနိုင်ရ NLD ကိုယ်စားလှယ်များ ကိုယ်တိုင်ပင် ယခုကဲ့သို့ စောစီးစွာ လွှတ်တော်တွင်း ဝင်ခွင့်ရမည်ဟု ယူဆမထားခဲ့ပေ။

“ဒီလွှတ်တော်ခေါ်ထားတာ သိပ်မကြာသေးတော့ ပုံမှန်အတိုင်းဆိုရင် မေလလောက်မှလို့ ထင်ထားတာ။ ဒါပေမယ့် ဟိုနေ့က သတင်းစာထဲမှာ ၂၃ ရက်နေ့ဆိုတော့ ထင်တော့ ထင်လိုက်တယ်။ ချက်ချင်းကြီး စီစဉ်လိုက်တယ် ဆိုတာ
တော့ အကြောင်းတခုခု ရှိလို့နေမှာပေါ့” ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။

လွှတ်တော်အတွက် ပြင်ဆင်ချိန် ၁၄ ရက်သာ ရသော်လည်း လွှတ်တော်နိုင်ငံရေး စတင်လုပ်စ ဖြစ်၍ အခက်အခဲများ ကြုံရမည်ဟု မျှော်မှန်းထားပြီးဖြစ်ကြောင်း သို့သော် မိမိကိုယ်စားပြုသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွက် လိုအပ်ချက် အများစုကို သိထားပြီး ဖြစ်ကြောင်း ဒေါ်ဖြူဖြူသင်းက ပြောဆိုသည်။

“အခုဆိုရင် မြို့နယ်ထဲက အခက်အခဲတွေ၊ အကျပ်အတည်းတွေ ခြုံငုံပြီး သိသင့်သလောက် သိနေပြီ။ ပြည်သူတွေ ကလည်း ပြောရဲဆိုရဲ ရှိလာတော့ ကျမမြို့နယ်အတွက် လိုအပ်ချက်တွေကတော့ သိနေပြီပဲ ပြောရမှာပါ။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ဘာတို့ကတော့ ပါတီအနေနဲ့ ညှိနှိုင်းပြီး လုပ်ရမှာပေါ့” ဟု ဒေါ်ဖြူဖြူသင်း က မဇ္ဈိမကို
ပြောသည်။

လွှတ်တော်တွင်းသို့ ရောက်ရောက်ချင်း ပါတီအနေဖြင့် မည်သည့် အရေးကိစ္စများ ကိုင်တွယ်မည် ဆိုသည့်ကိစ္စနှင့် ပတ်သတ်၍ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်များ အစည်းအဝေးကို ဧပြီ ၁၉၊ ၂၀ တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၈ ရက်နေ့က ပြောဆိုခဲ့ပြီး အများဆန္ဒဖြင့် တိုင်ပင် ဆုံးဖြတ်သွားမည်ဟု သူမက ဆိုသည်။

လက်ရှိကျင်းပနေဆဲ တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ဥပဒေမူကြမ်း တင်သွင်းခြင်း ကဲ့သို့သော လုပ်ငန်းများ အများစု ပြီးစီးနေပြီဖြစ်၍ NLD အနေဖြင့် ဥပဒေကြမ်း တင်သွင်းခြင်းမျိုးကို စတုတ္ထအကြိမ်မြောက် လွှတ်တော် အစည်းအဝေးများတွင်သာ ပြုလုပ်နိုင်မည်ဟု ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက သုံးသပ်သည်။

“ဥပဒေတင်တာမျိုးတော့ ဒီဆက်ရှင်မှာ သိပ်လုပ်ခွင့် ရတော့မယ် မထင်ဘူး။ တော်တော်များများက ဥပဒေကြမ်း
ကော်မတီတို့ ဘာတို့ကို တင်ပြီးသားတွေ များတယ်။ ဥပမာ မြေယာပိုင်ဆိုင်ခွင့် ဥပဒေဆို တင်ပြီးပြီ။ ဒါပေမယ့် မဲခွဲတဲ့အခါတွေဘာတွေမှာ မဲပေးတာမျိုး၊ ဝင်ဆွေးနွေးတာမျိုးတော့ လုပ်ခွင့်ရလိမ့်မယ်ထင်တယ်” ဟု မြန်မာ့ဓန မဂ္ဂဇင်းနှင့် အိုးပင်းနယူးစ်ဂျာနယ် အယ်ဒီတာချုပ် ဦးသီဟစော က ခန့်မှန်းသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ နှင့် NDF မှ ကူးပြောင်းလာခဲ့သည့် အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးနှင့် ပေါင်းပါက NLD သည် လွှတ်တော်
နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၄၂ ယောက်ရှိပြီး ပြည်ထောင်စုလွှတ်တော်၏ ၆.၄ ရာခိုင်နှုန်း ရရှိထားသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အချို့လည်း ၎င်းတို့ပါတီများမှ နုတ်ထွက်ကာ NLD သို့ ၀င်ခွင့်ရရန် လျှောက်ထားမှုများ ရှိနေသည်။
Unknown at 9:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သင်္ကြန်ရေပက်ရာတွင် မီးသတ်ပိုက်များကို စစ်ဆေးအရေးယူသွားမည်




ယခုနှစ် မန္တလေးမဟာသင်္ကြန်တွင် ကျုံးပတ်လည်၌ ရေကစားမည့် မဏ္ဍပ်များနှင့် ရေစုပ်စက် အသေးစားများဖြင့် ရေကစားမည့် နေရာများတွင် မီးသတ်ပိုက်များဖြင့် ရေပက်မှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးတင့်လွင်က ပြောကြားသည်။ “အဓိကကတော့ ရေပက်တဲ့နေရာမှာ အန္တရာယ်မဖြစ်အောင်လို့ပါ။ ကျုံးအနောက်ဘက်မှာ ရေစုပ်စက် အသေးလေးတွေနဲ့ မီးသတ်ပိုက်တွေနဲ့ ပက်တာ များတယ်။ ဒီနှစ်မှာ အဲဒီအသေးစား ရေစုပ်စက်တွေ လျှောက်လွှာတင်တဲ့နေရာမှာလည်း စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ မီးသတ်ပိုက်နဲ့ ရေပက်တာကို ခွင့်မပြုပါဘူး” ဟု ဌာနမှူးက ဆက်လက်ပြောသည်။ ယခုနှစ်တွင် အသေးစား ရေစုပ်စက် သုံးမည့်သူများအတွက် ရေစုပ်စက်တစ်လုံးကျပ် ၅၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော နှစ်သင်္ကြန်၌ ရေစုပ်စက်အသေးစားများလျှောက်ထားမှုမှာ ကျုံးအရှေ့ဘက်တွင် သုံးဦး၊ ကျုံးအနောက်ဘက်တွင် ၁၀၄ ဦး၊ ကျုံးမြောက်ဘက်တွင် ၃၀ ဦးနှင့် မြို့တွင်းတွင် တစ်ဦးရှိခဲ့ပြီး စုစုပေါင်း ၁၃၈ ဦးလျှောက်ထားကာ ရေကစားခဲ့သည်။ ပြီးခဲ့သော မတ်လဆန်း၌ ကျုံးရေနည်းသွားသော်လည်း ၂၈ ရက် တိုင်းတာချက်အရ ကျုံးရေအမှတ်မှာ ၈ ဒသမ ၅ အထိ ပြန်မြင့်တက်လာကြောင်း သိရသည်။ ပြီးခဲ့သောနှစ် သင်္ကြန်အကြိုနေ့တွင် ကျုံးရေအမှတ် ၈ ဒသမ ၄ ရှိခဲ့သည်။ ၂၀၁၁ ခုနှစ် သင်္ကြန်လေးရက်အတွင်း ကျုံးရေ အသုံးပြုမှုမှာ ၅၂ ဒသမ ၅ သန်းထိ ရှိခဲ့ကြောင်း သိရှိရသည်။
 
 Myanmar Express
Unknown at 9:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သင်္ကြန် ရုံးပိတ်ရက်အတွင်း နယ်ပြန်မည့်သူများ ကားလက်မှတ် ကြိုတင် ဝယ်ယူရာ၌ တန်းစီစနစ်ဖြင့် စောင့်ဆိုင်း ဝယ်ယူရသည်အထိ များပြားနေ

From : ခေတ်လူငယ်



သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း နယ်ပြန်မည့်သူများအနေဖြင့် ကားလက်မှတ် ကြိုတင်ဝယ်ယူရာ၌ တန်းစီစနစ်ဖြင့် စောင့်ဆိုင်းဝယ်ယူ နေရသည်အထိ များပြားနေကြောင်း သိရှိရသည်။ အလားတူ သင်္ကြန်ကာလအတွင်း ရက်ရှည်ရုံးပိတ်ရက် အတွင်း နယ်ပြန်မည့်သူများနှင့် ခရီးထွက်မည့်သူ များပြားနေသောကြောင့် ယခင်နှစ်များထက်စော၍ ကားလက်မှတ် ကြိုတင်မှာယူမှု များပြားနေကြောင်း အဝေးပြေးယာဉ်လိုင်းများထံမှ သိရှိရသည်။ အောင်လံမြို့သို့ပြန်ရန် ကားလက်မှတ် ကြိုတင်မှာယူနေသူတစ်ဦးက “သင်္ကြန်ကျရင် အိမ်ကိုပြန်ဖို့အတွက် ကားလက်မှတ်ကို ရက်ကြိုကတည်းက မှာထားတာပါ။ အရင်နှစ်တွေက ကိုယ်တိုင်သွားမ၀ယ်နိုင်ရင်တောင် ဖုန်းနဲ့လှမ်းမှာထားလို့ ရတယ်။ ဒီနှစ်ကျတော့ ကိုယ်တိုင်လာမှ ရမယ်ဆိုလို့ ဧပြီ ၁၁ ရက်နေ့ ပြန်ဖို့အတွက် ၁ ရက်နေ့က အောင်မင်္ဂလာမှာ လက်မှတ်သွားဝယ်တာ လူတွေများလွန်းလို့ တန်းစီပြီး စောင့်ဝယ်ခဲ့ရတယ်” ဟုလည်း ပြောပြခဲ့သည်။ ရန်ကုန်-ပြည် အဝေးပြေးယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့ ယာဉ်လိုင်းတွေက လက်မှတ်ကို ရက်ကြိုကတည်းက ရောင်းကြပါတယ်။ ဒီနှစ်က ပြန်တဲ့သူများနေတယ်။ လက်ရှိ ရောင်းနေတာကတော့ သင်္ကြန်အကြိုမတိုင်ခင် တစ်ရက်အလိုအထိပဲ ရောင်းပါသေးတယ်။ ကျန်တာကိုတော့ နောက်ရက်မှ ကြိုတင်လက်မှတ် ထပ်ရောင်းသွားမှာပါ” ဟုလည်း ပြောကြားခဲ့သည်။ အချို့ယာဉ်လိုင်းများတွင် ကားလက်မှတ် ကြိုတင်မှာယူမှုများအတွက် မတ်လ ၂၀ ရက်မှစတင်၍ လည်းကောင်း၊ အချို့ယာဉ်လိုင်းများတွင် မတ်လ ၂၅ ရက်နေ့က လည်းကောင်း စတင်ရောင်းချခဲ့ကြောင်းလည်း သိရှိရသည်။ သင်္ကြန်ကာလ ရုံးပိတ်ရက်သည် သင်္ကြန်အကြိုနေ့ မတိုင်ခင် တစ်ရက်နေ့မှ စတင်သောကြောင့် ယခုနှစ်အတွက် သင်္ကြန်ကာလ ရုံးပိတ်ရက်မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖြစ်ကြောင်း၊ သို့သော်လည်း ၂၁ ရက်၊ ၂၂ ရက်နေ့များသည် စနေ၊ တနင်္ဂနွေနေ့များ ဖြစ်နေသောကြောင့် ယခုနှစ် သင်္ကြန်ကာလ ရုံးပိတ်ရက်သည် ဧပြီလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ စုစုပေါင်း ၁၂ ရက်ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express
Unknown at 9:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုသိမ်မြို့ လောင်စာဆီဇုန် မှ ဂိုထောင် မီးလောင်

ပုသိမ်မြို့ငါးကျီတူကျေးရွာ ဆီဇုန်အတွင်းလမ်းရှိ ဦးဋ္ဌေးလွင်ပိုင်ဆီဂိုထောင်တွင် ယနေ့ညနေ ငါးနာရီ ၀န်းကျင်က ရန်ကုန်မှလာသော ၆(ခ) ၁၅၂၆ လောင်စာဆီ ဘောက်ဆာ ကားမှ ဆီဖြည့်ပေးနေစဉ် မီးပွင့်၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးငြိမ်းသတ်ရာတွင်ပါဝင်ခဲ့သည့်  မီးသတ်ဝန်ထမ်းတဦးက ‘ပိုင်ရှင်ရဲ့သားအပါအ၀င်လုပ်သား ၄ယောက်ရှိနေတုန်း ဆီဘောက်ဆာ ဆီလာဖြည့်ရင်း မီးထပွင့်ပြီးလောင်တာ’ ဟု YPI သို့ပြောသည်။
ငါးကျီးတူကျေးရွာနေ အသက်(၅၅)အရွယ်ရှိဦးညိုဝင်းက ‘ဆီတိုင်ကီတွေထပေါက်ပြီး ကောင်းကင်မှာ မီးတောက်ကမှိုပွင့်ကြီးတွေလိုပဲ ဦးတစ်သက်ဒီလိုလောင်တာမျိုး တစ်ခါမှမတွေ့ဘူးဖူး’ ဟုပြောပြသည်။
မီးလောင်မှု့ဖြစ်ပွားစဉ် ဆီတိုင်ကီပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မီးတောက်ကြီးများလည်း ကောင်းကင်၌ ကြောက်စရာကောင်းလောက်အောင် တစ်လုံးပြီး တစ်လုံး တက်ခဲ့ သည်ဟု ဒေသခံများက ဆိုသည်။

ဧရာဝတီတိုင်း မီးသတ်ဦးစီးမှူး  ဦးမြင့်စိုးက“ဆီဆိုင်တွေ အကုန်လုံးကို ဆီဖြည့်စဉ် အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်ရမယ် ဆိုတာတွေကို အကုန်ပြောပြထားတယ်။ ဒါကို မလိုက်နာကြသေးဘူး၊ အခုဟာကလည်း ဘောက်ဆာထဲကဆီကို ပေပါထဲ ထည့်ဖို့လုပ်နေတုန်း ပေါ့ဆမှုကြောင့် မီးလောင်တာပါ’” ဟုပြောသည်။

 
ယနေ့ညနေပိုင်းက လောင်စာဆီဂိုထောင် မီးလောင်မှုအား ငြိမ်းသတ်နေစဉ်

မီး လောင်မှုကြောင့် ဒရတ်ပက္ကား သွပ်မိုးဂိုထောင် တစ်လုံး လောင်ကျွမ်းခဲ့ပြီး ညနေ ၅း၄၅ ခန့် တွင်မီးငြိမ်း သွားသည်။ မီးလောင်ရာဂိုထောင်ထဲတွင် ဓာတ်ဆီ ပေပါ ၅၀ခန့်ရှိနေပြီး အနီးအနားတွင်လည်း ဓာတ်ဆီပေပါများ သိုလှောင်ထားရှိသည့်  ဂိုထောင်အများအပြား ရှိသောနေရာတွင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တန်ဖိုးကျပ်သိန်း၂၀ခန့်ဆုံးရှုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မီးလောင်မှုကို  ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းမှ (ပ) ၄၉\၂၀၁၂ ပုဒ်မ ၂၈၅ဖြင့်အမှု့ဖွင့်ကာ အရေးယူ ဆောင်ရွက်နေကြောင်းသိရှိရသည်။     ။


လောင်စာဆီပေပါများအား မီးလောင်မှုနှင့် ဝေးရာသို့ဖယ်ရှားထားစဉ်


Yangon Press International
Unknown at 9:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိန်းကလေးများ အတိုဝတ်လျှင် အင်ဒိုနီးရှား အစိုးရ အရေးယူတော့မည်

အများပြည်သူမြင်ကွင်းတွင် မဖွယ်မရာဖော်ချွတ်ပြသမှု၊ ၀တ်စားဆင်ယင်မှုများတိုက်ဖျက်ရေး
ဆိုင်ရာ အဖွဲ့ ဖွဲ့ စည်းပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသမီးများ ဒူးအထက်ထိရောက်
အောင်တိုသည့် စကတ်များဝတ်ဆင်ခြင်းအား ဖော်ချွတ်ပြသသည့် အဓိပ္ပါယ်သက်ရောက်စေ
သည်ဟူသော သတ်မှတ်ချက်အဖြစ် ၎င်းတို့ ၏လုပ်ငန်းဆောင်ရွက်ချက်တွင် ထည့် သွင်းပြဌာန်း
မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံဘာသာရေး(သာသနာရေး) ၀န်ကြီး ဆူရာဒါမာအလီ ကပြော
ကြားလိုက်ပါတယ်....
" အများပြည်သူမြင်ကွင်းတွင် မဖွယ်မရာဖော်ချွတ်ပြသ၊ ၀တ်ဆင်ခြင်းဆိုတာ ဘယ်အတိုင်းအတာအထိ

သတ်မှတ်မလည်းဆိုတာနဲ့ ပါတ်သက်ပြီးကျွန်တော်တို့ အနေနှင့် အဖွဲ့ အစည်းအသီးသီးကတာဝန်ရှိသူများန
နှင့် တွေ့ ဆုံဖို့ စီစဉ်ပါဦးမယ်....ထိုအဖွဲ့ အစည်းတွေကနေ သဘောထားအမျိုးမျိုး တင်ပြကြမယ်ဆိုတာ
လည်းကျွန်တော့် အနေနှင့်အကြွင်းမဲ့ ယုံကြည်ပါတယ်...
သို့ သော်ငြားလည်း ဒူးအထက်ထိရောက်အောင်စကတ်တိုတိုလေးဝတ်တာကိုတော့ မဖွယ်မရာ၊ အရှက်မဲ့ 
စွာ ဖော်ချွတ်ဝတ်ဆင်တာလို့ တစ်ကမ္ဘာလုံးက လက်ခံကြရမယ့် စံနှုံးဖြစ်ရပါမယ်..." လို့ ဝန်ကြီးကပြော
ကြားခဲ့ ပါတယ်...။



ဆူရာဒါမာအား ထိုအဖွဲ့ အစည်းကိုနေ့ စဉ် စီမံအုပ်ချူပ်ကွပ်ကဲရန် သမ္မတကြီး ဆူဆီလိုဘန်ဘန်ယူဒိုယိုနို
ကိုယ်တိုင် ခန့် အပ်ခဲ့ တာဖြစ်ပါတယ်...
အဖော်အချွတ်ဝတ်စားဆင်ယင်ပြသမှုဆိုင်ရာ သတ်မှတ်ချက်စံနှုံးများ အတည်ပြုပြီးတာနှင့် တစ်ပြိုင်နက်
တားဆီးနှိမ်နင်းရေးအဖွဲ့ ဟာ တစ်နိုင်ငံလုံး လူမျိုးမရွေးစစ်ဆေးအရေးယူသွားမှာဖြစ်ကြောင်းလည်း ၎င်းက
ဆက်လက်ပြောကြားလိုက်ပါတယ်...

နိုင်ငံအနှံ့ အပြား ညစ်ညမ်းဗီဒီယိုအခွေ၊စာအုပ်စာတမ်း၊ မီဒီယာများ သယ်ဆောင်ဖြန့် ဖြူးခြင်းအား တားဆီး
နိုင်ရန်သမ္မတကြီးအနေနှင့် ၂၀၀၈ ခုနှစ်တွင် ပြဌာန်းခဲ့ သည့် လိင်မှုဆိုင်ရာညစ်ညမ်းဥပဒေအား အကောင်
အထည်ဖော်ဆောင်ရွက်ရန် အဆိုပါ ဒုစရိုက်တားဆီးနှိမ်နင်းရေးအဖွဲ့ အား မကြာသေးခင်က ဖွဲ့ စည်းပေးခဲ့ 
ခြင်းဖြစ်ပါတယ်...။
----------------------------------------------------------------------------------------------------
မြန်မာမှာတော့...........??????????????????????????????????????????





 
 

 သိပ် မပြောချင်ပါဘူးဗျာ.....။
Unknown at 8:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၂ဘီး ကုန်တင်ကား တိမ်းမှောက်

အင်းစိန်မြို့ နယ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် ပုလဲလမ်းဆုံ ၊ ပြည်တော်သာကွေ့ တွင် ယနေ့ ဧပြီ ၈ရက်နေ့၊ ည ၇နာရီခန့်၌ ပေလေးဆယ် ပုံး နှစ်ပုံး တင် ၂၂ဘီး ကုန်ကား တစ်စီး တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းနှင့် ထိုနေရာဝန်းကျင် ရှိသူများမှာ တစ်စုံတစ်ရာ ဖြစ်ခဲ့ခြင်း မရှိသော်လည်း အဆိုပါ ပြည်တော်သာကွေ့၌ ယာဉ်လမ်းများ ပိတ်ဆို့ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါ ကုန်တင်ကားမှာ ဟိုင်းလတ် အမျိုး အစား ခရီးသည်တင်ယာဉ်နှင့် ယှဉ်ပြိုင် မောင်းနှင်ရာမှ အကွေ့တွင် ယင်းကဲ့သို့ဖြစ်ခဲ့ကြောင်း အဆိုပါ နေရာအနီးတွင် ကုန်တင်ကား တိမ်းမှောက်စဉ်က အဆိုပါနေရာတွင် ရှိနေသည့် အမျိုးသားတစ်ဦးက ပြောပြသည်။

The Voice Weekly

အင်းစိန်မြို့ နယ်၊ ဘုရင့်နောင်လမ်းမကြီးနှင့် ပုလဲလမ်းဆုံ အနီး၊ ပြည်တော်သာ ကွေ့တွင် ယနေ့ ဧပြီ ၈ရက်နေ့၊ ည ၇နာရီခန့်က ပေလေးဆယ် ပုံး ၂ပုံးတင် ၂၂ဘီး ကုန်တင်ကား တစ်စီး တိမ်းမှောက်ခဲ့ရာ ကားအတွင်း ကျန်ရှိနေသည့် ဆီများအား ထုတ်ယူနေစဉ်။
Unknown at 7:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြန်လည် တောင်းပန်ခဲ့ရတဲ့ ဘီဘီစီ ရုပ်သံလိုင်း




ဘီဘီစီ ရုပ်သံလိုင်းမှ နာမည်ကျော် အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်သူ ကိုလင်းမာရေးဟာ ပြီးခဲ့တဲ့  match of the day 2 (MOTD 2) အစီအစဉ်မှာ
လီဗာပူးလ် အသင်းဘက်မှာ ကာကွယ် ပြောဆိုပေးခဲ့တဲ့ အတွက် ဘီဘီစီ ရုပ်သံလိုင်းမှ ပြန်လည် တောင်းပန်သွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုလင်းမာရေးဟာ လီဗာပူးလ် ပရိသတ် တစ်ဦးအဖြစ် လူသိများတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လီဗာပူးလ် အသင်းနဲ့ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်မှာ ဂိုးသမား ရေနာ အထုတ်ပယ်ခံရခြင်း အပေါ် မာရေးက ဘက်လိုက် ပြောဆိုပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဂိုးသမား ရေနာဟာ နယူးကာဆယ် နောက်ခံ ကစားသမား ပါ့ရှ်ကို ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် အထုတ်ပယ် ခံလိုက်ရတာ ဖြစ်ပြီး မာရေးဟာ ပွဲအပြီး ဘီဘီစီမှ ဟိုက်လိုက် အနေနဲ့ တင်ဆက်တဲ့ MOTD 2 အစီစဉ်မှာ အခုလို ရေနာဘက်မှ ကာကွယ် ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘီဘီစီ ရုပ်သံလိုင်းဟာ ပြန်လည် တောင်းပန်ခဲ့ရပြီး ရုပ်သံမှ တာဝန်ရှိသူ အကြီးအကဲများက ပြန်လည် ဖြေကြားရာမှာ သူတို့ အနေနဲ့ မာရေး အခုလို ရုပ်သံ အစီအစဉ် အတွင်းမှာ ပြောကြားလိမ့်မယ်လို့ မယုံကြည်နိုင်ခဲ့ကြောင်း ဘီဘီစီဟာ သူ့ကို အစီအစဉ် တင်ဆက်သူ တစ်ဦး အဖြစ်သာ ထင်မြင်ထားခဲ့ကြောင်း ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင့် အခုလို တင်ဆက်ခဲ့တဲ့ အတွက် မာရေးဟာ တွစ်တာမှ တစ်ဆင့် မေးခွန်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရကြောင်း သိရပြီး ဘီဘီစီမှ ပြစ်ချက်ရေးရာ တာဝန်ရှိသူများက မိမိတို့ အနေနဲ့ အပြစ်ရှိခဲ့ ပါက တောင်းပန်ပါကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ရတာ ဖြစ်ပါတယ်။ မာရေးဟာ MOTD 2 အစီအစဉ်မှာ အခုလို ခေါင်းနဲ့တိုက်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ထုပ်ပယ်ခံရချိန်မှာ သူရဲ့ ခေါင်းနဲ့ တကယ် တိုက်ခိုက်ခဲ့ရဲ့လားဆိုတာ ပြန်စဉ်စားသင့်ပါတယ်လို့ ပြောကြားခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4
Unknown at 6:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အိမ်ဖော်မလေး မအေးယုအောင် ရဲ့  နောက်ဆုံးရသတင်း

မအေးယုအောင် နဲ့ပက်သက်တဲ့
နောက်ဆုံးရသတင်းကတော့ စိတ်တိုဒေါသထွက်စရာ
တော်တော်ကောင်းပါတယ်...မအေးယုေ

အာင်ရဲ့ မိခင် ဒေါ်ကြူ ပဲခူးမြို့မှာ
ဒုတိယတရားသူကြီး ဦးအောင်ဖုန်းဝင်းနဲ့ ဒေါ်ဖြူဝင်းသက်တို့နဲ့
သွားရောက်တွေ့ဆုံပြီးနေရပ် ကျောက်ကြီးမြို့သို့
ပြန်လည်ရောက်ရှိလာပါပြီ..ဒေါ်ကြူ
ကို ဦးအောင်ဖုန်းဝင်းက ငွေကျပ် သုံးသိန်း
ပေးပြီး ကလေးမလေး အတွက် လှူဒါန်းငွေလို့ပြောပါတယ်...နော
က်
ကလေးမလေးနဲ့လည်း ပေးတွေ့ပါတယ်...ထူးဆန်းတာတစ်ခုက ကလေးမလေး ကိုယ်တိုင်က
ပြန်မလိုက်ပါဘူးဟု အတန်တန်ငြင်းဆိုပါတယ်တဲ့....အဲ
ဒါကြောင့်
ဦးအောင်ဖုန်းဝင်းက ကလေးမလေးကို ဧပရယ်လကုန် (၃၀.၄.၂၀၁၂)မှာ
မိခင်ဒေါ်ကြူထံသို့ပြန်လည် ပို့ပေးပါမည်ဟု
ထပ်မံပြောကြားလိုက်ပါတယ်...နော
က် ကလေးမလေးကို လည်း ဘုရားဖူး ခရီး
ပို့ပေးချင်လို့ပါဟုလည်း ပြောလိုက်ပါတယ်...ဒုတိယတရားသြူ
ကီး လင်မယား ဟာ
သူတို့ကိုယ် သူတို့တော့ တော်တော်လေး save side ယူထားပုံပါပဲ..အခုဖြစ်ရပ်က
သူတို့ကြောင့် မဟုတ်ဘူးဆိုတာကို အတန်တန်ငြင်းတယ်... နောက် ဒီကလေးမလေးက
ဒီလိုမျိုး ဖြစ်ရပ်တွေလည်း ခဏခဏ ဖြစ်ဖူးတယ်လို့လည်း ပြောပါတယ်...နောက်
တရားသူကြီးအိမ်ကို ဖုန်းဆက်တာ ဘာကြောင့်မကိုင်တာပါလည်းလို့ မေးတဲ့
အခါမှာတော့ အဲဒီ အိမ်ဖုန်းဟာ သူ့ဖခင်ကို ပေးထားတယ်...နောက်ဖုန်းလာတဲ့ အခါ
ကျောက်ကြီးမြို့မှ ဆက်တဲ့ ဖုန်းဆို ပိုက်ဆံတောင်းမှာ စိုးရိမ်လို့
မကိုင်တာပါလို့လည်း ပြောပါတယ်...ဒါဆိုရင် တခြားမြို့ တွေက ခေါ်တဲ့
ဖုန်းကျတော့ ဘာလို့မကိုင်တာလည်း လို့ မေးတဲ့ အခါ တိတိကျကျ ရေရေရာရာ
မဖြေခဲ့ဘူးလို့လည်း သတင်းရထားပါတယ်...နောက်တစ်ခုက မအေးယုအောင် ရဲ့ ဖခင်ဟာ
ကွယ်လွန်သူ မဟုတ်ပါဘူး လင်မယားကွဲနေတာပါတဲ့...မအေးယုေ
အာင်ရဲ့
ဖခင်ဖြစ်သူဟာ သူတို့ဆီမှာ ပိုက်ဆံများ လာလာယူတတ်ကြောင်းကို ပြောတာကိုလည်း
သတင်းရခဲ့ပါတယ်...နောက် ဦးအောင်ဖုန်းဝင်း ဟာ တောင်တွင်းကြီးကို
ပြောင်းရွေ့တာဝန်ထမ်းဆောင်ရမည်
ကိုလည်း သတင်း ထပ်မံရရှိပါတယ်...့
မိခင်ဒေါ်ကြူဟာ လှူငွေလို့ ပေးလိုက်တဲ့ ကျပ်ငွေ သုံးသိန်းကို ယခုအခါ
သူမလုံးဝ မလိုချင်ပါဘူး ကျေလည်း မကျေနပ်ပါဘူးဟု ပြောဆိုနေသံကိုလည်း
ကြားရပါတယ်...ကဲ မိတ်ဆွေတို့ ဒီဖြစ်စဉ်မှာ မိခင်ဒေါ်ကြူဟာ အလှူငွေကျပ်
သုံးသိန်းကို လက်ခံခဲ့မိတာ မှားလား (သို့) ငွေများ တရားနိုင်ဆိုတဲ့
စကားပုံနဲ့ပဲ အဆုံးသတ်မလား (သို့) တရားဥပဒေ စိုးမိုးတာဟာ ဒီလို
မအေးယုအောင်တို့လို လူတန်းစားအတွက် မပါဘူးလား ...ကျမတို့ ဘယ်လို
သုံးသပ်ပြီး ဘယ်လို ဆုံးဖြတ်ရမလဲ ဆိုတာကိုဖြင့် ကမ္ဘာ အရပ်ရပ်မှာ ရှိတဲ့
ကျမထက် တော်သော အတွေ့ကြုံ ရှိသော အားလုံးအားလုံးသော မိတ်ဆွေတို့
စဉ်းစားပေးကြပါကုန်လော့....
 
ဤသတင်းရေးသားသူကတော့ ကျမ မကြေးမုံဦး
ပါ....


Myanmar News Now

Unknown at 6:57 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ပွင့်ရဲတဲ့ပန်း

မကြာမီ ပန်းပွင့်ချိန်ရောက်တော့မယ်…အခုတောင် အရောင်အသွေးစုံလင်တဲ့ အဖူးအငုံလေးတွေ စီရရီနဲ့ နေရောင်အောက်မှာ ပန်းခင်းကြီးက ယိမ်းနွဲ့လှပလို့…..။တိုးတိုးလွှ လွှ တိုက်ခတ် လာတဲ့ လေညင်းဖွဖွကလည်း ရနံ့အပိုင်းအစလေးတွေကိုသယ်ဆောင်ရင်း…. ပန်းတွေ ပွင့်တော့မယ်ဆိုတဲ့ သတင်းကို ….ပန်းဥယျဉ်မှူးကြီး ဆီသယ်ဆောင်သွားတယ်….။ အဲဒီ လိုနဲ့….တစ်ရက်…နှစ်ရက်….သုံးရက်…. ရေလောင်း၊ပေါင်းသင်၊ ပိုးရှင်း…….။သူ့ဘက်ကတာဝန် တွေ မလစ်ဟင်းပါပဲနဲ့ဘာကြောင့်များ ဒီပန်းတွေ အခုထိ အဖူးအငုံဘ၀က မတက်ကြတာပါ လိမ့်?။ ဥယာဉ်မှူးနဲနဲစိတ်ညစ်လာတယ်။တစ်ခုခုတော့လွဲနေပြီလို့ပဲ စိတ်ထဲကနေ မ၀ံမရဲ ထင်နေမိတယ်။ သူထင်သလိုပါပဲ…..ပန်းခင်းကြီးထဲမှာလဲ တစ်ခုတည်း ကပ်လွဲပြီး မပွင့်နိုင်ပဲ ဖြစ်နေကြ တယ်။ အနီရောင်အဆင်းကို ဆောင်ထားတဲ့ နှင်းဆီနီရဲ့ စကားတစ်ခွန်းကနေစတဲ့ ပြ ဿနာပေါ့….။

“နှင်းဆီနီနီကို ဥယျာဉ်မှူးရဲ့ကောင်မလေးကအရမ်းကြိုက်တာကွ…..ဒီအပင်ကပွင့် သမျှပန်းတိုင်း အရင်ဆုံးအခူးခံရပြီး…အဲဒီကောင်မလေးရဲ့ကေသာကို အမြန်ဆုံးရောက်သွားရ တာ ချည်းပဲ…..လူတစ်ယောက်ရဲ့ ဆံပင်ပေါ်တင်ပြီး သွားလေရာကိုပါနေရတော့…..ပန်း သက်မရှည်ရှာ ဘူးပေါ့ကွာ….အဲဒါကြောင့် ငါလဲပွင့်လိုက်ဖို့အရေးတွေးကြောက်နေမိတယ်….. သူငယ်ချင်းတို့ရေ…..”

နှင်းဆီနီရဲ့စကားကိုကြားတော့…အရင်ကဘာမှမစဉ်းစားမိကြတဲ့ပန်းတွေအားလုံးလဲ တွေဝေမှိုင်ငေးသွားကြပြီး….သူတို့အပင်မှာပွင့်ခဲ့တဲ့ အတိတ်ကပန်းတွေ အကြောင်းကို ကိုယ်စီ ကိုယ်စီပြန်တွေးမိကြတယ်။ကိုယ့်အတွေးနဲ့ကိုယ်…..။ သူတို့တွေ တိုးတိုးလေးစီးမျောနေကြ တုန်းမှာ အ၀ါရောင်နှင်းဆီဖူးတွေများစွာထဲက တစ်ဖူးက သူ့မှတ်ဥာဏ် ထဲက စကားတစ်စကို ထုတ်ပြောပြတယ်…။

“မနေ့တုန်းက ဟိုဘက်ခြံထဲက အဘွားကြီး ဥယျာဉ်မှုးကြီးဆီကို မနက် အစောကြီး ရောက်ချလာတယ်။ပြီးတော့ အ၀ါရောင်နှင်းဆီတွေကို ဘယ်သူ့ကိုမှမရောင်းနဲ့လို့ …..ပွင့်ပွင့်ချင်း အကုန်လုံးသူယူမယ်လို့ပြောတာ…..ငါသေသေချာချာကြီးကို ကြားလိုက်ရ တယ်ကွ”
       
“သူက နှင်းဆီဝါတွေအများကြီး ဘာလုပ်မလို့လဲမသိဘူးနော်…..” 

  
ပန်းနုရောင်ရေမွှေးနှင်းဆီလေးရဲ့ ကြားဖြတ် အမေးကို နှင်းဆီဝါ၀ါလေးက သူ့စကားကို ဆက်ပြောပြီး ဖြေပေးတယ်….။
  
“အိမ်တွင်းရဲက ငြိမ်ငြိမ်လေးဖြစ်ရအောင်  နှင်းဆီအ၀ါတွေ  ဘုရားပန်းတင်ရမယ်လို့ သူ့ဗေဒင်ဆရာ က ဟောလိုက်တယ်လို့ ဆက်ပြောသေးတယ်ကွ  ”
           
သူ့ရဲ့ စကားအဆုံးမှာပဲ သက်ပျင်းချသံ အရှည်ကြီးတစ်ခု နင်းဆီဝါတွေစုနေတဲ့ ဘက်ကနေထွက်လာတယ်…..။စကားတစ်ခွန်းနဲ့ အတူပေါ့……


“ဟင်….ဒါဆို ငါတို့လည်း ပွင့်ပွင့်ချင်းပဲ အခူးခံရပြီး အဲဒီအဘွားကြီးရဲ့ ဘုရားစင်ရှိရာ ကို တစ်အုံတစ်မကြီးချီတက်ရမှာပေါ့နော်…..မပွင့်ပဲ ဒီအတိုင်းငုံနေတာပဲကောင်းမယ်ထင်ပါ တယ် ကွာ…"


နှင်းဆီဝါတွေရဲ့ ညဉ်းတွားသံသဲ့သဲ့အဆုံးမှာ ပန်းနုရောင်ရေမွှေးနှင်းဆီလေးကလည်း  သူသိထားတဲ့ အရင်က သူ့နောင်တော်ပန်းပွင့်တွေရဲ့ ဖြစ်အင်ကို ၀င်ပြောတယ်။


“ကျွန်တော်အရင်က အခုးခံရတဲ့ နောင်တော် ပန်းပွင့်တွေရဲ့ ဖြစ်အင်ကတော့ စုံတယ်ဗျ……။ရနံ့က အခြားသူတွေထက်ပိုမွှေးလေတော့ ဧည့်ခန်းထဲမှာထိုး၊စားကြည့်စားပွဲ မှာ ထိုးနဲ့ အဆိုးဆုံးကတော့ မှောင်မှောင်မဲမဲ စာအုပ်တွေကြားထဲ အညှပ်ခံရတာပါပဲဗျ…..။အဆိုးဆုံးရဲ့ အဆိုးဆုံးက ကွယ်လွန်သူတွေရဲ့ မန္ဓာကိုယ်အနှံ့မှာ အ ပုပ်နံ့ပျောက်အောင်သွားနေရတဲ့ အဖြစ်ပေါ့ဗျာ…..ကျွန်တော်လဲပွင့်ပြီးရင် ဘယ်ဘ၀ရောက် မယ်မသိပါဘူး”

 ရေမွှေးနှင်းဆီလေးရဲ့ စကားကို သဘောကျလို့အားလုံး မချိပြုံးလေးတွေကိုယ်စီနဲ့ဖြစ်သွား ချိန်မှာပဲ…..အဖြူရောင်နှင်းဆီပွင့်လေးက သူခံစားနေရတဲ့ ဝေဒနာကို ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ဟတယ်…

"ပန်းပွင့်တွေအားလုံးကတော့အခူးခံလိုက်ရပြီးတစ်နေရာရာ ရောက်သွားမှာကို ကြောက်နေကြတယ် ... ငါကတော့ တမျိုးကွ….အခူးခံရမှာကိုမကြောက်ဘူး…..ငါပွင့်လိုက်ပြီဆိုတာနဲ့ ဘယ် ကမှန်းမသိရောက်ရောက်လာကြပြီး ငါ့ရဲ့ နှလုံးသားတည့်တည့်ကို နှာခေါင်းချွန်ချွန်တွေနဲ့ လာ လာထိုးကြတဲ့…..ပျားတို့၊ပိတုန်းတို့ဆိုတဲ့ အကောင်တွေကို အကြောက်ဆုံးပဲ……"


နှင်းဆီဖြူလေးရဲ့ စကားကို နှင်းဆီနီက ‘ဒါလည်းဟုတ်တာပဲ’ဆိုတဲ့ အာလုပ်စကားနဲ့ ထောက်ခံပြီး သူဘ၀င်မကျတာတစ်ခုကိုပါ ထပ်မံတင်ပြပြန်တယ်။


‘ဥယျာဉ်မှုးက ငါတို့ကိုခူးခုးပြီး သူ့ကောင်မလေးကို  မပေးခင်မှာ ဆူးတွေကို ဓားနဲ့ခုတ် ခုတ်ပစ်တာကလည်း ဆိုးလွန်းပါတယ်ကွာ….နှင်းဆီသိက္ခာကျတယ်……’


အဲဒီလို…အဲဒီလို…တစ်ခွန်း…တစ်ခွန်းနဲ့ စကားလုံးတွေဖောင်ဖွဲ့ မပွင့်ရဲခြင်းပြဿနာ တက်နေလိုက်တာ….နေမင်းတောင် အနောက်ဘက်ယွန်းယွန်းမှာမေးတင်ရင်းတစ်နေ့တာ အတွက် 

 နောက်ဆုံးနှုတ်ဆက်ချိန်ကိုရောက်လာခဲ့တယ်။ထူးခြားတာကတော့စကားဝိုင်းတစ် လျှောက်လုံးဘာမှဝင်မပြောပဲ…..ငြိမ်ငြိမ်ကလေးစဉ်းစားခန်းဝင်နေတဲ့ နှင်းဆီဖူးလေးတစ်ဖူးရှိ တယ်….။သူက အနက်ရောင်…..။သေချာအောင်ထပ်ပြောရရင် နှင်းဆီနက်….။အခြားနှင်းဆီ တွေအားလုံး မရေရာတဲ့ တွေးဆချက်တွေနဲ့ သေချာတဲ့ ဆုံးဖြတ်ချက် တစ်ခုကိုမချနိုင်ပဲ… နောက်တစ်နေ့ဆီကို လေးပင်တဲ့ စိတ်တွေနဲ့ ဒီအတိုင်း ကူးဖြတ်လိုက်ကြဖို့ ပြင်ဆင်နေချိန်မှာ…။အဲဒီနှင်းဆီနက်လေးရဲ့ တစ်ခွန်းတည်းသောစကားက ဆည်းဆာ နဲ့ အတူ ပီပီသသ လျှံကျလာတယ်…..။

‘မနက်ဖြန်မနက် အာရုဏ်ကျင်းတာနဲ့ ပွင့်ပစ်လိုက်ဖို့ ငါဆုံးဖြတ်လိုက်ပြီ……’


အိပ်ဖို့ပြင်ဆင်နေကြတဲ့ အားလုံးရဲ့ မျက်လုံးတွေ အဲဒီစကားကြောင့် ပြန်ကျယ်သွား ကြတယ်။ ဘယ်လိုဖြစ်တာလဲ……ပွင့်ပစ်လိုက်ဖို့ သူများတွေ ကြောက်ရွံ့တွံ့ဆုပ်နေချိန်မှာ… သူက ဘာကြောင့်ကောက်ကာငင်ကာ ရဲရင့်သွားရတာလဲ…….


‘မင်းတို့ပြောနေတာတွေကိုကြားရင်းအတွေးတစ်မျိုးရသွားလို့ပါ…’ 


သူကတည်တည် ငြိမ်ငြိမ်နဲ့ ပြောနေပေမယ့် အားလုံးကပြာပြာသလဲနဲ့မေးကြတယ်။


“မင်းကို တစ်ယောက်ယောက်က ခူးပြီး ခေါင်းပေါ်ပန်ပစ်လိုက်မှာကို မကြောက်ဖူး  လား ………..”


“ဟင့်အင်း…..ငါ့ရဲ့ အလှနဲ့ ပေါင်းစပ်ပြီး ပန်လိုက်တဲ့သူရဲ့ အလှပိုလို့တင့်တယ်သွား 

 နိုင်တာပဲလေ…ဒီအတွက်သူကျေနပ်နိုင်သလို ….ငါလည်းကျေနပ်နိုင်ပါတယ်”

“ဘုရားခန်းကျဉ်းကျဉ်းလေးထဲမှာ ညှိုးနွမ်းသွားတဲ့ အချိန်ထိနေရင်း ဘ၀ဆုံးသွား မှာကို ရောမကြောက်ဘူးလား……”


“ဘုရားစင်ရဲ့ ခန်းနားသပ္ပာယ်မှုကို ငါတို့ရဲ့ လှပကျက်သရေရှိမှုနဲ့ ထပ်ဆင့်ပူဇော်ခွင့် ရတာ သိပ်ကိုကျေနပ်စ၇ာပေါ့ကွာ….။ငါတို့ကြောင့် ဘုရားပူဇော်သူတွေရဲ့ စိတ်မှာ နဲနဲလေးပဲဖြစ်ဖြစ် ငြိမ်းအေးမှုပိုရသွားတယ်ဆိုရင်…..နေရင်းထိုင်ရင်း ကုသိုလ်တောင်ပိုရ သွား အုံးမှာကွ…."


“ပန်းအိုးထဲထိုးကြတာကိုတော့ ထားလိုက်ပါတော့……ခင်ဗျား……စာအုပ်ကြား အညှပ်ခံရတာကိုရော မကြောက်ဘူးလား…..”


“စာအုပ်ကြားထဲမှာ ဘယ်လိုပဲညှပ်ညှပ် ထုတ်နမ်းတဲ့အချိန်မှာ မွှေးနေရင် ပြီးတာပါပဲ ကွာ….အရေးကြီးတာက ကိုယ့်ရနံ့ကိုထိန်းသိမ်းဖို့နဲ့ နမ်းရှိုက်သူကို ကျေနပ်စေဖို့ပါ့ပဲ”


“အခေါင်းထဲမှာ အလောင်းကောင်ကြီးနဲ့ အတူတူနေရမယ်ဆိုရင်ကောဗျာ…..”


“ဒါဟာ အင်မတန်မွန်မြတ်တဲ့အလုပ်ပါကွာ…..အနံ့ဆိုးတစ်ခုကို ရနံ့တစ်ခုနဲ့ ဖုံးလွှမ်း ပစ်လိုက်နိုင်တာ…..ဂုဏ်ယူစ၇ာကောင်းတဲ့ အောင်ပွဲတစ်ခုပါ”


“ပျားတွေပိတုန်းတွေ နှုတ်ခမ်းချွန်ချွန်ကြီးတွေနဲ့ လာထိုးတာကိုလဲ ….မင်းမကြောက်ဘူးပေါ့…..ဟုတ်လား…”


“ငါတို့တွေ အခုလို ဖူးငုံလာကြတာ သူတို့ရဲ့ ကျေးဇူးမကင်းပါဘူးကွာ….ပျားတို့ ပိ တုန်းတို့ဆိုတာ သူတို့အလုပ်လုပ်ရင်းနဲ့ ငါတို့ရဲ့ မျိုးဆက်ပြန့်ပွားမှုကို တစ်ဘက်တစ်လမ်းက အထောက်အကူပေးနေတဲ့သတ္တ၀ါတွေပါ…..ကျေးဇူးတင်စ၇ာကောင်း ပါတယ်…..”


နှင်းဆီနက်လေးရဲ့ ချက်ကျလက်ကျအဖြေတွေက အားလုံးကို ရှဲခနဲငြိမ်ကျသွားစေ တယ်…..။သူ့ရဲ့ အဖြေစကားတွေကို အလေးအနက်ထားပြီး တွေးတောချိန်ဆနေကြတဲ့ သူငယ် ချင်း နှင်းဆီတွေကို အပြုံးတစ်ပွင့်နဲ့ကြည့်ရင်း သူက စကားဆက်တယ်….။


“အပင်ပေါ်မှာ ဒီအတိုင်းနေရင်လဲ တစ်နေ့နေ့မှာ ညှိုးနွမ်းကြွေကျကြရမှာ ပါပဲကွာ……. ။နှေးတာနဲ့မြန်တာပဲကွာမှာပါ။အဲဒီတော့…တစ်ယောက်ကိုပဲဖြစ်ဖြစ်၊ အများကိုပဲ ဖြစ်ဖြစ်ပေါ့..ငါ့တို့ ပိုင်ဆိုတာလေးနဲ့ တတ်နိုင်သလောက်လေး ….. စိတ်ကျေနပ်မှုတွေပေး ရင်း ဘ၀ကိုကုန်ဆုံးလိုက်ရတာပိုကောင်းပါတယ်…..”


သူတို့ရဲ့ စကားကိုအားလုံးကတွေးတွေးဆဆနဲ့ ခေါင်းညိတ်လက်ခံကြတယ်…..။ သူက နောက်ဆုံးစကားတစ်ခွန်းကို အားလုံးကြားရအောင် လေသံကိုမြှင့်ပြီး ထပ်ပြောတယ်..။


“ဒီထက်ပိုပြီးရှင်းရှင်းပြောရရင်တော့…ပန်းတစ်ပွင့်ရဲ့ အဓိပ္ပါယ်ဟာ…..ဘာလဲဆိုတော့ …အလှပဆုံးပွင့်ပစ်လိုက်ဖို့ပဲ…..မဟုတ်ဘူးလားကွာ…….”

****

နေ့သစ်တစ်ခုရဲ့  အစ….အာရုဏ်ဦးဟာလဲ့လဲ့ပင်ပင်လေးနဲ့ လှနေတယ်…. ပန်းတစ်ခင်းလုံး လဲ ရောင်စုံနှင်းဆီပန်း တွေပွင့်လို့……၀င့်လို့….. လေညင်းလေးကလည်း …ပန်းတွေပွင့်နေပြီဆိုတဲ့ သတင်းကို ဥယျာဉ်မှုးလေးကို သတင်းပေးဖို့ သူ့ခရီးကိုနှင်လို့…..။
                                                                            
  27.11.08
  Wed.13:00
ဝန်ခံချက် ။    ။ ကိုမင်းကိုနိုင်၏ ကဗျာထဲမှစာသားတစ်ခုကို ခေါင်းစဉ်ယူထားပါသည်။
ရေးသားသူ - NayPhoneLatt at
Unknown at 12:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.