Monday, April 9, 2012

ပြန်လည် တောင်းပန်ခဲ့ရတဲ့ ဘီဘီစီ ရုပ်သံလိုင်း




ဘီဘီစီ ရုပ်သံလိုင်းမှ နာမည်ကျော် အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်သူ ကိုလင်းမာရေးဟာ ပြီးခဲ့တဲ့  match of the day 2 (MOTD 2) အစီအစဉ်မှာ
လီဗာပူးလ် အသင်းဘက်မှာ ကာကွယ် ပြောဆိုပေးခဲ့တဲ့ အတွက် ဘီဘီစီ ရုပ်သံလိုင်းမှ ပြန်လည် တောင်းပန်သွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုလင်းမာရေးဟာ လီဗာပူးလ် ပရိသတ် တစ်ဦးအဖြစ် လူသိများတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လီဗာပူးလ် အသင်းနဲ့ နယူးကာဆယ် အသင်းနဲ့ ပွဲစဉ်မှာ ဂိုးသမား ရေနာ အထုတ်ပယ်ခံရခြင်း အပေါ် မာရေးက ဘက်လိုက် ပြောဆိုပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဂိုးသမား ရေနာဟာ နယူးကာဆယ် နောက်ခံ ကစားသမား ပါ့ရှ်ကို ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် အထုတ်ပယ် ခံလိုက်ရတာ ဖြစ်ပြီး မာရေးဟာ ပွဲအပြီး ဘီဘီစီမှ ဟိုက်လိုက် အနေနဲ့ တင်ဆက်တဲ့ MOTD 2 အစီစဉ်မှာ အခုလို ရေနာဘက်မှ ကာကွယ် ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘီဘီစီ ရုပ်သံလိုင်းဟာ ပြန်လည် တောင်းပန်ခဲ့ရပြီး ရုပ်သံမှ တာဝန်ရှိသူ အကြီးအကဲများက ပြန်လည် ဖြေကြားရာမှာ သူတို့ အနေနဲ့ မာရေး အခုလို ရုပ်သံ အစီအစဉ် အတွင်းမှာ ပြောကြားလိမ့်မယ်လို့ မယုံကြည်နိုင်ခဲ့ကြောင်း ဘီဘီစီဟာ သူ့ကို အစီအစဉ် တင်ဆက်သူ တစ်ဦး အဖြစ်သာ ထင်မြင်ထားခဲ့ကြောင်း ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင့် အခုလို တင်ဆက်ခဲ့တဲ့ အတွက် မာရေးဟာ တွစ်တာမှ တစ်ဆင့် မေးခွန်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရကြောင်း သိရပြီး ဘီဘီစီမှ ပြစ်ချက်ရေးရာ တာဝန်ရှိသူများက မိမိတို့ အနေနဲ့ အပြစ်ရှိခဲ့ ပါက တောင်းပန်ပါကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ရတာ ဖြစ်ပါတယ်။ မာရေးဟာ MOTD 2 အစီအစဉ်မှာ အခုလို ခေါင်းနဲ့တိုက်ခဲ့တယ်လို့ စွပ်စွဲခံရပြီး ထုပ်ပယ်ခံရချိန်မှာ သူရဲ့ ခေါင်းနဲ့ တကယ် တိုက်ခိုက်ခဲ့ရဲ့လားဆိုတာ ပြန်စဉ်စားသင့်ပါတယ်လို့ ပြောကြားခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။
MRTV4
Unknown at 6:59 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.