Monday, April 9, 2012

သင်္ကြန်ရေပက်ရာတွင် မီးသတ်ပိုက်များကို စစ်ဆေးအရေးယူသွားမည်




ယခုနှစ် မန္တလေးမဟာသင်္ကြန်တွင် ကျုံးပတ်လည်၌ ရေကစားမည့် မဏ္ဍပ်များနှင့် ရေစုပ်စက် အသေးစားများဖြင့် ရေကစားမည့် နေရာများတွင် မီးသတ်ပိုက်များဖြင့် ရေပက်မှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးတင့်လွင်က ပြောကြားသည်။ “အဓိကကတော့ ရေပက်တဲ့နေရာမှာ အန္တရာယ်မဖြစ်အောင်လို့ပါ။ ကျုံးအနောက်ဘက်မှာ ရေစုပ်စက် အသေးလေးတွေနဲ့ မီးသတ်ပိုက်တွေနဲ့ ပက်တာ များတယ်။ ဒီနှစ်မှာ အဲဒီအသေးစား ရေစုပ်စက်တွေ လျှောက်လွှာတင်တဲ့နေရာမှာလည်း စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ မီးသတ်ပိုက်နဲ့ ရေပက်တာကို ခွင့်မပြုပါဘူး” ဟု ဌာနမှူးက ဆက်လက်ပြောသည်။ ယခုနှစ်တွင် အသေးစား ရေစုပ်စက် သုံးမည့်သူများအတွက် ရေစုပ်စက်တစ်လုံးကျပ် ၅၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော နှစ်သင်္ကြန်၌ ရေစုပ်စက်အသေးစားများလျှောက်ထားမှုမှာ ကျုံးအရှေ့ဘက်တွင် သုံးဦး၊ ကျုံးအနောက်ဘက်တွင် ၁၀၄ ဦး၊ ကျုံးမြောက်ဘက်တွင် ၃၀ ဦးနှင့် မြို့တွင်းတွင် တစ်ဦးရှိခဲ့ပြီး စုစုပေါင်း ၁၃၈ ဦးလျှောက်ထားကာ ရေကစားခဲ့သည်။ ပြီးခဲ့သော မတ်လဆန်း၌ ကျုံးရေနည်းသွားသော်လည်း ၂၈ ရက် တိုင်းတာချက်အရ ကျုံးရေအမှတ်မှာ ၈ ဒသမ ၅ အထိ ပြန်မြင့်တက်လာကြောင်း သိရသည်။ ပြီးခဲ့သောနှစ် သင်္ကြန်အကြိုနေ့တွင် ကျုံးရေအမှတ် ၈ ဒသမ ၄ ရှိခဲ့သည်။ ၂၀၁၁ ခုနှစ် သင်္ကြန်လေးရက်အတွင်း ကျုံးရေ အသုံးပြုမှုမှာ ၅၂ ဒသမ ၅ သန်းထိ ရှိခဲ့ကြောင်း သိရှိရသည်။
 
 Myanmar Express
Unknown at 9:17 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.