Monday, April 9, 2012

KNU နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး သဘော တူညီချက်များ



Written by ရွှေဟင်္သာသတင်းဌာန

2_KNU__DKNU နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့များသည် ရန်ကုန်၏မြို့ တွင် (၂) ရက်တာ ဆွေးနွေးကြပြီး၊ အောက်ပါ အတိုင်း သဘောတူညီမှု ရရှိခဲ့ပါသည်။
ဆုံးဖြတ်ချက် (၁)။  ။ တတိုင်းပြည်လုံး အတိုင်းတာ အပစ်ခတ် ရပ်စဲရေး ဖြစ်ပေါ် လာရန်အတွက် အဆင့်ဆင့် တိုးတက် အကောင်ထည်ဖော် လုပ်ဆောင်သွားခြင်း Progressive Realization မူ သဘောထားကို သဘောတူ လက်ခံသည်။ တိုင်းရင်းသား နယ်မြေ ဒေသများတွင် စစ်မဲ့ ဖြစ်ပွား နေမှုကိုလဲ အမြန်ဆုံး ရပ်စဲရန် ကြိုးစားသွားမည်ဟု သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၂) ။  ။ ပြည်သူလူထုဘ၀ လုံခြုံမှုကို အာမခံ ပေးနိုင်ရန်အတွက် နှစ်ဦးနှစ်ဖက် လိုက်နာရမည့် အပစ်ခတ်ရပ်စဲ ရေးဆိုင်ရာ ကျင့်ဝတ် စည်းကမ်း များကို (Code of Conduct) ကို ပေါင်းစပ် ညှိနှိုင်းချမှတ်ပြီး အကောင်ထည် ဖော်လုပ် ဆောင် သွားမည်ဟု သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၃) ။  ။ ပြည်တွင်း ဌာနေမဲ့ ပြည်သူလူထုများ IDP နေရပ်ဒေသသို့ ပြည်လည် အခြေချနေထိုင်ရန်  အတွက် လိုအပ်သည့် အစီစဉ်များကို ချမှတ် လုပ်ဆောင်သွားမည်။ ထိုသို့ လုပ်ဆောင်ရာတွင် လိုအပ်သည့် ဘ၀လုံခြုံမှု၊ စာနပ်ရိက္ခာ လုံခြုံမှု၊ အသက်မွေး ၀မ်းကျောင်း လုံခြုံမှု အစီစဉ် Program များကို ချမှတ်ဆောင်ရွက် မည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက် သည့် နေရာတွင် အားလုံး ပါဝင်နိုင်သည့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အဆင့်ဆင့် လုပ်ဆောင် သွားမည်ဟု သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၄) ။  ။ ဒီလို လတ်တလော ဖြေရှင်းရန် ကိစ္စများကို အကောင်ထည်ဖော် လုပ်ဆောင်သွားရမည် ဖြစ်ပြီး ရေရှည် အတွက် ပြည်တွင်း ဌာနေမဲ့များနှင့် ဒုက္ခသည်များကို စနစ်တကျ ပြန်လည်နေရာချထားရေး IDP နိုင်ငံသားဖြစ်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက် လုပ်သွား ရန်လိုသည်ဟု သဘောတူဆုံး ဖြတ် သည်။
ဆုံးဖြတ်ချက် (၅) ။  ။ ပြည်သူပြည်သားများအတွင်း ယုံကြည်မှုရသည့် အခြေနေ တည်ဆောက်ရန် ငြိမ်းချမ်းရေး ကိစ္စ ဆိုင်ရာ လုပ်ငန်းများကို မြန်မာအစိုးရနှင့် ကေအန်ယူ ကရင် အမျိုးသား အစည်းရုံး ဗဟိုတို့ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်။ ခရိုင်၊ မြို့နယ်၊ ကျေးရွာ၊အုပ်စု အဆင့်များတွင်လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များ ဖွဲ့ပြီး ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။
Knu_03KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ဆီဒိုးနာ ဟိုတယ်၌ ဆွေးနွေးစဉ်
မှတ်ချက်  ။           ။  ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ဦးဆောင် ပါဝင်မှုကို ထည့်သွင်းသွားမည်။
ဆုံးဖြတ်ချက် (၆) ။  ။ အလုပ်သမား ဥပဒေအတိုင်း အကောင်ထည်ဖော် လုပ်ဆောင်နေသည့် ပြင်ဆင်ဖြည့်စွက် ရမည့် အချက်များကို ပြင်ဆင်ဖြည့်စွက်ပြီး ရေးပြီးပါက ဆက်လက်အတည်ပြုပြီး ယင်းဥပဒေကို နှစ်ဦးနှစ်ဖက် ပူးပေါင်း အကောင်ထည် ဖော်ဆောင်ရွက်သွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၇) ။  ။ အန်ဂျီအို၏ အခန်းကဏ္ဍ အထူးသဖြင့် Local NGO များ၏  ပူးပေါင်းပါဝင်မှု အားကောင်းအောင် လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၈) ။  ။ တစ်ဦးခြင်း၊ တစ်ဖွဲ့ခြင်းနှင့် သက်ဆိုင်သည့် အကျဉ်းသားများကို လွတ်ပေးရန်အတွက် စာရင်းပြုပြီး နိုင်ငံတော် သမ္မတထံသို့ တင်ပြကာ နိုင်ငံတော် သမ္မတမှ ထည့်သွင်း စဉ်းစားသွားရန် သဘောတူ လက်ခံသည်။
ဆုံးဖြတ်ချက် (၉) ။  ။ သက်ဆိုင်ရာ မြေယာဥပဒေရေးဆွဲခြင်း မပြီးသေးသည့် ကာလအတွင်း မြေယာပြသနာ များဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြပြီးဖြေရှင်းရန် သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၀)။ ။ တိုင်းရင်းသား အဖွဲ့စည်းများ ကေအန်ယူမှ ချမှတ်သည့် မြေယာဂရမ်များကို အသိမှတ်ပြုပြီး ဓလေ့ ထုံးတမ်းအရ ပိုင်ဆိုင်သည့် မြေယာများနှင့် ဌာနေမဲ့ IDP ရှိ မြေယာ ကိစ္စများကိုလည်း ညှိနှိုင်းဖြေရှင်း သွားမည်ဟု သဘော တူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၁)။ ။ လူထုများအတွက် မြေယာကိစ္စကို မျှမျှတတ ဖြစ်ရန်သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့မှ ညှိနှိုင်းပြီး အကောင်းဆုံး နည်းလမ်းကို ရှာဖွေဖြေရှင်းသွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၂)။ ။ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း စိစစ်အတည်ပြုခြင်းနှင့် တည့်မတ် မှန်ကန် အောင် အစီစဉ် လုပ်ဆောင်မှုများစတင် သဘောတူ လက်ခံသည်။ စောင့်ကြပ် စစ်ဆေးခြင်း (Monitoring) ကို အဆင့် ၃ ဆင့်ထား၇န် ၄င်းတို့မှာ -
၁) နှစ်ဦး နှစ်ဖက် လက်ခံသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး စောင့်ကြပ် စစ်ဆေးခြင်း (Local Monitoring)
၂) အခြေနေ တိုးတက်ကောင်းမွန် လာသည့်အခါ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှု့ရေး (Internal Monitoring) နှင့်
၃) ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်စီးရန် အလားလာ မရှိသောအခါ ပွင့်လင်းသောစောင့်ကြပ် ကြည့်ရှု့ရေး (Open Monitoring) ကို အဆင့်ဆင့်လုပ်ဆောင်သွားမည်ဟု သဘောတူလက်ခံသည်။
ဆုံးဖြတ်ချက် (၁၃) ။  ။ နှစ်ဦးနှစ်ဖက် လက်ခံသည့် Local Monitoring အတွက် နှစ်ဦးနှစ်ဖက် သဘောတူ သည့် နာမည် စာရင်းကို (မေလ) နောက်ဆုံးအပတ်တွင်ပေးပြီးနောက် အစည်းဝေး တစ်ခုတွင် ဆွေးနွေး အတည်ပြုရန် သဘောတူ လက်ခံသည်။
အထက်ဖော်ပြပါ အစည်းဝေးဆုံးဖြတ်ချက် ၁၃ ချက်ကို အောက်ဖော်ပြပါ နှစ်ဦးနှစ်ဖက် တာဝန်ရှိသူများက လက်မှတ် ရေး ထိုးကြသည်။
KNU သည်၊ ပထမအဆင့်၌ အပစ်အခတ် ရပ်စဲရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် (၅) ရက်နေ့တွင် သဘောတူလက် မှတ်ထိုးခဲ့ပါသည်။ (၅) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိပြီး၊ (၆) ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး (၇) ရက်နေ့ည နေပိုင်းတွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါသည်။ (၈) ရက်နေ့နေ့လည်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေး နွေးခဲ့ပါသည်။
Unknown at 9:30 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.