Monday, April 2, 2012

တိုက်စစ်မှူးကောင်းတစ်ယောက် လက်ရွေးစင်အသင်းသို့ ရောက်ရှိခြင်း

 


 မြန်မာနိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲကြီးကား အောင်မြင်စွာနှင့် ပြီးဆုံးခဲ့ပေပြီ ၊ အများမျှော်လင့်တောင့်တနေသော NLD ပါတီလည်း နေရာတိုင်းလိုလိုတွင် အနိုင်ရရှိသွားခဲ့ပေပြီ ၊ NLD ပါတီအနိုင်ရသဖြင့် ရွေးကောက်ပွဲကြီးမတရား ဟူသောအသံများလည်း ခလုပ်ပိတ်လိုက်သကဲ့သို့ ရပ်၍သွားခဲ့ပေပြီ ၊ NLD ပါတီဝင်များနှင့် ထောက်ခံကြသူများ အောင်ပွဲခံနေကြသည်မှာလည်းကြားဖြတ် ရွေးကောက်ပွဲ နှင့်မတူပဲ ၂၀၁၂  ဧပြီ ၁ ရက်နေ့မတိုင်မီကတည်းက သင်္ကြန် ကျသကဲ့သို့ ဖြစ်နေသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တားယူရသည်အထိဖြစ်ခဲ့၏ ၊ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ ။

ရှုံးနိမ့်သွားသူတို့ရော အနိုင်ရသွားသူတို့ရော မြန်မာနိုင်ငံသားများသာဖြစ်ကြသည် ထူး၍ ၀မ်းနည်းရန်မလိုသလို အလွန်အမင်း ၀မ်းသာရန်လည်းမလိုအပ်ပါပေ ၊ ဘောလုံးစကားနှင့်ပြောရပါမူ နိုင်ငံတကာ ပွဲများကန်ရန်အတွက် တစ်သင်းတည်းကို နှစ်ဘက်လူခွဲကန်ကာ လူရွေးသည့်အဆင့်၏ အစိတ်အပိုင်းတစ်ခု ပြီးဆုံးသွားခြင်းမျှသာဖြစ်လေသည် ၊  မိမိရွေးချယ်လိုက်သော PLAYER များ ပွဲလယ်တင့်စေရန် PLAYER များကိုယ်တိုင် လေ့ကျင့်ပြင်ဆင်သွားရန်လိုအပ်သလို အဘက်ဘက်မှ ပံ့ပိုးထောက်ပံ့မှုများလိုနေဦးမည်သာ ဖြစ်ပေသည် ၊ အရှိန်တံ့သွား၍မဖြစ် ၊ စိတ်ဝမ်းကွဲ၍မဖြစ် ပွဲပြီးမီးသေဖြစ်၍မရ ၊ တကယ်က အခုမှ စရမည်သာဖြစ်ပါသည် ။

မြန်မာ့နိုင်ငံရေး လက်ရွေးစင်အသင်းတွင် ခေတ်အဆက်ဆက် အားနည်းလှသော ရှေ့တန်းတိုက်စစ်မှုးနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ဟူသော ပါရမီရှင်တိုက်စစ်မှူးကောင်း တစ်ဦးကို မြန်မာပြည်သူတို့ ရွေးချယ်ပေးလိုက်နိုင်ပြီဖြစ်ပါ၍ အနာဂတ် မြန်မာ့နိုင်င့ရေးလက်ရွေးစင်အသင်းကြီးသည် အင်အားအတော်တောင့်လာသည်မှာကား အမှန်ပင်ဖြစ်ပါသည်  ။ မြန်မာ့နိုင်ငံရေးလက်ရွေးစင် အသင်းကြီး၏ ပိုင်ရှင်အစစ်ကား မြန်မာနိုင်ငံသားမိဘပြည်သူများသာ ဖြစ်ကြပါသည် ၊ဤသို့ဆိုသော် ဖာဂူဆန် ၊ မော်ရင်ဟိုတို့ကဲ့သို့ အသင်းကြီးကိုအဓိကမောင်းနှင်မည့်သူမှာ မြန်မာ့ပြုပြင်ပြောင်းလဲရေးသမားကြီးဟုကမ္ဘာကပင်သတိထားမိလာနေသော သမ္မတကြီး ဦးသိန်းစိန်ပင် ဖြစ်ပါလိမ့်မည် ဒေါ်အောင်ဆန်းစုကြည်ကတော့ အဆုံးအဖြတ်ဂိုးများကို ကိုယ်တိုင်လည်းသွင်း သူများကို လည်း ဖန်တီးနိုင်ခဲ့ပါသော် မြန်မာတို့သည် ကမ္ဘာ့ဖလားနှင့် အဘယ်မှာဝေးပါတော့မည်နည်း၊ အဘယ်မှာ မအောင်နိုင်ပဲရှိပါတော့မည်နည်း ၊ အဘယ်မှာပွဲလယ်မတင့်ပဲရှိပါတော့မည်နည်း ။

မင်းထက်
Unknown at 7:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးညှင်းမြို့ ရဲစခန်းတွင် အချုပ်ခန်းဖောက်ထွက်မှုဖြစ်ပွား



ယနေ့ မနက် ၂ နာရီလောက်က မိုးညှင်းမြို့မှာရှိတဲ့ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ တရားခံများမှ အချုပ်ခန်း ဖောက်ထွက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ အချုပ်ခန်းအတွင်း တရားခံ (၇၀)ဦးခန့်ရှိပြီး တရားခံတွေ မနက် ၂ နာရီခန့်မှာ အချုပ်ခန်းနံရံကို ဖြတ်တောက်နေတာ ကင်းတာဝန်ကျရဲကသိပြီး ဟန့်တားခဲ့တယ်လို့ သိရပါတယ်။ ဒါကို မကျေနပ်တဲ့
အချုပ်သားတွေက အချုပ်ခန်းထဲမှာရှိတဲ့ စောင်တွေကို မီးပုံရှို့လိုက်လို့ ထိန်းမရတော့ တာကြောင့် သေနတ် နဲ့ ခြောက်လန့်ပစ်ခတ်တာကို တရားခံတွေက အချုပ်ခန်းရဲ့ ကြမ်းခင်းကိုခွာပြီး ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည် ရန်ပြုတဲ့အတွက် သေနတ်နဲ့ထပ်မံပစ်ခတ်ခဲ့လို့ အချုပ်သား(၈)ဦးခန့် ဒဏ်ရာရရှိပြီး(၂)ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
ယခင်က မိုးညှင်း ၊ မိုးကောင်းဒေသတွေမှာရှိတဲ့ ရဲတွေဟာ သူတို့ကိုယ်တိုင် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေပြုလုပ် ပြီး သုံးစွဲသူတွေကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်ကာ အမှုဆင်ပြီး ပိုက်ဆံတောင်းတဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ မိုညှင်း ဒေသခံ များထံမှ သိရှိရပါတယ်။ အခုဖြစ်စဉ်မှာတော့ ဖမ်းဆီးထားတဲ့အချုပ်သားတွေကို မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ အကြောင်းပြကာ ဖမ်းထားတာဖြစ်ပြီး တရားရုံးတင်ကာ အမိန့်မချမှတ်ခင်မှာ ငွေတောင်းခဲ့ခြင်းကြောင့် မပေးနိုင်တဲ့အချုပ်သားတွေက မကျေနပ် လို့ ရဲစခန်းကိုဖောက်တာလို့ ပြောဆိုနေကြပါတယ်။ တစ်ချို့ကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်တာကြောင့် အချုပ်ခန်း ထဲမှာ မသုံးစွဲရတဲ့အတွက် စိတ်ဂယောင်ချောက်ခြားဖြစ်ပြီး ယင်းထတဲ့အတွက် ယခုလိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကောလ ဟာလပြောဆို သံတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနှင့်တာဝန်ရှိသူများရောက်ရှိလာကာ ဒဏ်ရာရတရားခံ များအား မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အချုပ်ခန်းဖောက်ထွက်ရန် ကြိုးစားသူတရားခံတွေကို ဖော်ထုတ်အရေးယူ နိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရပါတယ်။
Unknown at 7:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ုအမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာမည်


အမေရိကန် သမ္မတ အိုဘားမား ရဲ့ ခရီးစဉ်များကို မြန်မာနိုင်ငံတွင် ကျင်းပသည့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ အပြီးနှင့် အမေရိကန်ပြည်ထောင်စုမှ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲ မတိုင်မီ ကြားကာလတွင် သမ္မတ အိုဘားမား မြန်မာ နိုင်ငံသို့ တရားဝင် နိုင်ငံရေးခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယနေ့ သတင်းထုတ်ပြန် လိုက် သည်။

Myanmar Express
Unknown at 6:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်ကိုင်ဖုန်းတွေ ယာယီ လိုင်းပြတ်မယ်

ရန်ကုန် ပလက်ဖောင်းဆိုင်တခုမှာ ရောင်းနေတဲ့ (sim card မပါ) လက်ကိုင်ဖုန်းများ

ဒီနေ့ သတင်းစာများမှာ ဖော်ပြထားတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ ကြေညာချက်ပါ။
လဆန်းပိုင်းကနေ လလယ်ပိုင်းအထိ ညသန်းခေါင်မှာ ယာယီ လိုင်းပြတ်မယ့် အချိန်တွေကို ဖော်ပြထားပါတယ်။
မိနစ်ပိုင်းလေးပဲ လိုင်းပြတ်ပါမယ် တဲ့။

Posted in: Announcement,ကြေညာချက်
Unknown at 6:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီ

မစန္ဒာမင်း၊ ကိုနိုင်ငံလင်း၊ ကိုမင်းသူ၊ ကိုဖြိုးဇေယျာ်သော် (ဓါတ်ပုံ - ပျဉ်းမနားဖိုးသား)

ဒီဓာတ်ပုံကို Facebook မှာ
နေပြည်တော်မှာ အောင်ပွဲဆင်ခဲ့တဲ့ ခွပ်ဒေါင်း တပ်မမှူး ၄ ယောက် ဆိုပြီး ရေးထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အခုလေးတင် ည ၆း၀၀ နာရီသတင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာသွားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရသူများဖြစ်ကြောင်း တဲ့။

ဒီရေးသား
ချက်ကို နောက်တယောက်က ခုလို တုံ့ပြန်ထားပါတယ် - နေပြည်တော် USDPကားထဲက ခွပ်ဒေါင်းအလံမြင်မိပြီးကတည်းကသေချာနေတာ တဲ့။ ပုံကိုပါ တင်လိုက်ပါတယ်။ သူတင်တဲ့ ပုံထဲ ကားရှေ့ဖုံးမှာ ကြံ့ခိုင်ရေးပါတီအလံတွေ တွေ့ရမှာပါ။ ကားထဲမှာတော့ NLDအလံ ဖြစ်နေပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း အကြောင်း ပြန်ဆက်ရရင်-

ချင်းမိုင်မြို့ ဧရာဝတီရုံးကနေ MRTV ကို ဖမ်းကြည့်ပြီး သတင်း ကြေညာချက်မှာပါတဲ့ အနိုင်ရသူများစာရင်းကို နားထောင်ပြီး စာစီလိုက်ပါတယ်။ ပါတီအမည် မြို့အမည်တွေတော့ မထည့်တော့ပါဘူး။

ဒါပေမယ့် မပြည့်စုံတဲ့ စာရင်းပါ။ ပြည့်ပြည့်စုံစုံ ရတဲ့အခါ ထပ်မံ ဖော်ပြပေးပါ့မယ်။

မပြည့်စုံရတဲ့အကြောင်းရင်းကတော့ ရှမ်းပြည်နယ် အမည်စာရင်း အစပိုင်းမှာ ရုပ်သံလိုင်း ဖမ်းယူမှု ချို့ယွင်းသွားပါတယ်။ (တနေကုန် လိုင်းကောင်းနေပြီး သတင်းခန်းရောက်မှ ပျက်သွားတာပါ)

MRTVသတင်းဖတ်သူ အစပိုင်းမှာ ဖတ်ပြသလို ဆိုရင် ရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ၃ ခု ထုတ်ပြန်ပါတယ် တဲ့။ မပြည့်မစုံစာရင်းကို အခုလို ဖော်ပြလိုက်ပါတယ် -

နေပြည်တော်

၁။ ဒေါ်စန္ဒာမင်း
၂။ ဦးနိုင်ငံလင်း
၃။ ဦးဖြိုးဇေယျာသော်
၎။ ဦးမင်းသူ

စစ်ကိုင်းတိုင်းဒေသကြီး

၅။ ဦးခင်မောင်သိန်း
၆။ ဒေါ်ခင်စန်းလှိုင်

တနင်္သာရီတိုင်းတိုင်းဒေသကြီး

၇။ ဦးအောင်စိုး

ပဲခူးတိုင်းဒေသကြီး

၈။ ဦးအောင်စိုးမြင့်
၉။ ဦးစိန်ထွန်း
၁၀။ ဦးကျော်မင်း
၁၁။ ဦးမြင့်ဦး

မကွေးတိုင်းဒေသကြီး

၁၂။ ဦးပိုက်ကို
၁၃။ ဒေါက်တာအောင်မိုးညို
၁၄။ ဦးမြင့်သိန်း
၁၅။ ဦးမြင့်အောင်
၁၆။ ဦးတိုးရွှေ (ဦးတင်ဌေးအောင်)

မန္တလေးတိုင်းဒေသကြီး
၁၇။ ဒေါ်ခင်သန္တာ
၁၈။ ဒေါက်တာဇော်မြင့်မောင်
၁၉။ ဦးပေါခင်
၂၀။ ဦးအုန်းကြိုင်
၂၁။ ဦးဝင်းထိန်
၂၂။ ဦးကျော်သီဟ

မွန်ပြည်နယ်

၂၃။ ဒေါ်ခင်ဌေးကြွယ်

ရန်ကုန်တိုင်းဒေသကြီး

၂၄။ ဒေါ်အောင်ဆန်းစုကြည်
၂၅။ ဒေါ်ဖြူဖြူသင်း
၂၆။ ဒေါက်တာမေ၀င်းမြင့်
၂၇။ ဦးဖြိုးမင်းသိန်း
၂၈။ ဒေါက်တာမျိုးအောင်
၂၉။ ဒေါ်စုစုလွင်

ရှမ်းပြည်နယ်

၃၀။ ဒေါက်တာဒေါ်သန်းငွေ
Unknown at 6:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဆိုင်းဘုတ် တဲ့။ Movie Crazies ဖေ့စ်ဘုတ် www.facebook.com/5movies က ဆိုပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာန ၀က်ဆိုက်မှာတော့ ပြတိုက်နဲ့ ပတ်သက်တဲ့ အချက်
အလက်တွေကို အခုလို တွေ့ရပါတယ် -

Bogyoke Aung San Residence Museum

Location - Aung San Qr, Nat Mauk, Magway Divisioon.

Established Date - 1973

Displayed Objects - Furniture and other materials used by Bo
gyoke Aung San's parents, photos of Bogyoke's family

Admission fees - Free

Opening hour - 10:00a.m to 4:00p.m (Tuesday to Saturday except gazetted holida
y)

ဒီအချက်အလက်တွေအရ ဆိုရင် ဖွင့်တဲ့အချိန် မပြောင်းပါဘူး။
တနင်္ဂနွေ၊ တနင်္လာနေ့တွေ ပြတိုက်ပိတ်ရက် ဖြစ်ပေမယ့် ခုတော့ ပိတ်ရ
က်တွေက တနင်္လာ အင်္ဂါ ဖြစ်သွားပြီလို့ ဆိုင်းဘုတ်အရ သိရပါတယ်။

ခါတိုင်း ၀င်ကြေး ပေးဖို့ မလိုပေမယ့် ခုတော့ ၀င်ကြေးတွေ ပေးရပါပြီ တဲ့။

နိုင်ငံခြားသားများအတွက်လည်း နိုင်ငံသားများနည်းတူ သတ်မှတ်ပေးထားပါတယ်။

Unknown at 6:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလို့ ရသေးတယ်


ကြားဖြတ်ရွေးကောက်ပွဲကတော့ ပြီးပါပြီ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေး ရွေးချယ်လို့ ရပါသေးတယ် တဲ့။ ဟုတ်ပါတယ်၊ ဒီလို မဲပေးဖို့အတွက် ကော့မှူးသွားစရာ မလိုပါဘူး။ အွန်လိုင်းပေါ်တော့ တက်ရပါမယ်။

TIME မဂ္ဂဇင်းအွန်လိုင်းက ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ပွဲ လုပ်နေပါတယ်။

ရွေးချယ်ရမယ့် လူစာရင်းကို http://www.time.com/time/specials/packages/completelist/0,29569,2107952,00.html မှာ ကြည့်ပါ။
စာရင်း အောက်ဆုံးကနေ ရေတွက်ရင် ၁၃ ဦးမြောက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နာမည်ရဲ့ အထက် ၁၀ ဦးမြောက် ပုဂ္ဂိုလ်ကတော့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ဖြစ်ပါတယ်။ သမ္မတကြီးက မြန်မာပြည်ရဲ့ ဂေါ်ဘာချော့ဗ် ဖြစ်နိုင်မလားလို့ မိတ်ဆက်စာမှာ ရေးထားပါတယ်။

ဦးသိန်းစိန်ရဲ့ အယောက် ၂၀ လောက် အကွာမှာတော့ အင်ဂျလီနာဂျိုလီ၊ ဘရက်ပစ်တို့ လင်မယား ကို တွေ့ရမှာပါ။

TIME မဂ္ဂဇင်းက အဆိုပြုစာရင်းမှာ ရွေးချယ်စရာ ၂၀၀ ရှိပါတယ်။

လာမယ့် သောကြာနေ့ မဲရုံပိတ်ပါမယ် တဲ့။ အဲဒီအခါ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန်တို့ကို ကမ္ဘာတလွှား TIME မဂ္ဂဇင်း ပရိသတ်က ဘယ်လို သဘောထားလဲ၊ မဲပေးထားသလဲ ဆိုတာ ပိုတွေ့ရမှာပါ။

လက်ရှိ မဲပေးဆဲကာလမှာလည်း ရလဒ်တွေ သိနေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့သြဇာရှိပုဂ္ဂိုလ်အဖြစ် သတ်မှတ်သူ 11,152 ဦး ရှိပြီး မသတ်မှတ်သူ 773 ဦး ရှိနေပါတယ်။

ဦးသိန်းစိန်ကြီးရဲ့ မဲအခြေအနေက ဒီလိုပါ။
ထောက်ခံသူ 4,456 နဲ့ ကန့်ကွက်သူ 1,872 လို့ တွေ့ရပါတယ်။

(မြန်မာစံတော်ချိန် တနင်္လာနေ့ နေ့ခင်း ၂း၂၀ ရလဒ်)

ဒီတော့ ထောက်ခံမဲ ပေးနိုင်သလို ကန့်ကွက်မဲလည်း ပေးနိုင်တယ် ဆိုတော့ ကမ္ဘာတလွှား စာဖတ်သူတွေအတွက် ပျော်ပျော်ကြီး မဲပေးနိုင်ပြီပေါ့။ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူးပေါ့။

ဥပမာ ဦးသိန်းစိန်ကြီးကို မဲပေးမယ် ဆိုပါတော့။ သူနာမည်ကို လိုက်ရှာပြီး ကလစ်လိုက်။
(မရှာချင်ဘူး။ အခုပဲ သွားချင်တယ် ဆိုရင်တော့ လင့်က ဒီလိုပါ - http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html)
Unknown at 6:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဇာတ်လမ်းမဟုတ်တဲ့ ရိုက် ကွင်းပေါ်က မင်းသမီး တစ်ယောက်ရဲ့ ဘဝအကြောင်းဖွင့်ဟလာတဲ့ သင်ဇာဝင့်ကျော်


သင်ဇာဝင့်ကျော်က ဒါရိုက်တာကျော် ဇောလင်းရိုက်ကူးတဲ့ ‘ဝမ်းတူးရိုက်မယ်’ဇာတ် ကားမှာ ပြေတီဦး၊မိုးယုစံတို့နဲ့ သရုပ်ဆောင် နေပြီး ဒီဇာတ်ကားမှာ တအား အကြွား သန်တဲ့ကောင်မလေးအဖြစ်နဲ့ သရုပ် ဆောင်မှာဖြစ်ပါတယ်။ သင်ဇာဝင့် ကျော်ကဟာသလုပ်တဲ့အခါ ပရိသတ် တွေလည်းရယ်မောရအောင်၊ အိုဗာ လည်းမဖြစ်အောင် လုပ်နေကျ ဟာသ ပုံစံလေးပဲသရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဒရာမာလုပ် ရတာကို ပိုကြိုက်ပြီး ဟာသကပိုခက် တယ်လို့ သူ့ရဲ့အတွေ့အကြုံ အရ သုံးသပ် တဲ့ သင်ဇာဝင့် ကျော်က.. ”သူများဝမ်းနည်း အောင်လုပ်ဖို့က ကိုယ်တွေ မျက်ရည်ကျပြရင်ပြီးပြီ။ မျက် ရည်ကအတုသုံးလည်းရ တယ်။ တချို့တွေကလည်း ငိုတဲ့ အချိန် မှာမျက်ရည်အစစ်သုံးတဲ့လူတွေ လည်းရှိပါတယ်။ဒါပေမဲ့ ဟာသကျတော့ အဲဒီလို မဟုတ်ဘူး။အာပေါင်အာရင်းသန်သန်၊လေယူလေ သိမ်းနဲ့ကိုယ့်အိုက်တင်နဲ့တစ် ထပ်တည်းကျမှရယ်ရတယ်။  ဟာသကပိုပြီးခက်ပါတယ်” လို့ပြောပါ တယ်။ အခုလိုပူအိုက်တဲ့ရာသီမှာ မင်းသမီးတွေအနေ နဲ့ ရိုက်ကွင်းမှာ မီးထိုးမှန်ထိုးတွေရဲ့ အပူရှိန်   တွေ၊ မိတ်ကပ်ရဲ့အရှိန်တွေကြောင့် တအားနေရခက်တာမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် လည်း ဇာတ်လမ်းမဟုတ်တဲ့ ရိုက်ကွင်းပေါ် ကမင်းသမီးတစ်ယောက်ရဲ့ ဘဝ အကြောင်းကို သင်ဇာဝင့်ကျော်က..”မင်းသမီးဆိုရင် တချို့တွေက နုနုရွရွ လေးနေရတယ်လို့ ထင်ကြတယ်။ အနုပညာ ဆိုတာ အနုစိတ်တဲ့ပညာကိုပြောချင်တာေ ပါ့။    နုရွတာမဟုတ်ဘူး။ အနုစိတ်တာ။ရာသီဥ တုက တအားပူနေပေမယ့်လည်း ရိုက်ကွင်း ပေါ်မှာမီးတွေထိုး၊မှန်တွေထိုးတာခံရတယ်။ နေပူကျဲတဲဆိုလည်းသူများတွေက ထီးဆောင်း လို့ရတယ်။ ကိုယ်က ဇာတ်ဝင်ခန်းအရ ထီး ဆောင်းလို့မရဘူး။ ကြမ်းနေတဲ့မြေပေါ်မှာ ဖိ နပ်မပါဘဲ ပြေးရတယ်။ ပိုးမွှားတွေရှိတဲ့ ရေ  ကန်ထဲစိမ်ရတယ်။   ရေပုပ်တွေထဲစိမ်ရတာတို့ တစ်ခုချင်းပြောရရင်တော့ အများကြီးပဲ။ဥပမာ  ကတော့ အဲဒါတွေပဲ။နွေဘက်ကြီးကိုဆောင်း တွင်းလို့ပြချင်တဲ့အခါ မီးလှုံရတယ်။ ကြမ်း တမ်းပါတယ်။ ဒီအလုပ်က စိတ်နဲ့ပဲလုပ်ရ တယ်ဆိုပေမယ့် လူကလည်း ပင်ပန်းတဲ့အခါ ကျတော့ စိတ်ရောလူရောပင်ပန်းသွားပြီဆိုရင်တစ်ခါတလေအလုပ်ထဲစိတ်မပါ တာ၊ အာရုံ မစိုက်နိုင်တာ၊စိတ်လေတာတို့ ဖြစ်တတ် တယ်။အဲဒါကြောင့်သင်ဇာက ဇာတ်ကားရိုက် လိုက်နားလိုက်၊မျှမျှတတလေးလုပ်ဖြစ်နေ တယ်။ ဟိုးအရင်တုန်းက လုံးဝနားရက်မရှိ ဘူး။ အဲဒါကြောင့် တအားပင်ပန်းတယ်။ အခုနားပြီးမှပြန်ရိုက်တာ ဒါပထမဦးဆုံးကား ပဲ”လို့  ပွင့်လင်းစွာပြောပြခဲ့ပါတယ်။ သင်ဇာဝင့်ကျော် အားပေးနေ တဲ့ ပရိသတ်အတွက်လည်း အ လုပ်လုပ်ရသလို၊ ကိုယ့်နာမည်အတွက်လည်း အလုပ်လုပ်ရတဲ့အတွက် တာဝန်တွေပို ရှိပြီး ဖြစ်ချင်တာတစ်ခု၊လုပ်ချင်တာတစ်ခုရှိရင်
တောင်ရင်ထဲမှာ မျိုသိပ်ထားရတာက မင်းသ မီးတွေရဲ့ဘဝပါပဲလို့ဆိုပါတယ်။
ခိုင်ဝေလွင်
Unknown at 4:26 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

အနံ ဆိုးဆိုး၊ အဆိပ်ပြင်းပြင်း

အဆိပ်ပြင်းပြင်း

·

ဒီတစ်ခါတော. ကျန်းမာရေးအကြောင်း ကျနော်ဖတ်ဖူးတာလေး မျှဝေချင်ပါတယ်။ အစားအသောက်တွေထဲက အသီးတစ်မျိုးရဲ.အကြောင်းပါ။ ဒီအသီးကို ကျနော်တို. တော်တော်များများစားဖူးကြပါတယ်။ မြန်မာပြည်က ထမင်းဝိုင်းတွေမှာ အတို.အမြှုပ်အဖြစ်စားကြ၊ ကြိုက်ကြပါတယ်။ တကယ်ကျတော. ဆေးပညာအနေနဲ.ဆိုရင် ဒီအသီးကို မစားသင်.ဘူးဆိုတာ ကျနော်စာအုပ်ထဲမှာ ဖတ်မိပြီးသိခဲ.ရပါတယ်။ ဒါကြောင်.ကျနော် ဖတ်ခဲ.ဖူးတဲ. ဒီအသီးအကြောင်းရေးထားတာကို အကျဉ်းချုံးအနေနဲ. ပြန်ပြီးမျှဝေလိုက်ပါတယ်။


အဆိပ်တွေနဲ.အသီး

အားလုံးသိကြတဲ.အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော. တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော. လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ. အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ. ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်. အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံ တက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း ပိုများတယ်လို.ဆိုပါတယ်။


အဆိပ်သင်.ခြင်း

တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကို ပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခု အလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင် အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော. ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင် ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ်. တညင်းသီးမှာပါတဲ. အဆိပ်ကိုတော. ပျက်ပြယ်အောင်မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ. တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီး လုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Urea နဲ. အဆိပ်အတောက်တွေများလာပြီး ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင် အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်း (Acute renal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ. အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက် အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။ တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100% ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေး လျော.နည်းသွားတယ်လို.ဆိုပါတယ်။ တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ. ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်. ထုတ်ပြန်ရေးသားထား တာတွေလည်းရှိပါတယ်လို.ဆိုတယ်။ ဒါကြောင်. စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလိုအသီးကို တတ်နိုင်သမျှတော. မစားသင်.ဘူးလို. ကျနော်ထင်ပါတယ်။
(ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ ကောက်နုတ်၍ အကျဉ်းချုံးဖော်ပြပါသည်။)
Unknown at 4:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခန့်မှန်းရခက်ခက်နဲ့ အဖြေမထွက်သေးတဲ့ ရှမ်း/မြောက်ကပြိုင်ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ ၄၄ နေရာဝင်ရောက်
 ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာတွင်အနိုင်ရရှိထားပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃) အတွက် ရလဒ်များပေါ်ထွက်လာခြင်းမ
ရှိသေးသဖြင့် မည်သူနိုင်မည်ကို အတိအကျမသိရှိရသေးပေ။
 အဆိုပါမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သူများမှာ ပြည်ခိုင်ဖြိုးမှ
 ဒေါ်နန်းကိန်ဖောင်းတစ်၊ အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ကျားဖြူပါတီမှ 
ဦးစိုင်းစံမင်း၊ ကိုးကန့်ပါတီမှ ဦးလော်ဆင်ကွမ်း၊ လားဟူပါတီမှ ဦးယောသပ်
တို့ဖြစ်ကြသည်။ 
ယမန်နေ့ညနေပိုင်းအထိ ပြည်ခိုင်ဖြိုးပါတီက လားရှိုး၊ သိန်းနီ၊ မိုင်းရယ်
သုံးမြို့နယ်ပေါင်းတွင် မဲအသာရရှိနေသော်လည်း စစ်တပ်အတွင်းမှ စည်းကမ်းနှင့်
မကိုက်ညီသော ကြိုတင်မဲ ကိုးရာကျော်ကို ခရိုင်ကော်မရှင်မှ ပယ်ချခဲ့ပြီးနောက်ပိုင်း
တွင် ကျားဖြူနှင့် အန်အယ်လ်ဒီပါတီတို့နှစ်ခုသာ ရှေ့တန်းတက်လာခဲ့ကြသည်။
 ယမန်နေ့ ည ၁၀ နာရီအထိ လားရှိုးမြို့တွင် အန်အယ်လ်ဒီမှ ကျားဖြူပါတီအား
 မဲတစ်သောင်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရရှိထားခဲ့သည်။ တဆက်တည်းပင်
 ကျားဖြူပါတီသည် လားရှိုးမြို့နယ်တွင် ၁၄၃၈၆ မဲရရှိခဲ့ပြီး သိန်းနီမြို့နယ်တွင် 
၅၆၃၄ မဲရရှိထားကာ မိုင်းရယ်မြို့နယ်တွင် ၉၀၅၀ ဖြင့်အသာစီးရရှိထားသဖြင့် 
သုံးမြို့နယ်စုစုပေါင်း ၂၉၀၇၀ မဲရရှိနေပြီဖြစ်သည်။ 
သို့သော် ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ ရောက်ရှိလာသော စာရင်းများအရ
 တန့်ယန်းတွင် ကျားဖြူပါတီက ၁၁၂၂၃ မဲရရှိသွားပြီး ကွမ်းလုံမြို့နယ်တွင် ၁၄၃၃
 မဲရရှိခဲ့သဖြင့် စုစုပေါင်း ၄၁၇၂၆ မဲရရှိသွားခဲ့ပြီဖြစ်သည်။ 

NLD ပါတီသည် လားရှိုးမြို့နယ်တွင် ၃၄၇၃၇ မဲရရှိကာ လားရှိုးမြို့နယ်အတွက် အပြတ်အသတ်အနိုင်ရရှိနေပြီဖြစ်သော်လည်း ကျန်မြို့လေးမြို့တွင် ကျားဖြူနှင့်
 ပြည်ခိုင်ဖြိုးပါတီတို့ထက် မဲရရှိမှုနည်းပါးနေသည်။ သိန်းနီမြို့တွင် ၂၃၆၃ မဲရရှိခဲ့ပြီး 
 မိုင်းရယ်မြို့တွင် ၁၉၇၁ မဲသာရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်းမှာ ယမန့်နေ့ည 
၁၀ နာရီအထိ ၃၉၀၇၁ မဲရရှိနေပြီဖြစ်သည်။ 
ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ ရရှိသည့် မဲစာရင်းများအရ အန်အယ်လ်ဒီပါတီက 
၃၉၆၆ မဲသာရရှိပြီး ကွမ်းလုံမြို့နယ်တွင် ၅၁၆၃ မဲရရှိခဲ့သည်။ ထို့ကြောင့် အန်အယ်လ်ဒီပါတီ၏ ယနေ့နောက်ဆုံး မဲရရှိစာရင်းမှာ ၄၈၂၀၀ ဖြစ်သည်။ 

သို့ဖြစ်၍ လက်ရှိအခြေအနေရ အန်အယ်လ်ဒီပါတီမှာ ကျားဖြူပါတီထက် မဲအသာ
ရရှိနေခဲ့သည်။ သို့သော် လားရှိုးမြို့နယ်အတွင်း ရောက်ရှိမလာသေးသော မဲများမှာ
 လားရှိုးမြို့နှင့် မိုင်သုံးဆယ်ခန့်ကွာဝေးသော ကျေးရွာ ၂၀ ခန့်ရှိနေသေးပြီး တန့်ယန်းမြို့နယ်တွင်လည်း ကျေးရွာ ၉ ခုခန့်ကျန်ရှိနေသောကြောင့် ယင်းကျေးရွာများမှ
 ရောက်ရှိလာမည့် မဲစာရင်းများကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
 ပြည်ခိုင်ဖြိုးပါတီမှာလည်း ကျားဖြူ၊ အန်အယ်လ်ဒီတို့နှင့် မဲရရှိမှု ကွာဟချက်ကြီးမား
စွာမရှိသည့်အတွက် ယင်းပါတီ၏ အေုခအနေကိုလည်း ခန့်မှန်းမရဘဲဖြစ်နေသည်။ 
အဆိုပါကျေးရွာများမှ မဲစာရင်းများကိုထပ်ပေါင်း၍ ကျားဖြူမှ ဦးစိုင်းစံမင်းနှင့် 
အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ပြည်ခိုင်ဖြိုးပါတီတို့မှ ဒေါ်နန်းကိန်ဖောင်းတစ်တို့ 
 မည်သူအနိုင်ရရှိမည်ကို ယနေ့ညနေ ၅ နာရီကျော်တွင် အကြမ်းဖျင်းခန့်မှန်းနိုင်ကောင်းလိမ့်မည်ဖြစ်သော်လည်း အတိအကျအဖြေရလဒ်ကိုမူ လေးရက်ခန့်စောင့်စား
ကြရဦးမည်ဖြစ်သည်ဟု သိရသည်။
ယနေ့ည ၁၀နာရီခွဲတွင် လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်း မဲရလဒ်များကို စစ်ဆေးတွက်ချက်နေကြသော ကိုယ်စားလှယ်လောင်းနှင့်တကွ ပါတီဝင်များကို တွေ့ရစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို

7Day News Journal

Unknown at 4:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တွင် အလှည့်ကျ လျှပ်စစ်မီးပေးဝေမှု ဧပြီ ၂ ရက်စပြီ

မီးပေးဝေမှုကို နှစ်စဉ်ကဲ့သို့ A.B.C အုပ်စု (၃)ခုခွဲ၍ မနက် ၅ နာရီမှ ၁၁ နာရီတစ်ကြိမ်၊ နေ့လည် ၁၁ နာရီမှ ညနေ ၅ နာရီတစ်ကြိမ်၊ ညနေ ၅ နာရီမှ ည ၁၁ နာရီ အထိ တစ်ကြိမ်၊ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ တစ်ကြိမ်နှုန်းဖြင့် အလှည့်ကျ ပေးဝေသွားမည်ဖြစ်
Posted on Mar 29 12 - 11:45 PM
ရန်ကုန်တွင် အလှည့်ကျ လျှပ်စစ်မီးပေးဝေမှု ဧပြီ ၂ ရက်စမည်
ရန်ကုန်မြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဝေမှုကို ဧပြီ ၂ ရက်မှ စတင်၍ အလှည့်ကျမီးပေးစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌဦးမောင်မောင်လတ်ကပြောသည်။ မီးပေးဝေမှုကို နှစ်စဉ်ကဲ့သို့ A.B.C အုပ်စု (၃)ခုခွဲ၍ မနက် ၅ နာရီမှ ၁၁ နာရီတစ်ကြိမ်၊ နေ့လည် ၁၁ နာရီမှ ညနေ ၅ နာရီတစ်ကြိမ်၊ ညနေ ၅ နာရီမှ ည ၁၁ နာရီ အထိ တစ်ကြိမ်၊ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ တစ်ကြိမ်နှုန်းဖြင့် အလှည့်ကျ ပေးဝေသွားမည် ဖြစ်သည်။ ထို့ကြောင့် အုပ်စုတစ်စု မှာ တစ်ရက်လျှင် ၆ နာရီကြာမီးပေးချိန် နှစ်ကြိမ်ရမည်ဖြစ်သည်။

အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏ မြင့်တက်လာပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် ဓာတ်အားလိုအပ်ချက်မြင့်နေသဖြင့် အလှည့်ကျစနစ်အား လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဦးမောင်မောင်လတ်က ဆက်လက်ပြောသည်။ နှစ်စဉ်တွင် ဇူလိုင်လမှသာ လျှပ်စစ်မီးအပြည့်ပေးသည့် စနစ်ကို ပြန်လည်စတင်သော်လည်း ယခုနှစ်၌ ဇူလိုင်လမတိုင်ခင်တွင် လျှပ်စစ်မီးအပြည့်ပေးသည့် စနစ်အား ပြန်လည်ကျင့်သုံးနိုင်ဖွယ်ရှိသည်။

သို့သော်အလှည့်ကျမီးပေးဝေမှုအား H အုပ်စုအဖြစ် အရေးကြီး သောနေရာများအား ထိုစနစ်ကျင့်သုံးမည်မဟုတ်ဘဲ ထိုအုပ်စုဝင်များမှာ လုံခြုံရေးဆိုင်ရာနေရာများ၊ ဆေးရုံများ၊ ပုဂ္ဂလိကဘဏ်များအပါအ၀င် ဘဏ်အားလုံး၊ ဘူတာကြီး၊ ဆက်သွယ်ရေး၊ လေဆိပ်၊ သံရုံး၊ စည်ပင်ရေစက်များ၊ နိုင်ငံပိုင်စက်ရုံ၊ CNG ပေးဝေရာ နေရာများ၊ ရဲဌာနများအား တစ် နှစ်ပတ်လုံး မီးအပြည့်ပေးသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။

Credit: 7Day News Journal
Unknown at 1:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီဒီယာသမားတွေအတွက် ဘာဥပဒေမှမလိုဘူးဆိုတဲ့ လူထုစိန်ဝင်း သို့


-   သေနတ်ကိုင်တဲ့လူတွေက သေနတ်ကိုင်ပြီး ဥပဒေအထိန်းအကွပ်မရှိဘဲ သူမှန်တယ်ထင်တိုင်း ပစ်နေတာကို မကြိုက်ဘူးဆိုရင်..
-  လက်ထိပ်ကိုင်တဲ့သူတွေက လက်ထိပ်တကားကားနဲ့ ဥပဒေအထိန်းအကွပ်မရှိဘဲ သူမှန်တယ်ထင်တိုင်း ဖမ်းနေဆီးနေတာကို မကြိုက်ဘူးဆိုရင် 
-  တရားစီရင်တဲ့သူတွေက ဥပဒေအထိန်းအကွပ်မရှိပဲ သူမှန်တယ်ထင်တိုင်း စီရင်နေတာကိုမကြိုက်ဘူးဆိုရင် 
-  အုပ်ချုပ်ရေး အာဏာပိုင်တွေက ဥပဒေအထိန်းအကွပ်မရှိပဲ သူမှန်တယ်ထင်တိုင်း အုပ်ချုပ်နေတာကိုမကြိုက်ဘူးဆိုရင် 
- ခင်ဗျားတို့မီဒီယာသမားတွေ ကလောင်ကိုင်ပြီး ဥပဒေအထိန်းအကွပ်မရှိပဲ မှန်တယ်ထင်တိုင်းရေးနေတာကို ကျန်တဲ့သူတွေကရော ဘယ်ကြိုက်မလဲဗျာ....

ကျည်ဆန်တစ်တောင့်မှားပစ်ရင် လူတစ်ယောက်ကိုပဲ သေစေနိုင်တယ် 
လက်ထိပ်တစ်ခုနဲ့ မှားဖမ်းရင်လည်း  လူတစ်ယောက်ကိုပဲ  မှားဖမ်းနိုင်တယ်
စီရင်ချက်တစ်ခုမှားချရင်လည်း အလားတူပဲ အကျိုးသက်ရောက်နိုင်တယ် 
ခင်ဗျားလို ခပ်ကြောင်ကြောင် ကလောင်တစ်ချောင်းကြောင့် စာဖတ်မိတဲ့သူတိုင်း အဆိပ်သင့်သွားနိုင်တယ် ၊ ပျက်စီးရာပျက်စီးကြောင်းတွေ ဖြစ်သွားနိုင်တယ်ဆိုတာ သေခါနီးထိ တရားမရနိုင်တာ အံ့သြမိတယ် .....အကုသိုလ်တွေများလွန်းတော့ အ၀ိစိကတော့ရောက်မှာ ရောက်မှာပါဘဲ....တော်ကြာ အ၀ိစိကို ဖြတ်ကနဲ ရောက်မသွားပဲ ကိုယ့်ဖာသာ ယက်ပြီးဆင်းနေရမှာစိုးလို့ ရေးလိုက်ပါတယ် ။

( ခုလို ကိုယ့်ကို သူများက လွတ်လွတ်လပ်လပ်ကြီး ရေးချလိုက်တာကိုလည်း ပြုံးပြုံးကြီးဖတ်ပေရော့ )

ဒေါက်တာဆိတ်ဖွား
Unknown at 12:24 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

April Fool's Day က နိုင်ငံရေးယောင်ယောင်နဲ့ သာမာန်ပြည်သူတွေ ဘယ်လိုတွေးကြလဲ..




ဖြစ်စဉ် - ၁
(လူ-၁) ဟေးးးးး နိုင်ပြီကွ...ဟဟ. အဲလိုပဲဖြစ်နေရမယ်.. အစကတည်းကကြိုသိနေတာ.. ဒီတိုင်းပဲဖြစ်ရမှာပေါ့
(လူ-၂) ဟင်.. ဘယ်သူနိုင်တာလဲ NLD လား. ကြံ့ဖွံ့လား ????????
(လူ-၁) အာ.. ဘာတွေလာပြောနေတာလဲ.. ဒီမှာ ဂိမ်း နိုင်လို့ အော်တာပါကွ...
(လူ-၂) အော်.. မသိဘူးလေ.. ဖေ့ဘုတ်မှာ ဒါပဲ ခေတ်စားနေတာကိုး...

ဖြစ်စဉ် - ၂
(လူ-၁) ဟင်.. ဖယောင်းတွေကပ်ထားတယ် ဆိုပါလား... လုပ်ရက်လိုက်ကြတာ.
(လူ-၂) ဘယ်သူတွေလဲ.. ဘယ်ကောင်တွေလဲ.. ဒီလောက်ယုတ်မာတာ.. ဒီလိုလုပ်လို့ရမလားကွ ... ဟို post တစ်ခုမှာ ဖုန်းနံပါတ်ထည့်ထားတယ်လေ အဲဒီကိုဖုန်းဆက်တိုင်လိုက်လေ..
(လူ-၁) အမ်.. ဘာတွေလာပြောနေတာလဲ.. ဒီမှာ ဝယ်လာတဲ့ ပန်းသီးကို ခြစ်ကြည့်နေတာ.. ဖယောင်းတွေပါလာလို့...
(လူ-၂) နို့.သိမှမသိပဲဟာကို .. ဖေ့ဘုတ်မှာ အဲဒါက ဟော့နေလို့ ဒါများလားလို့..

ဖြစ်စဉ် - ၃
(လူ-၁) တောက်... ပိုက်ဆံ ၁၀၀၀ လောက်ရှိရုံနဲ့ဖြစ်တယ်ကွာ....
(လူ-၂) ဘာလဲ..မင်းလဲအားကျပြီး ပါး သွားရိုက်မလို့လား...
(လူ-၁) ဟိုက်.. ဒီကောင်ဘာတွေဖြစ်နေပါလိမ့်... ဟို ကုန်တိုက်မှာ ဖိနပ်တွေ discount ချနေတာ ပိုက်ဆံပါမသွားလို့ မဝယ်ခဲ့ရတာကို တင်းနေတာကွ..
(လူ-၂) အာ... မင်းက ပြောလိုက်ရင် မရှင်းမရှင်းနဲ့.. ငါက ဖေ့ဘုတ်က ကိစ္စတွေပြောနေတယ်မှတ်နေတာ... :D:D:D

 
ဘကြီးသက်...
Unknown at 10:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နန်းဝိုးဖန် မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ်

ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုအား သတင်းထောက်များမှ မေးမြန်းနေစဉ်
ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းနေသည့်ကာလအတွင်း ယင်းအမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနရုံး ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ် မတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲတစ်ခု မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ် လ ၂၁ ရက်နေ့မှစတင်၍ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာနက မနန်းဝိုးဖန် ၀ယ်ယူထားသော မြေကွက်ကိစ္စများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးနေရာမှ မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ အချိန် ခန့်၌ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန အဆောက်အဦး၏ ငါးလွှာရှိ ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပြီး နံနက် ၆ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ မနန်းဝိုးဖန် (အသက် ၂၀ နှစ်)သည် တာချီလိတ်မြို့နယ် နေသူဖြစ်ကြောင်း၊ ဂျပန်အမျိုးသားတစ်ဦးနှင့် လွန်ခဲ့သော သုံးနှစ်ခန့်က ရှမ်းရိုးရာဖြင့်သာ လက်ထပ်ထားသူ တစ်ဦးဖြစ်ကြောင်း၊ မြေကွက်များကို ၀ယ်ယူထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
''မတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်က (စ.စ.စ)လုံးကိုသွားတော့ ကျွန်မနဲ့ နန်းဝိုးဖန်ကို တစ်ခန်းစီ ခွဲစစ်တယ်။ အဲဒီက နန်းဝိုးဖန်တို့ ၀ယ်ထားတဲ့ မြေကွက်တွေနဲ့ ပတ်သက်ပြီးတော့ စီးပွားရေး လမ်းကြောင်းအရ စစ်တယ်လို့ ပြောတယ်။ ကျွန်မကို ဘာကြောင့် စစ်တာလည်း မသိလို့ မေးကြည့်တော့ အမှုနဲ့ပတ်သတ်နေတဲ့အတွက် ကိုယ်သိသလောက် ပြောပေးဖို့ ပြောတယ်။ ကျွန်မ သိတာတွေကို ပြောပြရတယ်။ အဲဒီနေ့ညမှာဘဲ နန်းဝိုးဖန်တည်းတဲ့ ဟိုတယ်မှာ သက်ဆိုင်ရာလူကြီးတွေနဲ့ သွားပြီးတော့ ရှိသမျ စာရွက်စာတမ်းတွေကို သိမ်းလိုက်တယ်။ ပြီးတော့ နန်းဝိုးဖန်က ဗဟန်းမှာ တိုက်ခန်းတစ်ခန်း ဌားထားတာရှိတယ်။ တိုက်ခန်းထဲက စာရွက် စာတမ်းနဲ့ လိုအပ်တာတွေ အကုန်လုံးကို ယူတယ်။ အဲဒီအချိန်မှာ ကျွန်မက အောက်မှာ အစောင့်တွေနဲ့ ကျန်ခဲ့တယ်။ နန်းဝိုးဖန်း တစ်ယောက်တည်း အပေါ်ကို ပါသွားတယ်။ ပြန်ဆင်းလာတော့ သူကငယ်လည်း ငယ်တော့ အရမ်းကို ကြောက်ပြီး ငိုနေတယ်။ ကျွန်မက အဲဒီချိန်မှာတော့ သူ့ကို ပြောလိုက်ပါတယ်။ စီးပွားရေးအရ ဖြေရှင်းတာ ဖြစ်တဲ့အတွက် မကြောက်ဖို့ကိုလည်း ပြောလိုက်ပါသေးတယ်''ဟု မနန်းဝိုးဖန်၏ အိမ်ခြံမြေကိစ္စများတွင် ဆောင်ရွက် ပေးခဲ့သော ရှေ့နေဖြစ်သူ မအိအိအောင်က ပြောကြားခဲ့သည်။
၎င်းကဆက်လက်၍ ''နောက်နေ့က စပြီး သူ့ကို စကားပြောလို့ မရတော့ဘူး။ လက်ဟန်နဲ့ဘဲ ပြောလို့ရတော့တယ်။ သူ့အနောက်မှာ တစ်ယောက် အမြဲတန်းပါတယ်။ ကျွန်မလည်း အိမ်သာသွားမလို့ ထတာနဲ့ တစ်ယောက် ကပ်လိုက်လာတယ်။ အမှန်တစ်ကယ်က မတ်လ ၂၂ ရက်နေ့ နေ့လည်ကတည်းက ကျွန်မကို ပြန်ခိုင်းတယ်။ ကျွန်မနဲ့ မဆိုင်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မက မပြန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နန်းဝိုးဖန်း ရန်ကုန်  ဆင်းလာတဲ့ အချိန်ကတည်းက ကျွန်မနဲ့အတူနေတာ လေးလလောက် ရှိပြီဆိုတော့ အဲဒီမှာဘဲ အတူတူ ဆက်နေလိုက်တယ်။
အဲဒီမှာဘဲ ညဘက်မှာ ခုံတွေဆက်ပြီး ညအိပ်တယ်။ သူက ရှမ်းလူမျိုးဖြစ်တဲ့အတွက် ဗမာစကား ကောင်းကောင်း မပြောနိုင်တဲ့အတွက်ကို ရှမ်းစကားပြန်နဲ့ စစ်ပေးဖို့ ပြောသေးတယ်။ ဒါပေမဲ့ သူတို့ဆီမှာ မရှိဘူးလို့ပြော တယ်။ သူက ခုန်ချတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက အရမ်းကြောက်တတ်တယ်။ မတ်လ ၂၃ ရက်နေ့မှာဘဲ သူမူးလို့ဆိုပြီး သကြားရည် ဖျော်သောက်တယ်။ ပြီးတော့ အဲဒီနေရာမှာဘဲ မူးလှဲ သွားတယ်။ သူက သွေးပေါင်ကျတတ်တယ်။ အဲဒီက လူကြီးတစ်ယောက်က သွေးပေါင် လာတိုင်းတယ်။ သွေးပေါင်ချိန်က ပုံမှန်ပါဘဲလို့ ပြောတယ်။ လူကတော့ ဖြော့တော့တော့ ဖြစ်နေတယ်။
၂၃ ရက်နေ့ညက အစောင့်တွေနဲ့ အိမ်ပြန်ပြီး ရေမိုးချိုး မုန့်ထွက်စားကြတယ်။ ပြီးတော့ ဟော့ပေါ့စားတယ်။ တော်တော်များများကို စားတယ်။ ကျွန်မက သူ့ကို သိပ်မစားဖို့လည်း ပြောတယ်။ စားပြီး ပြန်လာတော့ သူ့ကိုစစ်ဖို့ လုပ်တဲ့အချိန် အိပ်ပျော်နေတယ်။ ၂၄ ရက်နေ့ မနက် ၄ နာရီလောက်မှာ ကျွန်မနိုးတော့ ကြည့်လိုက်တဲ့အချိန်မှာ အစောင့်နှစ်နဲ့ သူနဲ့ ရှိနေတယ်။ သူက ကျွန်မအိပ်တဲ့နေရာရဲ့ ခေါင်းရင်းမှာ အင်္ဂျာီ အစိမ်းရောင်လေးနဲ့ ထိုင်နေတာ တွေ့ရတယ်။ ပြီးတော့ သူက ဗိုက်နာတယ်ဆိုပြီး အိမ်သာသွားတယ်လို့ အစောင့်တွေက ပြောတယ်။ အန်မယ်လို့ ပြောပြီး ရှေ့ပြတင်းပေါက်မှာ သွားအန်တယ်။ ကျွန်မကတော့ လိုက်လို့မရဘူး။ ပြီးတော့ သူပြန်လာတယ်။ ကျွန်မကလည်း ပြန်ပြီး အိပ်လိုက်တဲ့အချိန်မှာ မှေးကနဲ အိပ်ပျော်သွားတယ်။ အဲဒီမှာ ဖိနပ်သံတစ်ခုကို ကြားလိုက်တယ်။ အန်မယ်ဆိုတဲ့ အသံကိုတော့ တိုးတိုးလေး ကြားလိုက်ရတယ်။ ပြီးလည်း ပြီးတော့ လှစ်ခနဲ ထွက်သွားတာ တွေ့လိုက်ရတယ်။ အဲဒီချိန် ကျွန်မကလည်း အစောင့်တွေကို အန်မယ်ဆိုပြီး ထွက်သွားပြန်ပြီးနဲ့တူတယ်လို့ ပြောလိုက်သေးတယ်။ ဒုက္ခပါဘဲတော် မရှိတော့ဘူး မရှိတော့ဘူးဆိုပြီး အသံတစ်ခု ကြားလိုက်တယ်။ အစောင့်တစ်ယောက်က လာကြည့်ကြည့်ဆိုပြီး ကျွန်မကိုပြတယ်။
ပြီးတော့မှ ထမီစအစိမ်းလေးဘဲ မြင်လိုက်ရတယ်။ ကျွန်မတို့ ဆင်းကြည့်တယ်။ အဲဒီချိန်မှာသူက ၀ူးဝူးဝါးဝါး အော်နေတာကိုဘဲ တွေ့ရတယ်။ ပြီးတော့ ဆေးရုံကိုပို့ လိုက်တယ်။ ကျွန်မလိုက်မေးကြည့်တော့ မနက် ၉ နာရီလောက်အထိကို အကုန်လုံးက မသေသေးဘူးလို့ ပြောကြတယ်''ဟု ပြောကြားခဲ့သည်။ ထို့အပြင် မနန်းဝိုးဖန်၏ ဖခင်ဖြစ်သူ ဦးအိုက်ခန်းကလည်း ''သမီးနဲ့ ဂျပန်နိုင်ငံသားတို့က ရှမ်းရိုးရာအနေနဲ့ လက်ထပ်ထားတာပါ။ မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီလောက်မှာ သမီးနေမကောင်းဘူးလို့ သူ့အစ်မဆီကို (စ.စ.စ) လုံးက အကြောင်းကြားတယ်။ ည ၇ နာရီ လောက်မှာ ဆုံးသွားပြီလို့ ပြောတယ်။ သမီးက တာလော့မှာ အလုပ်သွားလုပ်ရင်း ဂျပန်နိုင်ငံသားနဲ့ တွေ့ခဲ့တာပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကပါ။ စိတ်ကတော့ မပျော်ဘူး။ ခါတိုင်းလာတုန်းက သမီးကိုတွေ့ရတယ်။ ဒီတစ်ခါလာတော့ သမီးကို မတွေ့ရဘူး'' ဟု ပြောကြားခဲ့သည်။
ထို့နောက် မနန်းဝိုးဖန်၏ အမျိုးသားဖြစ်သူ ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုကလည်း '' အိမ်ခြံမြေ ကိစ္စတွေနဲ့ ပတ်သက်ပြီး (စ.စ.စ) က စစ်နေတာကို သိတယ်။ နန်းဝိုးဖန် နာမည်သုံးပြီး ၀ယ်တယ်ဆိုတာကို အဓိက ထားပြီး စစ်တယ်။ နန်းဝိုးဖန် နာမည်ကို ကျွန်တော်သုံးပြီး ၀ယ်တာ မဟုတ်ပါဘူး။ မိန်းမတစ်ယောက်အနေနဲ့ အကုန်ပေးခဲ့တာပါ။ အဲဒါကြောင့်မလို့လည်း  စာချုပ်စာတမ်းတွေ အကုန်ပေးထားတာပါ။ တကယ်လို့သာ အမည်ခံသာဆိုရင် နန်းဝိုးဖန်လက်ထဲမှာ ဒီစာချုပ်စာတမ်းတွေ ရှိနေစရာ အကြောင်းမရှိဘူး။ အိမ်ခြံမြေ ကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာကို မေးကြည့်တဲ့အခါမှာ အထက်ကို တင်ပြရမယ်လို့ပြောတယ်။ သူတို့ ဆုံးဖြတ်ချက်ချမလား။ ဒါမှမဟုတ် အဖေကို ပေးမလား။ အမေကို ပေးမလား။ စစ်ဆေးရေးကာလ သုံးရက်မှာ တစ်နေ့ကို နန်းဝိုးဖန်ကို ၂ နာရီလောက်ဘဲ ပြန်ခွင့်ပေးတယ်။ ၁၉ နှစ်အရွယ် မြန်မာလိုကလည်း မကျွမ်းဘူး။ ရှမ်းစကားဘဲ တတ်တယ်။ အနားမှာလည်း စကားပြန်မရှိဘူး။ ဒီနိုင်ငံက ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူးလား။ ရန်ကုန်က မြန်မာတစ်ယောက်ဆိုရင် ဒီလိုဘဲ ခေါ်စစ်မှာလား။ ဘာကြောင့်လည်းဆိုရင် တစ်ရက်ကို နှစ်နာရီဘဲ ပြန်ခွင့်ပေးတယ်ဆိုတာ ထောင်ထဲ ထည့်ထားတာနဲ့ အတူတူဘဲ။ ကျွန်တော်ကတော့ ဖိအားဒဏ်တွေများပြီး သူ့ကိုသူ သေကြောင်းကြံသွားတယ်လို့ ထင်တယ်။ ဒါကြောင့်မလို့ ကျွန်တော်မိန်းမကို စစ်ဆေးခဲ့သူကို အထက်လူကြီးတွေက ပြန်ပြီးစစ်ဆေးချင်ပါတယ် ''ဟု ပြောကြားခဲ့သည်။
''ဘယ်ဌာနဆိုင်ရာမဆို  ပြည်သူတစ်ဦးကို ခေါ်ယူစစ်ဆေးတာ ချုပ်နှောင်တာ လုပ်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၆ နဲ့  ညီမညီ သတိပြုရမှာဖြစ်ပါတယ်''ဟု ရှေ့နေတစ်ဦးက ဆိုပါသည်။ ''နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင် ခြင်းမပြုရ''ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၇၆ အရ သိရသည်။
ရဲထံ သတင်းပေးခြင်းနှင့် ရဲတို့ စုံစမ်းထောက်လှမ်းရန် အာဏာများ အခန်း၁၄ အရ စုံစမ်းထောက်လှမ်းခြင်းပြုသော မည်သည့် ရဲအရာရှိမဆို သို့မဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတက ယေဘုယျ၊ သို့မဟုတ် အထူးအမိန့်ဖြင့် သတ်မှတ် သည့် အဆင့်ထက် မနိမ့်သော ရဲအရာရှိတစ်ဦးသည် အဆိုပါအရာရှိ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လျက် အမှု၏ အကြောင်းအချင်းအရာနှင့် အဖြစ်အပျက် အကြောင်းအရာများကို သိကျွမ်းသည်ဟု ထင်မြင်ယူဆရသော မည်သူ့ကိုမဆို နှုတ်ဖြင့် စစ်မေးနိုင်ကြောင်း သိရသည်။
ထိုသို့ စစ်မေးခြင်းခံရသူသည် အမှုနှင့် စပ်လျဉ်း၍ မိမိအပေါ် ပြစ်မှုကြောင်းအရ စွဲဆိုခြင်း၊ ပြစ်ဒဏ်စီရင်ခြင်း သို့မဟုတ် ခံဝန်အရ ပေးလျော်စေခြင်း ဖြစ်စေမည့် မေးခွန်းများကို ဖြေဆိုရန် တာဝန်မရှိကြောင်း ပြစ်မှုဆိုင်ရာ ပြစ်ထုံးပုဒ်မ ၁၆၁ အရ သိရသည်။

မည်သည့် ရဲအရာရှိ သို့မဟုတ် အခွင့်အာဏာရှိသူ အခြားသူတစ်ဦး တစ်ယောက်မျှ သက်သေခံ အက်ဥပဒေပုဒ်မ ၂၄ တွင် ဖော်ပြထားသည့်အတိုင်း သွေးဆောင်မှု၊ ခြိမ်းခြောက်မှု၊ သို့မဟုတ် ကတိထားမှုတစ်စုံတစ်ရာကို ကမ်းလှမ်းခြင်း သို့မဟုတ် ပြုလုပ်ခြင်း၊ သို့မဟုတ် ကမ်းလှမ်းစေ ခြင်း သို့မဟုတ် ပြုလုပ်စေခြင်း မရှိစေရဟု ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၁၆၃ တွင် ပြဋ္ဌာန်းထားပါသည်။

Eleven (EMG)
Unknown at 10:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆိုရှယ်ဆိုက် တလွဲအသုံးချတာကြောင့် လူမှုရေးပြဿနာတွေရှိလာ




ဆိုရှယ်ဝက်ဘ်ဆိုက်တွေ ရှိလာတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ခင်မင်သိကျွမ်းရတာ လွယ်ကူလာပေမဲ့ ဆိုရှယ်ဝက်ဘ်ဆိုက်တွေကို တလွဲအသုံးချတဲ့သူတွေကြောင့် လူမှုရေးပြဿနာတွေ၊ အိမ်ထောင်ရေးပြဿနာ ရှုပ်ထွေးမှုတွေ ရှိလာတာကို တွေ့ရပါတယ်။ သည်အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် စိတ်ပညာပါမောက္ခ ဒေါက်တာ အောင်မြတ်ကျော်စိန်က “ခေတ်နဲ့အညီ နည်းပညာပိုင်းတွေ တိုးတက်လာတာက ကောင်းဖို့အတွက် ရည်ရွယ်ပြီး လုပ်ထားတာ၊ ပညာရပ်တွေ၊ စီးပွားရေးအကြောင်း၊ ဗဟုသုတရတာတွေကို ဘာပဲလုပ်လုပ် သိစေဖို့ကို နည်းပညာတွေက အားပေးတယ်၊ နည်းပညာမှာလဲ ဖျော်ဖြေမှုသဘောပါတယ်၊ အင်တာနက်ကို စိတ်အပန်းဖြေဖို့ သဘောမျိုး သုံးတာတွေရှိတယ်။ ဆိုရှယ်အသိုင်းအဝိုင်း ကျယ်ပြန့်ဖို့ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုရင် အရေးမကြီးဘူး၊ အလုပ်အကိုင်အတွက်၊ ပညာအတွက် မဟုတ်ဘဲ မကောင်းတဲ့ဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သုံးတာတွေရှိလာတော့ မကောင်းတဲ့ဆိုးကျိုးတွေ ဖြစ်လာတယ်” လို့ ပြောပါတယ်။ တချို့က ဆိုရှယ်ဆိုက်တွေကို သုံးပြီး ကိုယ့်မှာအိမ်ထောင်ရှိပေမဲ့လည်း မရှိဘူးလို့ လိမ်လည်ပြီး တခြားသူနဲ့ထပ်ပြီး ချစ်ကြိုက်တဲ့ အဖြစ်အပျက်တွေကြောင့် အိမ်ထောင်ရေးပြဿနာ၊ လူမှုရေးပြဿနာတွေ ဖြစ်ကြတာရှိတယ်။ ဆိုရှယ်ဆိုက်တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးရတာ၊ ချစ်ကြိုက်ရတာလွယ်တော့ ခုနောက်ပိုင်း အင်တာနက်ထဲကနေ လူပျိုလူလွတ်ချင်း ချစ်ကြိုက်တာတွေက အရင်ထက်စာရင် များလာတယ်။ အိမ်ထောင်ရှိတဲ့ ယောက်ျား၊ မိန်းမနဲ့ တခြားငယ်ရွယ်သူတွေ ချစ်ကြိုက်မိတာတွေလည်း ရှိလာတယ်လို့ လူငယ်တချို့ကို မေးမြန်းချက်အရ သိရပါတယ်။ ဆိုရှယ်ဆိုက်တွေမှာ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဝင်လာတဲ့သူတွေ ရှိတဲ့အတွက် ရင်းနှီးသူဆိုလည်း ကိုယ့်ဘက်က စည်းတစ်ခု သတ်မှတ်ပြီး အတိုင်းအတာတစ်ခုထိ မကျော်လွန်မိဖို့ လိုတယ်။ လိမ်လည်တဲ့သူတွေကတော့ နေရာအနှံ့မှာရှိနေပြီး လိမ်လို့ရတဲ့သူတွေကိုတော့ စိတ်ဝင်စားအောင် ကိုယ့်ဘက်ပါအောင်ပြောပြီး လိမ်လည်နေမှာပဲ။ ကာယကံရှင်တွေဘက်ကသာ သတိထားပြီး နေသင့်တယ်။ သည်လို ဆိုရှယ်ဆိုက်တွေကို တစ်လွဲ အသုံးပြုလာတာကလည်း သူတို့မှာ အချိန်တွေ ပိုနေလို့ ၊ အလုပ်လက်မဲ့တွေ ရှိနေတဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ပိုင်းကျရင် နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာမယ်ဆိုရင် အလုပ်လက်မဲ့ ဖြစ်တဲ့သူလည်း နည်းသွားပြီး သည်အဖြစ်အပျက်မျိုးတွေ ဖြစ်ချင်မှ ဖြစ်လာနိုင်မယ်လို့ ဒေါက်တာ အောင်မြတ်ကျော်စိန်က ပြောကြား
 ခဲ့သည်။
Unknown at 10:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခုနစ်ရက်သားသမီးများအတွက် (၂.၄.၂၀၁၂) မှ (၈.၄.၂၀၁၂) ထိ တပတ်စာဗေဒင်ဟောစာတမ်း

zodiac
ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အိုးသစ်၊ အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်
သည်။ ကောင်းသည်။ စီးပွားရေးအစစအရာရာအဆင်ပြေနေမည်။ သို့သော်ဆွေမျိုးသားချင်း
၊ လက်အောက်ငယ်သားများ အတွက် ငွေကုန်များနေမည်။ စိတ်ချမ်းသာစရာများဆက်တိုက်ဖြစ်နေမည်။
ဆွေမျိုးသားချင်းတဦးကျန်းမာရေးညံ့နေမည်။ အလှူမင်္ဂလာပြုလုပ်ရတတ်သည်။ မိမိခန္ဓာကိုယ်နာကျင်
ကိုက်ခဲနေမည်။ ဆိုးဆိုးဝါးဝါး မဟုတ်ပါ။ နောက်သုံးလကျော်လျှင်စီးပွားရေး ပိုမိုအောင်မြင်မည်။ အချစ်ရေး
တွင် မိမိဘက်မှစိတ်မ၀င်စားသကဲ့သို့ဖြစ်နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း။ ( ၉၊ ၁၊ ၁၊ ၀ )
 

တနင်္လာသားသမီးများ၏ကံကြမ္မာ
ရာထူးတိုးခြင်း၊ လစာတိုးခြင်း၊ စီးပွားတက်ခြင်းဖြစ်မည်။ ကားသစ်ဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်း တိုက်ခန်းဆေး
သုတ်ခင်း၊ ကြွေပြားကပ်ခြင်းများပြုလုပ်ရတတ်သည်။ မကြာခဏခရီးထွက်နေရတတ်သည်။ မိတ်ဆွေတယောက်
အတွက်သောကရောက်ရတတ်သည်။ သားသမီးရှိသော် သားသမီးအတွက်စိတ်တိုင်းမကျဖြစ်နေရမည်။ ငွေများ
စွာဝင်မည်။ လူလိမ်ခံရတတ်သည်။ သတိထားပါ။ ယားနာပေါက်ခြင်း၊ မိမိရင်ဘတ်အောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေးနှင့်ပတ်သက်လျှင် အစစအရာရာအဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စမူဆာကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၈၊ ၂၊ ၃၊ ၂ )
 

အင်္ဂါသားသမီးများ၏ကံကြမ္မာ
ပညာတခုရရှိမည်။ ဖြေဆိုထားသောစာမေးပွဲ၊ အင်တာဗြူး အောင်မြင်မည်။ အလုပ်တခုမှတခုသို့ အပြောင်း
အလဲဖြစ်မည်။ သတင်းကောင်းကြားရမည်။ မသွားရဘူးလိုလိုနှင့် ခရီးသွားရတတ်သည်။ စာချုပ်စာတမ်း
လက်မှတ်ရေးထိုးရတတ်သည်။ စီးပွားရေး အဆင်ပြေမလိုနှင့် ထင်သလိုဖြစ်မလာသေးသောအချိန်ဖြစ်နေသည်။
ဓါတ်ပုံများရောက်လာတတ်သည်။ ကောင်းသည်။ အကြောနာခြင်း၊ သွေးတိုးခြင်းဖြစ်နေမည်။  အိမ်တွင်းရေးအဆင်
မပြေဖြစ်နေတတ်သည်။ အချစ်ရေးတွင် ကြားလူ တဦးမှ ၀င်ရောက်နှောင့်ယှက်ခြင်းခံနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲထမင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇၊ ၃၊ ၃၊ ၁)
 

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
မိမိအိမ်နားတွင် ပွဲလမ်းသဘင်ဖြစ်လျှင် စီးပွားတက်ခြင်း၊ ထီပေါက်ခြင်းဖြစ်တတ်သည်။ ငွေအလုံးအရင်း
ဝင်ကိန်းရှိသည်။ ရိုးရိုးသားသားသာစီးပွားရှာပါ။ ဖြတ်လမ်းနည်းနှင့်စီးပွားမရှာပါနှင့်။ အလောင်းအစားမလုပ်ပါနှင့်။
အနားမရအောင် အလုပ်များနေမည်။ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေးအဆင်မပြေဖြစ်နေမည်။ အချစ်ရေး
တွင် မိမိစိတ်တိုင်းကျဖြစ်နေမည်။  နားနာခြင်း၊ ဒူးနာခြင်းဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆၊ ၄၊ ၅၊ ၄)
 

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အမှုဖြစ်နေသူကို ငွေချေးခြင်း၊ သက်သေလိုက်ချင်းမလုပ်ပါနှင့်၊ မဖြစ်မနေလုပ်မိသော် မိမိပါဒုက္ခရောက်
တတ်သည်။ ပညာတခုသင်ရခြင်း၊ သင်တန်းတက်ရခြင်းဖြစ်တတ်သည်။ အလုပ်တွင်စိတ်မ၀င်စားသကဲ့
သို့ဖြစ်နေမည်။ သို့သော်အလုပ်မပြောင်းပါနှင့်၊ အစစအရာရာသည်းခံပြီးနေပါ။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။
ငွေဝင်မည်ဖြစ်သော်လည်းငွေထွက်လည်းများနေမည်။ လေထိုးလေအောင့်ခြင်းဖြစ်နေမည်။ အချစ်ရေးတွင်
မိန်းကလေးတဦးအတွက် စိတ်ညစ်စရာကြုံတွေ့ရ တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အာလူးကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅၊ ၇၊ ၇၊ ၀ )

သောကြာသားသမီးများ၏ကံကြမ္မာ
လုပ်သောကိစ္စများမပြီးပြတ်ပဲ ဖြစ်နေမည်။ လုပ်နေသောစီးပွားရေးများ ရှေ့သို့မတိုးပဲနှောင့်နှေးနေမည်။ လုပ်သမျှ လွဲချော်ပြီး
စီးပွားရေးကျနေမည်။  မိမိအိမ်သို့ အရက်ပုလင်းများ ရောက်လာလျှင်အမြန်ဆုံးစွန့်ပစ်ပါ။ အမှုအခင်းဖြစ်တတ်သည်။
သတိထားပါ။ အမှုမဖြစ်အောင်နေပါ။ ငွေကုန်ပြီး ကြာသွားတတ်သည်။ လောကဓံ၏ နှိပ်စက်မှု ခံရတတ်သည်။ သည်း
ခံပြီးသာနေပါ။ တတ်နိုင်သလောက်ဘာသာရေး လုပ်ပါ။  ကျန်းမာရေးကောင်းမည်။ အချစ်ရေးမှာလည်း မရေမရာဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လက်ဖက်သုပ်နှင့်ထမင်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄၊ ၃၊ ၆၊ ၆ )
စနေသားသမီးများ၏ကံကြမ္မာ
ငွေဆက်တိုက်ဝင်နေမည်။ စက်ပစ္စည်းဝင်ခြင်း၊ မျက်မှန်ဝင်ခြင်း၊ လုပ်ငန်းတွင်ရန်ပေါ်တတ်သည်။ သတိထားပါ။ မိန်းကလေး
တဦးမှမိမိအားသိက္ခာ ကျအောင်လုပ်တတ်သည်။ အစားမှားခြင်းဖြစ်တတ်သည်။ ခြေလက်ထိခိုက်တတ်သည်။   ကြာသပတေး
နံကို အကြောင်းပြုပြီး စကားပြောရတတ်သည်။ အမွေရတတ်သည်။ သို့သော် ယခုအချိန်ယူလျှင် အကျိုးမရှိပဲကုန်သွားတတ်
သည်။ ယခုရက်ပိုင်းတွင် ဘာစားစားအရသာမရှိသလိုဖြစ်နေမည်။ အချစ်ရေးတွင်စန်းအားကောင်းနေသောကြောင့်
သတိထားရွေးချယ်ဆုံးဖြတ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခေါက်ဆွဲသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃၊ ၂၊ ၇၊ ၀ )
 

Unknown at 9:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း

Publish Post
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစြု
ကည်ထံမှ... ပြည်သူလူထုများသို့ .....။ ========================= ယနေ့ ကြားဖြတ်ကောက်ပွဲရလဒ်သည် ပြည်သူလူထု၏ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရကြောင်း သတင်းများတက်နေပါသည်။ ယခုလိုအချိန်မှာ... ထောက်ခံသော ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။ သို့ သော်လည်း.... တဖက်အဖွဲ့ အစည်း နှင့် ပုဂွိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအရာ အလုပ်အကိုင်များ လုံးဝရှောင်ရှားရမည် ဖြစ်သည်။ ပြည်သူသူ၏အောင်နိုင်မှုသည်... သိက္ခာရှိသောအောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်အားလုံး အထူးသတိပြုစေလိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
Photo- Khu Daun
NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း
၁။ ၀ါးခယ်မ ဧရာဝတီတိုင်း
၂။ မြန်အောင် ဧရာဝတီတိုင်း
၃။ မအူပင် ဧရာဝတီတိုင်း
၎။မြောင်းမြ ဧရာဝတီတိုင်း
၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
၆။ ရေကြည် ဧရာဝတီတိုင်း
၇။ ပခုက္ကူ မကွေးတိုင်း
၈။ ရေစကြို မကွေးတိုင်း
၉။ မကွေး မကွေးတိုင်း
၁၀ ။ မြိုင် မကွေးတိုင်း
၁၁။ ပွင့်ဖြူ မကွေးတိုင်း
၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
၁၃။ တံတားဦး မန္တလေးတိုင်း
၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
၁၆။ မထ္တီလာ မန္တလေးတိုင်း
၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၉။ တောင်ငူ ပဲခူးတိုင်း
၂၀။ ထန်းတပင် ပဲခူးတိုင်း
၂၁။ လက်ပံတန်း ပဲခူးတိုင်း
၂၂။ က၀ ပဲခူးတိုင်း
၂၃။ ကော့မှူး ရန်ကုန်တိုင်း
၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
၂၅။ လှည်းကူး ရန်ကုန်တိုင်း
၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၉။ ပုလဲ စစ်ကိုင်းတိုင်း
၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
(အမျိုးသားလွှတ်တော်)
၃၂။ ကျွန်းစု တနင်္သာရီတိုင်း
၃၃။ လောင်းလုံ တနင်္သာရီတိုင်း
၃၄။ ပုသိမ် ဧရာဝတီတိုင်း
၃၅။ တောင်တွင်းကြီး မကွေးတိုင်း
၃၆။ နွားထိုးကြီး မန္တလေးတိုင်း
၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၉။ မော်လမြိုင် မွန်ပြည်နယ်
၄၀။ သုံးခွ ရန်ကုန်တိုင်း
၄၁။ လားရှိုး ရှမ်းပြည်နယ်


D-Wave
Unknown at 9:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး


 
မြန်မာပြည်ဟာ ဒီမိုကရေစီ စနစ်ကိုပြောင်းတဲ့အစိုါ်ရသစ်တက်လာပြီးကတည်းက တစ်နှစ်မပြည့်တစ်ပြည့်အချိန်မှာကမ္ဘာမှာ ချီးမွမ်းထောပနာပြုခြင်း အခံရဆုံးသော တိုင်းပြည် တစ်ပြည်ဖြစ်လာပါတယ်။ ကမ္ဘာနဲ့နိုင်ငံတကာက တကယ်ချီးကျုးတာပါ ။ "ကမ္ဘာရဲ့ စီးပွားရေး မျက်နှာစာသစ် " ၊ " အာရှကျား" ၊ " ခရီးသည် အသွားထိုက်ဆုံးသောတိုင်းပြည်" ၊ အားလုံးအပေါင်းလက္ခဏာတွေနဲ့ ပြည့်နေတဲ့ အဆိုစကားတွေပါ။ ဘာကြောင့် ဒီလောက်ထူးထူးကဲကဲဖြစ်နေတာပါလိမ့် ။
ဘာတွေကောင်းနေတာပါလိမ့်။ ကောင်းကျိုး ဂုဏ်အင်္ဂါတွေဟာ အစိုးရသစ်ရဲ့လုပ်ဆောင်ချက်၊စွမ်းဆောင်ချက်တွေချည်းကြောင့်တော့မဟုတ်ပါဘူး။ အစိုးရသစ်က လမ်းကြောင်း ပြောင်းပေးတာမှန်ပါတယ်။ ဒါဟာအရေးအကြီးဆုံးသော အပြောင်းအလဲဆိုတာ လှိုက်လှဲစွာ ၀န်ခံပါတယ်။ ဒါပေမဲ့ ဒါထက်ပိုပြီး အရင်းခံကျတဲ့ အကြောင်းတွေရှိပါတယ် ။ဒါတွေက ပိုအရေးကြီးပါတယ် ။ ဒီတော့မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကို လက်တွေ့ကျကျ ဓမ္မဓိဌာန်ကျကျ ဆန်းစစ်ကြည့်မယ်ဆိုရင် သာရည်တွေ ကောင်းချက်တွေက ဘာတွေလဲ --
၁။  တိုင်းပြည်က သယံဇာတ ပေါကြွယ်ဝပါတယ်။ နည်းနည်းနောနောမဟုတ်တဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတွေပါ။
၂။  မြန်မာည်ြသူပြည်သား လူအများရဲ့ အရည်အသွေး (Human capital) ဒီအချက်မှာတော့ မြန်မာဟာ ကမ္ဘာရှိတိုင်းပြည်များထဲမှာထူးကဲစွာသာရည်တွေရှိနေပါတယ်။ ပထမဦးဆုံး စာတတ်သူပေါများခြင်း (Literacy Rate ) ဒါကလည်း ဟိုးရှေးသမိုင်း စဉ်ဆက်ကစပြီး ရှိခဲ့တာ။ နှစ်ပေါင်း တစ်ထောင်လောက်က စပြီး စဉ်ဆက်မပြတ် အရှိန်ကောင်းကောင်းနဲ့ တည်ရှိ နေခဲ့တဲ့ ဘုန်တော်ကြီးကျောင်း ပညာရေး (Monastic education) ကြောင့်ပါ။ ကမ္ဘာနဲ့ ကမ္ဘာသမိုင်းမှာ အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြားတဲ့အောင်မြင်မှုပါ။ ပြည်သူတွေစာတတ်တာဟာ ဘယ်လောက်ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်တယ်ဆိုတာ ကျွန်မတို့လို ဆေးလောကမှ လူတွေအသိဆုံးပါ။ ကျန်းမာရေးပညာပေးရေးနဲ့ ကျန်းမာရေးမြှင့်တင်ရေးမှာ ဘယ်လောက်ထိရောက်တယ်ဆိုတာ အခြားအခြားသောစာဖတ်တတ်သူနည်းလွန်းတဲ့ တိုင်းပြည်မှာလုပ်တဲ့ ကျန်းမာရေးလုပ်သားများကလည်း မြန်မာမှာ Literacy rate ကောင်းတာကြောင့် လုပ်ရကိုင်ရတာ ဘယ်လောက်အောင်မြင်တယ်ဆိုတာ ထောက်ပြ သွားကြပါတယ်။ နောက် သာရည်တစ်ခုကတော့ မြန်မာအမျိုးသမီးတွေရှဲု့ လုပ်ရည်ကိုင်ရည် ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီးတွေဟာ ကျွန်မတို့နည်းတူ အမျိုးသမီးတွေ လွတ်လပ်မှု များများရထားတဲ့ အခြား ထေရ၀ါရတိုင်းပြည်နဲ့ နှိုင်းယှဉ်လျှင်တောင် အမျိုးသမီးတွေ လူမှုဘ၀နဲ့ လုပ်ငန်းခွင်အပါအ၀င် ဆင်နွဲပုံဟာ အင်မတန်မှ ထူးခြားပါတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေက လုပ်ရည်ကိုင်ရည်မှာ ပိရိသေသပ်ပြီး အဆင်မြင့်မြင့် လုပ်နိုင်ပါတယ်။ တိုင်းပြည်ကလည်း မြေအောက်သံယံဇာတ (ဓါတ်ငွေ့၊ သတ္တု၊ ကျောက်သံပတ္တမြား) တွင်သာမကမြေကြီးကလည်း ရွှေသီးအောင်ကောင်းတယ်။ ရာသီဥတုကလည်း ကောင်းတယ်။လူတွေကမပျဉ်းဘူး။လုပ်ရည်ကိုင်ရည်ကောင်းတယ် အခုအစိုးရက အပြောင်းအလဲ လုပ်နေပြီဆိုတော့ ဘာလိုသေးတော့သလဲ မေးစရာရှိပါတယ်။ သိထားဖို့ကောင်းတာတွေကတော့--

၃။  အခု မြန်မာပြည် ပွင့်ထွက်လာတဲ့အချိန်ဟာ အာရှမှာလည်း စီးပွားရေးအရှိန် ကောင်းနေတဲ့အချိန် ဖြစ်တော့ အံကိုက်ဖြစ်သွားတယ်။ ဒါကြောင့် မြန်မာ့စီးပွားရေး အလားအလာ သိပ်ကောင်းသွားတယ်။

၎။  တစ်ကမ္ဘာလုံးနဲ့ အဆက်ဖြတ်ထားတဲ့ တိုင်းပြည်က ပွင့်ထွက်လာတော့ ပြည်ပကအကူအညီပေးချင်တဲ့ လူတွေရှိတယ်။ (Capital) ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာမယ်။ အရင်က ၀ိုင်းပယ်ခြင်း၊ပခြင်း ခံထားရတဲ့ မျက်နှာငယ် တိုင်းပြည်ဆိုတော့ တရုတ်၊စင်ကာပူ၊ထိုင်း ကိုပဲကုန်သွယ် တိုင်းပြည်အဖြစ် အားကိုးနေရတာ။ သူတို့ကလည်း စီးပွားရေးဆန်ဆန် ရက်စက်ပါတယ်။ ကျာဒသနားမှ နွားချမ်းသာရမယ်ဆိုတော့ အနိုင်ကျင့် ကြတာမြန်မာက ခါးစီးပြီးခံနေရပါတယ်။ သူတို့ပြုသလို နုနေရတာ။ အခုဒီအခြေအနေဆိုးက လွတ်မြောတ်နိုင်ပါပြီ။

      အခု တင်ပြခဲ့တာက အပေါင်းလက္ခဏာ သင်္ကေတတွေပါ။ အနုတ်လက္ခဏာတွေကော မရှိဘူးလား ရှိတာပေါ့။ ဒါတွေကလည်း အရေးတကြီး အမြန်အဆန် ကိုင်တွယ်ဖြေရှင်းရမှာတွေ ဖြစ်နေတယ်။ အခါမလင့်ဘဲ ပြုပြင်ထိုက်တာတွေ။ မဟုတ်လျှင်တော့ တိုင်းပြည်ရဲ့ လမ်းစဉ်ဟာ အံချော် ထွက်သွားပြီး ဆိုးကျိုးတွေက ကောင်းကျိုးတွေကို သာသွားနိုင်ပါတယ်။ ဒီလို အဆိုးရလဒ်တွေဟာ အရင့်အရင်အစိုးရတွေ အနှစ် ၅၀ လုံးလုံး စီးပွားရေးနဲ့ အခြားဖွံ့ဖြိုးရေးတွေကို ချွတ်ခြုံကျအောင် လုပ်သွားခဲ့တဲ့ အမွေဆိုးတွေဖြစ်တယ်။ ဒါပေမဲ့ အခု အစိုးရသစ် ဒီမိုကရေစီစနစ်ကို ပြောင်းသွားပြီ ပြုပြင်ပြောင်းလဲ ရေးလုပ်ရာမှာ လုံးဝအပြစ်မတင်ဘူး။ အကာအကွယ်ပေးနေသလို ထင်ရတယ်။ ကျွန်မ စောစောပိုင်းတုန်က " ယုံကြည်မှု ကွာဟာချက်နဲ့ ယုံကြည်မှု တ်ာဆောက်ရေး" ဆိုတဲ့ ဆောင်းပါးမှာ အရင် အစိုးရ (စစ်အစိုးရ) ကို ကာကွယ်ပေးသလို လုပ်နေရင် အခုအစိုးရကို ' ဒီပုတ်ထဲက ဒီပဲလို့' ထင်တော့မယ်လို့ရေးမိတော့ စိစစ်ရေးက ဖြတ်လိုက်တယ်။ စစ်အစိုးရဆိုတာလည်း ဖြတ်တယ်။ တပ်မတော်အစိုးရလို့ ခေါ်ရမယ်လို့ နောင် ကျွန်မ သိရတယ်။ ကျွန်မကတော့ (military regime = stratocracy) ကို ဘာသာပြန်လိုက်တာပါ။ စိစစ်ရေးက ဒီကိစ္စမှာ ဘာကြောင့် အထိမခံ ကြွေပန်ကန် ဖြစ်နေပါလိမ့်။ ဒီလိုဆိုရင်တော့ လူတွေ စိတ်ထဲမှာ ပြောမထွက်ပေမယ့် စနှိးစနောင့်တော့ ဖြစ်နေဦးတော့မှာပဲ။ ယုံကြည်မှု အားနည်းသွားတော့မှာပဲ။
      အထက်က ဆိုခဲ့တဲ့ အမွေဆိုးတွေက မြန်မာပြည်သူပြည်သား အတွက် ဘာချန်ထားခဲ့သလဲ ဆိုတော့ လူတွေဆင်းရဲနွမ်းပါးမှုပဲ။ ဒီလိုဆင်းရဲမှုဟာ အရင် ၃၀ ရခိုင်နှုန်းကျော်ကမှ အခု ၂၆ ရာခိုင်နှုန်း ကျလာတာကို ဂုဏ်ယူစွာနဲ့ ကြေညာနေတယ်။ ၂၆ ရာခိုင်နှုန်း ဆိုတာ က လူ ၄ ယောက်မှာ တစ်ယောက်ကဆင်းရဲတယ် (Below Poverty Line) လို့ဆိုတာ ။ ဒါကျေနပ်စရာလား၊ ဒီလောက်သယံဇာတကြွယ်ဝတဲ့တိုင်းပြည်ကို ဒီလိုအခြေအနေဆိုးရောက်အောင် လုပ်နိုင်ခဲ့ကြတာပါ။

     ဒါတွင် မကသေးပါဘူး။ဒီအစိုးရတွေ ချန်ခဲ့တဲ့ကြွေးမြီတွေကလည်း ကြောက်စရာပါလား။ (Foreign debt >11 billion) နောက်လူတွေ နာလန်ထဖို့တော်တော် ခဲယဉ်းအောင် လုပ်သွားခဲ့တာပဲ။ ဘာတွေများ သုံးခဲ့တာပါလိမ့်။ ရှေးက ဘတ်ဂျတ်က ဘယ်သူမှမသိရတဲ့ ထင်သာမြင်သာ မရှိခဲ့တာဆိုတော့ မသိနိုင်တော့ပါဘူး။

     ပညာရေးမှာလည်း ( Literacy rate) စာရေးစာဖတ်တတ်မှု ဆိုတဲ့ သာရည်ကို အစိုးရအဆက်ဆက် အခွင့်ကောင်းယူ အသုံးချ ( exploit) ပြီး တိုးတက်ဖို့အတွက်လုပ်မပေးခဲ့ဘူး။ လူတန်းစား အသီးသီး အောက်ခြေလ်သမားကစပြီး စက်ရုံအလုပ်သမားတွေကို တက်ကျွမ်းပညာ (technical knowledge) ဖြစ်ဖြစ်တိုးတက်အောင် မလုပ်ခဲ့ဘူး။ ပညာရေး စနစ်ကလည်း ခေတ်နောက် ပညာရေးစနစ်ဖြစ်သွားတယ်။ အနှစ် ၅၀ နောက်ကျနေတာ မီအောင်လိုက်ဖို့မလွယ် ဖြစ်သွားတယ်။ မြန်မာတွေက တော်ကြပါတယ်။ သင်ရတာလွယ်တယ်။ တက်လွယ်လို့ တော်ပါသေးရဲ့ ၊ မျှော်လင့်ချက် ထားနိုင်တယ်၊ ဒါပေမဲ့ ပညာရေးစနစ်ကို ပြုပြင်ဖို့ ကောင်းပါပြီ။

     ဒီလိုအကောင်းအဆိုး နှစ်ဘက်ကိုကြည်လင် ပြတ်သားစွာ မြင်ပြီးနောက် အကောင်းဆုံးဖြစ်အောင် plan ( နည်းဗျုဟာ) ဆွဲရမယ်ဆိုရင် အလွန်တရာ အရေးကြီးတဲ့ ဦးတည်ချက် ရည်မှန်းချက်တွေ ထွက်ပေါ်လာတယ်။
၁။ ကတော့ 'မျှတခြင်း' (equity)၊  အဓိကအားဖြင့် ငွေကြေး (economic) မျှတရေး ဖြစ်တယ်။ အခြား လူမှုဘ၀သာယာရေးအတွကအခွင့်အရေးများဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနှင့် အခြားရပိုင်ခွင့်များမှာ လူတွေအားလုံး သာတူညီမျှဖြစ်ရန် လိုပါမယ်။

      တစ်နည်း ပြောရလျှင်တော့ အရေးကြီးဆုံးက ဆင်းရဲနွမးပါးမှုကို မဖြစ်အောင်တားဖို့ ၊ ကာကွယ်ဖို့ ရှိလာပြီမို့ ဒါကိုပယ်ဖျက်ဖို့ ပိုပြီး အရေးကြီးတယ်လို့ ဆိုရမယ်။ ဆင်းရဲချမ်းသာ ကွာဟမှု မပေါ်အောင် ၊ ရှိနေလျှင်လည်း သည်လို ကျဉ်းမြောင်းအောင် လုပ်ရပါမယ်။ ဒီကွာဟမှု မရှိသေးတောင် မငြိမ်အောင် သို့မဟုတ် ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်ရေးကတော့ အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ကာကွယ်ရန် လိုပါတယ်။ ကမ္ဘာ့ ဘယ်နေရာမှာပဲ ကြည့်ကြည့်၊ ဒီလို ကွာဟမှုရှိနေတဲ့ တိုင်းပြည်ဟာ မအေးချမ်းပါ။ ဒီဘေးအန္တရယ်ကတော့ အစိုးရနဲ့ ပြည်သူတွေရဲ့ အကြီးဆုံးသော ရန်သူဖြစ်လိမ့်မယ်။

၂။  Sustainability ။  ရရှိထားတဲ့ တိုးတက်မှုတွေ ကောင်းကျိုး ကောင်းချက်တွေ သာရည်တွေ ကို ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန် ထိန်းသိမ်းထားရေး၊ တစ်ပွဲတိုး ပေါ်တင်ဖြစ်ပြီး ကောက်ရိုးပီးလို အရှိန်သတ် ဖြစ်မသွားအောင် လုပ်ဖို့ လိုပါတယ်။
     တိုင်းပြည်ရဲ့ တိုးတက်မှု အဘက်ဘက်ကု ရည်ညွှန်းတာပါ။ ဒါကြောင့် ဘာကိုစစ အကောင်အထည်ဖော်ဖို့ (POA= Plan of action) လုပ်ငန်း အစီအစဉ်မှာ ဒီဆက်လက် ရှင်သန်ရေးကို ကနေဦး ကတည်းက ထည့်သွင်း စဉ်းစားပြီး ' ဘယ်လို လုပ်မယ်'  ဆိုတာ သတ်သတ်မှတ်မှတ် အစီအစဉ် ရှိရပါမယ်။

၃။  ဥပဒေများ။ ဘယ်လိုဥပဒေဖြစ်ဖြစ်၊ ပြည်သူပြည်သား အားလုံးအပေါ်မျှတစွာ သက်ရောက်မှုရှိရေး။ အခု ခေတ်အခါက နိုင်ငံရေး စနစ်ကြီးကို အမြစ်ကလှန်ပြီး ပြောင်းလဲလိုက်တာဆိုတော့ ဥပဒေအသစ်တွေအများအပြား ထွက်ပေါ်လာမယ်။ မရှိသေးပြီး လိုအပ်နေသောအသစ်တွေ ထုတ်မယ်။ ပယ်ဖျက်သင့်လျှင် ပယ်ဖျက်မယ်။ ပြုပြင်စရာရှိရင် ပြုပြင်ပြောင်းလဲညှိပေးပြီး အသုံးဝင်အောင် လုပ်ပေးကြရမယ်။ ဒီလိုဥပဒေတွေဟာ ဒီမဏ္ဍိုင် ၃ ခုစလုံးဖြစ်တဲ့ အစိုးရဥပဒေပြုရေး၊ တရားစီရင်ရေး အပြင် စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာ (Media) မှာ အကျုံးဝင်မယ်။ ဒီမှာ အရေးကြီးတာက အသိပေးစရာက အားလုံးအတွက် ဖြစ်ရပါမယ်။ အကြောင်းအကျိုးကြောင့် 'သာ' နေတဲ့ လူတန်းစားက ဒီဥပဒေတွေရဲ့ ကောင်းကျိုးသာရည်တွေကို အသုံးပြု အကျိုးပြုတဲ့ လူတွေရှိသလို ဒီလို သာရည်မျိုးမရှိတဲ့ လူတန်းစားက မသုံးလိုက်ရ မဖြစ်စေရပါ၊ သိသူဖော်စား မသိသူကျော်သွား မဖြစ်စေရပါ။ ဒီလိုပဲ ဒီလိုပဲ ဒီဥပဒေတွေကို ရှောင်တတ် ကွင်းတတ်သူတွေက ရှောင်ကြပြီး မသိနားမလည်သူတွေ ကတော့ 'ခံလိုက်ဦး' ဆိုတာမျိုးလည်း မဖြစ်စေရပါ။ ကျွန်မက တစ်ဘက်သတ်အဆိုးမြင်ပြီး အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကပျက်ယပျက် ပြောနေတာ မဟုတ်ပါဘူး ။ ကျွန်မ အသက်အရွယ်နဲ့ ကျော်ဖြတ်လာရတဲ့ နိုင်ငံရေးခေတ်ပေါင်းများစာကို လက်တွေ့အတွေ့အကြုံရှိပါတယ်။ တကယ့်နဖူးတွေ့ဒူးတွေ့တွေပါ။
စိစစ် ဝေဖန်လည်း လုပ်ကြည့်ပါတယ်။ ဒီတော့ ပျဉ်ဖိုး တော့ နားလည်တယ်။ ကတိက၀တ်တွေနဲ့ အဲ့ဒါတွေကပေးတဲ့ မျှော်လင့်ချက်တွေလည်း အများကြီး သိခဲ့ရပြီးပါပြီ။ ဖဆပလ ခေတ်က ' ပြည်တော်သာစီမံကိန်း' 'အိမ်တစ်လုံး၊ ကားတစ်စီး၊ လခ ၈၀၀ိ' ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်က အနှစ်၂၀ စီမံကိန်းအပြီး 'စက်မှုထွန်းကား၊ ဆိုရှယ်လစ် တိုင်းပြည်ကြီး' ဖြစ်စေရမယ်။ ဒါတွေ ဘယ်လိုဖြစ်သွားသလဲဆိုတာ အားလုံးအသိမို့ ပြောနေဖို့ မလိုတော့ပါလို့ ထင်ပါတယ်။ ဒီတော့ ကျွန်မကို ဒီအသက် ဒီအရွယ်ကျမှ မျှော်လင့်စရာ မရှိတော့ဘူးလို့ ထင်ရတဲ့ အခါကာလမှာပီတိ လွှမ်းလောက်တဲ့ မျှော်လင့်ချက် ရောင်ခြည်ကို သမ္မတကြီး ၃၁-၃-၂၀၁၁ မိန့်ခွန်းမှာ ပေးခဲ့တော့ ဒီမျှော်လင့်ချက်ရဲ့ အလင်းတန်းလေးကို ဘယ်လိုမှ ပျောက်ကွယ် ဆိတ်သုန်း အဖြစ်မခံနိုင်ပါဘူး။

  သမ္မတကြီးရဲ့ ဒီမိုကရေစီ အပေါ်ထားရှိတဲ့ ယုံကြည်မှု၊ ဒီမိုကရေစီ အစိုးရအတွက်လုပ်ပေးနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ် လုံးဝ ယုံကြည်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေတော့ သမတ္တကြီးအပြင်၊ သမ္မတကြီးအပြင် ၊ အခြားသူတွေကကော ဒီလို ပြင်းပြတည်ကြည် မယိမ်းမယိုင်ဖြစ်တဲ့ ယုံကြည်မှု ရှိရဲ့လားလို့ စိတ်ထဲ ဖြစ်လာမိတယ်။ ယုံကြည်မှု ခံယူချက်သဘောဆိုတာက ဘာသာရေး ယုံကြည်မှုလိုပဲ အဇ္ဈတ္တ အတွင်းကနေ ခံစားပြီး ထွက်လာတဲ့ အပြင်းစား သဘောခံယူချက်ဖြစ်ရပါမယ်။ တချို့တွေက လောကမှာနေသွားတာ ကြုံသလိုနေသွားကြတာ။ ရေလိုက်ငါးလိုက အများမိုးခါးရေ သောက်ဆိုသလို နေတဲ့လူကများပါတယ်။ အခုပြောင်းလဲ ခံယူလာတဲ့ ဒီမိုကရေစီစနစ်ကို 'မချစ်သော်လည်း ပင့်သက်ရှူ' နေကြတဲ့သူတွေ ရှိနေမလား။ ''ဒီမိုကရေစီ ကျင့်ဝတ် ၀တ္တရားတွေကို တကယ်ပဲ နှစ်နှစ်ကာကာ'  ယုံပြီး ဦးလည်မသုံ လုပ်သွားကြမှာလား။ ပါဝင်နေသူ အားလုံး ဒီမိုကရေစီက လိုအပ်တဲ့ လုပ်ဆောင်ချက် (Democratic Practices) တွေကို ခရေစစေ့တွင်းကျ နားလည်ကြရဲ့လား ။ ဒီကိစ္စက ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်မထင်ပါတယ်။ ဘာမဆို မဖြစ်နိုင်တဲ့ဘက် ထည့်စဉ်းစားပြီး မယုံကြည်မှု ရှိထားမှသာ အောင်မြင်မှုနဲ့နီးမှာ။ ကျွန်မတို့ ဒီလို (Skepticism) ရှိတာ ကိုယ့်အတွက် ကာကွယ်မှု ပေးနိုင်တယ် ဆိုတာလည်း သတိရှိရပါမယ်။
   ကျွန်မ အကြောက်ဆုံး ကတော့ ဒီအခြေ ဒီအဆင့်ရောက်ပြီးဒါမှ တစ်ခန်းရပ် (သို့) ပွဲမပြီးခင် ဖျာသိမ်း ၊ ပွဲကိုအပြီးသတ်သလို (Game Over) ဖြစ်သွား မှာကိုပါ။

                ဆက်လက်ဖော်ပြပါမည်။
                   ၂၄-၂-၂၀၁၂
( ပြည်သူ့ခေတ်ဂျာနယ် ၂၉၊ မတ်၊ ၂၀၁၂ ကြာသပတေးနေ့ ၊ အတွဲ ၂ ၊ အမှတ် ၈၈ )
Unknown at 8:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မင်္ဂလာပါ





အားလုံးချစ်တဲ့ အမေ နိုင်သွားပါပြီလို့ ..
အဖွဲ့ချုပ်က တရားဝင်ကြေညာလိုက်ပြီ။
Unknown at 8:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.