Monday, April 2, 2012

ဇာတ်လမ်းမဟုတ်တဲ့ ရိုက် ကွင်းပေါ်က မင်းသမီး တစ်ယောက်ရဲ့ ဘဝအကြောင်းဖွင့်ဟလာတဲ့ သင်ဇာဝင့်ကျော်


သင်ဇာဝင့်ကျော်က ဒါရိုက်တာကျော် ဇောလင်းရိုက်ကူးတဲ့ ‘ဝမ်းတူးရိုက်မယ်’ဇာတ် ကားမှာ ပြေတီဦး၊မိုးယုစံတို့နဲ့ သရုပ်ဆောင် နေပြီး ဒီဇာတ်ကားမှာ တအား အကြွား သန်တဲ့ကောင်မလေးအဖြစ်နဲ့ သရုပ် ဆောင်မှာဖြစ်ပါတယ်။ သင်ဇာဝင့် ကျော်ကဟာသလုပ်တဲ့အခါ ပရိသတ် တွေလည်းရယ်မောရအောင်၊ အိုဗာ လည်းမဖြစ်အောင် လုပ်နေကျ ဟာသ ပုံစံလေးပဲသရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဒရာမာလုပ် ရတာကို ပိုကြိုက်ပြီး ဟာသကပိုခက် တယ်လို့ သူ့ရဲ့အတွေ့အကြုံ အရ သုံးသပ် တဲ့ သင်ဇာဝင့် ကျော်က.. ”သူများဝမ်းနည်း အောင်လုပ်ဖို့က ကိုယ်တွေ မျက်ရည်ကျပြရင်ပြီးပြီ။ မျက် ရည်ကအတုသုံးလည်းရ တယ်။ တချို့တွေကလည်း ငိုတဲ့ အချိန် မှာမျက်ရည်အစစ်သုံးတဲ့လူတွေ လည်းရှိပါတယ်။ဒါပေမဲ့ ဟာသကျတော့ အဲဒီလို မဟုတ်ဘူး။အာပေါင်အာရင်းသန်သန်၊လေယူလေ သိမ်းနဲ့ကိုယ့်အိုက်တင်နဲ့တစ် ထပ်တည်းကျမှရယ်ရတယ်။  ဟာသကပိုပြီးခက်ပါတယ်” လို့ပြောပါ တယ်။ အခုလိုပူအိုက်တဲ့ရာသီမှာ မင်းသမီးတွေအနေ နဲ့ ရိုက်ကွင်းမှာ မီးထိုးမှန်ထိုးတွေရဲ့ အပူရှိန်   တွေ၊ မိတ်ကပ်ရဲ့အရှိန်တွေကြောင့် တအားနေရခက်တာမျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် လည်း ဇာတ်လမ်းမဟုတ်တဲ့ ရိုက်ကွင်းပေါ် ကမင်းသမီးတစ်ယောက်ရဲ့ ဘဝ အကြောင်းကို သင်ဇာဝင့်ကျော်က..”မင်းသမီးဆိုရင် တချို့တွေက နုနုရွရွ လေးနေရတယ်လို့ ထင်ကြတယ်။ အနုပညာ ဆိုတာ အနုစိတ်တဲ့ပညာကိုပြောချင်တာေ ပါ့။    နုရွတာမဟုတ်ဘူး။ အနုစိတ်တာ။ရာသီဥ တုက တအားပူနေပေမယ့်လည်း ရိုက်ကွင်း ပေါ်မှာမီးတွေထိုး၊မှန်တွေထိုးတာခံရတယ်။ နေပူကျဲတဲဆိုလည်းသူများတွေက ထီးဆောင်း လို့ရတယ်။ ကိုယ်က ဇာတ်ဝင်ခန်းအရ ထီး ဆောင်းလို့မရဘူး။ ကြမ်းနေတဲ့မြေပေါ်မှာ ဖိ နပ်မပါဘဲ ပြေးရတယ်။ ပိုးမွှားတွေရှိတဲ့ ရေ  ကန်ထဲစိမ်ရတယ်။   ရေပုပ်တွေထဲစိမ်ရတာတို့ တစ်ခုချင်းပြောရရင်တော့ အများကြီးပဲ။ဥပမာ  ကတော့ အဲဒါတွေပဲ။နွေဘက်ကြီးကိုဆောင်း တွင်းလို့ပြချင်တဲ့အခါ မီးလှုံရတယ်။ ကြမ်း တမ်းပါတယ်။ ဒီအလုပ်က စိတ်နဲ့ပဲလုပ်ရ တယ်ဆိုပေမယ့် လူကလည်း ပင်ပန်းတဲ့အခါ ကျတော့ စိတ်ရောလူရောပင်ပန်းသွားပြီဆိုရင်တစ်ခါတလေအလုပ်ထဲစိတ်မပါ တာ၊ အာရုံ မစိုက်နိုင်တာ၊စိတ်လေတာတို့ ဖြစ်တတ် တယ်။အဲဒါကြောင့်သင်ဇာက ဇာတ်ကားရိုက် လိုက်နားလိုက်၊မျှမျှတတလေးလုပ်ဖြစ်နေ တယ်။ ဟိုးအရင်တုန်းက လုံးဝနားရက်မရှိ ဘူး။ အဲဒါကြောင့် တအားပင်ပန်းတယ်။ အခုနားပြီးမှပြန်ရိုက်တာ ဒါပထမဦးဆုံးကား ပဲ”လို့  ပွင့်လင်းစွာပြောပြခဲ့ပါတယ်။ သင်ဇာဝင့်ကျော် အားပေးနေ တဲ့ ပရိသတ်အတွက်လည်း အ လုပ်လုပ်ရသလို၊ ကိုယ့်နာမည်အတွက်လည်း အလုပ်လုပ်ရတဲ့အတွက် တာဝန်တွေပို ရှိပြီး ဖြစ်ချင်တာတစ်ခု၊လုပ်ချင်တာတစ်ခုရှိရင်
တောင်ရင်ထဲမှာ မျိုသိပ်ထားရတာက မင်းသ မီးတွေရဲ့ဘဝပါပဲလို့ဆိုပါတယ်။
ခိုင်ဝေလွင်
Unknown at 4:26 PM
Share

1 comment:

  1. AnonymousMay 8, 2012 at 11:00 AM

    ဟေးဟေး မဂ်လာပါ ။
    ဘ၀မှာ လူတွေအများကြီးပါ ။
    ကြိုးစားကြမှာပါ သူကိုလေ အေး အင်းလေ ။
    မဂ်လာပါ ။

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.