Monday, April 2, 2012

ခန့်မှန်းရခက်ခက်နဲ့ အဖြေမထွက်သေးတဲ့ ရှမ်း/မြောက်ကပြိုင်ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားဖြတ်ရွေးကောက်ပွဲ ၄၄ နေရာဝင်ရောက်
 ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာတွင်အနိုင်ရရှိထားပြီဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃) အတွက် ရလဒ်များပေါ်ထွက်လာခြင်းမ
ရှိသေးသဖြင့် မည်သူနိုင်မည်ကို အတိအကျမသိရှိရသေးပေ။
 အဆိုပါမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သူများမှာ ပြည်ခိုင်ဖြိုးမှ
 ဒေါ်နန်းကိန်ဖောင်းတစ်၊ အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ကျားဖြူပါတီမှ 
ဦးစိုင်းစံမင်း၊ ကိုးကန့်ပါတီမှ ဦးလော်ဆင်ကွမ်း၊ လားဟူပါတီမှ ဦးယောသပ်
တို့ဖြစ်ကြသည်။ 
ယမန်နေ့ညနေပိုင်းအထိ ပြည်ခိုင်ဖြိုးပါတီက လားရှိုး၊ သိန်းနီ၊ မိုင်းရယ်
သုံးမြို့နယ်ပေါင်းတွင် မဲအသာရရှိနေသော်လည်း စစ်တပ်အတွင်းမှ စည်းကမ်းနှင့်
မကိုက်ညီသော ကြိုတင်မဲ ကိုးရာကျော်ကို ခရိုင်ကော်မရှင်မှ ပယ်ချခဲ့ပြီးနောက်ပိုင်း
တွင် ကျားဖြူနှင့် အန်အယ်လ်ဒီပါတီတို့နှစ်ခုသာ ရှေ့တန်းတက်လာခဲ့ကြသည်။
 ယမန်နေ့ ည ၁၀ နာရီအထိ လားရှိုးမြို့တွင် အန်အယ်လ်ဒီမှ ကျားဖြူပါတီအား
 မဲတစ်သောင်းကျော်ဖြင့် အပြတ်အသတ်အနိုင်ရရှိထားခဲ့သည်။ တဆက်တည်းပင်
 ကျားဖြူပါတီသည် လားရှိုးမြို့နယ်တွင် ၁၄၃၈၆ မဲရရှိခဲ့ပြီး သိန်းနီမြို့နယ်တွင် 
၅၆၃၄ မဲရရှိထားကာ မိုင်းရယ်မြို့နယ်တွင် ၉၀၅၀ ဖြင့်အသာစီးရရှိထားသဖြင့် 
သုံးမြို့နယ်စုစုပေါင်း ၂၉၀၇၀ မဲရရှိနေပြီဖြစ်သည်။ 
သို့သော် ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ ရောက်ရှိလာသော စာရင်းများအရ
 တန့်ယန်းတွင် ကျားဖြူပါတီက ၁၁၂၂၃ မဲရရှိသွားပြီး ကွမ်းလုံမြို့နယ်တွင် ၁၄၃၃
 မဲရရှိခဲ့သဖြင့် စုစုပေါင်း ၄၁၇၂၆ မဲရရှိသွားခဲ့ပြီဖြစ်သည်။ 

NLD ပါတီသည် လားရှိုးမြို့နယ်တွင် ၃၄၇၃၇ မဲရရှိကာ လားရှိုးမြို့နယ်အတွက် အပြတ်အသတ်အနိုင်ရရှိနေပြီဖြစ်သော်လည်း ကျန်မြို့လေးမြို့တွင် ကျားဖြူနှင့်
 ပြည်ခိုင်ဖြိုးပါတီတို့ထက် မဲရရှိမှုနည်းပါးနေသည်။ သိန်းနီမြို့တွင် ၂၃၆၃ မဲရရှိခဲ့ပြီး 
 မိုင်းရယ်မြို့တွင် ၁၉၇၁ မဲသာရရှိထားသဖြင့် သုံးမြို့နယ်စုစုပေါင်းမှာ ယမန့်နေ့ည 
၁၀ နာရီအထိ ၃၉၀၇၁ မဲရရှိနေပြီဖြစ်သည်။ 
ယနေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့နယ်မှ ရရှိသည့် မဲစာရင်းများအရ အန်အယ်လ်ဒီပါတီက 
၃၉၆၆ မဲသာရရှိပြီး ကွမ်းလုံမြို့နယ်တွင် ၅၁၆၃ မဲရရှိခဲ့သည်။ ထို့ကြောင့် အန်အယ်လ်ဒီပါတီ၏ ယနေ့နောက်ဆုံး မဲရရှိစာရင်းမှာ ၄၈၂၀၀ ဖြစ်သည်။ 

သို့ဖြစ်၍ လက်ရှိအခြေအနေရ အန်အယ်လ်ဒီပါတီမှာ ကျားဖြူပါတီထက် မဲအသာ
ရရှိနေခဲ့သည်။ သို့သော် လားရှိုးမြို့နယ်အတွင်း ရောက်ရှိမလာသေးသော မဲများမှာ
 လားရှိုးမြို့နှင့် မိုင်သုံးဆယ်ခန့်ကွာဝေးသော ကျေးရွာ ၂၀ ခန့်ရှိနေသေးပြီး တန့်ယန်းမြို့နယ်တွင်လည်း ကျေးရွာ ၉ ခုခန့်ကျန်ရှိနေသောကြောင့် ယင်းကျေးရွာများမှ
 ရောက်ရှိလာမည့် မဲစာရင်းများကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
 ပြည်ခိုင်ဖြိုးပါတီမှာလည်း ကျားဖြူ၊ အန်အယ်လ်ဒီတို့နှင့် မဲရရှိမှု ကွာဟချက်ကြီးမား
စွာမရှိသည့်အတွက် ယင်းပါတီ၏ အေုခအနေကိုလည်း ခန့်မှန်းမရဘဲဖြစ်နေသည်။ 
အဆိုပါကျေးရွာများမှ မဲစာရင်းများကိုထပ်ပေါင်း၍ ကျားဖြူမှ ဦးစိုင်းစံမင်းနှင့် 
အန်အယ်လ်ဒီမှ ဦးစိုင်းမြင့်မောင်၊ ပြည်ခိုင်ဖြိုးပါတီတို့မှ ဒေါ်နန်းကိန်ဖောင်းတစ်တို့ 
 မည်သူအနိုင်ရရှိမည်ကို ယနေ့ညနေ ၅ နာရီကျော်တွင် အကြမ်းဖျင်းခန့်မှန်းနိုင်ကောင်းလိမ့်မည်ဖြစ်သော်လည်း အတိအကျအဖြေရလဒ်ကိုမူ လေးရက်ခန့်စောင့်စား
ကြရဦးမည်ဖြစ်သည်ဟု သိရသည်။
ယနေ့ည ၁၀နာရီခွဲတွင် လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်း မဲရလဒ်များကို စစ်ဆေးတွက်ချက်နေကြသော ကိုယ်စားလှယ်လောင်းနှင့်တကွ ပါတီဝင်များကို တွေ့ရစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို

7Day News Journal

Unknown at 4:02 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.