Monday, April 2, 2012

မိုးညှင်းမြို့ ရဲစခန်းတွင် အချုပ်ခန်းဖောက်ထွက်မှုဖြစ်ပွား



ယနေ့ မနက် ၂ နာရီလောက်က မိုးညှင်းမြို့မှာရှိတဲ့ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ တရားခံများမှ အချုပ်ခန်း ဖောက်ထွက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ အချုပ်ခန်းအတွင်း တရားခံ (၇၀)ဦးခန့်ရှိပြီး တရားခံတွေ မနက် ၂ နာရီခန့်မှာ အချုပ်ခန်းနံရံကို ဖြတ်တောက်နေတာ ကင်းတာဝန်ကျရဲကသိပြီး ဟန့်တားခဲ့တယ်လို့ သိရပါတယ်။ ဒါကို မကျေနပ်တဲ့
အချုပ်သားတွေက အချုပ်ခန်းထဲမှာရှိတဲ့ စောင်တွေကို မီးပုံရှို့လိုက်လို့ ထိန်းမရတော့ တာကြောင့် သေနတ် နဲ့ ခြောက်လန့်ပစ်ခတ်တာကို တရားခံတွေက အချုပ်ခန်းရဲ့ ကြမ်းခင်းကိုခွာပြီး ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည် ရန်ပြုတဲ့အတွက် သေနတ်နဲ့ထပ်မံပစ်ခတ်ခဲ့လို့ အချုပ်သား(၈)ဦးခန့် ဒဏ်ရာရရှိပြီး(၂)ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
ယခင်က မိုးညှင်း ၊ မိုးကောင်းဒေသတွေမှာရှိတဲ့ ရဲတွေဟာ သူတို့ကိုယ်တိုင် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေပြုလုပ် ပြီး သုံးစွဲသူတွေကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်ကာ အမှုဆင်ပြီး ပိုက်ဆံတောင်းတဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ မိုညှင်း ဒေသခံ များထံမှ သိရှိရပါတယ်။ အခုဖြစ်စဉ်မှာတော့ ဖမ်းဆီးထားတဲ့အချုပ်သားတွေကို မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ အကြောင်းပြကာ ဖမ်းထားတာဖြစ်ပြီး တရားရုံးတင်ကာ အမိန့်မချမှတ်ခင်မှာ ငွေတောင်းခဲ့ခြင်းကြောင့် မပေးနိုင်တဲ့အချုပ်သားတွေက မကျေနပ် လို့ ရဲစခန်းကိုဖောက်တာလို့ ပြောဆိုနေကြပါတယ်။ တစ်ချို့ကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်တာကြောင့် အချုပ်ခန်း ထဲမှာ မသုံးစွဲရတဲ့အတွက် စိတ်ဂယောင်ချောက်ခြားဖြစ်ပြီး ယင်းထတဲ့အတွက် ယခုလိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကောလ ဟာလပြောဆို သံတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲမှူးနှင့်တာဝန်ရှိသူများရောက်ရှိလာကာ ဒဏ်ရာရတရားခံ များအား မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အချုပ်ခန်းဖောက်ထွက်ရန် ကြိုးစားသူတရားခံတွေကို ဖော်ထုတ်အရေးယူ နိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရပါတယ်။
Unknown at 7:19 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.