Monday, April 2, 2012

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလို့ ရသေးတယ်


ကြားဖြတ်ရွေးကောက်ပွဲကတော့ ပြီးပါပြီ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေး ရွေးချယ်လို့ ရပါသေးတယ် တဲ့။ ဟုတ်ပါတယ်၊ ဒီလို မဲပေးဖို့အတွက် ကော့မှူးသွားစရာ မလိုပါဘူး။ အွန်လိုင်းပေါ်တော့ တက်ရပါမယ်။

TIME မဂ္ဂဇင်းအွန်လိုင်းက ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ ရွေးချယ်ပွဲ လုပ်နေပါတယ်။

ရွေးချယ်ရမယ့် လူစာရင်းကို http://www.time.com/time/specials/packages/completelist/0,29569,2107952,00.html မှာ ကြည့်ပါ။
စာရင်း အောက်ဆုံးကနေ ရေတွက်ရင် ၁၃ ဦးမြောက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နာမည်ရဲ့ အထက် ၁၀ ဦးမြောက် ပုဂ္ဂိုလ်ကတော့ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ဖြစ်ပါတယ်။ သမ္မတကြီးက မြန်မာပြည်ရဲ့ ဂေါ်ဘာချော့ဗ် ဖြစ်နိုင်မလားလို့ မိတ်ဆက်စာမှာ ရေးထားပါတယ်။

ဦးသိန်းစိန်ရဲ့ အယောက် ၂၀ လောက် အကွာမှာတော့ အင်ဂျလီနာဂျိုလီ၊ ဘရက်ပစ်တို့ လင်မယား ကို တွေ့ရမှာပါ။

TIME မဂ္ဂဇင်းက အဆိုပြုစာရင်းမှာ ရွေးချယ်စရာ ၂၀၀ ရှိပါတယ်။

လာမယ့် သောကြာနေ့ မဲရုံပိတ်ပါမယ် တဲ့။ အဲဒီအခါ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန်တို့ကို ကမ္ဘာတလွှား TIME မဂ္ဂဇင်း ပရိသတ်က ဘယ်လို သဘောထားလဲ၊ မဲပေးထားသလဲ ဆိုတာ ပိုတွေ့ရမှာပါ။

လက်ရှိ မဲပေးဆဲကာလမှာလည်း ရလဒ်တွေ သိနေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့သြဇာရှိပုဂ္ဂိုလ်အဖြစ် သတ်မှတ်သူ 11,152 ဦး ရှိပြီး မသတ်မှတ်သူ 773 ဦး ရှိနေပါတယ်။

ဦးသိန်းစိန်ကြီးရဲ့ မဲအခြေအနေက ဒီလိုပါ။
ထောက်ခံသူ 4,456 နဲ့ ကန့်ကွက်သူ 1,872 လို့ တွေ့ရပါတယ်။

(မြန်မာစံတော်ချိန် တနင်္လာနေ့ နေ့ခင်း ၂း၂၀ ရလဒ်)

ဒီတော့ ထောက်ခံမဲ ပေးနိုင်သလို ကန့်ကွက်မဲလည်း ပေးနိုင်တယ် ဆိုတော့ ကမ္ဘာတလွှား စာဖတ်သူတွေအတွက် ပျော်ပျော်ကြီး မဲပေးနိုင်ပြီပေါ့။ ကြိုက်ရင်ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဘူးပေါ့။

ဥပမာ ဦးသိန်းစိန်ကြီးကို မဲပေးမယ် ဆိုပါတော့။ သူနာမည်ကို လိုက်ရှာပြီး ကလစ်လိုက်။
(မရှာချင်ဘူး။ အခုပဲ သွားချင်တယ် ဆိုရင်တော့ လင့်က ဒီလိုပါ - http://www.time.com/time/specials/packages/article/0,28804,2107952_2107953_2110182,00.html)
Unknown at 6:42 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.