Wednesday, March 21, 2012

တရား​သဖြင့်​ နိုင်တာကိုပဲ ကျ​နော်တို့​ ဂုဏ်ယူချင်ပါတယ်

ရန်ကုန်တိုင်း ​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ ပါတီ ​အောင်နိုင်​ရေး​အဖွဲ့​ ​ခေါင်း​ဆောင် ဦး​အောင်သိန်း​လင်း​နှင့်​ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

ဦးအောင်သိန်းလင်း
ရန်ကုန်တိုင်း ​ အတွင်း​မှာ ​ရွေး​ကောက်ပွဲကျင်း​ပဖို့​က ၁ ပတ် ၁၀ ရက်​လောက်ပဲ လို​တော့​တဲ့​ အချိန်မှာ အန်ကယ်တို့​ ဝင်ပြိုင်တဲ့​ ၆ ​နေရာ စလုံး​ပေါ့​။ ပြည်ခိုင်ဖြိုး​ပါတီက ဒီ ​ရွေး​ကောက်ပွဲ စည်း​ရုံး​ရေး​တွေ ဘယ်လို ​ဆောင်ရွက်တယ် ဆိုတာ​လေး​ အရင်ဆုံး​ သိပါရ​စေ။
“ကျ​နော်တို့​ ၂၀၁၀ တုန်း​ကလည်း​ ပြိုင်ခဲ့​တာပါပဲ​လေ။ ပြိုင်ခဲ့​တော့​ အဓိက လက်ကိုင် ထား​တာ က​တော့​ တရား​မျှတပြီး​တော့​မှ သန့်​သန့်​ရှင်း​ရှင်း​ ဖြစ်ဖို့​ အ​ရေး​ကြီး​တယ်။ ​နောက်တခုက ကိုယ် မဲဆွယ်တဲ့​ ကိစ္စ​တွေကလည်း​ သူများ​ကို အ​နှောင့်​အယှက် မဖြစ်​စေချင်ဘူး​။ ဒါ​ကြောင့်​မို့​လို့​ တတ်နိုင်သမျှ သူများ​ကို အ​နှောင့်​အယှက် မဖြစ်တဲ့​နည်း​နဲ့​ မဲဆွယ်တယ်။ အိမ်တိုင်ရာ​ရောက်သွား​တဲ့​ လှုပ်ရှား​မှု​တွေ ​ပေါ့​။ လိုက်ပြီး​တော့​မှ သတင်း​ပေး​တဲ့​ စနစ်​တွေပါ။ သတင်း​ပေး​တယ် ဆိုတာက​တော့​ ကိုယ့်​ ကိုယ်စား​လှယ်ရဲ့​ လက်ကမ်း​ စာ​စောင်​တွေ ​ဝေတဲ့​ စနစ်​တွေကို ကျ​နော်တို့​က ​ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဓိက လက်ကိုင်ထား​ တာ က​တော့​ တရား​မျှတမှု ဖြစ်ဖို့​ အဓိကထား​တယ်။”
တခြား ​ ပါတီအများ​စုက​တော့​ အများ​အား​ဖြင့်​ အန်အယ်လ်ဒီ ပါတီ​ပေါ့​။ သူတို့​ပါတီက စည်း​ရုံး​ရေး​ ဆင်း​တဲ့​အခါမှာ သူတို့​ အများ​ကြီး​တွေ့​လို့​ ​ပြောတာ​တွေ ရှိပါတယ်။ မဲစာရင်း​ကွာတဲ့​ ကိစ္စ​တွေ။ အန်ကယ်တို့​ပါတီ အ​နေနဲ့​ရော အဲဒီကိစ္စ​တွေမှာ ​တွေ့​ရှိချက်​တွေကို တင်ပြထား​ခြင်း​ ရှိ၊​ မရှိ​ပေါ့​။ ဒါကို ကျွန်​တော်တို့​ သိချင်ပါတယ်။
“ကျ​နော်တို့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ အ​တွေ့​အကြုံတုန်း​က မဲ​ပေး​ခွင့်​ ရှိရဲ့​သား​နဲ့​ မ​ပေး​လိုက်ရတဲ့​သူ​တွေ ​တွေ့​ရပါတယ်။ ဒီ တပွဲမှာလည်း​ အဲဒီလို မဖြစ်​အောင်​တော့​ ကျ​နော်တို့​ တတ်နိုင်သမျှ မဲ​ပေး​မယ့်​လူ​တွေ၊​ ရပ်ကွက်ထဲမှာ ရှိတဲ့​လူ​တွေ မဲစာရင်း​ထဲမှာပါ၊​ မပါ လိုက်လံ စိစစ်ပြီး​တော့​မှ၊​ မပါ​သေး​တဲ့​လူ​တွေ ရှိရင်လည်း​ ​ကော်မရှင်ကို တင်ပြပါတယ်။ ​ကော်မရှင်က သတ်မှတ်ထား​တဲ့​ စည်မျဉ်း​စည်း​ကမ်း​နဲ့​ ကိုက်ညီလို့​ရှိရင် သူတို့​ လက်ခံပါတယ်။ အဲဒါ​လေး​တွေကို ၂၀၁၀ တုန်း​ကလည်း​ ကျ​နော်တို့​ လုပ်ပါတယ်။ ၂၀၁၂ မှာလည်း​ မဲ​ပေး​ခွင့်​ ရှိတဲ့​လူ​တွေ အာလုံး​ မဲ​ပေး​ခွင့်​ရ​အောင်လို့​ ဝိုင်း​ဝန်း​ပံ့​ပိုး​ ​ဆောင်ရွက်တဲ့​ သ​ဘောမျိုး​နဲ့​ ​ဆောင်ရွက်ပါတယ်။”
တခြား ​ဒီမိုက​ရေစီပါတီ​တွေကို ​မေး​ကြည့်​တော့​ အခုဆိုရင် ဥပမာ- မင်္ဂလာ​တောင်ညွန့်​မှာ ဆိုလို့​ရှိရင် ​တော်​တော်ကြီး​ မြိုင်မြိုင်ဆိုင်ဆိုင်။ ပါတီ​တွေက မဲဆွယ်စည်း​ရုံး​နေတာ ​တွေ့​ရတယ်လို့​ သိရပါတယ်။ မဲဆွယ် စည်း​ရုံး​တဲ့​ အခါမှာလည်း​ ၂၀၁၀ တုန်း​ကလို မဟုတ်ဘဲနဲ့​ တပါတီနဲ့​ တပါတီ ​ပြောဆိုနှုတ်ဆက် ချစ်ချစ်ခင်ခင် ရင်း​ရင်း​နှီး​နှီး​နဲ့​ အိုး​စည်ဗုံ​မောင်း​တွေတီး​၊​ ကား​တွေနဲ့​ လှည့်​ပြီး​တော့​ မဲဆွယ်စည်း​ရုံး​တယ်လို့​ ကြား​ရပါတယ်။ အန်ကယ်တို့​ရော မဲဆွယ်စည်း​ရုံး​တဲ့​ အ​နေအထား​မှာ ရန်ကုန်တိုင်း​မှာ ဘယ်လိုမျိုး​တွေများ​ ကြုံ​တွေ့​ရပါသလဲ။
“ကျ​နော်တို့​ လည်း​ သူတို့​တွေလို​ပေါ့​။ ၂၀၁၀ တုန်း​ကလည်း​ ဒီလိုပဲ ကား​တွေနဲ့​ ကိုယ်စား​လှယ်ရဲ့​ ဗွီနိုင်း​ကို ကပ်ပြီး​တော့​မှ ရပ်ကွက်​တွေမှာ လိုက်လံ မဲဆွယ်ပါတယ်။ ဒါ​ပေမယ့်​ ပြီး​ခဲ့​တဲ့​ အပတ် ၁၀ တန်း​စာ​မေး​ပွဲ ​ဖြေ​နေတဲ့​ ကာလမှာ​တော့​ ကျ​နော်တို့​ အဲဒါ​တွေ ခဏရပ်ထား​တယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ၁၀ တန်း​စာ​မေး​ပွဲ ​ဖြေ​နေတဲ့​ က​လေး​တွေ အ​နှောင့်​အယှက်ဖြစ်မှာ စိုး​လို့​၊​ ၁၀ တန်း​စာ​မေး​ပွဲက မ​နေ့​က တချို့​တော့​ ပြီး​ပြီ။ ဒါ​ပေမယ့်​ ​သေချာ​တော့​ မပြီး​သေး​ဘူး​။ တချို့​ ဘာသာရပ်​တွေ ကျန်​သေး​တယ်။ ဒီအပတ်ကုန်မှပဲ ကျ​နော်တို့​က သူများ​တွေလိုပဲ ကား​နဲ့​ လှည့်​၊​ လှည့်​ပြီး​တော့​မှ လက်ကမ်း​စာ​စောင်​တွေလိုက်​ဝေ အဲဒါ​တွေ လုပ်ပါ့​မယ်။
ပြီး​တော့​ ဒီမှာ ထူး​ခြား​တာက ပြိုင်မှာက ၆ မြို့​နယ်ထဲဆို​တော့​ ကျန်တဲ့​ မပြိုင်တဲ့​ မြို့​နယ်​တွေက ပြိုင်မယ့်​ ၆ မြို့​နယ်ကို ဝိုင်း​ကူပြီး​တော့​ လုပ်တာ​ပေါ့​။ အား​ဖြည့်​ပြီး​တော့​ လုပ်တာ​တော့​ ရှိတာ​ပေါ့​။”
၂၀၁၀ တုန်း​က ကြံ့​ခိုင်​ရေး​ပါတီအ​နေနဲ့​ ​ငွေ​ချေး​ပြီး​တော့​ မဲဆွယ်တာတို့​၊​ လမ်း​ခင်း​ပြီး​တော့​ မဲဆွယ်တာတို့​ လုပ်ခဲ့​တယ်ဆိုတဲ့​ ​ဝေဖန်သံ​တွေ ကြား​ရပါတယ်။ အခု ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ​ရော အဲဒီလိုပုံစံမျိုး​နဲ့​ မဲဆွယ်တာမျိုး​ကို​ရော လုပ်​ဆောင်မှု​တွေ ရှိပါသလား​။
“ပြည်ခိုင်ဖြိုး ​ရဲ့​ မူဝါဒမှာ ​ကျေး​လက်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ်ကြီး​ ၅ ရပ် ရှိတယ်။ အဲဒါ ၅ ရပ်ကို ကျ​နော်တို့​က ထမ်း​ဆောင်တာပါ။ အဲဒီ ထမ်း​ဆောင်တဲ့​ ​နေရာမှာ ​ကျေး​လက်​နေ ပြည်သူလူထု​တွေ အတွက် လမ်း​တွေ ​ကောင်း​ရမယ်။ ​ကျေး​လက်ပြည်သူလူထု ​ရေရရှိ​ရေး​ ​ဆောင်ရွက်​ပေး​ရမယ်၊​ ​ကျေး​လက် ပြည်သူလူထုရဲ့​ ​ကျောင်း​တွေ ​ကောင်း​အောင် လုပ်​ပေး​ရမယ်၊​ ​ကျေး​လက်​တွေမှာ ​ဆေး​ခန်း​တွေရှိရင် အဲဒီ​ဆေး​ခန်း​တွေကို ဝိုင်း​ဝန်း​ပြီး​တော့​ ​စောင့်​ရှောက်ရမယ်၊​ ​နောက်တခါ ​ကျေး​လက်ပြည်သူလူထုရဲ့​ လူမှု စီပွား​ရေး​ဘဝကို ဝိုင်း​ဝန်း​ပြီး​တော့​မှ ပံ့​ပိုး​ရမယ်ဆိုတဲ့​ ​ကျေး​လက်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ်ကြီး​ ၅ ရပ်ဟာ ပါတီရဲ့​ လက်ကိုင်ထား​တဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ် ၅ ရပ်ဖြစ်ပါတယ်။
ကျ​နော်တို့​ နိုင်ငံမှာ လိုအပ်​နေတာဟာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ တိုင်း​တပါး​ ဩဇာခံ မဖြစ်​ရေး​ ဒီ ၂ ချက်က။ အခုလည်း​ လိုအပ်သလို ​နောင်လည်း​ လိုအပ်မယ်လို့​ ထင်ပါတယ်။ ပါတီရဲ့​ မူဝါဒအတိုင်း​ ​ဆောင်ရွက်မြဲ ကိစ္စကို ကျ​နော်တို့​ ​ဆောင်ရွက်ခြင်း​သာ ဖြစ်ပါတယ်။”
ဒီကြား ​ဖြတ်​ရွေး​ကောက်ပွဲမှာ ထူး​ခြား​တာက အန်အယ်လ်ဒီပါတီ ဝင်​ရောက် ယှဉ်ပြိုင်လာပါတယ်။ ပြည်ခိုင်ဖြိုး​ပါတီလိုပဲ ၄၈ ​နေရာစလုံး​ ဝင်ပြိုင်တဲ့​ ပါတီပါ။ ကြား​ဖြတ်မှာ ဆိုရင် အဓိက ပြိုင်ဘက်ပါတီလို့​တောင် ​ပြောလို့​ပါတယ်။ အန်အယ်လ်ဒီပါတီ ဝင်လာပြီး​ သူ့​ကိုယ်စား​လှယ်​လောင်း​တွေ ဝင်ပြိုင်လာတဲ့​အတွက် အခု ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ပြည်ခိုင်ဖြိုး​ပါတီနဲ့​ အပြိုင် မဲဆွယ်စည်း​ရုံး​ရာမှာ ဘယ်လိုမျိုး​တွေ ကြုံရဆုံရလဲ။ အန်ကယ်တို့​ဘက်လည်း​ ဘယ်လို ပြင်ဆင်ထား​ပါသလဲ။
“ကျ​နော်တို့​ ပါတီရဲ့​ မူဝါဒက​တော့​ အမျိုး​သား​ရေး​ကို ​စောင့်​ရှောက်မယ့်​၊​ တိုင်း​ပြည်အ​ပေါ်မှာ ဘယ်​တော့​မှ သစ္စာမ​ဖောက်မယ့်​ တရား​ဝင်ဖွဲ့​စည်း​တဲ့​ ပါတီအား​လုံး​ကို​တော့​ ကျ​နော်တို့​က မိတ်ဖက်လို သ​ဘောထား​ရမယ်လို့​ ကျ​နော်တို့​ပါတီရဲ့​ မူဝါဒလမ်း​စဉ်မှာ သတ်မှတ်ထား​ပါတယ်။ ကျ​နော်တို့​က အဲဒီမူဝါဒကိုပဲ လက်ကိုင်ထား​ပြီး​တော့​မှ ​ဆောင်ရွက်​နေတာ ဖြစ်ပါတယ်။”
ဧပြီ ၁ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ရန်ကုန်တိုင်း​က အန်ကယ်တို့​ ပါတီအ​နေနဲ့​ ၆ ​နေရာစလုံး​ နိုင်မယ်လို့​ ယုံကြည်ထား​ပါသလား​။ အန်ကယ် ဘယ်​လောက်အထိ ​မျှော်လင့်​ ထား​ပါသလဲ။
“​လော​လောဆယ်​ တော့​ ခန့်​မှန်း​ရ ခက်​သေး​တယ်။ ကျ​နော်တို့​လည်း​ အခု တတ်နိုင်သမျှ ကြိုး​စား​ပြီး​တော့​ ​ဆောင်ရွက်​နေတုန်း​ပါပဲ။ ​ရွေး​ကောက်ပွဲ တခုဆိုတာက​တော့​ ဘယ်​လောက် ​သေချာတယ်၊​ မ​သေချာဘူး​ ဆိုတာက​တော့​ ပွဲပြီး​မှပဲ အ​ဖြေသိတဲ့​ သ​ဘောပါပဲ။”
ဖြည့်​စွက်​ပြောလိုတာ ရှိရင် ​ပြောပြ​ပေး​ပါ။
“ကျ​နော်တို့​ က ဒီ​ရွေး​ကောက်ပွဲမှာ တရား​သဖြင့်​ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ စည်း​ကမ်း​ရှိရှိ အနိုင်ရ​အောင်လို့​ ဥပ​ဒေ​ဘောင်ထဲကပဲ ကြိုး​စား​ပါမယ်။ ကျ​နော်တို့​ ကြိုး​စား​သလို တခြား​ပါတီ​တွေကိုလည်း​ အဲဒီလို ဖြစ်​စေချင်ပါတယ်။ တည်တည်ငြိမ်ငြိမ် ​အေး​အေး​ချမ်း​ချမ်း​နဲ့​ စည်း​ကမ်း​ရှိရှိ တန်ဖိုး​ရှိတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဖြစ်​စေချင်ပါတယ်။ အဲဒီလို ဖြစ်​အောင်လည်း​ ကျ​နော်တို့​ အစွမ်း​ကုန် ကြိုး​စား​နေပါတယ်။ တရား​သဖြင့်​ နိုင်တာကိုပဲ ပြည်ခိုင်ဖြိုး​ပါတီက ဂုဏ်ယူမှာ ဖြစ်ပါတယ်။” 
ဒီဗွီဘီ
Unknown at 9:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု




Jack Froese ဆိုတဲ့အသက် ၃၂ နှစ်ရှိတဲ့လူဟာ နှလုံး ခုန်မူမမှန်တဲ့ရောဂါတစ်မျိုးနဲ့သေဆုံးခဲ့ပြီးဖြစ်ပါတယ် ။ ဒါပေမယ့် သူန့လတ်တလော စကားပြောဆိုခြင်းတွေနဲ့လက်တလော သူ့လှုပ်ရှားမှုတွေကို အင်တာနက် မှာတွေ့ လိုက်ရလို့ မိသားစုတွေက ထိတ်လန့်တုန်လှုပ်ခဲ့ရတယ် ။




ဒီလူရဲ့ သူငယ်ချင်းတွေနဲ့မိသားစုတွေဟာ တမလွန်မှ ရောက်လာတဲ့ အီးမေလ်းတွေကြောင့် ထိတ်လန့် တုန်လှုပ် ခဲ့ရတယ် ။ တကယ်တော့ Jack Froese ဟာ လွန်ခဲ့တဲ့နှစ်ကတည်းက ဂျွန်လမှာ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးပြီး ငါးလအကြာမှာတော့ သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဟာ ဒီလို ထူးဆန်းပြီး အဖြေရှာမ ရတဲ့ အီးမေလ်းတွေကို သူ့အကောင့်မှ တဆင့်လက်ခံရရှိခဲ့တယ် ။



ဘယ်လောက်တောင်တိကျသလဲဆိုရင် သူငယ်ချင်းတွေနဲ့အတွင်းရေးတွေပါ ပါဝင်ပြီး သေဆုံးစဉ်က ဖြစ်ပျက် ခဲ့တဲ့အကြောင်းအရာတွေပါပါဝင်သတဲ့ ။

Tim Hart ဆိုသူဟာ Jack နဲပ ၁၇ နှစ်လောက်လက်တွဲခဲ့တဲ့အရ့င်းနှီးဆုံးသူငယ်ချင်းဖြစ်ပါတယ် သူဟာ တစ်နေ့ သူ့အီးမေလ်းဖွင့်လိုက်စဉ်မှာ တွေ့လိုက်တာက စာသားနေရာမှာ “ I'm watching ” (ငါမင်း ကို စောင့် ကြည့်နေတယ် ) လို့ရေးထားပြီး ပေးပို့သူနေရာမှာ သူ့သူငယ်ချင်းအကောင့် Sender : Jack Froese ဖြစ်နေခဲ့ တယ် ။ အီးမေလ်းမှာရေးထားတာကတော့ “Did you hear me? I'm at your house. Clean your f*****g attic!!!” တဲ့ (ငါမင်းအိမ်ရောက်နေတဲ့ မင်းငါ့ကိုတွေ့လား မင်းအိမ်ရဲ့ထပ်ခိုးကို ရှင်းထားပါ ) တဲ့ ။



သူ့သူငယ်ချင်းတွေက BBC သတင်းဌာနကိုပြောခဲ့တယ် “ ကျွန်တော်စာဖတ်နေစဉ်မှာပဲ အဖြူရောင် ၀ိဥာဉ် ကိုတွေ့ခဲ့ရတယ် ”

“ ဒါဟာ အရမ်းထူးဆန်းပါတယ် တချို့အကြောင်းအရာတွေက ကျွန်တော်နဲ့ Jack နဲ့ဆက်နွယ်မှု နဲ့ ပတ် သတ်တာတွေပါနေတယ် ”

Jack မသေဆုံးခင်ကတည်းက Tim ရဲ့ အိမ်ထပ်ခိုးမှာ သူတို့အတူ ကွန်ပြူတာနဲ့ချက်တင်ထိုင်ခဲ့ကြတယ် အဲဒီတုန်း ကလည်း Jack က သူ့သူငယ်ချင်းကို ထပ်ခိုးကို ရှင်းပါဦးလို့ပြောခဲ့သေးတယ် ။

ဂျက်နဲ့တစ်ဝမ်းကွဲ Jimmy McGraw ဟာလည်း ဒီလို ထူးဆန်းတဲ့အီးမေလ်းကို ရခဲ့တယ် ။ အီးမေးလ်ထဲမှာ ဂျက်သေ ဆုံးပြီးနောက် သူဒူးခေါင်းဒါဏ်ရာရခဲ့တာတွေကိုလည်းဖော်ပြထားပါသတဲ့ ။ ရေးထားတာကတော့ “ “Hey Jim, How ya doing? I knew you were gonna break your ankle, tried to warn you. Gotta be careful.” တဲ့ ။ (ဟေး .. ဂျင် မင်းဘာလုပ်နေလဲ ငါသိပါတယ် မင်း ဒူးခေါင်းဒါဏ်ရာရနေတယ်မဟုတ်လား ငါမင်းကို သတိပေးခဲ့ပါသေးတယ် သတိထားနော်သူငယ်ချင်း ) တဲ့ ။



ဂျင်က ဆက်ပြောတယ် “ ကျွန်တော်ဂျက်စာပို့တာကိုပြောချင်ပါတယ် ဒါပေမယ့် သူက သေ ဆုံးပြီးသား လူမဟုတ် လား အခုတော့သူကျွန်တော့်ကို ဆက်သွယ်ဖို့ကြိုးစားနေတယ် ”

ဂျက်သူငယ်ချင်းတွေနဲ့ မိသားစုတွေက ဂျက်ရဲ့ ပါ့စ၀ပ်ကို ဘယ်သူမှမသိပါဘူး ပြီးတော့ သူ့အကောင့်ကို တစ်ဦးဦး က Hack လုပ်ပြီးသုံးနေတာလည်းမဖြစ်နိုင်ပါဘူးသူတို့မယုံပါဘူးတဲ့ ။ တကယ်တော့သူတို့ဟာ ဒီလိုထူး ဆန်း တဲ့ အီးမေးလ်တွေကို လက်ဆောင်တစ်ခုအနေနဲ့လက်ခံရရှိခဲ့ခြင်းပါ ။



ဂျက်ရဲ့မိခင် Patty က BBC ကိုပြောခဲ့တာကတော့ “ ကျွန်မထင်တာကတော့သူတို့အဖွဲ့ဟာ အရမ်းလည်းပျော် တတ် တယ် သူတို့က လူတွေကို ပျော်အောင်လုပ်တယ် လူတွေ သတိရနေအောင်လုပ်တယ် ဒါပေမယ့် ကျွန်မ အတွက်တော့ လူတွေသူ့အကြောင်း ပြောနေတာပိုကောင်းမယ်ထင်ပါတယ် ”

မူရင်း - http://www.mirror.co.uk/news/world-news/dead-man-sends-emails-from-beyond-763728

သက်တန့်ချို

မေမွန်ကျော်
Unknown at 9:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေပြဌာန်း

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြဌာန်းလိုက်ကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြ ပါရှိပါတယ်။
နအဖအစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲတုန်း က ပြဌာန်းခဲ့ တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေဟာ ဖျက်သိမ်းလိုက်ပြီးတော့ လွှတ်တော်ကနေ သမ္မတဆီ တင်သွင်းပြီးတော့ အခုလို ဥပဒေသစ် အဖြစ် ပြဌာန်းလိုက် တာပါ။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဓိက ကျတဲ့ အချက်အလက်တွေ အပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြောပါတယ်။ “အရင် ဥပဒေက ဖျက်သိမ်းလိုက်ပြီ။ လွှတ်တော်က ပို့တော့ သမ္မတက လက်မှတ်ထိုးပေး လိုက်တယ်။ အကြမ်းဖျဉ်း ကျနော် နားလည် သလောက်တော့ ကော်မရှင်ရဲ့ ရာထူး သက်တမ်းက နိုင်ငံတော် သမ္မတ ရာထူးသက်တမ်း အတိုင်း ဖြစ်တယ်ဆိုတာ လွှတ်တော်မှာ ပြဌာန်းတုန်းက ဒီအချက် ပါတယ်။ ကျန်တာကတော့ သိပ်အပြောင်းအလဲ မရှိပါဘူး။ ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်းတွေ၊ ရွေးကောက်ပွဲ ခုံရုံးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေနဲ့ စပ်လျဉ်းတဲ့ အယူခံတွေ၊ ပြင်ဆင်မှုတွေကို ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က အပြီးပြတ်တယ်။ နိုင်ငံရေးပါတီ ဥပဒေဆိုင်ရာ ဆောင်ရွက်ချက်တွေ ဟာလည်း ကော်မရှင်ရဲ့ ဆောင်ရွက်မှုက အပြီးပြတ်ပဲ။ ဒီ ၃ ခုက ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ပဲ။”
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲဆိုင်ရာ အမြင့်ဆုံး အာဏာပိုင် အဖွဲ့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေအပြင် နိုင်ငံရေး ပါတီ ဆိုင်ရာ ကိစ္စရပ်တွေကို အပြီးပြတ် ဆောင်ရွက်တဲ့ အဖွဲ့အစည်းလည်း ဖြစ် ပါတယ်။ 
ဒီဗွီဘီ
Unknown at 9:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငွေလဲနှုန်းအသစ် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်းသတ်မှတ်မည်

မြန်မာကျပ်ငွေနဲ့အမေရိကန်ဒေါ်လာ ငွေ လဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့ နီးစပ်တဲ့ ၁ ဒေါ်လာကို ၈၂၀ ကျပ် နှုန်း သတ်မှတ်ဖို့  မြန်မာ ဗဟိုဘဏ်က ပြင်ဆင်နေတယ်လို့ ပုဂ္ဂလိကဘဏ်က အရာရှိတွေကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
(Photo by Ministry of Finance and Revenue)
ခုချိန်ထိ အစိုးရက သတ်မှတ်ထားတဲ့ တရားဝင်ပေါက်ဈေးက အမေရိကန် ၁ ဒေါ်လာ ကို ၆ ကျပ်ဖြစ်ပြီး၊ လက်တွေ့ ဈေးကွက်မှာတော့ ၁ ဒေါ်လာကို ကျပ် ၈၀၀ ၀န်း ကျင် ဈေးပေါက် ပါတယ်။ ဒီအပြောင်း အလဲကြောင့် ငွေကြေးဈေးကွက် နဲ့ စီးပွားရေးကဏ္ဍမှာ ထူးထူးခြားခြား ရိုက်ခတ်မှုတွေ မရှိနိုင်ဘူး လို့ ငွေရေးကြေးရေးနဲ့ စီးပွားရေးဆိုင် ရာ ဆောင်းပါးတွေ ရေးနေတဲ့ စာရေး ဆရာ ဦးဟန်ထွန်း (အခွန်)က သုံးသပ် ပါတယ်။
“သိပ်ထူးထူးခြားခြားတော့ မဖြစ်ပါဘူး။ အပြောင်းအလဲကတော့ ဒီလိုပဲ ဖြစ်သွား မှာပေါ့။ ၂၀၁၂-၁၃ ဘတ်ဂျက်မှာ ၈၀၀ နဲ့ တွက်တယ်ဆိုပြီး လွှတ်တော်မှာ ပြောတာပဲ။ သင့်တော်တဲ့ ဈေးကို ပြောင်းဖို့ ရည်ရွယ်ချက် ရှိတယ်။ ဈေးကွက် ပေါက်ဈေးအတိုင်း လုပ်ဖို့ ရှိတယ်။ ဒီလိုပဲ သွားရမှာပါပဲ။ ထူးထူးထွေထွေ ရိုက်ခတ်ဖို့ မရှိဘူး။ ဒီဈေး ကပေါက်ဈေး ဖြစ်နေတာ ကို၊ လောလောဆယ်တော့ နည်းနည်းပါးပါး အလျော့ အတင်းလေး ရှိတာကလည်း သိပ်တော့ အကြောင်း မဟုတ်ဘူး။ ပုံသေချိတ်ထား တဲ့ ဈေးကနေ ပေါက်ဈေးကို ပြောင်းတဲ့နေရာမှာ ဒီလိုပဲ သွားရမှာပဲ။ ဒီအတွက်တော့ ကျနော်တို့ နိုင်ငံအနေနဲ့ ထူးခြားတဲ့ ထိခိုက်နစ်နာ စရာ အကြောင်းမရှိတာဟာ ကံကောင်းတာ တခုပဲ။ ဒီဟာက ရေရှည် တည်တန့်သွားရင် ကောင်း တာပေါ့။ နိုင်ငံခြား အရင်းအနှီးတွေ တအား ၀င်လာပြီး ကျပ်ငွေဈေးတွေ ထောင်တက်တာတို့ အဲဒီလို ရုတ်တရက် အပြောင်းအလဲကြီးတွေ မရှိရင်တော့ တည်ငြိမ်သွားမယ့် သဘော ရှိပါတယ်။”
ငွေလဲနှုန်းကို ပြုပြင်လိုက်တဲ့အတွက် ပိုပြီး ပွင့်လင်းမြင်သာတဲ့ ငွေလဲစနစ်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ၀င်လာနိုင်ချေ ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေသလို နိုင်ငံခြားအရင်းအနှီးတွေ အလုံး အရင်းနဲ့ ၀င်လာဖို့ ကိစ္စမှာ မြန်မာပြည်က လျှပ်စစ်ဓာတ်အား၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးနဲ့ တခြား အခြေခံ အဆောက် အဦတွေ လိုအပ်နေသေးတယ် လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် နိုင်ငံခြားငွေတွေ အလုံးအရင်းနဲ့ ၀င်လာလို့ ငွေကြေးဈေးကွက် အလှုပ်အရမ်း များပြီး မမျှော်လင့်တဲ့ ပြဿနာတွေလည်း မြန်မာပြည်မှာ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၀၉ ခုနှစ် တုန်းကလည်း ကျွန်းသစ်၊ စွမ်းအင်၊ ကျောက်မျက် ရတနာတွေမှာ အ၀ယ်လိုက်ခဲ့တဲ့ အတွက် ဒေါ်လာတွေ အလုံးအရင်းနဲ့ ၀င်ခဲ့တုန်းက ၁ ဒေါ်လာကို ကျပ် ၁၀၀၀ အထိ ခုန်တက်ခဲ့ဖူးပါတယ်။
ဒီလို ဖြစ်တဲ့အတွက် အောက်ခြေ လယ်သမားတွေကနေ  ထုတ်လုပ်မှုကဏ္ဍက အလုပ်သမားတွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေမှာ ဒေါ်လာနဲ့ လခစားတွေအထိ ထိခိုက်ခဲ့ဖူးပါတယ်။
ဦးဟန်ထွန်း (အခွန်)ကတော့  အခြေခံအဆောက်အဦတွေ မပြည့်စုံသေးလို့  မြန်မာပြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ အလုံးအရင်းနဲ့ ရုတ်တရက် ၀င်လာနိုင်ချေ မရှိသေး သလို၊ မြန်မာပြည်က ဘဏ်စနစ် မှာလည်း ပြုပြင်ပြောင်းလဲရမှာတွေ ရှိတယ်လို့ ထောက်ပြ ထားပါတယ်။
“လောလောဆယ်လိုအပ်ချက်တွေ ဖြည့်ဆည်းအောင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ပြဌာန်းတာတို့ လုပ်နေတာပေါ့။ တခြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာနိုင် တဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေကအဆင့်နိမ့်နေသေးတယ်။ အဲဒီ ကိစ္စတွေ ကလည်း ကြီးတယ်။ ဘဏ် လုပ်ငန်းတွေရဲ့ အရည်အချင်း တိုးတက်လာဖို့လည်း လိုအပ် တယ်။ ၀န်ဆောင်မှုတွေ ကောင်းလာမှ နိုင်ငံတကာက ဘဏ်လုပ်ငန်း တွေ လာမယ် လို့တော့ ပြောတယ်။ ဘယ်လိုလာမယ် ဆိုတာတော့ မသိသေးဘူး။ အဲဒီလို လာမယ် ဆိုရင် လည်း ချက်ချင်းကြီး လာလို့ မရဘူး။ ပြည်တွင်းဘဏ္ဍာရေး ဈေးကွက်မှာ နိုင်ငံတကာ ဘဏ်တွေ ဘယ်လို ၀င်ခွင့်ပြုမယ် ဆိုတာ ရှိသေးတာကို။ ဥပဒေတွေတော့ အတော်အသင့်တော့ ရှိတယ်။ ဒါပေမယ့် ဘဏ် လုပ်ငန်းနဲ့ အရင်းအနှီးဈေးကွက် ကို ပြောနေကြတာကို။ အဲဒီဟာတွေ အတွက်တော့ အများကြီး လိုပါသေးတယ်။”
ကမ္ဘောဇဘဏ်ရဲ့ ဒု – ဥက္ကဋ္ဌ ဦးသန်းလွင်ကလည်း ငွေလဲနှုန်းကို ပြောင်းလဲ သတ်မှတ်တာ ထက် နောက် ဆက်တွဲ စီမံခန့်ခွဲမှုတွေက ပိုပြီး အရေးကြီးတယ် လို့ ပြောပါတယ်။ ဒီအပြောင်းအလဲကို နိုင်နင်းဖို့ ဆိုရင် နိုင်ငံခြားက ကျွမ်းကျင် သူတွေရဲ့ အကူအညီ လိုအပ်တယ် လို့ ဦးသန်းလွင်က ဆိုပါတယ်။
“တသမတ်တည်း ဖြစ်အောင် လုပ်တာတော့  လွယ်တယ်။ အဲဒါကို ထိန်းကျောင်းဖို့က အရေးကြီးတယ်။ ထိန်းကျောင်းတာတော့ ထိရောက်တာပေါ့။ ဥပဒေကလည်း လောလောဆယ် ပြင်ဆင် ထားတုန်း ရှိသေးတယ်။ ပြင်လို့က မပြီးသေး ဘူး။ အဲဒီ ပြင်တဲ့ ဥပဒေကလည်း ထပ်လာဦးမယ်။ ဘဏ် ဥပဒေက ပြင်ရအုန်းမယ်။ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေလည်း ပြင်ရဦးမယ်။ ဒါလည်းမပြီးပြတ်သေးဘူး။ အဲဒါတွေက ပြန်လည်တားဆီးမှလည်း အဲဒါကလည်း ထိန်းကျောင်းရာမှာ လွတ်လပ်မှု ရှိလာမယ်။ အဲဒီသဘောလည်း ပါတယ်။ လုပ်တတ်ကိုင်တတ်ဖို့လည်း အရေးကြီးတယ်။ အကြံပေးထားတာတော့ ကျွမ်းကျင်သူတွေ တော်တော်များများ လိုမယ်။ ကိုယ့်ဆီမှာ မရှိလည်း နိုင်ငံခြားက ခေါ်ပြီး သေချာ စနစ်တကျ လုပ်ဖို့ လိုတယ်။
ပေါ့ပေါ့တန်တန် တွေးလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ ကျနော်တို့က ဈေးကွက်ကို signal ပေးရမှာကို၊ ဈေးကွက်က အရေးကြီးတယ်။ ဘယ်လို signal ပေးမလဲ။ ဘယ်လို တုံ့ပြန်လာ မလဲ။ အဲဒါလည်း တော်တော် အရေးကြီးတယ်။ ဈေးကွက်က တုံ့ပြန်လာလို့ ဈေးကွက်ကို ဘယ်လို ထိန်းကျောင်းမလည်း။ လုပ်ငန်းတွေ က ပေါ်လာပြီ။ နောက်ဆက်တွဲ လုပ်ရမယ့် အရာတွေက ပညာသားပါလာပြီ။ အဲဒါ ပို အရေးကြီး တယ်။”
အရင်က ငွေလဲနှုန်းကို ၂ မျိုးဖြစ်တာကြောင့် အဓိက အကျိုးအမြတ် ရသူတွေဟာ အစိုးရ အရာရှိ မိသားစုတွေနဲ့ သူတို့ နီးစပ်တဲ့ သူဌေးတွေဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ သူတို့ဟာ ငွေလဲနှုန်းကွာဟမှုအပေါ် အမြတ်ထုတ်ပြီး ရလာတဲ့ငွေတွေကို  နိုင်ငံခြား ဘဏ်တွေမှာ အပ်နှံ ထားကြတယ်လို့ ဆိုကြပါတယ်။
ကမ္ဘာဘဏ်ရဲ့ စာရွက်စာတမ်းတွေကို ကိုးကားတဲ့ ရိုက်တာသတင်းမှာတော့ ဗဟိုဘဏ်က ဧပြီလက စလို့ ဈေးကွက်ပေါက်ဈေး အတိုင်း နှုန်းရှင် စနစ်နဲ့ ငွေလဲနှုန်းကို ကျင့်သုံးဖို့ ပြင်ဆင်နေတယ် လို့  ဆိုပါတယ်။ ဒါကြောင့် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်း နဲ့ ငွေလဲနှုန်း သစ်ဟာ လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ လက်တွေ့ဖြစ်လာဖွယ် ရှိပါတယ်။ 
ဒီဗွီဘီ
Unknown at 9:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်နယ်များ၌ ဂျီအက်စ်အမ်ဖုန်းများစတင်ချထားပေး

ပြည်နယ်များ၌ ဂျီအက်စ်အမ်ဖုန်းများစတင်ချထားပေး
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၎င်းတို့၏ မတ် လ ၅ ရက်နေ့ထုက်ပြန်ချက်၌ ပါရှိသည့်အတိုင်း ပြည်နယ်များသို့ ယခု လ ၁၄ ရက်နေ့မှစတင်၍ ၂ သိန်း တန် ဂျီအက်စ်အမ်ဖုန်းလိုင်းများ ချထားပေးခဲ့ကြောင်း ဖုန်းလိုင်းများချထားပေးသည့် နယ်မြေ၌ပါဝင်သော ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ လူကြီးမင်း ဟန်းဆက်အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောသည်။ “ကျွန်တော်တို့သိသလောက် ဒီနေ့အထိ တောင်ကြီးမှာ ဖုန်းလိုင်းအလုံးရေ တစ်ထောင်ကျော်ရောင်းခဲ့ရပြီလို့ သိရတယ်။ ဈေးနှုန်းနိမ့်ဟန်းဆက်တွေလည်း ဒီမှာရောင်းအားကောင်းလာတယ်”ဟု ၄င်းကပြောသည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် အခြားသော ပြည်နယ်များရှိ မြို့ကြီးများ၌ ဂျီအက်စ်အမ်ဖုန်းလိုင်းများကို ငွေကျပ် ၂ သိန်းဖြင့် တစ်ပြိုင်တည်းရောင်းချခဲ့ ခြင်းဖြစ်သည်။ “ရှမ်းပြည်တောင်ပိုင်းက မြို့တွေအကုန်လုံးမှာ ရောင်းချပေးနေတာပါ။ အင်တာနက်စနစ် မပါသေးဘူး။ ထပ်လျောက်ရင်ရမှာလား၊ ပိုက်ဆံပေးရမှာလား မသိဘူး”ဟု တောင်ကြီးမြို့အတွက် ၂ သိန်းတန် ဂျီအက်စ်အမ်ဖုန်းလိုင်းများ သွားရောက်ရောင်းချပေးနေသည့် Elite Tech ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးကပြောသည်။ ဂျီအက်စ်အမ်ဖုန်းလိုင်းများကို မြန်မာ့ဆက်သွယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများ၌သာ ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံမိုဘိုင်းဖုန်းဆိုင်များ၌ ဝယ်ယူရရှိနိုင်ခြင်းမရှိသေးကြောင်း၊ စတင်ရောင်းချပေးနေသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းလိုင်းများသည် ဂဏန်းနံပါတ် ၁၁ လုံးပါဝင်ကြပြီး ဝယ်ယူရာမြို့အတွင်း၌ သယ်ဆောင်အသုံးပြုခဲ့ကြောင်း သိရသည်။

“မြန်မာ့ဆက်သွယ်ရေးက ဒီတစ်ခါ ချထားပေးမယ့်ရက်ကို စာထုက်လာတာတွေရတယ်။ အရင်က ချထားပေးမယ်ပြောနေပြီးတော့ချထားပေးနိုင်ခဲ့ခြင်းမရှိဘူး။ စာထဲမှာပါတဲ့အတိုင်း ၁၄ ရက်နေ့က စချပေးတယ်ဆိုတော့ ရန်ကုန်မှာ ဧပြီ ၉ ရက်နေ့ရမှာ သေချာတယ်လို့ ပြောနိုင်တယ်။ ကျွန်တော်တို့လည်းဝယ်ဖို့စောင့်နေတာပါ”ဟု ရန်ကုန်မြို့မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းလိုင်းကို ငွေကျပ် ၂ သိန်းသက်မှတ်၍ တန်ဖိုးနည်းဖုန်းလိုင်းအဖြစ် စတင်ရောင်းချပေးခဲ့သော်လည်း ငွေကျပ် ၂ သိန်းဟူသည်မှာ တန်ဖိုးနည်းစာရင်း၌ ပါဝင်သေးခြင်းမရှိကြောင်း ဆက်သွယ်ရေးစနစ်အတွက် ကုန်ကျစရိတ်များကို ယခုထက် ပိုမိုလျော့ချပေးရန် လိုအပ်နေသေးကြောင်း မိုဘိုင်းဖုန်းလိုင်းနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေသူများကဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ရန်ကုန်မြို့အတွက် မိုဘိုင်းဖုန်းလိုင်း ၁ သိန်းခွဲနှင့် တစ်နိုင်ငံလုံးအတွက် မိုဘိုင်းဖုန်းလိုင်း ၁ သန်းခွဲကို ပထမဦးစွာ ချထားပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအတွင်း Call center မှသိရသည်။
Unknown at 9:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖရဲသီးတစ်လုံး ကျပ်တစ်သိန်းအထိ လျော်ကြေးတောင်း

မုံရွာ၊ မတ်- ၁၃
မုံရွာမြို့အနီး ချင်းတွင်းမြစ် သက်ရင့် သဲသောင်ကျွန်းဖြစ်သည့်ရန်အေး ကျွန်းပေါ်တွင်ယခုနှစ်ဆန်းပိုင်းအတွင်း ပြည်တွင်းစိုက်ပျိုးရေး ကုမ္ပဏီတစ်ခုမှဖရဲစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ ဖရဲသီးခိုးယူစားသောက်သူ များဟု စွပ်စွဲခံရသူများအား ဖရဲသီးတစ်လုံးလျှင်ကျပ်တစ်သိန်းအထိ ပေးလျော်စေခဲ့ကြောင်းညောင်ပင်ဇောက်ကျေးရွာအုပ်စုဒေသခံ များကပြောသည်။
"ချင်းတွင်းမြစ်အတွင်းက ရန်အေးကျွန်းပေါ်မှာ ပြည်တွင်းစိုက်ပျိုးရေးကုမ္ပဏီအမည်ခံ တရုတ် လူမျိုးတွေရဲ့ဖရဲစိုက်ခင်းတွေနှစ် တိုင်းလိုလိုလာစိုက်တယ်။ ဒီနှစ် မတ်လဆန်းမှာ ကျွန်းပေါ်ဖရဲခင်း တွေထဲက ဖရဲသီးခိုးတယ်ဆိုပြီး ကလေးတွေကို ညောင်ပင်ဇောက် အုပ်စု ရပ်ကွက်လူကြီးတွေတိုင်တယ်။ဖရဲသီးခိုးတဲ့ကလေးတွေကို ဖရဲသီးတစ်လုံး တစ်သိန်းနှုန်းနဲ့ ဒဏ်ရိုက် အရေးယူတယ်" ဟု ညောင်ပင်ဇောက် ကျေးရွာအုပ်စု ရွှေကုန်းရပ်ဒေသခံတစ်ဦးကပြောသည်။
"ကျွန်းပေါ်မှာစိုက်ခင်းတွေဆီကကလေးတွေခိုးတယ်ဆိုတာ မကြာခဏကြုံတွေ့ရတဲ့ အဖြစ်အပျက်ပါ။ ကလေးတွေက ချို့တဲ့
တော့ ကျွန်းပေါ်မှာသစ်သီးတွေဟင်းသီးဟင်းရွက်တွေသိပ်ပေါ တာဆိုတော့ ကလေးတွေ စားချင်လို့ ယူတာကို တောင်သူတွေက သိပ်မပြောဘူး။အခုစိုက်ပျိုးရေးကုမ္ပဏီဆိုတော့ စည်းကမ်းက အရမ်းကြီးတယ်။ စိုက်ခင်းထဲ အပြင်သူဝင်တာမကြိုက်ဘူး။ ဖရဲ
သီးခိုးတယ်ဆိုပြီး စံပြအဖြစ်ဒဏ် ရိုက်တာဆိုပေမယ့် ခိုးယူတဲ့ကလေးတွေရဲ့အနေအထားတော့ ပြန်ကြည့်သင့်တယ်" ဟု ညောင်ပင်ဇောက်အုပ်စုဒေသခံ တောင်သူတစ်ဦးကပြောသည်။
သို့သော် ဒေသခံများက အာဏာပိုင်အဖွဲ့သို့တင်ပြပြီးနောက် လျော်ကြေးမပေးရတော့ကြောင်းသတင်းရရှိသည်။မုံရွာမြို့အနီးချင်းတွင်းမြစ် သက်ရင့်ကျွန်းဖြစ်သောရန်အေး ကျွန်းပေါ်တွင် ပြည်တွင်း စိုက်ပျိုး ရေးကုမ္ပဏီများမှကိုင်းကျွန်းမြေ ငှားရမ်းလုပ်ကိုင်းခြင်းအား ၂၀၀၇ နှစ်ဆန်းပိုင်းတွင်စတင် လုပ်ကိုင်ခဲ့ သည်။ အဆိုပါ ဖရဲစိုက်ခင်းများနှစ်စဉ် နွေရာသီတွင် ကိုင်းကျွန်းမြေ
ငှားရမ်းလုပ်ကိုင်ခြင်းကြောင့် မြေ ငှားခများမြင့်တက်လာပြီး ချင်းတွင်းမြစ်ရေကြီးခြင်း မရှိသောနှစ်များ တွင်နုန်းတင်မြေနုမရရှိသဖြင့်ဖရဲ စိုက်ခင်းများငှားရမ်းလုပ်ကိုင်းခြင်း မရှိကြောင်း သိရှိရသည်။
 7Day News Journal
Unknown at 9:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုးတက်လာမည့်ခရီးသွားဦးရေ နှင့်အညီ တည်းခိုမှူအဆင်ပြေစေရန် ဗီယက်နမ်ထိပ်တန်း ခရီးသွားလုပ်ငန်းစု မှ ကူညီ

မြန်မာနိုင်ငံ၏ ခရီးသည်ဝင်ရောက် တည်းခိုနိုင်မည့် အဆောက်အအုံ လိုအပ်ချက်ကို ကူညီရန်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဗီယက်နမ် ထိပ်တန်းဟိုတယ်နှင့် ခရီးသွား လုပ်ငန်းစုကြီးဖြစ်သော SAIGONTOURIST Holding ကုမ္ပဏီက ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
  ဗီယက်နမ်၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းများ လာရောက်ခဲ့သော ဗီယက်နမ်-မြန်မာ စီးပွားရေးလုပ်ငန်းစုအလိုက် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ဖက်စပ်လုပ်ကိုင်သွားရန် နားလည်မှု စာချွန်လွှာ(MOU) ရေးထိုးခဲ့ကြခြင်းဖြစ်ကာ လုပ်ငန်းစတင် လည်ပတ်ရန် နေရာရှာဖွေခြင်းများ ပြုလုပ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။ “ဒီမှာ ဟိုတယ်တွေ ဆောက်ဖို့ရှိပါတယ်။ ကြယ်သုံးပွင့် အဆင့်ကနေ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေ ဆောက်သွားမှာပါ။ ပြီးတော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စားသောက်ဆိုင်တွေ အပါအဝင် ခရီးသွား လုပ်ငန်းတစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံချင်တာပါ” ဟု Saigon-tourist မှ အထွေထွေညွှန်ကြားရေးမှူး Mr.Tran Hung Vief ကပြောကြားသည်။  

အဆိုပါ အဖွဲ့အနေဖြင့် ၎င်း၏ လက်အောက်တွင် ခရီးသွားနှင့် ဆက်စပ်သော လုပ်ငန်းမျိုးစုံ လည်ပတ်လုပ်ကိုင်လျှက်ရှိနေသည်ဟု သိရသည်။ 


“သူတို့နဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အပါအဝင် ဆက်စပ်လုပ်ငန်း တစ်ခုလုံး လုပ်ကိုင်သွားကြဖို့ MOU ထိုးလိုက်ပါပြီ။ ကျွန်တော်တို့နဲ့ J.V ပုံစံမျိုးလုပ်ကြမှာပါ” ဟု ၎င်းတို့နှင့် MOU ထိုးခဲ့သည့် Myanmar Tourism Service မှ M.D ကိုလင်းထိန်က ပြောကြားသည်။ 


၎င်းတို့သည် လွန်ခဲ့သော နှစ်များအတွင်းကပင် လုပ်ငန်းချင်း ချိတ်ဆက်လည်ပတ် လုပ်ကိုင်မှုကို နားလည်မှုအရ လုပ်ကိုင်နေကြသော်လည်း ယခုနှစ်တွင် MOU ရေးထိုးနိုင်ခဲ့ပြီဖြစ်ကာ မကြာမီ လုပ်ငန်းစတင်ကြတော့မည်ဖြစ်သည်။

 ပြည်မြန်မာ ဂျာနယ် ( ၂၂-၃-၂၀၁၂ )
Unknown at 9:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား?


ဓါတ်ပုံ(Google Images)
ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? 
လူသားအရင်းအမြစ်တွေမွေးထုတ်ပေးတဲ့ ပညာရေးဝန်ကြီးဌာနမှာရှိတဲ့ ရာထူးကြီးမှန်သမျှကို စစ်တပ်အရေခြုံတဲ့ ဒီလူတွေက နေရာယူထားပါတယ်-
-       ဗိုလ်မှူးအေးကြူ                -         ဒုတိယ၀န်ကြီး
-       ဗိုလ်မှူးဘိုဝင်း                  -         ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
-       ဗိုလ်မှူးကိုကိုတင်              -         ဒု ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
-       ဗိုလ်မှူးကျော်စိုး                -         ဒု ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
-       ဗိုလ်မှူးကြီးကျော်သူ           -         ညွှန်ချုပ်(အမှတ်(၁)အခြေခံပညာဦးစီးဌာန)
-       ဗိုလ်မှူးမျိုးညွှန့်                 -         ဒုညွှန်ချုပ်(အမှတ်(၁)အခြေခံပညာဦးစီးဌာန)
-       ဗိုလ်မှူးကြီးအေးလွင်           -         ညွှန်ချုပ်(အမှတ်(၂)အခြေံပညာဦးစီးဌာန)
-       ဗိုလ်မှူးရဲလွင်အောင်           -         ဒုညွှန်ချုပ်(အမှတ်(၂)အခြေခံပညာဦးစီးဌာန)
-       ဗိုလ်မှူးကြီးမျိုးမြင့်              -         ညွှန်ချုပ်(အမှတ်(၃)အခြေခံပညာဦးစီးဌာန)
-       ဗိုလ်မှူးကြီးအုန်းမြင့်            -         ညွှန်ချုပ်(ပညာရေးသုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံစာစစ်ဥက္ကဌ)

မြန်မာနိုင်ငံရဲ့ အဓိကကြတဲ့ အခြေခံပညာဦးစီးဌာနများမှာရှိတဲ့ ထိပ်ပိုင်းရာထူးကြီးမှန်သမျှကို စစ်တပ်အရေခြုံထားတဲ့ ဖော်ပြပါ စစ်ဗိုလ်လူထွက်များက ဘာမှမတတ်ဘဲ ရာထူးနေရာတွေကို ယူထားကြပါတယ်။
၎င်းလူတွေရဲ့ ပညာအရည်အချင်းနဲ့ အကျင့်စရိုက်များကို အောက်ပါအတိုင်း လေ့လာဖော်ပြလိုက်ပါတယ်
-       ဒုဝန်ကြီး ဗိုလ်မှူးအေးကြူဟာ ဗိုလ်သင်တန်းအမှတ်စဉ်(၆၅)ကို ရဲဘော်ဘ၀နှင့် ဗိုလ်သင်တန်းတက်ခဲ့ပြီး အရာရှိဖြစ်လာတယ်။ ထောက်လှမ်းရေးတပ်မှာ ရဲဘော်၊ ဒုတပ်ကြပ်၊ တပ်ကြပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ စစ်တပ်ထဲရောက်မှ (၁၀)တန်းစာမေးပွဲကို (၅)ခါဖြေဆိုမှ အောင်မြင်ခဲ့တယ်။ စာပေးစာယူနဲ့  ဥပဒေဘွဲ့ကို ယူခဲ့တယ်။ ပညာရေးဌာနကို ဒုဝန်ကြီး ဗိုလ်မှူးကြီးကြည်မောင် PA ဘ၀နဲ့ လိုက်လာပြီး ညွှန်မှူး၊ ညွှန်ချုပ်ရာထူးတွေယူပြီး ယခုဒီမိုကရေစီအစိုးရလက်ထက်မှာ  ဘာတွေတော်လို့ ရွေးလိုက်တယ်မသိဘူး ဒုဝန်ကြီး ဖြစ်လာတယ်။ ဗိုလ်မှူးအေးကြူလုပ်တတ်တာက ပညာရေးကို ခုတုန်းလုပ်ပြီး စီးပွားရှာတတ်တယ်။ ညွှန်မှူးဘ၀ကတည်းက ကျောင်းသုံးဖတ်စာအုပ် တာဝန်ခံဖြစ်ပြီး၊ စီးပွားရှာခဲ့တယ်။ ၀န်ကြီး ဦးသန်းအောင် ပျော်တော်ဆက်မိန်းမတွေ အရှာပေးကောင်းတာနဲ့ ညွှန်ချုပ်ရာထူးကိုရခဲ့တယ်။ ၀န်ကြီးဒေါက်တာချမ်းငြိမ်းကိုလည်း အိမ်အဆောက်ပေးကောင်းတာနဲ့ အရေးယူမခံခဲ့ကြဘူး။ ယခုဝန်ကြီး ဒေါက်တာမြအေးကိုလည်း နေပြည်တော်မှာ အိမ်ဆောက်ပေးနေတယ်။ ဦး.စီး(၃)တွင် ညွှန်ချုပ်ရာထူးနဲ့ အတော်လေး စီးပွားဖြစ်သွားတယ်။ ကျောင်းဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးကို  မိုးသောက်ပန်း၊ တော်ဝင်ထိပ်တင်၊ အောင်နိုင်ဆောက်လုပ်ရေး (ဦးအေးမြင့် ဗိုလ်မှူးအေးကြူ ညီ)စသည့် ဗိုလ်မှူးအေးကြူ၏ ဆောက်လုပ်ရေးအဖွဲ့များဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ထင်တိုင်းကြဲစီးပွားဖြစ်ရယူခဲ့ကြတယ်။  နေပြည်တော်မှာလည်း ၄င်းပိုင် ကောင်းထက်အမည်ရှိတဲ့ ပုဂ္ဂလိကဆေးရုံ တစ်ခုဖွင့်ထားတယ်။ အရက်ကို နေ့ရောညပါ သောက်လေ့ရှိတယ်။ ဒုဝန်ကြီး ရုံးခန်းထဲမှာလည်း နေ့ခင်းကြောင်တောင် အလုပ်ကိစ္စနဲ့ ၀န်ထမ်းတွေ မ၀င်ရဲဖြစ်နေတယ်။ ရုံးခန်းထဲမှာ တနေကုန် သောက်စားမူးယစ်နေတယ်။ အရက် အလွန်အကျွံသောက်မှု့ကြောင့် ရုံးစာများကို လက်မှတ်မထိုးနိုင်လို့ ၄င်း၏ တပည့်ဖြစ်သူ ဦးအောင်ကျော်ဦးက လက်မှတ်တုနှင့် မှတ်ချက်များကို ရေးထိုးပေးနေရတယ်။ ကြားလို့ကောင်းကြသေးရဲ့လား? 
-       ဗိုလ်မှူးဘိုဝင်း ဟာ ထောက်လှမ်းရေး(၄)တပ်မှူးက ပြုတ်လာပြီး ဦးခင်ညွှန့်က သူ့တပည့်ကို ပညာရေးမှာ ထားခဲ့တာဖြစ်တယ်။ သူ့ကြောင့် ပညာရေးလည်း တော်တော်ပျက်စီးသွားပြီ၊ ဗိုလ်မှူး ဘိုဝင်း ပညာရေးညွှန်ချုပ်ဖြစ်တာ နှစ်ပေါင်း(၁၇)နှစ်ကျော်ရှိပြီဖြစ်တယ်။ ဘာမှ တိုးတက် အောင်မလုပ်နိုင်ခဲ့ဘူး။ ကိုယ်ပိုင်ပုံနှိပ်စက်တွေထောင်ပြီး ကျောင်းသုံးစာအုပ်တွေရိုက်ပြီး စီးပွားရှာနေတယ်။ နိုင်ငံခြားကပေးတဲ့ အထောက်အပံ့ဒေါ်လာတွေလည်း ဘတ်ပြစ်လိုက်တယ်။ မြန်မာပြည်ရဲ့   ဘီလျံနာ သူဌေးတွေဖြစ်နေကြပြီ၊ မြန်မာပြည်ရဲ့ ကလေးတွေကတော့ စာမတတ်လို့ လမ်းဘေးမှာ ရောက်နေကြပြီး၊ သမိုင်းတရားခံတွေဘယ်သူလဲ? ဗိုလ်မှူးအေးကြူနဲ့ ဗိုလ်မှူး ဘိုးဝင်း တို့ရဲ့ အရက်ဝိုင်းက ပညာရေးအစီအမံတွေ၊ ဘယ်လို အကောင်အထည်ဖော်ကြမှာလည်း၊ တိုင်းပြည်ရဲ့ ပညာရေးလည်း ဖွတ်ဖွတ်ညတ်ညတ်ကြေနေပါပြီ၊ ၄င်းတို့တစ်တွေလည်း စားလို့ သောက်လို့မကုန်တော့ပါဘူး၊ ရပ်တန်းက ရပ်သင့်နေပါပြီ၊
-       ဗိုလ်မှူးကြီးကျော်သူ က ပညာရေးအကြောင်းကို ဘာမှ စိတ်မ၀င်စားဘူး၊ စီးပွားရေး ဂွင်တွေကိုဘဲ စိတ်ဝင်စားတယ်။ နာဂစ်နှင့် ဂီရိသဘာဝဘေးမှာ ပျက်စီးသွားတဲ့ ကျောင်းတွေပြန်ဆောက်ရင်းနဲ့ အတော်ချမ်းသာသွားတယ်။ ဘဏ္ဍာညွှန်မှူး ဒေါ်သန်းသန်းမြင့်ကို လက်သတ်မွေးပြီး အောက်မြန်မာပြည် တစ်ခုလုံးမှာရှိတဲ့ နိုင်ငံတော်ဘတ်ဂျက်တွေနဲ့ စီးပွားရှာစားနေပြီး အတော်လေး ချမ်းသာသွားပြီး၊ ဗလာစာအုပ်ရောင်းတယ်။ ပြက္ခဒိန်ရောင်းတယ်။ ကျောင်းအဆောက်အဦးတွေ ဆောက်တယ်။ ပညာရေးကို ဈေးကွက်တစ်ခုလိုသဘောထားပြီး စီးပွားရှာတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာဟာ အတော်ဆိုးတာဘဲ။ ဘယ်လိုလုပ်ကြမှာလည်း အရပ်ကတို့ရေ့။
-       ဗိုလ်မှူးကြီးအေးလွင်ဟာ ပြောင်းရွှေ့ခန့်ထားရေးတွေမှာ ငွေယူမှုနဲ့ နံမည်ကြီးတယ်။ ငွေမပါလျှင် ဘာမှမရဘူး။ အခြားညွှန်ချုပ်တွေလို ညာညှိပြီး အပြိုင်အဆိုင် စီးပွားရှာနေကြတယ်။ အထက(၁၆)မန္တလေးက လုပ်သက်(၂)နှစ်သာရှိသေးတယ် ကျောင်းဆရာမလေးတစ်ဦးကို အလယ်တန်းကျောင်းအုပ်ရာထူးတိုးပေးပြီး ၄င်းရဲ့ တိတ်တိတ်ပုန်း မယားငယ်ထားတာ အားလုံးအသိ ဖြစ်တယ်။ ဘယ်လိုလုပ်ကြမလည်းဗျာ၊ နှမသားချင်းတွေတောင် ဆရာမလုပ်ခိုင်းရမှာ ခပ်ကြောက်ကြောက်ဖြစ်နေပြီ၊ ပညာရေးဌာနရဲ့ လူကြီးတွေက တကယ့်လူစွမ်းကောင်းတွေဘဲနော်။
-       ဗိုလ်မှူးကြီးအုန်းမြင့်ဟာ သုတေသနဲ့ စာစစ်ဌာနနှစ်ခုရဲ့ ညွှန်ချုပ်ဖြစ်ပါတယ်။ ဗိုလ်မှူးကြီးအေးလွင်လိုဘဲ ရုံးမှာ မယားငယ်ဆရာမ (၂)ယောက်ကို ပြောင်ပြောင်တင်းတင်း အလုပ် ခေါ်ခန့်ထားတယ်။ ငွေရေးကြေးရေးကိစ္စတွေအတွက် စာစစ်အတွင်းရေးမှူးနဲ့ အဆင်မပြေဖြစ်ကြတယ်။ ဦးစီးဌာန(၂)ခုကို ကိုင်တွယ်ပြီး အတော်လေး ချမ်းသာသွားပြီး အခုလည်း စာရင်းစစ်ကန့်ကွက်ချက်တွေဖြစ်ပြီး သိန်းထောင်နဲ့ချီ ပြသနာဖြစ်နေတယ်။
ကျန်တဲ့လူတွေလည်း မထူးပါဘူး။  ကျန်တဲ့သူတွေလည်း ပုလင်းတူ ဘူးဆို့တွေချည်းပါဘဲ။ ကျန်ရှိသများကိုလည်း ဆက်လက်လေ့လာဖော်ပြသွားပါမည်။
အဲဒီတော့ ဒီလူတွေနဲ့ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ အခြေခံပညာရေးကဏ္ဍကို ဘယ်လိုတိုးတက်အောင် လုပ်ကြမှာလည်းလို့ မေးချင်ပါတယ်။ နိုင်ငံတကာက ထောက်ပံ့ကြေးတွေပေးလာရင်လည်း ဒီလူတွေ ပိုချမ်းသာ အုံးမှာပါ။ ဒါပေမယ့် ပညာရေးကတော့ စုတ်ပြတ်သတ်နေပြီ၊
မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်ချင်လျှင် ဒီလူတွေကို ပထမဆုံး ဖယ်ရှားပစ်ဖို့လိုမယ်။ မြန်မာနိုင်ငံ တကယ်တော်တဲ့ လုပ်နိုင်တဲ့ ပညာတတ်တွေ အများကြီးရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာ အဆင့်မှီ ပညာရေးကို စနစ်တစ်ခုကို မဖြစ်မနေ ပြောင်းလဲပေးဖို့ လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်ပါတယ်။ 

Myanmar News Now
Unknown at 9:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့သယံဇာတ ရောင်းရငွေတွေ ဘယ်ရောက်သွားလဲ ?

 
အထက်ပါမေးခွန်းသည် NLD အပါအ၀င် ပြည်ပမီဒီယာများက မကြာခဏမေးခွန်းထုတ်

တိုက်ခိုက် နေကြသည့် အပြင် ၄င်း ငွေများကို နိုင်ငံတော်အကြီးအကဲနှင့် အစိုးရနှင့်နီးစပ်သူ

စီးပွားရေးလုပ်ငန်းရှင် များကခွဲဝေ ယူသွား ကြသယောင်ယောင်

ထုတ်လွှင့်ရေးသားနေကြပါသည်။ထိုသို့ ပြည်ပမှ ထုတ်လွှင့်ရေးသားနေချိန် နှင့်တစ်ချိန်

တည်းမှာပင် ပြည်တွင်းမီဒီယာအချို့ ကလည်း ကမ်းလွန်သဘာဓါတ်ငွေ့များ

ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချ တော့မည် ဘာညာဆိုပြီးခေါင်းစဉ်အမျိုးမျိုး တပ်ကာ

သူ့လူကိုယ့်ဘက်သားလုပ်ပြီး သံယောင်လိုက် ရေသား နေမှုများလည်း ရှိပါသည်။ထိုအထဲတွင် ELEVEN

MEDIA GROUP သည် အဆိုးဆုံးဖြစ် ပါသည် ။ထိုငွေတွေ ဘယ်ရောက်သွားသလဲ ဆိုတဲ့မေးခွန်းအတွက်

သာဓက အမြောက်အများအကြားမှ ထင်ရှားသော သာဓက (၂) ခုကိုထုတ်နှုတ် တင်ပြလိုပါသည်။

စွမ်းအင် ၀န်ကြီးဌာန နှင့် မြန်မာ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်း၏ စာရင်းဇယားများအရ ၂၀၀၉-၂၀၁၀

ဘဏ္ဍာရေး နှစ် တွင် ပြည်ပမှ စက်သုံးဆီအမျိုးမျိုး တင်သွင်းမှု တန်ဘိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ

သန်း ၆၇၀ ကျော်ဘိုး ရှိပါသည် ။ ပြည်တွင်းထုတ်လုပ်မှုနှင့် မလုံလောက်သဖြင့် ပြည်ပမှ မှာယူတင်သွင်းရမှု

 မှာ ဤမျှ များပြာလှပါသည်။ ထိုသို့ ပြည်ပမှ အမေရိကန်ဒေါ်လာနှင့်ဝယ်လာသော

စက်သုံးဆီများကို ပြည်တွင်းသုံး

ကျပ် ငွေဖြင့် ပြန်လည်ရောင်းချပေးလိုက်သဖြင့် နိုင်ငံတော်အစိုးရထံသို့ ပြည်တွင်းသုံး ကျပ်ငွေများ သာ ပြန်

ဝင်လာပါသည် ။ ထိုဝင်လာသောကျပ်ငွေများဖြင့် နောက်တစ်နှစ်အတွက် စက်သုံးဆီများတင်သွင်း၍ မရပါ

၊နောက်နှစ် တင်သွင်းရန်အတွက် စီးပွားရေးအမျိုးမျိုး ပိတ်ဆို့ထားသည့် ကြားမှ နိုင်ငံခြားသုံး ငွေ ထပ်၍

ရှာရ ပြန်ပါသည် ။ သဘာဝ ဓါတ်ငွေ့ရောင်းချရမှုအပါ အ၀င် အခြားသော ကုန်သွယ်မှုအမျိုးမျိုးမှ

ဝင်လာသော နိုင်ငံခြားသုံးငွေများဖြင့် သာဝယ်ယူနေရပါသည် ။

နောက်သာဓကတစ်ခု တင်ပြလိုပါသည် မြန်မာနိုင်ငံတွင် ဆန်စပါး ၊ ငရုပ်၊ ကြက်သွန်၊ အစရှိသော အခြေခံ

စားသုံးကုန်များ ထွက်သော်လည်း စားသုံးဆီမှာ မလုံလောက်ပါ ပြည်ပမှ မှာယူတင်သွင်းရပါသည် ။ ၂၀၀၉-

၂၀၁၀ ဘဏ္ဍာနှစ်တွင် အစိုးရတစ်ပိုင်းဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် အပါအ၀င် ဦးပိုင်နှင့်

အကျိုးတူ တင်သွင်းနေသော ပုဂ္ဂလိက လုပ်ငန်းရှင် များ၏ စားသုံးဆီ စုစုပေါင်းတင် သွင်းမှုပမာဏမှာ

အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်ဘိုး တင်သွင်းခဲ့ရပါသည် ။ထိုစားသုံးဆီများ

ကိုလည်းပြည်တွင်းဈေးကွက်တွင် ကျပ်ငွေဖြင့် ပြန်လည်ရောင်းချ ပေးလိုက်သဖြင့် ပြည်တွင်းသုံးကျပ်ငွေများ

သာ ဦးပိုင် သို့ပြန်ဝင်လာပါတော့ သည် ။ နောက်တစ်နှစ်စာဝယ်ယူရန် အခြားကုန်သွယ်မှု

များမှရသောနိုင်ငံခြား သုံးငွေ ပြန်ရှာရပြန်ပါသည် ။ စီးပွားရေး ပိတ်ဆို့မှုများ အတိုက်အခံတို့၏ ဦးပိုင်က

ဘာဖြစ်တယ်ညာဖြစ်တယ် အပြောအဆိုများ ကြားမှ ရှာဖွေရသမျှသော နိုင်ငံခြားသုံးငွေတို့ ဖြင့်

ဝယ်ယူဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းခဲ့ရသည်။

အခုတင်ပြတာ နိုင်ငံခြားငွေသုံးရသော သွင်းကုန်အမယ် အမြောက်အများကြားမှ ဥပမာလေး ၂ ခုကို

တင်ပြတာ ဖြစ်ပါတယ် အလားတူ ၀ယ်ယူနေရမှုတွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆို အများကြီးပေါ့ဗျာ..ဒီ

ဥပမာ ၂ ခုမှာတင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်နေပါပြီ ...

ကဲ..ဒီနေရာမှာမေးစရာရှိလာပြီ NLD အပါအ၀င် အတိုက်အခံတွေပြောသလို သဘာဝ

ဓါတ်ငွေ့ ရောင်းရ ငွေ

အပါအ၀င် အခြားလုပ်ငန်းတွေကရတာတွေကို ဗိုလ်ချုပ်မှူးကြီး ကယူသွားတယ်ဆိုပါစို့ ဒါမှမဟုတ်

သူတို့တို့ ပြောပြောနေသလို စစ်လက်နက်တွေပဲဝယ်လိုက်တယ် ဆိုပါစို့ ပထမ ဥပမာမှာ ပါတဲ့

စက်သုံးဆီ တွေ မ၀ယ်နိုင်တော့ဘူး ဆိုရင် ပြည်သူတွေပိုက်ဆံဘယ်လောက်ရှိရှိ

စက်သုံးဆီဝယ်လို့မရတော့ဘူး ပြည်တွင်း ကထွက်တဲ့ ၁ရက် စည် ၂ သောင်းလောက်နဲ့ သုံးရတော့မယ် ဒါဆို

ခုဆိုင်ကယ်နဲ့ သွားနေတာ လမ်း လျှောက်ရမယ် သယ်ယူစရိတ်တွေ ကြီးမယ် ကုန်ထုတ်လုပ်မှု

စရိတ်ကြီးမယ် ကုန်ဈေးနှုန်းတက်မယ် စတဲ့ အကျိုးဆက်တွေအများကြီးဖြစ်မယ် ပြည်သူတွေဒုက္ခရောက်မယ်

 ဒုတိယဥပမာက စားသုံးဆီတွေ မ၀ယ် ဘူးဆိုရင်လဲ ဒီလိုအကျိုးဆက်တွေအများကြီးဖြစ်မှာပဲ ခုဒီငွေတွေနဲ့

ဒီလိုဝယ်နေလို့သာ ပြည်သူတွေ သုံးသင့် သလောက်သုံးနေရတယ် သူဌေးသုံး

မသုံးနိုင်ပေမယ့် လောက်ငှရုံတော့သုံးနေရတယ် .....ဒါဘယ်လိုမှ မငြင်းနိုင်တဲ့ အချက်တွေဖြစ်တယ်..

ဒါဆိုရင် ပြည်တွင်းကသယံဇာတတွေနဲ့ ကုန်သွယ်မှုတွေကရတဲ့ငွေတွေဟာ ပြည်သူတွေ အကျိုးမပြုလို့

ဘယ်သူ့ အကျိုးပြုနေလဲ ပြည်သူတွေမရလို့ဘယ်သူရနေလဲ ..လွယ်လွယ်လေး

စဉ်းစားလို့ရပါတယ်..ပြောင်း ပြန် ပြန်စဉ်းစားကြည့်ရင် အစိုးရကိုဒီလိုဝင်ငွေ တွေမရအောင် နည်းအမျိုးမျိုးနဲ့

စီးပွားရေးအရ ပိတ်ဆို့ထားလိုက်လို့ အစိုးရမှာ ၀င်ငွေမရှိလို့ လိုအပ်ချက်တွေ

မ၀ယ်နိုင်တော့ဘူးဆိုရင် ပြည်သူတွေ မနစ်နာလို့ ဘယ်သူတွေနစ်နာမလဲ ...ဒါကိုပဲ စီးပွားရေးပိတ်ဆို့မှုဟာ

အစိုးရကိုပဲထိမယ် ပြည်သူကို မထိဘူး ဘာညာ ပြောနေကြတဲ့ ဥာဏ်ကြီးရှင်များ

ကိုလည်း လေးစားမိပါကြောင်း။
http://eaglefighter050.blogspot.com/
Unknown at 7:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရောဘတ်လိုင်ဘာမင် ရိုက်ကူးသည့် They Call it Myanmar ဇာတ်ကား အမေရိကန်တွင် ရုံတင်ပြသ

အမေရိကန်  ပါမောက္ခ ရောဘတ်လိုင်ဘာမင် ရိုက်ကူးခဲ့သော မှတ်တမ်းတင်   ရုပ်ရှင်ဇာတ် ကားဖြစ်သည့် They call it Myanmar:Lifting the Curtain ကို အမေရိကန်ပြည် ထောင်စု၏ ရွေးချယ်  သတ်မှတ်ထားသောရုံ များတွင် စတင် ပြသလျက်  ရှိနေသည် ဟု အေပီ သတင်း တစ်ရပ်အရ သိရသည်။ အဆိုပါမှတ်တမ်းတင်ရုပ်ရှင်ဇာတ်ကား ကို ပါမောက္ခရောဘတ်လိုင်ဘာမင်သည် မြန်မာနိုင်ငံသို့ ပြည်တွင်းမှ ရုပ်ရှင် ထုတ်လုပ်သူများ အားလေ့ကျင့်ပေးရန် သွား ရောက်ရာ တွင် ၎င်း၏  ကိုယ်ပိုင် မှတ်တမ်းတင်  ရုပ်ရှင်ဇာတ်ကား  အဖြစ် ရိုက်ကူးခဲ့ခြင်း  ဖြစ်သည်ဟု သိရသည်။
ထိုဇာတ်ကားက သတိမူမိစေရန် ပြုထား သည်မှာ မကြာသေးမီက မြန်မာနိုင်ငံသည် စွန့်စားမှုနှင့် မကင်းသောပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ ရာတွင် အကျဉ်းသားများ လွှတ်ပေးခြင်း၊ ဆင်ဆာဖြတ်မှုများကို ဖြေလျှော့ ပေးခြင်းများကိုမြင် တွေ့ရ သော်လည်း ပြဿနာအချို့  ဆက်လက်ကျန်ရှိ  နေနိုင်သော နိုင်ငံဖြစ်သည် ဟုဆိုသည်။ ပါမောက္ခ လိုင်ဘာမင် (၇၁) နှစ်သည် ကော်နယ်တက္ကသိုလ်တွင် ပုံမှန်အလုပ်ဖြစ်သော ရူပဗေဒ သင်ကြားခြင်း ကို ရပ်နား၍ မြန်မာနိုင်ငံ သို့ နှစ်နှစ် အတွင်း အကြိမ်အချို့  လာရောက်ခြင်းပြုခဲ့သည်။
 
they-call-it-myanmar2.jpg
အမေရိကန်ပြည်ထောင်စုတွင် ရုံတင်ပြသလျက်ရှိသည့် They call it Myanmar ရုပ်ရှင်
အစပထမတွင် အမေရိကန်အစိုးရ၏ ရန်ပုံငွေဖြင့်ဆောင်ရွက်သော Fulbright ပရိုဂရမ် အစီအစဉ်အတွက် လာရောက် ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကျန်းမာရေး ဆိုင်ရာသတိ ပြုဖွယ် ရာများ ရိုက်ကူးမှုတွင် အကူ အညီပေး ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အဓိက တက္ကသိုလ်ကြီးတစ်ခုတွင် ရုပ်ရှင်ဆိုင်ရာများကို သင်ကြားပြသပေးခဲ့သည်။ သူသည် ထိုကဲ့သို့ မြန်မာနိုင်ငံ တွင်လာရောက်နေစဉ် အတွင်း နာရီ ၁၂ဝ တာမျှ သူ၏ ကိုယ်ပိုင် မှတ်တမ်းတင်  ရုပ်ရှင် ဇာတ်လမ်း ပိုင်းများကို ရိုက်ကူး စုဆောင်းမိလာ ခဲ့သည်။
ထိုမှတ်တမ်းတင်  ရုပ်ရှင်ကား၏ တစ်စိတ် တစ်ဒေသနှင့် ခရီးသွား မှတ်တမ်း၏ တစ်စိတ် တစ်ပိုင်းတင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်   ဆွဲဆောင် မှုများ၊ သိလိုစိတ်ပြင်းပြသော  နှုတ်ပိတ်နေသည့် စကားသံများ  ထွက်ပေါ်လာခြင်း  များကိုထည့် သွင်း ဖော်ပြ ထားသည်။ ၎င်းက သူ၏  အမြင်များနှင့် အမည်မဖော်ပြဘဲ ပါဝင်  ပူးပေါင်းဆောင်ရွက်သူများ  ၏ဇာတ် ကြောင်း ပြန်ပြောပြချက်များဖြင့် တင်ဆက် ထား သည်။ လိုင်ဘာမင်က ယခုအခါ မြန်မာနိုင်ငံသို့ နိုင်ငံခြား ဂျာနယ်လစ် များ ဝင်ရောက် ခွင့်ပြုပြီး သတင်းရေးသားခွင့်ပြု  နေသည့်အပြင် လူ့အ ခွင့်အရေး၊ လူမျိုးစုပဋိပက္ခကဲ့သို့  သောပြဿနာ ကိစ္စရပ်များကို အများပြည်သူ  အကြားတွင် အချေအတင် ဆွေးနွေးခွင့် ရရှိနေပြီဖြစ်သည် ဟု ပြောကြား ခဲ့သည်။ 
Unknown at 7:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြိုင်မြို့နယ်မှ ကွမ်းတောကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဥပဒေအတိုင်း ရွေးချယ်လို

မကွေးတိုင်းဒေသကြီး ပခုက်္ကူခရိုင်၊ မြိုင်မြို့နယ် ကွမ်းတော ကျေးရွာနေ ရွာသူရွာသားများသည် မိမိတို့ကျေး ရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြဋ္ဌာန်းထားသော ဥပဒေကြောင်း အရသာ ရွေးချယ်ခန့်အပ်လို ကြောင်း ကွမ်းတောကျေးရွာမှ ဒေသ ခံများက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အ ပြောင်းအလဲများဖြစ်လာသည့် နည်း တူ မိမိတို့ကျေးရွာအတွင်း၌ လည်း ၂၀၁၁ ခုနှစ်အတွင်း ကျေးရွာအုပ် ချုပ်ရေးမှူးကို ကျေးရွာသူကျေးရွာ သားများ၏ ဆန်္ဒအရမဲခွဲ ဆုံးဖြတ်ခဲ့ ရာ ဦးဇော်ဇော်က ပထမ၊ ဦးကြည် မောင်ကဒုတိယ၊ ဦးဇော်နိုင်မိုးက တတိယရရှိခဲ့ကြောင်း၊ သို့သော် အ မှန်တကယ် အုပ်ချုပ်ရေးမှူးဖြစ် လာသည့် အခါ၌ တတိယမဲအများ ဆုံးရရှိခဲ့သူ ဦးဇော်နိုင်မိုးကသာ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်လာ သည်ကိုတွေ့ရှိခဲ့ရကြောင်း ကွမ်း တောကျေးရွာ ဒေသခံများက ပြော ကြားသည်။
““ဒီတစ်ခါ အုပ်ချုပ်ရေးမှူးရွေး ချယ်ရင်တော့ အခုလိုထပ်မဖြစ်ချင် တော့ဘူး”” ဟု အသက် ၅၀ အရွယ် သနပ်ခါးခြံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြား သည်။
ယခုကဲ့သို့ မဲအနည်းဆုံး ရရှိခဲ့ သော်လည်း ကျေးရွာအုပ်ချုပ်ရေး မှူး ဖြစ်လာသည့် ဦးဇော်နိုင်မိုးသည် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရွာတွင် ပျက်ကွက်မှုများ ရှိခဲ့ကြောင်း၊ ထို့ပြင်ရေကြီးမှုနှင့် ပတ် သက်ပြီး လာရောက်လှူဒါန်းသည့် အကူအညီနှင့် ငွေကြေးများကို လည်း ၎င်းင်း၏ကိုယ်ကျိုးအတွက် အ သုံးပြုခဲ့ကြောင်း၊ ထို့ကြောင့် ရွာသူ ရွာသားများက မကွေးတိုင်းဒေသ ကြီး ၀န်ကြီးချုပ်ဦးဖုန်းမော်ရွှေထံ သို့ တိုင်းကြားခြင်းများပြုလုပ်ခဲ့ရာ ၀န် ကြီးချုပ်ကိုယ်တိုင်က ကွမ်းတော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော် နိုင်မိုးအား စည်းကမ်းပျက် အုပ်ချူပ် ရေးမှူးအဖြစ်သတ်မှတ်ပေးထား ပြီးဖြစ်ကြောင်း ကွမ်းတောကျေးရွာ ဒေသခံများက ပြောကြားသည်။   
““၀န်ကြီးချုပ်ကိုယ်တိုင်က သူ့ကို ပြောင်းပေးဖို့ သက်ဆိုင်ရာဌာနကို စာပို့ထားပြီးပြီဆိုတာ မြိုင်မြို့နယ် အုပ်ချူပ်ရေးမှူးရုံးကအသိတစ် ယောက်ပြောလို့သိထားပြီးပြီ။ ဒါပေ မယ့်သူကဒီနေ့အထိကို မပြောင်း သေးဘူး။ ၂၀၁၁ ခုနှစ်ထဲမှာပဲ ပြောင်းခိုင်းတာ သုံးကြိမ်ရှိပြီး”” ဟု ကွမ်းတောကျေးရွာ ဒေသခံတစ်ဦး ကပြောကြားသည်။
မြိုင်မြို့နယ် ကွမ်းတောကျေးရွာ အနီးရှိ အလယ်ကန်ကျေးရွာ၊ ကျီးကန်ကျေးရွာ၊ ကန်နီကျေးရွာများ သည် ပြဋ္ဌာန်းထားသော ဥပဒေနည်း လမ်းကြောင်းအရ ဒေသခံများ၏ ဆန်္ဒဖြင့်ရွေးချယ်တင်မြှောက်ခြင်းဖြစ် သော်လည်း ကွမ်းတောကျေးရွာမှာ ယင်းကဲ့သို့မဟုတ်ဘဲ ယခင်အစိုးရ လက်ထက်က အုပ်ချုပ်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး တည်း ကသာ ဆက်လက်အုပ်ချူပ် နေခြင်း ဖြစ်ကြောင်း၊ ဒေသခံများ၏ စုံစမ်းမှုအရ ကွမ်းတောကျေးရွာ အုပ်ချုပ်ရေးမှူးကို ဇော်နိုင်မိုးသည် ဒေသခံ တပ်ရင်းတစ်ခု၏ကျော ထောက် နောက်ခံပေးထားခြင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းသို့ ငွေ ကျပ် ၁၃ သိန်းပေးထားခြင်း ကြောင့်သာ ယခုကဲ့သို့ အုပ်ချုပ်ရေး မှူးရာထူးကို မြဲနေခြင်းဖြစ်ကြောင်း သိရှိရသည်။
 The Express Times

မြိုင်မြို့ အမှတ်အသားတခုအနေနဲ့ သာဓါတ်ပုံထဲသွင်းဖော်ပြခြင်းဖြစ်ပါတယ်။ (ဓါတ်ပုံ-Google Images)
Unknown at 6:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်ဆီလူတန်းစားတွေ


“မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့ ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား” အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင် လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့ စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန် ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့ ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား “အီလစ်”(elite) တွေ ပြောတဲ့ စကားသံတွေ ကြားပြီး “နဝေတိမ်တောင်” ဖြစ်နေကြပုံ ရပါတယ်။


အပေါ်ယံမှာ ဝေ့ကာဝဲကာ
ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့ ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။ ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့ တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင် မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။ ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။ ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့ လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက် လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊ ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်
ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ သဘောပေါက် နားလည်နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။ ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင် ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန် ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး
မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့ ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့် လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။ လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။ ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့
လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ နိုင်ငံတွေ ထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင် ၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ လာခဲ့တာပါ။အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ် ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူတွေလောက်က ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက် နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဟာကိုယ် ကင်ပွန်းတပ်ထားတဲ့ “နိုင်ငံရေးဂုရု” ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။ မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ
မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ ကိုယ့်ဟာကိုယ်ခန့်တဲ့ “ဂုရု”တွေ ရေးတဲ့ စာအုပ်တွေ အများကြီး ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့ လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ “အီလစ်”တွေနဲ့ နိုင်ငံခြားသား “ဂုရု”တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့ လူတွေပဲလို့သာ ကောက်ချက်ချလိုက်ရတော့မှာ ဖြစ်ပါတယ်။


လူထုစိန်ဝင်း
Unknown at 6:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စည်းခြားရမယ့် ဘာသာရေးနဲ့ နိုင်ငံရေး

ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းမှာ သံဃာတော်တွေက အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု တွေမှာ ဦးဆောင်ပါဝင်ခဲ့ကြတယ်။ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကရော၊ အနောက် အုပ်စု နိုင်ငံတွေကပါ ရွှေဝါရောင်တော်လှန်ရေး၊ ဒါမှမဟုတ် သင်္ဃန်းရောင်တော်လှန်ရေးလို့ အမည် ပေးထားတဲ့ သံဃာတော်များရဲ့လှုပ်ရှားမှုကို မြန်မာနိုင်ငံရေးရဲ့ အဆင့်မြင့်လာမှုအဖြစ် အမွှန်းတင်ခဲ့ ကြပါတယ်။ ဒါဟာအလှည့်အပြောင်းတစ်ခုလို့လဲဆိုတယ်။ ဒါအမှန်ပဲလား၊ ကျွန်တော်တို့ ဆန်းစစ်ဖို့ လိုပါတယ်။ ဒီလိုဆန်းစစ်မယ်ဆိုရင် ပထမအနေနဲ့ ဘာသာရေးနဲ့ နိုင်ငံရေးရောသင့်သလား၊ ဒုတိယ အနေနဲ့ ဗုဒ္ဓဘာသာမှာ ရဟန်းတော်များနိုင်ငံရေးမှာ ပါဝင်တာနဲ့ပတ်သက်ပြီး ဘယ်လိုရှိသလဲ၊ ဒီစံနှစ်ခု တနည်း မှတ်ကျောက်နှစ်ခုနဲ့တိုင်းတာရပါမယ်။
ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားခြင်းဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် စတာတွေလိုပဲ ဒီမိုကရေစီစနစ်ရဲ့ စံတစ်ခုပါ။ ဒါဟာ ပြင်သစ် တော်လှန်ရေးက ပေးခဲ့တဲ့အမွေလည်းဖြစ်တယ်။ ဒါ့ကြောင့်လည်း အမေရိကန်နိုင်ငံမှာ စာသင်ကျောင်း တွေမှ ၀တ်ပြုကိုးကွယ်ခွင့်ရှိ၊မရှိ၊ ကိုယ်ဝန်ဖျက်ချမှု၊ သားဆက်ခြားမှုတွေမှာ ခရစ်ယာန်ဘာသာစံနှုန်းနဲ့ တိုင်းတာသတ်မှတ်ခွင့် ရှိမရှိဆိုတာတွေက အပြင်းအထန်အငြင်းပွားနေကြတာပေါ့။ အမေရိကန်မှာ လစ်ဘရယ်ဝါဒီတွေက ရီပတ်ဘလီကင်ပါတီထဲက ခရစ်ယာန်ဘာသာရေး အယူသည်းသူများကို ပြင်းပြင်းထန်ထန် ဝေဖန်နေတာကိုကြည့်ရင် အမေရိကန်လိုနိုင်ငံမှာတောင် ဘာသာရေးအယူအဆ တွေကို နိုင်ငံရေးထဲ သွတ်သွင်းလာတာကို လက်မခံဘူးဆိုတာထင်ရှားပါတယ်။
ဒါဆိုရင် ဘာသာရေးဟာ နိုင်ငံရေးမှာ ၀င်ပါလို့မရတော့ဘူးလား။ မဟုတ်ပါဘူး၊ ပါလို့ရပါ တယ်။ ဒါပေမယ့်ဘယ်လိုနည်းနဲ့ ပါမလဲဆိုတာတော့ သတိပြုရမယ်။ နိုင်ငံရေးဟာ လူတွေပါဝင် လုပ်ဆောင်နေတဲ့ ကိစ္စဖြစ်တာကြောင့် လူတွေကို ဘာသာတရား အဆုံးအမနဲ့အညီ အကျင့်သီလနဲ့ နေထိုင်အောင်၊ ကိုယ်ချင်းစာတရားထားတတ်အောင်၊ မခိုးအောင်၊ လောဘဒေါသတရား နည်းပါး အောင်၊ သည်းခံခွင့်လွှတ်တတ်အောင် မေတ္တာထားတတ်အောင် ဘာသာရေးက လုပ်ပေးလို့ရပါတယ်။ ဒီလိုလုပ်နိုင်ရင် ဒီလူတွေပါဝင်တဲ့ နိုင်ငံရေးစနစ်ဟာလည်း လောကပါလတရားနဲ့အညီဖြစ်လာနိုင် ပါတယ်။ ဒါနိုင်ငံရေးမှာ ဘာသာရေးက သွယ်ဝိုက်ပြီး အပြုသဘောဆောင်ပါဝင်တာပါပဲ။
ဒါပေမယ့် ဘာသာတရားအဆုံးအမအတိုင်း လူတွေအားလုံးလိုက်လုပ်ရမယ်လို့ ဥပဒေနဲ့ သတ်မှတ်တာမျိုး၊ အစိုးရ (တနည်း) မင်းရဲ့ လုပ်ပုံကိုင်ပုံတွေကို ဘာသာရေးစံတွေနဲ့ အမြဲတိုင်း နေတာမျိုးလို တိုက်ရိုက်ဝင်ပါတာ ဆိုရင်တော့ ဒုက္ခရောက်မှာဘဲ။ ဘာလို့လဲဆိုတော့ ဘာသာတရား အဆုံးအမ ဆိုတာက ပြီးပြည့်စုံတဲ့ အခြေအနေတစ်ရပ် Ideal Situation အတွက် ရည်ရွယ်ထား တာကိုး၊ နိုင်ငံရေးဆိုတာက ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အယူအဆအမျိုးမျိုးရှိတဲ့ လူတွေ ပါဝင်နေတယ်။ ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ၊ ပါတီတွေ၊ နိုင်ငံတွေနဲ့ ဆက်ဆံနေရတယ်။ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဆိုတာကလည်းအမျိုးမျိုးရှိပြီး ဒါတွေကို အကောင်အထည် ဖော်ဖို့ အတွက် နည်းလမ်းအမျိုးမျိုးသုံးရတယ်။ ပကတိအရှိတရားကို အခြေခံပြီးလုပ်ရတာဆိုတော့ ဘယ်လိုမှ ခြောက်ပြစ်ကင်း သဲလဲစင်မဖြစ်နိုင်ဖူးဆိုတာ ထင်ရှားနေတာပဲ။
မြန်မာနိုင်ငံသမိုင်းမှာ ကနောင်မင်းသားရဲ့ ရေမြုတ်ဗုံးစမ်းတာကို သံဃာတော်တွေတားလို့ အင်္ဂလိပ်ရေတပ်ကို တားဖို့လက်နက်မရှိတော့တာ၊ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတင်းလုပ်ခဲ့လို့ ကေအိုင်အေ သူပုန်ပေါ်ခဲ့ရတာတွေဟာ ဘာသာရေးနဲ့ နိုင်ငံရေးရောလို့ အခက်ကြုံ ခဲ့ရတဲ့ အထောက်အထားတွေပါဘဲ၊ ဒါ့ကြောင့်လည်း ဒီမိုကရေစီနိုင်ငံတိုင်းရဲ့ အခြေခံဥပဒေမှာ ဘာသာ ရေးနဲ့နိုင်ငံရေးကို ခွဲထားဖို့ အတိအကျပြဋ္ဌာန်းထားကြတာပါ။ မြန်မာနိုင်ငံရဲ့ ၁၉၄၇ ၊ ၁၉၇၄ ဥပဒေ တွေမှာလည်း ဒီလိုပဲပါခဲ့ပါတယ်။ 
ဒါတွေကိုကြည့်ရင် ဘာသာရေးနဲ့ နိုင်ငံရေး မရောသင့်ဘူးဆိုတာ ထင်ရှားနေပါပြီ။ ကျွန်တော် တို့ အလေးအမြတ်ထားတဲ့ မြတ်စွာဘုရားရှင်ကရော ရဟန်းတွေကို နိုင်ငံရေးမှာ ၀င်ပါသင့် မသင့် ဘယ်လိုများပြောခဲ့သလဲ ကြည့်ရအောင်။
မြတ်စွာဘုရားဟာ လောကီမှုဖြစ်တဲ့နိုင်ငံရေးမှာ အကောင်းအဆိုးပြောဆိုခြင်း၊ ပါဝင်ခြင်းမရှိ တာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဒါယာကာ အရင်းအခြာဖြစ်တဲ့ ဗိမ္မာသာရမင်းကြီးကို သားအရင်း အဇာတသတ်က ဖမ်းဆီးသတ်ဖြတ် နန်းလုခဲ့တာကိုတောင် ကောင်းသည်၊ ဆိုးသည် ၀င်မပါခဲ့ပါဘူး။ နောင်တရပြီး ဘုရားရှင်ထံရောက်လာမှသာ တရားမှန်ကို ဟောကြားပြသခဲ့တာပါ။
ဘုရှားရှင်ကိုယ်တော်မြတ်ကြီးက ဒီဃနိကာယ်၊ သီလက္ခန်ပါဠိတော်၊ စူဠသီလအခန်းမှာ အုပ်ချုပ်သူ မင်းအစိုးရနဲ့ ပတ်သက်သောစကား၊ သူခိုး၊ သူပုန်သူကန်တို့နဲပတ်သက်သော စကားများ ကို တိရစ္ဆာန်ကထာအဖြစ်နဲ့ သတ်မှတ်ပြီး ဆွေးနွေးခြင်း၊ ပြောကြားခြင်းမပြုဖို့ တားမြစ်ခဲ့ထားတာကို တွေ့ရပါတယ်။ ဒီလိုသတ်မှတ်ရတာကလည်း မဂ်ဖိုလ်၊ နိဗ္ဗန်ရခြင်းအကြောင်းမဟုတ်ဘဲ အချည်းနှီးဖြစ် လို့ပါ။
ဒါဆိုရင် ဘာသာရေးနဲ့ နိုင်ငံရေးရောယှက်တာကို ဒီမိုကရေစီစံအရ လက်မခံသလို၊ မြတ်စွာ ဘုရားရှင်ကလည်း အလိုရှိတော်မမူဘူးဆိုတာ ထင်ရှားပါတယ်။ ဒါ့ကြောင့်လည်း မြတ်စွာဘုရားရှင် လက်ထက်တော်ကစပြီး ယနေ့အချိန်အထိ သီလ၊ သိက္ခာ၊ သမာဓိနဲ့ ပြည့်စုံတဲ့ မထေရ်ကြီးများဟာ နိုင်ငံရေးမှာ ၀င်မပါခဲ့တာပဲဖြစ်ပါတယ်။ နေ့စာဝါ၊ ညဘ၀နာနဲ့ နေခဲ့ကြတာပါ။
မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ ရဟန်းသံဃာများဟာ အထူးအလေးအမြတ်ထား ကြည်ညိုခံရသူ များဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ ဘာသာရေးအတွက်သာမက လူမူရေးအတွက်ပါ သံဃာတော် များကို ကိုးကွယ်၊ ဆည်းကပ်၊ တိုင်ပင်ခဲ့တာပါ။ အုပ်ချုပ်သူမင်းကအစ သာမန်ပြည်သူအဆုံး သံဃာ တော်များရဲ့ သွန်သင်ဆုံးမမှုကို ဦးလည်းမသုန်ခံယူကြပါတယ်။ ဒါ့ကြောင့် ရဟန်းတော်များအနေနဲ့ ဘုရားခန်း၊ အိမ်ဦးခန်းမှာ ထိုင်ပြီး ဒါယကာ၊ ဒါယိကာမများကို တရားနဲ့အညီ ပဲ့ပြင်၊ သွန်သင်ဆုံးမ နိုင် ကြပါတယ်။ လမ်းပေါ်ထွက်ပြီး သာမန်လူတွေလို အော်ဟစ်ဆန္ဒပြဖို့မလိုပါဘူး။
အခု စက်တင်ဘာဖြစ်ရပ်မှာ ဘယ်သူတွေမြတ်လို့ ဘယ်သူတွေရှုံးသလဲ။ အစိုးရကို နိုင်ငံ တကာက ဖိအားတွေပိုပေးလာအောင်၊ ပြည်တွင်းမှာ တင်းမာမှုတွေ ပိုလာအောင်လုပ်ချင်တဲ့ အတိုက် အခံတွေ၊ အနောက်အုပ်စုနိုင်ငံတွေမြတ်တယ်။ ၁၉၈၈ ခုနှစ်ထဲက ဆရာ၊ ဒကာ ရင်းနှီးအောင် လုပ်လာ ခဲ့တဲ့ စစ်တပ်အစိုးရရှုံးတယ်။ အဲ အရှုံးဆုံးကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာပါဘဲ။
၈၈ အရေးအခင်းကာလနဲ့ပတ်သက်ရင် နိုင်ငံတကာမီဒီယာတွေက အမြဲပြန်ပြတဲ့ ပုံတစ်ပုံရှိ ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနက သိမ်းလာတဲ့ လက်နက်တွေကိုင်ပြီး ကားခေါင်မိုးပေါ်က လိုက် လာတဲ့ သံဃာတော်တွေပုံပါ။ ၀၇ စက်တင်ဘာ အရေးအခင်းနဲ့ပတ်သက်ရင် အမြဲပြန်ပြနေတဲ့ ပုံနှစ်ပုံက ဆိုင်ကယ်မီးရှို့ထားတဲ့ မီးခိုးလုံးတွေကြားက မျက်နှာမှာ အ၀တ်စည်းပြီး ထွက်လာတဲ့ သံဃာ တော်တွေပုံနဲ့ အလံကိုင်၊ သင်္ဃန်းကို ကပိုကရိုလွယ်ပြီး အလံကိုင်ကာ လက်သီးလက်မောင်းတန်းပြီး လမ်းပေါ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်အော်နေတဲ့ ကတုံးအသစ်နဲ့ ရဟန်းတပါးပုံပါ။ ဒါကိုမြင်တဲ့ မဟာယာန ဂိုဏ်းဝင်တွေ၊ အခြားဘာသာဝင်တွေက ထေရ၀ါဒရဟန်းတော်များကို ဘယ်လိုမြင်မလဲ စဉ်းစားကြည့်ကြပါ။
သူတို့နိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားထားတဲ့ အနောက်နိုင်ငံတွေက ထေရ၀ါဒ သံဃာတွေကို ဘာလို့ လမ်းပေါ်ထွက်ခိုင်းနေတာလည်း။ အတိုက်အခံအဖွဲ့တွေကရော ဘယ်သူ သေသေ ငတေမာရင်ပြီးရောဆိုပြီး သံဃာတွေကိုနင်းပြီး အာဏာယူချင်နေတာလား။
ဒီမိုကရေစီစနစ် ပေါ်လာရင်လည်း အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေဆိုတာ ရှိကြမှာပါ။ အဲဒီအခါမှာ အတိုက်အခံက သံဃာထုကိုသုံးပြီး ဒီမိုကရေစီနည်းကျရွေးထားတဲ့ အစိုးရကို ဆန့်ကျင် ရင်၊ အစိုးရက ဦးနုလုပ်ခဲ့သလို ဘာသာရေးကို နိုင်ငံရေးအတွက်သုံးလာရင် ကောင်းကြပါဦးမလား၊ အာဏာလုပွဲတွေကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ ရေတိမ်နစ်ရတော့မှာလား၊ မလုပ်သင့်တာကို မလုပ် ကြရင်ကောင်းမယ်ထင်ပါတယ်။ အာဏာအတွက် ပြိုင်ကြရင်လည်း တစ်ခြားနည်းသုံးကြပါ။ ကိုယ် ကိုယ်တိုင် ရှေ့ထွက်ပြီးတိုက်ကြပါ။ ဘုရားခန်းက သံဃာတွေကိုတော့ လမ်းပေါ်ကို ဆွဲမတင်ကြပါနဲ့၊ သာသနာအတွက် ရင်လေးလို့ တောင်းပန်ပါရစေ။ 
ရွှေတံခါး
Unknown at 6:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခရစ်ယာန်ညီလာခံ စစ်တပ်နှောက်ယှက်မှု ချင်းလူ့အခွင့်အရေးအဖွဲ့ ကန့်ကွက်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဇဘောင်းတယ်ကျေးရွာမှာ ချင်းတိုင်းရင်းသားတွေ စုဝေးပြီး ခရစ်ယာန်ဘာသာရေး ညီလာခံတစ်ခု ကျင်းပတာကို ဒေသခံစစ်တပ်က ဝင်ရောက်နှောက်ယှက်တာဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ထိုင်းအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။
(RFA Map)
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
ချင်းပြည်နယ်တွင်း ဒေသပေါင်း(၈၀)ကျော်က ကိုယ်စားလှယ်ပေါင်း တစ်ထောင်ဝန်းကျင် တက်ရောက်တဲ့ အဲဒီညီလာခံကို မတ်လ လဆန်းပိုင်းတုန်းက ကျင်းပခဲ့တာဖြစ်ပြီး၊ ဒေသခံအစိုးရတပ် ခမရ(၁၄၀)က သွားရောက်နှောက်ယှက်ခဲ့တာ ဖြစ်ကြောင်း၊ တိုင်းရင်သားလူမျိုးများ တိုးတက်ရေးပါတီရဲ့ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပူးဗန်ကျင်က ကြားဝင်ပြောဆိုတာကိုလည်း သေနတ်နဲ့ ချိန်ရွယ်ပြီး ခြိမ်းခြောက်မှုတွေ ရှိခဲ့ကြောင်း CHRO အဖွဲ့အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Unknown at 6:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေးနှင့်မပတ်သက်ရ ဆိုသည်ကို ရုပ်ရှင် လောကသားများ ကန့်ကွက်

အသစ်ပြန်လည်ဖွဲ့စည်းမည့် ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်များအနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်ဖူးခြင်း မရှိသူဖြစ်ရမည်ဟု  ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ပြောကြားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ယင်းအချက်ကို ရုပ်ရှင်လောကသားများက ကန့်ကွက်ပြောဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းက ယခုကဲ့သို့ စည်းကမ်းချက်ချမှတ်ခြင်းသည်  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ထိုသိုပိတ်ပင်ခဲ့လျှင် ယင်းအချက်သည် လူ့အခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက “ တကယ်လို့ ဒီသတင်းတကယ်မှန်တယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနကို ကျွန်တော် တရားစွဲမယ် ” ဟု YPI သို့ပြောသည်။

ဝါရင်သရုပ်ဆောင်တစ်ဦးဖြစ်သူ ဦးဇင်ဝိုင်းကလည်း ယခုကဲ့သို့ စည်းကမ်းချမှတ်ခြင်းသည် မလိုအပ်သော စည်းကမ်းချမှတ်ခြင်း ဖြစ်ကြောင်း၊ ဥပဒေလည်း မရှိကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိသဖြင့် ၎င်းအနေဖြင့် သဘောမတူနိုင်ကြောင်း မှတ်ချက်ပေးသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးခိုင်မောင်ရည်ကမူ နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သောအရေးဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီစနစ်သို့ သွားနေသောနိုင်ငံဖြစ်ကြောင်း ပြောကြားနေသူများအနေဖြင့် ဒီမိုကရေစီစနစ်ကို တိတိကျကျ လိုက်နာရန်လိုအပ်ကြောင်း ဝေဘန်ပြောဆိုသည်။

၎င်းကထပ်မံပြီး ယခုကျင့်သုံးနေသောစနစ်သည် ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်သဖြင့် မည်သူမဆို၊ မည်သည့်ပါတီကိုမဆို လွတ်လပ်စွာ ၀င်ရောက်ခွင့် ရှိသင့်သည်ဟုလည်း ပြောဆိုလိုက်သည်။
“ အခုအခြေအနေမှာ နိုင်ငံရေးဆိုတာ ကန့်သတ်ထားလို့မရဘူး။ ဘယ်အဖွဲ့အစည်းမှာမဆို နိုင်ငံရေးနဲ့ မပတ်သတ်ရဘူးလို့ပြောလာရင် အဲဒီသူက ခေတ်နောက်ပြန်ဆွဲတဲ့သူပဲ ” ၎င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (ဂ) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများကို မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်။

ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင် အဖွဲ့ကို လာမည့် ၂၃ ရက်နေ့တွင် ရုပ်ရှင် အစည်းအရုံးဝင်များက မဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။  

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရတက်လာပြီးနောက် တနှစ်တာ ကာလအတွင်း ဥပဒေဆိုင်ရာ ပြင်ဆင်မှုများ၊ အသစ်ပြဋ္ဌာန်းမှုများ၊ စနစ်နှင့် မညီလျှော်သည်များကို ပယ်ဖျက်မှုများ ပြုလုပ်လျှက်ရှိရာ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခွင့် ဆန္ဒထုတ်ဖေါ်ခွင့်ဥပဒေတို့ ကိုပြဋ္ဌာန်းခဲ့သည်။      ။

ဒါရိုက်တာဝိုင်း (ဓါတ်ပုံ-Google Images)
သစ်ထူးလွင်
Unknown at 6:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွေးကောက်ပွဲ လွတ်လပ်မှုရှိဖို့ သင်တန်းပေးသူ ပြည်နှင်ခံရ

တ်လပ်မှုရှိဖို့ သင်တန်းပေးသူ ပြည်နှင်ခံရ

Asia Network for Free Election အမည်ရှိသည့် ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ညွန်ကြားရေးမှူး ဖြစ်သူအား မြန်မာနိုင်ငံမှ ပြည်နှင်လိုက်ကြောင်း သိရှိရသည်။

၎င်းအဖွဲ့အနေဖြင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲ တရားမျှတမှုကို စောင့်ကြည့်ရမည့် အချက်အလက်များ ဆိုင်ရာ သင်တန်းပေး ဟောပြောခြင်းများ ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းသို့ အလည်အပတ် ဗီဇာဖြင့် ရောက်ရှိလာခြင်းဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့လည်း ခွင့်တောင်းသည့် စာတင်ပြထားသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်၊ ပြည်ပအခြေစိုက် မီဒီယာများအား ဖိတ်ခေါ်၍ မီဒီယာဖွံ့ဖြိုးရေး ကွန်ဖရင့်ကျင်းပနေချိန်တွင် ယခုလို ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပညာပေးမှု၊ စောင့်ကြည့်မှုများ ပြုလုပ်သည့် ပြည်ပ အဖွဲ့အစည်းတခု၏ညွှန်ကြားရေးမှူး ဖြစ်သူအား ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။ ။
YPI
Unknown at 6:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၇၀၀ ထိရှိလာ



နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ နှစ်လအတွင်း ကျပ်ဘီလျံ ၂၆ဝ ထပ်တိုးလာပြီး စုစုပေါင်း မြှုပ်နှံထားမှုပမာဏမှာ ကျပ်ဘီလျံ ၁၇ဝဝ နီးပါးအထိ ရှိလာကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။ တည်ဆောက်ရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အများဆုံးမြှုပ်နှံမှု ပြုကြခြင်းဖြစ်ကြောင်း၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင်လည်း အနည်းငယ် ထပ်မံမြှုပ်နှံလာကြခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံသားများ မြှုပ်နှံမှုမှာ ကျပ်ဘီလျံ ၁၄၃၄ ကျော်သာရှိသော်လည်း ၂ဝ၁၂ နှစ်ဆန်းပိုင်း ထုတ်ပြန်ထားချက်အရ ကျပ် ၁၇ဝဝ ဘီလျံနီးပါးအထိ မြင့်တက်လာပြီး ကျပ် ၂၅၇ ဘီလျံကျော် တိုးလာခြင်းဖြစ်ကြောင်း သိရသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၁၈၄ ဘီလျံကျော် ထပ်မံမြှုပ်နှံပြီးနောက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းမြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ၄၃၅ ဘီလျံနီးပါးအထိ ရှိလာရာ လျှပ်စစ်စွမ်းအား ကဏ္ဍတွင် မြှုပ်နှံထားသည့် ပမာဏထက် နှစ်ဆနီးပါး တိုးလာခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားများ အများဆုံး မြှုပ်နှံမှုပြုသည့်ကဏ္ဍမှာ တည်ဆောက်ရေးကဏ္ဍဖြစ်ပြီး စီမံကိန်းကြီးများတွင် အဓိက ရယူလုပ်ကိုင်ခြင်း ဖြစ်ကြောင်း၊ Construction ကဏ္ဍတွင် စုစုပေါင်းမြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ၆၈၇ ဘီလျံနီးပါး ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသားများ အနည်းဆုံး မြှုပ်နှံသည့်ပမာဏမှာ စိုက်ပျိုးရေးကဏ္ဍဖြစ်ပြီး စုစုပေါင်းမြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ဝ ဒသမ ၅ ဘီလျံကျော်သာရှိကြောင်း၊ အများဆုံး မြှုပ်နှံမှုပြုသည့် Construction ကဏ္ဍဖြင့် နှိုင်းယှဉ်ပါက အဆပေါင်း ၁၂ဝဝ ကျော်အထိ ကွာဟကြောင်းလည်း သိရသည်။ မြန်မာ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာမူ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းအရ အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၄၂၄ ဘီလျံကျော်ရှိပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလကုန် စာရင်းများအရ အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၄၂၉ ဘီလျံကျော်ရှိသည့်အတွက် တစ်လအတွင်း အမေရိကန်ဒေါ်လာ ၅ သန်းဝန်းကျင်သာ ဝင်ရောက်လာကြောင်းသိရှိရသည်။
Unknown at 4:54 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.