Wednesday, March 21, 2012

ခရစ်ယာန်ညီလာခံ စစ်တပ်နှောက်ယှက်မှု ချင်းလူ့အခွင့်အရေးအဖွဲ့ ကန့်ကွက်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဇဘောင်းတယ်ကျေးရွာမှာ ချင်းတိုင်းရင်းသားတွေ စုဝေးပြီး ခရစ်ယာန်ဘာသာရေး ညီလာခံတစ်ခု ကျင်းပတာကို ဒေသခံစစ်တပ်က ဝင်ရောက်နှောက်ယှက်တာဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ထိုင်းအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။
(RFA Map)
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
ချင်းပြည်နယ်တွင်း ဒေသပေါင်း(၈၀)ကျော်က ကိုယ်စားလှယ်ပေါင်း တစ်ထောင်ဝန်းကျင် တက်ရောက်တဲ့ အဲဒီညီလာခံကို မတ်လ လဆန်းပိုင်းတုန်းက ကျင်းပခဲ့တာဖြစ်ပြီး၊ ဒေသခံအစိုးရတပ် ခမရ(၁၄၀)က သွားရောက်နှောက်ယှက်ခဲ့တာ ဖြစ်ကြောင်း၊ တိုင်းရင်သားလူမျိုးများ တိုးတက်ရေးပါတီရဲ့ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပူးဗန်ကျင်က ကြားဝင်ပြောဆိုတာကိုလည်း သေနတ်နဲ့ ချိန်ရွယ်ပြီး ခြိမ်းခြောက်မှုတွေ ရှိခဲ့ကြောင်း CHRO အဖွဲ့အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်က ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
Unknown at 6:28 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.