Wednesday, March 21, 2012

နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်ဘီလျံ ၁၇၀၀ ထိရှိလာ



နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ နှစ်လအတွင်း ကျပ်ဘီလျံ ၂၆ဝ ထပ်တိုးလာပြီး စုစုပေါင်း မြှုပ်နှံထားမှုပမာဏမှာ ကျပ်ဘီလျံ ၁၇ဝဝ နီးပါးအထိ ရှိလာကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။ တည်ဆောက်ရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အများဆုံးမြှုပ်နှံမှု ပြုကြခြင်းဖြစ်ကြောင်း၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင်လည်း အနည်းငယ် ထပ်မံမြှုပ်နှံလာကြခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံသားများ မြှုပ်နှံမှုမှာ ကျပ်ဘီလျံ ၁၄၃၄ ကျော်သာရှိသော်လည်း ၂ဝ၁၂ နှစ်ဆန်းပိုင်း ထုတ်ပြန်ထားချက်အရ ကျပ် ၁၇ဝဝ ဘီလျံနီးပါးအထိ မြင့်တက်လာပြီး ကျပ် ၂၅၇ ဘီလျံကျော် တိုးလာခြင်းဖြစ်ကြောင်း သိရသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၁၈၄ ဘီလျံကျော် ထပ်မံမြှုပ်နှံပြီးနောက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းမြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ၄၃၅ ဘီလျံနီးပါးအထိ ရှိလာရာ လျှပ်စစ်စွမ်းအား ကဏ္ဍတွင် မြှုပ်နှံထားသည့် ပမာဏထက် နှစ်ဆနီးပါး တိုးလာခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသားများ အများဆုံး မြှုပ်နှံမှုပြုသည့်ကဏ္ဍမှာ တည်ဆောက်ရေးကဏ္ဍဖြစ်ပြီး စီမံကိန်းကြီးများတွင် အဓိက ရယူလုပ်ကိုင်ခြင်း ဖြစ်ကြောင်း၊ Construction ကဏ္ဍတွင် စုစုပေါင်းမြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ၆၈၇ ဘီလျံနီးပါး ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသားများ အနည်းဆုံး မြှုပ်နှံသည့်ပမာဏမှာ စိုက်ပျိုးရေးကဏ္ဍဖြစ်ပြီး စုစုပေါင်းမြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ဝ ဒသမ ၅ ဘီလျံကျော်သာရှိကြောင်း၊ အများဆုံး မြှုပ်နှံမှုပြုသည့် Construction ကဏ္ဍဖြင့် နှိုင်းယှဉ်ပါက အဆပေါင်း ၁၂ဝဝ ကျော်အထိ ကွာဟကြောင်းလည်း သိရသည်။ မြန်မာ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာမူ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းအရ အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၄၂၄ ဘီလျံကျော်ရှိပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလကုန် စာရင်းများအရ အမေရိကန်ဒေါ်လာ ၄ဝ ဒသမ ၄၂၉ ဘီလျံကျော်ရှိသည့်အတွက် တစ်လအတွင်း အမေရိကန်ဒေါ်လာ ၅ သန်းဝန်းကျင်သာ ဝင်ရောက်လာကြောင်းသိရှိရသည်။
Unknown at 4:54 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.