Wednesday, March 21, 2012

တိုးတက်လာမည့်ခရီးသွားဦးရေ နှင့်အညီ တည်းခိုမှူအဆင်ပြေစေရန် ဗီယက်နမ်ထိပ်တန်း ခရီးသွားလုပ်ငန်းစု မှ ကူညီ

မြန်မာနိုင်ငံ၏ ခရီးသည်ဝင်ရောက် တည်းခိုနိုင်မည့် အဆောက်အအုံ လိုအပ်ချက်ကို ကူညီရန်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဗီယက်နမ် ထိပ်တန်းဟိုတယ်နှင့် ခရီးသွား လုပ်ငန်းစုကြီးဖြစ်သော SAIGONTOURIST Holding ကုမ္ပဏီက ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
  ဗီယက်နမ်၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းများ လာရောက်ခဲ့သော ဗီယက်နမ်-မြန်မာ စီးပွားရေးလုပ်ငန်းစုအလိုက် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ဖက်စပ်လုပ်ကိုင်သွားရန် နားလည်မှု စာချွန်လွှာ(MOU) ရေးထိုးခဲ့ကြခြင်းဖြစ်ကာ လုပ်ငန်းစတင် လည်ပတ်ရန် နေရာရှာဖွေခြင်းများ ပြုလုပ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။ “ဒီမှာ ဟိုတယ်တွေ ဆောက်ဖို့ရှိပါတယ်။ ကြယ်သုံးပွင့် အဆင့်ကနေ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေ ဆောက်သွားမှာပါ။ ပြီးတော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စားသောက်ဆိုင်တွေ အပါအဝင် ခရီးသွား လုပ်ငန်းတစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံချင်တာပါ” ဟု Saigon-tourist မှ အထွေထွေညွှန်ကြားရေးမှူး Mr.Tran Hung Vief ကပြောကြားသည်။  

အဆိုပါ အဖွဲ့အနေဖြင့် ၎င်း၏ လက်အောက်တွင် ခရီးသွားနှင့် ဆက်စပ်သော လုပ်ငန်းမျိုးစုံ လည်ပတ်လုပ်ကိုင်လျှက်ရှိနေသည်ဟု သိရသည်။ 


“သူတို့နဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ အပါအဝင် ဆက်စပ်လုပ်ငန်း တစ်ခုလုံး လုပ်ကိုင်သွားကြဖို့ MOU ထိုးလိုက်ပါပြီ။ ကျွန်တော်တို့နဲ့ J.V ပုံစံမျိုးလုပ်ကြမှာပါ” ဟု ၎င်းတို့နှင့် MOU ထိုးခဲ့သည့် Myanmar Tourism Service မှ M.D ကိုလင်းထိန်က ပြောကြားသည်။ 


၎င်းတို့သည် လွန်ခဲ့သော နှစ်များအတွင်းကပင် လုပ်ငန်းချင်း ချိတ်ဆက်လည်ပတ် လုပ်ကိုင်မှုကို နားလည်မှုအရ လုပ်ကိုင်နေကြသော်လည်း ယခုနှစ်တွင် MOU ရေးထိုးနိုင်ခဲ့ပြီဖြစ်ကာ မကြာမီ လုပ်ငန်းစတင်ကြတော့မည်ဖြစ်သည်။

 ပြည်မြန်မာ ဂျာနယ် ( ၂၂-၃-၂၀၁၂ )
Unknown at 9:08 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.