Sunday, March 18, 2012

ရန်ကုန်မြို့တော် စည်ပင် နယ်နိမိတ် အတွင်းရှိ အခွန်ကောက်ခံသည့် လုပ်ငန်းများအား အငှားချထားရာတွင် လေလံဆွဲရန် စပေါ်ငွေပေးသွင်းပြီးမှ လေလံစာရင်းမှ ပြန်ဖယ်ခြင်း၊ အချို့နေရာများကို ကွက်၍ချန်ထားခြင်း မပြုဘဲ မျှတမှန်ကန်စွာ လေလံခေါ်ရန်လိုဟု လုပ်ငန်းရှင်များ ပြောကြား



7251
ကျပ်သိန်းပေါင်း ၅၀၅၀ ဖြင့် လေလံအောင်ခဲ့သည့် လမ်းအသုံးပြုခ ကောက်ခံရေး ဂိတ်များထဲတွင် ပါဝင်သော
တညင်းကုန်းလမ်း အသုံးပြုခ ကောက်ခံရေးစခန်းကို တွေ့ရစဉ်
ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ အများပြည်သူထံမှ အခွန်ကောက်ခံသည့် လုပ်ငန်းများအား ပုဂ္ဂလိကသို့ လေလံတင် အငှားချထားရာတွင် မျှတမှန်ကန်မှုရှိလျှင် နိုင်ငံတော်အခွန် ပိုမိုရရှိမည် ဖြစ်ကြောင်း လေလံဆွဲသည့် လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနမှ လမ်းအသုံးပြုခ၊ ယာဉ်ဝင်ခ၊ ညအိပ်ခွန်၊ တံတားဖြတ်သန်းခအပါအ၀င် အများပြည်သူထံမှ အခွန်အခငွေကြေး ကောက်ခံသည့် လုပ်ငန်း ၂၁ ခုအား လေလံတင် အငှားချထားရန် ကြေညာခဲ့ပြီး အမှန်တကယ် လေလံတင်အငှားချရာ၌ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင် ယာဉ်ရပ်နားစခန်း၏ ယာဉ်ဝင်ခနှင့် ညအိပ်ခွန်ကောက်ခံသည့် လုပ်ငန်းအား လေလံစာရင်းမှ ပြန်လည် ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
လေလံစာရင်းများ ပြန်လည် ပယ်ဖျက်ခြင်းအပြင် ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်း ယာဉ်ဝင် ခ၊ သီရိမင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေးနှင့် မင်္ဂလာဈေးကဲ့သို့သော ယာဉ်ဝင်ထွက်မှု များပြားသည့် နေရာများကိုမူ လေလံစာရင်းတွင်ပင် ထည့်သွင်းခြင်းမရှိပဲ ကွက်ကျန်နေခဲ့ကြောင်း သိရသည်။

တကယ့် အရေးအပါတဲ့၊ လေလံဈေး အများအပြားရနိုင်တဲ့ နေရာတွေ ကွက်ကျန်နေတာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် ၀င်ငွေအမြောက်အမြား နစ်နာသွားနိုင်ပါတယ်။ တစ်ကယ်လို့ အဲဒီနေရာတွေ၊ လုပ်ငန်းတွေကို လက်ရှိ လုပ်ကိုင်နေတဲ့သူတွေဟာ ဦးစားပေးရမယ့်သူ၊ အခွင့် ထူးခံတွေဖြစ်နေတယ် ဆိုရင်တောင် မျှတမှုအတွက်၊ ဘဏ္ဍာငွေအတွက် ကွက်ကျန်နေတဲ့ လုပ်ငန်းအားလုံးကို လေလံပစ်ပေးသင့်ပါတယ်  . . .
ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ ပန်းဥယျာဉ်နှင့် အားကစားကွင်း ၂၇ ခုအား လေလံတင်ရန် တရားဝင်ထုတ်ပြန်ခဲ့သော်လည်း ကန်တော်ကြီး သဘာဝဥယျာဉ် အပါအ၀င်ပန်းဥယျာဉ် အချို့အား လေလံစာရင်းမှ ပြန်လည် ပယ်ဖျက်ခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ ချန်လှပ်မှု၊ ပြန်လည် ပယ်ဖျက်မှုများသည် လေလံတင် အငှားချထားမှုအား မျှတမှုမရှိဟု ယူဆ စေနိုင်သည့်အပြင် လေလံတင်ခြင်းဖြင့် အများပြည်သူအတွက် အခွန်ပိုမို ရရှိစေနိုင်သည့် အကျိုးအမြတ်ကိုပါ ထိခိုက်နိုင်ကြောင်း သုံးသပ်ကြပါသည်။
7251a
လေလံတင်ရာတွင် မပါဝင်ခဲ့သည့် သီရိမင်္ဂလာဈေး ယာဉ်ဝင်ခ ကောက်ခံမှုလုပ်ငန်းအား တွေ့ရစဉ်
“လမ်းတံတားအသုံးပြုခ၊ ယာဉ် ၀င်ခ၊ ညအိပ်ခွန် ဒါမျိုးတွေကောက်ခံ နေတဲ့လုပ်ငန်း ၂၁ ခုကို လေလံတင် အငှားချတယ်။ ဒါပေမယ့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း၊ မင်္ဂလာ ဈေး၊ ဗိုလ်ချုပ်ဈေးနဲ့ သီရိမင်္ဂလာ ဈေးယာဉ်ဝင်ခတို့ ဘာတို့ကိုတော့ လေလံမတင်ခဲ့ဘူး။ အဲဒါအပြင် လေလံတင်မယ်လို့ ကြေညာထားတဲ့ အထဲက ဘုရင့်နောင်ပွဲရုံယာဉ်ဝင်ခ၊ ညအိပ်ခွန်ကောက်တဲ့ လုပ်ငန်းကို လည်း ပြန်ပယ်ဖျက်တယ်။ လေလံဆွဲမယ့်သူက စပေါ်ငွေတင်ထားပြီးခါမှ ပြန်ပယ်ဖျက်တဲ့အတွက် စပေါ် ငွေတင်ထားတဲ့ အချိန်ကာလအတွင်း မှာ ငွေအိပ်တယ်၊ လေလံဖိုးဆုံးတယ်။ ကျွန်တော်တို့လုပ်နေကျ လုပ်ငန်းတွေကျတော့ လေလံစာရင်းထဲ ပါတယ်။ တချို့လုပ်ငန်းတွေ လေလံ စာရင်းထဲမပါဘဲ ကွက်ကျန်သွားတာမျိုးက ထင်သာမြင်သာမဖြစ်ဘူး၊ မ မျှတဘူးလို့ ကျွန်တော်တို့ခံစားရ တယ်။ နောက် ပန်းခြံတို့ကစားကွင်း တို့လေလံတင်တော့လဲ လေလံတင်မယ့် စာရင်းထဲမှာ ဖော်ပြထားပြီး ကာမှ ကန်တော်ကြီးသဘာဝဥယျာဉ် ကို ပြန်ပြီးပယ်ဖျက်ခဲ့တယ်။ ဘာ ကြောင့်လဲဆိုတာ မသိရဘူး။ စပေါ် ငွေပြန်ထုတ်ဖို့ပဲပြောတယ်။ ဥပမာ- ပန်းခြံနဲ့ အားကစားကွင်းတွေကို လေလံတင်တဲ့အခါ ကန်တော်ကြီး လိုပဲ အခြားပန်းခြံတွေကို နှစ်စဉ် လုပ်ကိုင်နေတဲ့သူတွေရှိတာပဲ သူတို့ လည်း သူတို့လုပ်ကိုင်နေကျလုပ်ငန်း ကို ပြန်လိုချင်တဲ့အတွက် ဈေးအပြိုင် ပေးပြန်ဆွဲပြီးလုပ်ကိုင်ရတာပဲ။ အခု က အခွင့်အရေးပေးတယ်လို့ အမြင် စောင်းနိုင်တာပေါ့။ ကျန်တဲ့လူ ၂၀ လောက်က ဈေးအပြိုင်နဲ့အလုပ်လုပ် တဲ့အချိန်မှာ တချို့ကတော့ အေးအေးဆေးဆေးနဲ့ အပြိုင်မဟုတ်တဲ့ လေလံဈေးနဲ့ ဆက်လုပ်ခွင့်ရတာမျိုးကျတော့ ထင်သာမြင်သာလည်း မဖြစ်ဘူးလို့ ကျွန်တော်မြင်တယ်”ဟု လေလံဆွဲခဲ့သူတစ်ဦးက ပြောကြားခဲ့ပါသည်။
“လေလံတင်တာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မနှစ် က ကျပ်သိန်းပေါင်း ၂၅၀၀၀ နဲ့ လေလံအောင်ထားတဲ့ နေရာက ဒီနှစ် ကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်နဲ့မှ လေလံအောင်တဲ့အတွက် အခွန်ငွေ ပိုရခဲ့တယ်။ နှစ်ဆနီးပါးကို ရခဲ့တယ်လေ။ ဒါအများပြည်သူအတွက် အခွန်တိုးတာပဲပေါ့။ တကယ်တော့ ဌာနဆိုင်ရာတစ်ခုက လေလံတင်မယ်ဆိုရင် ဒီနေရာတော့ မင်းပဲယူ ကျန်တာလေလံပစ်မယ် လုပ်လို့မရဘူး။ လေလံပစ်ရင်အားလုံးပစ် အားလုံးဈေးပြိုင်နဲ့ အလုပ်လုပ်။ အောင်တဲ့သူက လေလံစည်းကမ်းအတိုင်း အများပြည်သူဆီက ပြန်ကောက်ခံ။ ပိုကောက်ရင် လေလံပြန်ရုပ်ပစ်တာ မျိုးပဲဖြစ်ရမှာ။ ဒါမှ မျှတသလို နိုင်ငံ အတွက် လိုအပ်တဲ့ အခွန်ငွေလည်း ပိုရမှာ။ အခု လုပ်ငန်းတစ်ခုတည်းတောင် မနှစ်ကထက် ၂ ဆလောက် ထိတိုးလာတယ်ဆိုရင် ဘာမှမချန်ဘဲ ပစ်ရင် ဒီထက်ပိုတိုးနိုင်တာပေါ့။ မလုပ်သင့်ဘူး။ ကျွန်တော် စုံစမ်းကြည့်တယ်။ မင်္ဂလာဈေးတို့ ဘာတို့ လေလံဘာကြောင့် မတင်တာလဲလို့ မေးတဲ့အခါ တချို့ဈေးသာယာရေး ကော်မတီတွေကို ပြန်ပေးထားလို့ ပါလို့ ဖြေတယ်။ ဈေးသာယာရေး ကော်မတီဆိုရင် လုပ်ပိုင်ခွင့် ပိုရတာလား၊ ဒါမှမဟုတ် သူကအခွင့်ထူးခံလားလို့ မေးစရာဖြစ်သွားမှာပေါ့။ အပေါင်ဆိုင် လုပ်ငန်းတို့ ဘာတို့ကျတော့လဲ လေလံ ပြန်တင်တာ မတွေ့ရဘူး”ဟု လေလံဆွဲခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
“ဦးရန်နိုင်ဆိုတဲ့ အမည်နဲ့အခြား လေလံဆွဲတဲ့သူတစ်ဦးနဲ့ လုပ်ငန်း ရှင်နှစ်ဦးက မှော်ဘီ၊ အင်းတိုင်၊ တ ညင်းကုန်း၊ လှိုင်သာယာ၊ အင်းစိန်၊ ဖောင်ကြီး၊ ရွာသာကြီး လမ်းအသုံး ပြုခကောက်ခံရေး လုပ်ငန်းအတွက် အပြိုင်လေလံဆွဲတယ်။ ဦးရန်နိုင် က မနှစ်ကတည်းက အဲဒီနေရာတွေကို လုပ်နေတဲ့သူလို့သိရတယ်။ ဒါပေမယ့် သူ့လုပ်ငန်းသူ ဆက်လုပ်ချင်တဲ့အတွက် အပြိုင်ဈေးပေးပြီး နောက်ဆုံးမနှစ်ကထက် လေလံဈေး နှစ်ဆလောက် ပေးဆွဲသွားတယ်။ တကယ်လို့ ဘုရင့်နောင် ပွဲရုံကိုသာ လေလံစာရင်းကပြန်မဖျက်ရင် မနှစ် ကထက် နှစ်ဆလောက် အခွန်ပိုရနိုင်တယ်လေ။ မျှလည်းမျှတသွားမယ်။ ပြီးတော့ ဘုရင့်နောင်ပွဲရုံဆိုတာ မြန်မာတစ်နိုင်ငံလုံးက ယာဉ်ပေါင်းစုံ ၀င်ထွက်နေတဲ့ နေရာဖြစ်လို့ ကျပ် သိန်းပေါင်း ၂၀၀၀၀ လောက်မှ လေလံအောင်မှာပါ။ ဒါဆိုရင် နိုင်ငံတော် အတွက် အခွန်တွေပိုရမှာပေါ့။ အောင်မင်္ဂလာ အဝေးပြေးဝင်း ယာဉ်ဝင်ခနဲ့ ညအိပ်ခွန်ကို ကျပ်သိန်းပေါင်း ၁၂၀၀၀ နဲ့ လုပ်ငန်းရှင်တစ်ဦးက လေလံအောင် သွားတယ်။ အဲဒီအတွက် ဘုရင့် နောင်ပွဲရုံဆို ကျပ်သိန်းပေါင်း ၂၀၀၀၀ ၀န်းကျင်လောက်မှ လေလံအောင်မယ်လို့ ခန့်မှန်းတာ။ အခုလို လေလံတင်လိုက်တဲ့အတွက် မနှစ်က ကျပ် သိန်း ၂၀၀၀ လောက်နဲ့ လေလံအောင်တဲ့နေရာက ဒီနှစ်ကျပ်သိန်း ၁၂၀၀၀ လောက်အထိ ဈေးပြိုင်ဆွဲပြီး လေလံ အောင်လို့ ၆ ဆလောက်ပိုသွားတဲ့ အတွက် နိုင်ငံတော်အတွက် ကောင်းတယ်။ ဒါပေမယ့် တကယ့်အရေး အပါတဲ့၊ လေလံဈေး အများအပြား ရနိုင်တဲ့နေရာတွေ ကွက်ကျန်နေတာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွက် ၀င်ငွေ အမြောက်အမြား နစ်နာသွားနိုင်ပါတယ်။ တစ်ကယ်လို့ အဲဒီနေရာတွေ၊ လုပ်ငန်းတွေကို လက်ရှိ လုပ်ကိုင်နေတဲ့သူတွေဟာ ဦးစားပေးရမယ့်သူ၊ အခွင့်ထူးခံတွေ ဖြစ်နေတယ်ဆိုရင်တောင် မျှတမှု အတွက်၊ ဘဏ္ဍာငွေအတွက် ကွက် ကျန်နေတဲ့လုပ်ငန်း အားလုံးကို လေလံပစ်ပေးသင့်ပါတယ်”ဟု လေလံပွဲဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။
ကွက်ကျန်နေသည့် နေရာများမှာ လေလံဈေးကောင်းရရှိမည့် နေရာများသာ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ပန်းခြံနှင့်ကစားကွင်း လေလံတွင် ကန်တော်ကြီး သဘာဝဥယျာဉ် လူနှင့်ယာဉ်ဝင်ခ လုပ်ငန်းမှာ လေလံ ဈေးအမြင့်ဆုံး ရနိုင်မည့်နေရာ ဖြစ်သော်လည်း ပြန်လည်ပယ်ဖျက်ခဲ့ကြောင်း၊ ထို့အတူ အခွန်ဌာနမှ လေလံတင်သည့် အထဲတွင် ယာဉ်ဝင်ခနှင့် ညအိပ်ခွန်ကောက်ခံသည့် အထဲ၌ ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင် ယာဉ်ရပ်နားစခန်း ယာဉ်ဝင်ခနှင့် ညအိပ်ခွန်လုပ်ငန်းမှာ လေလံဈေး အများအပြား ရနိုင်သော်လည်း လေလံ စာရင်းပါပြီးမှ ပြန်လည် ပယ်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဈေးများထဲ၌လည်း မင်္ဂလာဈေး၊ သီရိမင်္ဂလာဈေးနှင့် ဗိုလ်ချုပ်ဈေးများ၏ ယာဉ်ဝင်ခ ကောက်ခံသည့် လုပ်ငန်းမှာ လေလံဈေးမြင့် ရရှိနိုင်မည့် နေရာများ ဖြစ်သော်လည်း လေလံစာရင်းတွင်ပင် ပါမလာဘဲ ကျန်နေခဲ့ကြောင်း ထို့အတွက် ကျပ်ဘီလျံပေါင်းများစွာ ရရှိနိုင်မည့် အနေအထားမှ သွေဖည်ခဲ့သည်ဟုလည်း ဆိုကြသည်။
“စည်ပင်က အခုလို ဈေးပြိုင် စနစ်နဲ့ လေလံပစ်ပေးတာ ကောင်းတဲ့စနစ်ပါ။ ကြိုလည်းကြိုဆိုပါ တယ်။ ဒါပေမယ့် လုပ်ငန်းအားလုံးကိုသာ ပစ်ပေးရင် ပိုကောင်းမယ့် အနေအထား ဆိုတာကို ပြောလိုတာပါ။ နောက်နှစ်တွေလည်း အခုလိုပဲ လေလံတင်မယ်ဆိုရင် လုပ်ငန်းအားလုံးကို ထင်သာမြင်သာဖနဲ့ ချန်ထားရတဲ့ အကြောင်းရင်း ခိုင်ခိုင်လုံလုံ ပြောမယ်၊ နောက်တစ်ချက်က လေလံမဆွဲခင်၊ လေလံစာရင်း မထုတ်ပြန်ခင် ကတည်းက ဒါတွေက ဘာကြောင့်မပါ တာပါလို့ ရှင်းထားရင် လေလံပုံစံ ဖိုးကုန်တာ၊ စပေါ်ငွေသွင်းတဲ့ကုန် ကျစရိတ်တွေပါ သက်သာ သွားနိုင်တယ်လေ”ဟု လေလံဆွဲခဲ့သူတစ်ဦး ကပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း လုပ်ငန်းများအား BOT စနစ်ဖြင့် ချထားပေးမည် ဆိုပါကလည်း တစ်ဦးတစ်ယောက်တည်း ချထားပေးခြင်းထက် လုပ်ငန်းရှင်အများစုအား ဈေးပြိုင်လေလံစနစ်ဖြင့် ချထားပါက အခွန်ငွေပိုမို ရရှိစေနိုင်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။  

EMG
Unknown at 9:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

The Voice ဂျနယ်သို့ အိပ်ဖွင့်ပေးစာ


The Voice ရေ
မင်းတို့ရေးတဲ့ ၀န်ကြီးဌာနအချို့ရဲ့ အလွဲသုံးစားမှုဆိုတဲ့ သတင်းတွေဟာ အကုန်မှန်ရဲ့လား ၊ မမှန်တဲ့ဌာနကတော့ ဘယ်ခံမလဲ ဥပဒေအရ တုံ့ပြန်မှာပေါ့
ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက စာရင်းစစ်ချုပ်ရုံးရဲ့ စာပါ အကြောင်းအရာတွေကို ပြည်သူတွေ အကျိုးအတွက် လွှတ်တော်မှာ ဆွေးနွေးနေဆဲလို့ သိရပြီး မပြီးပြတ်သေးတဲ့ကာလ ပေါက်ကြားတာမို့ အဲဒီကော်မတီမှာ တာဝန်ရှိမယ်။ ဥပဒေလည်း ရှိပါတယ် သတင်းပေါက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ ရင်ဆိုင်ကြ ရမယ်ထင်တယ်

Weekly နဲ့ The Voice မှာပါတဲ့ သတင်းဟာ သူတို့အပြောအဆိုအရတော့ လွှတ်တော် ကိုယ်စားလှယ်တွေက နာမည်ကြီးချင်လို့ ထုတ်ပြောတာ ဖြစ်ရင်လည်းဖြစ်မယ် မသမာတဲ့ စိတ်နဲ့ လုပ်တာဖြစ်ရင်လည်းဖြစ်မယ် အမှတ်မထင် ပေါက်ကြားတာလည်း ဖြစ်မယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ပေါက်ကြားတာ ပေါက်ကြားတာပဲ ပြည်သူတွေက ရွေးတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေဟာ သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို ပိုပြီးလိုက်နာရမယ်လို့ ထင်တယ်။ အခုလို သတင်းပေါက်တာ သတင်းထွက်လာတာတွေကို ဆုံးမဖို့ ဥပဒေ တွေရှိကြောင်း သိရသည်။

ဖြစ်စဉ် အကြောင်းအရာခြင်းအတူတူ Weekly က အပြုသဘောဆောင်ရေးတယ်၊ The Voice ကတော့ နိုင်ငံတော် အုပ်ချုပ်ရေးနဲ့ တည်ဆောက်ရေးမှာ ပါဝင်နေတဲ့ ၀န်ကြီးဌာန တွေရဲ့ ဂုဏ်သိက္ခာကို ထောက်ထားမှုမရှိဘဲ ရေးထားတာကိုတွေ့ရတယ်။ စာနယ်ဇင်း ဟာ ပြည်သူရဲ့ နားမျက်စိဖြစ်ပြီး သတင်းမှန် အချက်အလက်မှန်တွေကို ဖော်ပြထောက်ပြ ဖို့ တာဝန်ရှိတယ်။ ပြည်သူကရွေးချယ်ပြီး ပြည်သူ့လွှတ်တော်ထဲရောက်နေပေမယ့် ကျင့်ဝတ်သိက္ခာ မထိန်းဘဲ ပြည်သူ့အကျိုးကို ဆောင်လေသယောင်ယောင် လူအထင်ကြီး အောင် အရေခြုံအရောင်ဆောင် နိုင်ငံရေးသမားအချို့ရဲ့ ဆင်ခြင်တုံတရားမရှိ ပြောဆိုနေ မှုအပေါ် သတိပြုရေးသားသင့်တယ်။ စာနယ်ဇင်းတွေ ရောင်းကောင်းအောင်လုပ်မနေနဲ့ တော့။ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတဲ့သူတွေဟာ တရားဥပဒေတုတ်က ရိုက်ပါလိမ့်မယ်။ ပြည်သူတွေကို မှန်ကန်တဲ့ သတင်းတွေရေးပါ၊ ပေးပါ ဖိရေးတာ ဖွရေးတာတွေ လုပ်တာ Black Journalist ဘဲ အမည်းသတင်းသမားတွေ ခေတ်ကုန်သွားပြီလို့ ၀ါရင့်သတင်းစာ ဆရာ ဝေဖန်ရေးဆရာတွေက ပြောနေကြပါသည်။

Myanmar Express
Unknown at 9:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆရာ/ဆရာမတွေကို အကျပ်ကိုင်ပြီး ကြိုတင်မဲထည့်ခိုင်း

မတ်လ ၁၇ ရက်နေ့ ၂၀၁၂
မတ်လ ၁၇ ရက်နေ့ က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ ပညာရေးမှုးရုံးကို
ထားဝယ်သင်တန်းတဲ့ရမယ့် ဆရာ-ဆရာမ(၇၀)
လောက်ကို သင်တန်းကိစ္စဆိုပြီး ခေါ်ယူ
ကာ ကြိုတင်မဲ အတင်းအဓမ္မထည့်ခိုင်းကြောင်းသိရပါတယ်။ 
ကြိုတင်မဲစာအိပ်ပေါ်မှာ မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ လိပ်စာအပြည့်အစုံရေးခိုင်းပါတယ်။
ပြီးမှကြိုက်တဲ့နေရာထည့်ဆိုပြီးြ
ခစ်ခိုင်းတော့သူတို့ထည့်တဲ့မဲဘယ်သူကိုထည့်တယ်ဆိုတာ
သိနေတော့ တယောက်မျက်နှာတယောက်ကြည့်ပြီး ပြည်ခိုင်ဖြိုးကိုပဲ မဲထည့်လိုက်ကြရ
တယ်လို့ ကိုယ်တိုင် မဲထည့်ခဲ့ရတဲ့ ဆရာမ တဦးက ပြောပါတယ်။
သင်တန်းက မတ်လ ၂၄ ရက်နေ့ မှာ စမှာဖြစ်ပြီး တပါတ်ကြာသင်တန်း ဖြစ်တဲ့အတွက်
ကြားဖြတ်ရွေးကောက်ပွဲ မဲထည့်ရမဲ့ ဧပြီလ ၁ ရက်နေ့ တိုက်ဆိုင်လှစွာ ပြုလုပ်ထား
တာလည်းတွေ့ ရပါတယ်။ အချို့ဆရာတွေနေတဲ့ လောင်းလုံးမြို့ နယ်ကကျေးရွာတွေဆို
ရင် သင်တန်းတက်ရမဲ့  ထားဝယ်မြို့ သင်တန်းေ
နရာနဲ့(၂)မိုင်လောက်ပဲ့ဝေးကြောင်း
Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။
၂၀၁၀ ခုနှစ်က ကြိုတင်မဲများ

သစ်ထူးလွင်
Unknown at 9:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရေကာတာ တည်ဆောက်ရေး ကေအန်ပီပီနှင့် ညှိနှိုင်းလုပ်ဆောင်မည်ဟုဆို

လွိုင်ကော်၊ မတ်လ ၁၈ ရက်၊ ၂၀၁၂ခုနှစ် (YPI)

ကရင်နီ(ကယား)ပြည်နယ်  ရွာသစ် ရေကာတာတည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ခေါင်းဆောင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်သွားမည်ဟု  ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ပြောကြားလိုက်သည်။

 “ကရင်နီခေါင်းဆောင်ကြီးတွေနဲ့ တွေ့တဲ့အခါမှာ သူတို့လည်း အဲဒါတွေပြောပါတယ်။ ကျနော်လည်း နိုင်ငံတော်သမ္မတကြီးကို တင်ပြပါ့မယ်။ အဲဒီထဲမှာမှ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီးမှလုပ်မယ်” ဦးအောင်မင်းက ပြောသည်။

ကေအန်ပီပီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားလှယ်တို့ ယခုလဆန်းပိုင်းက လွိုင်ကော်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်မင်းက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။


 

မတ်လ ၇ ရက်နေ့တွင် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် နိုင်ငံတော် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ကြသည်။


မီဂါဝပ် ၆၀၀ ထုတ်ယူနိုင်မည့် ရွာသစ်ရေကာတာ စီမံကိန်းမှာ သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်မည့် စီမံကိန်း ရေအားလျှပ်စစ် စီမံကိန်း ၃ ခုအနက် ၁ ခုဖြစ်၍ ယခုအချိန်တွင် စီမံကိန်းဆောက်လုပ်ရန် တိုင်းထွာလျှက်ရှိသည့် အနေအထားသာဖြစ်သည်ဟု ပြောဆိုမှုများ မြန်မာနိုင်ငံအစိုးရဘက်မှ ပြောဆိုနေသော်လည်း ၂၀၁၀ ခုနှစ်ဇန်န၀ါရီလတွင် တရုတ်နိုင်ငံမှ Datang ကုမ္ပဏီနှင့် ထိုစဉ်က အုပ်ချုပ်သည့် နအဖ အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။


ယင်းရေအားလျှပ်စစ် ထုတ်ယူမည့် ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် မြစ်ချောင်းများ ကွန်ရက်အပါအ၀င် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ကန့်ကွက်လျှက်ရှိသည်။ ယခုအနေအထားအရ ရွာသစ်ရေကာတာ စီမံကိန်း ဆောက်မည် မဆောက်မည်ဆိုသည်ကို အတည်မပြုနိုင်သေးကြောင်းလည်း အစိုးရဘက်မှ ပြောဆိုလျှက် ရှိသည်။


ကရင်နီပြည်နယ်တွင်းတွင် နေထိုင်ကြသည့် ဒေသခံ လူထုအများစုသည် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အကြီးစား ရွာသစ်ရေအားလျှပ်စစ်စီမံကိန်းကို မသိရှိကြသေးကြောင်း KNPP အတွင်းရေးမှူး ခူးဦးရယ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိစ္စဖြင့် လွိုင်ကော်မြို့သို့ ရောက်စဉ် ပြောသည်။


“ဒေသခံပြည်သူလူထုတွေရဲ့ သဘောထားကိုလည်း ရယူမေးမြန်းတာမျိုးတွေ ညှိနှိုင်းဆောင်ရွက်တာမျိုးတွေ ဖြစ်သင့်တယ်။ ဘာဆိုးကျိုးဖြစ်မလဲဆိုတာ ပြည်သူတွေက ဘာမှတောင်မသိဘူး။ ဒီလိုဖြစ်တဲ့အခြေအနေမှာ ပိုပြီးစိုးရိမ်တယ်။ ဒီဆိုးကျိုးတွေက ခဏတာ ယာယီဖြစ်မည့်ဟာမျိုးတွေမဟုတ်ဘူး။ တသက်လုံးသူတို့ဘ၀ တုန်းသွားတဲ့ဟာမျိုး ဖြစ်သွားနိုင်တယ်”ဟု လည်း ၎င်းက မှတ်ချက်ချသည်။

မည်သည့်အစိုးရ လက်ထက်တွင် လုပ်ခဲ့သည်ဖြစ်စေ လက်ရှိအစိုးရအသစ်သည် အာဏာအရှိဆုံးဖြစ်ပြီး တာဝန်ခံရမည့် အနေအထားရှိသည်ဟုလည်း ခူဦးရယ်က  ဆိုသည်။

ကရင်နီပြည်နယ်တွင်းတွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရန် ၃နေရာ ရာထားသည့် အနက် အခြား ၂ခုမှာ  လွိုင်ကော်မြို့နယ်တွင်းရှိ လျှပ်စစ်ဓါတ်အား ၁၁၀ မီဂါဝပ် တဘက်ချောင်းစီမံကိန်း နှင့် ၁၃၀ မီဂါဝပ် ထုတ်ယူနိုင်မည့် ပွန်ချောင်း စီမံကိန်း တို့ဖြစ်သည်။

ယင်းရေကာတာ စီမံကိန်းများအတွက် ယခင် မြန်မာစစ်အစိုးရနှင့် တရုတ် နိုင်ငံတောင်ပိုင်း အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့် ဒါးတန်း ကော်ပိုရေးရှင်း (Datang Corporation) တို့က နားလှည်မှု စာချွန်လွှာတရပ် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။         ။
သစ်ထူးလွင်
Unknown at 9:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပထမဆုံးအကြိမ် ကျင်းပသော မြန်မာ့အလုပ်အကိုင် အခွင့်အလမ်းများပြပွဲမြင်ကွင်း

 
ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်ရုံးတွင် မတ်လ ၁၇ ရက်နှင့် ၁၈ တွင် ကျင်းပသော မြန်မာ့အလုပ်အကိုင် အခွင့်အလမ်းများပြပွဲသို့ လာရောက်လေ့လာ၊ အလုပ်လျှောက်ထားသူများကို တွေ့ရစဉ်။ အဆိုပါ ပြပွဲမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး စိတ်ဝင်စားသူ အထူးများပြားခဲ့ကာ မျှော်မှန်းထားသည်ထက် အောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။
 
မြန်မာ့အလုပ်အကိုင် အခွင့်အလမ်းများပြပွဲတွင် ပါဝင်ပြသသော ထူးကုမ္ပဏီများအုပ်စု၏ ပြခန်းတွင် အလုပ်လျှောက်ထားနေသူများနှင့် လေ့လာနေသူများ
 
IPTC ကုမ္ပဏီ၏ ပြခန်းတွင် အလုပ်လျှောက်လွှာ လျှောက်ထားနေသော လူငယ်များကို တွေ့ရစဉ်
သစ်ထူးလွင်
Unknown at 9:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကာကွယ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦး ၏ ပေးစာ


ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကျော်ညွန့်သည်
လက်အောက်ခံတပ်ရင်းများမှ မြေတူးစက်(ဘက်ဟိုး)ပြင်ဆင်သဖြင့်ငွေကုန်ကျလျင်
ကုန်ကျသည့်ငွေများကိုတပ်ရင်းတပ်ဖွဲ့များမှကုန်ကျခံထားစေကာ ကုန်ကျငွေများကိုစက်သုံး
ဆီဖြင့်ပြန်လည်ခွင့်ပြုပေးလျက်ရှိသည်။

ထို့အပြင်ကကထောက်သို့လည်းတင်ပြတောင်းခံခြင်းများရှိနေပြီး၎င်း၏အိတ်ကပ်ထဲ
သို့ရောက်ရှိအောင်ဖန်တီးလျက်ရှိပါသည်။တချို့သိမီသောသူများ
ကအယင်ဆရာထက်တောင်လက်သွက်တယ်ဟုပြောဆိုလျက်ရှိပါသည်။

ဆက်သွယ်မှုကွန်ယက်တွင် တပ်ဆင်မည့်မီးစက်များကိုလည်းအပေါစားမီးစက်များ
ကိုဝယ်ယူတပ်ဆင်ပေးလျက်ရှိပြီးအထက်သို့စာရင်းပြရာတွင်မီးစက်အကောင်းစား
စာရင်းပြနေသည်ဟုသိရှိရပါသည်။

တစ်နေ့ကအလွဲသုံးစားပြု နေသောဝန်ကြီးဌာနများအားဖေါ်ထုတ်သကဲ့သို့ 
နိုင်ငံတော်စာရင်းစစ်အဖွဲ့ချုပ်မှလည်းဆက်သွယ်ရေးညွှန်ကြားရေးမှူရုံး
(ကကကြည်း)အားဝင်ရောက်စစ်ဆေးသင့်ကြောင်း၊အဆိုပါ ဗိုလ်ချုပ်အတွက်
အဓိကငွေရှာပေးနေသူမှာ ဗိုလ်မှူးမျိုးမင်းအောင်းဖြစ်ပြီး ယခင် ဦးစီးအရာရှိဖြစ်ကာ ယခုအခါဒုတပ်ရင်းမှူးအမိန့်ထွက်လာခဲ့သော်လည်း ယခင်စစ်ရုံးတွင်ပဲခေါ်ယူပြီး
တာဝန်ပေးထားကြောင်းသိရှိရသည်။

လက်အောက်တပ်ရင်းများတွင်အသုံးပြုရသောစက်သုံးဆီများကိုလည်း 
ရာနှုန်းဖြင့်ဖြတ်ချကာခွင့်ပြုပေးလျက်ရှိကြောင်းသိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်းတဦး
သစ်ထူးလွင်
Unknown at 9:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးသက်လေပြင်း တိုက်ခတ်မည့် သတိပေးချက်




မြန်မာနိုင်ငံ အရပ်ရပ်တွင် အနောက်တောင်မုတ်သုံရာသီ မကျရောကမီ ကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေ၀သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မုတ်သုံရာသီ မကျရောက်မီ ကာလအတွင်း ဖြစ်ပေးလာနိုင်သည့် မိုးလေ၀သ ဖြစ်စဉ်များအား အထူးဂရုပြု နေထိုင်သွားကြပါရန် သတိပေး နှိုးဆော်ထားကြောင်း သိရှိရသည်။
Unknown at 9:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆယ်ကျော်သက် နှင့် ဖောက်ပြန်ခြင်း



From : ခိုင်လေး(ရွှေတောင်)
အကောင့်ထဲက တက်လာတဲ့ စကားလုံးတွေကို ဖတ်ရင် ရှက်စိတ် ခံပြင်းစိတ် နှမြောမိတဲ့စိတ်တွေနဲ့ ဆက်ပြီး စကားပြောချင်စိတ်မရှိအောင်ဖြစ်နေသည်။
အကောင့်ထဲက အသက် 18နှစ် အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အပြောဆို အယူဆတွေ ဘာလို့ ဒီလောက်ထိပေါ့တန် ပေါ့ပျက်ပျက် နိုင်နေရတာလဲဆိုတဲ့ အချက်ကို အထပ်ထပ်တွေးနေမိပါသည်။
အချိန်ကား နံနက် 9နာရီခန့်။ ရုံးသွားဖို့ ဖယ်ရီကားကို စောင့်နေချိန်မှာ ခိုင်လေးအိမ်ဖုန်းသို့ ဖုန်းသံလေးမြည်လာပါသည်။
ဇာဇာ ဆီမှဖြစ်နေသည်။ ခိုင်လေး ဆီတစ်ပတ်တစ်ခါလောက်ဆက်နေကျမို့ ခါတိုင်းလိုပဲ ထင်ပြီး ရယ်သံလေး နှောပြီး ဖုန်းထူးလိုက်တယ်ဆိုရင်ဘဲ ဇာဇာ ဆီက မမျှော်လင့်ဘဲ ငိုချလိုက်သံကို ကြားလိုက်ရသည်။
ခိုင်လေး စိုးရိမ်စိတ်ဖြင့် ပျာယာခတ်သွားသည်။အကျိုးကြောင်းကို သေချာ ချော့မေးမှ သူအမျိုးသားက ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းမှာ ငြိနေတယ်ဆိုတာကို သိခွင့်ရလိုက်ပါသည်။
ဇာဇာက နယ်မြို့လေးတစ်မြို့ အင်တာနက်ဆိုင် လေးဖွင့်ထားသူတစ်ယောက်ပါ။ သူအမျိုးသားက မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေသူတစ်ယောက်ပေါ့။ နိုင်ငံခြားမှာ အလုပ်ချိန်ပြီးတယ်ဆိုတာနဲ့ အွန်လိုင်းပေါ်ကို တက်နေကြသူတွေ များပါသည်။ ဒီမှာ မြန်မာပြည်က အသက် 18နှစ်သာ ရှိသေးတဲ့ သဲ ဆိုတဲ့ ကလေးမလေးနဲ့ ချစ်ဇာတ်လမ်းတွေ ခင်းနေပါသည်။ ကောင်မလေးက လူပျိုလို့ထင်နေတာလား......အိမ်ထောင်ရှိမှန်းသိနေရက်နဲ့ ပတ်သတ်နေတာလားဆိုတော့ အဲဒီကလေးမသာ သေချာ သိနိုင်မှာပါ။
ယောကျာ်းကိုလဲ အတင်းကျပ်မပြောရဲ ကောင်မလေးကို ပြောဖို့လဲ အင်အားတွေ မဲ့စွာ ခိုင်လေးဆီ အားကိုးတကြီး အကူညီလှမ်းတောင်း
ခဲ့ပါသည်။ ဇာဇာကို သေချာချော့မော့ နှစ်သိမ့်ပြီး ရုံးကိုထွက်ခဲ့ရပေမယ့် စိတ်တွေက အဲဒီအကြောင်းအရာပေါ်မှာဘဲ တစ်ဝဲ၀ဲလည်နေမိပါသည်။
ညနေရုံးကပြန်လာတာနဲ့ ကွန်ပြူတာရှေ့ကို လူက ရောက်နေမိပါပြီ။ အရင်ဆုံး ဇာဇာ အမျိုးသားအကောင့်ကို ဖွင့်လိုက်ပါသည်။
သူချာတိတ်မလေးနဲ့ ပြောထားတဲ့ chat mail တွေကို အရင်ဆုံးဖတ်ကြည့်လိုက်မိပါသည်။ ကောင်မလေးက မနှစ်က ဆယ်တန်းကျလို့
ဒီနှစ်ထပ်ဖြေထားပြီး အောင်စာရင်းကို စောင့်နေသူဖြစ်တာရယ်...မလေးကို သွားအလုပ်လုပ်ဖို့ အိမ်က ပိုက်ဆံ ထုတ်မပေးတာတွေ၊
သိပ်သွားချင်ရင် ကိုယ်ပိုက်ဆံ နဲ့ ကိုသွားဆိုတာတွေ စုံအောင်ပြောပြထားတာတွေကို ဖတ်လိုက်ရပါသည်။ လိုရင်းကတော့ မလေးလာဖို့
ငွေထုတ်ပေးမယ့် စပွန်ဆာရှာနေတာပါဘဲ။ ဒါကို မိသားစုနဲ့ဝေး အထီကျန်ဆန်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကို လက်ကိုင်ထားပြီး
ဖောက်ပြန်ခြင်း လမ်းကို စလျှောက်သူက ဇာဇာအမျိုးသား။ သဲ ခြင်းမိုးမွှန်အောင် ခေါ်ပြီးပလီပလာတွေ ပြောနေကြတာတွေကို ဖတ်ရတဲ့ ခိုင်လေးတောင် အတော်ကို စိတ်ပျက်မိနေရင် ဇနီးမယားတစ်ယောက် ဖြစ်တဲ့ ဇာဇာ ရင်ထဲက အပူမီးကကို တင်စားဖွယ်
စကားလုံးမရှိနိုင်ပါဘူး။ ချက်မေးတွေ ဖတ်နေရင်းမှာဘဲ သဲဆိုတဲ့ ချာတိတ်မ အကောင့် မီးစိမ်းလာပါသည်။ ခိုင်လေးလဲ ခပ်တည်တည်နဲ့
*သဲ *လို့ ခပ်တည်တည် ခေါ်လိုက်သည်။ *ကို* ဆိုတဲ့ ထူးသံက တန်းရောက်လာပါသည်။ ပထမတော့ ဇာဇာအမျိုးသားပုံစံမျိုးနဲ့
စကေားပြောကြည့်မလို့ပါဘဲ။ ပြောချင်စိတ်တွေကို ခံပြင်းစိတ်တွေက ဖုံးလွှမ်းသွားတာနဲ့ တစ်ပြိုင်တည်း ဇာဇာ ပုံစံ ပြောင်းပြောလိုက်မိပါတော့သည်။
ဒီမှာဘဲ လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲထင်ရလောက်အောင် အတွေးခေါ် တော်တော် အောက်တန်းကြလှတဲ့ မိန်းကလေး
ငယ်တစ်ယောက်ရဲ့ စကားတွေကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရပါသည်။
*ကို မဟုတ်ဘူး....ညီမ ကိုလို့ခေါ်နေတာ မမ အမျိုးသားပါ.....အမျိုးသားဆိုတာ ချစ်သူမဟုတ်ဘူးနော်....မမယောကျာ်င်္း*ပါလို့ ခိုင်လေးဘက်က စာရိုက်လိုက်ပါသည်။ သူဘက်က ချက်ချင်းစာတက်လာပါသည်။ ခိုင်လေး ထင်ခဲ့တာက ဒီကလေးမက ဇာဇာအမျိုးသားကို လူလွတ်တစ်ယောက်လို့ထင်မယ်....ပတ်သတ်မိမယ်ပေါ့....ခိုင်လေးက အခြေနေမှန်ကို ပြောလိုက်လို့ သိလိုက်ရချိန်မှာ
အံ့သြတုန်လှုပ်သွားမယ်.....တစ်ကယ့်လက်တွေ့ကြားလိုက်ရတာတွေက တစ်ခြားဆီပါဘဲ။ တော်တော်ကိုဆိုးပါသည်။ဘုရားတောင်တမိ
တယ်ဆို ပိုတယ်လို့ ထင်ပါလိမ့်မည်။ မတော်တရော် မကောင်းဆိုးဝါးတွေကပ်နေလားလို့တောင် စိုးရိမ်လိုက်မိပါသည်။ သူပြန်ပြောလိုက်တာလေးကတော့
*ဟားဟ........အမမို့ အွန်လိုင်းပေါ်က ကိစ္စတွေကို လိုက်ခံစားနေတယ်.......သဲတို့ လိုင်းပေါ်တက်လာရင် အပ်သမျှ အကောင့်တွေအကုန် လက်ခံတယ်..........လာကျူလဲ ပြန်ကျူလိုက်တယ်.........ပျိုတာ အိုတာတွေ အွန်လိုင်းပေါ်မှာ မရှိဘူး။
စိတ်လဲ မ၀င်စားဘူး.........တစ်ခါမှလဲ ကို ကိုမမေးမိဘူး...လူပျိုလားလို့ပေါ့.........ဟားဟ .....ပြောရရင် အမအမျိုးသားနာမည်ကိုတောင်
သဲ သေချာမမှတ်မိဘူး........မမ အမျိုးသားကို အမ နိုင်အောင်ထိန်းလေ* ခိုင်လေး ဘာဆက်ပြောရမှန်းမသိတော့အောင်ကိုဘဲ ရင်ထဲ မောဟိုက်သွားမိပါသည်။ နောက်ဆုံးပြန်လိုက်မိတာလေးကတော့* ဟုတ်ပါတယ်ကွယ် .....မမ က နိုင်အောင်ထိန်းရအောင်
သူက ကလေးမဟုတ်ဘူးလေ....ခုညီမကို ပြောပြတယ်ဆိုတာလဲ အိမ်ထောင်ရှိတဲ့ အမျိုးသားမှန်း မသိသေးဘူးထင်လို့ သမီးတစ်ယောက်လိုစာနာလို့ အသိပေးတာပါကွယ်.....ရှိလဲ ကိစ္စမရှိဘူးဆိုလဲ ညီမအပိုင်းပါဘဲ* လို့ရေးပြီးတာနဲ့ အကောင့်ကို
ပိတ်ခါ ဇာဇာဆီပါတစ်ခါတည်းဖုန်းခေါ်လိုက်မိပါသည်။ အကောင်းဆုံး အကြံတစ်ခုကို ပြောပြလိုက်မိပါသည်။ ဘာလဲဆိုတော့
ဇာဇာ မလေးကို လိုက်သွားချင်သွား...မသွားချင်ရင် မြန်မာပြည်ကိုသာ နင်အမျိုးသားကို ပြန်ခေါ်ထားလိုက်တော့လို့ ပြောပြလိုက်ပါ
သည်။
ညဘက်ရောက်တဲ့ အိပ်မပျော်နိုင်အောင် ကလေးမလေးပြောတဲ့ အကောင့်ထဲက စကားလုံးတွေက မျက်လုံးထဲမှာ တစ်ဝဲ၀ဲလည်နေမိပါ
သည်။ အင်တာနက် ဆိုတာ ပေါ်ပေါက်လာခြင်းက လူသားထုတွေအတွက် ကောင်ကျိုး ၊ ဆိုးကျိုး တစ်ဝက်ဆီ ပေးနေသလိုပါဘဲ။
ယနေ့မျက်မှောက်ခေတ် လူငယ်တွေ လမ်းမှားအယူမှားတွေနဲ့ အင်တာနက်ဆိုတာကို ယောကျာင်္းရှာ ၊ မိန်းမရှာ စရာနေရာတစ်ခုလို
စပွန်ဆာရှာစရာ နေရာတစ်ခုလို ဘာလို့ သဘောထားနေကြရပါသလဲ။ အွန်လိုင်းပေါ်မှာ တွေ့ဆုံကာ တစ်ကယ်မေတ္တာစစ်နဲ့ ချစ်ခင်
စုံဖက် လက်ထပ်သွားကြသူတွေ လည်းအများပြားရှိနေပါသည်။ ကောင်းကျိုး ၊ ဆိုးကျိုး 50 ...50 ဆီ ဖြစ်နေပါသည်။ သဲဆိုတဲ့
ခေတ်ပညာတတ် 10 တန်းကျောင်းသူတစ်ယောက် ရဲ့ အတွေးခေါ် ဆင်ခြင်နိုင်မှုတွေက ဘာလို့ ဒီလောက်ထိ အောက်တန်းကျနေ
ရတာလဲ....ဘယ်ခေတ် ဘယ်စနစ်တွေ ဘယ်လိုပြောင်းနေပြောင်းနေ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကို တန်ဖိုးထားရမယ်
ဆိုတဲ့ စံချိန်စံညွှန်းကိုတော့ ဘယ်သောအခါမှ ပြောင်းလဲ မေ့ပစ်လို့ မရနိုင်ပါဘူး။ အ၀တ်စားတွေ ခေတ်မှီလာသည်။ ပညာရေးတွေ
တိုးတက် ပြောင်းလဲလာသည်။ မိန်းကလေးတစ်ယောက်ရဲ့ ထိန်းသိမ်းရမယ့် အိနြေ္ဒတွေ သိက္ခာတွေကိုတော့ ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ လိုက်ပါပြောင်းလဲဖို့ လုံးဝမလိုအပ်ပါဘူး။ မိမ္မမိုက်စစ်တန်း (၁၇)ချက်မှာတောင် နံပတ် *(၃)တပါးလင်ယောက်ျားတို့ကို ရွှင်ပျကြည်သာစွာဧည့်ခံစကားပြောလေ့ရှိခြင်း။
*အမှုတွေကို ပြုလုပ် နေကြပါမှုလောကသံသရာ နှစ်ဖြာစလုံး ဆုံးရှုံးနှစ်မွမ်းရပါမည်ဟု ကျေးဇူးတော်ရှင် သာယာဝတီဆရာတော်ကြီးဧ။် သြ၀ါဒမေတ္တာစာအုပ် တွင် ပါရှိပါသည်။
ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာစေချင်မိပါသည်။
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ သူတွေ တော်တော် များ ကွန်ပြူတာလေး တစ်လုံးမှ မရှိရင် လူဖြစ်ရှုံးသလိုကို
လူတိုင်း သုံးနေကြပါသည်။နည်းပညာတွေ တိုးတတ်စေသည်။...သတင်းအချက်လက်တွေ ချက်ချင်းသိရပါသည်။
.အကောင့်လေးကနေ သူငယ်ချင်းတွေနဲ့ စကားပြောနေရရင် တိုင်းတစ်ပါးမှာ တစ်ယောက်ထဲ
အထီကျန်မှုတွေကို ပြေပျောက်စေပါသည်။.............ဒီထိတော့ ကောင်းနေသေးသည်။...ဒီထက် မထိန်းချုပ်
နိုင်တဲ့ အခါမှာတော့ ဖောက်ပြန်ခြင်းတွေ ဖြစ်လာတဲ့အခါမှာတော့ ....အိမ်ထောင်သည်တွေ ဖောက်ပြန်ခြင်းခေါင်းစဉ်အောက်က
စကားလုံးတွေထဲမှာ သာယာလာကြသည်။.....စကားလုံးတွေကို မျှော်တတ်လာကြသည်။....ဒီမှာ အစပြု လာတော့တာပါဘဲ။
နောက် ပေါ့ပျက်ပျက် အတွေးတွေ ၀င်လာကြသည်။....ငါတို့ အဝေးရောက်နေတာ ဒီထဲက စကား ပြောရုံနဲ့ ဖောက်ပြန်တယ်
မမည်ပါဘူးဆိုတဲ့ အတွေးမှားတွေ တွေးမိကြပါတော့သည်။.
..အိမ်က မိန်းမတွေ .... အိမ်က ယောကျာင်္းတွေ မသိနိုင်ပါဘူးဆိုတဲ့ ဖောက်ပြန်ဖို့ လုံ့ဆော်တဲ့ အတွေး
တွေ စတင်ဝင်ရောက်လာကြသည်။..........ဒီကနေ တဆင့်တက် နေရာဒေသတူနေရင် အပြင်မှာ တွေ့ကြပါသည်။
မိန်းကလေးတွေကို အဓိက ပြောချင်မိပါသည်။....ဘယ်သူနစ်နာသွားပါသလဲ.........သေချာတွေးကြည့်ပါ။ အချိန်တန် ငွေပို့တာ
မိမိတို့ ဇနီးမယားတွေဆီကိုပါဘဲ..........တကယ်တမ်းကျ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကို ဖြိုခွဲဖို့ကို
ယောကျာင်္းဘဲဖြစ်ဖြစ်၊ မိန်းမဘဲ ဖြစ်ဖြစ် တော်တော် တွေးကြပါသည်။ ..ပိုင်ဆိုင်ခွင့် မရှိတဲ့ လမ်းတစ်ခုကို မလျှောက်ကြပါနဲ့။
ဖောက်ပြန်ခြင်းတွေကို ရပ်တန့်ကြပါစေ။ အမျိုး ဘာသာ ၊ သာသနာ နှင့်ပညာတိုးပွား၊အကျိုးများစေသော ရည်ရွယ်ချက်ဖြင့်ဤ ဆောင်းပါးလေးကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သိစေ၊ တတ်စေ၊ လိမ္မာကြစေလိုသော ဆန္ဒအမှန်ဖြင့် ဖော်ပြပေးရခြင်းဖြစ်ပါသည်။မိန်းခလေးတစ်ယေက်လိမ္မာလျှင် အိမ်သာ၏။ရွာသာ၏။ မြို့သာ၏။ တိုင်းပြည်သာယာပါ၏။ ဆောင်းပါးလေးကိုဖတ်မိကြသောမိန်းခလေးတိုင်း အလိမ္မာလေးတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ကျပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်....

Myanmar Express
Unknown at 9:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘာသာရေးကို ခုတုံးလုပ်ပြီး ပါတီမဲဆွယ်တဲ့ တောင်ငူမြို့နယ် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ဒေါက်တာဝေေ၀သာ အား NLD မှ ကန့် ကွက်ထား

တောင်ငူမြို့နယ် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ဒေါက်တာဝေေ၀သာ အား
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
င်သို့ကန့်ကွက်လွာတင်သွင်းလိုက်ကြောင်းသိရပါသည်။
 တောင်ငူမြို့နယ် ကြံ့ခိုင်ရေးပါတီမှ ပြည်သူလွတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ဒေါ်ဝေေ၀သာ သည် ဘာသာရေးကိုခုတုံးလုပ်ပြီး ပါတီမဲဆွယ်စည်းရုံး၍ ရွေးကောက်ပွဲ
ဆိုင်ရာပြစ်မှု ဥပေ
ဒများကို ကျူးလွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်
ရေးကော်မတီမှ မတ်လ ၁၄ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်

လွှာတင်ခဲ့တာဖြစ်ပါသည်။



ပါတီမဲဆွယ်စည်းရုံးရာတွင်အသုံြး
ပုသော တောင်ငူမြို့သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်
ကြီး၏ ဓါတ်ပုံကို ၄င်းတို့လင်မယား (ရထားပို့ဆောင်ရေ၀န်ကြီးဌာန ပြည်ထောင်စုဝန်ြ
ကီး
ဦးအောင်မင်းနှင့် ဒေါက်တာဒေါ်ဝေေ၀သာ )တို့ ဓါတ်ပုံယှဉ်တွဲဖေါ်ပြထားသော 

၂၀၁၂ ခုနှစ်ပြက္ခဒိန် ထုတ်ဝေဖြန့်ချီမှုရှိခဲ့ပါသည်။


ရွေကောက်ပွဲဆိုင်ရာဥပဒေ ပြည်သူလွတ်တော်ဥပဒေပုဒ်မ ၅၈(ဂ)အရနဲ့ အခန်း(၁၄)

ပုဒ်မ ၆၆(ဋ)တရားမဲ့ပြုကျင့်မှု့ စသည့်ပြစ်မှုများကို ကျူးလွန်ရာရောက်သဖြင့် တားဆီး

ပေးပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
င်သို့ ကန့်ကွက်လွှာတင်ထားခြင်းဖြစ်
ကြောင်း တောင်ငူအမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်မှ ကိုယ်စားလှယ်လောင်း
ဦးအောင်စိုးမြင့်က ပြောကြားသည်။


ထိုပြင်  ဒေါ်ဝေေ၀သာနှင့် ကြံ့ဖွံ့ပါတီဟာ ၂၀၀၂ ခုနှစ်က တောင်ငူတွင်ဖြစ်ပွားခဲ့သည့် 

ကုလား-ဗမာ အဓိကရုဏ်း မှာ အစိုးရက ပိတ်သိမ်းခဲ့တဲ့ ဗလီများကိုပြန်ဖွင့်ပေးမယ် 

သူတို့ကို မဲ ထည့်ပါလို့ အစ္စလာမ် ဘာသာဝင်များကို ဘာသာရေးကိုပေါ်ပေါ်ထင်ထင် 

ခုတုံးလုပ်ကာ စည်းရုံးနေပြီး ယခုကြားဖြတ်ရွေးကောက်ပွဲကာလ(စည်
းရုံးရေးကာလ)
 အတွင်းမှာ တောင်ငူမှာပိတ်ထားတဲ့ ဗလီ များထဲမှ ၂ ခုကိုယခုလ အတွင်းပြန်လည်
ဖွင့်ခွင့်ရရှိအော
င် လုပ်ဆောင်ပေးခဲ့ရာမှ အစ္စလာမ်ဘာသာဝင်များကို စည်းရုံးနိုင်ခဲ့ပြီး
 အစ္စလာမ်ဘာသာဝင်တွေအများစုနေထိုင်ရာ ရပ်ကွက်စည်းရုံးရေးပွဲများတွင်
 တောင်ငူမြို့နယ် အစ္စလာမ်ဘာသာေ၇းကောင်စီမှ လူကြီးများပင်တက်ရောက် 
ခဲ့ကြတာကိုတွေ့ရ ပါသည်။ 


အစ္စလာမ် လူငယ်တွေကတော့ ဗလီပြန့်ဖွင့်ခွင့် ရရှိတာကတော့ အမြတ်ပဲ မဲ ထည့်တာ

ကတော့သူလိုက်ကြည့်လို့ရတာမဟုတ်လို့ဘူးလို့ ပြောနေကြပါသည်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းကိုကန့်ကွက်ခြင်း
သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း Myanmar News Now မှ စုံစမ်းသိရှိရပါသည်။
ဘာသာရေးကိုခုတုံးလုပ်ပြီး မဲဆွယ်တဲ့ ပြက္ခဒိန်ဖြစ်ပါတယ်။

Myanmar News Now
Unknown at 8:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ်းခြေအတုနှင့် အပျော်စီးသင်္ဘောများ ပါဝင်သည့် အဆင့်မြင့် ဟိုတယ်ကြီးတစ်ခု ရန်ကုန်တွင် ဆောက်မည်



ရန်ကုန်မြို့၏ ဟိုတယ် လိုအပ်ချက်ကို အနည်းငယ် ဖြည့်ဆည်းပေးနိုင်မည့် အခန်း ၁၀၉ခန်း ပါဝင်သော ကမ်းခြေတုပုံစံနှင့် အပျော်စီး သင်္ဘောဝန်ဆောင်မှုများ ပါဝင်သော အဆင့်မြင့် ဟိုတယ်ကြီးတစ်ခုကို သာကေတမြို့နယ်တွင် စတင် တည်ဆောက်တော့ မည်ဖြစ်ကြောင်း ၂၉-၂-၂၀၁၂ ရက်က သိရသည်။ အဆိုပါ ကမ်းခြေတုပုံစံနှင့် အပျော်စီးသင်္ဘောများ ပါဝင်သော အဆင့်မြင့် ဟိုတယ်ကြီးအတွက် ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းစုဖြစ်သော Aceဆောက်လုပ်ရေးက တာဝန်ယူ တည်ဆောက်တော့ မည်ဖြစ်ကာ HotelAceဟု အမည်ပေးထားကြောင်း သိရသည်။ HotelAceရဲ့ ရန်ကုန်ရုံးချုပ် တစ်ခုပုံစံမျိုး တည်ဆောက်တာပါ။ ကမ်းခြေအတု ပုံဖော်ဖို့အတွက် ကမ်းစပ်မှာ သဲသောင်အတု ဖို့ပေးရမယ်။ လောလောဆယ် အုန်းပင်တွေကို ကမ်းခြေပုံစံအတိုင်း စိုက်ထားတယ်။ ဒီနှစ်ထဲကမ်းခြေအတုနှင့် အပျော်စီးသင်္ဘောများ ပါဝင်သည့် အဆင့်မြင့်ဟိုတယ်ကြီးတစ်ခု ရန်ကုန်တွင်ဆောက်မည်မှာပဲ စပြီးပြင်ဆင်နေတာ။ ၂၀၁၃ ဆီးဂိမ်းအမီဆောက်မယ်'' ဟု ACE ဆောက်လုပ်ရေးနှင့် HotelAceဥက္ကဋ္ဌ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းက ပြောကြားသည်။
'ဒီအတွက် ကုန်ကျစရိတ်က ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်မယ်။ ဒီဇိုင်းက ကိုယ်ပိုင်ဒီဇိုင်းလည်း ဖြစ်သလို ကိုယ်ပိုင် ဆောက်လုပ်ရေး လုပ်တာကြောင့် ဒီလောက် သက်သာတာ။ ဟိုတယ်က ကြယ်ငါးပွင့် အဆင့်ဆောက်မှာ။ အထပ် ကိုးထပ်ရှိမယ်''ဟု ၄င်းက ဆက်လက် ပြောကြားသည်။ အဆိုပါဟိုတယ် ဆောက်မည့်မြေနေရာသည် ယခင်က ဟိုတယ်ဟောင်း တစ်ခုဖြစ်ခဲ့ကာ ရှုခင်းသာ အနီးတွင် တည်ရှိကြောင်း သိရသည်။''ရန်ကုန်ရဲ့ ဟိုတယ်မလောက် ငမှုတွေကိုလည်း နည်းနည်းတော့ ၀င်ထမ်းပေးနိုင်မယ် ထင်တာပဲ''ဟု ၄င်းကဆက်လက် ပြောကြားသည်။''အပျော်စီး သင်္ဘောတွေအတွက် သုံးထပ်သင်္ဘော လူ၅၀စီးတွေ ထပ်မှာထားတယ်။ လောလောဆယ် အဲဒီမြေနေရာက အဆောက်အအုံမှာ စားသောက်ဆိုင်တစ်ခု ဖွင့်ထားတယ်။ ၀န်ထမ်း ၃၀ကျော်လောက်ရှိတယ်။ ဟိုတယ်ပြီးရင် ထပ်ပြီးခေါ်ရမယ်။ ကမ်းခြေအတုပုံစံ လုပ်ဖြစ်တာကတော့ ရန်ကုန်မှာနေပြီး ရန်ကုန်မြစ်ထဲကို လှမ်းကြည့်ရင်းနဲ့ တကယ့်ကမ်းခြေ တစ်ခုမှာ အပန်းဖြေနေရသလိုမျိုး ဖြစ်အောင် စိတ်ကူးမိသွားလို့ပါ''ဟု ၄င်းကဆက်လက် ပြောကြားသည်။
Unknown at 8:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ ?




မြတ်ခိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွှေးကောက်ပွဲအတွက် နေရာအနှံ့ လိုက်ပြီးမဲဆွယ်နေတဲ့အချိန်မှာ အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ ?

အောင်သောင်း။ ။ မငြိမ်ပါဘူး။ သူလို့ အုံးအုံးကျွတ်ကျွတ် မလုပ်တာ တစ်ခုပါပဲ။ အရှေ့အလယ်ပိုင်းပုံ သဏ္ဍန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သုက ပြနေတာ ဒါကတော့ နိုင်ငံရေးအရ Image ကောင်းအောင်ပေါ့ဗျာ။
ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လိုလွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံတွေ ဘယ်လောက် ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူကို မဲပေးမယ်လို့ ပြောလို့မရပါဘူး။
ဟုတ်လား။ ဘယ်သူ့မဲပေးမယ်လို့လည်း ဒီမှာ သိပ်ဆုံးဖြတ်လို့မရပါဘူး။ တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူးဆိုတာတွေက ဘာကတိမှလည်းမပေးနိုင်ဘူးဆိုတာတွေက ကတိပေးထားတဲ့သူတွေကိုသရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့သူတွေကို
ကိုယ်မလုပ် နိုင်လိုဝေဖန်တဲ့သဘောလေးလည်းဆောင်တယ်။ တကယ်တမ်းကတော့ ဒါကမလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့။ ဟုတ်လား။ ပြည်သူတွေအတွက်လုပ်ပေးတာ ကောင်းတယ်ဆိုတာမျိုးပဲပြောရမှာ။ ပြည်သူ့ အတွက်
လုပ်ပေးတာမကောင်းဘူးလို့ပြောလာတာတွေက ဒီနိုင်ငံရေးအဓိပ္ပာယ်ကို ကျွန်တော်လည်း နားမလည်ပါဘူး။ ဘာဖြစ်လို့ပြောတာလည်းဆိုတာ ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်တို့ အဲ့ဒီအဆင့်မမီဘူး။ ဒီတော့ ဒီမိုကရေစီလိုလားတယ်။ နောက်ပြီတော့မှ တရားဥပဒေ
စိုးမိုးရေးလိုလားတယ်လို့ အကြိမ်ကြိမ် နေရာတိုင်မှာပြောတယ်။ တကယ့် လက်တွေ့မှာ သူတို့သွားတာ လာတာတွေ အားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို တကယ်လိုက်နာလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာ ပြန်ဆန်းစစ်လိုက်ရင်သိတယ်။
တိတိကျကျတော့ မပြောလိုပါဘူး။

(လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ ၃ အမှတ် ၈၀ မှ)
Unknown at 8:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မွန်ခွဲထွက် အဖွဲ့ဝင် ၁၆ ဦး လက်နက်စွန့်



(ရန်ကုန်၊ မတ် ၈)

နိုင်အဘင်း ခေါင်းဆောင်သော မွန်ခွဲထွက်ရေး အဖွဲ့ဝင် ၁၆ ဦးသည် လက်နက်မျိုးစုံ ၁၂ လက်နှင့်အတူ လက်နက်ချ အလင်းဝင်ပွဲ အခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ရှိ အမှတ်(၃၁) ခြေလျင်တပ်ရင်း ရိပ်သာတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။


နိုင်အဘင်းနှင့် အဖွဲ့အား အမှတ်(၃၁) ခြေလျင် တပ်ရင်းမှ တပ်မတော်သားများ၊ မိသားစုများ နှင့် ခေါဇာမြို့နယ်ခွဲမှ ပြည်သူများက ကြိုဆိုကြပြီး၊ ရိပ်သာ ခန်းမတွင် အခမ်းအနား ဆက်လက် ကျင်းပရာ ရှေးဦးစွာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးအရာရှိ (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီး ကျော်မြင့်က အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ထာဝရ ငြိမ်းချမ်းရေးကို လိုလား၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် သည့်အတွက် နိုင်အဘင်းနှင့် အဖွဲ့ ဝင်များအား လှိုက်လှဲစွာ ကြိုဆို ပါကြောင်း ၄င်းကပြောသည်။ ”လွပ်လပ်ရေးနဲ့ အတူတွဲဖက်ပြီးပါ လာတဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် တပ်မတော်သားတွေ၊ လက်နက်ကိုင် အဖွဲ့ဝင်တွေနဲ့ အပြစ် မဲ့ပြည်သူ တွေ သေဆုံးခဲ့ရတာ ကျွန်တော် တို့ငယ်ငယ်လေး ထဲကပါပဲ။ ငြိမ်းချမ်းရေးရဲ့ အရသာ ကိုလက်နက်နဲ့ လဲလှယ်ပြီး၊ ထာဝရ လက်နက် စွန့်လွှတ်ခြင်း ဆိုတဲ့ အခုလို အခါမျိုးမှာ ပိုပြီး သိသာ ထင်ရှားစွာ တွေ့မြင် ရမှာဖြစ်ပါတယ်”ဟု ၄င်းက ဆိုသည်။ မတူသည်များကို ဘေးဖယ် ထားကာ တူညီသည့် အချက်များ ကို စတင် လုပ်ဆောင် ကြရန် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက် နှင့်အညီ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး လမ်းစဉ်ကို အတူ သွားဖို့ လက်တွဲ လာသည့် အ တွက် ကျေးဇူးတင် ပါကြောင်းနှင့် ရဟန်းရှင် ပြည်သူများ လိုလား တောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ကျန်ရှိနေ သူများလည်း လက်နက်ချ အလင်း ဝင်ကြပါ ရန် ၄င်းက ထပ်လောင်း ပြောသည်။


ဆက်လက်၍ မွန်ခွဲထွက် အဖွဲ့ ဝင် ခေါင်းဆောင် နိုင်အဘင်းက ဝန်ချ တောင်းပန်စကားပြောကြား ရာတွင် ၄င်းတို့အဖွဲ့ကို ယခုလို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည့် အတွက် နိုင်ငံတော်နှင့် ပြည်သူ လူထုကို ကျေးဇူးတင် ပါကြောင်း၊ နိုင်ငံတော် သမ္မတကြီး၏ စေတနာ အမှန်ကို သိရှိသည့် အတွက် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ် ပြီး ပြည်သူ့ ရင်ခွင်ကို ခိုလှုံခြင်း ဖြစ်ပါ ကြောင်း ပြောသည်။ ကျဉ်းမြောင်း သည့်လူမျိုးရေး အခြေခံပြီး မှားယွင်းတဲ့ လုပ်ရပ်များဖြင့် စည်းရုံးသိမ်းသွင်းခံ ရသည့် အတွက် စာပေ ပညာသင်ကြား ရခြင်း မရှိသည့် မိမဲ့ဖမဲ့ ကလေးသူငယ် များသည် စည်းရုံးသိမ်းသွင်းမှု နောက်ပါသွားပြီး ပြည်သူလူထု အပေါ် မလုပ်သင့် မလုပ်ထိုက်သည့် လုပ်ရပ် များကို ကျူးလွန်ပြစ်မှား မိခဲ့ကြောင်း၊ ၄င်းတို့၏ လုပ်ရပ်အမှား များကို ရှိခိုး ကန်တော့ တောင်းပန် ကြောင်း၊ ကျန်ရှိသည့်ကာလတွေ မှာ နိုင်ငံတော်နှင့် ပြည်သူ့ ရင်ခွင်မှာ အေး ချမ်းစွာဖြင့် ဥပဒေဘောင် အတွင်း နေထိုင်ပြီး နိုင်ငံတော်နှင့် ပြည်သူများ အတွက် အစွမ်းကုန် ဝိုင်းဝန်း ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။


ထို့နောက် အမှတ်(၃၁) ခြေ လျင် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းလင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး နိုင်အဘင်း ထံမှ လက်နက် များကို လက်ခံ ရယူ ပြီးနောက် စစ်ဦးစီး အရာရှိ (ပထမ တန်း) ဒုတိယ ဗိုလ်မှူးကြီး ကျော်မြင့် က အလင်းဝင် ၁၆ ဦးအတွက် ဆန်၊ ဆီနှင့် ငွေများ ထောက်ပံ့ပေး အပ်ရာ အသင်း က လက်ခံယူ ကြောင်း သိရသည်။


Unknown at 8:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ကြီးများရုံးဟောင်း ခွင့်ပြုချက်မဲ့ ဝင်ရောက်သူ အစ္စရေးနိုင်ငံသား အရေးယူခံရ



ရန်ကုန်တိုင်းဒေသကြီး အမှတ်(၉)ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ ဝန်ကြီးများရုံးဟောင်းသို့ အစ္စရေးနိုင်ငံသားတစ်ဦး ခြံစည်းရိုး ကျော်၍ တရားမဝင် ဝင်ရောက်သဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ နိုင်ငံသားမှာ အသက် ၂၈ နှစ် အရွယ်ရှိ Mr.ARIEL TAL ပတ်(စ်)ပို့အမှတ် ၁၁၆၃၉၁၄၊ ဗီဇာအမှတ် A469688 အလည်အပတ် ဗီဇာဖြင့် ရောက်ရှိနေသူဖြစ်ပြီး မတ်လ ၉ ရက်နေ့ မွန်းလွဲ၁ နာရီ ၃၀ မိနစ်ခန့်က ယင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံခြားသားကို ဗိုလ်တထောင်ရဲစခန်းက (ပ) ၅၇/၁၂/ပုဒ်မ ၄၄၈၊ (ပ) ၅၈/၁၂ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်ချက်များ ဥပဒေပုဒ်မ ၁၃(၁) ဖြင့် အရေးယူထားကြောင်း ယင်းရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးသို့ ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မည်သို့မျှ မပြောနိုင်သေးကြောင်း ယင်းသံရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဒီနိုင်ငံကိုလာရင် ဒီနိုင်ငံရဲ့ ဥပဒေကို လေးစားရမှာပဲ” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 8:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

KIO ဖွံ့ဖြိုးရေးစခန်း လက်နက်ကြီးဖြင့် အပစ်ခံရ

မြစ်ကြီးနား - လိုင်ဇာကားလမ်း ဂန်ဒေါင်ယန်ရွာအနီးရှိ KIO ဒေသဖွံ့ဖြိုးရေးစခန်းကို ယမန်နေ့နေ့လည် ၁၁ နာရီခန့် က မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Burma_KIO_Lajayang_Meeting
အစိုးရတပ်မှ ပစ်ခတ်မှုကြောင့် အဆိုပါစခန်းအတွင်းရှိ လယ်ထွန်စက်များ ပျက်စီးဆုံးရူံးမှုရှိကြောင်း KIA စစ်ဘက်သတင်း ရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အဲဒီမှာ လယ်ကွင်းအကျယ်ကြီး ရှိတယ် ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးလုပ်တာပေါ့နော် လက်နက်ကြီး ကျည်တွေ ကျတော့ လူတွေအကုန် ထွက်ပြေးကြတယ်” ဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

၎င်းနောက် စခန်းအနီး ရောက်လာသည့် အစိုးရတပ်နှင့် KIA တို့ အကြား ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားခဲ့သည် ဟုဆိုသည်။

“လူတွေက ထွက်ပြေးသွားပေမဲ့ လယ်ကွင်းတွေထဲမှာ နွားတွေကျန်တာပေါ့နော် အစိုးရတပ်က နွားဖျက်စားတဲ့ အဖွဲ့ တွေကို KIA က ပြန်ပစ်တာရှိတယ် စခန်းမှာလူမရှိတော့ လယ်ထွန်စက်ပစ္စည်းတွေကို ဒီဒေသက ဘိန်းစားတွေက ပဲ  ဖြုတ်ယူကြတယ်” ဟု ဆိုသည်။

KIO နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ ယခုလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၃ ရက် တာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

KIO ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၏ ယခုလ ၉ ရက်နေ့က ရွှေလီမြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုချက်အရ ဂျန္နဝါရီ ၁၉ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ နှစ်ဘက် တိုက်ပွဲပေါင်း ၇၇ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
 သျှမ်းသံတော်ဆင့်
Unknown at 8:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘတ်ဂျက်အရေး တွေးမိသမျှ

 
 
နှစ်ငါးဆယ် အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ်နဲ့ အစိုးရ ဘတ်ဂျက်ကို လူသိရှင်ကြား ထုတ်ပြန်ပြီး လွှတ်တော်မှာ ဆွေးနွေးခွင့် ရတာဟာ ၂၀၀၈ အခြေခံ ဥပဒေရဲ့ အသီးအပွင့် တစ်ခုပါပဲ။ လွှတ်တော် အမတ်တွေကလည်း အတော်လေး တက်တက် ကြွကြွ ဆွေးနွေး ကြတာကိုလည်း သတိပြုမိပါတယ်။
 
  သို့သော် သတင်းစာထဲက ဆွေးနွေးချက်တွေကို ဖတ်ရင်း လွှတ်တော်ရဲ့ဘတ်ဂျက် ရေးရာ ဆွေးနွေး မှုတွေနဲ့ ပတ်သက်ပြီး ထောက်ပြ စရာတွေလည်း တွေ့လာရပါတယ်။ ပထမဆုံး တွေ့ရတာကတော့ လွှတ်တော် အမတ်တွေ အနေနဲ့ နိုင်ငံရဲ့ မိုက်ခရိုနဲ့ မက်ခရို စီးပွားရေး အခြေအနေ (Micro- economics and Macroeconomics) အခြေအနေတွေကို ထည့်သွင်း စဉ်းစားခြင်း မရှိဘဲ ၀န်ကြီးဌာနများ၊ စီမံကိန်းများ အပေါ် မိမိတို့ရဲ့ ကိုယ်ပိုင် အမြင်များကို အခြေခံပြီး ပြောဆို ဆွေးနွေးတာက အများစု ဖြစ်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံ စီးပွားရေးကို ပြောရင် တုန့်ဆိုင်းနေတယ်လို့ ပြောရမှာ ဖြစ်တယ်။ ဒါဟာ ၂၀၀၈ ငွေကြေး အကျပ်အတည်း နောက်ပိုင်း နိုင်ငံအားလုံး ရင်ဆိုင်နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါကို ကုစားတဲ့အခါ နိုင်ငံအများစုက စီးပွားရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အခွန် လျှော့ပေးတယ်။ နောက်ပြီး စီးပွားရေး ပြန်လည် နှိုးဆွတဲ့ ရန်ပုံငွေကို ထူထောင်ပြီး အတိုး သက်သာတဲ့ စက်မှု လုပ်ငန်း ချေးငွေတွေ ပေးတာ၊ အစိုးရ တည်ဆောက်ရေး လုပ်ငန်း Publci Work တွေ လုပ်ပေးတယ်။ တရုတ် သည်ပင်လျှင် ၂၀၀၈ အကျပ်အတည်း ကနေ ရုန်းထွက်ဖို့ အတွက် ဒေါ်လာ ၅၈၆ ဘီလီယံ ရန်ပုံငွေ ထူထောင်ပြီး လုပ်ပေးခဲ့ရတယ်။ အမေရိကန်က ဒေါ်လာ ၇၈၇ ဘီလီယံ ရန်ပုံငွေ ထူထောင်ပေးရတယ်။
 
မက်ခရို စီးပွားရေး သဘော အရ စီးပွားရေး နလံ ပြန်ထူချင်တယ် ဆိုရင် ကုန်ထုတ် လုပ်ငန်းတွေ လည်ပတ်အောင်၊ လူတွေ ငွေပို သုံးနိုင်အောင်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာအောင် လုပ်ရတယ်။ ဒါက အခြေခံ သဘောတရားပါ။ ဒါ့ကြောင့် အဲဒီအချိန်မှာ လိုငွေပြ ဘတ်ဂျက်နဲ့ သွားရပါတယ်။
 
ဒီကနေ့ လွှတ်တော် အမတ်များရဲ့ ဆွေးနွေးချက်တွေကို ခြုံကြည့်လိုက်ရင် အခုလို တွေ့ရတယ်။
စီမံကိန်းကြီးတွေ အပါအ၀င် ၀န်ကြီး ဌာနတွေရဲ့ အသုံးစရိတ်ကို ဖြတ်တောက်ဖို့။
စီးပွားရေး ဦးမော့လာအောင် လုပ်ဖို့။
အခွန်အကောက်တွေ လျှော့ချဖို့။
အစိုးရ ၀န်ဆောင်မှုတွေ အရည်အသွေး တိုးမြှင့်ပေးဖို့။
သူတို့ လွှတ်တော် နယ်မြေတွေမှာ လိုအပ်နေတဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတား၊ ရေသွယ်မြောင်း၊ ဆည်တွေ လုပ်ပေးဖို့။
ဘတ်ဂျက် လိုငွေမပြဖို့။
ဝန်ထမ်းတွေကို အနည်းဆုံး လစာ တစ်သိန်း ပေးဖို့။
ဒါတွေကို ချကြည့် လိုက်ရင်ပဲ  ဘယ်လိုမှ အဆက်အစပ် မညီတာ တွေ့ရမှာပါ။ အဲဒါဟာ လွှတ်တော် အမတ်တွေ အတွင်းမှာ မက်ခရို စီးပွားရေး သဘောတရားကို ဆုပ်ကိုင်ပြီး တူညီတဲ့ ချဉ်းကပ်မှုနဲ့ ဆွေးနွေးရမယ့် အစား မိမိ သန်ရာသန်ရာ ဆွေးနွေး နေတာကြောင့်ပဲ ဖြစ်ပါတယ်။
နောက်တစ်ခါ အမတ်တစ်ချို့က အခြေခံ ဥပဒေမှာ ပါတဲ့ ဥပဒေပြုရေး အခန်းကဏ္ဍကို တိတိပပ မသိတာလည်း တွေ့ရတယ်။ လွှတ်တော် အမတ် တစ်ချို့က ၀န်ကြီးဌာန အသုံးစရိတ်ကို ဆွေးနွေးတဲ့ နေရာမှာ အဆောက်အဦ တစ်ခုကို ဒီနေရာမှာ မဆောက်ဘဲ ဟိုနေရာမှာ ဆောက်သင့်တယ်လို့ ဆွေးနွေး တာတောင် ရှိတယ်။ တကယ်တော့ ဥပဒေ ပြုရေးဟာ အသုံးစရိတ်ကိုပဲ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဆောက်သင့်လို့ ငွေခွင့်ပြုတယ် ဆိုရင် အရှေ့လှည့်၊ အနောက်လှည့် ဆောက်တာ၊ စီမံကိန်း နယ်မြေထဲမှာ ဘယ်နေရာမှ အဆောက်အဦ ဆောက်မယ် ရွေးတာဟာ အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ အလုပ်သာ ဖြစ်ပါတယ်။
 
လစာ တစ်သိန်း ဆိုတဲ့ ကိစ္စမျိုး ကြတော့လည်း အစိုးရအဖွဲ့က လစာထက် ထောက်ပံ့ကြေးလိုပဲ တိုးပေးနိုင်မယ် ဆိုပြီး Data တွေနဲ့ ရှင်းပြတာကို နားထောင် ပြီးတဲ့အခါ လစာ မဖြစ်မနေတိုးဖို့ ပြောနေသူတွေဟာ မိန်းမက နောက်ဖေး မီးဖိုချောင်မှာ ဆန်၊ ဆီ၊ ဈေးဖိုးတွက်ပြီး တစ်ပတ်စာ လောက်အောင် ဘယ်လို ချက်ရမလဲ တွက်ရင်း ချွေးပြန်နေချိန်မှာ အိမ်ရှေ့မှာ ထိုင်ပြီး အိမ်မှာ ရှိမှန်းမသိ၊ မရှိမှန်းမသိ ဖြတ်သွားသမျှ လူကို ထမင်း ၀င်စားပါဦးလို့ ဖိတ်နေတဲ့ အိမ်ဦးနတ်နဲ့ တူလေစွလို့လည်း တွေးမိပါတယ်။
 
နောက်တစ်ခါ SEA Game ကို ၂၀၁၃၊ အာဆီယံ ဥက္ကဌ တာဝန်ကို ၂၀၁၄ မှာ ယူရမယ့် အချိန်မှာ အဓိက အခမ်းအနားတွေ ကျင်းပရမယ့် နေပြည်တော်က ဆောက်လုပ်ရေး စီမံကိန်းတွေ အားလုံး ရပ်ဆိုင်း ထားသင့်ကြောင်း ဆွေးနွေး တာမျိုးဟာလည်း ဆွေးနွေးသူရဲ့ တွေးခေါ် မျှော်မြင်မှုအပေါ် မေးခွန်း ထုတ်စရာ ဖြစ်စေပါတယ်။
 
တစ်ဖက် အသုံးစရိတ်တွေ ဖြတ်ဖို့ ပြောနေချိန်မှာ လူတွေ သိပ်သတိ မထားလိုက်မိတဲ့ လွှတ်တော် အမတ်တွေအတွက် ကား၊ ရထား၊ လေယာဉ် အခမဲ့စီးခွင့်များ၊ ဆေးကုသခွင့်များ၊ အခမဲ့ ဖုန်း၊ ရေ၊ မီး သုံးစွဲခွင့်များကို လွှတ်တော်က အတည်ပြုပေး လိုက်တာကိုလည်း တွေ့ရပြန်ပါတယ်။
 
လွှတ်တော်ဟာ ဥပဒေပြု အဖွဲ့အစည်း အနေနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ အသုံးစရိတ်ကို ပြည်သူတွေ သိအောင် ဆွေးနွေး ထောက်ပြဖို့၊ ဖြတ်တောက်တာ၊ ပြင်ဆင်တာ လုပ်ဖို့ အခွင့်အရေး ရှိတာ အမှန်ပါပဲ။ ဒါပေမယ့် နည်းပညာနဲ့ ဆိုင်တဲ့ကိစ္စမျိုး၊ မက်ခရို စီးပွားရေးနဲ့ ဆိုင်တဲ့ ကိစ္စမျိုးတွေမှာ ပြည်သူ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒီထက်ပိုပြီး အမြင် ကျယ်ကျယ်နဲ့ ဆွေးနွေး သင့်တာ အမှန်ပါပဲ။ အခု အချိန်ထိကတော့ ၀န်ကြီးဌာနတွေကို သူ့ထက်ငါ ဘယ်သူက ပိုပြီး ဝေဖန်နိုင်သလဲ ဆိုတာ ပြိုင်နေတဲ့ အခြေအနေ၊ ဘတ်ဂျက် ဆွေးနွေးတယ် ဆိုတာ ဖြတ်တောက်ဖို့ပဲ ဆိုတဲ့ အသိပဲ ရှိနေတဲ့ အခြေ အနေတွေပဲ တွေ့နေရပါ သေးတယ်။
 
ဒါကလည်း မြန်မာနိုင်ငံရဲ့ ကဏ္ဍ ပေါင်းစုံမှာ တွေ့နေရတဲ့ Capacity ပြဿနာလို့ပဲ ဆိုရမှာပါ။ နောက်တစ်နှစ် ဘတ်ဂျက် ဆိုရင် တော့ဖြင့် အခုထက် ပိုပြီး ပညာပါတဲ့ ဆွေးနွေးချက်တွေ မြင်ရ၊ ကြားရမယ်လို့ မျှော်လင့် မိပါတယ်။
ပိတောက်မြေ
Unknown at 8:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.