Sunday, March 18, 2012

ကမ်းခြေအတုနှင့် အပျော်စီးသင်္ဘောများ ပါဝင်သည့် အဆင့်မြင့် ဟိုတယ်ကြီးတစ်ခု ရန်ကုန်တွင် ဆောက်မည်



ရန်ကုန်မြို့၏ ဟိုတယ် လိုအပ်ချက်ကို အနည်းငယ် ဖြည့်ဆည်းပေးနိုင်မည့် အခန်း ၁၀၉ခန်း ပါဝင်သော ကမ်းခြေတုပုံစံနှင့် အပျော်စီး သင်္ဘောဝန်ဆောင်မှုများ ပါဝင်သော အဆင့်မြင့် ဟိုတယ်ကြီးတစ်ခုကို သာကေတမြို့နယ်တွင် စတင် တည်ဆောက်တော့ မည်ဖြစ်ကြောင်း ၂၉-၂-၂၀၁၂ ရက်က သိရသည်။ အဆိုပါ ကမ်းခြေတုပုံစံနှင့် အပျော်စီးသင်္ဘောများ ပါဝင်သော အဆင့်မြင့် ဟိုတယ်ကြီးအတွက် ဟိုတယ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းစုဖြစ်သော Aceဆောက်လုပ်ရေးက တာဝန်ယူ တည်ဆောက်တော့ မည်ဖြစ်ကာ HotelAceဟု အမည်ပေးထားကြောင်း သိရသည်။ HotelAceရဲ့ ရန်ကုန်ရုံးချုပ် တစ်ခုပုံစံမျိုး တည်ဆောက်တာပါ။ ကမ်းခြေအတု ပုံဖော်ဖို့အတွက် ကမ်းစပ်မှာ သဲသောင်အတု ဖို့ပေးရမယ်။ လောလောဆယ် အုန်းပင်တွေကို ကမ်းခြေပုံစံအတိုင်း စိုက်ထားတယ်။ ဒီနှစ်ထဲကမ်းခြေအတုနှင့် အပျော်စီးသင်္ဘောများ ပါဝင်သည့် အဆင့်မြင့်ဟိုတယ်ကြီးတစ်ခု ရန်ကုန်တွင်ဆောက်မည်မှာပဲ စပြီးပြင်ဆင်နေတာ။ ၂၀၁၃ ဆီးဂိမ်းအမီဆောက်မယ်'' ဟု ACE ဆောက်လုပ်ရေးနှင့် HotelAceဥက္ကဋ္ဌ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်းက ပြောကြားသည်။
'ဒီအတွက် ကုန်ကျစရိတ်က ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်မယ်။ ဒီဇိုင်းက ကိုယ်ပိုင်ဒီဇိုင်းလည်း ဖြစ်သလို ကိုယ်ပိုင် ဆောက်လုပ်ရေး လုပ်တာကြောင့် ဒီလောက် သက်သာတာ။ ဟိုတယ်က ကြယ်ငါးပွင့် အဆင့်ဆောက်မှာ။ အထပ် ကိုးထပ်ရှိမယ်''ဟု ၄င်းက ဆက်လက် ပြောကြားသည်။ အဆိုပါဟိုတယ် ဆောက်မည့်မြေနေရာသည် ယခင်က ဟိုတယ်ဟောင်း တစ်ခုဖြစ်ခဲ့ကာ ရှုခင်းသာ အနီးတွင် တည်ရှိကြောင်း သိရသည်။''ရန်ကုန်ရဲ့ ဟိုတယ်မလောက် ငမှုတွေကိုလည်း နည်းနည်းတော့ ၀င်ထမ်းပေးနိုင်မယ် ထင်တာပဲ''ဟု ၄င်းကဆက်လက် ပြောကြားသည်။''အပျော်စီး သင်္ဘောတွေအတွက် သုံးထပ်သင်္ဘော လူ၅၀စီးတွေ ထပ်မှာထားတယ်။ လောလောဆယ် အဲဒီမြေနေရာက အဆောက်အအုံမှာ စားသောက်ဆိုင်တစ်ခု ဖွင့်ထားတယ်။ ၀န်ထမ်း ၃၀ကျော်လောက်ရှိတယ်။ ဟိုတယ်ပြီးရင် ထပ်ပြီးခေါ်ရမယ်။ ကမ်းခြေအတုပုံစံ လုပ်ဖြစ်တာကတော့ ရန်ကုန်မှာနေပြီး ရန်ကုန်မြစ်ထဲကို လှမ်းကြည့်ရင်းနဲ့ တကယ့်ကမ်းခြေ တစ်ခုမှာ အပန်းဖြေနေရသလိုမျိုး ဖြစ်အောင် စိတ်ကူးမိသွားလို့ပါ''ဟု ၄င်းကဆက်လက် ပြောကြားသည်။
Unknown at 8:37 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.