ရန်ကုန်တိုင်းဒေသကြီး အမှတ်(၉)ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ ဝန်ကြီးများရုံးဟောင်းသို့ အစ္စရေးနိုင်ငံသားတစ်ဦး ခြံစည်းရိုး ကျော်၍ တရားမဝင် ဝင်ရောက်သဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ နိုင်ငံသားမှာ အသက် ၂၈ နှစ် အရွယ်ရှိ Mr.ARIEL TAL ပတ်(စ်)ပို့အမှတ် ၁၁၆၃၉၁၄၊ ဗီဇာအမှတ် A469688 အလည်အပတ် ဗီဇာဖြင့် ရောက်ရှိနေသူဖြစ်ပြီး မတ်လ ၉ ရက်နေ့ မွန်းလွဲ၁ နာရီ ၃၀ မိနစ်ခန့်က ယင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံခြားသားကို ဗိုလ်တထောင်ရဲစခန်းက (ပ) ၅၇/၁၂/ပုဒ်မ ၄၄၈၊ (ပ) ၅၈/၁၂ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်ချက်များ ဥပဒေပုဒ်မ ၁၃(၁) ဖြင့် အရေးယူထားကြောင်း ယင်းရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးသို့ ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မည်သို့မျှ မပြောနိုင်သေးကြောင်း ယင်းသံရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဒီနိုင်ငံကိုလာရင် ဒီနိုင်ငံရဲ့ ဥပဒေကို လေးစားရမှာပဲ” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။




0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge