Saturday, February 11, 2012

ဘားကမ့်ပရန်ကုန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း

ဓါတ်ပုံ(MRTV-4)
ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၂ (YPI)

"ဘာပညာမဆိုကောင်းတဲ့ ဘက်ရှိသလို ဆိုးတဲ့ဘက်ရှိပါတယ် အခု
နည်းပညာလူငယ်ရှင်များဟာ ကောင်းတဲ့ဘက်ကို သုံးသွားကြပါ။ကျွှန်မတို့ရဲ့ ကမ္ဘာကြီးကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ လူသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့နိုင်ငံသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ ပြည်သူပြည်သားတွေကောင်းမွန်ဖို့ အတွက် ဘယ်လို နည်းပညာတွေသုံးမလဲဆိုတာစဉ်းစားစေချင်တယ်။အခုကျွှန်မဒီခေါင်းစဉ်ကိုဘာဖြစ်လို့ သဘော ကျလဲဆိုတာ barcamp ရဲ့ အခြေခံသဘောတရားကိုကအများပါဝင်ခြင်း၊အများကနေပြီးတော့ လွတ်လွတ်လပ်လပ်ဆွေး နွေးခြင်း၊ မျှဝေခြင်း၊နောက်ဆုံးမှာဒီမျှဝေခြင်း ဆိုတာ ဆိုစကားရှိတယ်မဟုတ်လားဆရာစားချန်ခြင်းဆိုတာ ဒီစိတ်ဟာ ကောင်းတာမဟုတ်ဘူး ကျွှန်မတို့ အရှေ့တိုင်းရဲ့အဆိုအမိန့်ဆိုတာ တခုရှိတယ် စကားပုံတခုပေါ့ ဖဖောင်းတိုင် တတိုင်ကနေ ဖယောင်းတိုင် အများကြီးကိုညှိလိုက်ရင် မူလဖဖောင်းတိုင်ကလည်းအလင်းရောင် မလျော့သွားဘူး အားလုံးကလည်းအလင်ရောင်ပိုလာတယ် ၊အဲဒီတော့ ပညာနဲ့ပတ်သတ်လို့ မျှဝေခြင်းဟာပညာ တွေလျော့သွားမှာ မဟုတ်ဘူး အများအတွက်ပညာတွေတိုးပွားစေတယ်။ ကျွှန်မတို့လောကကြီးအ တွက် အလင်းရောင်ဆိုတာ ပိုများလာပါတယ် ။ပညာဆိုတာ အလင်းရောင်ပါဒါပေမဲ့ပညာဆိုတာ မမှန်မကန်တဲ့နည်းနဲ့ သုံးလိုက် ရင် အမှောင်ထုလည်းဖြစ်သွားနိုင်တယ် ။ဒီနည်းပညာကို အလင်းရောင်လိုသုံးပြီးတော့ လောက ကိုပိုပြီး အကျိုးပြုပါ"
ကျွှန်မတို့နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ယှဉ်ရင် နောက်မှာကျန်ရစ်ခဲ့တယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး ဒီနောက်မှာကျန်ရစ်ခဲ့တာကနေ ရှေ့တန်းကိုရောက်ဖို့ ဆိုတာ အခုနည်းပညာကျွှမ်းကျင်တဲ့ လူငယ်တွေ အများကြီးလိုတယ်အားလုံးဝိုင်းလုပ်ရမဲ့အထဲမှာ ဒီခေတ်မှီနည်းပညာတွေနဲ့ သာမြန်မြန်ဆန်ဆန်တိုး တက်အောင်လုပ်နိုင်ဖို့ အခွင့်အရေးတွေရှိတယ်။အရင်တုနုးက ဒီနည်းပညာခေတ်မရောက်ခင်က မရှိတဲ့အခွင့်အရေးတွေကို ကျွှန်မတို့ အခုရထားပြီး ကိုယ်ရတဲ့အခွင့်အရေးတွေကိုမှန်မှန်ကန်ကန်သုံးပါ တန်းဖိုးရှိအောင်သုံးပါ အများအတွက်သုံးပါ အဲလိုသုံးလို့ရှိရင် အင်မတန်ကျေနပ်မှုရရှိနိုင်တယ်ဆိုတာ ခေတ်ရှေ့ပြေးနေတဲ့နည်းပညာကိုသင်နေတဲ့လူတွေဟာ အတိတ်ကိုလည်းမေ့လို့မရပါဘူးအတိတ်ကို လည်းသိထားရမယ် သမိုင်းကိုလည်းသိဖို့လိုတယ် သမိုင်းနောက်ခံသိမှ နောင်လာမည့်အနာဂတ်အ တွက်မှန်ကန်တဲ့လုပ်ငန်းတွေကိုလုပ်နိုင်မှာပါ။ဒါကြောင့်လူငယ်တွေဟာ အတိတ်နဲ့အနာဂတ်ကိုဆက်ပေးတဲ့ တက်ကြွတဲ့ ပစ္စုပ္ပန် တွေ ဖြစ်ပါစေလို့"
Unknown at 11:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သံတွဲမြို့ ဒွါရာဝတီဈေးကြီး မီးလောင်

ရခိုင်ပြည်နယ် သံတွဲမြို့ 
ယနေ့နံနက် ၅ နာရီခွဲဝန်းကျင်မှ့  ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီဈေးကြီးတွင် မီးစတင်လောင်ကျွမ်းခဲ့ရာ ၄ နာရီနီးပါးအကြာ တွင်မှ မီးငြိမ်းသတ်နိုင်သော်လည်း ဆိုင်ခန်းအားလုံးနီးပါး လောင်ကျွမ်းသွားကြောင်း သိရှိရသည်။

ဒွါရာဝတီဈေးကြီးတွင် ဆိုင်ခန်း အရေအတွက် ၈၀၀ ၀န်းကျင်ရှိကာ ကုန်ခြောက်တန်းဘက်မှ မီးစတင်လောင်ကျွမ်းသည်ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများပြောဆိုချက်အရ သိရသော်လည်း မည်သည့်အကြောင်းကြောင့် လောင်ကျွမ်းသည်ကိုမူ စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။

နံနက် ၅ နာရီခွဲသာသာတွင် မီးစတင်လောင်ကျွမ်းသည်ကို မြင်တွေ့သူများက မီးသံချောင်းများ ခေါက်ကာ နှိုးဆော်ကြပြီးနောက် မိနစ်အတန်ကြာမှ မီးသတ်ကားစတင်ရောက်လာသည်ဟု ဈေးအနီးနေထိုင်သူတဦးက ဆိုသည်။
ဒီဇင်ဘာလကုန်တွင် ဈေးကြီးအတွင်း လျှပ်စစ်မီးလိုင်းများ ပြန်လည်သွယ်တန်း ပြင်ဆင်ခြင်းပြုလုပ်ခဲ့သည်ဟု ဈေးသူဈေးသား များ၏ ပြောဆိုချက်အရသိရသည်။ သံတွဲဈေးသည် အထည်၊ ကုန်စုံဆိုင်၊ ကုန်ခြောက် စားသောက်ကုန်များ ရောင်းချသည့် သံတွဲမြို့၏ အကြီးဆုံးဈေးဖြစ်သည်။

မီးစတင်လောင်ကျွမ်းပြီးနောက် နာရီဝက်ဝန်းကျင် ပထမဆုံး မီးသတ်ကား ရောက်ရှိလာသော်လည်း ရေစုပ်ဖို့ အခက်အခဲကြုံတွေ့နေရသဖြင့် ဈေးသူဈေးသားများနှင့် မြို့ခံများ အားမလိုအားမရ ဖြစ်ခဲ့ကြရသည်ဟု မြို့ခံတဦးကပြောသည်။

နောက်ပိုင်းတွင် သံတွဲမြို့ လေဆိပ်စီမံကိန်းမှ ရေသယ်ယာဉ်များ၊ ပုဂ္ဂလိက ရေသယ်ယာဉ်များရောက်ရှိလာကာ ကူညီသယ်ယူပေးကြသကဲ့သို့ မြို့သူမြို့သားများ၊ ခလရ ၅၅ နှင့် ၅၅၆ မှ တပ်မတော်သားများလည်း ရောက်လာကာ ရေ၀ိုင်းကူသယ် ပက်ပေးခဲ့ကြသည်။

ဈေးဝင်းအတွင်းရှိ ဂါလံ ၂ ထောင်ကျော် ၃ ထောင်ဆန့်သည့် ရေစင်မှရေဖြင့် ပက်ဖြန်းရန်ကြိုးစားသော်လည်း ရေစင်တွင်ရေမရှိသည့် အဖြစ်နှင့်ကြုံတွေ့ရသည်ဟု လည်းမြို့ခံများကပြောသည်။

လွန်ခဲ့သည့် နှစ်ကုန်ပိုင်းကလည်း မင်းပြားဈေးကြီး မီးလောင်ကျွမ်းခဲ့သလို သီတင်းပတ်အနည်းငယ်က တောင်ကုတ်ဈေးမီးလောင်ကျွမ်းခဲ့သေးသည်။    ။
သံတွဲ၊ ဖေဖေါ်ဝါရီ ၁၁၊ YPI
Unknown at 11:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် အား တွံတေး-ကော့မှူး လမ်းတွင် ကြိုဆိုကြတဲ့ ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတဂေဟာမှ ကလေးသူငယ် ၆၃၀ ကျော်(ဓါတ်ပုံ)




ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ်တစ်လျှောက်လုံး နံနက်စောစောမှ စတင်စောင့်ကြိုနေကြသည်။ ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတဂေဟာမှ ကလေးသူငယ် ၆၃၀ ကျော်လည်း ကြိုဆိုနေကြသည်ကို တွေ့ရသည်။ (ဓာတ်ပုံ-ဥက္ကာကိုကို)



တွံတေး-ကော့မှူးအစပ် ဇရပ်ကုန်းရွာတွင် ကြိုဆိုနေကြသူများ။ (ဓာတ်ပုံ-ဥက္ကာကိုကို)
7Day News Journal
Unknown at 10:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

barcamp 2012 yangon သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေး (ဓါတ်ပုံ)

barcamp 2012 သို့  ၇း၄၅ မိနစ်တွင် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ ရစဉ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လှိုင်မြို့ နယ်၊ Myanmar Info-Tech တွင် ကျင်းပပြုလုပ်သော barcamp 2012 သို့  ဖေဖေါ်ဝါရီလ ၁၁ ရက်နေ နံနက် ၇း၄၅ မိနစ်တွင် ရောက်ရှိလာပြီး အမှာစကား ပြောကြားခဲ့ပါသည်။ အဲဒီနောက် ကော့မှူးမြို့ နယ် စည်းရုံးရေးခရီးစဉ် ဆက်လက်ထွက်ခွါ သွားကြောင်းသိရပါသည်။

Unknown at 9:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာအမျိုးသမီးကို ပါးရိုက်တဲ့ဂျပန်အား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်နှင်ဒဏ်ပေးပြီး လာခွင့်ပိတ်



ရန်ကုန် Orchid Hotel ဧည့်ကြိုကောင်တာ

ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ကာလုံခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရ က်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။ Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးခရီးစဉ် တင်ဆက်မှု စပါပြီ

တွံတေးတံတားကြီးအဆင်းတွင် ဒလမြို့နယ်ပါတီဝင်များနှင့် ပြည်သူများ လူဦးရေ ၈၀၀ ကျော်ခန့်စောင်းဆိုင်းကြိုဆိုနေကြစဉ်။ လှိုင်သာယာတံတားအဆင်း၊ တွံတေးတံတားအဆင်းနှင့် တွံတေး-ဒလ ဘုရားငုတ်တိုလမ်းဆုံ သုံးနေရာခွဲ၍ စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း ဒလမြို့နယ်လူငယ်ပါတီဝင် ကိုလှိုင်ဝင်းအောင်က ပြောသည်။ (ဓာတ်ပုံ-ဥက္ကာကိုကို)

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် သွားရောက်မည့်လမ်းတစ်လျှောက်တွင် ရွာများမှ ထွက်၍ကြိုဆိုနေကြသည်ကို တွေ့ရသည်။ ပုံမှာ လှိုင်သာယာအထွက်တံတားပေါ်တွင် လာရောက်ကြိုဆိုနေကြသည့် တွံတေးမြို့နယ်မှ လူများကို တွေ့ရစဉ်။ ဓာတ်ပုံ- ဥက္ကာကိုကို
7Day News Journal
Unknown at 9:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာမီနီဆလွန်း စီးရေ (၈၀၀) ထပ်မံရောက်ရှိမည်


ဖေဖော်ဝါရီ နောက်ဆုံးပတ်ခန့်၌ မြန်မာမီနီဆလွန်းကား ပထမအသုတ် အစီးရေ ၈၀၀ ခန့် ထပ်မံရောက်ရှိကာ Show Room များ၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ ဦးသွင်မြင့်အောင်က ပြောကြားသည်။ အမှန်တကယ်လိုအပ်နေသော ပြည်သူများအတွက် ရည်ရွယ်ကာ ယခုကဲ့သို့ တင်သွင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်တစ်လော၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Show Room များဖွင့်လှစ်ကာ မရောင်းချနိုင်သေးသော်လည်း အချက်အခြာကျသော မြို့များ၌ ဖွင့်လှစ်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များအပြင် အများသွားလာရေး လွယ်ကူကောင်းမွန်သော နေရာများ၌ အဓိကထား ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် News Watch ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂဠုန်ဦးစောနှင့် ရုပ်တူသည့် မြစ်ဖြစ်သူက ကမ်းလှမ်းလာလျှင် ဂဠုန်ဦးစောနေရာတွင် သရုပ်ဆောင်မည်ဟုဆို



ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကား ရိုက်ကူးရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည် အပါအဝင် သရုပ်ဆောင်များကို ရွေးချယ်မည်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း သရုပ်ဆောင်နေရာတွင် ဖြစ်စေ၊ အခြားသင့်လျော်ရာ သရုပ်ဆောင်နေရာတွင်ဖြစ်စေ ပါဝင်သရုပ်ဆောင်ရန် လျှောက်ထားလိုသူ လေးဦးထပ်မံပေါ်လာပြီး ယင်းတို့၏ ရင်တွင်းစကားများကို ဖွင့်ဟပြောကြားကြသည်။
အဆိုပါ လေးဦးမှာ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ်၊ အောင်းစုကျေးရွာသား ကိုဘိုထွေး(ခ) ကိုခင်မောင်ထွေး၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် စကားများရွာသား ကိုအောင်ဘိုဘိုဇင်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်သား ကိုစိုးမင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်သား ကိုသိန်းဇော်တို့ ဖြစ်ကြပြီး မိဘဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများက တိုက်တွန်းကြ ခြင်းကြောင့်လည်းကောင်း မိမိကိုယ်တိုင်က စိတ်အားထက်သန်ကြခြင်း ကြောင့်လည်းကောင်း သရုပ်ဆောင်အဖြစ် လျှောက်ထားလိုခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ယင်းတို့က ဆက်လက်ပြောကြား ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ငယ်ငယ်ကျောင်းသား ဘဝကပင် ဆရာများ၏ သင်ကြားချက်အရ သိနေကြကြောင်း၊ အာဇာနည်နေ့ရောက်တိုင်း အလေးပြုခဲ့ကြရကြောင်း၊ ဗိုလ်ချုပ်မိန့်ခွန်းများကို နားထောင်ဖူးကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း ရုပ်ရှင်ကားများတွင် ဗိုလ်ချုပ်အောင်ဆန်းသွားလာ ပုံများနှင့် တရားဟောပုံများကို တွေ့ဖူးပြီး ကြည်ညိုလေးစား နေခဲ့ကြကြောင်း၊ အာဇာနည်ဇာပနအခမ်းအနား သတင်းရုပ်ရှင်ကားကို ကြည့်ရသောအခါ မျက်ရည်ကျခဲ့ရသည်အထိ စိတ်ထိခိုက်ခဲ့ကြကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုင်ရာဆောင်းပါးများနှင့် စာအုပ်များကို ဖတ်ရှုလေ့လာ မှတ်သားထားကြကြောင်း၊ ဗိုလ်ချုပ်အား ဂုဏ်ယူအားကျမိကြကြောင်း၊ အရွေးခံရသည်ဖြစ်စေ ၊ အရွေးမခံရသည်ဖြစ်စေ အဓိကမဟုတ်ဘဲ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားပြီး တစ်တပ်တစ်အား တတ်နိုင်သည့်ဘက်မှ ကျေးဇူးဆပ်လိုရင်းမှာ အဓိကဖြစ်ပါကြောင်း ငွေမလှူနိုင်၍ လုပ်အားကို လှူဒါန်းခြင်းဖြစ်ပါကြောင်း သရုပ်ဆောင် လျှောက်လွှာ ခေါ်မည့်ရက်နှင့် လျှောက်ရမည့် နေရာကို
စောင့်နေကြပါကြောင်း စသည်ဖြင့် ပြောကြားကြသည်။

သူတို့၏ အကြောင်းကို ကြားသိရသည်မှာ ကိုဘိုထွေး(ခ) ကိုခင်မောင်ထွေးသည် တောင်တွင်းကြီးမြို့နယ် အောင်းစုကျေးရွာမှဖြစ်ပြီး မိဘမှာ တောင်သူများဖြစ်ကြသည်။ သားသမီး ၁၄ ယောက်အနက် ၁၃ ယောက်မြောက်ဖြစ်ပြီး ကိုရင်ငါးဝါ ၊ ရဟန်း ၁ဝ ဝါဝတ်ကာ ပထမလတ်တန်းထိ ဗုဒ္ဓဘာသာစာပေ သင်ယူခဲ့သည်။ ယခုအခါမွန်ပြည်နယ် ဘီလူးကျွန်းတွင် အိမ်ထောင်ကျပြီး ဆိုင်ကယ်လေထိုး ကျွတ်ဖာလုပ်ငန်း လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ကားအတွက် လျှောက်လွှာစုံစမ်းရန် ခရီးသည်တင်ကားဖြင့် ၂-၁-၂ဝ၁၂ ရက်နေ့တွင် ရန်ကုန်သို့ အလာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်ဖတ်နေစဉ်  မွန်းလွဲပိုင်းတွင် စစ်တောင်းတံတားအလွန်၌ ယင်းတို့ကားမှောက်ခဲ့ပြီး လက်မောင်းနှင့် ခန္ဒာကိုယ် နေရာအချို့ နာကျင်မှုဖြစ်ခဲ့သည်။
ခရီးသည်အချို့နှင့် အတူကားလေးငှားပြီး ရောက်လာခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ကိုအောင်ဘိုဘိုဇင်သည် မြောင်းမြမြို့နယ် စကားများရွာ၌ အထက်တန်းပညာအောင်ပြီး မိဘနှင့်အတူ စပါးအရောင်းအဝယ် လုပ်ငန်းလုပ်နေသူဖြစ်သည်။ သားသမီးသုံးယောက်အနက် အငယ်ဆုံးဖြစ်သည်။ ကိုစိုးမင်းသည် မင်္ဂလာဒုံထောက်ကြန့်၌ နေထိုင်ပြီး ကိုးမိုင်စက်မှုလယ်ယာတွင် သံဂဟေဆော် လုပ်ငန်းလုပ်နေသူဖြစ်သည်။ သားသမီးလေးယောက် အနက်အကြီးဆုံးဖြစ်သည်။ ငပုတောသား ကိုသိန်းဇော်သည် တစ်ဦးတည်းသောသားဖြစ်ပြီး  ပုသိမ်မြို့၌ GTC တက်ခဲ့ပြီးပုသိမ် တက္ကသိုလ်တွင် မြန်မာစာအဓိကဖြင့် ဒုတိယနှစ်အထိ တက်ခဲ့ဖူးသည်။ ယခုအခါ ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံနယ်မြေတွင် ဂျာနယ်များရောင်းသည့် အလုပ်လုပ်လျက်ရှိသည်။ သူသည်ကဗျာရေး၊ ဆောင်းပါးရေး ဝါသနာပါသည်ဟုဆိုသည်။
သူ၏ စာမူများကိုလည်းပြသသည်။ ထူးခြားသတင်းတစ်ခုမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေး တွင်လိုအပ်သည့် နိုင်ငံတော်လုပ်ကြံမှုကြီးကို ဦးဆောင်သူ ဂဠုန်ဦးစော သရုပ်ဆောင်နေရာတွင် ကမ်းလှမ်းလာလျှင် သရုပ်ဆောင်မည်ဟု ဂဠုန်ဦးစော မြစ်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် မင်းခက ပြောကြားကြောင်း၊ သူ့ကို အဘိုးဂဠုန်ဦးစော နှင့် ရုပ်ဆင်တူသည်ဟု ပြောကြကြောင်း ၆-၁-၂ဝဝ၂ ရက်နေ့ထုတ် မော်ဒန်သတင်း ဂျာနယ်တွင် ဓာတ်ပုံနှင့်တကွ ပါရှိလာကြောင်း သိရသည်။ အချို့က မင်းခအား ဂဠုန်ဦးစော ဝင်စားသလားဟုပင် ပြောဆိုကြကြောင်း သိရသည်။
ပြည်မြန်မာဂျာနယ်
Unknown at 9:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မလေးရှားကနေ ဧရာဝတီဘဏ်ကို တိုက်ရိုက်ငွေလွှဲနိုင်ပြီ



မလေး ( May )ဘဏ်
မလေးရှားနိုင်ငံကနေ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံကို ၉ ရက်နေ့ကစပြီး ဧရာဝတီဘဏ်ခွဲတိုင်းက တစ်ဆင့်ငွေလွှဲလို့ရပြီလို့ သိရတယ်။
မလေးရှားကနေ သည်ကိုငွေလွှဲတဲ့အခါ ငွေလွှဲခနှုန်းက မလေးငွေရင်းဂစ် ၁၅၀၀ ထိလွှဲရင် ငွေလွှဲပို့ခ ၁၂ ရင်းဂစ်ယူမှာပါ။ ရင်းဂစ် ၁၅၀၀ ကနေ ၃၀၀၀ ထိဆိုရင် ၁၅ ရင်းဂစ်ပါ။ ၃၀၀၀ ကနေ  ၆၀၀၀ ထိလွှဲမယ်ဆိုရင်တော့ ၂၀ ရင်းဂစ်ကျတယ်လို့ ဧရာဝတီဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဇော်က ပြောပါတယ်။ ငွေလွှဲတဲ့အခါ မလေးက လွှဲမယ်ဆိုရင် မလေး ( May )ဘဏ်က ငွေဈေးနှုန်း ရင်းဂစ်နဲ့ ဒေါ်လာ အတိုင်းလဲပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံက ပြန်ထုတ်ယူသူတွေအတွက်ကတော့ သိမ်ဖြူငွေလွှဲကောင်တာရဲ့ ငွေလဲပေါက်ဈေးအတိုင်း ဒေါ်လာကို မြန်မာငွေနဲ့ ပြန်လဲပေးသွားမယ်လို့ သိရတယ်။ မြန်မာနိုင်ငံကနေတော့ မလေးရှားကို ငွေပြန်လွှဲလို့မရပါဘူး။
မလေးက ငွေလွှဲတာကို မြန်မာနိုင်ငံဘက်က ထုတ်ယူမယ့်သူတွေအနေနဲ့ ဧရာဝတီဘဏ်မှာပဲ ထုတ်ယူရင်တော့ သည်ဘက်ကလူက ငွေလွှဲခထပ်ပေးစရာမလိုဘဲ သည်အတိုင်းထုတ်ယူရုံပါပဲ။ တခြားချိတ်ဆက်ထားတဲ့ ဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇ၊ ထွန်းဖောင်ဒေးရှင်း၊CB, AGD, ယူနိုက်တက်အမရ၊ MBL,သမ၀ါယမဘဏ်၊ (SBB )နဲ့ (MOB ) ဘဏ်တွေဆီက ထုတ်ယူမယ်ဆိုရင်တော့ တစ်ရာကို ၁၅ပြားနှုန်းငွေလွှဲခ သတ်သတ်ထပ်ပေးရမှာပါ။ သည်နေ့ မလေးရှားကငွေလွှဲရင် နောက်အကျဆုံးဆိုရင်နောက်နေ့ ငွေထုတ်ယူလို့ရပြီလို့ ဆိုတယ်။
´´မလေးရှားက ငွေလွှဲတဲ့သူတွေ တရားဝင်ငွေလာလွှဲရဲအောင် မြန်မာစကားတတ်တဲ့သူတွေကို ဖောင်ဖြည့်ပေးဖို့ သီးသန့်ဝန်ထမ်းတွေထားပေးမယ်။ ဖောင်ကိုဘယ်လို ဖြည့်ရမယ်၊ ငွေဘယ်လို လွှဲရမယ်ဆိုတာ သူတို့က ပြပေးလိမ့်မယ်၊ လတိုင်း၊ လတိုင်းလွှဲမယ့်သူတွေကိုတော့ လျှို့ဝှက်ဂဏန်းငါးလုံးပေးထားမယ်၊ နောက်လတွေငွေလာလွှဲတဲ့အခါ ဖောင်ပြန်ဖြည့်စရာမလိုဘဲ အဲဒီ ဂဏန်းငါးလုံးပေးလိုက်ရုံနဲ့ ငွေလွှဲပေးလိုက်မှာပါ၊ အဓိက က သူတို့တွေ ငွေလွှဲတာ တရားဝင်လမ်းကြောင်းဖြစ်သွားစေချင်လို့ပါ´´လို့ ဦးသန်းဇော်က ပြောပါတယ်။
မလေးကနေ မြန်မာနိုင်ငံကို ငွေလွှဲတာအခုမှ ဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ် ၊ နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေကို မလေးက ငွေလွှဲနေတာကြာပြီလို့ သိရတယ်။
မော်ဒန် သတင်းဂျာနယ် 
Unknown at 9:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြားဖြတ်ရွေးကောက်ပွဲတွင်ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် ဆယ်သိန်းသာထောက်ပံ့ရန် တစည ဆုံးဖြတ်

တစည
ဧပြီ၁ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီကိုယ် စားဝင်ရောက် ယှဉ်ပြိုင်မည့်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် ကျပ်ဆယ်သိန်းသာထောက်ပံ့ရန်ဆုံး ဖြတ်ထား ကြောင်းယင်းပါတီ၏တွဲ ဘက် အထွေထွေ  အတွင်းရေးမှုး ဦးခင် မောင်ကြီးကရန်ကုန်တိုင်းမ်ဂျာနယ် သို့ပြောကြားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီအနေဖြင့်ကြားဖြတ်ရွေးကောက် ပွဲတွင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း လစ်လပ်မဲဆနနယ် အပြည့်ဝင်ရောက် ယှဉ်ပြိုင်ရန်ဆန္ဒမရှိကြောင်းယင်းပါ တီမှဗဟို အလုပ် အမှုဆောင်ကော်မ တီဝင် ဦးဟန်ရွှေက ဆိုသည်။''ကျွန်တော်တို့ ကကော်မရှင်ကြေငြာသလို ကိုယ်စားလှယ်လောင်းတစ်ဦး ကိုကျပ်သိန်းတစ်ရာ မသုံးနိုင်ပါဘူး။ တစ်ယောက်ကို ဆယ်သိန်းလောက်သာ ပါတီဗဟိုဌာနချုပ် ကထောက်ပံ့မှာပါ''ဟု ဦးခင်မောင်ကြီး ကပြောသည်။

လွှတ်တော် ကိုယ်စား လှယ်လောင်း များအနေဖြင့် ကိုယ်ပိုင်စိုက်ထုတ်ငွေ ကိုအားကိုး၍ ကြားဖြတ်ရွေးကောက်ပွဲ ကာလအားဖြတ်ကျော်ရန် တိုင်းရင်း သားစည်းလုံး ညီညွတ်ရေးပါတီမှ နှိုးဆော်ထား ကြောင်းသိရသည်။''ကျွန်တော်တို့ရဲ့ ပါတီရန်ပုံငွေအ ခက်အခဲတွေကြောင့်တစ်ခိျု့နေရာမှာ ရှိတဲ့ပါတီပိုင်မြေနေရာတစ်ခိျု့ကိုရောင်း ချထားတာရှိ ပါတယ်'' ဟု ဦးခင်မောင် ကြီးကဆက်လက် ပြောကြားသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အနေဖြင့် ကြားဖြတ် ရွေးကောက် ပွဲတွင်လစ်လပ်နေရာ၂၃ နေရာမှဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁ဝရွေးကောက်ပွဲတွင် ၉၉၄ဦးဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။

ရန်ကုန်တိုင်းမ်
Unknown at 9:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တော်ပြန်များ နိုင်ငံသားခံယူခွင့် ပြန်လျှောက်နိုင်



ပြည်ပကနေ ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မီဒီယာတွေ့ဆုံပွဲက သိရပါတယ်။ ပြည်ပက ပြန်ဝင်လာတဲ့မြန်မာတွေအနေနဲ့ နိုင်ငံသားခံယူခွင့် ပြန်လည်လျှောက်ထားတဲ့အခါမှာ ဟိုဘက်နိုင်ငံသား ခံယူပြီးသား ဖြစ်နေရင်တော့ စွန့်လွှတ်ပြီးမှ လျှောက်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူဖို့အတွက် ပြည်ပရှိ မြန်မာသံရုံးတွေမှာ လျှောက်ရမှာဖြစ်တယ်။ ပြည်ပရောက်မြန်မာတွေအနေနဲ့ တရားဝင်နိုင်ငံသား ပြန်လည်ခံယူခွင့်ရှိတယ်ဆိုတာကို အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တွေ့ဆုံပွဲမှာ ပြောပါတယ်။ နိုင်ငံသားခံယူခွင့် လျှောက်တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ပြီး မြန်မာသံရုံးက လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ သဘောထားမှတ်ချက် တောင်းမှာဖြစ်ပါတယ်။ နိုင်ငံသားခံယူခွင့် လျှောက်သူဟာ မြန်မာနိုင်ငံမှာ နေသွားတာမှန်ကန်ပြီး မြန်မာနိုင်ငံသားဖြစ်နေတယ်ဆိုရင် ပြန်လက်ခံပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသား မိဘနှစ်ပါးကမွေးတဲ့ နိုင်ငံသားတွေက မွေးရာပါနိုင်ငံသားတွေဖြစ်လို့ နိုင်ငံသား စိစစ်ရေးကတ် ရမှာဖြစ်တယ်။ ဥပဒေအရဖြစ်တဲ့ နိုင်ငံသားတွေက ဧည့်နိုင်ငံသားနဲ့ပြုနိုင်ငံသားကတ်တွေ ရမှာဖြစ်တယ်။ ပြည်တွင်းမှာ အခွန်ဆောင်နေတဲ့ နိုင်ငံခြားသားတွေကိုတော့ အက်ဖ်အာရ်စီနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကြောင်း မပြည့်စုံသေးသူတွေကို ယာယီနိုင်ငံသား ကတ်တွေ ထုတ်ပေးနေပါတယ်။ နိုင်ငံသားခံယူခွင့်အတွက် ဗဟိုအဖွဲ့တွေဆီ လျှောက်ထားနိုင်ပြီး အထောက်အထား ပြည့်စုံ၊ ဥပဒေနဲ့ညီရင် နိုင်ငံသား ခံယူခွင့်ပြုတယ်လို့ သိရကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးဂမ္ဘီရ မဂ္ဂင်ကျောင်းသို့ ပြန်လည် ရောက်ရှိပြီ



ယနေ့နံနက်ပိုင်းက လယ်တီဝိပဿနာကျောင်းမှာ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ ရွှေဝါရောင် ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မနက်ပိုင်းက အာဏာပိုင်များမှ ခေါ်ဆောင် သွားခဲ့ပြီး ယနေ့ည ၈နာရီခွဲအချိန်က ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး ယခုအခါ.. မဂ္ဂင်ကျောင်းတိုက်နဲ့ ပြန်လည် သီတင်းသုံးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်...။ မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားတယ် ဆိုတဲ့သတင်းကိုတော့ သိရှိရခြင်း မရှိသေးပါ..။

ယနေ့နေ့လည်ပိုင်းက ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း ချိတ်ပိတ်ခြင်း ခံထားရတဲ့ ကျောင်းတိုက်လေးခုအနက်မှ မဂ္ဂင်ကျောင်းတိုက်၊ ရွှေတောင်ကျောင်းတိုက်တို့အား သာသနာရေးဦးစီးဋ္ဌာနနဲ့ အာဏာပိုင်များမှ  ပြန်လည်ဖွင့်လှစ် ပေးခဲ့ပြီး သာသနာ့သိပ္ပံ ကျောင်းတိုက်နဲ့ ရတနာဂုဏ်ရည် ကျောင်းတိုက်တို့အား ချိတ်ပိတ်ထးဆဲ ဖြစ်ပါတယ်..။

ဂျပန်နိုင်ငံမှ စေတနာရှင်များရဲ့ အလှူ
မနေ့က လယ်တီဝိပဿနာကျောင်းမှ ယာယီသီတင်းသုံး နေထိုင်နေတဲ့ ဆရာတော် အရှင်ဂမ္ဘီရ
 ဂျပန်နိုင်ငံမှ စေတနာရှင်များမှ နဝကမ္မဝတ္ထုအလှူငွေ  ဆက်ကပ်လှူဒါန်းခဲ့ပါတယ်.
ဓာတ်ပုံ၊ သတင်း.. ဒီမိုဝေယံ..
Unknown at 9:15 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.