Saturday, February 11, 2012

မလေးရှားကနေ ဧရာဝတီဘဏ်ကို တိုက်ရိုက်ငွေလွှဲနိုင်ပြီ



မလေး ( May )ဘဏ်
မလေးရှားနိုင်ငံကနေ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံကို ၉ ရက်နေ့ကစပြီး ဧရာဝတီဘဏ်ခွဲတိုင်းက တစ်ဆင့်ငွေလွှဲလို့ရပြီလို့ သိရတယ်။
မလေးရှားကနေ သည်ကိုငွေလွှဲတဲ့အခါ ငွေလွှဲခနှုန်းက မလေးငွေရင်းဂစ် ၁၅၀၀ ထိလွှဲရင် ငွေလွှဲပို့ခ ၁၂ ရင်းဂစ်ယူမှာပါ။ ရင်းဂစ် ၁၅၀၀ ကနေ ၃၀၀၀ ထိဆိုရင် ၁၅ ရင်းဂစ်ပါ။ ၃၀၀၀ ကနေ  ၆၀၀၀ ထိလွှဲမယ်ဆိုရင်တော့ ၂၀ ရင်းဂစ်ကျတယ်လို့ ဧရာဝတီဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဇော်က ပြောပါတယ်။ ငွေလွှဲတဲ့အခါ မလေးက လွှဲမယ်ဆိုရင် မလေး ( May )ဘဏ်က ငွေဈေးနှုန်း ရင်းဂစ်နဲ့ ဒေါ်လာ အတိုင်းလဲပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံက ပြန်ထုတ်ယူသူတွေအတွက်ကတော့ သိမ်ဖြူငွေလွှဲကောင်တာရဲ့ ငွေလဲပေါက်ဈေးအတိုင်း ဒေါ်လာကို မြန်မာငွေနဲ့ ပြန်လဲပေးသွားမယ်လို့ သိရတယ်။ မြန်မာနိုင်ငံကနေတော့ မလေးရှားကို ငွေပြန်လွှဲလို့မရပါဘူး။
မလေးက ငွေလွှဲတာကို မြန်မာနိုင်ငံဘက်က ထုတ်ယူမယ့်သူတွေအနေနဲ့ ဧရာဝတီဘဏ်မှာပဲ ထုတ်ယူရင်တော့ သည်ဘက်ကလူက ငွေလွှဲခထပ်ပေးစရာမလိုဘဲ သည်အတိုင်းထုတ်ယူရုံပါပဲ။ တခြားချိတ်ဆက်ထားတဲ့ ဘဏ်တွေဖြစ်တဲ့ ကမ္ဘောဇ၊ ထွန်းဖောင်ဒေးရှင်း၊CB, AGD, ယူနိုက်တက်အမရ၊ MBL,သမ၀ါယမဘဏ်၊ (SBB )နဲ့ (MOB ) ဘဏ်တွေဆီက ထုတ်ယူမယ်ဆိုရင်တော့ တစ်ရာကို ၁၅ပြားနှုန်းငွေလွှဲခ သတ်သတ်ထပ်ပေးရမှာပါ။ သည်နေ့ မလေးရှားကငွေလွှဲရင် နောက်အကျဆုံးဆိုရင်နောက်နေ့ ငွေထုတ်ယူလို့ရပြီလို့ ဆိုတယ်။
´´မလေးရှားက ငွေလွှဲတဲ့သူတွေ တရားဝင်ငွေလာလွှဲရဲအောင် မြန်မာစကားတတ်တဲ့သူတွေကို ဖောင်ဖြည့်ပေးဖို့ သီးသန့်ဝန်ထမ်းတွေထားပေးမယ်။ ဖောင်ကိုဘယ်လို ဖြည့်ရမယ်၊ ငွေဘယ်လို လွှဲရမယ်ဆိုတာ သူတို့က ပြပေးလိမ့်မယ်၊ လတိုင်း၊ လတိုင်းလွှဲမယ့်သူတွေကိုတော့ လျှို့ဝှက်ဂဏန်းငါးလုံးပေးထားမယ်၊ နောက်လတွေငွေလာလွှဲတဲ့အခါ ဖောင်ပြန်ဖြည့်စရာမလိုဘဲ အဲဒီ ဂဏန်းငါးလုံးပေးလိုက်ရုံနဲ့ ငွေလွှဲပေးလိုက်မှာပါ၊ အဓိက က သူတို့တွေ ငွေလွှဲတာ တရားဝင်လမ်းကြောင်းဖြစ်သွားစေချင်လို့ပါ´´လို့ ဦးသန်းဇော်က ပြောပါတယ်။
မလေးကနေ မြန်မာနိုင်ငံကို ငွေလွှဲတာအခုမှ ဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ် ၊ နီပေါ၊ အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေကို မလေးက ငွေလွှဲနေတာကြာပြီလို့ သိရတယ်။
မော်ဒန် သတင်းဂျာနယ် 
Unknown at 9:18 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.