ရန်ကုန် Orchid Hotel ဧည့်ကြိုကောင်တာ
ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။
ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ကာလုံခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရ က်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။ Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။




0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge