Saturday, February 11, 2012

ကြားဖြတ်ရွေးကောက်ပွဲတွင်ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် ဆယ်သိန်းသာထောက်ပံ့ရန် တစည ဆုံးဖြတ်

တစည
ဧပြီ၁ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီကိုယ် စားဝင်ရောက် ယှဉ်ပြိုင်မည့်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် ကျပ်ဆယ်သိန်းသာထောက်ပံ့ရန်ဆုံး ဖြတ်ထား ကြောင်းယင်းပါတီ၏တွဲ ဘက် အထွေထွေ  အတွင်းရေးမှုး ဦးခင် မောင်ကြီးကရန်ကုန်တိုင်းမ်ဂျာနယ် သို့ပြောကြားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီအနေဖြင့်ကြားဖြတ်ရွေးကောက် ပွဲတွင်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း လစ်လပ်မဲဆနနယ် အပြည့်ဝင်ရောက် ယှဉ်ပြိုင်ရန်ဆန္ဒမရှိကြောင်းယင်းပါ တီမှဗဟို အလုပ် အမှုဆောင်ကော်မ တီဝင် ဦးဟန်ရွှေက ဆိုသည်။''ကျွန်တော်တို့ ကကော်မရှင်ကြေငြာသလို ကိုယ်စားလှယ်လောင်းတစ်ဦး ကိုကျပ်သိန်းတစ်ရာ မသုံးနိုင်ပါဘူး။ တစ်ယောက်ကို ဆယ်သိန်းလောက်သာ ပါတီဗဟိုဌာနချုပ် ကထောက်ပံ့မှာပါ''ဟု ဦးခင်မောင်ကြီး ကပြောသည်။

လွှတ်တော် ကိုယ်စား လှယ်လောင်း များအနေဖြင့် ကိုယ်ပိုင်စိုက်ထုတ်ငွေ ကိုအားကိုး၍ ကြားဖြတ်ရွေးကောက်ပွဲ ကာလအားဖြတ်ကျော်ရန် တိုင်းရင်း သားစည်းလုံး ညီညွတ်ရေးပါတီမှ နှိုးဆော်ထား ကြောင်းသိရသည်။''ကျွန်တော်တို့ရဲ့ ပါတီရန်ပုံငွေအ ခက်အခဲတွေကြောင့်တစ်ခိျု့နေရာမှာ ရှိတဲ့ပါတီပိုင်မြေနေရာတစ်ခိျု့ကိုရောင်း ချထားတာရှိ ပါတယ်'' ဟု ဦးခင်မောင် ကြီးကဆက်လက် ပြောကြားသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အနေဖြင့် ကြားဖြတ် ရွေးကောက် ပွဲတွင်လစ်လပ်နေရာ၂၃ နေရာမှဝင် ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၁ဝရွေးကောက်ပွဲတွင် ၉၉၄ဦးဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။

ရန်ကုန်တိုင်းမ်
Unknown at 9:17 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.