Friday, January 6, 2012

ထိုးကျွေးလိုက်ရသော နွမ်းကြေဘဝများ

မီးရောင်မှိန်ပျပျ ထွန်းထားတဲ့ ၁၀ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး မွေ့ရာတခုစီပေါ်မှာ လဲလျောင်း နေကြပါတယ်။လေအေးပေးစက်က ထုတ်လွှတ်နေတဲ့ အအေးငွေ့တွေကြောင့် အခန်းတွင်းမှာ အေးစိမ့်နေပေမယ့် မိန်းကလေး နှစ်ဦးစလုံး စွပ်ကျယ်ပုံစံ အင်္ကျီ လက်ပြတ်တွေနဲ့ ဂျင်းဘောင်းဘီရှည် ၀တ်ဆင်ထားကြတယ်။
ရန်ကုန်မြို့မှ ညဥ့်ငှက်ကလေးများ
မှိန်ပျပျအလင်းရောင်ကြောင့် သူတို့ရဲ့ မျက်နှာကို ကောင်းကောင်းမမြင်ရပေမယ့် သူတို့ဆီက စူးစူးရှရှ ပြင်းလွန်းတဲ့ ရေမွှေးအနံ့တွေက လေအေးစက် တပ်ထားတဲ့ အခန်းတခုလုံးကို ဖုံးလွှမ်းနေတယ်။ အသက် ၅၀ ကျော်အရွယ် အမျိုးသားနှစ်ဦး အခန်းထဲကို လှမ်းဝင်လာတဲ့အချိန်မှာ မိန်းမငယ် နှစ်ဦးစလုံး လဲလျောင်းနေရာကထလို့ “မင်္ဂလာပါ” ဆိုတဲ့ မြန်မာလို မပီမသ နှုတ်ဆက်သံနဲ့ ခရီးဦးကြို ပြုလိုက်ကြတယ်။
မိန်းကလေးနှစ်ဦးက အမျိုးသားနှစ်ဦးကို သူတို့ရဲ့ မွေ့ရာနှစ်ခုပေါ်မှာ လဲလျောင်းခိုင်းပြီး အမျိုးသားနှစ်ဦးရဲ့ ခြေဖ၀ါးတွေကို တစ်ရှုးနဲ့ သုတ်ပေးကာ စတင်နှိပ်နယ်ပေးပါတယ်။ ၁၅ မိနစ်လောက်အကြာမှာ အမျိုးသားနှစ်ဦးရဲ့ဘေးမှာ မိန်းမငယ်နှစ်ဦးပါ လဲလျောင်းလုံးထွေးသွားပြီး မွေ့ရာနှစ်ခုကြားမှာ အနက်ရောင် လိုက်ကာစ တခုက ကာဆီးသွားပါတယ်။ အဲဒီအချိန် အခန်းတွင်းမှာရှိနေတဲ့ မှိန်ပျပျအလင်းရောင်က လူလုံး သဲသဲကွဲကွဲမမြင်ရတဲ့အထိ အရမ်းမှောင် မိုက်သွားခဲ့ပါပြီ။
မိန်းကလေးနှစ်ဦးက ရန်ကုန်မြို့မှာ အနှိပ်ခန်းအမည်ခံ ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမလေးတွေဖြစ်ပါတယ်။
ရန်ကုန်မြို့တော်မှာ ကာရာအိုကေ၊ တည်းခိုခန်း၊ အနှိပ်ခန်း အမည်ခံပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ဖွင့်လှစ်မှု တနေ့ထက်တနေ့ ပိုမိုတိုးပွားလာနေပါတယ်။
လမ်းမတွေ၊ ရပ်ကွက်တွေ၊ ဈေးတွေ၊ ကားဂိတ်တွေ၊ ရုပ်ရှင်ရုံတွေအောက်မှာ ပုံစံ အသွင် အမျိုးမျိုးယူ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေရှိနေသလို ကြီးမားလှတဲ့ တိုက်တာအဆောက်အဦးတွေပေါ်မှာ အမည်အမျိုးမျိုးခံ ဖွင့်လှစ်ထားတဲ့  တရားမ၀င်၊ တရားဝင် စီးပွားရေးအမည်တပ် လုပ်ငန်းကြီးတွေမှာ လုပ်ကိုင်ကြတဲ့ ပြည့်တန်ဆာတွေလည်း မနည်းလှပါဘူး။
အထူးသဖြင့် တရားမ၀င် အနှိပ်ခန်းတွေက ပြည့်တန်ဆာလုပ်ငန်းကို ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့ အမည်ခံ လုပ်ငန်းတွေဆိုရင် မမှားနိုင်ပါဘူး။
ရန်ကုန်မြို့လယ်ခေါင်နဲ့ ဆင်ခြေဖုံးနေရာတွေအထိ ဖွင့်လှစ်နေကြတဲ့ အနှိပ်ခန်းဆိုတဲ့ လုပ်ငန်းတွေက တကယ်တော့ ကျန်းမာရေးအတွက် ညောင်းညာလို့ နှိပ်တဲ့အနှိပ်ခန်းမျိုးတွေ မဟုတ်သလို အဲဒီ အနှိပ်ခန်းတွေကို လာကြတဲ့သူတွေကလည်း အနင်းအနှိပ် ခံချင်လို့လာကြတဲ့ သူတွေမဟုတ်ပါဘူး။ အခကြေးငွေပေး လိင်ပျော်ပါးနိုင်တဲ့ အဲဒီလို အမည်ခံ အနှိပ်ခန်းတွေ ဖွင့်နိုင်ဖို့ကိုလည်း ဒေသခံအာဏာပိုင်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အနှိပ်ခန်းပိုင်ရှင်တွေက လာဘ်ငွေအရင်းအနှီး ကြီးကြီးမားမားပေး ဖွင့်လှစ်ရတာဖြစ်ပါတယ်။
“ဆိုဖီ” လို့ သူ့ကိုယ်သူ မိတ်ဆက်တဲ့ အသက် ၂၅ နှစ်အရွယ် မိန်းမငယ်က ကမာရွတ်မြို့နယ်၊ လှည်းတန်းဈေးအနီး အထပ်မြင့် တိုက်ခန်းကျယ်ကြီးတခုမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုက အလုပ်သမ ဖြစ်ပါတယ်။ မြန်မာစကား ဝဲဝဲနဲ့ သူရဲ့အသံကို ကြားတာနဲ့ ဆိုဖီက တိုင်းရင်းသူတယောက်မှန်း သိသာစေပါတယ်။
“ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာ ၃ နှစ်ကျော်သွားပြီ။ ၂၀၀၆ ခုနှစ် ရန်ကုန် စရောက်တုန်းက သူနာပြု အကူသင်တန်း တက်တယ်။ သင်တန်းဆင်းပြီးတော့ ဆေးခန်းတခုမှာ အကူသူနာပြုအဖြစ် အလုပ်ဝင်တယ်။ လစာ ၃ သောင်းခွဲရတယ်။ ဒါပေမယ့် အိမ်ကိုပြန်ပို့ဖို့ ဘယ်လိုမှ မလုံလောက်ဘူး။ အဆောင်နေ သူငယ်ချင်းက လစာကောင်းတဲ့အလုပ် လုပ်မလားဆိုပြီး ခေါ်လာရာက ဒီလုပ်ငန်းခွင်ထဲ ရောက်လာခဲ့တယ်။ ပထမတော့ နှိပ်ပေးရတယ်လို့ပဲ မှတ်ခဲ့တာ။ သူငယ်ချင်းက မေးတယ်၊ နှိပ်တာတခုတည်းနဲ့တော့ တလကို ၅ သောင်းအပြင် ပိုမရဘူး။ ငွေရွှင်တဲ့သူ ဘောစိ (သူဌေး) တွေလာရင် ဘာမစဉ်းစားနဲ့ ကိုယ်လိုချင်သလောက် တောင်း၊ ပြီးတော့ တနာရီလောက် အတူတူအိပ်ပေးလိုက်ဆိုတာနဲ့ အဲဒီကစပြီး ဒီအလုပ် လုပ်ဖြစ်သွားတာ” လို့ ဆိုဖီက သူ့ရဲ့ အနှိပ်သမဘ၀ အစကို ပြောပြပါတယ်။
ဆိုဖီက ကချင်ပြည်နယ် မြစ်ကြီးနားက လာရောက်တာဖြစ်ပြီး သူ့မှာ မိသားစု ခြောက်ဦးရှိတယ်လို့ဆိုပါတယ်။ သူ့မိဘနှစ်ဦး အပါအ၀င် မောင်နှမလေးဦးရှိတဲ့ သူ့မိသားစုမှာ သူက အကြီးဆုံးသမီးပါတဲ့။ ၁၀ တန်းမအောင်တဲ့အချိန် မိသားစု စားဝတ်နေရေး မပြေလည်လို့ ရန်ကုန်တက် အလုပ်လုပ်ရာကနေ ဒီအလုပ်ကို လုပ်ဖြစ်သွားခဲ့တာပါ။
အကူသူနာပြုဘ၀က တလ ၃ သောင်းခွဲနဲ့ အိမ်ကို ငွေပြန်ပို့ဖို့ နေနေသာ ကိုယ့်ဝမ်းဝအောင်တောင် မစားနိုင်ခဲ့ရာက အနှိပ်ခန်း အလုပ်သမဘ၀မှာတော့ သူ့ဘ၀ အများကြီးအဆင်ပြေလာပြီလို့ ဆိုဖီက ဆိုပါတယ်။
“တလကို နှစ်သိန်း အိမ်ပြန်ပို့နိုင်တယ်။ မိဘတွေလည်း ဘာအလုပ်လုပ်မှန်း မသိဘူး၊ မေးလည်း မမေးဘူး။ ဒီအလုပ်က  ကိုယ့်အတွက်ရော အိမ်အတွက်ရော အရမ်း အဆင်ပြေတယ်” လို့ သူက ပြောတယ်။

ဆိုဖီက အနှိပ်ခန်းလာတဲ့လူတိုင်းနဲ့ အတူညအိပ်ရတာမျိုးမဟုတ်ဘဲ အနှိပ်ခန်းကို ပုံမှန်လာ ငွေဖြုန်းနိုင်တဲ့၊ သောက်စားမူးယစ်နိုင်တဲ့ ငွေကြေးတတ်နိုင်သူတွေကိုသာ  အဓိကထား လိင်ဖျော်ဖြေမှုပေးရတာလို့ ဆိုပါတယ်။
သူ့အနေနဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ လွတ်လပ်မှုတခုရှိတယ်လို့ ဆိုဖီက ဆိုတယ်။ ဒါက လမ်းမတွေပေါ်က ပြည့်တန်ဆာ ညဥ့်ငှက်လေးတွေထက်သာတဲ့ အခွင့်အလမ်းတခုပါလို့ သူက ပြောပါတယ်။
“အနှိပ်ခန်းဆိုတာက လူမျိုးစုံပဲ။ ကိုယ်က လူတိုင်းနဲ့ အိပ်တာမျိုးမဟုတ်ဘူး။ တချို့လူတွေက လာအနှိပ်ခံ၊ ဟိုကိုင်၊ ဒီကိုင်လုပ်၊ မုန့်ဖိုးပေး၊ ပြန်သွားကြတယ်။ အဓိက ပုံမှန်ဖောက်သည်ကိုပဲ အဓိက အားထားရတာ။ ဖား (သူဌေး) တကောင် ရထားပြီဆိုရင်လည်း ကိုယ့်အတွက်ရော၊ အနှိပ်ခန်းအတွက်ရော အများကြီးအဆင် ပြေတယ်။ အနှိပ်ခန်းမှာ ဖား သုံး၊ လေးကောင် ချိတ်ထားနိုင်တဲ့ သူဆိုရင် သိပ်မပင်ပန်းတော့ဘူး” လို့ ဆိုဖီက ဆိုတယ်။
“ဆိုဖီ” လို တိုင်းရင်းသူ မိန်းကလေးမျိုးတွေ ရန်ကုန်မြို့ရဲ့ အနှိပ်ခန်း တော်တော်များများမှာ ရှိနေပါတယ်။ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတခုမှာဆိုလည်း အနှိပ်သမ စုစုပေါင်း ၄၇ ဦး ရှိပါတယ်။ ဘုရင့်နောင်၊ အောင်မင်္ဂလာကားဂိတ်၊ ဒဂုံဧရာအဝေးပြေးလို လူစည်ကားတဲ့ကားဂိတ်တွေ၊ ရန်ကုန်မြို့လယ်ခေါင်၊ မြို့စွန်စတဲ့ မြို့နယ်ပေါင်းစုံမှာ အနှိပ်ခန်း ထောင်ချီရှိနိုင်တယ်လို့ ကားပွဲစားတွေက ဆိုပါတယ်။
“ဘုရင့်နောင် လမ်းဆုံနားမှာတင် မရှိဘူးဆိုရင် အနှိပ်ခန်းရော၊ တည်းခိုခန်းရော၊ ကာရာအိုကေရော တရာလောက်ရှိမယ်။ အဲဒါတွေအကုန်လုံးကလည်း ဇယားရွှေ့ (လိင်ပျော်ပါး) လို့ ရတဲ့နေရာတွေချည်းပဲ” လို့ ကားပွဲစားတဦးက ပြောတယ်။
ဒါပေမယ့် အနှိပ်ခန်းတွေကတော့ အဓိက ပြည့်တန်ဆာလုပ်ငန်းရဲ့ အချက်အချာလို့ ဆိုပါတယ်။ အနှိပ်သမလေးတွေ၊ KTV ဆိုင်တွေက အလုပ်လုပ်နေတဲ့ မိန်းကလေးတွေထဲမှာ ချင်း၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ပအို့ဝ် စတဲ့ တိုင်းရင်းသူတွေ အများကြီးရှိနေတယ်လို့ ပုံမှန်သွားရောက်လေ့ရှိတဲ့ ဘုရင့်နောင်က ကားပစ္စည်းရောင်းဝယ်ရေး စီးပွားရေးသမားတဦးက ဆိုတယ်။
“တချို့ဆိုရင် မြန်မာစကား နားမလည်ဘူး။ ကိုယ်လုပ်ခိုင်းချင်တဲ့အရာကို အမူအရာနဲ့ လုပ်ပြခိုင်းရတယ်” လို့ အဲဒီ စီးပွားရေးသမားက ဆိုပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အနှိပ်ခန်းတွေ တော်တော်များများမှာ ၁ နာရီအနှိပ်ခံရင် ၀န်ဆောင်မှုကို လိုက်လို့ ၂၅၀၀ နဲ့ ၃၅၀၀ အကြား ဈေးနှုန်းသတ်မှတ်ထားပါတယ်။ ဒါပေမယ့် ဒီဈေးနှုန်းက သာမန်နှိပ်ပေးတဲ့ ၀န်ဆောင်မှုပဲရမှာဖြစ်ပြီး လိင်ပျော်ပါးချင်လို့ရှိရင်တော့ အနည်းဆုံး ၁၅၀၀၀ လောက်ပေးရတယ်လို့ သိရပါတယ်။

အနှိပ်ခန်းမှာ လာရောက်အလုပ်လုပ်တဲ့ မိန်းကလေးတွေမှာ ဧရာဝတီတိုင်း၊ အိမ်မဲ၊ မအူပင်၊ လပွတ္တာ၊ ဒေးဒရဲစတဲ့ နာဂစ်ဒေသကျေးရွာတွေက မိန်းကလေးတွေပါသလို တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်ဘက်တွေက
မိန်းကလေးတွေပါတယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ချင်း၊ ရခိုင်လို ဒေသက မိန်းကလေးတွေလည်း  ရှိပေမယ့် အရေအတွက်အားဖြင့် နည်းတယ်လို့ သိရပါတယ်။
အနှိပ်ခန်းအများစုက နယ်ဒေသတွေက လာရောက်တဲ့ မိန်းကလေးတွေကိုပဲ လိုလိုလားလား အလုပ်ခန့်ချင်ကြပြီး နယ်ဒေသက မိန်းကလေးတွေက အလုပ်ပြောင်းရွှေ့မှု အလွန်နည်းတာကြောင့် အလုပ်ခန့်ချင်ကြတာလို့ သိရပါတယ်။

“အနှိပ်ခန်းတွေမှာ နယ်က မိန်းကလေးတွေ ဘာလို့ ပိုပိုများလာလဲဆိုတော့ နယ်က မိန်းကလေးတွေက ရန်ကုန်ရောက် အထည်ချုပ်တို့ ဘာတို့ ၀င်လုပ်၊ ရတဲ့လစာနဲ့ ဘယ်လိုမှ မလောက်ဘူး။ မလောက်တော့ ထွက်ပေါက်ရှာရင်း တချို့လည်း
အနှိပ်ခန်းရောက်၊ တချို့လည်း KTV ရောက်၊ တချို့တွေကတော့ လမ်းပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာဘ၀တွေဆီ ရောက်ကုန်ကြတာ။ အဓိက စားဝတ်နေရေးပဲ” လို့ အနှိပ်ခန်းတခုက မန်နေဂျာတဦးက ဆိုပါတယ်။
အနှိပ်ခန်းရောက်လာတဲ့ မိန်းကလေးတွေရဲ့ဘ၀က လမ်းမတွေပေါ်က ဘ၀တွေထက်စာရင် အများကြီး လုံခြုံတယ်လို့ အဲဒီမန်နေဂျာက ဆိုပါတယ်။
“လမ်းမပေါ်မှာဆိုရင် စောင့်ရှောက်ပေးမယ့်လူ မရှိဘူး။ အနှိပ်ခန်းမှာ အလိုမတူရင်၊ ပြဿနာရှိရင် အနှိပ်ခန်းဘက်က တာဝန်ယူရှင်းပေးရတာ။ ဖောက်သည်က မူးပြီး ရမ်းလို့ရှိရင်လည်း Waiter တွေက ဆွဲထုတ်သွားတာပဲ။ လမ်းပေါ်က ဘ၀ထက်တော့ အများကြီးသာပါတယ်။ တခုတော့ရှိတယ်။ အလုပ်က ၂၄ နာရီမှာ ၁၈ နာရီလောက်လုပ်ရတယ်။ အိပ်ချိန်နည်းတယ်။ သူလုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးအမြတ် ကျန်မယ်။ လစာက တသောင်း၊ လူတယောက် တဆက်ရှင် (တနာရီ) ၂၅၀၀ နဲ့ နှိပ်ရင် နှိပ်တဲ့မိန်းကလေး အတွက်က အနည်းဆုံး ငါးရာရတယ်၊ ဧည့်သည်က ပေးတဲ့ မုန့်ဖိုးရှိတယ်။ တကယ်လို့ ဧည့်သည်နဲ့ မိန်းကလေးနဲ့ အဆင်ပြေလို့ ကိစ္စ (လိင်ပျော်ပါး) ဖြစ်ရင်လည်း အနှိပ်ခန်းဘက်က ရသလို မိန်းကလေး ဘက်ကလည်း ရတယ်။ ဘယ်လိုပြောပြော မိန်းကလေးတယောက်ကို တလနှစ်သိန်းခွဲ အနည်းဆုံး ပြေးမလွတ်ဘူး။ ဒါ နေစရိတ်၊ စားစရိတ်ငြိမ်း” လို့ အဲဒီမန်နေဂျာက ပြောပါတယ်။
အနှိပ်ခန်း မန်နေဂျာရဲ့အဆိုအရ အနှိပ်ခန်းတွေနဲ့ အနှိပ်သမ ပြည့်တန်ဆာလေးတွေရဲ့ ဘ၀က အဆင်ပြေလှတယ်လို့ ထင်စရာရှိပါတယ်။ တကယ်တော့ အမြဲတမ်း အဆင်ပြေနေတာတော့ မဟုတ်ပါဘူး။
၂၀၁၀ ရွေးကောက်ပွဲအကြို အောက်တိုဘာလနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလမှာ ရန်ကုန်တိုင်းတတိုင်းလုံးက အနှိပ်ခန်းတွေကို ပိတ်ထားဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေက အကြောင်းကြားခဲ့တဲ့အပြင် အစိုးရသစ်တက်ပြီး ဧပြီလနဲ့ မေလမှာလည်း အနှိပ်ခန်းတွေကို ဖမ်းဖို့ ရန်ကုန်တိုင်းအစိုးရက စီမံချက်ချတာကြောင့် အနှိပ်ခန်းတွေ လနဲ့ချီ ပိတ်ခဲ့ရပါတယ်။
အဲဒီလို ပိတ်သွားတဲ့အချိန်မှာ အနှိပ်သမတွေ ဘယ်လို ၀င်ငွေနဲ့ နေထိုင်စားသောက်ကြပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။ လမ်းမတွေပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာ၊ ညဥ့်ငှက်လေးတွေအဖြစ် အသွင်းပြောင်း ရုန်းကန်ရတာတွေ ရှိတယ်လို့ အနှိပ်သမလေးတွေက ဆိုပါတယ်။
ဆိုဖီက စီမံချက်ရှိလို့ အနှိပ်ခန်းတွေ လနဲ့ချီပိတ်ရရင် သူ့ရဲ့ပုံမှန်ဖောက်သည်တွေကို ဆက်သွယ်ပြီး အပြင်မှာ အော်ဒါ (ပြည့်တန်ဆာ) လိုက်ဖြစ်ခဲ့တယ်တဲ့။ ဒါပေမယ့် သူရဲ့မိတ်ဆွေ အနှိပ်သမ တချို့ကတော့ လမ်းမပေါ်မှာ အချိန်ပြည့် ပြည့်တန်ဆာအလုပ်ကို မဖြစ်မနေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
“စီမံချက်ဆိုရင် အလုပ်က လနဲ့ချီနားရတယ်။ ကိုယ်က ပုံမှန်ဖောက်သည်တွေကို ဖုန်းဆက်ပြီး အကူအညီတောင်း။ သူတို့နဲ့ ပြန်ဆက်သွယ်ရတယ်။ ဒါပေမယ့် ဖောက်သည်နဲ့ ပြန်ဆက်လို့ မရတဲ့သူတွေက လမ်းပေါ်ပဲ ထွက်ရတာပဲ။ အဲဒီအချိန်မျိုးမှာ ရွေးချယ်စရာမရှိဘူး။ တချို့ဆိုရင် ထမင်းစားရရင်တော်ပြီ ဆိုပြီး ခေါ်ရာလိုက်တာပဲ။ စီမံချက်မကြောက်လို့ဖွင့်တဲ့ အနှိပ်ခန်းတွေဆီမှာ သွားလုပ်တဲ့သူတွေလည်း လုပ်ကြတယ်။ အဲဒီအနှိပ်ခန်းတွေက ရဲဖမ်းခံရတာများတယ်။ အဖမ်းခံရရင် ပြည့်တန်ဆာမှုနဲ့ ထောင်ချခံရမှာ။ မှုခင်းဂျာနယ်ထဲမှာ အနှိပ်ခန်းမှာ အတူလုပ်ဖူးတဲ့ သူငယ်ချင်းသုံးယောက် အဖမ်းခံရတဲ့သတင်းတောင် ဖတ်လိုက်ရတယ်” လို့ ဆိုဖီက ဆိုပါတယ်။
တရားမ၀င် အနှိပ်ခန်းဆိုတဲ့နေရာမှာလည်း နှစ်မျိုးရှိပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကို လိုင်းကြေး သိန်းချီပေးဖွင့်တဲ့ အနှိပ်ခန်းနဲ့ လိုင်းကြေးမပေးဘဲ ခိုးဖွင့်တဲ့ အနှိပ်ခန်းရယ်လို့ နှစ်မျိုးရှိတယ်လို့ သိရပါတယ်။
အနှိပ်သမလေးတွေအနေနဲ့ အလုပ်ရွေးချယ်တဲ့နေရာမှာ လိုင်းကြေးပေး၊ မပေးကိုလည်း အမြဲစုံစမ်းပြီး လိုင်းကြေးပေးတဲ့ အနှိပ်ခန်းမှာသာ ကြာကြာ အလုပ်လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
သန်းခေါင်ယံ ရန်ကုန်မြို့ရဲ့ နီယွန်ရောင်ထိန်ထိန်ညီးနေတဲ့ ကားလမ်းမကြီးတွေပေါ်မှာ လူသူကင်းရှင်း နေပြီဖြစ်ပေမယ့် မှိန်ပျပျ မီးအလင်းရောင် အနှိပ်ခန်းတွေမှာတော့ သက်ဝင်လှုပ်ရှားမှု တွေရှိနေဆဲ ဖြစ်ပါတယ်။


Unknown at 10:31 PM 11 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တွေတက္ကသိုလ်ကျောင်းသားများ ကားခဈေးကြီးမြင့်မှု အတွက် လမ်းလျှောက် ဆန္ဒပြ

ဇန်န၀ါရီ ၆ - ၂၀၁၂

ယနေ့ နံနက် ၉ နာရီမှ စတင်ပြီး စစ်တွေ တက္ကသိုလ် ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြလျှက် ရှိကြောင်း စစ်တွေ မြို့ မှ သိရပါတယ်။ ကျောင်းသား အယောက်ငါးရာခန့် မှာ စစ်တွေ တက္ကသိုလ်မှ နေပြီး မြို့ ထဲဘက်သို့ ငြိမ်းချမ်းစွာဖြင့် လမ်းလျှောက် ဆန္ဒပြနေခြင်း ဖြစ်ပြီး ယခု ညနေ ၃ နာရီခွဲ ခန့် အထိ စစ်တွေမြို့ လောကနန္ဒဘုရားနှင့် နာရီစင် တို့ အနီးတွင် ငြိမ်းချမ်းစွာဖြင့် စုဝေး လမ်းလျှောက်နေကြပါတယ်။ကျောင်းသားအချို့ မှာ ပြည်နယ်ဝန်ကြီးချုပ်ရုံးအရှေ့တွင် စုဝည်းနေကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကျောင်းသားများနှင့် တွေ့ ဆုံ ညှိုနှိုင်းရန် ကြိုးပမ်းနေကြောင်းသိရပါတယ်။ ရဲအင်အား၇၀ ခန့် က ၀တ်စုံပြည့်ဖြင့် ၀န်ကြီးချုပ်ရုံးအရှေ့တွင် ကာကွယ်စောင့်ကြပ်နေကြပါတယ်။ ကျောင်းသားများ အား အာဏာပိုင်များဘက်မှ တစုံတရာ အရေးယူမှု မရှိသေးသော်လည်း လိုက်ပါစောင့်ကြည့်နေကြောင်း သိရပါတယ်။ ယခင်က ကားခများ ဈေးနှုန်းကြီးမြင့်သဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုများရှိခဲ့ပြီး အာဏာပိုင်များက တစုံတရာ အတိုင်းအတာအထိ အရေးယူ ဖြေရှင်းပေးခဲ့သော်လည်း ယခုအကြိမ်တွင် ယခု လက်ရှိ ၂၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ တိုးမြှင့်မည် ဖြစ်သဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း စစ်တွေ မြို့ ခံတဦးက ပြောပါတယ်။

 
Unknown at 8:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြုပြင်ပြောင်းလဲရေးအတွက် စစ်တပ်ထောက်ခံမှုအရေးကြီး

» ပြုပြင်ပြောင်းလဲရေးအတွက် စစ်တပ်ထောက်ခံမှုအရေးကြီး
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပေမဲ့ အဟန့်အတားတွေ ကြုံရမှာကိုလည်း စိုးရိမ်မိတဲ့အကြောင်း ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အကောင်းဘက်ကို ဦးတည်တဲ့ တိုးတက်မှုတွေ ထွက်ပေါ်လာနေပေမဲ့ ဒီမိုကရေစီကို ဦးတည်တဲ့လုပ်ငန်းတွေဟာ နှေးကွေးနေဆဲဖြစ်သလို ဒီလမ်းကြောင်းကို အဟန့်အတားမရှိ ဆက်လက်လျှောက်လှမ်းနိုင်လိမ့်မယ်လို့ အတိအကျ မဆိုနိုင်သေးတဲ့အကြောင်း အေပီသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားတာပါ။
တိုင်းပြည်မှာ တွေ့မြင်နေရတဲ့ အပြောင်းအလဲတွေကို စစ်တပ်ထဲက ဘယ်လောက်အထိ ထောက်ခံမှု ရှိသလဲဆိုတဲ့အပေါ်မှာ စိတ်ပူမိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီမိုကရေစီကို ဦးတည်တဲ့လမ်းပေါ်က အန္တာရာယ်တွေကို သတိထားရမှာဖြစ်ပေမဲ့ မျှော်လင့်ချက်တွေကိုလည်း မစွန့်လွှတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကသူ့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့တာပါ။ ဒီနှစ်ဟာဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဦးတည်စေတဲ့ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဘယ်လောက်အထိ တွေ့ရမလဲဆိုတာကို အတိအကျ သိနိုင်မယ့် နှစ်တနှစ်အဖြစ်နဲ့လည်း ရည်ညွှန်း ပြောဆိုသွားပါတယ်။
နိုင်ငံရေးအပြောင်းအလဲတွေ လုပ်ဆောင်ပါ့မယ်လို့ ကတိပြုထားတဲ့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း လိုတယ်လို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေကြတာပါ။
ဒါပေမဲ့လည်း ဒီတပတ်ထဲ သမ္မတရဲ့အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာတော့ နိုင်ငံရေး အကျဉ်းသား မဆိုသလောက်သာ ပါဝင်ခဲ့တာမို့ အများက စိတ်ပျက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
Unknown at 8:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များ စတင်တော့မည်

ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင်  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်  ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင်  ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံရန် သေချာသည့် အခြေအနေရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စုံစမ်းသိရှိရသည်။
“ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှာ ၀င်ပြိုင်ဖို့က ၇၅% လောက်ထိ သေချာသလောက်ရှိပါတယ်” ဟု အန်အယ်လ်ဒီရုံးချုပ်မှ ရန်ကုန်တိုင်း၊ဗဟိုကော်မတီဝင် မြောင်းမြ ဗဆွေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက်နောက်ပိုင်း စည်းရုံးရေး ခရီးစဉ်များ စတင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ဇန်န၀ါရီလ ၅ ရက်နေ့က ပါတီမှတ်ပုံတင် အမှတ်၄၇/၂၀၁၂ ဖြင့် ပါတီ  အလံ၊ တံဆိပ် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သော အဖွဲ့ချုပ်နေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေငြာ ထားကြောင်း သိရှိရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် လူများစိစစ်ခြင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
“ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ သူတွေကို ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ကိုက်ညီတဲ့လူကို ယှဉ်ပြိုင်ခိုင်းမယ် နောက် မြို့နယ်နဲ့ တိုင်းတွေမှာလည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြုလုပ်နေကြပြီ ” ဟု အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်မိမိကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီအတွက် အဖွဲ့ဝင် (၈)ဦးဖြင့် ဖွဲ့စည်းထားပြီး၊ အဆိုပါ အဖွဲ့ဝင်များမှာ ၁။ ဦးနိုင်းနိုင်း ၂။ ဒေါက်တာမျိုးအောင်၃။ မြောင်းမြဗဆွေ ၄။ ဦးဝင်းသောင်း ၅။ ဦးအောင်ထူး   ၆။ ဒေါ်ကြည်ကြည်ဝင်း(စမ်းချောင်း)  ၊ ၇။ ဒေါ်ကြည်ကြည်ဝင်း(ကြည်မြင်တိုင်)၊၈။ဒေါ်တင်တင်ဝင်း (မင်္ဂလာတောင်ညွှန့်)တို့ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အောင်နိုင်ရေးကော်မတီအတွက် မြို့နယ်စည်းရုံးရေးကိစ္စများ၊ အဖွဲ့ဝင်ဖြစ်လာမည့် အဖွဲ့ဝင်များ အတွက် ကဒ်ပြား ထုတ်ပေးရေးကိစ္စများ ၊ လုပ်ငန်းတာဝန်ခွဲဝေပေးခြင်းတို့ကို စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
“လုပ်ငန်းတွေကိုလဲ (၅)ခုခွဲထားတယ်၊ ဘဏ္ဍာရေး ၊ ဥပဒေရေး ၊ စည်းရုံးလှုံ့ဆော်ရေး ၊ သတင်းပြန်ကြားရေး နောက် ရုံးလုပ်ငန်းအဖွဲ့ဆိုပြီးတော့ စီစဉ်နေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ  အမာခံအဖွဲ့ဝင်တွေ ရှိပြီးသားပါ၊ အမျိုးသားဒိမိုကရေစီအဖွဲ့ ရုံးခန်းလည်း ရှိပြီးသားပါ”ဟု ဗဟိုလုပ်မှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သည့် မြောင်းမြဗဆွေက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် NLD က  ပါတီ ပြန်လည်မှတ်တင်ပြီး ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်နောက်  ဒီဇင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
Unknown at 8:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ သစ်လုံး တရားမ၀င်လမ်းကြောင်းကနေ တရုတ်ပိုမိုဝယ်ယူ

ပြည်ပကိုခိုးထုတ်နေတဲ့ သစ်ကားတစ်စီးကိုတွေ့ ရစဉ်
မြန်မာသစ်လုံးများအား နှစ်စဉ်တန်ချိန် သုံးသောင်းကျော်ကို အနည်းဆုံး ပမာဏထား၍ ကုန်းလမ်းမှတစ်ဆင့် ၀ယ်ယူလျက်ရှိကြောင်း တရုတ်အကောက်ခွန်နှင့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် CIFOR (Centre for International Forest-ry Research) မှ ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရှိရသည်။ အဆိုပါစာရင်းများအရ တရုတ်နိုင်ငံမှ မြန်မာ့ကုန်ကြမ်း သစ်လုံးများကို တရားဝင်လမ်းကြောင်းဖြစ်သည့် Yangon FOB မှလည်း ၀ယ်ယူလျက်ရှိကြောင်း၊ သို့သော် တန်ချိန်အားဖြင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ၀ယ်ယူမှုမှာ Yangon FOB မှ ၀ယ်ယူမှုထက် အနည်းဆုံး သုံးဆမှ ရှစ်ဆ ပိုမိုများပြားလျက်ရှိကြောင်း တွေ့ရှိရသည်။ ''အခုအချိန်မှာ EU နဲ့ USA တို့က စီးပွားရေး ပိတ်ဆို့ထားတဲ့အတွက် မြန်မာပြည်က ကုန်ကြမ်းသစ်လုံးတွေကို အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကိုပဲ တင်ပို့နေတာ ၁၀ စုနှစ်တစ်ခု ကြာပါပြီ။ အိန္ဒိယနိုင်ငံကို ကုန်ကြမ်းသစ်လုံးတွေ တင်ပို့တဲ့အခါမှာတော့ မြန်မာနိုင်ငံကနေ တရားဝင်လမ်းကြောင်းအတိုင်း Yangon FOB နဲ့ တင်ပို့တယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်ရင်တော့ အချက်အလက်တွေ အများကြီးတွေ့ရတယ်။ တရုတ်က Yangon FOB နဲ့ Legal Trade အတိုင်း ၀ယ်တာလည်း ရှိတယ်။ ကုန်းလမ်းနဲ့ ၀ယ်ယူနေတာတွေလည်း အများကြီး တွေ့ရတယ်။ သိရသလောက်တော့ ကုန်းလမ်းနဲ့ဆိုရင် ကချင်ပြည်နယ်ကနေတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို တိုက်ရိုက်ရောင်းချ ၀ယ်ယူနေတယ်။ နောက်ရွှေလီကနေတစ်ဆင့် သွားနေတာလည်း ရှိတယ်။ ဒါက ကျွန်တော်တို့ သိရသလောက် ဖြစ်ပါတယ်။ တခြားလမ်းကြောင်းကနေ ၀ယ်ယူနေတာလည်း ရှိပါတယ်'' ဟု ပြည်တွင်း သစ်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။  လက်ရှိအချိန်တွင် ကုန်ကြမ်းသစ်လုံးများအား အလုံးလိုက် ပြည်ပသို့ တင်ပို့ရောင်းချနေမှုမှာ ပြည်တွင်း သစ်ထုတ်လုပ်မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနှင့် အထက်တွင် ရှိနေပြီး ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်း အောက်ကိုသာ သစ်အချောထည်အဖြစ် ထုတ်လုပ် ရောင်းချနိုင်ကြောင်း သိရသည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ၀န်ကြီးဌာနများအလိုက် ၀င်ငွေလျာထားချက် သတ်မှတ်ထားခြင်းအပေါ် ပြည့်မီအောင် ဆောင်ရွက်ရခြင်း အချက်ကြောင့်ဖြစ်ကြောင်းနှင့် နှစ်စဉ် ၀င်ငွေလျာထားချက် ပြည့်မီစေရန် သစ်လုံးတင်ပို့မှုကို ပိုမိုဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သစ်လုပ်ငန်းရှင်များနှင့် သစ်တောပညာရှင်များ၏ သုံးသပ်ချက်အရ သိရှိရသည်။ ''နယ်စပ်က သွားတာတွေက တရားမ၀င် လမ်းကြောင်းဖြစ်လို့ သယံဇာတတွေ ဆုံးရှုံးတဲ့အပြင် နိုင်ငံတော် ၀င်ငွေအနေနဲ့လည်း လုံးဝမရပါဘူး။ နောက်ပြီး တရုတ်က ဒါတွေကို အချောထည် ထုတ်လုပ်ပြီး ဈေးချိုချိုရောင်းချလို့ ဈေးကွက်ယှဉ်ပြိုင်ဖို့ ခက်ခဲစေတယ်။ ပုံမှန်ဈေးကွက်တွေလည်း ဆုံးရှုံးသွားစေပါတယ်'' ဟု သစ်လုပ်ငန်းရှင်များက သုံးသပ်ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
     ဘကြီးသက်..........
Unknown at 8:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာမိန်းကလေးမှ ဟုတ်ရဲ့လား...?ကိုယ်မွေးလာမယ့်ကလေးကို ဘယ်လူမျိုးလဲလို့ မေးခဲ့ရင်ရော အဖြေရှိကြပါရဲ့လား


တချိန်က ဖွတ် နှင့် ပုတ်သင် သူငယ်ချင်း နှစ်ယောက် အလွန်ပင် ရင်းနှီး ချစ်ခင်ကြတယ်။ သွားရင်လာရင်လည်းအတူတူ စားရင် အိပ်ရင်လည်း အတူတူ ဘယ်လိုအခြေနေမျိုးမှာပဲ ဖြစ်ဖြစ် မခွဲမခွာအမြဲနေရှာကြသတဲ့ သူတို့တွေ ရဲ့ ချစ်ခင်ရင်းနှီးမှု့တွေ ရှိနေတာကို ဖွတ် ရဲ့ မိဘများ မှာမနှစ်မြို့သလို သဘောလည်းမကျဘူး.သားဖြစ်သူ ဖွတ်ကို မိဘများက ပုတ်သင် နဲ့ မပေါင်းသင်းဖို့ အဆက်အဆံမလုပ်ဖို့ ကိုယ်နဲ့ မျိုးရိုးတူ ဖွတ်နဲ့ပဲ အပေါင်းသင်းလုပ်ဖို့ ပုတ်သင် ဟာ အမေအဖေ တို့ နဲ့ မျိုးရိုးချင်းလည်းမတူ ဘာသာချင်းလည်း မမျှ.အဲဒီပုတ်သင် ကြောင့်ပဲ အမေအဖေ တို့ရဲ့ အမျိုး ဘာသာ တနေ့မှာ ပျက်စီးရလိမ့်မယ် သား၊ မိဘတွေ အကြောင်းအကျိုးပြ ဆိုဆုမ္မ ပေမဲ့ သားဖြစ်သူ ဖွတ် ကတော့ ဒါတွေကို နားမလည်ဘူး တရင်းတနှီးပေါင်းသင်း တယ် လူမှု့ရေးကိုပဲ ကြည့်တယ် လူမျိုးရေးကို မမြင်ဘူး ဒီလိုနဲ့ နေလာလိုက်ကြတာ နှစ်အတော်ကြာသွားတယ် အချိန်ကြာလာတာနဲ့အမျှ ဖွတ် နဲ့ ပုတ်သင် တို့ရဲ့ ရင်းနှီး မှု့ကလည်း ခိုင်မာလာတာပေါ့၊၊
ဒီလို ရင်းနှီး လို့လည်း တကောင် နဲ့ တကောင် အပြန်အလှန် လုံးထွေးပြီးနေကြတယ်၊ ဖွတ် ကကိုယ်ထည်ကြီးတယ် ခွန်အားကြီးတယ် ပုတ်သင် က ကိုယ်ထည်သေးတယ် ခွန်အားသေးတယ် လုံးထွေးဆော့ကစားတဲ့ အချိန်တိုင်း ပုတ်သင်က အောက်ကပဲ အမြဲနေရတယ် ဖွတ် ရဲ့ ကိုယ်ထည်ကြီးနဲ့ အဖိခံနေရတယ်.ဒါကို ပုတ်သင် က မှတ်ထားတယ် မကျေနပ်ဘူး ဖွတ် က တမင်လုပ်တာမဟုတ်ပါဘူး ရိုး2သား2ဆော့ကစားနေတာပါပဲ.ပုတ်သင် က လုပ်ထားဦးပေါ့ကွာ ဖွတ်ရာ တနေ့ မင်းတို့ရဲ့ ဖွတ် မျိုးတွေ အမြစ်ပြုတ်အောင် ငါ လုပ်ပြမယ် ဆိုပြီး ရန်ငြိုးဖွဲ့ ကြုံးဝါးတယ်....။
တနေ့တော့ မုဆိုး တွေ တောထဲဝင်လာတာကို ပုတ်သင် တွေ့တော့ . ဟာ. ဟန်ကျလိုက်တာ ငါ့ ကိုအမြဲ အနိုင်ယူတဲ့ ဖွတ် တော့ တဆွေလုံး တမျိုးလုံး ပြုတ်ပြီတာမှတ်ပေတော့ ဆိုပြီး မုဆိုး တွေရဲ့ ရှေ့ကနေ လမ်းပြ ခေါ်သွားပါလေရော.ဖွတ် တွေနေတဲ့ တွင်း နားရောက်ရော ပုတ်သင် က အဝင်ပြပြီး ဂယ်ပေါက်ကနေ ထွက်သွားတယ်.ဒီတော့ မုဆိုး များကလည်း .ဟ. ဒီမှာ ဖွတ် ကျင်းတွေဆိုပြီး ရှိသမျှ ဂယ်ပေါက် မှန်သမျှ အကုန် ပိတ်ဆို့ . အပေါက်တခုပဲ ထားတယ် အဲဒီ အပေါက်ကနေပဲ မီးရှို့လိုက်တော့ ဖွတ် အားလုံး ဒုက္ခ တွေရောက်ကြတော့တယ်.ကံကောင်းချင်တော့ ပုတ်သင် နဲ့ ပေါင်းသင်းတဲ့ ဖွတ် ရယ် မိဘ နှစ်ပါးရယ် လွတ်မြောက်သွားပါတယ်.....။
ဒီအခါမှာ သားဖြစ်သူ ဖွတ် က မိဘတွေကို တောင်းပန်ရှာတယ် မိခင် ဖခင် တို့ရဲ့ ဆုံးမ စကားကို နားမထောင်ခဲ့မိလို့ အခုလို ဒုက္ခတွေနဲ့ကြုံတွေ့ခဲ့ရတာ.ပုတ်သင် ဟာဒီလိုယုတ်မာတဲ့ စိတ်ထားမျိုးရှိလိမ့်မယ်လို့ မထင်ခဲ့မိတာ သားအမှားပါ သားကို ခွင့်လွတ်ပါ.ခွင့်လွတ်ပါတယ် သားရယ်.အစက ဒီလိုဖြစ်လာနိုင်လို့ သား ကို ပုတ်သင် နဲ့ မပေါင်းဖို့ ကြိုတင်ဆုံးမ ခဲ့တာပေါ့.ဒီမယ် သား. ကိုယ်ဘာသာ ကိုယ့်လူမျိုး ဒုက္ခတွေ ရောက်ရတာဟာ အမျိုးမတူ ဘာသာမမျှတဲ့ လူတွေနဲ့ ရောယှက်ပေါင်းသင်းမိလို့ပဲ . အပြင်မှာ ရွှေမုန် ကြဲထားပေမဲ့ အတွင်းမှာ နှောက်ချီးခံထားတာကို သားမှမမြင်နိုင်တာ။
ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ. ရွှေမြန်မာ တို့ နားလည်ရမှာက ဘာသာခြား လူမျိုးခြားတွေနဲ့ သူငယ်ချင်း အဆင့်မှာတောင် ဒီလောက် ဒုက္ခ ရောက်ရတယ်ဆိုရင် ဘဝ တစ်ခုလုံးအတွက် လက်တွဲဖော် အဖြစ် ခရီးဆက်ကြမဲ့ မြန်မာမိန်းကလေးတွေ စဉ်းစားတာကြည့်တော့။ ပြည်ပရောက်လို့ ဗီဇ ပျောက်နေကြတဲ့ မြန်မာမိန်းကလေးတွေ နိုင်ငံခြားသား၊ ဘာသာခြားတွေက ပစ္စည်းဥစ္စာပြ စည်းရုံးလာတဲ့ အခါမှာ အဟုတ်ထင်မှတ်ပြီး လက်ခံနေကြတယ် သာယာနေကြတယ် ပေးလာတဲ့ ဥစ္စာပစ္စည်းဟာ လူမျိုး နဲ့ ဘာသာကို ဝါးမျိုဖို့ လမ်းခင်းနေတယ်ဆိုတာ နားမလည်ကြဘူး. ငါကောင်းစားဖို့အရေးကြီးတယ် လူမျိုး နဲ့ ဘာသာ ကိုအလေးထားနေစရာမလိုဘူးလို့ အထင်ရောက်နေကြတဲ့ မြန်မာမိန်းကလေးတွေ ဘာသာခြားတွေရဲ့ ရင်ခွင်ရိုင်းထဲမှာ မရှုမလှ ဒုက္ခ လှလှကြီးရောက်နေကြရတာ ဒု နဲ့ ဒေး ပါပဲ....။
ပစ္စည်းဥစ္စာကို မက်မောပြီး လူမျိုးခြားနဲ့ အိမ်ထောင်ပြုနေတဲ့ မြန်မာမိန်းကလေးတွေလည်း ရေတွက်လို့မကုန်နိုင်အောင်ပါပဲ. ဒီနေရာမှာ.ကောသလ အိပ်မက်(16)ချက်ထဲက 6 ခုမြောက်အိပ်မက်ကို သတိရမိပါတယ်...

မေး. ခွေးအိုထံဆက်.ရွှေခွက်သိန်းတန်.ကျင်ငယ်အမြဲ.ခွက်ထဲစွန့်ပြန်။
ဖြေ... မျိုးမြတ်သမီး.ပစ္စည်းမက်ဟန်.အမျိုးယုတ်.လင်လုပ်ပေါင်းဆက်ဆံ။
ဆိုလိုတာက အမျိုးအားဖြင့် လည်ကောင်း ဘာသာ အားဖြင့်လည်ကောင်း မြင့်မြတ်လှတဲ့ မြန်မာ မိန်းကလေးများဟာ အမျိုးဘာသာ အားဖြင့်ယုတ်နိမ့်လှတဲ့ လူမျိုးဘာသာခြားတွေကို လင်လုပ်ပြီး ပေါင်းသင်းဆက်ဆံကြလိမ့်မယ်လို့ ပြောတာပါ.

မြတ်ဗုဒ္ဓ ရဲ့ အဖြေဟာဒီနေ့ ခေတ်ကာလ မြန်မာ မိန်းကလေး တွေကို ရည်ရွယ်ခဲ့လေသလား မပြောတ်ဘူး မှန်တာတော့ အတော်လေးကို မှန်နေပါတယ်. ဒီလိုတွေဖြစ်တာကလည်း မိဘ တွေရဲ့ ဆုမ္မ မှု့ နည်းတာရယ် ရဟန်း တော်များရဲ့ ဆုမ္မ မှု့ နည်းပါးတာရယ် နာခံတဲ့ သားသမီးတွေရဲ့ အသိဥာဏ်ခေါ်င်းပါးမှု့ မိုက်မဲရမ်းကား မှု့စတာတွေကြောင့် လူမျိုးရေး ဘာသာရေးကို ဦးစားမပေးပဲ နှလုံးသားရေး နဲ့ သွေးသားဆန္ဒ
ကိုဦးစားပေးမှု့တွေကြောင့် မြန်မာမိန်းကလေးများ ဘဝတွေပျက် မျက်ရည်စက်လက် နဲ့ အနိမ်ခံ ဘဝကိုရောက်ကြတာပါ။

ယခုလိုရေးသားချင်းမှာ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော ဆန္ဒ အမှန်ပင် မရှိတာကို
ရိုးသားစွာ ဝန်ခံပါသည်၊ လူမျိုး နှင့် ဘာသာကို ချစ်မြတ်နိုးသည့် အတွက်ကြောင့်သာ ရေးသားရချင်းဖြစ်ပါသည်. ဒီစာကို ဖတ်မိသော မြန်မာမိန်းကလေးများ အမျိုးဘာသာ ကိုထိမ်းသိမ်းချင်တဲ့ စိတ်ဓာတ် နှင့် အသိတရားလေး ရှိသွားရင် စာရေးသားရကျိုးနပ်ပါပြီ။
 

လူ့အခွင့်အရေးနဲ့၊ အမျိုးသမီးအခွင့်အရေး၊ဲ့ ပွင့်လင်း မြင်သာမှုရှိရေးဆိုတာလေ...............
မိမိကိုယ်ကို တန်ဖိုးထားတတ်သော မိန်းကလေးများလည်း ရှိကြသလို တန်ဖိုးမထားတတ်သူများလည်း အစုလိုက် အပြုံလိုက် ရှိနေကြသည်။ ထိုအထဲတွင် မြန်မာလူမျိုး မိန်းကလေးများ အဆိုးဆုံးဖြစ်သည်။ နိုင်ငံရပ်ခြားကို စီးပွားရေး၊ ပညာရေး၊ မိသားစု၊ ကျန်းမာရေး၊ နိုင်ငံရေး အစရှိသဖြင့် အကြောင်းပြချက်မျိုးစုံဖြင့် သွားလာနေထိုင်ကြပြီး တွေ့တဲ့လူနဲ့ အဆင်ပြေသလို နှီးနွယ်မှုများကို မြင်တွေ့လာရသည်။ တချို့သော မိန်းကလေးများဆိုလျှင် နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုရသည့် အဆင့်အထိ ဖြစ်လာကြသည်။ တချို့သော မိန်းကလေးများက အိမ်ထောင်မပြုသည့်တိုင်အောင် ကြုံဆုံရာ နိုင်ငံခြားသားနှင့် အတူနေထိုင်ခြင်းများအထိ ဖြစ်လာခဲ့ကြသည်။ မြန်မာပြည်ကို ပြန်လျှင် မိသားစု၊ ခင်ပွန်းသည်၊ ချစ်သူရည်းစား ရှိသည့်တိုင် နိုင်ငံခြားတွင်တော့မူ အတောမသတ်နိုင်သော လုပ်ရပ်များကို လုပ်ကိုင်နေဆဲဖြစ်ကြသည်။ ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့စဉ်က ဗိုင်းကောင်းကျောက်ဖိ နေထိုင်ခဲ့တဲ့ မြန်မာ့ သမီးပျိုလေးများသည် ယခုအခါ နိုင်ငံခြားတွင် အရှက်ဖုံးရုံအလှမျိုးနဲ့အတူ လူမျိုးမတူသူတွေကြားထဲမှာ နိုင်ငံခြားသားနဲ့ အသွင်တူအောင်တမျိုး၊ အိမ်သူဖြစ်အောင်တဖုံ ဖန်တီးနေထိုင်ခြင်းက မြန်မာမိန်းကလေးမှ ဟုတ်ရဲ့လားဟု ပြန်မေးလိုက်ချင်သည်။ ကိုယ်မွေးလာမယ့်ကလေးကို ဘယ်လူမျိုးလဲလို့ မေးခဲ့ရင်ရော အဖြေရှိရဲ့လားလို့ မေးလိုက်ချင်သည်။





 Living together ဆိုတာ မြန်မာတွေရဲ့
ဓလေ့မဟုတ်ပါဘူး၊ ကျနော်တို့မြန်မာမှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ ဓလေ့ထုံးတမ်း
ဥပဒေဆိုတာရှိတာကို လူတိုင်းသိပါတယ်၊ ဥပဒေအရခွင့်ပြုပေမဲ့ ဓလေ့ထုံးတမ်းအရ
ခွင့်မပြုတဲ့ကိစ္စတွေအများကြီးရှ
ိပါတယ်၊ မြန်မာယောင်္ကျား တစ်ယောက်ဟာ
မိန်းမဘယ်နှစ်ယောက်ယူယူ ဥပဒေအရ ခွင့်ပြုထားပေမဲ့ ဓလေ့ထုံးတမ်းအရ
တစ်လင်တစ်မယားဘဲ ကျင့်သုံးရတဲ့စနစ်ပါ၊ဥပဒေအရ အသိသက်သေတွေနဲ့
လက်မှတ်ထိုးမှ တရားဝင်ဖြစ်တယ်ဆိုပေမဲ့ အရှေ့ ၇ အိမ်၊ အနောက် ၇အိမ်သိတာနဲ့
ပုဆိုးတန်းတင်အကြင်လင်မယားဖြစ်အသိမှတ်ပြုပေးကြတာလဲ ဒီနေ့အချိန်ထိပါဘဲ၊
နိုင်ငံခြားမှာ လုပ်နေပြီ၊ ငါတို့မလုပ်ရင် ခောတ်နောက်ကျမယ် ဆိုတဲ့
အတွေးမတွေးပါနဲ့၊ ဘာမှမဆိုင်ပါဘူး၊ ကျနော်တို့ Culture နဲ့မကိုက်ညီလို့ ၊
ထုံးစံမဟုတ်လို့ မလုပ်တဲ မကျင့်သုံးတဲ့ ကိစ္စတွေအများကြီးပါ၊ ဥပမာ
အဖေရဲ့နံမည်ကို သားသမီးတွေမှာ ပါစရာမလိုတာ၊ ယောင်္ကျားရဲ့နံမည်ကို မိန်းမ
ယူစရာမလိုတာ အသက် ၁၈ နှစ်ကျော်ပေမဲ့ မိဘနဲ့အတူနေတာ၊ လူငယ်တွေကို ရပ်ကွက်က
ဝိုင်းစောင့်ရှေုာက်ပေးတာတွေဟာ ကျနော်တို့ မြန်မာတွေရဲ့ ထုံးစံပါ၊
ဒါတွေကိုခောတ်နောက်ကျသွားပြီဆိုပြီး ပြင်ကြမလား၊ ဘယ်သူတွေပြင်မယ်ဆိုပြီး
စဉ်းစားဘူးလဲ၊ နိုင်ငံခြားမှာ Living together နေကြတယ်ဆိုတာ
သူ့အကြောင်းတွေနဲ့သူရှိပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် တရားဝင်မဖြစ်ခင်
နေကြည့်ကြမယ်တို့ ၊ ဥပဒေကြောင်းအရတို့ စုံနေတာဘဲဆိုတာ အားလုံးသိကြပါတယ်၊
ကျနော်အာဖရိကမှာနေဘူးပါတယ်၊ မိန်းမတစ်ယောက်ဟာ တရားဝင်
ယောင်္ကျားမရှိသေးပေမဲ့ ကလေးရှိနေတယ်ဆို၇င် အဲဒိကလေးကို
အစိုးရကထောက်ပံ့ကြေးပေးပါတယ်၊ ကလေးနှစ်ယောက် သုံးယောက် ရပြီးမှ ယောင်္ကျားက
လက်ထပ်ခွင့်တောင်းမယ်ဆိုရင်လဲ မိန်းကလေးဘက်ကို တင်တောင်းရပါတယ်၊
ကလေးတွေတောင် ရနေပြီ တင်တောင်း စရာလိုသေးလားဆိုရင် သူတို့ဓလေ့အရ
လိုပါတယ်၊ နောက်ပြီး အဲဒီလိုလက်မထပ်ခင်မွေးတဲ့ကလေးတွေကို
တရားမ၀င်သားသမီးအဖြစ် အသိအမှတ်ပြုကြပါတယ်၊ ဒါသူတို့ ဥပဒေကြောင်း၊
ဓလေ့ထုံးစံတွေပါ၊ ကျနော်တို့ မြန်မာပြည်မှာ Living together ဆိုတာ ကို
ဘယ်လိုပုံစံမျိုးနဲ့ ကျင့်သုံးကြမှာလဲ၊ နေ့ခင်းတည်းခိုခန်း ဖြစ်ဖြစ်
တစ်နေရာရာမှာ ဖြစ်ဖြစ်ချိန်းတွေ၊ အတူနေ ညနေကျရင်ကိုယ့်အိမ်ကိုပြန် ဒါ
Living together လို့ခေါ်မလား၊ ဟုတ်တယ်လေလို့ လွဲမှားစွာဖြေတဲ့သူတွေ
တပုံကြီးပါ၊ အိမ်တအိမ်မှာ အတူတူ နေရောညရော နေကြပါပြီတဲ့၊
လက်မှတ်တော့မထိုးရသေးဘူးဆိုပါတော့ ၊ Living together
လို့ပြောလို့ရတယ်ပေါ၊ ဒါပေမဲ့ ကိုယ့်ဘေးပတ်ဝန်းကျင်ကို ဘယ်လို ပြောမလဲ၊
ကျနော်တို့ ကျမတို့က လင်မယားအစစ်မဟုတ်သေးပါဘူး၊ စမ်းသပ်ဆဲကာလပါလို့
ပြောမလား၊ သဘောထားမတိုက်ဆိုင်ရင် ပျင်းသွားရင်
ကိုယ့်ဘာသာကိုယ်နေကြမှာပါလို့ပြောမလား၊ ၂၁ ရာစုဖြစ်နေပေမဲ့
မြန်မာ့အသိုင်းအ၀န်းကလုံးဝ လက်မခံပါဘူး၊ နောက်ဆုံး
ဧည့်စာရင်းတိုင်ရင်တောင် ဘယ်လိုပတ်သက်ပါတယ်ဆိုပြီးတိုင်ကြမလဲ၊
ကျနော့်အမြင်ပြောရရင် Living together နေကြမယ်ဆိုပြီး နေတဲ့
မြန်မာအတွဲတွေဟာ သူတို့စိတ်ထဲမှာ သေချာရေရာမှုတွေမရှိသေးဘူး၊
တစ်ယောက်နဲ့တစ်ယောက် သာယာမှုဘဲ လိုချင်နေကြသေးတယ်၊ငြီးငွေ့သွားရင်
ကွဲကြမှာသေချာတယ်လို့ဘဲ ကျနော်ထင်ပါတယ်၊ အင်္ဂလိပ်စကားလုံးကို သုံးပြီး
ခောတ်မှီသလိုနဲ့ ရှေ့တိုးသာ နောက်ဆုပ်သာ ဖြစ်အောင်
တစ်ယောက်နဲ့တစ်ယောက်ဟန်ဆောင်နေကြတယ်လို့ဘဲထင်ပါတယ်၊ ချစ်သူကို
တစ်ကိုယ်လုံးပုံအပ် ပေးချင်ပေးနိုင်ပေမဲ့ ဒါမျိုးစနစ်ကိုတော့
မြန်မာမိန်းကလေးတွေ လုပ်ကြမယ်မထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့
အသိုင်းအ၀န်းဆိုတာ ရှိသေးတယ်၊ သိက္ခာဆိုတာရှိသေးတယ်လေ၊
နောက်တစ်ခုကျနော်ပြောချင်ပါတယ်၊ မြန်မာတွေက sex နဲ့ပတ်သက်ရင် ခောတ်နောက်
ကျတယ် ပွင့်လင်းမှုမရှိကြဘူးဆိုပြီးပြောတဲ့ အသံကိုကြားနေရပါတယ်၊
ဘာကိုဆိုလိုချင်ပါသလဲ၊ လူရှေ့မရှောင် သူရှေ့မရှောင် တော်သလင်း
ဇာတ်ခင်းရမှာလား၊ လူကြားသူကြားထဲထုတ်ပြောရမှာလား၊ ဘာမှမဆိုင်ပါဘူး၊
တစ်ခုဘဲရှိတယ်၊ လူငယ်တွေကို sex နဲ့ ပတ်သက်ပြီး မမှားသင့်တာမမှားရအောင်
ကြီးတဲ့လူတွေက ပြောပြသင့်တယ်၊ ရှင်းပြသင့်တယ်၊ ၊ လူငယ်တွေကို
ပွင့်ပွင့်လင်းလင်းဆွေးနွေး သင့်တယ်ဆိုတာတော့ ကျနော်လက်ခံပါတယ်၊
  sex နဲ့ပတ်သက်ရင် ပွင့်လင်းတယ်ဆိုတဲ့
ဥရောပနိုင်ငံမှာ၊ တရားဝင် ဘိတွေဖွင့်ထားတယ်၊ တီဗွီမှာကြော်ငြာတယ်၊
ကားမှာ လာကပ်တယ်၊ ဒါပေမဲ့ မိဘတွေက သူတို့သားသမီးတွေ သူတို့အုပ်ထိန်းမှု
အောက်မှာရှိနေတုံးကာလမှာ ဒီကိစ္စတွေကို ခွင့်မပြုထားပါဘူး၊ ကျနော်က
ကျနော်တို့နိုင်ငံရဲ့ ဓလေ့ထုံးစံတွေကို ပြောပြရင် သူတို့ အံသြတသင့်
နားထောင်ပါတယ်၊ ချီးကျူးပါတယ်၊ သူတို့ ဟန်ဆောင်ပြောတာမဟုတ်ဘူးဆိုတာ
ကျနော်သိပါတယ်၊ ပြောရရင် ကိုယ့်လူမျိုးရဲ့ ဓလေ့မဟုတ်တာကြီးကို
ခောတ်မှီရအောင်ဆိုတဲ့ စကားနဲ့ ဇွတ်မဖန်တီးကြပါနဲ့၊ နောက်ပြီး
မြန်မာမိန်းကလေးတွေကိုပြောချင်တာကတော့ မိန်းကလေးဆိုတာ ကိုယ့်တန်ဘိုးကို
ကိုယ်ထိန်းမှရတယ်ဆိုတဲ့ စကားပါဘဲဗျာ

 ခေတ်ကြီးကလဲ တိုးတက်လာနေပြီ ဆိုတော့ဗျာ...တိုးတက်တာပေါ့..ဒီလိုပါပဲ။ ထိန်းသိမ်းတယ် စောင့်ရှောက်တယ်ဆိုတာ..ကိုယ့်စိတ်နဲ့ပဲ ဆိုင်ကြတာ မဟုတ်လား။ ကိုယ်ကောင်း ခေါင်းမရွေ့ပါဘူးဆိုတာလဲ ရှိတယ်နော်။ တကယ်လို့သာ...ခေါင်းက ရွေ့ကြရင်ဖြင့်..အနာဂတ် မျိုးဆက်သစ်များအတွက် ရင်လေးစရာ ရင်တမမ ဖြစ်စရာပေါ့ဗျာ...တန်ဖိုးဆိုတာ..စိတ်နေ စိတ်ထား သဘောထားကြီးမြတ်မူ၊..နားလည်တတ်မူ၊ အမျိုးဂုဏ် ကို ထိန်းသိမ်း စောင့်ရှောက်မူ၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက် မူတွေပဲ မလား ။ လူဆိုတာ စရိုက်မတူတော့ ရိုင်းတတ်တယ်လို့..ဖတ်ဖူးပါတယ် ။ ဒီလိုပဲ ချစ်စ ခင်စ ကြင်နာစ တုန်းမှာ မသိခဲ့ကြပေမယ့်။ အိမ်ထောင်ဲပြုပြီးတဲ့နောက်မှာ...နောက်ဆက်တွဲ..အရေးကြီးတဲ့ ကွင်းဆက် ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပမာ ဘာသာဝါဒ မတူတာမျိုး။ ဓလေ့ စရိုက် မတူတာမျိုး ။ယာဉ်ကျေးမူ မတူတာမျိုးတို့စသည့်ဖြင့် မလိုလားအပ်တဲ့..ဆိုးကျိုးတွေ ဖြစ်လာကြရင်။ဖြစ်လာလိမ့်မယ်လို့..သိထားကြမယ်ဆိုရင်..တစ်ဘဝအတွက်စာ မကြည့်ပဲ သံသာရာလေးပါ ထည့်ပြီး တွက်ထားမယ်ဆိုရင်.တကယ့်ကို ကောင်းမှာပါ...ဒိုမြန်မာတွေ မြန်မာပီပီ အမျိုး ဘာသာ သာသနာနဲ့ အမျိုးဂုဏ် ၊ ဇာတိဂုဏ်တို့ကို ထိန်းသိမ်း စောင့်ရှောက်နိုင်တဲ့ သူတော်ကောင်းကြီးများ ဖြစ်နိုင်ကြပါစေလို့...ဆန္ဒပြုရရင်း
Unknown at 5:17 PM 5 မှတ်ချက်ကလေးရေးပေးနော်.
Share

သူတို့ပြောတဲ့ မြန်မာပြည်က အင်တာနက်.......


အင်တာနက် အင်တာနက် မင်းဘယ်တော့များမှ တည်ငြိမ်နိုင်မှာလည်း အခုတော့ မင်းဟာတိမ်တွေလိုလည်းအရောင်ပြော
င်းလွယ်တယ် မိုးတိမ်တွေလိုလည်း ကောင်းချင်တဲ့နေရာကောင်းတယ် အခုတော့င့ါမှာ ကန္တာရကနေ မိုးမျှော်သလို မင်းရွာချရင်တောင် ခံယူစရာခွက်ရှာရအုံးမယ်လေ အော် အစကတည်းက မင်းမရှိဘူးဆိုတာကိုသာငါသိခဲ့ရင်မျှော်လင့်မိမှာမဟုတ်ဘူး အခုတော့ မင်းက ဆောင်တွင်းအိမ်မက်လို င့ါဆီကို အမှတ်မထင်လာပြီတော့ မှ ထားခဲ့ရက်လေတယ် ဘာပဲဖြစ်ဖြစ်လေ မျှော်လင့်ချက်တွေပေးတပ်တဲ့ မင်းကိုလည်းတခါတလေ ကျေးဇူးတင်မိပါတယ် တကယ်ဆို ငါမျှော်လင့်ချက်တွေပျောက်ကုန်ရင် ဘ၀ဟာဘယ်အဓိပ္ပာယ်ရှိတော့မလဲ ဒါကြောင့် မလာမှန်းသိပေမဲ့ မကောင်းမှန်သိပေမဲ့ မဖြစ်နိုင်သေးမှန်သိပါလျှက်နဲ့ မျှော်နေမိတယ်လေ
Unknown at 4:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၆၆၅၆ ဦး မှာ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့် သာလွတ်

ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသည့်သရက်အကျဉ်းထောင်
(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄(ခ)နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၂.၁.၂၀၁၂ ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါအမိန့်များအရ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအနက်မှ အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ရရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ပြစ်ဒဏ်ပြောင်းလဲခံစားခွင့်အဖြစ် သေဒဏ်မှ ထောင်တစ်သက်သို့ ပြောင်းလဲကျခံရသူ အကျဉ်းသား ၃၁ ဦး၊ အကျဉ်းသူ ၂ ဦး၊ စုစုပေါင်း ၃၃ ဦး၊ ထောင်ဒဏ် ၃၀ နှစ်အထက်မှ ထောင်ဒဏ် ၃၀ နှစ်သို့ ပြောင်းလဲသတ်မှတ်ခံရသူ အကျဉ်းသား ၉၈၈ ဦး၊ အကျဉ်းသူ ၁၃၀ ဦး၊ စုစုပေါင်း ၁၁၁၈ ဦး၊ ထောင်ဒဏ် ၂၀ နှစ်အထက်မှ ၃၀ နှစ်အထိ ပြစ်ဒဏ်မှ ထောင်ဒဏ် ၂၀ နှစ်သို့ ပြောင်းလဲသတ်မှတ်ခံရသူ အကျဉ်းသား ၂၃၀၀ ဦး၊ အကျဉ်းသူ ၄၀၂ ဦး စုစုပေါင်း ၂၇၀၂ ဦးနှင့် ထောင်ဒဏ် ၂၀ နှစ်အောက် ပြစ်ဒဏ်မှ ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ရက်အဖြစ် ခံစားခွင့်ရရှိသူ အကျဉ်းသား ၂၉၈၅၅ ဦး၊ အကျဉ်းသူ ၅၂၅၆ ဦး စုစုပေါင်း ၃၅၁၁၁ ဦး ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 3:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )

အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေးတစ်ခုကို ပြောဖို့လိုပါတယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။



ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေဆက်ဖြစ်သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါမယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစပြုလာပါပြီ ။



ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ်ဆိုရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံလှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရိုတိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံလှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန်ကို လျော့ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင်ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။
Unknown at 10:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုက်ပွဲများကြောင့် မိုးကောင်း-ဖားကန့်လမ်း ပိတ်ထား

မိုးကောင်း-ဖားကန့် လမ်း --- ဓါတ်ပုံ(missgreenlady)
ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မိုးကောင်း-ဖားကန့် လမ်းအား ဗုဒ္ဓဟူးနေ့မှစ၍ ပိတ်လိုက်ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA မှ အရာရှိတဦးက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းနှင့် စစ်ကိုင်း၊ ပြည် (အင်းမ)၊ မကွေးမြို့များတွင် အခြေစိုက်သည့် တပ်မ ၃၃၊ ၆၆၊ ၈၈ တို့မှ အင်အား ၃ဝဝ ခန့်နှင့် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မိုးကောင်း-ဖားကန့် ကားလမ်းမကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ KIA ရင်း ၆ နယ်မြေဘက် အစိုးရတပ်တွေ ထိုးစစ်တင်လာလို့ လမ်းပိတ်လိုက်တာ။ တိုက်ပွဲဖြစ်လာရင်
ပြည်သူတွေ မထိအောင်၊ ပြည်သူတွေကို အရင်ကာကွယ်တဲ့ ရည်ရွယ်ချက်နဲ့ ပိတ်လိုက်တာပါ” ဟု တပ်မဟာ ၂ ဌာနချုပ်မှ KIA အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

ဖားကန့်မြို့နယ် နမ်ရာနှင့် ကားမိုင်းကြားတွင် ဇန်နဝါရီလ ၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ဗုဒ္ဓဟူးနေ့မှစ၍ ကြာသပတေးနေ့ထိ တံတားညီနောင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ကားတွေကိုတော့ မသွားခိုင်းတော့ဘူး။ အစိုးရဘက်က ထိုးစစ်ဆင်မှု၊ လှုပ်ရှားတဲ့အခြေအနေကို ကြည့်ပြီး ပြန်ဖွင့် သင့်ရင် ဖွင့်မယ်။ အစိုးရ စစ်ကြောင်းတွေက ကားလမ်းအတိုင်းမသွားဘဲ တောလမ်းလို ထိုးဝင်လာတာ ရှိတယ်ဆို
တော့ သူတို့လှုပ်ရှားမှုပေါ်မူတည်မယ်”ဟု အဆိုပါအရာရှိက ပြောသည်။

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ထိုးစစ်မဆင်ရန် ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ညွန်ကြားထားပြီးနောက် တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သလို KIO ဘက်မှ တပ်ဆုတ်လိုက်ရမှုများလည်း ဆက်လက် ရှိနေသည်။

ဗုဒ္ဓဟူးနေ့ကလည်း KIO ၏ တပ်မဟာ ၃ နယ်မြေ ရှေ့တန်း စခန်းတခုဖြစ်သော ယောရုံစခန်းအား အစိုးရဘက်မှ ၁၀၅ မမ၊ ၁၂၀ မမ စသည့် လက်နက်ကြီးများနှင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြန်လည် ဆုတ်ခွာပေးလိုက်ရ သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္ဈိမကို ပြောသည်။

“၁၀ ရက်လောက်ရှိပြီ အစိုးရဘက်က ထိုးစစ်ဆင်နေတာ။ အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ အရမ်းပစ်လာ လို့ မခံနိုင်တော့လို့ ဆုတ်လိုက်တာ။ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်ကို အလကား အဆုံးရှုံးမခံနိုင်ဘူး။ အသက် အန္တရာယ် ရှိလာလို့ ဆုတ်ပေးလိုက်တာပဲ” ဟု ပြောသည်။

ယော်ရုံစခန်းမှာ အစိုးရ၏ ဇင်လွမ်တပ်စခန်းနှင့် လွယ်ဂျယ်စခန်းကို ဆက်သွယ်ရန် အဓိကကျသည့် စခန်းဖြစ်ပြီး ၂ဝ၁၁ ဇူလိုင်လပိုင်းက KIO ဘက်မှ သိမ်းယူထားခဲ့ခြင်း ဖြစ်သည်။

အလားတူ ယခုရက်ပိုင်းလည်း မြစ်ကြီးနား-ဗန်မော်ကားလမ်းပေါ်ရှိ ဂျာပူတပ်စခန်းတခုကိုလည်း KIO က ဆုတ်ခွာ
ပေးလိုက်ရသည်ဟု ဦးလနန်က ပြောသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန် KIO ဘက်မှ ကိုယ်စားလှယ် ၆ ဦးပါ အဖွဲ့ကို
ရွေးချယ်ထားပြီး ဖြစ်ကြောင်းနှင့် ယခုလလယ်တွင် နှစ်ဘက် ပြန်လည် တွေ့ဆုံဖွယ်ရှိသည်ဟု KIO သတင်း ရပ်ကွက်မှ သိရသည်။
Unknown at 9:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မော်လမြိုင်ကျွန်းမြို့တွင် အမျိုးသမီးနှစ်ဦးအား ရက်ရက်စက်စက် သတ်ဖြတ်မှုဖြစ်ပွားခဲ့

မော်လမြိုင်ကျွန်းမြို့တွင် ငွေကျပ်သိန်း(၁၄၀)ရလိုမှုအတွက် အမျိုးသမီးနှစ်ဦးအား ရက်ရက်စက်စက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မော်လမြိုင်ကျွန်းမြို့ (၄)ရပ်ကွက် ၁၀ လမ်း အိမ်အမှတ် (၅၀) တွင် ငွေရလိုမှုအတွက် လုယက်၊ သတ်ဖြတ်မူ တစ်ခုဖြစ်ပွားခဲ့ပြီး အသက် ၅၈ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးနှင့် အိမ်ဖော်အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှ ဒီဇင်ဘာ ၃၁ရက်နေ့ နံနက် ၂နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်နှင့် အိမ်ဖော် နှစ်ဦးအား ရက်ရက်စက်စက်ထုသတ်ကာ ကျပ် သိန်း ၁၄၀ (ရွေ၊ ငွေအပါဝင်) ၀န်းကျင်ခန့် လုယူသွားခဲ့ကြောင်း သိရသည်။
“သေနေတာကို ကြည့်ရတာ ခေါင်းကို တူလို ပစ္စည်းမျိုးနဲ့  ထုရိုတ်ထားတဲ့ပုံပါ ” ဟု သေဆုံးသူ ဒေါ်ခင်သန်း၏ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
လူသတ်သမားမှာ ဒေါ်ခင်သန်း (အသက် ၅၈ ၀န်းကျင်) အား၎င်း၏ နေအိမ်အပြင်ဘက်တွင် ပြစ်ထားခဲ့ပြီး၊ အိမ်ဖော်ဖြစ်သူ မနေခြည်(အသက် ၂၁ ၀န်းကျင်)အား ခြံဝန်းအတွင်းရှိ ရေကန်အတွင်း ပစ်ထားခဲ့ကြောင်း သိရှိရသည်။
အဆိုပါလူသတ်မှုကို မော်လမြိုင်ကျွန်း စခန်းမှူး ဦးကြည်ဝင်းမှ ဆောင်ရွက်လျက်ရှိပြီး တရားခံဟု သံသယရှိသူ ဦးအေးမြင့် (အသက် ၅၀ ၀န်းကျင်) အား ပုဒ်မ ၃၉၂/ ၃၀၂ ဖြင့် အမူဖွင့်ထားကြောင်း သိရသည်။

Unknown at 9:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂရုံးဖွင့်မည်

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခွဲတခု ဖွင့်တော့မယ်လို့ ပြောလိုက်ပါတယ်။ ရုံးခွဲဖွင့်ရေး ကိစ္စနဲ့ ပတ်သက်ပြီး EU နဲ့ မြန်မာအစိုးရကြားမှာ အချိန်အတော်ကြာကြာ ဆွေးနွေးနေခဲ့ကြပြီးတဲ့နောက် အခုလို သဘောတူ လိုက်ကြတာလည်း ဖြစ်ပါတယ်။ EU ရုံးခွဲဖွင့်တော့မယ်လို့ ပြောလိုက်တဲ့အချိန်ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ်မ် ဟိတ်ဂ် (William Hague) မြန်မာနိုင်ငံမှာ ရောက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီအခြေအနေအပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကိုပေးနေတဲ့ အကူအညီဆိုင်ရာ အစီအစဉ်တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာကို ပိုပြီးတိုးမြှင့် လုပ်ဆောင်ရေး တွန်းအားပေးဖို့အတွက် အခုလို ကိုယ်စားလှယ်ရုံးခွဲတခု ဖွင့်လှစ်ဖို့ စီစဉ်တာဖြစ်တယ်လို့ EU ဘက်က ပြောပါတယ်။ ဒီ ကိုယ်စားလှယ်ရုံးဟာ ကိုယ်စားလှယ်အဖွဲ့ကြီးတခုရဲ့ အဆင့်အတန်းလောက်ထိ ရှိမှာမဟုတ်ဘဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရုံးထိုင်တဲ့ EU သံအမတ်ကို အစီရင်ခံရမှာဖြစ်ပါတယ်။
EU ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ ကက်သရင်း အက်ရှ်တွန် (Catherine Ashton) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်လ် မန်းန် (Michael Mann) က ရုံးခွဲဖွင့်မယ့်ကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်တွေကို မပြောဘဲ ရုံးဖွင့်မယ့် သဘော တူညီချက် ရထားပြီးပြီဆိုတာကိုပဲ ဗွီအိုအေကို အတည်ပြုပြောခဲ့ပါတယ်။
“ရန်ကုန်မြို့မှာ ကျနော်တို့ ရုံးခွဲဖွင့်မယ် ဆိုတာကို သဘောတူထားပြီးပါပြီ။ အဲဒါဟာ EU ရဲ့ ကိုယ်စားလှယ်အဖွဲ့ ရုံးထိုင်တဲ့ ရုံးမျိုးတော့မဟုတ်ပါဘူး။ အကူအညီပေး အစီအစဉ်တွေနဲ့ တခြားကိစ္စတွေကို စီမံခန့်ခွဲတဲ့ရုံးမျိုးလောက်ပါပဲ။ ဘယ်တော့ ဖွင့်မယ်ဆိုတာကတော့ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ လုပ်နည်း အဆင့်ဆင့်တွေ ဘယ်လိုဖြစ်လာမယ်ဆိုတဲ့အပေါ် မူတည်ပါ လိမ့်မယ်။”
မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ အပြောင်းအလဲဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ဖြစ်လာခဲ့တဲ့ အခြေအနေတွေအပေါ် မြန်မာ့အရေး စိတ်ဝင်စား တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ဂရုတစိုက်စောင့်ကြည့်နေခဲ့ကြတာဖြစ်ပြီး EU နိုင်ငံတွေကတော့ ပိုပြီး အလေးထားခဲ့ကြတယ်လို့ ဆိုရမှာပါ။ EU ဟာ တဖွဲ့လုံးအနေနဲ့ နှစ်စဉ်ဧပြီလမှာ လုပ်တဲ့ မူဝါဒရေးရာသုံးသပ်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ချမှတ်ပြီး အဖွဲ့ဝင်နိုင်ငံတွေက အဲဒီဘုံမူဝါဒအတိုင်း လိုက်နာကျင့်သုံးကြတယ်ဆိုပေမဲ့ အဖွဲ့ဝင်တနိုင်ငံချင်းအလိုက်၊ EU ရဲ့ မူဝါဒ တွေကို အကောင်အထည်ဖော် လုပ်ဆောင်ရတဲ့ အဖွဲ့အစည်းတခုချင်းအလိုက်မှာ ကွဲပြားခြားနားချက်တွေရှိနေပါတယ်။
EU ရဲ့ အဲဒီလိုအခြေအနေတွေပေါ်မှာ ထောက်ပြ ဝေဖန်လေ့ရှိတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (BCUK) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မာ့ခ် ဖားမနား (Mark Farmaner) က အဲဒီအချက်ကို ထောက်ပြပြီး စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“မြန်မာအစိုးရဟာ EU အဖွဲ့ကနေ ပိုပြီးတော့တောင်မှ အရောရောအထွေးထွေး သတင်းစကားတွေ ရနေပါပြီ။ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒနဲ့ပတ်သက်ပြီး ကွဲပြားချက်ရှိနေတယ်ဆိုတဲ့ ယျေဘုယျပြဿနာတခု EU မှာရှိနေပါတယ်။ တရားဝင် သဘောတူ ကြေညာထားတဲ့ မူဝါဒရှိနေချိန်မှာပဲ EU တာဝန်ရှိသူတွေက အဲဒီတရားဝင် သဘောတူညီချက်ထက် သူတို့သဘောနဲ့သူတို့ ပြောဆိုတာတွေ မကြာခဏရှိနေပါတယ်။”
EU ဘက်ကနေ အခုလိုရုံးဖွင့်မယ်ဆိုတဲ့ တရားဝင်ပြောဆိုချက် ထွက်လာတဲ့အချိန်ဟာ EU ရဲ့ အဓိက အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ်မ် ဟိတ်ဂ် မြန်မာနိုင်ငံ ရောက်နေချိန်လည်း ဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းတာလို နိုင်ငံတကာ အသိုက်အ၀န်းနဲ့ ဆက်ဆံရေးကို ဒီ့ထက်ပိုပြီး တိုးတက်စေချင်တယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးတွေကို ဒီ့ထက်ပိုပြီး ရှေ့ရောက်အောင်လုပ်ရမယ်၊ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေး ရမယ် စသည်အားဖြင့် ၀ီလီယမ် ဟိတ်ဂ်က ခပ်ပြင်းပြင်း ပြောနေချိန်မှာ EU ဘက်က ရုံးခန်းဖွင့်တော့မယ်ဆိုတဲ့သတင်း ထွက်လာတဲ့အချိန် တိုက်ဆိုင်နေတာက စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ မာ့ခ် ဖားမနားကပြောပါတယ်။
EU ထဲမှာက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုကို ဒီအတိုင်း ဆက်ထားချင်သေးသူတွေရှိသလို ခပ်မြန်မြန် ရုပ်သိမ်းချင် နေသူတွေလည်း ရှိတာမှာ ဗြိတိန်အစိုးရက ဆက်ထားချင်သူ၊ ကက်သရင်း အက်ရှ်တွန်လို ပုဂ္ဂိုလ်မျိုးတွေက စောစောရုပ်သိမ်း ချင်သူတွေဖြစ်တာမို့ အခုကိစ္စဟာ EU အဖွဲ့ထဲက နိုင်ငံရေးပယောဂတွေပါတယ်လို့ ဖားမနားကမြင်ပါတယ်။
အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ပြုပြင်ပြောင်းလဲတာတချို့ ဆက်တိုက်လို ဖြစ်ခဲ့ပြီးတဲ့နောက် တခါ ပြန်ပြီး တုန့်နှေးသလို ဖြစ်နေတဲ့အပေါ် နိုင်ငံတကာအသိုက်အ၀န်းဘက်မှာ အားမလိုအားမရနဲ့ စိုးရိမ်ပူပန်တာတွေ စပြီး ဖြစ်လာနေချိန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားတာကို မာ့ခ် ဖားမနားတို့ရဲ့ Burma Campaign UK က ကြိုဆိုပါတယ်။
“ဒါကြောင့် ၀ီလီယမ်မ် ဟိတ်ဂ် အခုသွားတာဟာ ပြောဆိုစရာတွေကို ပြောဆိုဖို့ အရေးကြီးတဲ့အချိန်ပါပဲ။ ဒဏ်ခတ် အရေးယူမှု ကို ရုပ်သိမ်းစေချင်တယ်ဆိုရင်၊ ခင်ဗျားတို့အစိုးရသစ်အပေါ် နိုင်ငံတကာရဲ့ ယုံကြည်ကိုးစားမှုကို ရချင်တယ်ဆိုရင် တကယ် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရပါမယ်၊ ခုချိန်ထိ လုပ်ထားပြီးသား အပြောင်းအလဲ အသေးလေးတွေနဲ့တော့ မလုံလောက်သေးပါဘူး၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ လိုအပ်ပါတယ်၊ လူမျိုးစုတိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ရပါမယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆုံးသတ်ရပါမယ်၊ ပြီးတော့ ရေရှည်ခံမယ့် နိုင်ငံရေး အဖြေကိုရှာရပါလိမ့်မယ်ဆိုတာမျိုး ၀ီလီယမ်မ် ဟိတ်ဂ်က ပြောနေတာပါ။”
မြန်မာအစိုးရဘက်ကသာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို လုပ်လာမယ်ဆိုရင် နိုင်ငံတကာ အသိုက်အ၀န်းဘက်က အပြုသဘော တုံ့ပြန်မယ်ဆိုတဲ့ အပေါင်းလက္ခဏာဆောင် သတင်း စကားကိုလည်း ၀ီလီယမ် ဟိတ်ဂ်က ပြောပါတယ်လို့ ဖားမနားကဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်ပြီးတဲ့နောက်ပိုင်းမှာ တခြား နိုင်ငံ့ ခေါင်းဆောင်တွေ၊ ထိပ်တန်း တာဝန်ရှိသူတွေ မြန်မာနိုင်ငံဆီ ဆက်တိုက်လို သွားရောက်ခဲ့ကြပြီး အခု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဖြစ်လာတာပါ။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတကာက အစိုးရ ထိပ်တန်းတာဝန်ရှိသူအများအပြား ပြောကြတာတွေက ထပ်တူ နီးပါးလို တူကြပေမဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ မြန်မြန်နဲ့သိသိသာသာဖြစ်လာရေးမှာ အဓိကရှိနေတဲ့ ပြဿနာတခုကတော့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုက်အ၀န်းကနေ ဘုံတူညီတဲ့သဘောထား မပေးနိုင်တာပဲ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မာ့ခ် ဖားမနားက ပြောပါတယ်ခင်ဗျား။
VOA
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တွင် စည်ပင်က ဆိုက်ကား​ဖမ်း​သဖြင့်​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်

ရန်ကုန်တိုင်း ​ ဗိုလ်တ​ထောင်မြို့​နယ်မှာ အ​နှေး​ယာဉ်ဆိုက်ကား​သမား​တချို့​နဲ့​ စည်ပင်သာယာရဲ​တွေအကြား​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်ပွား​ပြီး​ ဆိုက်ကား​သမား​တွေကို ဖမ်း​ဆီး​သွား​တယ်လို့​ မျက်မြင်တဦး​က ​ပြောပါတယ်။
ရန်ကုန်မြို့ တနေရာတွင် ခရီးသည်စောင့်နေသော ဆိုက်ကားသမားများ (ဓာတ်ပုံ - ရိုက်တာ)
“ရန်ကုန် ဗိုလ်တ​ထောင်က ဝန်ကြီး​များ​ရုံး​ရဲ့​ လမ်း​ထောင့်​မှာ ရန်ကုန်မြို့​စည်ပင်က လမ်း​ပေါ်မှာ ​ပြေး​ဆွဲ​နေတဲ့​ ဆိုက်ကား​တွေကို အတင်း​အဓမ္မသိမ်း​ဆည်း​တဲ့​အခါကျ​တော့​ ပြည်သူလူထုက လက်မခံဘူး​။ လက်မခံတဲ့​အခါကျ​တော့​ စည်ပင်ရဲ​တွေနဲ့​ ဆိုက်ကား​သမား​တွေနဲ့​ ပတ်သက်ပြီး​တော့​ ​ဘေး​ကလူ​တွေနဲ့​ ရိုက်ကြပုတ်ကြဖြစ်တယ်ဗျာ။ လူ​တွေလည်း​ ဖမ်း​သွား​တယ်။ ဆိုက်ကား​ အစီး​နှစ်ဆယ်​လောက် ဖမ်း​သွား​တယ်။”
ဒီနှစ်ဆန်း​ ကစပြီး​ ရန်ကုန်မြို့​တွင်း​ အ​နှေး​ယာဉ် ဆိုက်ကား​နင်း​ခွင့်​ ပိတ်ပင်သလို လူကူး​မျဉ်း​ကြား​က မကူး​ရင် ​ငွေဒဏ်သတ်မှတ်ပြီး​ စည်ပင်သာယာက ကိုင်တွယ်​နေတာပါ။ လက်လုပ်လက်စား​ ဆိုက်ကား​သမား​တွေက ညွှန်ကြား​ချက် ရုတ်တရက်ထွက်လာတဲ့​အခါ တခြား​အလုပ်အကိုင် အဆင်မ​ပြေတာ​ကြောင့်​ ဆိုက်ကား​ဆက်နင်း​တာလို့​ ဆိုပါတယ်။
စည်ပင်သာယာရဲကလည်း ​ တာဝန်အရဆိုပြီး​ ဖမ်း​ဆီး​တဲ့​အခါ အရပ်သား​တွေကပါ ဆိုက်ကား​သမား​တွေဘက်က ရပ်တည်​ပြောဆိုလာကြပြီး​ ရဲ​တွေပါ ဝင်​ရောက်ထိန်း​သိမ်း​ရတဲ့​ အ​ခြေအ​နေ ​ရောက်ခဲ့​တယ်လို့​ ဆိုပါတယ်။
Unknown at 9:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.