Friday, January 6, 2012
မြန်မာ သစ်လုံး တရားမ၀င်လမ်းကြောင်းကနေ တရုတ်ပိုမိုဝယ်ယူ
ပြည်ပကိုခိုးထုတ်နေတဲ့ သစ်ကားတစ်စီးကိုတွေ့ ရစဉ်
မြန်မာသစ်လုံးများအား နှစ်စဉ်တန်ချိန် သုံးသောင်းကျော်ကို အနည်းဆုံး ပမာဏထား၍ ကုန်းလမ်းမှတစ်ဆင့် ၀ယ်ယူလျက်ရှိကြောင်း တရုတ်အကောက်ခွန်နှင့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် CIFOR (Centre for International Forest-ry Research) မှ ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရှိရသည်။ အဆိုပါစာရင်းများအရ တရုတ်နိုင်ငံမှ မြန်မာ့ကုန်ကြမ်း သစ်လုံးများကို တရားဝင်လမ်းကြောင်းဖြစ်သည့် Yangon FOB မှလည်း ၀ယ်ယူလျက်ရှိကြောင်း၊ သို့သော် တန်ချိန်အားဖြင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ၀ယ်ယူမှုမှာ Yangon FOB မှ ၀ယ်ယူမှုထက် အနည်းဆုံး သုံးဆမှ ရှစ်ဆ ပိုမိုများပြားလျက်ရှိကြောင်း တွေ့ရှိရသည်။ ''အခုအချိန်မှာ EU နဲ့ USA တို့က စီးပွားရေး ပိတ်ဆို့ထားတဲ့အတွက် မြန်မာပြည်က ကုန်ကြမ်းသစ်လုံးတွေကို အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကိုပဲ တင်ပို့နေတာ ၁၀ စုနှစ်တစ်ခု ကြာပါပြီ။ အိန္ဒိယနိုင်ငံကို ကုန်ကြမ်းသစ်လုံးတွေ တင်ပို့တဲ့အခါမှာတော့ မြန်မာနိုင်ငံကနေ တရားဝင်လမ်းကြောင်းအတိုင်း Yangon FOB နဲ့ တင်ပို့တယ်။ တရုတ်နိုင်ငံနဲ့ ပတ်သက်ရင်တော့ အချက်အလက်တွေ အများကြီးတွေ့ရတယ်။ တရုတ်က Yangon FOB နဲ့ Legal Trade အတိုင်း ၀ယ်တာလည်း ရှိတယ်။ ကုန်းလမ်းနဲ့ ၀ယ်ယူနေတာတွေလည်း အများကြီး တွေ့ရတယ်။ သိရသလောက်တော့ ကုန်းလမ်းနဲ့ဆိုရင် ကချင်ပြည်နယ်ကနေတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို တိုက်ရိုက်ရောင်းချ ၀ယ်ယူနေတယ်။ နောက်ရွှေလီကနေတစ်ဆင့် သွားနေတာလည်း ရှိတယ်။ ဒါက ကျွန်တော်တို့ သိရသလောက် ဖြစ်ပါတယ်။ တခြားလမ်းကြောင်းကနေ ၀ယ်ယူနေတာလည်း ရှိပါတယ်'' ဟု ပြည်တွင်း သစ်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။ လက်ရှိအချိန်တွင် ကုန်ကြမ်းသစ်လုံးများအား အလုံးလိုက် ပြည်ပသို့ တင်ပို့ရောင်းချနေမှုမှာ ပြည်တွင်း သစ်ထုတ်လုပ်မှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းနှင့် အထက်တွင် ရှိနေပြီး ကျန်ရှိသည့် ၁၀ ရာခိုင်နှုန်း အောက်ကိုသာ သစ်အချောထည်အဖြစ် ထုတ်လုပ် ရောင်းချနိုင်ကြောင်း သိရသည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ၀န်ကြီးဌာနများအလိုက် ၀င်ငွေလျာထားချက် သတ်မှတ်ထားခြင်းအပေါ် ပြည့်မီအောင် ဆောင်ရွက်ရခြင်း အချက်ကြောင့်ဖြစ်ကြောင်းနှင့် နှစ်စဉ် ၀င်ငွေလျာထားချက် ပြည့်မီစေရန် သစ်လုံးတင်ပို့မှုကို ပိုမိုဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သစ်လုပ်ငန်းရှင်များနှင့် သစ်တောပညာရှင်များ၏ သုံးသပ်ချက်အရ သိရှိရသည်။ ''နယ်စပ်က သွားတာတွေက တရားမ၀င် လမ်းကြောင်းဖြစ်လို့ သယံဇာတတွေ ဆုံးရှုံးတဲ့အပြင် နိုင်ငံတော် ၀င်ငွေအနေနဲ့လည်း လုံးဝမရပါဘူး။ နောက်ပြီး တရုတ်က ဒါတွေကို အချောထည် ထုတ်လုပ်ပြီး ဈေးချိုချိုရောင်းချလို့ ဈေးကွက်ယှဉ်ပြိုင်ဖို့ ခက်ခဲစေတယ်။ ပုံမှန်ဈေးကွက်တွေလည်း ဆုံးရှုံးသွားစေပါတယ်'' ဟု သစ်လုပ်ငန်းရှင်များက သုံးသပ်ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
ဘကြီးသက်..........
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge
‹
›
Home
View web version
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge