Friday, January 6, 2012

မော်လမြိုင်ကျွန်းမြို့တွင် အမျိုးသမီးနှစ်ဦးအား ရက်ရက်စက်စက် သတ်ဖြတ်မှုဖြစ်ပွားခဲ့

မော်လမြိုင်ကျွန်းမြို့တွင် ငွေကျပ်သိန်း(၁၄၀)ရလိုမှုအတွက် အမျိုးသမီးနှစ်ဦးအား ရက်ရက်စက်စက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မော်လမြိုင်ကျွန်းမြို့ (၄)ရပ်ကွက် ၁၀ လမ်း အိမ်အမှတ် (၅၀) တွင် ငွေရလိုမှုအတွက် လုယက်၊ သတ်ဖြတ်မူ တစ်ခုဖြစ်ပွားခဲ့ပြီး အသက် ၅၈ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးနှင့် အိမ်ဖော်အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှ ဒီဇင်ဘာ ၃၁ရက်နေ့ နံနက် ၂နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်နှင့် အိမ်ဖော် နှစ်ဦးအား ရက်ရက်စက်စက်ထုသတ်ကာ ကျပ် သိန်း ၁၄၀ (ရွေ၊ ငွေအပါဝင်) ၀န်းကျင်ခန့် လုယူသွားခဲ့ကြောင်း သိရသည်။
“သေနေတာကို ကြည့်ရတာ ခေါင်းကို တူလို ပစ္စည်းမျိုးနဲ့  ထုရိုတ်ထားတဲ့ပုံပါ ” ဟု သေဆုံးသူ ဒေါ်ခင်သန်း၏ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
လူသတ်သမားမှာ ဒေါ်ခင်သန်း (အသက် ၅၈ ၀န်းကျင်) အား၎င်း၏ နေအိမ်အပြင်ဘက်တွင် ပြစ်ထားခဲ့ပြီး၊ အိမ်ဖော်ဖြစ်သူ မနေခြည်(အသက် ၂၁ ၀န်းကျင်)အား ခြံဝန်းအတွင်းရှိ ရေကန်အတွင်း ပစ်ထားခဲ့ကြောင်း သိရှိရသည်။
အဆိုပါလူသတ်မှုကို မော်လမြိုင်ကျွန်း စခန်းမှူး ဦးကြည်ဝင်းမှ ဆောင်ရွက်လျက်ရှိပြီး တရားခံဟု သံသယရှိသူ ဦးအေးမြင့် (အသက် ၅၀ ၀န်းကျင်) အား ပုဒ်မ ၃၉၂/ ၃၀၂ ဖြင့် အမူဖွင့်ထားကြောင်း သိရသည်။

Unknown at 9:38 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.