Friday, January 6, 2012

၆၆၅၆ ဦး မှာ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့် သာလွတ်

ကိုမင်းကိုနိုင်အကျဉ်းကျခံနေရသည့်သရက်အကျဉ်းထောင်
(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄(ခ)နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၂.၁.၂၀၁၂ ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါအမိန့်များအရ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအနက်မှ အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦးတို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ရရှိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ပြစ်ဒဏ်ပြောင်းလဲခံစားခွင့်အဖြစ် သေဒဏ်မှ ထောင်တစ်သက်သို့ ပြောင်းလဲကျခံရသူ အကျဉ်းသား ၃၁ ဦး၊ အကျဉ်းသူ ၂ ဦး၊ စုစုပေါင်း ၃၃ ဦး၊ ထောင်ဒဏ် ၃၀ နှစ်အထက်မှ ထောင်ဒဏ် ၃၀ နှစ်သို့ ပြောင်းလဲသတ်မှတ်ခံရသူ အကျဉ်းသား ၉၈၈ ဦး၊ အကျဉ်းသူ ၁၃၀ ဦး၊ စုစုပေါင်း ၁၁၁၈ ဦး၊ ထောင်ဒဏ် ၂၀ နှစ်အထက်မှ ၃၀ နှစ်အထိ ပြစ်ဒဏ်မှ ထောင်ဒဏ် ၂၀ နှစ်သို့ ပြောင်းလဲသတ်မှတ်ခံရသူ အကျဉ်းသား ၂၃၀၀ ဦး၊ အကျဉ်းသူ ၄၀၂ ဦး စုစုပေါင်း ၂၇၀၂ ဦးနှင့် ထောင်ဒဏ် ၂၀ နှစ်အောက် ပြစ်ဒဏ်မှ ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ရက်အဖြစ် ခံစားခွင့်ရရှိသူ အကျဉ်းသား ၂၉၈၅၅ ဦး၊ အကျဉ်းသူ ၅၂၅၆ ဦး စုစုပေါင်း ၃၅၁၁၁ ဦး ရှိကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 3:15 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.