Friday, January 6, 2012

သူတို့ပြောတဲ့ မြန်မာပြည်က အင်တာနက်.......


အင်တာနက် အင်တာနက် မင်းဘယ်တော့များမှ တည်ငြိမ်နိုင်မှာလည်း အခုတော့ မင်းဟာတိမ်တွေလိုလည်းအရောင်ပြော
င်းလွယ်တယ် မိုးတိမ်တွေလိုလည်း ကောင်းချင်တဲ့နေရာကောင်းတယ် အခုတော့င့ါမှာ ကန္တာရကနေ မိုးမျှော်သလို မင်းရွာချရင်တောင် ခံယူစရာခွက်ရှာရအုံးမယ်လေ အော် အစကတည်းက မင်းမရှိဘူးဆိုတာကိုသာငါသိခဲ့ရင်မျှော်လင့်မိမှာမဟုတ်ဘူး အခုတော့ မင်းက ဆောင်တွင်းအိမ်မက်လို င့ါဆီကို အမှတ်မထင်လာပြီတော့ မှ ထားခဲ့ရက်လေတယ် ဘာပဲဖြစ်ဖြစ်လေ မျှော်လင့်ချက်တွေပေးတပ်တဲ့ မင်းကိုလည်းတခါတလေ ကျေးဇူးတင်မိပါတယ် တကယ်ဆို ငါမျှော်လင့်ချက်တွေပျောက်ကုန်ရင် ဘ၀ဟာဘယ်အဓိပ္ပာယ်ရှိတော့မလဲ ဒါကြောင့် မလာမှန်းသိပေမဲ့ မကောင်းမှန်သိပေမဲ့ မဖြစ်နိုင်သေးမှန်သိပါလျှက်နဲ့ မျှော်နေမိတယ်လေ
Unknown at 4:12 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.