Thursday, January 5, 2012

ဘယ်ဆီကိုရောက်နေလဲ ဆရာတော်...


၂၀၁၁ မှ ၂၀၁၂ သို့ ကူးပြောင်ခဲ့ပေပြီ
ပြောင်းမသွားသေးသော အရာ တို့သည် ရင်ထဲတွင် စွဲကျန်နေသေး၏
ကျွန်တော် ဘကြီးသက်သည်ပင် အသက်အရွယ် တော်တော်လေးရလာခဲ့ပေပြီ..
သြော်....နှစ်တွေ ဘယ်လိုပင်ကြာသော်လည်း မမေ့နိုင်သော အရာကားယခုထက်ထိပင် ..
အထက်မြန်မာပြည် မန္တလေး မစိုးရိမ် တိုက်သစ် ဟုဆိုလျှင် လူတိုင်းသိကြလိမ့်မည် ထင်ပါသည်...
မစိုးရိမ်တိုက်သစ် ဟုဆိုလိုက်လျှင် ဆရာတော် ဦးဝိစိတ္တ (၀ီရသူ) ကို လည်းမေ့ထားလို့မဖြစ်ပါ...
နှစ်တွေပြောင်းလဲ ခေတ်တွေပြောင်းလဲ လာခဲ့ပေပြီ...အကျဉ်းသားတွေလွှတ်ပေးနေသည်ဟုလည်းကြားနေရသည်..

ဆရာတော် ၀ီရသူ(မစိုးရိမ်) ဘယ်ရောက်လို့ ဘယ်ပျောက်နေသည်မသိ...
ယခုထက်ထိထိန်းသိမ်းခံထားနေရသည်လား ပြန်လွတ်လာပြီလား   မသိရသေးပါ...

ဆက်လက်ထိန်းသိမ်းခံထားရသည်ဆိုပါက အမြန်လွတ်မြောက်ပါစေဟု ...
ဆုတောင်းလိုက်ပါ၏....
ဆရာတော် ဘယ်ရောက်လို့ဘယ်ပျောက်နေသည်မသိ.....
သိရှိသောသူများ ဘကြီးသက်ကို လက်တို့ပြီးပြောပေးကြပါ လို့ .......ဖိမန္တက ပြုရင်..

                                ဘကြီးသက်.................
Unknown at 4:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယခင်အစိုးရလက်ထက် အမှုဟောင်းများ တိုင်ကြားနိုင်






ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အပါအ၀င် ယခင်အစိုးရ လက်ထက်က မည်သည့်အမှုဟောင်းများကို မဆို မိမိပြစ်ဒဏ် ကျခဲ့စဉ်က မမှန်ကန်၊ မမျှတခဲ့ကြောင်း၊ အဂတိ တရားများရှိခဲ့ကြောင်း အထောက်အထားခိုင်လုံစွာ တိုင်ကြားလာပါက ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက သက်ဆိုင်ရာ တရားလွှတ် တော်ရုံးများသို့ လွှဲအပ်ပြီး ပြန်လည် စိစစ် စေမည်ဟု ၎င်းကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီဇင်ဘာလ ၂၉ ရက် နေ့က မီဒီယာများကို ပြောသည်။
"အခုဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်း သားတွေလည်း ပြန်လွတ်လာတော့မှာပါ။ မှန်ကန်ပါလျက်နဲ့ နစ်နာမှုတွေရှိခဲ့တဲ့ အမှုဟောင်းတွေကို ကျွန်တော်တို့ဆီကို ပြန်တင်ပေးပါ။ ဆက်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ အဲဒီအမှု ဟောင်း တွေဟာ ငါးနှစ်ပဲကြာကြာ၊ ၁၀ နှစ်ပဲကြာကြာ ပြန်တင်ပေးပါ။ တစ်ခုတော့ရှိပါတယ်။ ကာလစည်းကမ်း သတ်မှတ်ချက်ရှိတဲ့ တရားမ မှုမျိုး၊ စည်ပင်သာယာ အက်ဥပဒေနဲ့ဆိုင်တဲ့ ဥပမာ-လမ်းပိတ်ဆို့မှုမျိုး စတာတွေကလွဲရင် ဘယ်အမှုဟောင်းတွေပဲဖြစ်ဖြစ် တင်ပေး လာရင် ဆောင်ရွက်ပေးပါမယ်"ဟု ၎င်းက ပြောသည်။
ထိုသို့ တိုင်ကြားစာများ၊ အသနားခံ စာများ ပေးပို့လိုပါက 'တရားစီရင်ရေး နှင့် ဥပဒေရေးရာကော်မတီ၊ ပြည်သူ့ လွှတ်တော်၊ နေပြည် တော်'ဟု လိပ်မူ၍ လည်းကောင်း၊ 'ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်' ဟု လိပ်မူ၍လည်းကောင်း၊ သို့ တည်း မဟုတ် နှစ်ခုစလုံးသို့ လည်းကောင်း ပေးပို့နိုင်ကြောင်း ၎င်းက ပြောသည်။
"ဒီနေ့အထိ တိုင်ကြားလာတဲ့ အမှု ပေါင်း ၁၀၀ ခန့် ရှိပါတယ်။ အထောက် အထား အချက်အလက်ခိုင်လုံတဲ့ အမှု က ၆၉ ခုရှိပါတယ်။ ကော်မတီအနေနဲ့ တရားမျှတမှုနဲ့ ပြည်သူ့မျက်နှာကိုပဲ ကြည့်ပြီး ဆောင်ရွက်နေပါတယ်"ဟု ၎င်းကော်မတီအဖွဲ့ဝင်တစ်ဦးက ပြော ကြားသည်။
စိုးသန်းလင်း  (မြန်မာ့တိုင်းမ်)








Unknown at 4:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စည်သူဂုဏ်ထူးဆောင်ဘွဲ့ကို အနုပညာရှင် အများအပြားရရှိ

ဇန်န၀ါရီလ ၄ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြေညာစာအမှတ် (၂/၂၀၁၂) အရ ဂုဏ်ထူးဆောင် ဘွဲ့များနှင့် ဂုဏ်ထူး ဆောင်ဆုတံဆိပ် ရရှိသူများစာရင်းတွင် စည်သူဘွဲ့ချီးမြှင့်ခံရသူ ၃၀ ဦးတွင် စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်များမှ အနုပညာရှင် ၂၅ ဦး ပါဝင်သည်။ အဆိုပါဆုကို စာပေနယ်ပယ်မှ ဦးလှ ကြိုင် (ပါရဂူ)၊ ဦးထင်ဖတ် (မောင်ထင်)၊ ဦးဌေးမောင် (ဌေးမောင်)၊ ဦးလေးမြိုင် (လေးမြိုင်)၊ ဒေါ်ရင်ရင် (စောမုံညင်း)၊ ဒေါ်ကြန်(မကြန်)၊ ဦးကြည်အေး (ဆင် ဖြူကျွန်းအောင်သိန်း)၊ ဒေါက်တာ ကျော်စိန်၊ ဒေါက်တာ ခင်မောင်ညွန့်၊ ဒေါက်တာသော်ကောင်း၊ ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)၊ ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)၊ ဂီတနှင့် သဘင် နယ်ပယ်မှ ဘိုကလေးတင့်အောင်၊ ဦးရွှေနန်းတင်၊ ဦးမောင်မောင်ကြီး၊ ဦးမင်းနောင်၊ ဒေါ်တင်တင်မြ၊ ဒေါ်သင်းသင်းမြတ်၊ ဒေါ်တင် တင်အေး(ထား)၊ ဒေါ်နွဲ့ နွဲ့စန်း၊ ဦးစိန်ဘမော်၊ ဒေါ်စန်းရင် (စံရှားတင်) နှင့် ရုပ်ရှင်နယ်ပယ်မှ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်မြင့်မြတ်နှင့် ဦးကြည်စိုးထွန်း တို့ ရရှိခဲ့သည်။
ယခုကဲ့သို့ စည်သူဘွဲ့ကို အနုပညာရှင် အမြောက်အမြားရရှိခြင်းမှာ ယခင်က မရှိခဲ့ဖူးဟု စာရေးဆရာ မောင်ဝံသက ပြောသည်။
"အရင်ကတော့ ဉာဏပညာဘက်မှာ ထူးချွန်သူတွေကို ၀ဏ္ဏကျော်ထင်ဘွဲ့ ပေးတာတွေ ရှိပါတယ်။ ကျွန်တော် သိသလောက်တော့ ခုလို စည်သူဘွဲ့ကို အနုပညာရှင်တွေ အများကြီးရတာကတော့ ပထမဆုံးဖြစ်မယ်ထင်တယ်"ဟု ဆရာ မောင်ဝံသက ဆိုသည်။

Unknown at 4:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လှည်းတန်းဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ နှစ်ဦး ဖမ်းဆီးထား၊ ဖောက်ခွဲပစ္စည်းများ သိမ်းဆည်းရမိ

မင်းသုနောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၀ ( ၃၀ ၊ ၁၂ ၊ ၂၀၁၁ - ၅ ၊ ၁ ၊ ၂၀၁၂)

စိုင်းတင်မင်းကို လွှင့်ပစ်ခဲ့သော အလျား ၂ ဒသမ ၅ လက်မ၊ အနံ နှစ်လက်မ၊ ထုတစ်လက်မခန့်ရှိ ဒီတိုနေတာပါ ဃ-၄ ယမ်းတုံးအား ရေငုပ်ကျွမ်းကျင်သူက ဆယ်ယူခဲ့စဉ်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၉) ရပ်ကွက်၊ ပြည်လမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းထောင့်ရှိ အများပြည်သူသုံး သန့်စင်ခန်းစင်္ကြံ ငွေကောက် ကောင်တာအောက်မှ ပေါက်ကွဲမှုနှင့် ပတ်သက်၍ အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်နေ သန့်ရှင်ရေး လုပ်သား မမြစန်းရီ သေဆုံးပြီး ကမာရွတ် မြို့နယ်နေ ငွေကောက်အလုပ်သမား မခင်မြတ်နွယ်မှာ ဒဏ်ရာရခဲ့သော မှုခင်း တစ်ခု ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
ယင်းသို့ ပေါက်ကွဲမှုဖြစ်စေပြီး လူကို သေဆုံးဒဏ်ရာရစေခဲ့သူများအပေါ် စုံစမ်းအရေးယူပေးရန် အမှုစစ်ရဲအရာရှိ က တရားလိုပြုလုပ် တိုင်တန်း မှုအား ကမာရွတ်ရဲစခန်းက (ပ)၄၀၀/ ၂၀၁၁ ပေါက်ကွဲအက်ပုဒ်မ ၃ ဖြင့် ၂၁-၁၂- ၂၀၁၁ နေ့တွင် လည်းကောင်း၊ ကမာရွတ်ရဲစခန်း (ပ)၄၀၁/ ၂၀၁၁ ပြစ်မှုပုဒ်မ ၃၀၂/၃၀၇/၃၂၆ ဖြင့် ၂၁-၁၂-၂၀၁၁ နေ့တွင်လည်းကောင်း အသီးသီး အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ရရှိခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက် နံနပ် ၆ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ သောင်ပြင်(၁)ရပ်ကွက်နေ စိုင်းတင်မင်းထွန်း (ခ)သားကြီး (၃၁ နှစ်)ကို ပဲခူးတိုင်း ဒေသကြီး သုံးဆယ်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
စိုင်းတင်မင်းထွန်းအား စစ်ဆေးဖော် ထုတ်ချက်အရ မြောက်ဥက္ကလာပမြို့ နယ်၊ (ဋ)ရပ်ကွက် စိန်ချယ်ရီလမ်းနေ အစ်ကိုဖြစ်သူ စိုင်းတင်မင်းကို (ခ) သက်လင်း (၃၄ နှစ်)အိမ်၌ မိုင်းနှစ်လုံး ထားခဲ့ကြောင်း သတင်းရရှိခဲ့သည်။
အဆိုပါသတင်းအရ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြောက် ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့က စိုင်းတင်မင်းကို (ခ) သက်လင်း၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေ စစ်ဆေး ခဲ့သည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီခွဲခန့်က ၎င်း၏ညီဖြစ်သူ စိုင်းတင်မင်းထွန်း ရောက်လာပြီး ကွန်ပါဘူးဖြင့် ပြုလုပ်ထားသည့် မိုင်းတစ်လုံးအလွတ် ပါလာကြောင်း၊ အသက်သွင်းထားသည့် ၀ိုင်ယာကြိုးများကို ကတ်ကြေးဖြင့် ဖျက်ဆီးမီးရှို့ခဲ့ကြောင်း၊ ဆက်စပ် ပစ္စည်းများကို နံနက် ၄ နာရီခွဲခန့်တွင် ငါးစဉ် ချောင်းအတွင်း လွှင့်ပစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
စိုင်းတင်မင်းကိုနှင့် စိုင်းတင်မင်းထွန်း တို့ နှစ်ဦးအား ဝေဘာဂီရဲစခန်းက (ပ)၅၅၁/၁၁ ပေါက်ကွဲအက်ပုဒ်မ ၃ ဖြင့် ၂၁-၁၂-၂၀၁၁ နေ့တွင် အမှုဖွင့် အရေးယူထားပြီး အမှုတွင်ပါဝင်သူများကို ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Unknown at 4:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နယ်စပ်ဖြတ်ကျော် သုံးစွဲသည်ဟု သံသယရှိသည့် မိုဘိုင်းဖုန်းအချို့ လိုင်းပိတ်ခံထားရ

Photo
နယ်စပ်ဖြတ်ကျော် ဖုန်းသုံးစွဲသည်ဟု သံသယနှင့် ပိတ်ပင်ထားသည့် ဖုန်းလိုင်းအချို့ရှိကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း CDMA 450 MHz သတင်းအချက်အလက် မေးမြန်းသည့် ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုလတွင် ဖုန်းသုံးစွဲခ ၁ သိန်း ကျော်သည့် မိုဘိုင်းဖုန်းများ ရက်ရှည် ပိတ်ပင်ခံထားရခြင်းများ ဖြစ်ပေါ်လာခြင်းကြောင့် အဆိုပါ သတင်းပြန်ကြားရေး ဌာနအား မေးမြန်းခဲ့ရာတွင် ထိုဌာနမှ တာဝန်ရှိသူက ယင်းကဲ့သို့ နယ်စပ်ဖြတ်ကျော် သံသယဖြင့် ဖုန်းပိတ်ပင်ထားမှု ရှိကြောင်း၊ အမှန်တကယ် ဖုန်းလိုင်း ပိတ်ပင်ခံထားရပါက သက်ဆိုင်ရာ ပြည်နယ် ဆက်သွယ်ရေးကို သွား၍ ဖုန်းသုံးစွဲခ ဘာကြောင့် ကုန်ကျသည်ကို ဖြေရှင်းချက် တင်ပြရမည် ဖြစ်ကြောင်း၊ ၎င်းဖြေရှင်းချက် မှန်ကန်ပါက ဖုန်းလိုင်း ပြန်လည် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

၁ လအတွင်း ဖုန်းသုံးစွဲခ ၁ သိန်းကျော်၍ မိုဘိုင်းဖုန်းများ ရက်ရှည်လများ အပိတ်ခံထားနေရသည့် တာချီလိတ်မြို့မှ မခင်မာသန်းက “အောက်တိုဘာလ ကတည်းက အပိတ်ခံ လိုက်ရတာပါ။ ဖုန်းပြောနေရင်း လိုင်းပြတ်သွားတယ်။ ပြန်ခေါ်တော့လည်း မရတော့ဘူး။ အခု အချိန်အထိကို ဆက်လို့ မရသေးဘူး။ တစ်လကိုတော့ တစ်သိန်း ဝန်းကျင်လောက် ဖုန်းအသုံးပြုပါတယ်။ ဒါကလည်း လုပ်ငန်းအရ သုံးတာပါ။ ဘာအတွက်ကြောင့် လိုင်းပိတ်တယ် ဆိုတာတော့ အခုအချိန်အထိ မသိရသေးပါဘူး။ တော်တော်များများ ဖုန်းသုံးစွဲမှု များတဲ့ ဖုန်းတွေ ပိတ်ပင် ခံထားရပါတယ်” ဟု ပြောသည်။ ယင်းသို့ ဖုန်းလိုင်း ပိတ်ပင်ခံရသည့် ဖုန်းများတွင် ၅ သိန်းတန် မိုဘိုင်းဖုန်းများ ဖြစ်သော CDMA 450 MHz များမှာ အများဆုံး ပိတ်ပင် ခံထားနေရပြီး ၁၅ သိန်း ၅ သောင်းတန် GSM ဖုန်းများနှင့် WCDMA ဖုန်းအချို့ ပါဝင် နေကြောင်း သိရသည်။

GSM ဖုန်းအသုံးပြုသူ တစ်ဦးက “ဆက်သွယ်ရေးမှာလည်း ကြိုတင် ငွေသွင်းထားပါတယ်။ အခု ဖုန်းဘီလ်နဲ့ သုံးစွဲခ မလုံလောက်လို့ ဖုန်းလိုင်း ပိတ်တာတော့ လက်ခံပါတယ်။ ဖုန်းဘီလ်နဲ့ သုံးစွဲတာ လုံလောက်ရဲ့သားနဲ့ လိုင်းပိတ်တာတော့ မပြောတတ်တော့ဘူး။ ဆက်သွယ်ရေးရုံး သွားမေးတော့ လိုင်းပြန်စစ်ပေးမယ်လို့ ပြောတယ်။ အခုအချိန်အထိ ဖုန်းလိုင်း ပိတ်ပင် ခံထားနေရပါတယ်” ဟု ပြောသည်။ ထိုသို့ ဖုန်းလိုင်း ပိတ်ခံရသော ဖုန်းအများစုမှာ ရန်ကုန်အခြေစိုက် မြို့ကြီးများတွင် ပိတ်ပင်ခံရမှု နည်းပါးကာ အများစုမှာ နယ်စပ်မြို့များတွင် အများဆုံး ဖြစ်ပွားလျက်ရှိပြီး ယင်းတို့အနက် တာချီလိတ်မြို့နှင့် ကော့သောင်းမြို့များတွင် ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ လက်ရှိကာလတွင် နယ်စပ်မြို့များ၌ မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အချို့မှာ တရားမဝင် နယ်ကျော် ဖုန်းပြောဆိုမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ မိုဘိုင်းဖုန်းများ လိုင်းပြတ်တောက်မှု ဖြစ်ပေါ်လာပါက လက်ရှိတွင် စုံစမ်း မေးမြန်းနိုင်သည့် ဌာနများမှာ CDMA 800 MHz ဖုန်းဆိုလျှင် ၀၉-၇၃၀၀၀၀၀၀ နှင့် CDMA 450 MHz ဆိုလျှင် ၀၉-၈၆၀,၀၀၀,၀၀ နံပါတ် တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။      
Unknown at 10:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တပ် ဘာကြောင့် သမ္မတအပေါ် ရောက်နေလဲ

ကာချုပ် မင်းအောင်လှိုင်
ဒိန်ဖန်ခူး ရေးသည်။

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ)အဖွဲ့ဟာ တိုင်းပြည်ရဲ့ တခြားလုံခြုံရေးရာ ကိစ္စတွေကို ဘယ်လိုဆုံးဖြတ်မယ်မသိရသေးပေမဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စမှာ တော်တော် အရေးပါလာတာ တွေ့ရပါတယ်။

သာမန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ (power to grant amnesty) မှာသာ နိုင်ငံတော်သမ္မတဟာ ကာလုံအဖွဲ့ရဲ့ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အခြေခံဥပဒေ ပုဒ်မ ၂၀၄(ခ)မှာဆိုထားတဲ့အတွက် ကာလုံရဲ့ အခန်းကဏ္ဍဟာ ပုဒ်မ ၂၀၄(ခ)နဲ့သာ အကျုံးဝင်တယ်လို့ နားလည်ထားကြပါတယ်။

ပုဒ်မ ၂၀၄(က) ကတော့ သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လိုကိစ္စမှာ ကာလုံထောက်ခံချက်မလိုဘဲ သမ္မတက လုပ်ပိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။

ကာလုံက သမ္မတအထက်ရောက်နေ

လက်တွေ့မှာ ၂၀၁၂ ခု ဇန္န၀ါရီ ၂ ရက်နေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ခေါင်းစဉ်သာ လွှတ်ငြိမ်းချမ်းသာခွင့်အမည်တပ်ထားပေမဲ့ ပြစ်ဒဏ် သက်သာအောင် လျှော့ပေါ့တာတွေ ဖြစ်နေလို့ ပုဒ်အ ၂၀၄(က)နဲ့သာ အကျုံးဝင်တယ်လို့ ရှေ့နေအတော်များများက မှတ်ယူကြပါတယ်။

သတင်းစာမှာ အမိန့်အပြည့်အစုံထွက်လာတော့မှ ခေါင်းစဉ်က ပုဒ်မ ၂၀၄(ခ) ဖြစ်နေပီး အမိန့်စာသားက ပုဒ်မ ၂၀၄(က) ဖြစ်နေတာတွေ့ရပါတယ်။

ဒါကြောင့် ကာလုံအဖွဲ့ဟာ အခြေခံဥပဒေ ပုဒ်မ ၂၀၄(က)(ခ) ၂မျိုးလုံးကို စွက်ဘက် ကျင့်သုံးနေတဲ့အတွက် သမ္မတဥိးသိန်းစိန်ထက် ပိုပီး လက်စောင်းထက်နေတယ်လို့ ယူဆနိုင်ပါတယ်။

တည့်တည့်ပြောရရင် ကာလုံအဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်အထက်မှာ ရှိနေတာ ထင်ရှားလာပါတယ်။ တနည်းပြောရရင် ကာလုံအဖွဲ့ဝင် ၁၁ ဦးမှာ စစ်ဗိုလ်က ၆ ဦးပါနေတာမို့ ဦးသိန်းစိန်ရဲ့အထက်မှာ အခြခံဥပဒေအရ စစ်တပ်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

ကာလုံမှာ စစ်တပ်က ဘာကြောင့် ၆ မဲအသာရနေလဲ

ကာလုံအဖွဲ့ဝင် ၁၁ ဦး

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ဘယ်နှစ်ဦးပါသလဲပြန်ကြည့်ရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်-ဒု ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသိန်းဌေးတို့  ၅ ဦးဟာ စစ်ယူနီဖောင်းဝတ် စစ်အရာရှိတွေဖြစ်ပါတယ်။

ဒါပေမဲ့ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကလဲ ကြံ့ဖွံအမတ်တွေက တင်မြှောက်တဲ့ ဒုသမ္မတမဟုတ်ဘဲ ကာကွယ်ရေးဦးစိးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ထိန်းချုပ်ထားတဲ့ ၂၅ ရာနှုန်း စစ်ဗိုလ်အုပ်စုက တင်မြှောက်တဲ့ ဒုသမ္မတမို့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ မဲ အသာစီး ရထားတဲ့သဘော ဖြစ်ပါတယ်။ တွက်ကြည့်ရင် ကာလုံရဲ့  ၅၅%က စစ်တပ်က စစ်ဗိုလ်တွေသာ ဖြစ်နေပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ သာ ဆက်ပီး အတည်ဖြစ်နေမယ်ဆိုရင် နောင်လာမဲ့ ဒုတိယ ၅ နှစ်သက်တမ်းလွှတ်တော် တတိယ ၅ နှစ်သက်တမ်းလွှတ်တော်စတဲ့ လွှတ်တော်သက်တမ်း အသီးသီးမှာလဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က အမြဲတန်း ၆မဲ အသာစီးရနေအုံးမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ကျန်အဖွဲ့ဝင် ၅ ဦးမှာ ဒုသမတ စိုင်းမောက်ခမ်းကလွဲရင် ကျန်လေးဦးက အရပ်ဝတ်လဲထားတဲ့ စစ်ဗိုလ်လူထွက်တွေဖြစ်နေလို့ ဒီ ၅ ဦးလုံးကို အရပ်သားလို့ ထားတွက်ကြတာဖြစ်ပါတယ်။

တနည်းပြောရရင်  အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးမှာ သမ္မတက ဥက္ကဌလို့ဆိုပေမဲ့ လက်တွေ့မှာ စစ်တပ်က ၆မဲအသာစီးရထားတဲ့အတွက် တကဲ့ဆုံးဖြတ်ခွင့် အာဏာက သမ္မတ ဦးသိန်းစိန်လက်မှာမရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထဲမှာသာ ရှိပါတယ်။ ဒါကြောင့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ကာကွယ်ရေးဦးစီးချုပ် ထိန်းချုပ်ထားတဲ့အဖွဲ့အစည်းလို့ နိုင်ငံတကာ အဖွဲ့အစည်းတချိုံက ယူဆတာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ ပတ်သက်ပီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့သဘောထားဘာလဲ- သူ့သဘောနဲ့သူ ဆုံးဖြတ်နိုင်စွမ်းရှိသလား-နောက်ကွယ်မှာ ဦးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှု ရှိနိုင်သလားဆိုတဲ့ အချက်တွေလဲ စဉ်းစားစရာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်ဘို့ လိုသလား

အထူးသဖြင့် ကာကွယ်ရေးဦးစိးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အရေးပါမှုဟာ တိုင်းပြည်မှာ အရေးပေါ်အခြေအနေ ကြေငြာတဲ့အပိုင်းမှာ ပိုပီး ပေါ်လွင်လာပါတယ်။

အရေးပေါ် အခြေအနေတောင်မှ ၂ မျိုးရှိပါတယ်။

ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ထိပါးစေမဲ့ အရေးပေါ်အခြေအနေမျိုးဆိုရင် သမတ ဦးသိန်းစိန်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးလုံးနဲ့ ညှိနေစရာမလိုဘဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကို ၄ ဦးနဲ့ညှိပီး အရေးပေါ်အခြေအနေ ထုတ်ပြန်နိုင်တယ်လို့ အခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။

တနည်းပြောရရင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်းနဲ့ ပြည်ထဲရေးဝန်ကြီး
ဒု ဗိုလ်ချုပ်ကြီးကိုကိုတို့ ၂ ဦးဟာ အရေးပေါ်အခြေအနေ ကြေငြာနိုင်တဲ့ ၀န်ကြီးတွေမို့ ၀န်ကြီးအဖွဲ့မှာတောင် တခြားဝန်ကြီးတွေထက် အာဏာပိုကြီးမားတဲ့ ၀န်ကြီးတွေ ဖြစ်လာမဲ့အဓိပ္ပါယ် ဖြစ်ပါတယ်။

နောက်အရေးပေါ်အခြေအနေကတော့ ပြည်ထောင်စုပြိုကွဲမဲ့အန္တရယ်၊ တိုင်းရင်းသားစည်းလုံးမှုပြိုကွဲမဲ့အန္တရယ်နဲ့ အချုပ်အချာအာဏာ လက်လွှတ်ရမဲ့အခြေအနေမျိုးရောက်အောင် ဆူပူသောင်းကျန်းမှုတွေဖြစ်ပီဆိုရင် သမ္မတ ဦးသိန်းစိန်က အချိန်၁ နှစ်ကြာမဲ့ အရေးပေါ်အခြေအနေ ကြေငြာပီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အာဏာကြီး ၃ ရပ် လွှဲအပ်ပေးရမယ်လို့ အခြေခံဥပဒေနဲ့ ပြဌာန်းထားပါတယ်။ (အများထင်သလို ကာကွယ်ရေး ဦးစီးချုပ်က အာဏာသိမ်းစရာမလိုဘဲ အခြေခံဥပဒေအရ သမ္မတကလွှဲပြောင်း အပ်နှင်းပေးမဲ့ အာဏာကြီး ၃ ရပ်ကို လက်ခံယူဘို့ ထိုင်နေရုံသာ လိုပါတယ်)။ တနှစ်ပြည့်ပီးလို့ နောက်ထပ် အချိန်တိုးပေးဘို့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တောင်းခံလာရင် ၆ လ သက်တမ်း ၂ ကြိမ်ထိ သမ္မတ ဦးသိန်းစိန်က တိုးပေးရမှာဖြစ်ပါတယ်။

သဘောကတော့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေဖြစ်လာရင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ၂ နှစ်ထိ အခြေခံဥပဒေအရ တရားဝင် အာဏာသိမ်းထားခွင့်ရှိအောင် အခြေခံဥပဒေနဲ့ ကျားကန်ပေးထားတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတဖွဲ့လုံးကို ထိန်းချုပ်ထားတဲ့ပြင် တိုင်းပြည်အာဏာကို တရားဝင် ၂ နှစ် အာဏာသိမ်းခွင့်ရှိတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေနဲ့ ဦးသန်းရွှေရဲ့သြဇာကလွတ်အောင် ဦးနေ၀င်းအပေါ် ဦးသန်းရွှေ လုပ်ခဲ့သလို ဦးသန်းရွှေနဲ့ မိသားစုကို အကျယ်ချုပ်ချတဲ့ထိ အာဏာစက်ပြဘို့ကြိုးစားမလားဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သမတနဲ့ ကာလုံ

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မှာ သမတရဲ့ လုပ်ပိုင်ခွင့်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို အပြန်အလှန်ထိန်းကျောင်းပေးထားတယ်လို့ နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute (TNI) က ယူဆပါတယ်။ ဥပမာအားဖြင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် သမတဟာ ကာကွယ်ရေး ဦးစီးချုပ် ထိန်းချုပ်ထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို တိုင်ပင်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ (တိုင်းပြည်ရဲ့ သတ်မှတ်နေရာတွေမှာ သတ်မှတ်ကာလအတွင်း) ကာကွယ်ရေး ဦးစီးချုပ်ကို အုပ်ချုပ်ရေး အာဏာ တရားစီရင်ရေး အာဏာပေးထားမဲ့ အရေးပေါ် အခြေအနေ ကြေငြာမဲ့ ဆုံးဖြတ်ချက်မျိုးဆိုရင်လဲ သမတကသာ ဆုံးဖြတ်နိုင်ပါတယ်။

ခုလို အပြန်အလှန် ထိန်းကျောင်းပေးထားတဲ့အတွက် သမတနဲ့ ကာကွယ်ရေး ဦးစီးချုပ် ၂ ဦးအနက် တဦးဦးက အာဏာကို အလွန်အကျွံ သုံးတာမျိုးမဖြစ်ဘို့အပြင် နောက်ထပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အာဏာရှင်မျိုး မပေါ်အောင် တားမြစ်ထားတဲ့သဘောလို့ TNI က ယုံကြည်ပါတယ်။  ဒါမှလဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ခြိမ်းခြောက်မှု ကင်းပြီး စိတ်ချလက်ချ တပ်က အနားယူနိုင်မှာဖြစ်တယ်လို့ပါ TNI က ယူဆပါတယ်။

စစ်အစိုးရ အခြေခံဥပဒေကိုကြည့်ရင် အုပ်ချုပ်ရေးအာဏာကို သမတ ခေါင်းဆောင်တဲ့ အစိုးရနဲ့ ကာကွယ်ရေး ဦးစီးချုပ်ထိန်းချုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကြား ခွဲဝေထားပါတယ်။ ဥပဒေပြုရေး အာဏာကိုတော့ ရွေးကောက်ခံ အမတ်တွေနဲ့ စစ်ဗိုလ်အမတ်တွေကြား ခွဲဝေထားပါတယ်။

ခင်ရတနာ (Facebook)
Unknown at 10:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လေးစားပါတယ် ဒေါ်မာလာဝင်း

Myanmar Express မှာအောက်ပါပုံတွေကို တင်ထားတယ်...ဘကြီးသက် ကတော့ ကြည့်စေချင်လို့ ပြန်လည်မျှဝေလိုက်တယ်...




Unknown at 9:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာဘွဲ့လွန်များ စင်ကာပူတွင် နေထိုင်အလုပ်ရှာခွင့်စနစ် ဖျက်သိမ်း


မြန်မာဘွဲ့လွန်များ စင်ကာပူတွင် နေထိုင်အလုပ်ရှာခွင့်ရှိသည့် EPEC စနစ်ကို ရုပ်သိမ်းလိုက်ပြီဟု စင်ကာပူအစိုးရက ထုတ်ပြန်လိုက်သည်။
စင်ကာပူ အစိုးရ၏ အသိအမှတ်ပြုမှုတွင် မြန်မာဘွဲ့လွန်များ ပါဝင်ပြီး တစ်နှစ်နေထိုင် အလုပ်ရှာခွင့်ရှိသောEPEC (Employment Pass Eligibility Certificate) စနစ် ကို လျှောက်ထားခွင့်ရှိကြောင်း မြန်မာဘွဲ့လွန်များမှာ စင်ကာပူတွင် ကျောင်းဆက်လက် တက်ရောက်ခြင်းမရှိဘဲ အလုပ်ရှာရန်အတွက်သာ အများဆုံးသွားရောက် ကြကြောင်း ပညာရေးအတိုင်ပင်ခံ ဒေါ်စိမ်းဝတ်ရည်က ပြောသည်။
”ဒီစနစ်က တစ်နှစ်ပဲပေးပေမယ့် နှစ်နှစ်အထိ နေထိုင်အလုပ်ရှာခွင့်ရတဲ့ သဘောရှိပါတယ်။ ဆိုလိုတာက ဒီစနစ်ကို လျှောက်ထားရင်းနဲ့ နေထိုင်ခွင့်ရတာကြောင့်ပါ။ ဒီစနစ် ဖျက်လိုက်တဲ့အတွက် အဓိကထိမှာက စင်ကာပူသွားမယ့် မြန်မာဘွဲ့လွန် တွေပဲ”ဟု ၄င်းကဆက်လက်ပြောသည်။
ယင်းစနစ် ဖျက်သိမ်းလိုက်ရခြင်းမှာ ၂ဝ၁ဝ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများက အလုပ်အကိုင် အခွင့်အရေးနှင့်ပတ်သက်၍ အစိုးရအပေါ် ဖိအားပေးတောင်းဆိုမှု၏ ရလဒ်တစ်စိတ်တစ်ဒေသဖြစ်နိုင်သည် ဟု ပညာရေးအတိုင်ပင်ခံ ဦးအောင် ကျော်ဆန်းက ပြောသည်။
EPEC စနစ်အစား သုံးလသက်တမ်းရှိပြီး ထပ်မံသက်တမ်း တိုးခွင့်မရှိသည့် LTVP (Long Term Visit Pass) ကိုသာ ထုတ်ပေးမည်ဖြစ်ပြီး အဆင့်မြင့် ပညာရေးကျောင်းများမှ ကျောင်းပြီးထားသူဆိုပါက တစ်နှစ်အထိ နေထိုင်ခွင့်ရှိသည့် LTVPကို ပေးအပ်မည်ဟု အစိုးရက ကြေညာထားကြောင်း စင်ကာ ပူရောက် မြန်မာကျောင်းသားအချို့က ဆက်သွယ်ပြောကြားသည်။
ယင်းသို့ အပြောင်းအလဲသည် နိုင်ငံတကာ ကျောင်းသားများနှင့် နိုင်ငံတကာ လုပ်သားတို့အတွက် ပြင်းထန်သည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်သလို စင်ကာပူတွင် ကျောင်း တက်ရောက်မည့် မြန်မာများအတွက်ပါ ပို၍ စဉ်းစားရွေးချယ်စရာတစ်ခု တိုးလာနိုင်သည်ဟု ပညာရေး အတိုင်ပင်ခံအချို့က သုံးသပ်သည်။
”Edu Trust လက်မှတ်ရှိမှ ဖြစ်မယ်ဆိုတဲ့ ကျောင်းကနေနေထိုင် အလုပ်ရှာခွင့်ရမယ့် ကျောင်းဖြစ်ရမယ်ဆိုတဲ့  ၂ မျိုးစလုံးဖြစ်မယ့်ကျောင်းကို မြန်မာကျောင်း သားတွေရွေးမှ ရတော့မယ်။ ဒီလိုမှမဟုတ်ရင်တော့ မျှော်လင့်ချက် ဝေးသွားဖို့ လမ်းပိုများ သွားစေလိမ့်မယ်”ဟု ပညာရေး အတိုင်ပင်ခံတစ်ဦးက ဆိုသည်။
ယနေ့ စင်ကာပူရောက် မြန်မာ အများစုတို့မှာလည်း ပညာရေးအပါအဝင် လုပ်ငန်းခွင်ဖိအားများကို ရင်ဆိုင်နေကြရကာ EPEC စနစ် ဖျက်သိမ်းလိုက်မှုကလည်း တစ်ပူပေါ် နှစ်ပူဆင့်သကဲ့သို့ ဖြစ်သွားစေသည် ဟု စင်ကာပူမှသင်္ဘောကျင်း လုပ်သားကိုရဲထွဋ်က ဆိုသည်။

ပေါ်ပျူလာဂျာနယ်
Unknown at 9:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"အဲဒီအခန်းဖြတ်" ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆု ရရှိ

လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဆုပေးပွဲ အခမ်းအနားကို ယနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) ညနေ ၆ နာရီက တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်လျက် ရှိရာ ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆုကို ဒါရိုက်တာ ဝိုင်း၏ "အဲဒီအခန်းဖြတ်" ဇာတ်ကား၊ အကောင်းဆုံး မျက်နှာသစ် ဒါရိုက်တာဆုကို ဒါရိုက်တာ အောင်ဇော်မိုး (Still in Dark ဇာတ်ကား)၊ အကောင်းဆုံး Animation ဆုကို ဒါရိုက်တာ ဇော်ဘိုဘိုဟိန်း (Unity & Freedom ဇာတ်ကား) တို့က ဆွတ်ခူး ရရှိသွားကြောင်း အဆိုပါပွဲသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ 
Unknown at 9:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.