Thursday, January 5, 2012

လှည်းတန်းဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ နှစ်ဦး ဖမ်းဆီးထား၊ ဖောက်ခွဲပစ္စည်းများ သိမ်းဆည်းရမိ

မင်းသုနောင်
အတွဲ ၂၈ ၊ အမှတ် ၅၅၀ ( ၃၀ ၊ ၁၂ ၊ ၂၀၁၁ - ၅ ၊ ၁ ၊ ၂၀၁၂)

စိုင်းတင်မင်းကို လွှင့်ပစ်ခဲ့သော အလျား ၂ ဒသမ ၅ လက်မ၊ အနံ နှစ်လက်မ၊ ထုတစ်လက်မခန့်ရှိ ဒီတိုနေတာပါ ဃ-၄ ယမ်းတုံးအား ရေငုပ်ကျွမ်းကျင်သူက ဆယ်ယူခဲ့စဉ်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၉) ရပ်ကွက်၊ ပြည်လမ်းနှင့် တက္ကသိုလ် ရိပ်သာလမ်းထောင့်ရှိ အများပြည်သူသုံး သန့်စင်ခန်းစင်္ကြံ ငွေကောက် ကောင်တာအောက်မှ ပေါက်ကွဲမှုနှင့် ပတ်သက်၍ အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်နေ သန့်ရှင်ရေး လုပ်သား မမြစန်းရီ သေဆုံးပြီး ကမာရွတ် မြို့နယ်နေ ငွေကောက်အလုပ်သမား မခင်မြတ်နွယ်မှာ ဒဏ်ရာရခဲ့သော မှုခင်း တစ်ခု ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
ယင်းသို့ ပေါက်ကွဲမှုဖြစ်စေပြီး လူကို သေဆုံးဒဏ်ရာရစေခဲ့သူများအပေါ် စုံစမ်းအရေးယူပေးရန် အမှုစစ်ရဲအရာရှိ က တရားလိုပြုလုပ် တိုင်တန်း မှုအား ကမာရွတ်ရဲစခန်းက (ပ)၄၀၀/ ၂၀၁၁ ပေါက်ကွဲအက်ပုဒ်မ ၃ ဖြင့် ၂၁-၁၂- ၂၀၁၁ နေ့တွင် လည်းကောင်း၊ ကမာရွတ်ရဲစခန်း (ပ)၄၀၁/ ၂၀၁၁ ပြစ်မှုပုဒ်မ ၃၀၂/၃၀၇/၃၂၆ ဖြင့် ၂၁-၁၂-၂၀၁၁ နေ့တွင်လည်းကောင်း အသီးသီး အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ရရှိခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက် နံနပ် ၆ နာရီခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ သောင်ပြင်(၁)ရပ်ကွက်နေ စိုင်းတင်မင်းထွန်း (ခ)သားကြီး (၃၁ နှစ်)ကို ပဲခူးတိုင်း ဒေသကြီး သုံးဆယ်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
စိုင်းတင်မင်းထွန်းအား စစ်ဆေးဖော် ထုတ်ချက်အရ မြောက်ဥက္ကလာပမြို့ နယ်၊ (ဋ)ရပ်ကွက် စိန်ချယ်ရီလမ်းနေ အစ်ကိုဖြစ်သူ စိုင်းတင်မင်းကို (ခ) သက်လင်း (၃၄ နှစ်)အိမ်၌ မိုင်းနှစ်လုံး ထားခဲ့ကြောင်း သတင်းရရှိခဲ့သည်။
အဆိုပါသတင်းအရ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြောက် ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့က စိုင်းတင်မင်းကို (ခ) သက်လင်း၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေ စစ်ဆေး ခဲ့သည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီခွဲခန့်က ၎င်း၏ညီဖြစ်သူ စိုင်းတင်မင်းထွန်း ရောက်လာပြီး ကွန်ပါဘူးဖြင့် ပြုလုပ်ထားသည့် မိုင်းတစ်လုံးအလွတ် ပါလာကြောင်း၊ အသက်သွင်းထားသည့် ၀ိုင်ယာကြိုးများကို ကတ်ကြေးဖြင့် ဖျက်ဆီးမီးရှို့ခဲ့ကြောင်း၊ ဆက်စပ် ပစ္စည်းများကို နံနက် ၄ နာရီခွဲခန့်တွင် ငါးစဉ် ချောင်းအတွင်း လွှင့်ပစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
စိုင်းတင်မင်းကိုနှင့် စိုင်းတင်မင်းထွန်း တို့ နှစ်ဦးအား ဝေဘာဂီရဲစခန်းက (ပ)၅၅၁/၁၁ ပေါက်ကွဲအက်ပုဒ်မ ၃ ဖြင့် ၂၁-၁၂-၂၀၁၁ နေ့တွင် အမှုဖွင့် အရေးယူထားပြီး အမှုတွင်ပါဝင်သူများကို ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Unknown at 4:08 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.