Thursday, January 5, 2012

စည်သူဂုဏ်ထူးဆောင်ဘွဲ့ကို အနုပညာရှင် အများအပြားရရှိ

ဇန်န၀ါရီလ ၄ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြေညာစာအမှတ် (၂/၂၀၁၂) အရ ဂုဏ်ထူးဆောင် ဘွဲ့များနှင့် ဂုဏ်ထူး ဆောင်ဆုတံဆိပ် ရရှိသူများစာရင်းတွင် စည်သူဘွဲ့ချီးမြှင့်ခံရသူ ၃၀ ဦးတွင် စာပေ၊ ဂီတ၊ ရုပ်ရှင်နယ်ပယ်များမှ အနုပညာရှင် ၂၅ ဦး ပါဝင်သည်။ အဆိုပါဆုကို စာပေနယ်ပယ်မှ ဦးလှ ကြိုင် (ပါရဂူ)၊ ဦးထင်ဖတ် (မောင်ထင်)၊ ဦးဌေးမောင် (ဌေးမောင်)၊ ဦးလေးမြိုင် (လေးမြိုင်)၊ ဒေါ်ရင်ရင် (စောမုံညင်း)၊ ဒေါ်ကြန်(မကြန်)၊ ဦးကြည်အေး (ဆင် ဖြူကျွန်းအောင်သိန်း)၊ ဒေါက်တာ ကျော်စိန်၊ ဒေါက်တာ ခင်မောင်ညွန့်၊ ဒေါက်တာသော်ကောင်း၊ ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)၊ ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)၊ ဂီတနှင့် သဘင် နယ်ပယ်မှ ဘိုကလေးတင့်အောင်၊ ဦးရွှေနန်းတင်၊ ဦးမောင်မောင်ကြီး၊ ဦးမင်းနောင်၊ ဒေါ်တင်တင်မြ၊ ဒေါ်သင်းသင်းမြတ်၊ ဒေါ်တင် တင်အေး(ထား)၊ ဒေါ်နွဲ့ နွဲ့စန်း၊ ဦးစိန်ဘမော်၊ ဒေါ်စန်းရင် (စံရှားတင်) နှင့် ရုပ်ရှင်နယ်ပယ်မှ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်မြင့်မြတ်နှင့် ဦးကြည်စိုးထွန်း တို့ ရရှိခဲ့သည်။
ယခုကဲ့သို့ စည်သူဘွဲ့ကို အနုပညာရှင် အမြောက်အမြားရရှိခြင်းမှာ ယခင်က မရှိခဲ့ဖူးဟု စာရေးဆရာ မောင်ဝံသက ပြောသည်။
"အရင်ကတော့ ဉာဏပညာဘက်မှာ ထူးချွန်သူတွေကို ၀ဏ္ဏကျော်ထင်ဘွဲ့ ပေးတာတွေ ရှိပါတယ်။ ကျွန်တော် သိသလောက်တော့ ခုလို စည်သူဘွဲ့ကို အနုပညာရှင်တွေ အများကြီးရတာကတော့ ပထမဆုံးဖြစ်မယ်ထင်တယ်"ဟု ဆရာ မောင်ဝံသက ဆိုသည်။

Unknown at 4:17 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.