Thursday, January 5, 2012

မြန်မာဘွဲ့လွန်များ စင်ကာပူတွင် နေထိုင်အလုပ်ရှာခွင့်စနစ် ဖျက်သိမ်း


မြန်မာဘွဲ့လွန်များ စင်ကာပူတွင် နေထိုင်အလုပ်ရှာခွင့်ရှိသည့် EPEC စနစ်ကို ရုပ်သိမ်းလိုက်ပြီဟု စင်ကာပူအစိုးရက ထုတ်ပြန်လိုက်သည်။
စင်ကာပူ အစိုးရ၏ အသိအမှတ်ပြုမှုတွင် မြန်မာဘွဲ့လွန်များ ပါဝင်ပြီး တစ်နှစ်နေထိုင် အလုပ်ရှာခွင့်ရှိသောEPEC (Employment Pass Eligibility Certificate) စနစ် ကို လျှောက်ထားခွင့်ရှိကြောင်း မြန်မာဘွဲ့လွန်များမှာ စင်ကာပူတွင် ကျောင်းဆက်လက် တက်ရောက်ခြင်းမရှိဘဲ အလုပ်ရှာရန်အတွက်သာ အများဆုံးသွားရောက် ကြကြောင်း ပညာရေးအတိုင်ပင်ခံ ဒေါ်စိမ်းဝတ်ရည်က ပြောသည်။
”ဒီစနစ်က တစ်နှစ်ပဲပေးပေမယ့် နှစ်နှစ်အထိ နေထိုင်အလုပ်ရှာခွင့်ရတဲ့ သဘောရှိပါတယ်။ ဆိုလိုတာက ဒီစနစ်ကို လျှောက်ထားရင်းနဲ့ နေထိုင်ခွင့်ရတာကြောင့်ပါ။ ဒီစနစ် ဖျက်လိုက်တဲ့အတွက် အဓိကထိမှာက စင်ကာပူသွားမယ့် မြန်မာဘွဲ့လွန် တွေပဲ”ဟု ၄င်းကဆက်လက်ပြောသည်။
ယင်းစနစ် ဖျက်သိမ်းလိုက်ရခြင်းမှာ ၂ဝ၁ဝ ခုနှစ်အတွင်း စင်ကာပူနိုင်ငံသားများက အလုပ်အကိုင် အခွင့်အရေးနှင့်ပတ်သက်၍ အစိုးရအပေါ် ဖိအားပေးတောင်းဆိုမှု၏ ရလဒ်တစ်စိတ်တစ်ဒေသဖြစ်နိုင်သည် ဟု ပညာရေးအတိုင်ပင်ခံ ဦးအောင် ကျော်ဆန်းက ပြောသည်။
EPEC စနစ်အစား သုံးလသက်တမ်းရှိပြီး ထပ်မံသက်တမ်း တိုးခွင့်မရှိသည့် LTVP (Long Term Visit Pass) ကိုသာ ထုတ်ပေးမည်ဖြစ်ပြီး အဆင့်မြင့် ပညာရေးကျောင်းများမှ ကျောင်းပြီးထားသူဆိုပါက တစ်နှစ်အထိ နေထိုင်ခွင့်ရှိသည့် LTVPကို ပေးအပ်မည်ဟု အစိုးရက ကြေညာထားကြောင်း စင်ကာ ပူရောက် မြန်မာကျောင်းသားအချို့က ဆက်သွယ်ပြောကြားသည်။
ယင်းသို့ အပြောင်းအလဲသည် နိုင်ငံတကာ ကျောင်းသားများနှင့် နိုင်ငံတကာ လုပ်သားတို့အတွက် ပြင်းထန်သည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်သလို စင်ကာပူတွင် ကျောင်း တက်ရောက်မည့် မြန်မာများအတွက်ပါ ပို၍ စဉ်းစားရွေးချယ်စရာတစ်ခု တိုးလာနိုင်သည်ဟု ပညာရေး အတိုင်ပင်ခံအချို့က သုံးသပ်သည်။
”Edu Trust လက်မှတ်ရှိမှ ဖြစ်မယ်ဆိုတဲ့ ကျောင်းကနေနေထိုင် အလုပ်ရှာခွင့်ရမယ့် ကျောင်းဖြစ်ရမယ်ဆိုတဲ့  ၂ မျိုးစလုံးဖြစ်မယ့်ကျောင်းကို မြန်မာကျောင်း သားတွေရွေးမှ ရတော့မယ်။ ဒီလိုမှမဟုတ်ရင်တော့ မျှော်လင့်ချက် ဝေးသွားဖို့ လမ်းပိုများ သွားစေလိမ့်မယ်”ဟု ပညာရေး အတိုင်ပင်ခံတစ်ဦးက ဆိုသည်။
ယနေ့ စင်ကာပူရောက် မြန်မာ အများစုတို့မှာလည်း ပညာရေးအပါအဝင် လုပ်ငန်းခွင်ဖိအားများကို ရင်ဆိုင်နေကြရကာ EPEC စနစ် ဖျက်သိမ်းလိုက်မှုကလည်း တစ်ပူပေါ် နှစ်ပူဆင့်သကဲ့သို့ ဖြစ်သွားစေသည် ဟု စင်ကာပူမှသင်္ဘောကျင်း လုပ်သားကိုရဲထွဋ်က ဆိုသည်။

ပေါ်ပျူလာဂျာနယ်
Unknown at 9:52 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.