အ၀တ်တခုဟာ လက်ခုစုပ်ဖြစ်သွားလျင် ဘယ်လောက်ပဲ ဘယ်နှစ်ကြိမ်းပဲ လျှော်လျှော် မူလ ပကတိ အနေအထားတော့ ပြန်မဖြစ်လာတော့ပါ။ စွန်းထင်ပေကျန်နေသော အညစ်အကြေး များ အစွန်းများ အကွက်များအဖြစ် ဆက်ပြီး ညစ်ပတ်ပေတေနေလျက်ပါ။ ဒါကြောင့် လက်ခု စုပ်ဆိုတာ ဘယ်လောက်ပဲ လျှော်လျှော် လုံးဝ သန်.ရှင်းစင်ကြယ်ဖို. အကောင်းပကတိ ပြန် ဖြစ်ဖို.မလွယ်ပါ။
အခုလည်း မြန်မာပြည်က အစိုးရ၀န်ထမ်း ပြည်သူ.၀န်ထမ်းအများစုဟာ အဲဒီလို ဖြစ်နေပါ သည်။ လာဒ်စားတာ အကျင့်ပျက်တာ အဂတိလိုက်စားတာ အလွှဲသုံးစာပြုချင်တာ ဒီအကျင့် တွေ ဒီစရိုက်တွေဟာ ၀န်ထမ်းတွေရဲ့စိတ်ထဲမှာ လက်ခုစုပ်တွေလိုပဲ အတော်ကို ညစ်ပတ် ပြီး အစွန်းအကွက်တွေအဖြစ် ကျန်ရစ်နေပါပြီ။
ဒီဟာတွေ ပြန်ကောင်းလာအောင် ပြန်ပြီး အသစ် လို ဖြစ်လာအောင် သန်.ရှင်းစင်ကြယ်လာအောင် ကျိုးစားဖို.ကတော့ အတော် မလွယ်တဲ့ ကိစ္စပါ။ လက်ခုစုပ်လို စွဲသွားပြီဆိုမှတော့ အစွန်းအထင်းတွေ မကျန်အောင် ပြန်လျှော်ဖို. ပြန် လုပ်ဖို.ကတော့ အတော်မလွယ်သလို အချိန် အများကြီးယူရမည့်ကိစ္စပါ။ အစိုးရ၀န်ထမ်းလို. ပြောတဲ့အခါ စစ်တပ်၊ ရဲ၊ လ၀က၊ အကောက်ခွန်၊ တရားသူကြီး စတဲ့ သူတွေလောက်တင် ဆိုလိုတာမဟုတ်ပဲ ကျောင်းဆရာတွေ သူနာပြုတွေ အလုပ်သမားဝန်ကြီး ဌာနမှ အစ စာတိုက်နဲ. ကြေးနန်းအဆုံး စစ်ဖက် အရပ်ဖက် ၀န်ထမ်းတိုင်းကို ဆိုလိုတာပါ။ အခုခေတ် ခိုးနေ ၀ှက်နေ အလွဲသုံးစားလုပ်ပြီး အကျင့်ပျက်နေတာ အစိုးရ၏ ဌာနဆိုင်ရာတိုင်း လိုလိုပါ။ မခိုးမ၀ှက် အကျင့်မပျက် လာဒ်မစားတဲ့ အလွဲသုံးစား မလုပ်တဲ့ ဌာနဆိုတာ မရှိသလောက်ပါ။ နောက်ဆုံး သာသနာရေးဌာနလည်း မလွတ်ပါ။
မြန်မာပြည်က ၀န်ထမ်းတွေဟာ သူတို.ကိုယ် သူတို. Public Service-PS လူထုနဲ. ပြည်သူကို အကျိုးပြု ၀န်ဆောင်မှုတွေ ပေးနေရတဲ့ ၀န်ထမ်းတွေ အသိပညာရှင် အတတ်ပညာရှင်တွေ Professionals တွေလို. မခံယူပဲ--- တို.ရုံး တို.စားပွဲ ရောက်လာရင်တော့ တို.အလှည့်ပဲ ဆိုတဲ့ အသိက ပိုပြီး ခေါင်းထဲမှာ ရှိနေဖြစ်နေ အကျင့်ပျက်ပြီး ချစားနေခြင်းပါ။
မြန်မာဝန်ထမ်းတွေကို လေ့လာရင် အများစုက Profession မဖြစ်ပါ။ ရက်ချိန်းယူ Appoinment တောင်းပြီး တွေ.ဆုံတာနည်းပါသည်။ အစည်းအဝေးမှတ်တမ်းတွေကို စနစ်တကျ ပြင်ဆင်တာ မှတ်တမ်းတင်တာ ဆွေးနွေးမည့် အကြောင်းအရာတွေ-Meeting Agenda တွေကို ကြိုတင်ပြီး စနစ်တကျနဲ. ပြင်ဆင်တာ သက်ဆိုင်သူကို အသိပေးတာမျိုး အတော် နည်းပါသည်။ သေခြာ ရက်ချိန်းယူပြီး တွေ.ဆုံဆွေးနွေးဖို.လုပ်ထားလျင်လည်း အချိန် နီးကပ်ပြီးမှာ ယုတ္တရက်နဲ. အစည်းအဝေးကို ပြောင်းရွှေ.တာ ဖျက်သိမ်းတာ နေရာနဲ. အချိန်ပြောင်းတာတွေကို လုပ်တတ်ပါသည်။ မြို.နယ် ခရိုင်အဆင့်အရာရှိတွေကိုယ်တိုင် စနစ်တကျနဲ. Time Table and Schedule သေခြာမရှိပဲ ကြုံသလိုနဲ. တွေ.မယ်ပြောပြီး တကယ်လည်း အစည်းအဝေးစခါနီးမှ အရေးကြီးကိစ္စရှိလို. အထက်လူကြီးလာလို.ဆိုကာ အစည်းအဝေးပွဲတွေကို သေခြာ အကြောင်းမကြားပဲ လူတွေကို လည်တဆန်.ဆန်.နဲ. ပြန်လာမလား ပြန်မလာဘူးလား မသိရပဲ ရုံးမှာ ထိုင်စောင့်ရတဲ့အဖြစ်ဟာလည်း မြန်မာပြည်က အစိုးရဌာနတိုင်းလိုပါ။
တခုခုကို သိချင်လို. သက်ဆိုင်ရာအစိုးရ၏ ဌာနကို ဆက်သွယ်မေးမြန်းတာ စုံစမ်းတာလုပ်ရင် လည်း ကိုယ့်ဌာနရဲ့ မူဝါဒနဲ.လုပ်ငန်းစဉ်တွေကို သေသေခြာခြာ ရှင်းမပြနိုင်ပဲ လူကြီးလာမှ မေးကြည့်ပါ ကျနော် မသိပါ။ ကျမ မသိပါဆိုတဲ့ အစိုးရ၀န်ထမ်းတွေကလည်း ဌာနတိုင်းမှာပါ။
ဖုန်းဆက်ရင်လည်း ဖုန်းပြန်မခေါ်။ မှာထားရင်လည်း ပြန်မပြော။ အီးမေးလ်ပို.ရင်လည်း အကြောင်းမပြန်တာက များတော့ ဘယ်မှာလည်း Professionalism. ဘယ်မှာလည်း ပြည်သူ.၀န်ထမ်း၏စံ Public Service. ဘယ်မှာလည်း Customer Service and Customer Satisfaction ဆိုတာ မြန်မာပြည်က အစိုးရဌာနတွေမှာ မရှိတဲ့အရာပါ။ ဒါကြောင့်လည်း လူတွေက ဖြစ်နိုင်ရင် အစိုးရရုံးကို မသွားချင်ပါ။ ပွဲစားကို ငွေပေးပြီး ကုန်ကျတာချင်းအတူတူ စိတ်အနှောက်အယှက် နည်းတာမို. ငွေပေးပဲ ခိုင်းကျတာပါ။ သို.မဟုတ် ဒီလို ပွဲစားယဉ်ကျေးမှု ဖြစ်အောင်ပဲများ တမင်ဖန်တီးထားသလာဆိုတာလည်း စဉ်းစားစရာပါ။ သေခြာတာကတော့ အစိုးရဌာနတွေ အစိုးရ၀န်ထမ်းတွေနဲ. ဆက်ဆံရတာ လူတွေမှာ အတော်ကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲပြီး ငွေလည်း ပေးရ ဆရာလည်း ခေါ်ရဖို. လူအများစု မလုပ်ချင်တဲ့အထဲမှာ အစိုးရ ရုံး ကန်း ကနားတွေနဲ. မပတ်သက်ချင်တဲ့အရာ ဖြစ်ပါသည်။
အစိုးရ ရုံးတွေကို သွားလျင်လည်း ပိုးမျှင်တွေ တလို. တလှမ်းနဲ.။ မှတ်စု မှတ်တမ်း စာအုပ်တွေ ကလည်း နုတ်ခမ်းတွေ လှမ်နေပြီး ဖုန်တွေနဲ. ညစ်ပတ် ပေကျန်နေတတ်ပါသည်။ မြို.နယ် ခရိုင် ပညာရေးမှူး၏ ရုံးတွေ စားပွဲနဲ. ကုလားထိုင်းကလည်း လမ်းဘေးမှာ ၂လုံး ကိုင်တဲ့ ချဲဒိုင် အဆင့်တောင် မရှိတော့ ဘယ်လို လုပ်ပြီး လူတွေရဲ့ ယုံကြည်လေးစားမှု အားကျမှု Impressionက ရှိတော့မှာလည်း။
အထောက်အထား စာရွက်စာတမ်းတွေ ထောက်ခံစာတွေ သွားတောင်ရင်လည်း မဖြစ်နိုင်တာ မရှိတာက အရင် စပြောပြီး အဲဒါကိုက လူတွေကို ချောချောမောမောနဲ. အဆင်ပြေအောင် ပြေလည်အောင် ကူညီမယ်ဆိုတဲ့ စိတ်ထားထက် ငွေရအောင်ဘယ်လို ခြူရမလဲ ညစ်ရမလဲ ပြသာနာရှိတယ် မလွယ်ဘူး ဆိုတဲ့ သဘောနဲ. ငွေ ညစ်ဖို.က ခေါင်းထဲ အရင် စဉ်းစားနေတဲ့ အကျင့်တွေက များပါသည်။
အစိုးရ၀န်ထမ်းအများစုဟာ အချိန်မှန်မှန်နဲ. ပုံမှန် ရုံးတက်တာ နည်းပြီး အများစုက လက်ဘက် ရည်ဆိုင်မှာ တထွေးကြီး တပြုံကြီး စုထိုင်နေတတ်တာလည်း အတော် အရုပ်ဆိုးပါသည်။ နောက်ဆုံးကတော့ အစိုးရဌာနဆိုင်ရာတွေမှာ တကိုယ်ရေ သန်.ရှင်မှု Hygeign အားနည်းပြီး စာအုပ်တွေ ဖိုင်တွဲတွေကလည်း တလို. တွဲလောင်း စားပွဲပေါ်မှာလည်း စာအုပ်အဟောင်းတွေ
က တပုံခေါင်း-- တခုခု လိုလို.ရှာမယ်ဆိုရင်တောင် ၄ မိနစ်နဲ. ပြီးမည့်အလုပ်က တနေကုန်ရှာ ရသလို ဖြစ်နေပါသည်။ Organization Skills မရှိ။ အထောက်အထားတွေကို စနစ်တကျနဲ. Filing လုပ်တာ။ အချက်အလက်နဲ. အထောက်အထားတွေကို Data Entry လုပ်တာ။ Documentation အပိုင်းမှာ အတော်ကို ချာတူးလှန်နေတာပါ။ ဒီတော့လဲ ၅ မိနစ်နဲ. ပြီးရမည့် အလုပ်က ဖိုင်ရှာမတွေ.လို. စာရွက်ရှာတာ မရလို. မှတ်ထားတဲ့ဟာလေး မတွေ.တော့ ချွေးတလုံးလုံးပြန်အောင် ဇောချွေးပြန်အောင် ရှာရတာတွေ ဖြစ်ကုန်ပါတယ်။ ဒါကြောင့် အချိန်လိုက်ပြီး အလုပ်လုပ်တတ်တဲ့ အချိန်ကို စနစ်တကျ အကျိုးရှိအောင် သုံးတတ်တဲ့ Time Management ဆိုတာ မကြားဖူးသလောက်ပါ။
အစိုးရရုံးကို လာရင် လူတွေ ထိုင်စောင့်ရတာ တနေကုန် တနေခန်း နေရတဲ့အလုပ်ဟာ ရှက်စရာလို. မမြင်ပဲ ဒါမြန်း ဆန်းတာမှတ်လို. ထုံးစံပဲ စောင့်ရမှာပဲလို. ၀န်ထမ်းအများစုက ထင်နေ ခံယူနေတဲ့ တလွဲး အမှတ်မှားခြင်းပါ။ ။ ဒီထက် ၀န်ဆောင်မှု ကောင်းအောင် ပြည်သူတွေ သက်တောင့်သက်သာရှိအောင် မလိုအပ်ပဲ လူတွေ တန်းစီ စောင့်စရာမလိုပဲ ဘယ်လိုမျိုးနည်းဖြင့် စီမံခန်.ခွဲ Management ပေးရမလဲ ဆိုတာ မစဉ်းစားပဲ ကိုယ့်ဌာနမှာ လူတွေ အုံနေတာ လူတွေ တန်းစီနေရတာ အဲဒီအချိန်မှာ ကိုယ့်က အစိုးရ ၀န်ထမ်း အရာရှိအဖြစ်နဲ. ရုံးထဲကနေ ၀င်လိုက် ထွက်လိုက် လုပ်နေရတာကို အာရုံယူ ပနာယူနေတဲ့ အကျင့်ပျက် အလိုက်မသိတဲ့ ၀န်ထမ်းတွေလည်း အများကြီးပါ။
ဌာနပိုင်တဲ့ ကားတွေ ရုံးတွေ အဆောက်အဦးတွေကိုလည်း ကိုယ်ပိုင်ပစ္စည်တွေလို သုံးစွဲတဲ့အပြင် ရုံးမှရှိတဲ့ လက်အောက် ငယ်သားတွေကိုလည်း အိမ်မှာ ခေါ်ခိုင်တဲ့ လက်တိုလက်တောင်းလိုပဲ ဈေးချင်းဆွဲရတာ ဈေးဝယ်ပေးရတာ။ ကလေးတွေအတွက် ကျောင်းကြို ကျောင်းပို. လုပ်ရတာ-- အစိုးရ၏ တာဝန်နဲ.မဆိုင်ပဲ အရာရှိတွေ၏ ခိုင်းဖတ်တွေလိုပါ လုပ်ရတာမို. ဒါဟာလည်း အလွဲးသုံးစား လုပ်မှု Mis-use and abuse တမျိုးပါ။ ပြည်သူ.၀န်ထမ်းက အရာရှိ ခိုင်းဖတ်ဖြစ်သွားတာတွေ အများကြီးပါ။
အစိုးရ၀န်ထမ်းတွေရဲ့ ပြောင်းလဲဖို. ပြုပြင်ဖို. ခက်ခဲနေတဲ့ အကျင့် ဆိုး ဥာဉ်ဆိုးတွေကို ပြောတဲ့အခါ အစိုးရမှာလည်း တာဝန်ရှိပေမယ့် အများစုကတော့ ၀န်ထမ်း တဦးချင်းစီနဲ.က ပိုပြီး သက်ဆိုင်တယ်လို. ဆိုချင်ပါတယ်။ တခုခုဖြစ်တိုင်း အစိုးရလို. ပြောဖို. ခက်ပါတယ်။ သို.သော် ၀န်ထမ်းတဦးချင်းစီကလည်း တာဝန်ယူ တာဝန်ခံပြီး ပြည်သူ.၀န်ထမ်းဆိုတာ ဘာလည်းဆိုတာ သိဖို. ပြုပြင်ဖို. လိုပါမည်။ ။
သို.သော်လည်း အခုလိုမျိုး ၀န်ထမ်းတွေ အကျင့်ပျက်တာ အလွဲသုံးစား လုပ်တာ လာဒ်ပေး လာဒ်ယူပြီး အဂတိလိုက်စားခဲ့တာတွေဟာ အချိန်တွေ ကြာပြီး နေသားတကျဖြစ်နေတော့ ယဉ်ကျေးမှုတခုလို ဖြစ်နေတော့ Institutional Corruption ဖြစ်နေတော့ ဒီအခြေအနေတွေ
ကို ပြုပြင်ဖို. ဆိုရင် အတော်ကို အတော်ကို အချိန်ယူရမည်ဖြစ်ပါသည်။ လူအား ငွေအား နည်းပညာအားနဲ. အချိန် များများယူပြီး လျှော်ဖွတ်ရမည် ထင်ပါသည်။ လက်ခုစုပ်ဖြစ်နေတဲ့ အစိုးရ ၀န်ထမ်းတွေ၏ အကျင့်တွေကို ပြန်ကောင်းလာဖို. လျှော်ဖွတ်ဖို.က အတော်ကို မလွယ်တဲ့ ကိစ္စတခု စိမ်ခေါ်ချက် ဖြစ်နေပါသည်။
ဒီအကျင့်တွေ စရိုက်တွေ မပြုပြင်သရွှေ.ကတော့ မြန်မာပြည်၏ ပြုပြင်ပြောင်းလဲမှုတွေဟာ အထက်ပိုင်း ခေါင်ဦးပိုင်းမှာ ပြောင်းလဲမှုတွေ ရှိစေကာမူ မူဝါဒနဲ. ဥပဒေတွေ ပြောင်းလဲ စေကာမူ ဒီဟာတွေကို လိုက်ပြီး အကောင်အထည်ဖော်မည့် လက်တွေ. Execution လုပ်မည့် အစိုးရ ၀န်ထမ်းတွေရဲ့ လက်ခုစုပ်စရိုက်တွေ အရိုးစွဲနေတဲ့အကျင့်ဆိုးတွေ မပြောင်းသရွေ.ကတော့ အောက်ခြေက လူထုအတွက် တကယ့်အပြောင်းအလဲတွေကို ခံစားဖို. ထိရောက်မှု ဖြစ်ဖို. သိသာ မြင်သာပြီး အကျိုးဖြစ်လာဖို.ကတော့ မလွဲပါ။ ။
ဒါကြောင့် လက်ခုစုပ်လို ညစ်ပတ်ပေတေနေတဲ့ အစိုးရ၀န်ထမ်းတွေရဲ့ အကျင့်ဆိုး ဥာဏ်ဆိုးတွေ စရိုက်ဆိုးတွေကို အထပ်ထပ် အခါခါ လျှော်ဖွတ်ရဦးမှာပါ။ ။ ဒါတောင် ပြောင်ဖို.ကတော့ ခပ် ခက်ခက်ပါ။ လက်ခုစုပ်ဆိုတာ ဘယ်လောက်ပဲ လျှော်လျှော် နဂိုမူလအတိုင်းတော့ ဘယ်တော့မှ ပြန်ပြီး သန်.ရှင်း စင်ကြယ်တာမှ မဟုတ်တာ။ ။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment