ကျနော် အိမ်ဘေးနားကို မိသားစုတစ်စုပြောင်းလာတယ်။ သူတို့ကဆိုင်ကယ်အပို ပစ္စည်းရောင်းတဲ့ ဆိုင်ဖွင့်ထားကြတယ်။ သူတို့နဲ့အတူ အိမ်ပြောင်းလာတော့ အဘွားအိုတစ်ယောက်ပါလာတယ်။ ကျနော် ရေခပ်တိုင်း၊ ခြံကကပ်နေတော့ သူတို့ အိမ်ဘက်ကိုမြင်နေရတယ်လေ။ ကျနော်ကြည့်လိုက်တိုင်း အဘွားအို ကိုပဲအိမ်နောက်ဘက်မှာ တုန်တုန်ချည့်နဲ့ နေတဲ့လက်တွေနဲ့ အ၀တ်တွေလျှော်နေတာကိုပဲ တွေ့ရတာများတယ်။ တစ်နေ့တော့ ကျနော်မနေနိုင်တော့ဘူး “ အဘွား အိမ်မှာ အ၀တ်လျှော်မယ့် သူတွေမရှိဘူးလားလို့” မေးတော့ “ ငါမြေးရယ် အိမ်မှာ သမီးနဲ့ သားမက် ပဲရှိတယ် သူတို့ကမအားကြဘူးလေ” လို့ပြောတော့ “ကျနော် အဘွား အ၀တ်တွေကို ကူလျှော်ပေးပါရစေလို့” ပြောပြီးကျနော် လျှော်ပေးခဲ့ပါသေးတယ်။
နောက်ပိုင်းတော့ ကျနော် သင်တန်း(၁)နှစ်လောက်၊ သွားတတ်ရပါတယ်။ ကျနော် ရန်ကုန်ပြန်ရောက်တော့ အိမ်ဘေးနားက အဘွားအို ကိုမတွေ့ရတော့ပါဘူး။ ကျနော် အမတွေကိုမေးကြည့်တော့ အဘွားအိုဆုံးသွားပြီးတဲ့လေ.
ကျနော် တို့ မိဘတွေကို မသေခင်အချိန် အထိကျနော်တို့ မောင်နှမ ကောင်းကောင်းပြုစုနိုင်ခဲ့ပ
မိဘ သက်ရှိထင်ရှားရှိချိန်တွေ မှာမိဘကျေးဇူးကို ဆပ်နှိုင်သော သားသမီးကောင်းတွေဖြစ်အောင် နေနိုင်ကြပါစေလို့ ..................။
Ps. (ကိုယ်တွေ့ အဖြစ်မှန်လေးပါ)
Facebook မှ
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment