ခေါင်းဆောင်ဆိုတာ ဘာလည်း၊ ခေါင်းဆောင်တွေဘယ်လိုနေထိုင်ပြုမူကျင့်ကြံသလည်း ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်လို့ ခေါင်းဆောင်မူပညာရပ်နဲ့ပတ်သက်လို့ကြွမ်းကျင်သူပညာရှင်တယောက်ဖြစ်တဲ့ ဟားဝေါ့ဂတ်နာ (Gardner Howard) ဆိုသူက အခုလိုပြောပါတယ်။
“ခေါင်းဆောင်ဆိုတာ လူပုဂိုလ်တွေရဲ့ အပြုအမူတွေ။ ခံစားမူတွေ။ အတွေးတွေကို သိသိသာသာ သက်ရောက် စေစားစေနိုင်တဲ့သူ”
ဖြစ်တယ်လို့ဆိုပါတယ်၊ ခေါင်းဆောင်မူနဲ့ပတ်သက်လို့လေ့လာ တွေ့ရှိချက်အတော်များများကလည်း ခေါင်းဆောင်ဆိုတာဟာ-
- ကိစ္စ တွေကိုပြီး မြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်သူ။
- လူတွေကိုဘယ်လိုစေခိုင်းရမလည်းဆိုတာသိသူ။ စေခိုင်းတတ်သူ။
- လူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတတ်သူ လို့ဆိုပါတယ်၊
- သူတို့ဟာ စွမ်းရည်နဲ့ပြည့်စုံတဲ့သူတွေဖြစ်ပြီး သူတို့တာဝန်ယူထားရတဲ့ မိသားစု။ အသင်းအဖွဲ့။ ရပ်ကွက်ကျေးရွာမြို့နယ်တိုင်းပြည် တခုခုရဲ့ အပြောင်းအလဲ။ လုပ်ငန်းဆောင်တာတွေနဲ့။ တိုးတက်မူဖြစ်စဉ်တွေကိုအမြဲအာရုံစိုက်ပြီးလုပ်ကိုင်တတ်ပါတယ်
- သူတို့ဟာ သူတို့အကြောင်း။ သူတို့ကိုယ်စားပြုဦးဆောင်နေတဲ့ အသင်းအဖွဲ့မိသားစု။ လူထုရဲ့ အကြောင်း ပုံပြင်တွေကိုပြောပြနေလေ့ရှိပြီး သူတို့ကိုယ်စားပြုထားတဲ့ အသင်းအဖွဲ့မိသားစု တိုင်းပြည် တွေ ဘယ်လိုဖြစ်ပေါ်လာခဲ့တယ်။
- သူတို့ရဲ့လက်ရှိဦးတည်ချက်ရည်မှန်းချက်တွေက ဘာတွေ ဖြစ်တယ်။ သူတို့အသင်းအဖွဲ့မိသားစုတွေဟာ
- လက်ရှိအချိန်မှာဘာအခက်အခဲတွေ ကို ရင်ဆိုင် ကျော်လွှားနေရ သလည်း။ သူတို့စိတ်ကူး ယဉ်ထားတဲ့အရာတွေက ဘာတွေဖြစ်တယ်
---- စတာတွေကို သူတို့ရဲ့ နောက်လိုက်များ။ မိတ်ဆွေများအားပြောပြနေလေ့ရှိပါတယ်၊
ခေါင်းဆောင်မူ။ အဖွဲအစည်းရေးရာ ဆိုင်ရာ ကိစ္စ တွေနဲ့ပတ်သက်လို့ကြွမ်းကျင်သူ ပီတာ နော့ဟောက် (Peter G. Northhouse) ဆိုတဲ့ပညာရှင်ကတော့...
“ခေါင်းဆောင်တယောက်မှာ သူကိုယ်တိုင် ထူထောင်ထားတဲ့ အာဏာ ပဲဖြစ်ဖြစ်။ အခြားသူ့နောက်လိုက်တွေက သူ့အတွက်ထူထောင်ထားတဲ့ အာဏပဲဖြစ်ဖြစ်ရှိတယ်”
လို့ဆိုပါတယ်၊
ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာတော့ ခေါင်းဆောင်တွေဟာ စည်းရုံရေးစွမ်းပကားရှိကြပြီး အများသဘောဆန္ဒ
ဖြင့်ရွေးချယ်မူကြောင့်သာ ခေါင်းဆောင်ဖြစ်လာကြ တာဖြစ်ပါတယ်၊ သူတို့ဟာ အခြားသူတွေကိုစည်းရုံးသိမ်းသွင်းလိုစိတ်ရှိကြပြီး သူတို့အ၀န်းအ၀ိုင်း ထည်းကို လူများသထက်များများရောက်ရှိအောင် လုပ်ဆောင်ကြပါတယ်၊ သူတို့မကြိုက်လို့ ရူတ်ချတာမျိုး။ ထိန်ချန်ဘေးဖယ်ထားတာမျိုးမလုပ်ဆောင်ကြပါဘူး၊ သူတို့ဟာ သူတို့အာဏပိုမိုရရှိ ဘို့ အခြားသူတွေကို ဖျားယောင်းသွေးဆောင်တဲ့အလုပ်မျိုးကိုမလုပ်ဆောင်ကြပဲ သူတို့ကိုယ်စားပြုထားတဲ့ မိသားစု။ လူ့အဖွဲ့အစည်းရဲ့တိုးတက်ပြောင်းလည်းမူရရှိရေး ကိုသာ လုပ်ကိုင်ဆောင်ရွက်ကြတာဖြစ်ပါတယ်၊
ခေါင်းဆောင်မူပညာရပ်နဲ့ပတ်သက်လို့ အလွန်တရာမှနာမယ်ကြော်ကြားလှတဲ့ ဂျိမ်းစ်ကူဇီး (Jameas Kouzes) နှင့် ဘယ်ရီပွန်စာ (Barry Ponser) ဆိုတဲ့ပညာရှင်နှစ်ယောက်က တော့..အခုလိုပြောပါတယ်။
“ခေါင်းဆောင်မူဆိုတာ အသက်အရွယ်အပိုင်းအခြားကွာခြားမူနဲ့လည်းမဆိုင်ဘူး။ ရာထူးရာခံ ကြီးတာ ငယ်တာနဲ့လည်း မဆိုင်ဘူး။ ခေါင်းဆောင်မူဆိုတာ ခေါင်းဆောင်တွေကသူတို့မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့အရည်အသွေးအရည်အချင်းတွေ။ အခြားသူတွေမှာရှိတဲ့အကောင်းဆုံးဆိုတဲ့ အရည်အသွေးအရည်အချင်းတွေကိုနိုက်ထုတ်ယူပြီး အသုံးပြုနိုင်လုပ်ဆောင်ပြီး - ခေါင်းဆောင်တိုင်း လုပ်ဆောင်နိုင်တဲ့ ဖြစ်စဉ်တခုဖြစ်တယ်”
လို့ ဆိုပါတယ်၊ သူတို့နစ်ဦးရဲ့ပြောဆိုချက်အရဆိုရင် ခေါင်းဆောင်ဆိုတာလေ့ကျင်သင်ကြားနိုင်တဲ့ ဖြစ်စဉ်ဖြစ်ပြီး မည်သူမဆိုခေါင်းဆောင်ဖြစ်အောင်လုပ် ဆောင်နိုင်ကြပါတယ်၊
အောင်မြင်ကြော်ကြားတဲ့ခေါင်းဆောင်ကောင်းတွေဖြစ်ဘို့ဆိုရင် အဓိကလုပ်ဆောင်ရမယ့် အခြေခံ ကျင့်စဉ် (၅) ခုရှိတယ်လို့ ဂျိမ်းစ်နဲ့ဘယ်ရီက ဆိုပါတယ်၊ အဲဒါတွေကတော့-
(၁) ခေါင်းဆောင်တွေဟာ ဖြစ်သန်းလုပ်ဆောင်ရမယ့် ကိစ္စ တွေကို စိန်ခေါ်အံတုပါတယ်၊
(၂) သူတို့ဟာ အများကလက္ခထားတဲ့ စိတ်ကူးစိတ်သန်းများအတွေးများကို နိုးကြားလာအောင် လုံ့ဆော် စေ့ဆော်ပေးပါတယ်၊
(၃) ခေါင်းဆောင်တွေဟာ အခြားသူတွေကို ပြုမူလုပ်ဆောင်လာအောင် အထောက်အကူပေးတာမျိုး။ စတင်လုပ်ဆောင်တာမျိုး စသည်တို့ကိုလုပ်ဆောင်ပါတယ်၊
(၄) သူတို့ဟာ အများသူငှါအလယ်မှာ စံပြအနေနဲ့ရပ်တည်လုပ်ဆောင်ကြပါတယ်၊
(၅) သူတို့ဟာ အခြားသူတွေရဲ့စိတ်ဓါတ်အင်အားတွေကြံ့ခိုင်လာအောင်။ စိတ်ရောကိုယ်ပါလိုက်ပါ လုပ်ဆောင်လာအောင် အားပေးလုပ်ဆောင်လေ့ရှိပါတယ်၊
သူတို့တင်ပြတဲ့အချက်တွေဟာ အလွန်တရာမှပဲမှန်ကန်မျှတပြီးတရားနည်းလမ်းကျတယ်၊ အဲဒီ အခြေခံကျင့်စဉ် (၅) ချက်နဲ့မိမိရဲ့ခေါင်းဆောင်မူအရည်အသွေးများကိုဆန်းစစ်နိုင်ကြသလို မိမိတို့ ရဲ့ခေါင်းဆောင်များကိုလည်း ဆန်းစစ်ပြီးအကူအညီပေးနိုင်ကြပါတယ်၊
မဟတ္တမဂန္ဒီနိုင်ငံရေးလူပ်ရှားမူထဲက ထိပ်တန်းလူထုခေါင်းဆောင်တယောက်ကိုဥပမာပြရရင် အကြမ်းမဖက်ပဲ နလုံးရည်သုံးပြီး ရက်စက်ကြမ်းကြုတ်တဲ့ဗြိတိသျှကို အာဏဖီဆန်ကာသတ္တိရှိရှိရင်ဆိုင်တိုက်ပွဲဝင်ခဲ့တဲ့ မဟတ္တမဂန္ဒီ ကိုပဲပြရမှာဖြစ်ပါတယ်။
မဟတ္တမဂန္ဒီဟာ လူသားတို့ရဲ့ဂုဏ်သိက္ခာနဲ့ လူလူချင်း အခွင့်အရေးတန်းတူရရှိဘို့ကြိုးစားခဲ့ပြီး အဖိနှိပ်ခံဆင်းရဲသားနင်းပြားတွေအတွက် လွတ်လပ်ရေးနဲ့ ထွက်ရပ်လမ်းကိုခင်းပေးခဲ့သူဖြစ်ပါတယ်၊ မဟတ္တမဂန္ဒီ ဟာအလွန်တရာကံဆိုးမိုးမောင်ကျနေတဲ့ အချိန်မျိုးတွေ မှာတောင် သူ့ရဲ့ယုံကြည်ချက်။ အမှန်တရားနဲ့ သစ္စာတရားအားလက်ကိုင်ထားမူတွေကို စွန့်လွတ် ပစ်ပယ်ခဲ့တာမျိုးမရှိခဲ့ပါဘူး၊
ဂန္ဒီ ကြီးဟာ လူ့ရဲ့မူလစိတ်သဘာဝနဲ့မူရင်းသဘောတရပ်လုံး ပြောင်းနိုင်အောင် ဆောင်ရွက်နိုင်ခဲ့သူဖြစ် ပါတယ်၊ လူတွေကို လက်ရှိအခြေအနေတွေကြောင့် စိတ်အားငယ် မနေဘို့ အနာဂတ်ကိုယုံကြည်ပြီး ရည်မှန်းချက်တွေထားကာရင်ဆိုင်ကြဘို့ တိုက်တွန်း လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်၊ နေတာ ထိုင်တာ သွားလာ ပြောဆိုတာကအစ စံပြဖြစ်နေအောင် အများသူငှာက အတုယူလေးစားလိုက်နာလုပ်ဆောင် လာအောင်လည်းကြင့်ကြံအားထုတ်ပါတယ်၊ အာဂစံပြ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်၊
ခေါင်းဆောင်တွေစိုက်လိုက်မတ်တတ်လုပ်ဆောင်ကြ တဲ့အခြားအရေးကြီးတဲ့ အချက်တွေလည်းကျန်ပါ သေးတယ်၊ အဲဒါတွေကတော့-
- ခေါင်းဆောင်တွေဟာ ပိုနေမြဲကျားနေမြဲအယူအဆတွေ။ အခြေအနေတွေကိုလမကံ္ခ္ခတတ်ကြပဲ အဲဒါတွေကိုပြောင်းလဲပစ်ဘို့ အခွင့်အလမ်းများကို အစဉ်အမြဲရှာဖွေနေ တတ်ကြပါတယ်၊ သူတို့တွေရူံးနိုင်တဲ့အခြေအနေတွေရှိနေတာတောင်မှ နောက်မဆုတ်ပဲ လက်တွေ့စမ်းသပ်လုပ်ကိုင်ပြီး စွန့်စားမူတွေလုပ်တတ်ကြပါတယ်၊
- သူတို့ဟာ သူတို့ကိုယ်စားပြုထားတဲ့ မိသားစုအသင်းအဖွဲ့အစည်းစတာတွေကို တိုးတက်အောင်လုပ် ဆောင်ဘို့ အမြဲတမ်းပဲနည်းလမ်းသစ်တွေ ကိုတီထွင်ရှာကြံနေတတ်ကြပြီး။ အကြောင်းအရာ ကိစ္စ္စတွေဟာ သူတို့မျှော်လင့်သလိုဖြစ်မလာတဲ့အခါမှာလည်း အခြားသူတွေကိုမေးတာမြန်းတာမျိုး လုပ်ဆောင်ကြပါတယ်၊
- သူတို့ဟာသူတို့နဲ့ သူတို့နောက်လိုက်တွေအတူတကွဖန်တီးမယ့် သူတို့ရဲ့အနာဂတ်ကိုတင်ကြိုခန့်မှန်းတွက်ချက်တတ်ကြပြီး အဂါဂတ်မှာ အတုမရှိပြိုင်ဘက်ကင်းတဲ့ အဖွဲ့အစည်းဖြစ်နိုင်အောင် ဖန်တီးလုပ်ဆောင်တတ်ကြပါတယ်၊ သူတို့ဟာ စိတ်ဓါတ် ကြံ့ခိုင်သန်စွမ်းတဲ့ အသင်းအဖွဲ့တွေ ကိုတည်ထောင်ရင်း အတူတကွပူးပေါင်းလုပ် ဆောင်မူတွေကိုလည်း အားပေးလုပ်ဆောင်ကြပါတယ်၊
- အဲဒါတွေအပြင် လူတွေကို သူတို့ဆုံးဖြတ်ချက်တွေပေါ်မှာ သူတို့ဘာသာသူတို့ လွတ်လွတ် လပ်လပ်ရပ်တည်လုပ် ဆောင်လာနိုင်ကြစေရေး ကိုအားပေးတဲ့ လုပ်ငန်းတွေကိုစီစဉ်ရေးဆွဲတဲ့အခါမျိုး မှာလည်း အင်တိုက်အားတိုက်ပါဝင်လုပ်ဆောင်ကြပါတယ်
- ထို့အပြင်အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်သလည်း ဖြစ်နိုင်ခြေတွေကဘာတွေလည်း ဆိုတာကို သူတို့လက်အောက်ငယ်သားတွေ သိလာအောင်။ မြင်လာအောင်။ ကူညီ လုပ်ဆောင်ပေးကြပါတယ်၊
- တဦးနှင့်တဦးအပြန်အလှန်စိတ်ချယုံကြည်လာအောင်။ အဲဒီလိုစိတ်ချယုံကြည်လာနိုင်တဲ့ဝန်းကျင် ဖြစ်လာအောင်လည်း တည်ဆောက်ကြိုးပမ်း လုပ်ဆောင်တတ်ကြပါတယ်၊
နောက်မှဆက်ရေးပြီးတင်ပြပေးပါ့မယ်။ အများသူငှာ လေ့လာနိုင်ဘို့ ပြန်လည်ဖြန့်ချီပေးကြပါ..။ အားလုံးကို ကျေးဇူးတင်ပါတယ်.....။
ခေါင်းဆောင် (Leader) ခေါင်းဆောင်မှု (Leadership) တို့နှ့င့်ပတ်သက်၍ လေ့လာချက်အချို့ (အပိုင်း ၁) ကို အောက်ပါလင့်ခ်တွင်ဖတ်ပါ။ ပြန်လည်ဖြန့်ချီပေးပါ.။ ကျေးဇူးတင်ပါတယ်။
http://www.facebook.com/note.php?note_id=284785768246207
လေးစားမှုတို့ဖြင့်...
နေဦး
ရည်ညွန်းကိုးကား။ Leadership: Theory and Practice by Peter G. Northouse (second edition)
Lu Bo
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment