တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း များကို ထုတ်ပြန်ကြေညာခဲ့ရာ အောင်စာရင်းကြည့်ရှုနေသူများကို တွေ့ရစဉ်။ |
မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ဘဝ အကောင်းအဆိုး၊အနိမ့်အမြင့် ဒီနေရာကဘဲတစ်ကြိမ်တည်းနဲ့သတ်မှတ်ပေးလိုက်တာပါ။ နောက်တစ်ကြိမ်လည်းပြန်လည်ကြိုးစားခွင့်မရနိုင်တဲ့နေရာပါ။ ဒီတက္ကသိုလ်ဝင်တန်း(၁ဝ-တန်း)စာမေးပွဲမှာရရှိတဲ့ ရမှတ်တွေပေါ်မှာ မူတည်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ တရားသူကြီး၊ ကျောင်းဆရာ၊ စာရေး၊ စစ်ဗိုလ်၊ စိုက်ပျိုးရေး၊ သစ်တော စသည်ဖြင့်တက္ကသိုလ်တက်ရောက်ခွင့်တွေကို သတ်မှတ်လိုက်တာပါဘဲ။ ဒါကြောင့်လည်း ကျောင်းသား၊ ကျောင်းသူတွေကလည်း မိမိဘဝနောင်အေးရဖို့ ၊ မိဘတွေနှင့် ဆရာဆရာမတွေကလည်း ကိုယ့်သားသမီး၊ ကိုယ့်တပည့် ဒီစာမေးပွဲမှာကိုယ်လိုချင်တဲကောင်းဆုံးဆိုတဲ့တက္ကသိုလ်မှာ တက်ရပြီး နောင်တစ်ချိန်မှာ ချမ်းချမ်းသာသာနေရဖို့ ဆိုတဲ့စိတ်ကူးတွေကိုယ်စီနဲ့ တက်ညီလက်ညီလှော်ခတ်ခဲ့ကြတာပေါ့။ ဒါရဲ့ရလဒ်ကတော့ . . ကျောင်းတစ်ကျောင်းကောင်း မကောင်း၊ ဆရာတစ်ယောက်တော်မတော် ဆိုတာကု ရမှတ်တွေ၊ ဂုဏ်ထူးတွေနှင့် သတ်မှတ်ကြတော့တာပါဘဲ။
ခက်နေတာက ကိုကြီးသောင်းအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ မိဘ ၉၉.၉၉%ဟာ ကိုယ့်သားသမီးကို ဆရာဝန်ဖြစ်စေချင်ကြတဲ့သူတွေချည်းပါဘဲ။ ဒီတော့ အမှတ်ကောင်းမှ၊ ဂုဏ်ထူးထွက်မှ ဆရာဝန်လိုင်းရမှာဆိုတော့ ကျောင်းသားကျောင်းသူကလည်းနားလည်ဖို့မလို စာရဖို့သာလိုသည်ဆိုပြီးအချိန်ရှိသရွေ့ စာဘဲတွန်းကျက်သလို . . . ဆရာတွေကလည်းစာသင်ဖို့မကြိုးစားတော့ဘဲ . .တစ်ခေါက်လောက်ဘာသာပြန်ပြီး အချိန်ရှိသရွေ့နှုတ်တိုက်ချပေး၊ပြီးတော့ အပြန်ပြန်အလှန်လှန်လေ့ကျင့် ပြီးရင်တစ်လုံးမကျန်ပြန်ချရေး . . ဒါဆိုအမှတ်ကောင်းပြီကွ . . ဒါမျိုးကျောင်းမှ ကျောင်းကောင်း၊ ဒီလိုသင်နိုင်တဲ့ဆရာမှ ဆရာကောင်း၊ ဒီလိုကျက်မှတ်နိုင်တဲ့ကျောင်းသားမှလူတော်ဆိုပြီး မိဘရော၊ ပတ်ဝန်းကျင်ရော၊ နိုင်ငံတော်ကပါ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အနှစ်(၂ဝ)လောက်မြှောက်စားလိုက်ကြတာ.. ဒီနေ့ကျောင်းသားကျောင်းသူတွေ စာမတတ်ဘူးဆိုတဲ့ပြသနာပေါ်လာတာပါဘဲ။အောင်စာရင်းထွက်လာတဲ့အခါ ကိုယ့်သားသမီး အမှတ်ကောင်းကောင်းနှင့်အောင်ဖို့ မိဘများကလည်း နည်းပေါင်းစုံနဲ့ရှိသမျှပုံအောပြီး ဘောင်အတွင်းကရော၊ ဘောင်အပြင်ကရောပေါ့ . . ဒီမှာတင် အေးချမ်းစွာ နေလာခဲ့ကြတဲ့ဆရာဆရာမတွေဟာငွေနဲ့ရင်းနှီးကုန်ကြတယ်၊ ငွေနဲ့ပျော်မွေ့လာကြတယ် . . ငွေကိုသိက္ခာနှင့် လဲတတ်လာကြတယ်။
တိုင်းပြည်တစ်ပြည်မှ ပညာအမွေပေးတဲ့ ဆရာဆရာမဖောက်ပြန်ရင် ဒီပညာရေးစနစ်ကျဆုံးတာပါဘဲ . . .။ ဒီလို(၁ဝ)တန်း တက္ကသိုလ်ဝင်တန်းက စလိုက်တဲ့ဇာတ်လမ်းက သူငယ်တန်းမှ ပါရဂူဘွဲ့အထိအကျိုးသက်ရောက်ပါတယ်။ ဒီနေ့မိဘများသားသမီး အရွယ်ရောက်လို့ ကျောင်းစထားကတည်းက ကလေးတွေကို လူရှေ့သူရှေကရောက်ရင် သားသား၊ မီးမီး ကြီးလာရင်ဘာလုပ်မှာလဲလို့မေးရင် သားသားက ဆရာဝန်လုပ်မှာ၊ အင်ဂျင်နီယာကြီးလုပ်မှာ . .စသဖြင့်ပြောခိုင်းပြီး စတင်ပုံသွင်းကြတယ် . . .၊။ ကျောင်းထားတဲ့အခါမှာလည်း အမှတ်နဲ့အဆင့်ကို ပိုမိုခုံမင်လာအောင် စာတတ်ဖို့ထက် ဒါတွေရဖို့ သက်ဆိုင်ရာဆရာ၊ ဆရာမများကို နည်းပေါင်းစုံနှင့်ချဉ်းကပ်ကြတယ်။ ငွေပေးပြီးကျူရှင်သင်ခိုင်းတယ်၊ ပါတိတ်ကန်တော့ ကြတယ်၊ မုန့်ပုံးကန်တော့ကြတယ်။ ဒီအခါမှာလိုတရသည်ရှိ ၊ မရသည်လည်းရှိပေါ့. . . ။၊ ရသည့်အခါ တပြုံးပြုံးနှင့် မရသည့်အခါ ကုန်းကုန်းဆဲပေါ့။
ဒီလိုနှင့် စဉ်ဆက်မပြတ်အကဲဖြတ်အတန်းတင် စာမေးပွဲစနစ်လည်းစရော . . စာမေးပွဲမှာပါမှာလေးပြောလိုက်၊့ ကျက်လိုက်၊ အမှတ်တွေကောင်းလိုက်။ အဆင့်တွေရလိုက်နဲ့မိဘတွေ ပျော်ပျော်ကြီးဖြတ်သန်းလာခဲ့လိုက်ကြတာ တစ်နိုင်ငံလုံး ပညာရေး စုန်းစုန်းမြုပ်ပေါလေရောလား။ နောက်ဆုံးအဆင့် ကုန်ကုန်ပြောရရင် သင်္ချာ ကိုတောင် စဉ်းစားတွက်ချက် တာမဟုတ်တော့ဘဲ အလွတ်ကျက်တဲ့အထိဖြစ်လာကြတယ်။ သေသေချာချောမေးကြည့်ကြစမ်းပါ . . . သင်္ချာမှာ ရာပြည့်တို့၊ ဂုဏ်ထူးတို့ရတဲ့သူတွေတောင်မှ သင်္ချာကိုကျက်ပြီး ဖြေကြတယ်။ တန်းစဉ်စာတတ်ဖို့ထက် အမှတ်ကောင်းဖို့၊ ဂုဏ်ထူးရဖို့မက်လိုက်ကြတာ ဒီဆယ်တန်းစာမေးပွဲပြီး အမှတ်ကောင်းမှ လိုင်းကောင်းရမယ်ဆိုတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်ကြောင့်ပေါ. ။ အံသြစရာပြောရဦးမယ် . . ဒီအဖြစ်အပျက် အများစုက ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာဘဲ အဖြစ်များတာ၊ ကျန်တဲ့တစ်ပြည်လုံး ဘာသံမှ မကြားရသလောက်ပါဘဲ။ ဘာသာရပ်ဆိုင်ရာသင်ကြားတဲ့ ဆရာဆရာမကလည်း မပြည့်စုံ၊ တစ်ယောက်တည်းနှစ်ဘာသာ၊ သုံးဘာသာ တတ်တတ်မတတ်တတ်၊ ကြိုးစားသင်၊ကျောင်းမလာလာချင်အောင်၊ ကျောင်းသားကို ချော့မော့ ပေးကျွေးသင်ပြီး အောင်မြင်သွားကြတဲ့ကျောင်းသားကျောင်းသူတွေလည်းရှိမှရှိ၊ ပေါမှပေါပါခင်ဗျ။ ဒီအကြောင်းတွေဒီလောက်ဖြစ်နေရ လောက်အောင် တက္ကသိုလ်ဝင်တန်း(၁ဝ)တန်း စာမေးပွဲစနစ်မှာရော ဘာတွေမှားခဲ့ကြတုန်း ဆက်လက်ပြီး လေ့လာကြည့်ရအောင် . . .
၁။ တက္ကသိုလ်ဝင်တန်းအမှတ်ဖြင့် လူငယ်များ၏ဘဝကိုအဆုံးအဖြတ်ပေးနေခြင်း
၁၉၈ဝအတိုင်ခင် က တက္ကသိုလ်ဝင်တန်းအမှတ်တစ်ခုတည်းနှင့် မိမိတို့သင်ကြားလိုသော ဘာသာရပ် ကို သင်ကြားရခြင်းမဟုတ်ဘဲ (Regional) ခေါ် ဒေသကောလိပ်မှ အမှတ်နှင့်ပေါင်းပြီးမှ မိမိတို့စိတ်ကြိုက် တက္ကသိုလ် တက်ရောက်ခွင့်ပြုတဲ့အတွက်ကြောင့်တက္ကသိုလ်ဝင်တန်းမှာ ချွတ်ချော်မှုတစ်စုံတစ်ရာဖြစ်ခဲ့ရင်တောင်မှ ကျောင်းသား ကျောင်းသူဟာ ထပ်မံကြိုးစားခွင့်ရနေကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ တက္ကသိုလ်ဝင်တန်း အမှတ်တစ်ခုတည်းနှင့် သတ်မှတ်လိုက်တော့ . . . ဒီတစ်ကြိမ်မှအမှတ်မကောင်းရင် ဘဝပျက်သလောက်နီးနီးမိဘနှင့် ကျောင်းသားကျောင်းသူများက ခံစားပြစ်လိုက်ကြတော့တယ်။ နိုင်ငံတကာမှာတော့ ဘာသာရပ်တွေကို အမှတ်မကောင်းလိုရှိရင် အမှတ်ကောင်းတဲံအထိ အကြိမ်ကြိမ်ပြန် လည်ဖြေဆိုခွင့်ပြုထားတယ်၊ စာမေးပွဲကြေးထပ်မံသွင်းပြီးတော့ပေါ့။ ပြီးတော့ နှစ်သက်ရာရာ ဘာသာကိုလည်းခွဲခြားဖြေဆိုခွင့်ပြုထားသေးတယ်။ ပြီးတော့ကျွန်တော်တို့နိုင်ငံမှာကျင်းပတဲ့စာမေးပွဲမှာ (၆-ဂ)ရက်အတွင်းမှာ ကျင်းပတဲ့အတွက် သိပ်ပြီးတော့ပင်ပမ်းပါတယ်။ပြီးတော့ တစ်စုံတစ်ခု ခိျု့ယွင်းမှုကြောင့် အမှတ်မကောင်ခဲ့ရင်လည်း ပြန်လည်ဖြေဆိုခွင့်မပေးပါဘူး၊ နိုင်ငံတကာမှာ မှာတော့ လနှင့်ချီပြီးဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ဆီမှာ အလွန်ကောင်းတဲ့စာမေးပွဲစနစ်တစ်ခုရှိပါတယ်။ ကောင်းမှန်းသိရက်နဲ့ခေတ်ပညာတတ်တွေ အတုမယူတတ်ကြဘူး။ အဲဒါကတော့ တိပိဋကစာမေးပွဲပါ။ ကိုယ့်ဝန်ကိုယ့်အားနိုင်သလောက် တစ်ကျမ်းချင်းခွဲဖြေလို့ရပါတယ်။ နှစ်အကန့်အသတ် မရှိပါဘူး။ နိုင်ငံတကာမှာဖြေဆိုနေကြတဲ့ (GCE "O" "A" Level ) လို့ခေါ်တဲ့နိုင်ငံတကာ တက္ကသိုလ်ဝင် စာမေးပွဲတွေလည်းထိုနည်းတူပါဘဲ။
၂။ တက္ကသိုလ်ဝင်တန်းသင်ရိုးညွှန်းတမ်းမကြာခဏပြောင်းလဲခြင်း
ဒေသကောလိပ်စနစ်စတင်ဖျက်သိမ်းသော ၁၉၈ဝကျော် ခုနှစ်လောက်မှ စတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်ရိုးညွှန်းတမ်း မတည်မငြိမ်အကြိမ်ကြိမ်ပြောင်းလဲခဲ့ခြင်းသည်လည်း ပညာရေးညံ့ဖျင်းရခြင်းတွင်အကြောင်းတစ်ခုဖြစ်သည်၊။ ပြောင်းလဲခြင်းဆိုရာဝယ် ခေတ်နှင့်ညီသော အကြောင်းအရာကိုပြောင်းခြင်းမဟုတ်ဘဲ ။ ဘာသာရပ်များကို မြန်မာလို သင်ကြားနေရာမှ အင်္ဂလိပ်လိုပြောင်း၊ အင်္ဂလိပ်လိုမှ မြန်မာလိုပြောင်း၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ပေါင်းလိုက်ခွဲလိုက်၊ ဓာတု၊ရူပ၊ ဇီဝပေါင်းလိုက်ခွဲလိုက် နှင့် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ကြခြင်းသည် မြန်မာပညာရေးကို များစွာနိမ့်ကျ နောက်ကျစေခဲ့သည်။ ကျောင်းသားကျောင်းသူများအတွက် အစမ်းသပ်ခံပညာရေးသက်သက်ဖြစ်ခဲ့ရသည်။
၃။ တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံညံ့ဖျင်းခြင်း။
နိုင်ငံတကာတက္ကသိုလ်ဝင်ခါင့်စာမေးပွဲများစစ်ဆေးရာတွင် နားလည် တတ်ကျွမ်းမှုကို သာ အဓိကထားစစ်ဆေးသော မေးခွန်းပုံစံများဖြစ်သည်။ ဥပမာဆိုရသော်- ဓာတု၊ရူပ၊ဇီဝဘာသာရပ်များတွင်(Essay Type ) မေးခွန်းများထက် (Multiple Cohice) (True or False) (Matching) စသော နားလည်မှုကိုသာအဓိကမေးမြန်းစစ်ဆေးအမှတ်ပေးကြသည်။
သင်္ချာဘာသာရပ်တွင်လည်းသတ်မှတ်ထားသော တွက်နည်းတစ်မျိုးတည်းမဟုတ်ဘဲ မိမိနှစ်သက်ရာ လမ်းကြောင်းဖြင့် အဖြေရောက်သည့်တိုင်တွက်ချက်လျှင်အမှတ်ပေးကြသည်။ ထို့ကြောင့် သင်ကြားသော ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း အလွတ်ကျက်ဖို့ထက် နားလည်နိုင်သမျှနားလည်အောင်၊ တတ်ကျွမ်းသည်ထက် ပိုမိုတတ်ကျွမ်းအောင်ကြိုးစားကြသည်၊ ပင်ပင်ပမ်းပမ်းမရှိလှပေ။ ကျွန်တော်တို့နိုင်ငံရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းလွှာအများစုမှာ (Essay Type ) များကိုသာမေးလေ့မေးထရှိသည်။ ထို့အတွက်ကြောင့် အင်္ဂလိပ်စာ အားနည်းသော ကျောင်းသားကျောင်းသူအများစုမှာ နားလည်ရန်ထက် (Parrot Learning)စာကိုအလွတ်ရရန်သာ ကြိုးစားကျက်မှတ်ကြတော့သည်။ ဘာသာရပ်တစ်ခု တိုးတက်သိမြင်ရန်အတွက် တီထွင်ကြံဆခြင်း၊ တိုးတက်ခြင်းရှိအောင် မဆောင်ရွက်လိုကြတော့ပေ။ ဒါ့အပြင် ၁၉၉၈ ခုနှစ်လောက်ပတ်ဝန်းကျင်မှစတင်၍ မေးခွန်းပေါက်ကြားမှုမရှိစေရန်ဟူသော မမှန်ကန်သည့်အကြောင်းပြမှုဖြင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး မေးခွန်းတစ်စုံသာထုတ်ဝေစစ်ဆေးရာမှ ပြည်နယ်နှင့် တိုင်းအလိုက် မေးခွန်း(၁၁) စုံ ဖြင့်ခွဲခြား စစ်ဆေးခဲ့ကြသည်။ ပြီးတော့ အခြေခံပညာအထက်တန်းစာမေးပွဲ(အြေမငခကူအေငသည နထော ) မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(့ညငလနမျငအပ နညအမညေခန) ဟုပြောင်းလဲပြီး စာမေးပွဲနှင့်ပတ်သက်သမျှကို တက္ကသိုလ်မှ အပြီးအပိုင်ထိမ်းချုပ်ခဲ့သည်။ ဒီအတွက်ထူးခြာမှုရှိမရှိမဆိုနိုင်သော်လည်း ပညာရေးဘတ်ဂျက်များသည်ကား ပိုမိုကုန်ကျခဲ့သည် ကိုတွေ့ခဲရသည်၊ ထိုစနစ်မှ အမြတ်ရခဲ့သည်မှာ နိုင်ငံတော်လည်းမဟုတ်၊ ကျောင်းသားကျောင်းသူလည်းမဟုတ် မေးခွန်းထုတ်ဝေရာ တက္ကသိုလ်များရှိ ပါမောက္ခချုပ်ကြီးများသာလျှင်ဖြစ်သည်၊ တစ်နှစ်တစ်နှစ် သိန်း (၁ဝဝ)နှင့်အထက် မြတ်စွန်းရယူခဲ့ကြသည်မှာ တက္ကသိုလ်အသိုင်းအဝိုင်းတခုလုံးအသိပင်။ ကျောင်းသားကျောင်းသူများအား သင်ရိုး ဘောင်အတွင်းမှမေးမြန်းသည်ဆိုသော်လည်း မေးခွန်းမတူသဖြင့်ရမှတ်များလည်း မတူခဲ့ကြသည့်အပြင် မိမိလိုရာပန်းတိုင်နှင့် လွဲချော် နစ်နာဆုံးရှုံးခဲ့ကြသည်များမှာလည်းဒုနှင့်ဒေး။ ဒီလိုမညီမျှမှုများ၊ လစ်ဟာချက်များရှိနေသော ၊ မေးခွန်း(၁၁)စုံမှ မေးခွန်းတစ်စုံသို့ပြောင်းလဲရန် ကျင်းပနေသော ပြည်သူလွှတ်တော်တွင် အဆိုပြုရာတွင် မေးခွန်းတစ်စဲုံထက်မေးခွန်း(၁၁)စုံမှ ပိုမိုလုံခြုံသည်ဟူသောအဖြေဖြင့် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြေကြားရာ ကြားရသူတိုင်း ပြုံးခဲ့ကြရသည်။ ကျောင်းသားကျောင်းသူများနစ်နာဆုံးရှုံးမှုထက် မိမိတို့အတွက် အခွင့်အရေးများဆုံးရှုံရန်မလိုလားသော ပါမောက္ခချုပ်ကြီးများနှင့် ညွှန်ချုပ်၊ ဝန်ကြီးတို့ အားလုံးအကွက်ဆင် ဂွင်ရိုက်ထားခြင်းခြင်းဖြစ်သည်။
၎။ တက္ကသိုလ်ဝင်စာမေးအဖြေလွှာများစစ်ဆေးပြီး အောင်စာရင်းထုတ်ပြန်မှုညံ့ဖျင်းခြင်း။
နိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့်တိုင်းအလိုက် မေးခွန်းများဖြင့် ဖြေဆိုပြီးခဲ့ကြသော အဖြေလွှာများကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင်စစ်ဆေရာတွင်လည်း-
(က) စာစစ်မှူးချုပ်များသည် သင်ရိုးအပေါ်တွင် စူးစမ်းလေ့လာမှုအားနည်းကြသည်။ ထို့အတွက်ကြောင့် မေးခွန်းထုတ်ရာတွင်လည်းကောင်း၊ ဖြေဆိုခဲ့သောအဖြေလွှာများကို စစ်ဆေးရန်အတွက် အမှတ်ပေးစည်းမျဉ်းများကို ရေးဆွဲရာတွင် အမှားအယွင်းများရှိခဲ့ကြသည်။ သိနားလည်သူများမှ ပြင်ဆင်ရန်တင်ပြခဲ့ကြသော်လည်း မိမိအမှား အတွက်တာဝန်မယူဘဲ ပြင်ဆင်မပေးခြင်း။ (၉၅%)
(ခ) စာစစ်သူအများစုမှာလည်း တက္ကသိုလ်ဝင်တန်းသင်ရိုးနှင့်ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း၊ လေ့လာမှုမရှိခြင်း(၉ဝ%) ထို့အတွက်အမှတ်ပေးရာတွက်အခက်အခဲများရှိခြင်း။ အမှားအယွင်းများခြင်း။
(ဂ) သက်ဆိုင်ရာဘာသာရပ်များကိုစစ်ဆေးရာတွင်လည်း အစိုးရမှ ပြဌာန်းထားသော ပြဌာန်းစာအုပ်ထဲမှ အတိုင်း ၏၊ သည် မလွဲ ဖြေဆိုမှသာ အမှတ်ပေးခြင်း၊ တစ်လုံးတလေမှားလျှင်တောင်မှ အမှတ်လျှော့ခြင်းကြောင့် အမှတ်ပေးစည်းမျဉ်းဟုပင်မခေါ်ကြဘဲ အမှတ်လျော့စည်းမျဉ်းဟုပင်ခေါ်ကြခြင်း၊ ပြဌာန်းစာအုပ်နှင့် တိုက်ဆိုင်စစ်ဆေးသည် ဆိုရာတွင်လည်း ပြဌာန်းစာအုပ်များကိုပုံနှိပ်ထုတ်ဝေသည့်နေရာများဖြစ်ကြသော . . နေပြည်တော်ပုံနှိပ်စက်ရုံ၊ အထက်မြန်မာပြည်ပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ များမှအသီးသီးထုတ်ဝေသော ပြဌာန်းစာအုပ်များသည်ပင် တစ်အုပ်နှင့် တစ်အုပ်ပါသည့်စာသားများလွဲချော်ခြင်း။
(ဃ) ကျောင်းသား၊ကျောင်သူမှ မိမိတတ်ကျွမ်းမှုအား မိမိနားလိုသလို (ှနညအနညခနျ) ဖြင့် ရေးသားခြင်းကို လုံးဝအမှတ်မပေးခြင်း၊ သင်္ချာဖြေဆိုရာတွင်လည်းသတ်မှတ်ထားသောတွက်နည်းမှလွဲ၍ အခြားနည်းဖြင်ဖြင့်တွက်လာပါက အဖြေရောက်သော်လည်းအမှတ်မပေးခြင်း။
(င) အောင်စာရင်းများပြုစုရာတွင်လည်း ကျွန်တော်တို့ခေတ်တုန်းက တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်း (၈-၁၂%) ခန့်မှ ယနေ့အချိန်တွင် အောင်ချက်ရာခိုင်နှုန်း(၄ဝ%) ကျော်ရှိခြင်းမှာ ပညာရည်တိုးတက်မှုမဟုတ်ဘဲ သက်ဆိုင်ရာ ပညာရေးအစီအမံများကို ဖော်ဆောင်ခဲ့ကြသူများမှ မိမိတို့ဖော်ဆောင်ထားသော စနစ်မအောင်မြင်မှုကို ဖုံးကွယ်ရန်အတွက် ( သြိနမအေငသည မြျေု) များပေးကာ အောင်မှတ်နိမ့်ချထားခြင်း။ ထိုအပြင် တက္ကသိုလ်များ အမြောက်အများဖွင်လှစ်ကာ ကျောင်းသားမရှိခြင်းဟူသော ပြသာနာကိုဖြေရှင်းခြင်း ထိုသို့ဆောင်ရွက်ခြင်းရလဒ်မှာ တက္ကသိုလ်တွင် စာလုံးဆင့်ပါလျှင်တောင်မဖတ်တတ်သော ကျောင်းသားများဖြစ်လာကြခြင်း။(ဥပမာဆိုရသော ပညာရေးဝန်ကြီး ဦးသန်းအောင်လက်ထက်တွင် တက္ကသိုလ်ဝင်တန်းသာမေးပွဲ အောင်စာရင်းထွက်ပြီးနောက် တိုင်ကြားစာ တစ်ခု ကိုစစ်ဆေးကြရာတွင် အများစုမှာ တအံတသြဖြစ်ကြရသည်။ ထိုကျောင်းသားတိုင်ကြားရခြင်းမှာ စာမေးပွဲ အောင်မြင်သောကြောင့် တိုင်ကြားခြင်း ဖြစ်သည် ၊ အမှန်မှာ ထိုကျောင်းသားသည် မိမိရလိုသောအမှတ်မရနိုင်သောကြောင့် နောက်ဆုံးဘာသာရပ် ဖြစ်သော ဇီဝဗေဒတွင် ဖြေဆိုသမျှအဖြေအားလုံးအားကန့်လန့်ဖြတ်ခြစ်၍ ကျရှုံးအောင် လုပ်ထားပါလျှက် အောင်မြင်လာသောကြောင့်တိုင်ကြားရခြင်းဖြစ်သည်။ ဖြစ်စဉ်များကို ပြန်လည်စစ်ဆေးရာတွင် ထိုကျောင်းသား ခြစ်ချထားသည်မှာလည်းမှန်သည်။ စာစစ်သူမှ ခြစ်ချထားသည်မှ လွတ်နေသော စာအားစစ်ဆေးရာတွင် ရမှတ် (၂)မှတ်ရှိပါသည်။ ယင်းနှစ် စာမေးပွဲစစ်ဆေးရေးမူအရ ကျောင်းမှန်မှန်ပုံမှန်တက်သည်ဟုစာရင်းပို့ထားသူအား ကျရှုံးသောဘာသာရပ်တွင် (ဃဏျွ) အမှတ် (၂၅)မှတ်ထည့်ပေါင်းပေးရန်ညွှန်ကြားထားသောကြောင့် ထိုကျောင်းသားသည် စုစုပေါင်း(၂၇)မှတ်ရရှိသွားပြီး ထိုနှစ်က ဇီဝဗေဒ (သြိနမအေငသည မြျေု) မှတ်အား(၂၇) မှတ်အထိလျှော့ချလိုက်သောကြောင့် ထိုကျောင်းသား ဖြေဆိုရာ ကျရှုံးချင်သောကြောင့် ခြစ်ချရာတွင် (၂)မှတ်ရပြီး စာမေးပွဲအောင်သွားခြင်းကို အံသြဘွယ်တွေ့ရှိရသည်။ ကိုယ်တွေ့)။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှားများပြောရရင် တစ်ထောင့်တစ်ညပုံပြင်ကဲ့သို့ ဆုံးနိုင်ဘွယ်ရာမမြင်။
ဒါကြောင့် မြန်မာနိုင်ငံပညာရေးနိမ့်ကျရခြင်းအအဓိကအကြောင်းရင်းများထဲတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်သည် တစ်ခုအပါအဝင်ဖြစ်ကြောင်းကို လွတ်လပ်စွာသဘောထားကွဲလွဲနိုင်ပါသည်။ ယခုပုံစံဖြင့်ကျင်းပနေသော တက္ကသိုလ်ဝင်တန်းစာမေးပွဲပုံစံအား ပြုပြင်ပြောင်းလဲမှုမပြုသမျှ မပြင်ဆင်သမျှ မိဘများရော ကျောင်းသား ကျောင်းသူများရော ဆရာဆရာမများအားလုံး အမှတ်ကောင်းရေးကိုသာ ဆက်လက်ဦးတည် သင်ကြားကြမည်သာဖြစ်သည်။ မြန်မာနိုင်ငံပညာရေးမှာလည်းနိမ့်ပြီးရင်းနိမ့်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထိုအခါ ယခုနိုင်ငံတော်က ပညာရေး တိုးတက်မြင့်မားမှုအတွက် ဆောင်ရွက်နေသော (ှအကိနညအျ ဃနညအမန ဗစစမသခ့ ) ကျောင်းသားဗဟိုပြုသင်ကြားရေး ဆိုသည်မှာ ရယ်ရွှင်ဖွယ်ရာအကြောင်းရာတစ်ရပ် ဖြစ်ယုံမျှတစ်ပါးအခြားမရှိနိုင်ပေ။
ကိုကြီးသောင်း (အရာတော်)
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment