မိဘမဲ့ ကလေးများအတွက် မတ်လ ၃၀ ရက်နေ့၊ ပြည်သူ့ရင်ပြင်မှာ ဒါရိုက်တာ မောင်သီစီစဉ်ပြီး မေတ္တာ၊ ကုသိုလ်၊ ဗေလုဝနဲ့ အရိုင်းတို့ ပါဝင်မယ့် ရန်ပုံငွေ သင်္ကြန်သံချပ်ပွဲကျင်းပမယ်လိ
RSCC ပရဟိတအဖွဲ့အစည်းအနေ နဲ့ ရန်ပုံငွေဖျော်ဖြေပွဲတွေ လုပ်ခဲ့ ဖူးပေ မယ့် အနုပညာဖျော်ဖြေပွဲအဖြစ် သံချပ်ကို ပထမဆုံး စီစဉ် တာဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ် (၁၂/၂၀၁၂) ဆုံးဖြတ် ချက်အပိုဒ် (၁၈) အရ ပွဲကျင်းပခွင့် မပြု ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ရေလည်စွာ နားလည်ခြင်း မရှိဘူးလို့ Regent မှ ကိုကောင်းမြတ်ထွဋ်က ပြောပါတယ်။
“ကျွန်တော်တို့ ပွဲပျက်တာ မဟုတ်ပါဘူး။ အတားခံရတာပါ။ ဒီပွဲ မကျင်း ပဖြစ်တဲ့အတွက် မှတ်မိသလောက်ဆိုရင် သိန်း လေးဆယ်ကျော်လောက် ဆုံးရှုံးသွားပါတယ်။ ပြောချင်တာက ကျွန်တော်တို့ ပရဟိတအစီအစဉ် အတွက် အလှူရှင် တွေရှိပါတယ်။ သူတို့လှူထားတဲ့ငွေတွေက အဲဒီဆုံးရှုံး တဲ့ထဲမှာ ပါသွားလို့ ပွဲမလုပ် ဖြစ်လို့ဆိုပြီး ကျွန်တော်တို့ ဒီအတိုင်း မထားပါဘူး။ ပေးဖို့ရှိတာအားလုံးကို Regent ကနေစိုက်ထုတ်ပြီး ပြန်ပေး နေပါတယ်”လို့ ကိုကောင်းမြတ်ထွဋ်က ပြောပါတယ်။
ရန်ပုံငွေပွဲမှာ ပါဝင်တင်ဆက်မယ့် အနုပညာရှင် သံချပ်အဖွဲ့သားတွေက လည်း အချိန်နှစ်လလောက် ကြိုးစား ကြိုတင်ပြင်ဆင်ထားပြီး ပွဲကျင်းပ ခွင့်မရ တာကြောင့် ၀မ်းနည်းစိတ်မကောင်းဖြစ် ရတယ်လို့ ဆိုကြပါတယ်။
“ဦးတို့ကားရိုက်အလုပ်တွေကို
သံချပ်ဆိုတာ ကမ္ဘာမှာ မြန်မာသာသိတဲ့အနုပညာတစ်ခုဖြ
“ကျွန်တော်တို့ သံချပ်သမားတွေက နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြည်သူ တွေနဲ့အတူ ရယ်မောပစ်ပြီး ဘ၀အမောတွေကို ဖြေဖျောက်ပစ်တာပါ။ အခုလို ပွဲကျင်းပဖို့ တားဆီးတယ်ဆိုတာလည်း စိုးရိမ်လို့ဖြစ်ပါလိမ့်မယ်
“ပြင်ဆင်တာတွေ၊ ဆုံးရှုံးတာတွေ ဦးတို့အတွက် မကြည့်ပါဘူး။ ဒီသံချပ်ပွဲကို လာကြည့်မယ့် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေ ရှိသမျှ ပိုက်ဆံလေး စုပြီးတော့ ကားတွေငှားလာမယ်၊ မနက်ပိုင်း ရွှေတိဂုံဘုရားတက်၊ နေ့လယ် ပန်းခြံ မှာ ထမင်းစားကြ၊ ညနေ ဦးတို့ သံချပ် အဖွဲ့လေးကို တန်တယ်ဆိုပြီး လက်မှတ် ဘယ်လောက်ပေးရပေးရ၊ နှစ်နှစ်ဆယ်ကျော် ဝေးကွာနေလို့ လာအားပေးမယ် ဆိုသူတွေအတွက် စိတ်မကောင်းတာပါ” လို့ ဦးကုသိုလ်က ပြောပြီး သံချပ်စာ သားတွေကိုလည်း မျက်မှောက်ခေတ်နဲ့ ငြိစွန်းသွားမှာ စိုးလို့ လွန်ခဲ့တဲ့နှစ် သုံးဆယ်လောက်က သံချပ်စာသားတွေပဲ ပြန်တိုက်ထားတဲ့ အကြောင်းကိုလည်း ရှင်းပြပါတယ်။
ရန်ပုံငွေသင်္ကြန်သံချပ်ပွဲကိ
“ဒီနှစ်အစောပိုင်းမှာ အမျိုးသား လွှတ်တော်က သံချပ်တွေ ပြန်ခွင့်ပြုပြီလို့ သတင်းစာတွေမှာတွေ့တော့ ၀မ်းသာပြီး ကြိုးစားကြည့် တယ်။ တကယ်တမ်းကျ တော့ မရဘူး။ အဲဒီအတွက် ၀မ်းနည်းပါ တယ်”လို့ သူက ပြောပါတယ်။
သူက ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ခေတ်ကြီးထဲမှာ ဒီမိုကရေစီဆိုတာ မြန်မာ့ယဉ်ကျေးမှုထဲမှာ တစ်စိတ်တစ်ပိုင်း ပါရှိနေပေမယ့် လူငယ်တွေကိုတော့ တစ်ခေတ်တစ်ခါတုန်းက သံချပ်ဆိုတာ မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်လို့ပဲ ပြော ရမယ်ထင်တယ်လို့လည်း ဆိုပါတယ်။
“သင်္ကြန်မှာ သရုပ်ပျက်ယဉ်ကျေးမှု တွေဖြစ်တဲ့ မိန်းကလေးတွေ မူးရူးနေတာ တွေ၊ ယောက်ျားလေးတွေ ၀ုန်းဝုန်း ဒိုင်းဒိုင်း အော်ဟစ် နေတာတွေကို ဦးတို့ ငယ်ငယ်တုန်းက ယဉ်ကျေးမှုကို ဘယ်လို ထိန်းခဲ့တယ်၊ သံချပ်အဖွဲ့တွေကလည်း ဘယ်လိုဝေဖန်ခဲ့တယ်။ ထိန်းသိမ်းဖို့ ထောက်ပြခဲ့တယ်ဆိုတာတွေကို ပြချင် တာပါ။ ဒီမိုကရေစီရဲ့အနှစ်သာရဆို တာ မြန်မာနိုင်ငံမှာ အစောကြီးကတည်းက ရှိနေတာပါ။ အခုမှရှိလာမှာ မဟုတ်ပါဘူး ဆိုတာ ပြချင်ပေမယ့် ထုတ်ဖော်ခွင့်မရ လိုက်ဘူး” လို့ ဒါရိုက်တာ မောင်သီက ပြောပါတယ်။
နှစ်နှစ်ဆယ်ကျော် ကွာဝေးနေတဲ့ သင်္ကြန်သံချပ်အတွက် တစ်လကျော် လောက် လေ့ကျင့်ခဲ့ရပေမယ့် ပွဲကျင်းပ ခွင့်မရတဲ့ အကြောင်းကို မတ်လ၂၉ ရက် နေ့မှသိရပြီး အံ့ဩ၀မ်းနည်းနေတယ်လို့ ‘ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်’ သံချပ် အဖွဲ့ခေါင်းဆောင် မောင်မောင်မြင့်အောင် (ခေါ်)ဗေလုဝကပြောပါတယ်။
“ကြေကွဲတယ်ဆိုတဲ့ စကားလုံးထက် ပိုကောင်းတဲ့စကားလုံးရှိရင်
“လာအားပေးဖို့ အားခဲထားတဲ့ ပရိသတ်ကိုတော့ တို့တစ်ချိန်ပြန်ဆုံတွေ့ ဦးမှာပါလို့ပဲ ပြောချင်ပါတယ်”လို့လည်း သူက ပြောပါတယ်။
RSCC က ပွဲကျင်းပရေးတာဝန်ခံ ကိုကောင်းမြတ်ထွဋ်က ဧပြီလကုန်ပိုင်းမှာ သံချပ်ဖျော်ဖြေပွဲ ကျင်းပနိုင်ဖို့ကြိုးစားသွာ
ငြိမ်းအိအိထွေး
Source : မြန်မာတိုင်း(မ်)သတင်းဂျာနယ
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment