””ပုသိမ်မြို့မှာ အစိုးရ၀န်ထမ်းတွေတင်မကပုဂ္ဂလိ ကအဖွဲအစည်းတွေမှာအဂတိလိုက်စားမှု ရှိနေ””
ဒီဖေါ်ပြချက်ဟာ လူတစ်ယောက်က မနာလိုဖြစ်လို့ တမင် ဖန်တီးထားတဲ့ လုပ်ကြံဇာတ်လမ်းတွေပါ ကျွန်တော်က ပုသိမ်မှာနေပြီး ကိုယ်တိုင် ကွန်ပျူတာပညာရှင်အသင်းရဲ့ အခမဲ့သင်ပေးတဲ့ ဂျပန်အင်ဂျင်နီယာစာမေးပွဲသင်တန်းတွေကို တက်ပြီး ဖြေဘူးတဲ့သူပါ အသင်းမှာရှိတဲ့ ဆရာတွေ ဆရာမတွေ အဓိက ကတော့ ဆရာ ဦးမောင်ဦး တီချယ် ဒေါ်မြတ်မြတ်မိုး အပါ ဆရာအားလုံးဟာ စေတနာနဲ့သင်ပေးကြတာ သင်တန်းသားတွေက ငွေကြေးဘာမှ မကုန်တဲ့အပြင် စာအုပ်တွေဖတ်ဖို့ဌားပေးတယ် မေးခွန်းဟောင်းတွေဆိုလဲ လေ့လာဖို့ ebook လုပ်ပြီး free ပေးတာ စာမေးပွဲဖြေတော့ အထက(၁)မှာ ဖြေရတာ အဲဒီ စာမေးပွဲတွေကို အမြဲတမ်း လိုလို အထက(၁)မှာပဲစစ်တယ် တခါတော့ ကွန်ပျူတာတက္ကသိုလ်(အခု စက်မှုအထက)မှာ စစ်တယ် ကျွန်တော် အဲဒီမှာ ဖြေဘူးတယ် တီချယ်တို့က ကျောင်းသားတွေ အပေါ် စေတနာကောင်းတယ် အရမ်းပင်ပန်းခံပြီးသင်ပေးရတာ စာမေးပွဲက အောင်ဖို့ ခက်တယ် စာတွေက ကွန်ပျူတာ တက္ကသိုလ် ဘွဲ့တစ်ခုစာလောက်များတာ သင်တန်းကြေးမပေးရဘူး စာမေးပွဲကြေးက ရန်ကုန်အသင်းချုပ်ကိုသွင်းရတာ တီချယ် တို့ က ဒီဂျပန်အင်ဂျင်နီယာစာမေးပွဲအြေ ကာင်း ပုသိမ်က တက္ကသိုလ်တွေမှာ တစ်နှစ်ကို တခါ နှစ်ခါ အမြဲတမ်းဟောပြောပွဲလာလုပ်လို့ စာမေးပွဲဖြေတဲ့သူများတာ AIBI ကျောင်းသားတွေကို ရွေးသင်တာ မဟုတ်ဘူး ကျွန်တော်ဆို MCC မှာ တက်နေရင်း ဒီဂျပန်အင်ဂျင်နီယာစာမေးပွဲသင် တန်းတက်ခဲ့တာ
ပြီးတော့ နိုင်ငံခြားပညာတော်သင် စာမေးပွဲဆိုတာ ပုသိမ်မှာစစ်တာ မဟုတ်ဘူးဗျ အင်တာနက်ဂျာနယ် နက်ဂိုက်ဂျာနယ်တွေမှာ သတင်းဖေါ်ပြပေးထားတာ တပြည်လုံးက ဖြေဖို့ အရည်အချင်းမှီရင် အသင်းချုပ်ကိုလျှောက်ရတာ ပုသိမ်မှာဖြေလို့ရတာမျိုး ပုသိမ်မှာရွေးတာမဟုတ်ဘူး တပြည်လုံးကလာဖြေတဲ့သူက အများကြီး၊ စာမေးပွဲ အဆင့်ဆင့်ဖြေရတာ နိုင်ငံခြားကစစ်ပြီး ကြိုက်မှ ခေါ်တာဗျ ခု ပုသိမ်က ပါတယ် ဆိုတဲ့ ကျောင်းသားတွေက ကွန်ပျူတာတက္ကသိုလ်မှာတုန်းက စာတော်တဲ့သူတွေဗျ Roll 1 to 5 တွေဗျ မာစတာဘွဲ့ရတွေလေ၊သူတို့တော်လို့ သူတို့ရတာပါ ။ဒီအတင်းအဖျင်းရေးပို့လိုက်တဲ့ သူက ဒါတွေမသိဘူးဆိုတော့ ကွန်ပျူတာပညာရှင်အသင်းဝင်ကျောင်းသားမဟုတ်တာသေချာတယ် ဂျပန်အင်ဂျင်နီယာစာမေးပွဲ ကိုပဲ ပုသိမ်မှာ စစ်တာ ဒီစာမေးပွဲကိုလည်း ရန်ကုန်အသင်းချုပ်က ဆရာမကြီးတွေ က မေးခွန်း ကို ကိုယ်တိုင်ယူလာပြီး ပုသိမ်နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်က ဆရာမတွေ ရှေ့မှာဖေါက်ပြီး စာမေးပွဲစစ်တာ ကွန်ပျူတာအသင်းရော တက္ကသိုလ် ဆရာမတွေရော စာမေးပွဲစောင့်တာ အရမ်းခက်တဲ့စာမေးပွဲဗျ အောင်ချက် တပြည်လုံးမှာ ၅ % ၁၀% လောက်ပဲ နိုင်ငံခြားမှာကို က ဒီလောက်ပဲအောင်တာ ကူးချလို့ ရတာမဟုတ်ဘူး Unseen တွေ၊
ဒါကို ဒီလူ မသိပဲ ဖေါလိုက်တာ၊ ကျွန်တော်လဲ ဖြေတုန်းပဲ အောင်သေးဘူး၊ ဒါပေမယ့် တချိန်တော့ အောင်ရမယ် ကြိုးစားဆဲပါ
တီချယ်တို့ ဆရာ တို့က လှူလဲလှူတယ် ကျွန်တော်တို့ကျောင်းကိုလဲ ကွန်ပျူတာတွေ ပျက်နေလို့ လှူထားသေးတယ် တခြားကျောင်းတွေမှာလဲ လှူတယ်ဗျ တီချယ်တို့ က စေတနာကောင်းတယ် လူချစ်လူခင် လဲများတယ် ပြီးတော့ AIBI ဆိုတာ ပုသိမ်မှာ လူအများဆုံးကျောင်းဗျ ခုချက်ချင်းသင်တန်း တက်ချင်လို့ နေရာမရနိုင်ဘူး၊လူအမြဲပြည့်နေတာ တစ်လလောက် ကြိုစာရင်းပေးမှ နေရာရတာ လူတိုင်းသိကြတယ်
ဒီလောက်အောင်မြင်နေလို့ မနာလိုဖြစ်တဲ့လူက တမင်ဖန်တီးရေးထားတာ တီချယ်တို့က ပညာရှင်စစ်စစ်တွေဗျ နိုင်ငံရေးသမားမဟုတ်ဘူး နိုင်ငံရေးစကားမပြောဘူး တွေ့ရင် စာကြိုးစားဖို့ပဲ ဒီလောက် သဘောထားဖြူတဲ့ ဆရာဆရာမတွေကို စောကားလိုက်တာ ကျောင်းသား မဖြစ်နိုင်ဘူး ကျွန်တော် ထင်တယ် မအောင်မြင်တဲ့ လုပ်ငန်းတစ်ခု၊ ကျောင်းတကျောင်းလည်းဖြစ်နိုင် တယ် ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး မနာလိုတာ သက်သက်ပဲ အစ်ကိုတို့ သတင်းအမှန်တွေကို အသင်းရဲ့ Website နဲ့ Facebook တွေ မှာ ဖတ်ကြည့်ရင် လူတိုင်းသိပါတယ်ဗျာ ဒါကြောင့် အစ်ကိုတို့ ဆိုက်မှာ ဒီလို လူကို အသရေဖျက်အောင်တမင်ဖန်တီးထားတဲ့ စာမျိုးတွေကို မတင်သင့်ပါဘူး ကွန်ပျူတာပညာရှင်အသင်းဝင်တွေ ဖတ်မိရင် အစ်ကိုတို့ ဆိုက်အပေါ်မှာ ဘယ်လိုမြင်မလဲ ကျောင်းသားကျောင်းသူတိုင်းက အားကျ အတုယူလေးစားရတဲ့သူတွေကို စောကားတိုက်ခိုက်တာတွေကို ကျွန်တော်တို့ မခံချင်ပါဘူး ဒီ Post ကို ဖျက်လိုက်ဖို့ ကျွန်တော်တို့တောင်းဆိုပါတယ် တီချယ်တို့ ဆရာတို့ သိရင်လဲ မကောင်းပါဘူး ပြီတော့ ဒါဟာ အဖွဲ့အစည်းကနေတောင် တရားစွဲလို့ရတဲ့ဟာမျိုးပဲ ဒါကြောင့် အစ်ကိုတို့ ဒီလိုမျိုး ပုဂ္ဂိုလ်ရေးမနာလိုတိုက်ခိုက်တာေ တွကို သတင်းလို့ တလွဲအသုံးချမခံရအောင် ဒီ post ကို အပြီးဖျက်ပစ်ဖို့ ဖြစ်နိုင်ရင် ဒီလို နောက်နောင် ရေးပို့လာရင် အ၀င်မခံစေဖို့Block တောင်လုပ်သင့်ပြီဗျာ
ဒီအီမေးလ်ကို လည်းသိချင်မိတယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment