ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားစဉ် |
အဆိုပါတွေ့ဆုံပွဲသို့ ၁၉၆၂ခု နှစ်၊ ၁၉၆၉ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၅ ခုနှစ်၊ ၁၉၇၆ခုနှစ်၊ ၁၉၈၈ခု နှစ်၊ ၁၉၉၆ခုနှစ်၊ ၁၉၉၈ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များ၌ ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူများအနက် တက်ရောက်နိုင်သူများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံ ပွဲကို တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ရဲရဲရင့်ရင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အနစ်နာခံပေးဆပ်ခဲ့သူများ နွေးထွေးစွာပြန်လည် ဆုံတွေ့ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဦးကိုကိုလေးမှ ဦးဆောင်စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။
တွေ့ဆုံပွဲသို့ ဒေါ်အောင်ဆန်းစုကြည်မှ သ၀ဏ်လွှာပေးပို့ခဲ့ပြီး သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်နှင့် ၁၉၆၂ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေတို့က အမှာစကားပြောကြားခဲ့ပြီး ၁၉၇၄ခုနှစ်၊ ၁၉၇၅ခုနှစ်နှင့် ၁၉၇၆ခုနှစ် ကျောင်းသားကျောင်းသူများ၏ သ၀ဏ်လွှာကို ဦးရာကျော်က လည်းကောင်း၊ ၁၉၈၈ခုနှစ် တက္ကသိုလ်ဆရာများ အသင်း၏ သ၀ဏ်လွှာကို တက္ကသိုလ် ဆရာများအသင်း တွဲဖက်အတွင်းရေးမှူး ဦးဌေးလွင်က လည်းကောင်း ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ၁၉၉၆ခုနှစ်၊ ၁၉၉၈ခုနှစ် ကျောင်းသား/ကျောင်းသူများ၏ သ၀ဏ်လွှာကို မဇင်မာအောင်က ဖတ်ကြားခဲ့ကာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ သ၀ဏ်လွှာကို ကိုဇင်လင်းအောင်ကလည်းကောင်း၊ နိုင်ငံရေး အကျဉ်း သားဟောင်းများ၏ သ၀ဏ်လွှာကို ဦးဇော်ရဲဝင်းကလည်းကောင်း၊ Generation Wave (GW) အဖွဲ့၏ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာအား ကိုချမ်းဦးသာက လည်းကောင်း ဖတ်ကြားခဲ့ပြီး ဖွဲ့စည်းဆဲဖြစ်သည့် မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂ၏ သ၀ဏ်လွှာကို ကဗျာဆရာသစ္စာနီက ဖတ်ကြားခဲ့ပါသည်။
ထို့အပြင် ယခုတွေ့ဆုံပွဲကို ဦးဆောင်ကျင်းပခဲ့သူ ဦးကိုကိုလေးက ဆရာဦးဝင်းတင် ဦးဆောင်လုပ်ကိုင် နေသော အကျဉ်းသားထောက်ပံ့ရေး အစီအစဉ်နှင့် မမီမီလွင်နှင့်အဖွဲ့လုပ် ကိုင်နေသော နိုင်ငံရေး အကျဉ်းသား များထောက်ပံ့ရေး အစီအစဉ်များသို့ အလှူငွေ ပေးအပ်လှူဒါန်းခြင်းကိုလည်း ပြုလုပ်ခဲ့ပါသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment