ကုမုဒြာဂျာနယ် — ဘီလ်စနစ်အသုံးပြုတဲ့ဖုန်းတွေအားလုံးကို ငွေဖြည့်ကဒ်စနစ်ပြောင်းလဲတော့မှာဖြစ်ပြီး ဘီလ်စနစ် ဆက်အသုံးပြုချင်သေးတဲ့ ဖုန်းတွေ ကတော့ လစဉ် ဖုန်းဘီလ်ကို ဘဏ်တွေကနေတစ်ဆင့်ပေးဆောင်လို့ရမှာ ဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးမှ သိရပါတယ်။
“ဘီလ်ဆောင်တဲ့နေရာတွေအားလုံးဖျက် သိမ်းပြီးအွန်လိုင်းဖုန်းဘီလ်ဆောင်တဲ့ စနစ်နဲ့ပဲ ဆက်သုံးလို့ရမယ်၊ ဘဏ်မှာစရင်းရှင်အကောင့်ဖွင့်ပြီး ဘီလ်ဆောင်ရင်ဆောင်၊ မဆောင်ရင် ကိုယ်စားလှယ်တွေကိုဝန်ဆောင်ခပေး ပြီး ဆောင်ရမယ်” လို့မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ဆိုပါတယ်။
ဘီလ်စနစ်ဆက်သုံးမယ့်ဖုန်းတွေက အွန်လိုင်းဖုန်းဘီလ်စနစ်နဲ့ ဖုန်းဘီလ်ဆောင်မယ်ဆိုရင် မြန်မာ့စီးပွားရေးဘဏ်နဲ့ AGD ဘဏ်တွေမှာ လစဉ်
ဖုန်းဘီလ်ဆောင်နိုင်ပါတယ်၊ မြန်မာ့ဆက်သွယ်ရေးက ဘီလ်စနစ်ဖုန်းတွေ အားလုံးထံ ငွေဖြည့်ကဒ်စနစ်သုံးဖို့ အကြောင်းကြားစာ မက်ဆေ့ခ်ျတွေကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ကစပြီး စတင်ပေးပို့နေပြီး မက်ဆေ့ခ်ျတွေကို အကြောင်းမပြန်တဲ့ဖုန်းတွေကို ဘီလ်စနစ်ဆက်သုံးမယ်လို့ ယူဆမှာဖြစ်ပါတယ်။

နိုင်ငံတကာက ဖုန်းတွေမှာလည်း ငွေဖြည့်ကဒ်စနစ်သာများတာကြောင့် ပြည်တွင်းဖုန်းတွေကို ငွေဖြည့်ကဒ်စနစ်ပြောင်းလဲတာဖြစ် ကြောင်း၊
မြန်မာ့ဆက်သွယ်ရေးရဲ့ တချို့ကဏ္ဍတွေကို ပုဂ္ဂလိက ဖုန်းကုမ္ပဏီတွေနဲ့ ဖုန်းအရောင်းဆိုင်တွေကို ကိုယ်စားလှယ်ယူလုပ်ကိုင်ခွင့်ေ ပးဖို့စီစဉ်နေ တာကြောင့် ဆက်သွယ်ရေးရုံကတိုက်ရိုက်လုပ်ေ ဆာင်ပေးမှုတွေ နည်းပါးသွားမှာဖြစ်ကြောင်း၊ ယခုလုပ်ကိုင်ပေးနေတဲ့ ဌာနတွေကိုလည်း အဆင့်တစ်ခုချင်းစီအလိုက်ဖျက်သိမ်းသွားမှာ ဖြစ်ကြောင်းသိရပါတယ်။
မြန်မာ့ဆက်သွယ်ရေးရဲ့ တချို့ကဏ္ဍတွေကို ပုဂ္ဂလိက ဖုန်းကုမ္ပဏီတွေနဲ့ ဖုန်းအရောင်းဆိုင်တွေကို ကိုယ်စားလှယ်ယူလုပ်ကိုင်ခွင့်ေ
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment