Friday, November 2, 2012

သံသယဖြစ်ဖွယ် ဖုံးကွယ်ထားသည့်အလား ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးမှု


၂၇.၁၀.၂၀၁၂ ရက် စနေနေ့က ဒဂံတက္ကသိုလ်မှ ပထမနှစ် ဒဿနိက ကျောင်းသား မောင်ငြိမ်းဇံဖြိုး(ခ) သဲကြီးသည် နံနက် ၁၀နာရီခွဲခန့်တွင် မင်္ဂလာဒုံရှိသူငယ်ချင်းထံ သွားရောက်ခဲ့ပြီး ထိုနေ့က နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း မရှိဘဲ တနင်္ဂနွေနေ့တွင်လည်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် ဖခင်ဖြစ်သူနှင့် မောင်ငြိမ်းဇံဖြိုး၏ ညီမလေးမှာ ဒဂုံတက္ကသိုလ်ကျေ
ာင်းသို့လိုက်လံ၍ သူငယ်ချင်းဖြစ်သူများထံ စုံစမ်းမေးမြန်းရာ စနေ့နေ့ ၃နာရီရထားဖြင့် ရန်ကုန်ဘက်သို့ပြန်လာကြောင်း သူငယ်ချင်းများထံမှ ကြားသိခဲ့ရ သည်။ ထိသို့ကြားသိခဲ့ရသည့်အပေါ် အမဖြစ်သူ မခိုင်သဇင်မိုးမှ တံတားလေးဘူတာရုံပိုင်ထံ သွားရောက်မေးမြန်းခဲ့သည်။တံတားလေးဘူတာအနီးတွင် ၂၇.၁၀.၂၀၁၂ ရက်နေ့ကယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာ ရုံပိုင်မှလည်း ဖြစ်သွားခဲ့သည်ကိုသာသိရှိပြီး သေသေချာချာ သိရှိခြင်း မရှိကြောင်း သိခဲ့ရသည်။ ထိုသို့ ဖြစ်ပွားသွားခြင်း နှင့် ပတ်သက်ပြီး မှုခင်းမှတ်တမ်း လာရောက်ရယူသွားသော ရဲစခန်းအား မေးမြန်းကြည့်ရာ မြောက်က္ကလာ မြရတနာ ရဲစခန်းမှ ဓာတ်ပုံမှတ်တမ်း လာရောက်ရယူသွားသည်ဟု သိရှိရသဖြင့် သွားရောက်မေးမြန်းရာ သူ့ထံတွင် ပါလာသော ဓာတ်ပုံနှင့် ရဲစခန်းမှ မှတ်တမ်းဓာတ်ပုံကို ဖခင်ဖြစ်သူမှ တိုက်ဆိုင်ကြည့်ရာ မှန်ကန်နေကြောင်း တွေ့ရှိရပြီး မည်သို့ စီမံဆောင်ရွက်ထားပုံကို မေးမြန်းရာ ပိုင်ရှင်မဲ့ အနေဖြင့် ရေဝေးသုဿာန်သို့ ပို့ဆောင်ထားကြောင်း သိခဲ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ပွားခဲ့ပုံကြောင်းအရာနှင့် ပတ်သက်၍ သေဆုံးသူ၏ အမဖြစ်သူ မခိုင်သဇင်မိုးမှ ရှင်းလင်း သူ၏ မောင်လေး၏ လွယ်အိတ်အတွင်း ဆက်သွယ်ရန် လိပ်စာများ ပါရှိသော်လည်း ပိုင်ရှင်မဲ့အနေဖြင့် သုဿာန်သို့ ပို့ဆောင်လိုက်ခြင်းကြောင်း မိသားစုအနေဖြင့် မည်မျှခံစားရပုံကို ` မောင်လေးက ၂၇ ရက် စနေနေ့ ၁၀နာရီခွဲလောက်ကတည်းက ထွက်သွားလိုက်ကတည်း ကအိမ်ကို ပြန်မရောက်လာတာပါ။ မင်္ဂလာဒုံက သူ့သူငယ်ချင်းအိမ်ကို စာသွားလုပ်မယ်လို့ ပြောတယ်။ အဲဒီနေ့ညကတော့ ကျွန်မတို့က လိုက်မရှာသေးဘူး။ မောင်လေးက တစ်ခါတစ်လေ အိမ်ပြန်နောက်ကျတတ်တယ်။ အသက် ၂၀ ကျော် အရွယ်ဆိုတော့လည်း သူငယ်ချင်းတွေနဲ့ သွားတာလာတာရှိတယ်။ ဘယ်ကိုမှတော့ ဟိုဟိုဒီဒီမသွားဘူး။ ညအိပ်ညနေလည်း မနေဘူး။ တနင်္ဂနွေနေ့ ပြန်လာလို ပြန်လာငြား စောင့်သေးပေမယ့် ပြန်မလာတော့ အဖေနဲ့ ညီမလေး က ကျောင်းကိုလိုက်သွားပြီး စာမေးပွဲဖြေနေတဲ့ သူ့သူငယ်ချင်း နှစ်ယောက်ကိုမေးတယ်။ စနေနေ့ ကတည်းက မင်္ဂလာဒုံကနေ ရန်ကုန်ဘက်သွားတဲ့ ၃ နာရီ ရထားနဲ့ တင်ပေးလိုက်တယ်တဲ့။ သူတို့ဆီကတော့ အဲဒီလောက်ပဲ သိရတော့တယ်။ အဲဒီနေ့မှာတော့ သူသွားတတ်၊ လာတတ်တဲ့ အိမ်လေးတွေကိုပဲ သွားစုံစမ်းတယ်။ အင်္ဂါနေ့မှာတော့ ကျွန်မသူငယ်ချင်းတစ်ယောက်ကို ခေါ်ပြီး တံတားလေး နေ့ဈေး ဘူတာဘက်သွားစုံစမ်းမိတယ်။ အဲဒါကလည်း စနေ့နေ့က ယဉ်တိုက်မှု ဖြစ်တယ်ဆိုတဲ့ အသံလေး ကြားလို့။ ကျွန်မမောင်လေးကလည်း အဲဒီနေ့က ပျောက်သွားတယ်ဆိုတော့ ဖြစ်လို့ဖြစ်ငြား သွားစုံစမ်းတာပါ။ ရုံပိုင် ကြီးကို မေးကြည့်တော့ ဖြစ်တာတော့ ဟုတ်တယ်။ သူ့မှာ သက်သေဘာမှ မရှိဘူး။ သေသေချာချာ မမှတ်မိလိုက်ဘူး။ လွယ်အိတ်လေးတစ်လုံးပါတာကိုတော့ သူပြောတယ်။ အမှုပိုင်းဆိုင်ရာ လုပ်တဲ့သူရှိလားလို့ မေးတော့ ရဲစခန်းက ဓာတ်ပုံလာရိုက်သွားတယ်တဲ့။ မြောက်ဥက္ကလာ မြရတနာရဲစခန်းက မှုခင်းမှုရာ အကုန်ယူသွားတယ်ဆိုလို့ လိုက်သွားတယ်။ စခန်းမှူးမရှိဘူးဆိုလို့ ဒုရဲအုပ်နဲ့ တွေ့ခွင့်ရတယ်။ ဘာဖြစ်လို့လဲလို့ မေးတော့ သမီးကို တစ်ခုလောက် အကူအညီပေးပါဆိုပြီး အကူအညီတောင်းကြည့်တယ်။ ၂၇ ရက် စနေနေ့က တံတားလေး မှာတိုက်သွားတဲ့ ယာဉ်တိုက်မှုမှာ အတိုက်ခံရသူဟာ ကျွန်မမောင်လေးကလည်း ပျောက်နေတဲ့အတွက် တူလို့ တူငြား ပြပေးပါဆိုတော့ သမီးမှာ ပါလာတဲ့ပုံနဲ့ သူတို့ Photo စွဲထားတာကို ပြတယ်။ ကျွန်မက မယုံကြည်သေးဘူး။ အဖေ့ကို လှမ်းခေါ်တော့ အဖေက သူ့သားဆိုတာကို ပြောတာ။ မောင်လေးမှာ လွယ်အိတ် ပါတယ်လို့။ သူတို့က ဗကဗ ဘာညာလျှောက်ပြောတော့ ကျွန်မက မဟုတ်ဘူးလို့ ဂျင်းသားအညိုရောင်လေးလို့။ အဲဒီအိတ်ကို အဲဒီဒုရဲအုပ်ကိုယ်တိုင် ထုတ်ပြတယ်။ အဲဒီအထဲမှာ ကျောင်းသားကဒ် ပါတယ်။ ကဒ်မှာ အိမ်လိပ်စာ အပြည့်အစုံလည်း ပါတယ်။ စာအုပ်က မဟာစာအုပ်။ ကျွန်မတို့ရုံးက ထုတ်ပေးထားတဲ့ စာအုပ်လေးလဲ ပါတယ်။ နောက်ကျောမှာ လင်းအောင် ဖုန်းနံပါတ်ရယ် ။ တခြားသူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းနံပါတ်ရယ် ကျွန်မဖုန်းနံပါတ်ပါ ရေးထားတယ်။ အဲဒါတွေကို မဆက်သွယ်ဘဲနဲ့ ကျွန်မတို့တွေ့မှ ဒါဟုတ်လား။ ဟုတ်ရင် ရင်ခွဲရုံမှာ ဆိုတော့ ဖေကြီးက သွားကြည့်တယ်။ မောင်လေးဟုတ်တယ်။ ပိုင်ရှင်မဲ့ဆိုပြီး သူတို့က လုပ်ထားတယ်။´ လို့ ပြောပါတယ်။

ဒီလိုဆက်သွယ်လို့ ရတဲ့ဖုန်းနံပတ်တွေ လိပ်စာတွေ ပါတာကို ပိုင်ရှင်မဲ့ပုံစံ လုပ်ထားရခြင်းနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ပါသလားလို့ မခိုင်သဇင်မိုးအား ထပ်မံမေးမြန်းမိရာ `အမှုအခင်းဖြစ်တဲ့ နေရာမှာ စခန်းမှူးကိုယ်တိုင် စစ်ဆေးပါတယ်လို့ ပြောတယ်။ လွယ်အိတ်ကို သွန်ချတဲ့အခါမှာ ကျောင်းသားကဒ်က ပထနှစ်က ကဒ်နဲ့ ဒီနှစ်ကဒ် နှစ်ကဒ်ရှိတယ်။ ဒါတောင် စခန်းမှူးက မသိဘူးလား။ စခန်းမှူးဆိုတာ ကျွန်မတို့ သိသလောက်တော့ စခန်းမှာ အကြီးဆုံးပဲလေ။ထိုနေ့က ရှာဖွေတွေ့ရှိခြင်းမရှိဘူးလို့ပြောတယ်´ဟု ပြန်လည်ဖြေကြားပါတယ်။

၎င်းတို့၏ မောင်လေးကို သေဆုံးပြီး ၄ ရက်အကြာ ၃၀.၁၀.၂၀၁၂ ရက်နေ့ကမှ သိရှိခွင့်ရခဲ့ပြီး ၃၁.၁၀.၂၀၁၂ ရက်နေ့တွင် ရေဝေးသုဿာန်တွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။ ထိုနေ့က သေဆုံးသူ၏ ရုပ်ကလပ်ကို မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်ဦးမှ ဓာတ်ပုံမှတ်တမ်း ရိုက်ယူထားရာ နဖူးတွင် ရိုက်နှက်ဒဏ်ရာဟု ယူဆရသော ဒဏ်ရာကို အထင်အရှားတွေ့မြင်ရသည်။ ထိုသို့မိသားစုမှ စုံစမ်းသိရှိပြီးကာမှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ကြော်ငြာပုံသဏ္ဍာန်ဖြင့် ဘူတာရုံတွင် လာကပ်သော ဓာတ်ပုံမှတ်တမ်းတွင် နဖူးပေါ်တွင် ဒဏ်ရာဒဏ်ချက်မပေါ်ဘဲ ဖြစ်နေသည့်အပေါ် သေဆုံးသူကျောင်းသား၏ ဖခင်မှ ၎င်း၏ သား သေဆုံးမှုမှာ ရိုးရိုးသားသား မဖြစ်နိုင်ကြောင်း သံသယဖြစ်ဖွယ်ယူဆမိသည်။



သေဆုံးပြီး တိုက်ရိုက်ဆက်သွယ်ပြောကြားခြင်း မရှိသည့်အပြင် ဓာတ်ပုံမှတ်တမ်း နှစ်ခုမှာ ကွဲလွဲနေသည့်အပေါ် ၎င်းတို့အနေဖြင့် ဆုံးရှုံးခဲ့ပြီးဖြစ်သော သား/မောင်အတွက် မည်သို့မျှ တတ်နိုင်တော့မည် မဟုတ်သော်လည်း ဖြစ်စဉ်နှင့်ပတ်သက်၍ သေသေချာချာ သိရှိရခြင်းမရှိဘဲ အမျိုးမျိုးပြောဆိုနေခြင်းအပေါ် သံသယဖြစ်နေကြရခြင်း ဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ `သဂြိုလ်တဲ့နေရကဒုရဲအုပ်အောင်မြင့်ဦး အဖေ့ကို လွယ်အိတ်ပြန်ပေးမယ်လို့ ကတိပေးတယ်။ ကျွန်မကို အဖေယူခိုင်းလို့ သွားယူတော့ စခန်းမှူး ဦးညီညီလွင်က တရားဖြေရှင်းဖို့လိုအပ်တဲ့အတွက် မပေးနိုင်ပါဘူးလို့ ပြောတယ်။ ကျွန်မတို့လည်း နားမလည်ဘူး။ မောင်လေးရဲ့ ပစ္စလေးတွေကို ကြည့်ချင်ပါသေးတယ်ဆိုတော့ စခန်းမှူးကိုယ်တိုင်ပဲ အိတ်ထဲကနေ သွန်ပြတယ်။ စာအုပ်နဲ့ ကျောင်းသားကဒ်က သက်သက် လွယ်အိတ်ကိုခေါက်ထားတယ်။ မောင်လေးမှာ ပါသွားတဲ့လက်စွပ်ကတော့ မရှိတော့ဘူး။ ´လို့ ပြောပါတယ်။

လက်စွပ်မှာ မောင်းကွင်းလေးသာ ဖြစ်ပြီး တန်ဖိုးမများလှကြောင်း တပ်မတော် အငြိမ်းစား ဖခင်ဖြစ်သူ ကရှင်းပြပါတယ်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရတပ်ဖွဲ့ဝင်များက မည်သို့ရှင်းပြကြောင်း မေးမြန်းကြည့်ရာ ` တမျိုးစီပြောကြတယ်။ ဘူတာပိုင်က ပြောတော့ သေသွားသူက ခြေထောက်ကြီး နှစ်ချောင်းက ထောင်နေတာတဲ့။ ရဲစခန်းရောက်သွားတော့ စခန်းမှူးက ပြောတော့ ရထားမောင်းတဲ့သူက ပြေးသွားတာကို မြင်တယ်တဲ့။ အမျိုးမျိုးပြောကြပါတယ်။ အခုချိန်အထိတော့ အမှန်တရားမသိသေးပါဘူး။´လို့ ရှင်းပြပါတယ်။

ဒီလိုကိစ္စမျိုးမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကူညီပါရစေဟု ပြောဆိုထားချက်နှင့်အညီ သေဆုံးသူတွင် ဆက်သွယ်ရန် လိပ်စာများ ၊ ဖုန်းနံပါတ်များ ပါရှိနေသည်ကို မဆက်သွယ်ဘဲ ပိုင်ရှင်မဲ့ ဆောင်ရွက်ခဲ့ခြင်း အပေါ်လည်း ၎င်းတို့၏ သားအနေဖြင့် ဆုံးရှုံးခဲ့ရပြီးဖြစ်တဲ့အပေါ်မှာ မည်သူ့ကိုမှ ၀န်ထုပ်ဝန်ပိုးမဖြစ်စေချင်သော်လည်း ထိုသို့လုပ်ကိုင်ဆောင်ရွက်ရန် မသင့်ကြောင်း ပြောဆိုလာကြပါတယ်။ ရဲတပ်ဖွဲ့မှ ကြော်ငြာကပ်မည့် ဓာတ်ပုံမှတ်တမ်းတွင် သေဆုံးသူ မောင်ငြိမ်းဇံဖြိုး၏ နဖူးပြင်ပေါ်က ဒဏ်ရာကို မတွေ့ရှိရဘဲ သဂြိုလ်သည့်နေ့က မိသားစုဝင်များ ရိုက်ကူးရရှိခဲ့သော ဓာတ်ပုံတွင် နဖူးပြင်ပေါ်၌ ရိုက်နှက် ဒဏ်ရာသဖွယ် တွေ့မြင်ရခြင်းအပေါ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ မီးရထားတိုက် သေဆုံးဟု ဆိုထားသော်လည်း ၎င်းတို့အနေဖြင့် အခြေအနေမှန်ကို လုံးဝသိရှိရခြင်း မရှိသည့်အပေါ် ယူကြုံးမရ ဖြစ်နေကြရသည်။

The Season News

အေးချမ်းမွန်မှ The Season News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Season News


ဘကြီးသက်
Unknown at 5:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘဏ်သူဠေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့


 
ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။
ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဠေးကို ပြောတယ် ။
ဘဏ်သူဠေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။
အဘွားကြီး ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။
ဘဏ်သူဠေး ။ ။ မဖြစ်နိုင်တာပဲ ။
အဘွားကြီး ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို ပေါင်တစ်သောင်းကြေး လောင်းမလား ။
ဘဏ်သူဠေး ။ ။ ဟာဗျာ..ကျွန်တေ
ာ့်တင်ပါးမှာ ဘာလို့ တက်တူးထိုးရမှာလဲ ။ လောင်းရင် ကျွန်တော်ပဲ အချောင်ပေါင်တစ်သောင်းရနေမှာပေါ့ ။ အလကား မလိုချင်ပါဘူး ။
အဘွားကြီး ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။
ဘဏ်သူဠေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။
အဘွားကြီး ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့ အတူတူ ငါပြန်လာခဲ့မယ် ။
ကြားရက်တွေထဲမှာ သူဠေးက သဘောကျပြီး တပြုံးပြုံးနဲ့ ပေါ့ ။ တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။ ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။ ပေါင်တစ်သောင်း အလကားသက်သက် ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။
သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။
သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့ ဘဏ်သူဠေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ် ။
ဘဏ်သူဠေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြီနော် ။ တစ်သောင်းလေး မစပါဦး ။
အဘွားကြီး ။ ။ အေး..ဒီမှာ တစ်သောင်း ။
ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့ ဘဏ်သူဠေးက အဘွားကြီးကို မေးတယ် ။
ဘဏ်သူဠေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။
အဘွားကြီး ။ ။ သြော်..ဒီလူလား..အရှုံးသမားလေ ။ ဘဏ်သူဠေး ဖင်လှန်ပြမယ် ဆိုတာကို မယုံဘူးဆိုလို့ ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။ အဲဒါကြောင့်ပါ ။
— with ကဗျာ ချစ်သူ, မင်းသားဟောင်းကြီး ကို လူမုန်း
ဘကြီးသက်
Unknown at 5:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မကြာမှီ မူဆလင်7 Days ဂျာနယ် ဘယ်ဇာတ်သိမ်းမလည်ဆိုတာ စောင့်မျှော်ကြပါ...


++----------


မူဆလင်တွေက 7 Days ဂျာနယ် နာမည်တွေတပ်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေကို အမျိုးအမျိုး တိုတ်ခိုက်နေတာတော့ စောက်သံ နည်နည်တောင် မထွက်ပဲ စောက်ပေါက်တွေက ပိတ်နေတယ် အဲသလို မူဆလင်တွေရဲ့ ယုတ်မာရိုင်းစိုင်တာတွေကို ဘယ်လိုမှသည်းမခံနိုင်တော့လို့ ဗုဒ္ဓဘာသာ မြန်မာမျိုးချစ်လူငယ် G Tone Mmhu ကပြန်ချေပတဲ့ သတင်းလေး တစ်ပုဒ်တင်လိုက
်ပါတယ်.. သဲသဲလှုပ်အဖြစ် သည်နေလိုက်ကြ တာ နောက်ပြီး သူတို့ စွပ်စွဲချက်တွေကို ပြန်ချေပတဲ့ ဗုဒ္ဓဘာသာ မြန်မာလူငယ်တွေ ရဲ့ ကွန်မန့်တွေကို ဖျက်-ဘန်လိုဘန်နဲ့ ငါလုပ်ချင်တာ လုပ်မယ်ဆိုတဲ့ 7 Days မူဆလင်မီဒီယာရဲ့ ဇာတ်သိမ်းကတော့........

အဲသလို ကုလားသတင်းထောက်တွေကြီး စိုးနေတဲ့ဂျာနယ် မူဆလင်တွေ ကိုအားပေးနေတဲ့ 7 Daysဂျာနယ်တွေကို ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ ဖတ်ရှုခြင်း-၀ယ်ယူခြင်းရောင်းချခြင်း မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ လိုက်ပါတယ် ကျနော်တို့ ငွေတွေနဲ့ ကျနော်တို့ဗုဒ္ဓဘာသာကို ပြန်ဖျက်စီးနေတာပါ....

မူဆလင်တွေကို အားပေးနေတဲ့ 7 Days ဂျာနယ် ဖတ်ရှုခြင်း-၀ယ်ယူခြင်းရောင်းချခြင်း မပြုလုပ်ပဲ အမျိုးဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ကြပါ....

ဘကြီးသက်
Unknown at 4:44 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

အခွန်ရှောင်သူတွေကို ဖေါ်ထုတ်လို့ မဂ္ဂဇင်း အယ်ဒီတာကို တရားစွဲ

ဂရိ နိုင်ငံမှာ အခွန် ရှောင်သူ တွေလို့ သသံယ ရှိသူ စာရင်းကို မဂ္ဂဇင်း တစောင် ကနေ ထုတ်ပြန် လိုက်ရာ အဲဒီ မဂ္ဂဇင်းး အယ်ဒီတာကို အခုတော့ အေသင်မြို့ မှာ တရားစွဲ လိုက်ပြီ ဖြစ်ပါတယ်။

အရင် အစိုးရ ဝန်ကြီးဟောင်း တဦးနဲ့ တခြား သြဇာ ရှိတဲ့ ခေါင်းဆောင်တွေ အပါ အဝင် ဂရိ နိုင်ငံသား နှစ်ထောင်ရဲ့ ဆွစ်ဇာလန် ဘဏ် စာရင်းတွေကို အဲဒီ မဂ္ဂဇင်းက ထုတ်ဖေါ် လိုက်တာ ဟာ အဲဒီ သူတွေရဲ့ ကိုယ်ရေး ကိုယ်တာ အခွင့် အရေးကို ချိုးဖေါက်ရာ ရောက်တဲ့ အတွက် မဂ္ဂဇင်း အယ်ဒီတာ ကိုးတက်စ် ဗက်စီဗန်းနစ်ကို တရားစွဲ လိုက်တာ ဖြစ်ပါတယ်။

အယ်ဒီတာရဲ့ ရှေ့နေ ကတော့ ပုဂ္ဂလိက အခွင့် အရေးကို ချိုးဖေါက် တာမျိုး မရှိဘူးလို့ ပြောကြား လိုက်ပြီး၊ အခုလို စွပ်စွဲမှုတွေ ဟာ ရွံရှာ မုန်တီး စရာ ကောင်းတယ်လို့ ပြောပါ တယ်။

မစ္စတာ ဗက်စီ ဗန်းနစ် ကတော့ တကယ်တမ်း ထောင်ချ သင့်တဲ့ သူတွေဟာ အခွန်ရှောင် ထားကြတာကို ဖုံးဖိ ထားတဲ့ နိုင်ငံရေး သမားတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။သူ့ အနေနဲ့ ကတော့ သတင်းစာ ဆရာ တဦး ဖြစ်တာကြောင့် လူထုကို အမှန် အတိုင်း ပြောဖို့ တာဝန် ရှိတယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ဘကြီးသက်
Unknown at 4:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ -


ရန်ကုန်၊ မန္တလေး နေ့ည အစုန်၊ အဆန် အမြန်ရထားများ ပဲခူးဘူတာသို့ ဆိုက်ရောက်သည့်အခါ ရထားပေါ်သို့ ဈေးသည်ဟန်ဆောင်၍ ဈေးဘန်းနှင့် တက်ရောက်လာသည့် ဈေးသည်များ၊ အလစ်သုတ်ခိုးယူမည့် ဒုစရိုက် သမားများသည် နီးစပ်ရာတွဲများပေါ်သို့ လူခွဲတက်ရောက်လာပြီး ရထားထွက်သည့်အခါ ညအမြန် ရထားများ၊ နံနက်စောစောဆို
က် ရောက်လာသည့် ရထားများမှ အိပ်ပျော်နေသည့် ခရီးသည်များ၏ လက်ဆွဲ တန်ဆာပစ္စည်းများကို လည်းကောင်း၊ ခရီးဆောင်အိတ်များကိုလည်းကောင်း၊ အဆင်း၊ အတက်တံခါးနား နီးသည့် ပစ္စည်းများကိုလည်းကောင်း၊ ရရာကိုဆွဲယူကာ ပဲခူးဘူတာ (ရန်ကုန်ဘက်အထွက်) ရထားခုံး ကျော်တံတားကြီးအရောက်တွင် ခရီးသည်များ ခုန်ဆင်းလိုက်မလာနိုင်သည့် အခွင့်အရေးကိုယူကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။



ဈေးရောင်းသူများမှာလည်း ဈေးဘန်းများဖြင့် ဈေးရောင်းခြင်းကို ဟန်ပြ၍ ပြန်အမ်းငွေများ မအမ်းဘဲ ထွက်ပြေးခြင်း၊ ပစ္စည်းများကိုလည်း လစ်လျှင်လစ်သလို လုယက်၊ ခိုးယူထွက်ပြေးခြင်းစသည်တို့ကြောင့် ခရီးသည်များမှာ ပဲခူးဘူတာရောက်လျှင် အမြဲသတိထားနေကြရပါသည်။



ထို့ကြောင့် ရန်ကုန်-မန္တလေး အမြန်ရထားများပေါ်သို့ နေ့စဉ်တက်ရောက်ပြီး ခရီးသည်များ၏ ပစ္စည်းများ၊ ငွေများ၊ ခရီးဆောင်အိတ်များကို ခိုးယူ၊ လုယက်ပြီး မီးရထားခုံးကျော်တံတားကြီးပေါ်မှ တစ်ဆင့် ထွက်ပြေးလွတ်မြောက်နေသော ပဲခူးဘူတာမှ ဒုစရိုက်သမားများ၊ ဈေးသည်ဟန်ဆောင်၍ လုယက်မှု ကျူးလွန်နေသူများအား ပဲခူးဘူတာမှ မီးရထားလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များမှ ရှင်းလင်းပေးနိုင်ပါ ရန်နှင့် ပဲခူးဘူတာသို့အ၀င်၊ အထွက်နေရာများမှနေ၍ ကင်းပုန်းဝပ်စောင့်ကြပ်ဖမ်းဆီးခြင်းဖြင့် ဒုစရိုက်မှု ကျူးလွန်နေသူများ ဘေးရန်မှ ကာကွယ်တားဆီးပေးနိုင်ပါရန် မီးရထားစီး ခရီးသည်များမှ လိုလားနေကြသည်

Infinity Power


ဘကြီးသက်
Unknown at 11:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရနဲ့ကေအိုင်အို တပ်ရုပ်ရေး မဆွေးနွေးဖြစ်


မြန်မာအစိုးရနဲ့ ကချင် ကေအိုင်အိုလွတ်လပ်ရေးအဖွဲ့ကြား ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာ စစ်ရေးကိစ္စ မဆွေးနွေးခဲ့တာမို့ နောက်တခေါက် ဆွေးနွေးရေး အဆင်ပြေဖို့အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ အနေနဲ့ ကေအိုင်အိုဌာနချုပ်မှာ ကြာသပတေးနေ့က သွားဆွေးနွေး ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က တပ်တချို့ ရုပ်ပေးရေး ညှိနှိုင်းဖို့ရှိတယ်လို့ ကြိုတင် အကြောင်းကြားခဲ့ပေမဲ့ ကေအိုင်အိုဘက်က ဆွေးနွေးနိုင်ဖို့ စစ်ရေးခေါင်းဆောင် မတက်လာခဲ့တဲ့ အပေါ် နောက်တခေါက် ဆွေးနွေးပွဲအတွက် စိုးရိမ်မှုတွေရှိလာချိန်မှာ အခုလို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

အင်္ဂါနေ့က မြန်မာအစိုးရနဲ့ ကေအိုင်အိုကချင်အဖွဲ့အကြား ပထမဆုံးအကြိမ်အဖြစ် အပစ်အခတ်ရပ်ရေး တရားဝင် ဆွေးနွေးခဲ့ကြရာမှာ ကေအိုင်အိုဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် မတက်ရောက်နိုင်ခဲ့ တာကြောင့် အခုလို အစိုးရဘက်က သုံးပတ်ခန့် ကြိုအကြောင်းကြားခဲ့တဲ့ တပ်ရုပ်ပေးရေး သူတို့ဘက်က ကမ်းလှမ်းခဲ့တာကို ဆွေးနွေးခွင့်မရခဲ့ဘူးလို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက ဆိုပါတယ်။

အခုလို မြန်မာအစိုးရဘက်က ကမ်းလှမ်းတာကို ကြိုတင်ပြီး ကေအိုင်အိုကို အကြောင်းကြားခဲ့ပုံနဲ့ နားလည်မှု အခက်အခဲဖြစ်ခဲ့ရပုံကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးရွတ်ဇော်ခေါင်က-
“စကားမှာတဲ့အတိုင်းပဲ ကျနော်တို့က ကေအိုင်အိုဗဟိုကို ပေးပါတယ်။ သူတို့အနေနဲ့ ကေအိုင်အိုဗဟိုအနေနဲ့ လက်ခံတဲ့ အတိုင်းအတာရှိပါတယ်။ ဒါပေမယ့် စာနဲ့ပေနဲ့ အတိအကျ မလုပ်တဲ့အခါကျတော့ သူတို့အနေနဲ့ တိတိကျကျ ဖြစ်ချင်တယ်ဆိုတဲ့ သဘောသဘာဝတော့ ရှိတာပဲပေါ့လေ။”

ဒါပေမဲ့ ဒီတခေါက် အောက်တိုဘာ ၃၀ရက် ဆွေးနွေးပွဲ မှာတော့ မြန်မာအစိုးရ ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌနဲ့ သမ္မတရုံးဝန်ကြီး လည်းဖြစ်တဲ့ ဦးအောင်မင်းအနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ကတိပြုခဲ့တာက တိုးတက်မှုဖြစ်တယ်လို့ ယူဆပေမယ့် စစ်ရေးဆွေးနွေးဖို့ နယ်စပ်အထိ ရောက်လာတဲ့ မြန်မာစစ်တပ်ဘက်က ထိပ်ပိုင်း စစ်အရာရှိတဦး ကလည်း ဆွေးနွေးပွဲမတက်ဘဲ ပြန်သွားခဲ့တဲ့အပေါ်မှာတော့ အခုလို အရင်ကမ်းလှမ်းခဲ့တဲ့ တပ်ရုပ်ရေး နောက်တခေါက် ဆွေးနွေးဖို့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့သုံးသပ်တဲ့သူတွေက ဆိုပါတယ်။

အခုလိုမြန်မာကာကွယ်ရေးဝန်ကြီးဌာနက ကချင်စစ်နယ်မြေကို တိုက်ရိုက်ကြီးကြပ်ရတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ တပ်မှူးဒုဗိုလ်ချုပ်ကြီး မြင့်စိုးဘက်ကလည်း မတက်ရောက်ဘဲ ပြန်သွားခဲ့ရပေမဲ့ ပြီးခဲ့တဲ့ တခေါက်ဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးဖို့ သဘောတူခဲ့နိုင် တာကြောင့် နောက်တခေါက်ဆွေးနွေးပွဲ အတွက် မထိခိုက်နိုင်ဘူးလို့ မျှော်လင့်ထားကြောင်း ကချင်ငြိမ်းချမ်းရေးအဖွဲ့အကျိုးဆောင်ဖြစ်တဲ့ ဦးရွတ်ဇော်ခေါင်က ဆက်ပြောပါတယ်။

“အချက်တချက်တော့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတဲ့ Road Map က ရှိပြီးသားဆိုတော့။ ဗိုလ်ချုပ်ဂွမ်မော်ကျတော့ ဒု စစ်ဦးစီးချုပ်အနေနဲ့ သူက ဒီစစ်ဆင်ရေးကို အဓိက ကိုင်တွယ်တဲ့ အခါကျတော့ ထိုးစစ်ဆင်မှုကြောင့် သူက မလာနိုင်ဘူးလို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအရ သူတို့က ဆွေးနွေးမယ်လို့ သဘောတူညီချက် လုပ်ထားတဲ့အခါကျတော့ ဒီတခေါက် မဆွေးနွေးနိုင်ရင်လည်းပဲ နောက်တခေါက်တော့ ဆွေးနွေးနိုင်မယ်လို့ ယုံကြည် တာပေါ့လေ။”

ဒါ့အပြင် နောက်တခေါက်ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာရင်းနဲ့ စစ်ရေးကိစ္စ ဆွေးနွေးနိုင်ရေး အတွက်လည်း PCG ခေါ် ကချင်ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင် အဖွဲ့က ကေအိုင်အိုဌာနချုပ်မှာ သွားဆွေးနွေးခဲ့တာတွေကို ဦးရွတ်ဇော်ခေါင်က အခုလို ဆက်ရှင်းပြပါတယ်။

“ကျနော်တို့ PCG က သုံးယောက်၊ ဒီနေ့ပဲ ကေအိုင်အို ဗဟိုကော်မတီမှာ အစည်းအဝေးလုပ်တာကို တက်ရောက်ပါတယ်။ ကေအိုင်အိုဗဟိုကော်မတီဒုဥက္ကဌနဲ့ အားလုံးဆုံပါတယ်။ စစ်ရေးရော၊ နိုင်ငံရေးရော၊ အားလုံးဆုံပြီးတော့ တယောက်နဲ့ တယောက် ညှိနှိုင်းလို့ရနိုင်တဲ့ နိုင်ငံရေးရလာဒ်ကို အကောင်အထည်ဖော်ဖို့ ဒါကတော့ ကျနော်တို့က ကေအိုင်အိုဘက်လည်း မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရဘက်လည်း ဒီလိုပဲ တိုက်တွန်းပါတယ်။”

အခုလိုအချိန်မှာ မြန်မာအစိုးရဘက်က နောက်တခေါက်ဆွေးနွေးပွဲတွေကို အရင်အခေါက်တွေလို ထိုင်းနဲ့ တရုတ်နယ်စပ်တွေမှာ မဟုတ်ပဲ မြန်မာနိုင်ငံထဲမှာ ဖြစ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ဘယ်အချိန်၊ ဘယ်အခါမှာ နောက်ထပ် ဆွေးနွေးပွဲတွေဖြစ်လာဖို့ မျှော်လင့်ပါသလည်းလို့ မေးတဲ့အခါမှာတော့ ဦးရွတ်ဇော်ခေါင်ကပဲ- တလအတွင်း နှစ်ဘက်သဘောတူနိုင်တဲ့ နေရာမှာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ အဲ့ဒီ့အပိုင်းကျတော့ ကျနော်တို့ လက်တွေ့ တလအတွင်းမှာ ဆွေးနွေးမယ်ဖြစ်တဲ့အခါကျတော့ ကျနော်တို့အနေနဲ့ နှစ်ဦးနှစ်ဘက်မှာ ဖြစ်နိုင်ခြေရှိတဲ့နေရာတခုခုကတော့ ရွေးရပေါ့လေ။ အဓိကကတော့ သူတို့ဆွေးနွေးမယ့် နိုင်ငံရေးပေါ့လေ၊ ဒါကို သူတို့အနေနဲ့ ဆွေးနွေးနိုင်တယ် ဆိုရင်တော့ ဘယ်နေရာမှာ ကေအိုင်အိုအနေနဲ့ကတော့ မလာနိုင်စရာ အကြောင်းတော့မရှိဘူးလို့ ကျနော်တို့ သုံးသပ်တာပေါ့လေ။”

တကယ်တော့ ကေအိုင်အို ကချင်အဖွဲ့အနေနဲ့ ၁၉၉၄မှာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပေမဲ့ နိုင်ငံရေးသဘောတူညီမှုမရခင် နယ်ခြားစောင့်တပ်ဖွဲ့ရေး ကိစ္စမှာ သဘောမတူခဲ့အပြီးမှာ မနှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ရာမှာ အခြားအဖွဲ့တွေထက် ပိုပြင်းထန်တဲ့ ဒီတိုက်ပွဲတွေကြောင့်ပဲ နှစ်ဘက်အကြား ယုံကြည်မှု ကျဆင်းလာပြီး အခြားအဖွဲ့တွေလို မြန်မြန် အပစ်အခတ်မရပ်စဲနိုင်သေးဘဲ အခုလို ညှိနှိုင်းရခက်ခဲနေတယ်လို့ သုံးသပ်သူတွေက ပြောနေချိန်မှာ အခုလိုနောက်ဆုံး တရားဝင်ဆွေးနွေးပွဲတွေ စဖြစ်လာခဲ့ရတာပါ။

REF: VOA Burmese
Posted by Admin Team-NOM

အင်္ဂါနေ့ကတရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာအစိုးရနဲ့ ကေအိုင်အိုကချင်အဖွဲ့အကြား ပထမဆုံးအကြိမ်အဖြစ် အပစ်အခတ်ရပ်ရေး တရားဝင် ဆွေးနွေးခဲ့ကြပါတယ်။

ဘကြီးသက်
Unknown at 10:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ အားကစားသမားတွေ လူကောင် သေးကုန်ကြပြီ

.
အင်ဒိုနီးရှား နိုင်ငံ ဂျကာတာ မြို့တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပသော ၂၆ ကြိမ်မြောက် ဆီးဂိမ်း ပိတ်ပွဲ အခမ်းအနား(ဓာတ်ပုံ – theseagames2011.blogspot.com)
ဦးမြသန်းထိုက်သည် မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်တွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး နေပြည်တော်ရှိ အားကစား လေ့ကျင့်ရေး စခန်း(Gold Camp)တွင်လည်း တာဝန်ရှိသူ တဦး ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်မှ ၁၉၉၇ ခုနှစ်အထိ မြန်မာပြေးခုန်ပစ် အသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ရုရှား နိုင်ငံ သို့ သွားရောက်၍ ပြေးခုန်ပစ် နည်းပြသင်တန်း တက်ရောက်ခဲ့သူလည်း ဖြစ်သည်။
ပြေးခုန်ပစ်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြသန်းထိုက်ကို လာမည့် ၂၀၁၃ ခုနှစ် နေပြည်တော်၌ ကျင်းပမည့် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာပြေးခုန်ပစ် အသင်း၏ အခြေအနေ၊ အလားအလာနှင့် အနာဂတ် ပြေးခုန်ပစ် အားကစား အခြေအနေများကို ဧရာဝတီ သတင်းထောက် ရန်ပိုင် က မေးမြန်းထားသည်။
မေး။     ။ လာမည့် ဆီးဂိမ်းမှာ ပြေးခုန်ပစ်အဖွဲ့ချုပ်အနေနဲ့ အားကစားနည်း ဘယ်နှစ်မျိုးလောက် ၀င်ပြိုင်မလဲ၊ လူရွေးချယ်မှု အခြေ အနေက ဘယ်လိုရှိပါသလဲ။
ဖြေ။     ။ ပြေးခုန်ပစ်အားကစားနည်းက အမျိုးသား ၂၃ မျိုး၊ အမျိုးသမီး ၂၃ မျိုးမှာ အကုန်လုံးကို ၀င်ပြိုင်ဖို့ ဆောင်ရွက်နေတယ်၊ အိမ်ရှင် ဆိုတော့ ခြေစစ်တာတွေ ဘာတွေ မလိုဘူး၊ ဒါကြောင့် အရင်က မတိုးတက်တဲ့ အားကစားနည်းတွေပါ ၀င်ပြိုင်နိုင်အောင် ရည်ရွယ်ပြီး ကြိုးစားလေ့ကျင့်နေတယ်၊ မာရသွန်၊ မီတာ ၁၀၀ ကနေ မီတာ ၁၀၀၀၀ ၊ ၁၀ မျိုး စုံ၊ ၇ မျိုး စုံ၊ သံပြား၊ သံလုံး၊ တုတ် ထောက် ခုန် ပေါ့၊ ရန်ကုန် မှာ ကျား ၁၈ ဦး၊ မ ၁၈ ဦး၊ နေပြည်တော် က အားကစားဝန်ကြီးဌာန Goal Campမှာလည်း လူ ၁၀၀ ကျော် ရှိပါတယ်။ နောင်နှစ် အောက်တိုဘာလ လောက်မှာ အရှေ့တောင်အာရှ နိုင်ငံတွေကို ဖိတ်ပြီး Pre Sea Game ပြိုင်ပွဲလုပ်မယ်၊ အဲဒီမှာ လူရွေးမယ်။
မေး။     ။ အခု လေ့ကျင့်ပေးနေတဲ့ အားကစားသမားတွေအပေါ်မှာ အားရကျေနပ်မှု ရှိပါသလား။
ဖြေ။     ။ ကျနော်တို့ အားကစားအခြေအနေက ဟိုအရင်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် တစိုက်မတ်မတ် ကျနေတော့၊ ဗြုန်း စားကြီး ဒီလောက် တိုတောင်းတဲ့ နှစ်အတွင်းမှာတော့ ဦးမော့အောင် ကြိုးစားလို့ မရနိုင်ဘူး၊ ဒါကြောင့် ရနိုင်သမျှ အခြေအနေမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်နေတယ်၊ ချက်ချင်း လက်ငင်းထိပ်ဆုံးပြန်ရောက်ဖို့ ဆိုတာအခြေအနေတွေ အများကြီးလိုပါတယ်။ လေ့ကျင့်ချိန်က ပြီးခဲ့တဲ့ မတ်လကမှစ စခန်းသွင်းတာဆိုတော့ နှစ်နှစ်တောင် မပြည့်ချင်ဘူး၊ တကယ်တော့ အားကစား တော်တော်များများက ၂ နှစ်နဲ့ အခြေခံအဆင့်ကနေ ထိပ်တန်းအဆင့်ရောက်ဖို့ မလွယ်ဘူး၊ ပြေးခုန်ပစ်က ယဉ်ယဉ်ခိုင် တို့ဆို ၁၃ နှစ် လောက် ရွှေရဖို့ လေ့ကျင့် ခဲ့ရတယ်၊ ဟိုတုန်းက တာဝန်ရှိသူတွေ လမ်းညွှန်သလို ကစားသမားရွေး၊ ထမင်းကျွေး၊ ရွှေတံဆိပ် ရအောင်လုပ် ဆိုတာမျိုးက သိပ်မလွယ်ဘူး။
မေး။     ။ မြန်မာ အားကစား အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းတယ် ဆိုတာက ဘာကြောင့်လို့ ယူဆပါလဲ။
ဖြေ။     ။ နိုင်ငံ စီးပွားတိုးတက်မှုနဲ့လည်း ဆိုင်တယ်၊ အရင် အောင်မြင်တဲ့အချိန်က ကစားသမားတွေ အရပ်အမောင်းက ၆ ပေ၊ ၅ ပေ ၁၀ လက်မ၊ အခု ကစားသမားက ၅ပေ ၂လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၂၀ ဆိုတော့ ဘာလုပ်လို့ရမှာလဲ၊ အရင် အာရှချန်ပီယံဖြစ် ခဲ့တဲ့ မြန်မာ့ဘောလုံးအသင်းကိုကြည့် ကွင်းထဲဆင်းသွားရင် လူကောင်ကြီးတွေက ဂိုးဘား မီတော့မယ်၊ အဲဒီအချိန်က ဗမာတွေ အစားကောင်းစားပြီး သန်စွမ်းထွားကြိုင်း ခဲ့ကြတယ်၊ နောက် ဆင်းရဲမွဲတေမှုကြောင့် အာဟာရအပြည့်အ၀ မစားနိုင်၊ တဖြည်းဖြည်း လူကောင် သေးလာတယ်။ အခုအချိန်မှာ ကျနော်တို့ အားကစားသမားက လာအို၊ ကမ္ဘောဒီးယား လောက် ရှိတော့တယ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတွေတောင် ကျနော်တို့ထက် ပိုထွားကြိုင်းသွားပြီ။
နောက်တချက်က နည်းပြတွေရဲ့ အရည်အချင်း လက်ရှိနည်းပြတွေက နိုင်ငံခြားအားကစားတက္ကသိုလ်တွေမှာ သေချာ စနစ်တကျ သင်ကြားပြီး နည်းပြဖြစ်လာတာမဟုတ်ဘူး၊ သူတို့ကစားသမားဘ၀တုန်းက သင်ကြားတဲ့ဆရာရဲ့ ဒီလိုပြေး၊ ဟိုလိုလုပ်ဆိုတဲ့ စနစ် အတိုင်း အခုကလေးတွေကို ပြန်သင်ပေးနေရတာ၊ ၁၉၈၉ ခုနှစ်မှာ ကျနော်တို့က ဆိုဗီယက်ကို ၆လ အားကစား သင်တန်း အတွက် ၁ ဦးပဲ လွှတ်နိုင်တဲ့အချိန်မှာ ဗီယက်နမ်၊ လာအိုက အားကစားမဟာသိပ္ပံတို့ အားကစားဒေါက်တာဘွဲ့ ယူဖို့ တနှစ်ကို ၂၄ ဦး လွှတ်နိုင် တယ်၊ ဒီလိုမျိုး အားကစား မဟာဘွဲ့ သုံးလေးရာ ရှိတဲ့ နိုင်ငံနဲ့ ၆ လ သင်တန်းဆင်း တယောက်နှစ်ယောက် ရှိတဲ့ နိုင်ငံရဲ့အဆင့် အတန်းဟာ တအား ကွာသွားပြီ၊ အဆင့်မြင့် နည်းပညာလိုနေပြီ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ နည်းစနစ်ပိုင်း ဆိုင်ရာတွေကို အဆင့်မီ စနစ်တကျမသင်ဘဲနဲ့ နည်းပြလုပ်တဲ့လူနဲ့ သင်ပြီးမှလုပ်တဲ့လူနဲ့ ကွာသွားပြီ။
လေ့ကျင့်တဲ့ အထောက်အကူပစ္စည်းနဲ့ ပတ်သက်ရင်လည်း ထိုင်းမှာ Track ပေါင်း ၈၀၊ စင်ကာပူမှာ ၄၅ ကွင်းရှိတယ်၊ ကျနော်တို့ဆီမှာ တရုတ်အကူအညီနဲ့ နေပြည်တော်မှာ လုပ်ထားတဲ့ကွင်းတကွင်းပဲရှိတယ်။ အင်ဒိုနီးရှား၊ ထိုင်း ဆိုရင် ဂျာမနီက လိုက်ပဇစ် အားကစား တက္ကသိုလ်နဲ့ ချိတ်ထားတယ်။ ဒါတွေက ဟိုတုန်းက မြန်မာပြေးခုန်ပစ်အောင်မြင်ချိန်က အိမ်နီးချင်းတွေက ကျနော်တို့ကို အတုယူပြီး လိုက်လုပ်ရင်းက အောင်မြင်သွားတာတွေပါ။
ရွှေတံဆိပ်ရဖို့ ဆိုရင် သိပ်တော်ပြီး စွမ်းရည်ပြည့်တဲ့ ကစားသမားတယောက်ကို ၆ နှစ်လောက်ကြာအောင် ကျင့်ရတယ်၊ အဲဒီတော့ အထူးစီမံကိန်း ချပြီး နိုင်ငံလူငယ် တွေရဲ့ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးရေးကို ဦးစားပေးလုပ်ရမယ်၊ လူငယ်တွေဟာ မိဘထက် ပိုထွားကြိုင်း လာရင် ကျနော်တို့ အားကစားတိုးတက် လာပြီပဲ။
မေး။     ။ အခုလာမယ့် ဆီးဂိမ်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရပေမယ့် အရင်တုန်းက ရွှေခေတ်လို ရွှေတံဆိပ် ၂၀ လောက်မှန်းနိုင် မလား။
ဖြေ။     ။ အရင်လို စံချိန်တော့ မရတော့ဘူး၊ ရွှေ ၄ ခုလောက်တော့ မှန်းနိုင်မယ်၊ အမျိုးသမီး တာဝေး မီတာ ၅၀၀၀ ၊ ၁၀၀၀၀၊ နောက် လမ်းလျှောက်၊ မာရသွန်တွေကို မှန်းနိုင်တယ်၊ မနှစ်က လာအိုဆီးဂိမ်းမှာ ဒုတိယ ငွေရတော့ ဒီနှစ်မှာ ရွှေရအောင် ဂျပန်နည်းပြ နဲ့ လေ့ကျင့်နေတယ်။ အားကစား ၀န်ကြီးဌာနကတော့ တခြားကစားနည်း တာတို၊ တာလတ်၊ သံလုံးပစ်အတွက် တရုတ် နည်းပြ တွေကို ကမ်းလှမ်းထားတယ်။ ရေရှည်မှာ အောင်မြင်ချင်တယ်ဆိုရင် အချိန်ပေးရမယ်၊ ရည်မှန်းချက် မြင့်မြင့်ထားရမယ်၊ လာမယ့် ဆီးဂိမ်း အတွက် ဆိုတာထက် နောင် ၁၀ နှစ်အတွက် ပြင်ဆင်တာ ဆိုရင်တော့ အောင်မြင်မှာပေါ့။
မေး။     ။ အရင် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားတွေဖြစ်တဲ့ ဂျင်မီ၊ သန်းသန်း၊ ဂျနီဖာ တင်လေး တို့လို ကစားသမားမျိုးတွေလတ်တလော ထွက်မလာနိုင်သေးဘူးပေါ့။
ဖြေ။     ။ သူတို့လိုမျိုး ဖြစ်လာဖို့ကတော့ မလွယ်သေးဘူး၊ စာသင်ကျောင်းတွေမှာ အားကစားတွေ လုပ်ရမယ်၊ လုပ်နိုင်ဖို့ အထောက် အကူ ပစ္စည်းတွေထားရမယ်၊ ၁၉၉၈ ခုနှစ်မှာ ရပ်ဆိုင်းသွားခဲ့တဲ့ ကျောင်းသား အားကစားပွဲတော်မျိုးတွေကို ပြန်ဖော်ထုတ်ပေး ရ မယ်။ အခု တော့ ကျောင်းသားတွေက အလျားခုန်ဆိုတာတောင် ဘယ်လိုခုန်ရမှန်းမသိဘူးဖြစ်နေတယ်။ ကျောင်းတွေမှာ နောက် ပိုင်းမှာ နည်းနည်းတော့ ပြန်ကစားနေပါပြီ။
မေး။     ။ အဆင့်မြင့် အားကစားတက္ကသိုလ် ဖွင့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်၊ အဲဒီအပေါ်မှာရော ဘယ်လိုထင်လဲ။
ဖြေ။     ။ အားကစားတက္ကသိုလ်လည်း ဖွင့်ဖို့တော့ရှိပေမယ့် တကယ်သင်ပြနိုင်မယ့် ဆရာကောင်း မရှိရင်တော့ အလကား အခွံပဲ ဖြစ် မှာပေါ့၊ ဟိုတုန်းက ဖွင့်ခဲ့တဲ့ အားကစား သိပ္ပံကျောင်းတွေလို စိတ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း၊ လေ့ကျင့်ခန်းပိုင်းနဲ့ ဆိုင်တဲ့ သီအိုရီတွေကို မသင်နိုင်ဘဲ ရိုးရိုးအထက်တန်း ကျောင်းမှာ စခန်းသွင်းထားတဲ့ အဆင့်မျိုးဖြစ်သွားရင်မကောင်းဘူး၊ ဒါကြောင့် ဂျာမနီကလိုက်ပဇစ် အားကစား တက္ကသိုလ်လို တက္ကသိုလ်မျိုးတွေဆီကို လူလွှတ်မွေးပြီးမှ ဖွင့်ရင်ပိုကောင်းတယ်။
မေး။     ။ အားကစားနဲ့ ပတ်သက်ပြီး အစိုးရက ဘယ်လောက်ပံ့ပိုးမှု ရှိပါသလဲ။
ဖြေ။  ။ တကယ်တော့ ဘတ်ဂျက်အရ အဖွဲ့ချုပ်တွေကို ထိထိရောက်ရောက် ပံ့ပိုး ပေးတာမျိုး မရှိပါဘူး၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကသာ ထောက်ပံ့ဆိုတဲ့ သဘောပါ၊ အဲဒီတော့ ဥက္ကဋ္ဌ တာဝန်ယူတဲ့လူက စိတ်ပါလက်ပါ ပံ့ပိုးရင်တော့ ကောင်းတာပေါ့၊ နိုင်ငံခြားမှာလည်း ဒီသဘောပါပဲ။
မေး။     ။ အားကစား တိုးတက်အောင်မြင်ဖို့အတွက် မီဒီယာအခန်းကဏ္ဍက အရေးကြီးပါသလား၊ ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။
ဖြေ။     ။ မီဒီယာအခန်းကဏ္ဍက တကယ်အရေးကြီးတယ်၊ တကယ်သက်ရောက်မှုလည်းရှိတယ်၊ အခုဆို လူကြိုက်များတဲ့ ဘောလုံး ကိုသာ ဦးစားပေးဖော်ပြတော့ ကျန်တဲ့ အားကစားဖြစ်တဲ့ ပြေးခုန်ပစ်ဆို လူမသိတော့ဘူး၊ လူထုနဲ့ကင်းကွာသွားတော့ တဖြည်းဖြည်း မှိန် သွားတာပေါ့၊ မီဒီယာကသာ အမြဲဖော်ပြပေးရင်တော့ ပြည်သူတွေသိ ကျောင်းသားတွေ စိတ်ပါလက်ပါနဲ့ ပါဝင်လာရင် အားကစား က အောင်မြင်လာမှာပါ။     ။
 ဧရာဝတီ
ဘကြီးသက်
Unknown at 9:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်မှာ လူတထောင်ခန့် ထိန်းသိမ်းထား



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေးတပ်များ တိုးချဲ့ချထားသည်ကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ သင်္ကာမကင်းသူ ၁၀၀၀ ၀န်းကျင်ကို ဖမ်းဆီးစစ်ဆေးနေသည်။
အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ စစ် တွေ၊ ကျောက်ဖြူ  စသည့်မြို့နယ်များမှ ဒေသခံများ ဖြစ်ကြောင်း၊ ၎င်းတို့အား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများ၌ ခေတ္တ ခေါ်ယူ ထိန်းသိမ်း စစ်ဆေးနေကြောင်း၊ ဖမ်းဆီးထားသူ အများစုသည် ရခိုင်တိုင်ရင်းသားများ ဖြစ်ပြီး မွတ်စလင်များလည်း ပါဝင်ကြောင်း ဒေသခံများ က ဧရာဝတီ ကို ပြောသည်။
ဖမ်းဆီး စစ်ဆေးသည့် လူ ၁၀၀၀ ၀န်းကျင်၌ ဇွန်လအတွင်း ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်သူများ လည်းပါဝင်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ဧရာဝတီ ကို ပြောသည်။ အများစုသည် အောက်တိုဘာလ ၂၁ ရက်မှ ၂၆ ရက်နေ့အ တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ဆက်စပ်၍  သင်္ကာမကင်းခံထားရသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို စစ်ဆေး၍ ပြစ်မှုထင်ရှားပါက ဥပဒေအတိုင်း အရေးယူသွားမည်ဟုလည်း ဆိုသည်။
ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင်သူများရှိကြောင်း၊ ၎င်းတို့ကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း၊ ကြိုးကိုင်သူများတွင် နိုင်ငံရေးအဖွဲ့  အစည်းများနှင့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့အစည်းများ ပါဝင်ပတ်နေ ကြောင်း ယမန့်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော်  သမ္မတရုံး ကြေညာချက်ကလည်း ရေးသားထားသည်။
ထို့အတူ အချို့သော  ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက် အထားများ တွေ့ရှိထားကြောင်း၊ လက်ရှိတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက် မဖြစ်ပေါ်စေရေး အတွက် ဆက်စပ်ပတ်သက်သူများကို နိုင်ငံတော်မှ စစ်ဆေးအရေး ယူလျက်ရှိကြောင်း ဆိုသော်လည်း အသေးစိတ် ရေးသားဖော်ပြခြင်း မရှိပေ။
ပဋိပက္ခနှင့်ပတ်သက်၍ ကြိုးကိုင်သူများကိုစစ်ဆေးနေဆဲ ဖြစ်ပြီး အချိန်ကျရောက်ပါက မည်သူမည်ဝါ ဆိုသည်ကို တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုသည်။ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင်လည်း နောက်ကွယ်မှ ကြိုးကိုင်သူများ ရှိ၍ ထိရောက်စွာ အရေးယူမည်ဟု ဆိုခဲ့ပြီး မည်သူမည်ဝါဟူ၍ ယနေ့အထိ ထုတ်ပြန်နိုင်ခြင်း မရှိပေ။
“စစ်ဆေးဖော်ထုတ်မှုတွေက ဘယ်လောက်ကြမယ်၊ ဘယ်တော့ ထုတ်ပြန်မယ်ဆိုတာ မျိုးတော့ အချိန်ကန့်သတ်ထားတာ မရှိ ပါဘူး၊ အချိန်တန်ရင်တော့ ကြေညာမှာပါ” ဟု ဦးဇော်ဌေး က ဆိုသည်။
ရခိုင်ပြည်နယ်တွင်၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်တိုင်းရင်း သားများတိုး တက်ရေးပါတီ (RNDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသား ဖွံ့ဖြိုးရေးတိုးတက် ရေးနှင့်ငြိမ်းချမ်း ရေးပါတီ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ မြို၊ ခမီးတိုင်းရင်းသား၊ မြန်မာနိုင်ငံ ရခိုင်ပြည် အမျိုးသား အင်အားစုပါတီ စသည့် နိုင်ငံရေးပါတီများ ရှိသည်။
ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး မကြာသေးခင်က ပြန်လည်မှတ်ပုံ တင်ထားသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီလည်း ရှိပြီး အစိုးရ နှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့များတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ပါတီနှင့် ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် ရခိုင်အဖွဲ့ တချို့ရှိသည်။
တကျော့ပြန် ရခိုင်ပဋိပက္ခတွင် ပြည်ပအဖွဲ့အစည်းတချို့က နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှု ရှိကြောင်း ALD ပါတီ ကလည်း အောက် တိုဘာလ ၂၅ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။
ရခိုင်ပဋိပက္ခများကို နောက်ကွယ်မှ ကြိုးကိုင်နေသည့် နိုင်ငံရေးပါတီများဟု အစိုးရက ပြောဆိုနေခြင်းသည် အထူးအဆန်း မဟုတ်ကြောင်း၊ ၎င်းတို့၏ စွပ်စွဲသုံးသပ်မှုသည် အထူးသဖြင့် အမျိုးသားရေးကို အခြေခံသည့် ရခိုင် နိုင်ငံရေးပါတီများဟု ယူဆ ကြောင်း RNDP ပါတီ၏ ဗဟိုအလုပ်မှုဆောင်နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ဧရာဝတီ ကို ပြောသည်။
“ရခိုင်ပဋိပက္ခ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ပါတီ အနေနဲ့ သွေးထိုးလှုံဆော်တာ မရှိပါဘူး၊ လက်ရှိ ပဋိပက္ခတွေ ငြိမ်းချမ်း အောင်လုပ်ဆောာင်ရာ မှာလည်းပဲ အစိုးရနဲ့ ပါဝင်ပူးပေါင်း လုပ်ဆောင်နေပါတယ်၊ စုံစမ်း ဖော်ထုတ်မှုတွေကို ဥပဒေအတိုင်း မှန်မှန် ကန်ကန်ဖြစ်စေချင်တယ်”ဟု ၎င်း က ဆိုသည်။
ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးတို့အတွက် လုပ်ပိုင်ခွင့် အာဏာ ရှိသည့် နိုင်ငံတော်အစိုးရအဖွဲ့ကိုသာ အားကိုးအားထား ပြုကြောင်း၊ အစိုးရအဖွဲ့ကလည်း ကူညီပေးစေလိုကြောင်း ဦးဖေသန်း က ဆို သည်။
၎င်းက “အစိုးရကို တိုက်တွန်းချင်တာက မွတ်စလင်တွေကို ရခိုင်ဒေသမှာပဲ စုပြုံထားတာ၊ လှောင်ပိတ်ပြီး မထားပါနဲ့၊ ၁၉၈၂ ခုနှစ် ဥပဒေ အတိုင်း နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားပေးပြီး နိုင်ငံသားတယောက်ကဲ့သို့ ပြည်မကို သွားခွင့်ပေးဖို့၊ တရား မ၀င် ခိုးဝင်လာသူတွေကို လည်း ဥပဒေ အတိုင်း ဆောင်ရွက်ပေး ရင် ပဋိပက္ခ ဖြစ်ပွားတာတွေ လျော့ကျလာနိုင်တယ်”ဟု ဆိုသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခ ကြီးထွားလာရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အချိန်မီ ထိန်းသိမ်းမှု မရှိခြင်း၊ တာဝန်ယူမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဆိုပြီး လက်ရှိ ပဋိပက္ခကို တာဝန်ယူ ထိန်းသိမ်းပေးနေသည့် စစ်တပ် သည်လည်း လိုအပ်သည်ထက် ပစ်ခတ်မှု ကြောင့် လူသေဆုံးမှု၊ ဒဏ်ရာရမှု အများအပြား ရှိကြောင်းလည်း ပြောကြသည်။
သမ္မတရုံး ပြောခွင့်ရသူက ပြောဆိုရာတွင် အစိုးရ အဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးကြောင်း၊ စစ်တပ်အင်အား ကိုလည်း ရခိုင်ပြည်နယ်ထဲရှိ စစ်တပ်များကိုသာ အခင်းဖြစ်ရာ ဒေသများ၌ လုံခြုံရေး ပေးကြောင်း၊ အစိုးရ အပေါ်ဝေဖန်မှုသည်  ၎င်းတို့၏ လွတ်လပ်စွာ ပြောဆိုမှုသာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုသည်။
ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကို လူစုခွဲရာတွင် စစ်တပ်၏ ပစ်ခတ်သည့် သေနတ် ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာ ရသူအများ အပြားရှိကြောင်း ဒေသခံတို့က ပြောဆိုသကဲ့သို့ သမ္မတရုံး ကြေညာချက်ကမူ  ပဋိပက္ခဖြစ်နေ သည့် လူအုပ်စု နှစ်ခုသည် လုံခြုံရေး တပ်ဖွဲ့များ ကိုပင် လက်နက်ဖြင့် ရန်မူ ခြိမ်းခြောက်မှုများရှိကြောင်း၊ ထိုပဋိပက္ခ များ မှ ဒေသန္တရလုပ် တူ မီးသေနတ် (၁၈၀ ) သိမ်းဆည်းရမိကြောင်းလည်း အစိုးရက ဆိုထားသည်။
ထို့အတူ ရခိုင်ပြည်နယ် တ၀ှမ်းရှိ ဓား၊ လှံ၊ လက်နက်များကို နီးစပ်ရာ လုံခြုံရေး အဖွဲ့များထံ ၃ ရက် အတွင်း အပ်နှံကြရန် လည်း ယနေ့ထုတ် အစိုးရ သတင်းစာများ က ထုတ်ပြန်ကြေညာထားသည်။
တကျော့ပြန် ဖြစ်ပွားသည့် ရခိုင်ပဋိပက္ခတွင် အောက်တိုဘာလ ၂၁ ရက်မှ ၃၀ ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်သွားသည့်နေအိမ် ၅၃၅၁ အိမ်နှင့် လူဦးရေ  ၃၂၂၃၁ ဦး အိုးအိမ်မဲ့သွားကြောင်း လည်း သတင်းစာများက ဆိုသည်။


ဘကြီးသက်
Unknown at 9:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော်တွင် ယနေ့အတည်ပြု





နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ယနေ့အတည်ပြုရာတွင် နိုင်ငံတော်သမ္မတ မှတ်ချက်ပြုထားသည့် အချက် ၁၁ ချက်အနက် အချက် ၁၀ ချက်အား နိုင်ငံတော်သမ္မတ၏ မှတ်ချက်အတိုင်း အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဥပဒေကြမ်း ပုဒ်မ ၂၄၊ ပုဒ်မခွဲ(စ)ပါ စာသားကို နိုင်ငံတော်သမ္မတက ပြင်ဆင်ရေးသား မှတ်ချက်ပြုခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကိုသာ ထည့်သွင်းရန် လွှတ်တော်ကိုယ်စားလှယ်များက မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ မှတ်ချက် ၁၁ ချက်နှင့် လွှတ်တော်၏ သဘောထားမှတ်ချက်များကို ပူးတွဲဖော်ပြလိုက်ပါသည်။








ဘကြီးသက်
Unknown at 9:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပညာတက်ဖို့အဓိကလား ချမ်းသာဖို့အဓိကလား


ဒီဖက်ခေတ်ကြီးမှာ ပညာတက်ဖြစ်ဖို့ပိုမိုလိုအပ်လာတယ
်ဆိုတာ
ငြမ်းစရာမလိုပါဘူး။ သို့ပေမယ့် ပြောစရာဖြစ်လာတာ တစ်ခုက
ပညာတက်တာနဲ့ချမ်းသာတာဟာ ဘယ်လို ဆက်စပ်နေသလဲဆိုတဲ့ အချက် ပဲဖြစ်ပါတယ်။
ပညာ တက်ကြီးဖြစ်အောင်လုပ် ၊ ပြီးရင် လခ ကောင်းကောင်းရတဲ့ အလုပ်တစ်ခု ကို
လျှောက်။ ဒါမှ တစ်ဘ၀စာ လုံခြုံ စိတ်ချရမှာ။ ဒီလို...ရိုးရှင်းတဲ့
အတွေးတွေကို ကျွန်တော်တို့ ပြန် လည် သုံးသပ်ဖို့လိုနေပါပြီ။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပဲဖြစ်ဖြစ်။ ကမ္ဘာ့မျက်နှာစာမှာပဲဖြစ်ဖြစ်
ချမ်းသာ နေကြတဲ့သူတွေ ဟာ ပညာအလွန်အမင်းတတ်နေကြတဲ့သူတွေ ဟုတ်မနေကြပါဘူး။
အဲဒါက ဘာကိုပြဆိုနေသလဲဆိုရင် ပညာတက် ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို
ကျွန်တော်တို့နည်းနည်းပြုပြင်ဖိ
ု့ လိုနေပြီဆိုတာပါပဲ။ ကျွန်တော်တို့
ငယ်စဉ်ကတည်းက တစ်ထစ်ချယူဆခဲ့တဲ့ပညာတက်ဆိုတာ ဘွဲ့ တွေ အများကြီးရတဲ့သူတွေ
၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေ တစ်ပြုံကြီးထွေးပိုက်ထားတဲ့သူတေ
ွ။
 ဒေါက်တာ၊ အင်္ဂျင်နီယာ၊ စစ်ဗိုလ်၊ ပိုင်းလော့၊ကွန်ပြူတာ ပညာရှင် စသည်ဖြင့်
သတ်မှတ်ထားခဲ့ကြတာပါ။ ကျောင်းမှာ အမှတ်နည်းလို့ အဆင့်ကျသွားရင်
မေမေပြောနေကျ စကားတစ်ခွန်းက ကျွန်တော်တို့ကို အခုအချိန်အ
ထိစိုးမိုးချိမ်းခြောက်နေဆဲပါပဲ
။ သား ..ကျောင်းမှာ
အမှတ်များများရအောင်လုပ် အဆင့်တွေ ကောင်း
အောင်လုပ် ဒါမှ သားကျောင်းကောင်းကောင်းတက်လို့ရ
မှာ ။ လူ့အောင်မကျို့
ရမှာ။ ချမ်းချမ်းသာသာနဲ့နေနိုင်မှာ။
အဲလိုမှ မဟုတ်ရင် ကျွန်တော်တို့ဟာ တစ်ဘ၀လုံးမျက်နှာငယိငယ်နဲ့ ပဲ
အောက်ကျို့ နေသွားရတော့မလို
လို။ ဒါတင်မက ဘူး။ ကျွန်တော်တို့နေစဉ်ဖြစ်တည်နေမှု ဘ၀မှာ အဓိက
အကျဆုံးအရာတစ်ခုအဖြစ် ပညာရေးက နေရာယူခဲ့တာကြာပါပြီ။
သက်တောင့်သက်သာနေထိုင်နိုင်ကြဖိ
ု့ ပူပင်ကြောင့်ကျမှု ကင်း
ကင်းနဲ့နေထိုင်နိုင်ကြဖို့ ဆိုတာ ပညာတက်ဖြစ်ဖို့ က ၁၀၀
ရာခိုင်နှုန်းအရေးကြီးနေသလို ကျွန်တော် တို့တတွေရဲ့ အတွေးစိတ်တွေထဲမှာ
ကျောင်းသားဘ၀က ယခုအချိန်အထိနေရာယူစိုးမိုးထားတ
ုန်းပါ
ပဲ။ လူတွေ အလုပ်လျှောက်တဲ့နေရာမှာ ။ ဒါမှမဟုတ်ရင် ထိမ်းမြားလက်ထပ်
မင်္ဂလာပွဲတွေမှာ ဒီပညာတက်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပျော်ပျော်ကြီးထုတ်သုံးတတ်ကြတာလ
ည်း 

ကျွန်တော်တို့အသိပါပဲ။

 နောက်တစ်ချက် အဆိုးဆုံးကတော့ လူတစ်ယောက်ချင်းစီရဲ့ တန်ဖိုးကို
သူ့ပညာအရည်အချင်းနဲ့ ဆုံးဖြတ် လိုက်ကြတတ်တဲ့ သဘောတရားကို
ကိုင်ဆွဲမိလာကြလို့ပါပဲ။
ပညာဂုဏ်၊ငွေဂုဏ် ယှဉ်ပြိုင်ကြခြင်းဟာ မြန်မာတို့
ယဉ်ကျေးမှုတစ်ခုလိုဖြစ်လို့နေပြါ
ပီ။ သူကဘာ။ သူ့ယောက်ျား(ဒါမှမဟုတ်)
သူ့မိန်းမက ဘာ။ သူတို့သားသမီးတွေက ဘာတွေ ။ ဘယ်နိုင်ငံမှာ ။ စသည်ဖြင့်
မရိုးနိုင်အောင်ကြွားဝါမှုတွေ ကလည်း နေ့စဉ်နဲ့ အမျှ
နားမဆန့်နိုင်အောင်ကြားနေရတဲ့ စကားလုံးတွေ ပါပဲ၊

စစ်တမ်းတစ်ခု ရဲ့ပြဆိုချက်ထဲမှာ ကျောင်းမှာ စာအတော်ဆုံးဖြစ်တဲ့ ဂရိတ် .(အေ) ရတဲ့သူတွေ ဟာ နောင်တစ်ချိန်မှာ စာအညံ့ဆုံးဖြစ်တဲ့ ဂရိတ် ( စီ ) ရတဲ့ကျောင်းသားတွေ ရဲ့ခိုင်းတာကို ခံကြရတယ် ၊ အလယ်အလတ်ဖြစ်တဲ့ ဂရိတ် (ဘီ)တွေကတော့ အစိုးရ၀န်ထမ်းတွေ အများဆုံးဖြစ်ကြပါ တယ်..လို့ဆိုပါတယ်။ (ဆင်းရဲ ဖေဖေ နဲ့ ချမ်းသာဖေဖေ စာအုပ် မှ ကောက်နှုတ်ပါသည်။ ) ..ဆိုတော့
ကျွန်တော်တို့ဟာ ကျောင်းမှာ စာအတော်ဆုံးဖြစ်ဖို့တောင်
ထိတ်လန့်လာရမလိုဖြစ်နေပါတယ်။ DSA ကျောင်းဆင်းဖြစ်တဲ့ ဦးသန်းရွှေဟာ
စစ်တက္ကသိုလ် ကျောင်းသားဘ၀ကတော်တော်ညံ့တယ် လို့ပြောကြပါတယ်။ ဒါပေမယ့်
သူရဲ့ ရိုးရှင်းရက်စက်တဲ့ နည်းပညာတွေကပင်လျှင် ဘယ်သူတစ်ဦး တစ်ယောက်မှ
ကြိုတင်ခန့်မှန်းထားလို့မရတဲ့ ဗျူဟာမြောက်လုပ်ငန်းစဉ်တွေကို ဆွဲချအကောင်
အထည် ဖော်သွားခဲ့တာ အားလုံးမျက်မြင်ကိုယ်တွေ့ ပဲဖြစ်ပါတယ်။

စီးပွားရေးနိုဗယ်ဆုကို ရရှိထားတဲ့ စီးပွါးရေးပညာရှင်ဟာ ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လို
့မနေပါဘူး
ဒါကြောင့် စီးပွါးရေးပညာကိုလည်းတစ်ဖက်ကမ်း
ခက်အောင်တက်မြောက်နေစရာ မလိုဘူးဆိုတာ ကို
ကျွန်တော်တို့လေ့လာတွေ့ရှိနိုင်
ပါတယ်။ တစ်ချို့ ကျောင်းသားတွေ ကို
ကျွန်တော်တို့တွေ့ နေရပါတယ်
မြန်မာနိုင်ငံမှာ ပါရဂူ ဘွဲ့  ယူပြီးသွားလို့ ဘာဘွဲ့ မှ ယူစရာမကျန်တော့
နိုင်ငံခြားကို ထွက်သွားပြီး နိုင်ငံခြားက ဘွဲ့တွေကို သွားယူပါတယ်။ သူ့အရွယ်က ၄၀ နားကပ်နေပါပြီ။
ဘယ်အရွယ်ရောက်မှ သူသင် ထားတဲ့ ပညာတွေ ရဲ့အကျိုးကျေးဇူးကို
ခံစားမယ်ဆိုတာကို တောင်မေးခွန်းပြန်ထုတ်ရမလိုဖြစ်
နေပါ
တယ်။ ဒါကလည်း ထည့်သွင်းစဉ်းစား စရာတစ်ချက်ဖြစ်ပါတယ်။

ဒါဖြင့်ရင် ပညာတက်ဖို့ မလိုဘူးလားဆိုတော့လည်းမဟုတ်သေးပ
ါဘူး။
ကျွန်တော်တို့ပညာ သင်ယူ တဲ့ နေရာမှာ ဘာကြောင့်ဒီပညာကို သင်ယူနေရတယ။်
ဘာလုပ်ဖို့သင်ယူနေရတယ် ဆိုတာမျိုးကို ကျွန်တော်တို့ကိုယ်တိုင် ခွဲခွဲခြားခြားရှင်းရှင်းလင်းလင
်း
သိထားဖို့လိုတယ်။ ဆင်းရဲဖေဖေနဲ့ ချမ်းသာဖေ ဖေ ဆိုတဲ့ စာအုပ်ပါ
အချက်အလက်တွေ အရ ကျွန်တော်တို့ဟာ ကျောင်းမှာ ပညာသင် ယူ နေကြတာ ဟာ
နောင်တစ်ချိန်မှာ အလုပ်ကောင်းကောင်းတစ်ခုရဖို့ သူများခိုင်းစေတာကို
တစ်ဝေ မသိမ်းလိုက်နာဆောင်ရွက်တတ်စေဖို
့သက်သက် ဖြစ်နေကြပါတယ်...တဲ့။ အဲဒီ
သဘောတရားကို ကျွန်တော်တို့က နောင်တစ်ချိန်မှာ လူတွေကို ဘယ်လို
အုပ်ချုပ်ဖို့ ဘယ်လို စာရင်းအင်းသဘော တရား တွေ ငွေဝင်ငွေထွက်
စည်းမျဉ်းဥပဒေတွေ ကိုနားလည်ဖို့ ထိမ်းသိမ်းပြီး
စီးပွါးရေးလုပ်ငန်းကြီးတွေ ကို တည်ထောင်ဖို့ စာသင်နေကြတာ ...ဆိုတဲ့
အခြေခံအတွေးအမြင် လေး တွေက စပြီးပြောင်းလဲသင့်တယ် လို့ဆိုပါတယ်။
အဲဒီအချက် ဟာ ကျွန်တော်တို့ ပညာသင်ယူနေရာမှာ
အရေးအကြီးဆုံးလို့ခေါ်ဆိုနိုင်တဲ
့ သော့ချက်ဆိုတာကို ကျွန်တော်တို့
ငြင်းနိုင်မှာ မဟုတ်ပါဘူး။

ဆက်လက်တင်ပြပါမည်။

ဘကြီးသက်
Unknown at 9:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Visa Inc ပုဂ္ဂလိကဘဏ်သုံးခုတွင် ချိတ်ဆက်ဆောင်ရွက်ရန် သဘောတူညီမှုရရှိ




ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သာ Visa Inc သည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဘဏ်သုံးခုနှင့် ချိတ်ဆက်ဆောင်ရွက်ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံအခြေစိုက် ခရက်ဒစ်ကဒ်ကုမ္ပဏီတစ်ခုဖြစ်သော Visa Inc နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုကို ပြည်တွင်းပုဂ္ဂလိကဘဏ်သုံးခုဖြစ်သေ

ာ ကမ္ဘောဇဘဏ်၊ CB ဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ ရရှိခဲ့ကြကြောင်း ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးသန်းလွင်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြစ်သော Visa ကတ်များကို လာမည့်လအနည်းငယ်မှ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ယင်းအချက်သည် အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော်စီးပွားရေးသုံးလုပ်ငန်းကြီးတစ်ခု ထပ်မံဝင်ရောက်လာခြင်းလည်းဖြစ်သည်။

နိုင်ငံပေါင်း ၂၀၀ တွင် တွင်ကျယ်စွာအသုံးပြုနေသည့် Visa ကဒ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည်ဆိုပါက အဓိကလိုအပ်ချက်မှာ အင်တာနက်စနစ် ချိတ်ဆက်မှုများဖြစ်ပြီး လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများရအောင် အစိုးရပိုင်းက ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ပြည်တွင်းအခြေစိုက် ပုဂ္ဂလိကဘဏ်တစ်ချို့မှ တာဝန်ရှိသူတစ်ချို့က သုံးသပ်ကြသည်။

Visa ကုမ္ပဏီအနေဖြင့် ပြည်တွင်းစီးပွားရေးကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် ပိုမိုဖွံ့ဖြိုးလာစေရန်အတွက် ယခုကဲ့သို့ ၄င်းတို့၏ အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြစ်သည့် Visa ကတ်ကို မြန်မာနိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သော Mr.Peter Maher က ပြီးခဲ့သည့် သြဂုတ်လအတွင်း မီဒီယာအချို့နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့အပြင် ၄င်းတို့၏ အခြားရည်ရွယ်ချက်တစ်ခုမှာ မြန်မာနိုင်ငံမှ လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ဒေသတွင်းဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တို့တွင် ပါဝင်လာကြမည့် နိုင်ငံတကာမှ ဧည့်သည်များသည် Visa ကတ်များကို အသုံးပြုခြင်းဖြင့် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များကို လွယ်ကူစွာ ဆောင်ရွက်နိုင်ကြရန်အတွက်ဟု ဆိုသည်။

Visa ကုမ္ပဏီနည်းတူ ယင်းနှင့်လုပ်ငန်းတူ ကုမ္ပဏီကြီးတစ်ခုဖြစ်သော Master ကုမ္ပဏီသည်လည်း အပြိုင်အဆိုင် ဝင်ရောက်လာမည်ဖြစ်ပြီး ယင်းကဲ့သို့ အမေရိကန်အခြေစိုက် အီလက်ထရွန်နစ် ငွေပေးချေမှုဆိုင်ရာ နည်းပညာကုမ္ပဏီများ ဝင်ရောက်လာမှုကြောင့် နိုင်ငံတကာမှဝင်ရောက်လာမည့် ကမ္ဘာလှည့်ခရီးသွားများနှင့် ဧည့်သည်များ၏ ငွေပေးချေသည့် လုပ်ငန်းကိစ္စရပ်များတွင် အဆင်ပြေလာစေမည်ဖြစ်ပြီး ယင်းအချက်က ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်မှုကိုလည်း တစ်စိတ်တစ်ဒေသ အထောက်အပံ့ဖြစ်လာမည်ဖြစ်ကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့မှ တာဝန်ရှိသူတို့က သုံးသပ်ကြသည်။

From : 7day
ဘကြီးသက်
Unknown at 9:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပဋိပက္ခကြောင့် ရန်ကုန်ရောက် ဒဏ်ရာရသူများ ကျန်းမာရေး စောင့်ရှောက်မှု အားနည်း


ရခိုင်ပြည်နယ် အတွင်း တကျော့ပြန် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ များကြောင့် ထိခိုက် ဒဏ်ရာရသူ များအနက် ဒဏ်ရာ ပြင်းထန် မှု ကြောင့် ရန်ကုန်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသ နေသော လူနာ ၅ဦး မှာ ကျန်းမာရေး စောင့်ရှောက် မှု အားနည်း လျက်ရှိကြောင်း ယင်း ဒဏ်ရာ ရသူများကို ကူညီ စောင့်ရှောက် နေ သည့် ရခိုင် အမျိုးသား ကွန်ရက် ထံမှ သိရှိရသည်။

"လူနာ အတွက် အရေးပေါ် လိုအပ်တဲ့ အချိန်မှာ ဆရာမ တွေကို သွားခေါ် တာတောင် ဂရု မစိုက်ဘူး" ဟု ရခိုင် အမျိုးသား ကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင် က ရှင်းပြ သည်။

အဆိုပါ လူနာ များအား ဆေးကုသ ရာတွင် ငွေကြေး အခက်အခဲ များ ရှိနေပြီး၊ ဆေးဝါး အကူအညီ များ လည်း လိုအပ်လျက် ရှိရာ လှူဒါန်း လိုသူ များ အနေဖြင့် ရခိုင် အမျိုးသား ကွန်ရက် (ဖုန်း - ဝ၉ ၄၉၃၂ဝ၉၄၅၊ ဝ၉ ၇၃၂၂၃၉၂၁၊ ဝ၉ ၅ဝ၅၈၄၂ဝ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း ယင်း ကွန်ရက် ထံမှ သိရှိ ရသည်။

ပဋိပက္ခ ဖြစ်စဉ် အတွင်း ဒဏ်ရာ ပြင်းထန်မှု ကြောင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုသ နေသူ များမှာ မြောက်ဦး မြို့နယ် တွင်းတောင် ကျေးရွာမှ ဦးစိန်သာအောင် (အာရုံ ကြောမကြီး လှံဒဏ်ရာ)၊ ကျောက်တော် မြို့နယ် ရွှေပြည်သာ ကျေးရွာမှ ဦး သန်းရွှေမောင် (လက်မောင်း ကျည်ဆန် ထိ ဒဏ်ရာ)၊ မြေပုံ မြို့နယ် ခေါင်းဖြူ ကျေးရွာမှ ဦးကျော်ဝင်းထွန်း၊ သဲကောက် ကျေးရွာ မှ ဦးမောင်မောင် နှင့် သဝင်စေ့ ကျေးရွာ မှ ဦးစောဝင်းဇော် (မျက်စိ ဂျင်ကလိ ထိ ဒဏ်ရာ) နှင့် ကျောက်နီမော် ကျေးရွာ အုပ်စု၊ သပြေချောင် ကျေးရွာမှ ဦးမောင်သန်းတင် (သေနတ် ဒဏ်ရာ) တို့ ဖြစ်ကြောင်း ယင်းဆေးရုံ လူနာ မှတ်တမ်း နှင့် ရခိုင် အမျိုးသား ကွန်ရက် ထံမှ သိရှိရသည်။

အဆိုပါ လူနာ ၅ဦး အနက် မြောက်ဦး မြို့နယ်မှ ဦးစိန်သာအောင် မှာ အာရုံ ကြောမကြီး ကို ထိခိုက် သွားသဖြင့် မူလ အခြေအနေ သို့ ပြန်လည် ရောက်ရှိအောင် ဂရုပြု ကုသရန် လိုအပ် နေကြောင်း ဆေး မှတ်တမ်း များကို ကိုးကား၍ ဦးတင်ထူးအောင် က ဆို သည်။

အဆိုပါ ကိစ္စရပ် များနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိ နိုင်ရန် အတွက် The Voice Weekly က ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေးပေါ် လူနာဆောင် အမှတ် (၅/၆) ကို လူကိုယ်တိုင် သွားရောက် မေးမြန်း ခဲ့ရာ ဝင်ကြေးငွေ (၅ဝဝ) ကျပ် ပေးခဲ့ရပြီး၊ လူနာ များမှာ ဒဏ်ရာ ပြင်းထန်သည် မှန်ကန် သော်လည်း ဂရုစိုက် စောင့်ရှောက် ပါကြောင်း တာဝန်ကျ ကျန်းမာရေး ဝန်ထမ်း တစ်ဦးက ဆိုသည်။

____________________________________
Reference and Credit to -The Voice Weekly

ဘကြီးသက်
Unknown at 8:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သမ္မတ၏တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိရန်စီစဉ်

 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သီးခြားလွတ်လပ်သောအဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၏တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ထားကြောင်းသိရသည်။

နိုင်ငံတော်၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော ဘဏ်လုပ်ငန်းစနစ်ကို ကမ္ဘာ့နိုင်ငံများ၏ဘဏ်စနစ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ထိုသို့ပြောင်းလဲရန်စီစဉ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်းလဲရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးမှ ၂ဝ၁၂ခုနှစ် အောက်တိုဘာလ ၂၆ ရက် ရက်စွဲပါ စာအမှတ် ၁ဝ၇(၁)/၈/သမ္မတရုံးဖြင့် သဝဏ်လွှာပေးပို့ထားကြောင်းလည်း သိရပါသည်။

အဆိုပါသဝဏ်လွှာတွင် ကမ္ဘာ့ဘဏ်များ၏ ကမ္ဘာ့နိုင်ငံများ၏ ဘဏ်စနစ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်း လဲဖွဲ့စည်းလိုပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး လက်ရှိကျင်းပလျက်ရှိ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပဉ္စမ ပုံမှန်အစည်းအဝေးကာလအတွင်း တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေမပြဌာန်းမီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြည်ထောင်စုအဆင့် ဥက္ကဌတစ်ဦးနှင့် ဒုတိယဥက္ကဌနှစ်ဦးတို့ဖြင့် ခန့်ထားဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးရန် သဝဏ်လွှာပေးပို့ထားခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ဘကြီးသက်
Unknown at 8:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.