Friday, November 2, 2012

Visa Inc ပုဂ္ဂလိကဘဏ်သုံးခုတွင် ချိတ်ဆက်ဆောင်ရွက်ရန် သဘောတူညီမှုရရှိ




ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သာ Visa Inc သည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဘဏ်သုံးခုနှင့် ချိတ်ဆက်ဆောင်ရွက်ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံအခြေစိုက် ခရက်ဒစ်ကဒ်ကုမ္ပဏီတစ်ခုဖြစ်သော Visa Inc နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုကို ပြည်တွင်းပုဂ္ဂလိကဘဏ်သုံးခုဖြစ်သေ

ာ ကမ္ဘောဇဘဏ်၊ CB ဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ ရရှိခဲ့ကြကြောင်း ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးသန်းလွင်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြစ်သော Visa ကတ်များကို လာမည့်လအနည်းငယ်မှ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ယင်းအချက်သည် အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော်စီးပွားရေးသုံးလုပ်ငန်းကြီးတစ်ခု ထပ်မံဝင်ရောက်လာခြင်းလည်းဖြစ်သည်။

နိုင်ငံပေါင်း ၂၀၀ တွင် တွင်ကျယ်စွာအသုံးပြုနေသည့် Visa ကဒ်များ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည်ဆိုပါက အဓိကလိုအပ်ချက်မှာ အင်တာနက်စနစ် ချိတ်ဆက်မှုများဖြစ်ပြီး လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများရအောင် အစိုးရပိုင်းက ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ပြည်တွင်းအခြေစိုက် ပုဂ္ဂလိကဘဏ်တစ်ချို့မှ တာဝန်ရှိသူတစ်ချို့က သုံးသပ်ကြသည်။

Visa ကုမ္ပဏီအနေဖြင့် ပြည်တွင်းစီးပွားရေးကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် ပိုမိုဖွံ့ဖြိုးလာစေရန်အတွက် ယခုကဲ့သို့ ၄င်းတို့၏ အီလက်ထရွန်နစ် ငွေပေးချေမှုစနစ်ဖြစ်သည့် Visa ကတ်ကို မြန်မာနိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သော Mr.Peter Maher က ပြီးခဲ့သည့် သြဂုတ်လအတွင်း မီဒီယာအချို့နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့အပြင် ၄င်းတို့၏ အခြားရည်ရွယ်ချက်တစ်ခုမှာ မြန်မာနိုင်ငံမှ လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် ဒေသတွင်းဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တို့တွင် ပါဝင်လာကြမည့် နိုင်ငံတကာမှ ဧည့်သည်များသည် Visa ကတ်များကို အသုံးပြုခြင်းဖြင့် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များကို လွယ်ကူစွာ ဆောင်ရွက်နိုင်ကြရန်အတွက်ဟု ဆိုသည်။

Visa ကုမ္ပဏီနည်းတူ ယင်းနှင့်လုပ်ငန်းတူ ကုမ္ပဏီကြီးတစ်ခုဖြစ်သော Master ကုမ္ပဏီသည်လည်း အပြိုင်အဆိုင် ဝင်ရောက်လာမည်ဖြစ်ပြီး ယင်းကဲ့သို့ အမေရိကန်အခြေစိုက် အီလက်ထရွန်နစ် ငွေပေးချေမှုဆိုင်ရာ နည်းပညာကုမ္ပဏီများ ဝင်ရောက်လာမှုကြောင့် နိုင်ငံတကာမှဝင်ရောက်လာမည့် ကမ္ဘာလှည့်ခရီးသွားများနှင့် ဧည့်သည်များ၏ ငွေပေးချေသည့် လုပ်ငန်းကိစ္စရပ်များတွင် အဆင်ပြေလာစေမည်ဖြစ်ပြီး ယင်းအချက်က ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်မှုကိုလည်း တစ်စိတ်တစ်ဒေသ အထောက်အပံ့ဖြစ်လာမည်ဖြစ်ကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့မှ တာဝန်ရှိသူတို့က သုံးသပ်ကြသည်။

From : 7day
ဘကြီးသက်
Unknown at 9:00 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.