Friday, November 2, 2012

ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ -


ရန်ကုန်၊ မန္တလေး နေ့ည အစုန်၊ အဆန် အမြန်ရထားများ ပဲခူးဘူတာသို့ ဆိုက်ရောက်သည့်အခါ ရထားပေါ်သို့ ဈေးသည်ဟန်ဆောင်၍ ဈေးဘန်းနှင့် တက်ရောက်လာသည့် ဈေးသည်များ၊ အလစ်သုတ်ခိုးယူမည့် ဒုစရိုက် သမားများသည် နီးစပ်ရာတွဲများပေါ်သို့ လူခွဲတက်ရောက်လာပြီး ရထားထွက်သည့်အခါ ညအမြန် ရထားများ၊ နံနက်စောစောဆို
က် ရောက်လာသည့် ရထားများမှ အိပ်ပျော်နေသည့် ခရီးသည်များ၏ လက်ဆွဲ တန်ဆာပစ္စည်းများကို လည်းကောင်း၊ ခရီးဆောင်အိတ်များကိုလည်းကောင်း၊ အဆင်း၊ အတက်တံခါးနား နီးသည့် ပစ္စည်းများကိုလည်းကောင်း၊ ရရာကိုဆွဲယူကာ ပဲခူးဘူတာ (ရန်ကုန်ဘက်အထွက်) ရထားခုံး ကျော်တံတားကြီးအရောက်တွင် ခရီးသည်များ ခုန်ဆင်းလိုက်မလာနိုင်သည့် အခွင့်အရေးကိုယူကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။



ဈေးရောင်းသူများမှာလည်း ဈေးဘန်းများဖြင့် ဈေးရောင်းခြင်းကို ဟန်ပြ၍ ပြန်အမ်းငွေများ မအမ်းဘဲ ထွက်ပြေးခြင်း၊ ပစ္စည်းများကိုလည်း လစ်လျှင်လစ်သလို လုယက်၊ ခိုးယူထွက်ပြေးခြင်းစသည်တို့ကြောင့် ခရီးသည်များမှာ ပဲခူးဘူတာရောက်လျှင် အမြဲသတိထားနေကြရပါသည်။



ထို့ကြောင့် ရန်ကုန်-မန္တလေး အမြန်ရထားများပေါ်သို့ နေ့စဉ်တက်ရောက်ပြီး ခရီးသည်များ၏ ပစ္စည်းများ၊ ငွေများ၊ ခရီးဆောင်အိတ်များကို ခိုးယူ၊ လုယက်ပြီး မီးရထားခုံးကျော်တံတားကြီးပေါ်မှ တစ်ဆင့် ထွက်ပြေးလွတ်မြောက်နေသော ပဲခူးဘူတာမှ ဒုစရိုက်သမားများ၊ ဈေးသည်ဟန်ဆောင်၍ လုယက်မှု ကျူးလွန်နေသူများအား ပဲခူးဘူတာမှ မီးရထားလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များမှ ရှင်းလင်းပေးနိုင်ပါ ရန်နှင့် ပဲခူးဘူတာသို့အ၀င်၊ အထွက်နေရာများမှနေ၍ ကင်းပုန်းဝပ်စောင့်ကြပ်ဖမ်းဆီးခြင်းဖြင့် ဒုစရိုက်မှု ကျူးလွန်နေသူများ ဘေးရန်မှ ကာကွယ်တားဆီးပေးနိုင်ပါရန် မီးရထားစီး ခရီးသည်များမှ လိုလားနေကြသည်

Infinity Power


ဘကြီးသက်
Unknown at 11:01 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.