Friday, November 2, 2012

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သမ္မတ၏တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိရန်စီစဉ်

 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သီးခြားလွတ်လပ်သောအဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၏တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ထားကြောင်းသိရသည်။

နိုင်ငံတော်၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော ဘဏ်လုပ်ငန်းစနစ်ကို ကမ္ဘာ့နိုင်ငံများ၏ဘဏ်စနစ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ထိုသို့ပြောင်းလဲရန်စီစဉ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်းလဲရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးမှ ၂ဝ၁၂ခုနှစ် အောက်တိုဘာလ ၂၆ ရက် ရက်စွဲပါ စာအမှတ် ၁ဝ၇(၁)/၈/သမ္မတရုံးဖြင့် သဝဏ်လွှာပေးပို့ထားကြောင်းလည်း သိရပါသည်။

အဆိုပါသဝဏ်လွှာတွင် ကမ္ဘာ့ဘဏ်များ၏ ကမ္ဘာ့နိုင်ငံများ၏ ဘဏ်စနစ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်း လဲဖွဲ့စည်းလိုပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး လက်ရှိကျင်းပလျက်ရှိ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပဉ္စမ ပုံမှန်အစည်းအဝေးကာလအတွင်း တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေမပြဌာန်းမီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြည်ထောင်စုအဆင့် ဥက္ကဌတစ်ဦးနှင့် ဒုတိယဥက္ကဌနှစ်ဦးတို့ဖြင့် ခန့်ထားဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးရန် သဝဏ်လွှာပေးပို့ထားခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ဘကြီးသက်
Unknown at 8:45 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.