Wednesday, October 10, 2012

တရုတ်ပြည်မ ရန် ကင်းဝေးရန် ထိုင်ဝမ် စစ်တပ်တည်နေရာကို Apple မြေပုံတွင် မပေါ်စေလို


ထိုင်ဝမ် (တရုတ် တိုင်ပေ) အစိုးရအနေဖြင့် Apple ၏ မြေပုံ Application တွင် ၎င်းတို့ စစ်တပ်တည်နေရာကို မဖော်ပြစေလိုကြောင်း သိရသည်။

ထို့ကြောင့် ထိုင်ဝမ်တို့၏ စစ်တပ်နှင့် ရေဒါစခန်းများကို Apple မြေပုံတွင် မှုန်ဝါးဝါးဖြင့်သာ ဖော်ပြရန် ဆက်သွယ် ပြောကြားထားကြောင်း သိရသည်။ ယင်းကဲ့သို့တောင်းဆိုမှုမျိုးကိုလည်း Google မြေပုံ စနစ်ကတည်းက ထိုင်ဝမ်တို့ ပြုလုပ်ပြီး မှုန်ဝါးဝါးဖြင့်သာ ဖော်ပြခဲ့သည်။ ယခုလည်း Apple ၏ မြေပုံ (Apple Map app) ပေါ်လာပြီ ဖြစ်သည့်အတွက် ယခင်ကဲ့ သို့ တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်ကလည်း ထိုင်ဝမ်ကို တရုတ်ပြည်မကြီး၏ တစ်စိတ်တစ်ပိုင်းဟု Google တွင်ဖော်ပြခဲ့သောကြောင့် ပြဿနာတက်ခဲ့ဖူး သည်။ နိုင်ငံရေးအရ တရုတ်ပြည်မနှင့် ထိုင်ဝမ်တို့သည် ဆက်စပ်မှုမရှိပဲ စစ်ဖြစ်နိုင်ချေ အခြေ အနေတွင် ရှိသည်။ ယခုအခါ ထိုင်ဝမ်ကျွန်းမှ Hsinchu ရှိ ဒုံးပျံထောက် လှမ်းရေး ရေဒါစခန်းကို အမေရိကန်ဒေါ်လာ ၁.၂၃ ဘီလျံ အကုန်ကျခံ၍ ၂၀၀၃ ခုနှစ်က စတင်တည်ဆောက်ထားသည်။ တည်ဆောက်ရေး စီမံကိန်း မှာ ယခုနှစ် ပြီးဆုံးမည်ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ရယူသော အကူအညီ များလည်း ပါဝင်သည်။ ယင်း ဒုံးပျံသည် တရုတ်ပြည် အနောက်မြောက်စွန်း Xinjiang ပြည်နယ်အထိ ပစ်လွတ်လာမည့် တာဝေးပစ် ဒုံးကျည်များ ကို ထောက်လှမ်းနိုင်စွမ်းရှိပြီး ထိုင်ဝမ်နိုင်ငံလုံခြုံရေးအတွက် များစွာ အကျိုးပြုသည်။

အကယ်၍ ယင်း ရေဒါစခန်းကိုသာ မြေပုံတွင်ဖော်ပြထားပါက တရုတ်ပြည်မ မှ အားသာချက်အဖြစ် ယူနိုင်ပြီး ထိုင်ဝမ်ကျွန်းစု လုံခြုံရေး လျော့နည်း သွားနိုင်ကြောင်း ထောက်ပြထားသည်။ ထို့ကြောင့် ထိုင်ဝမ်မှ သက်ဆိုင်ရာ အရာရှိများက Apple ကို တိုက်ရိုက်ဆက်သွယ် တောင်းဆိုထားကြောင်း သိရသည်။
---
Ref:zdnet.
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/10/apple.html
ဘကြီးသက်
Unknown at 7:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့တွင်းရှိ တက္ကစီယာဉ် များအား အဖွဲ့ဖွဲ့ကာ ထိန်းသိမ်း ကြပ်မတ်ကွပ်ကဲ သွားမည်


ရန်ကုန်မြို့တွင်း မောင်းနှင်နေတဲ့ တက္ကစီ ယာဉ်များကို ထိန်းသိမ်း ကြပ်မတ် ကွပ်ကဲမှုများ ဆောင်ရွက်မည့် အဖွဲ့တစ်ခု ဖွဲ့စည်း ဆောင်ရွက် သွားဖို့ ရှိတယ်လို့
မ.ထ.သ ဗဟိုမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို တက္ကစီ ယာဉ်များကို ထိန်းသိမ်း ကြပ်မတ် ကွပ်ကဲမယ့် အဖွဲ့ တစ်ခု ဖွဲ့စည်း ဆောင်ရွက်ဖို့ အတွက် ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ မှာကြား ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိမှာ အဆိုပါ အဖွဲ့ ဖွဲ့စည်းဖို့ အတွက် ရန်ကုန်မြို့တွင်းမှာ မောင်းနှင် သွားလာနေတဲ့ တက္ကစီ မော်တော်ယာဉ် အစီးရေ အတွက်၊ မှတ်ပုံတင် ထားတဲ့ ယာဉ်အစီးရေနဲ့ မြို့နယ် အလိုက်ရှိတဲ့ တက္ကစီယာဉ် အစီးရေ အတွက် အစတဲ့ရှိ စာရင်းဇယား တွေကို ကောက်ယူ နေတယ်လို့ သိရပါတယ်။

အခုလို အဖွဲ့ ဖွဲ့စည်းပြီး ရန်ကုန်မြို့တွင်းရှိ တက္ကစီ ယာဉ်များကို ထိန်းသိမ်း ကြပ်မတ် ကွတ်ကဲ မှုဟာ တက္ကစီယာဉ်များ စည်းကမ်းတကျ ရှိမှုပိုမိုဖြစ်ပေါ် စေဖို့နဲ့ ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းကာ အဆင်ပြေ ချောမွေ့စေဖို့ အစရှိတဲ့ အချက်တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိ ရန်ကုန်မြို့တွင်းရှိ တက္ကစီယာဉ် အချို့ဟာ သတ်မှတ်ထားတဲ့ စည်းကမ်း ချက်များနဲ့ ကိုက်ညီမှု မရှိခြင်းနဲ့ မှတ်ပုံတင် မထားတဲ့ ယာဉ်အချို့လည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီလို တက္ကစီ ယာဉ်များကို ကြီးကြပ် ထိန်းသိမ်းမှုများ ဆောင်ရွက်ပါက ရန်ကုန်မြို့တွင်းရှိ တက္ကစီ ယာဉ်များ အားလုံး ပါဝင်မှာ ဖြစ်ပြီး အဆိုပါ အဖွဲ့ ဖွဲ့စည်းရာမှာ ပါဝင်မယ့် သတ်မှတ်ချက် များနဲ့ လုပ်ဆောင်မယ့် လုပ်ငန်း ဆောင်တာ တွေကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တွေထံ ဆက်လက် တင်ပြပြီး အဆင့်ဆင့် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
ဘကြီးသက်
Unknown at 5:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အသံကြောင့်ဖားသေ

ကိုယ့်မြန်မာကို အားပေးတာ အားပေးတာပေါ့။ သူများမျက်စိ ပမွှေးစူးလောက်အောင်တော့မလုပ်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ အထူးသဖြင့် Miss international Facebook Public page မှာ သူများတွေက Virus လို့ ထင်ရလောက်အောင်" မြန်မာ  မြန်မာ  မြန်မာ" ဆိုတာကို အခါ ၁၀၀ ရေးတာမျိုး။ (အခု ဖယ်ရှား ခြင်းခံရလို့မရှိတော့ပါဘူး) ပြီးတော့ မြန်မာမပါတဲ့ ဓာတ်ပုံမှာ " မြန်မာ  မြန်မာ  မြန်မာ" လို့အော်ချင်ရာ အော်တာမျိုးတွေကြောင့်  မြန်မာတွေ မျက်စိမပါဘူးလား။ စာမတတ်ဘူးလား လို့ထင်သွားပါလိမ့်မယ်။ ကျွန်မတို့တွေ ကပ္ပလီတွေကို ရိုင်းတယ် သွေးဆိုးတယ်ဆိုပြီး ကြည့်မရ အထင်သေး သလိုပေါ့။ ဘယ်သူမပြု မိမိမှုပါ။ မြန်မာတယောက်လာ ဒီအချိုး နှစ်ယောက်လာ ဒီအချိုးဆို  ကြာရင် နိုင်ငံတကာက မြန်မာဆိုတာ ဒီလို ပေါကြောင်ကြောင်လူမျိုးတွေပါလားလို့ မှတ်ယူသွားပါလိမ့်မယ်။ ကိုယ့်လူမျိုးကို အဲ့ဒီလိုအထင်မခံစေချင်ပါဘူး။ Miss international Facebook Public page ဆိုတာ တစ်ကမ္ဘာလုံးက လူတွေလာကြည့်ကြတဲ့နေရာပါ။


 ပြီးတော့ ဟိုမှာ နန်းခင်ဇေယျာ ကို တခြားလူမျိုးတွေက အမြင်ကတ်ပြီး ဝိုင်းပြီးကျင်ထားကြမှာ ကျွန်မစိုးရိမ်းပါတယ်။ သူကမျှာလဲရှက်ရှာမှာပေါ့။ နင့်လူမျိုးတွေက ဒီလိုလားဟဲ့ ဆိုပြီး။ အဝေးရောက်နေတဲ့ ကိုယ့်ညီမလေးကို ကိုယ့်ရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့် သူများတွေက အမြင်ကတ်ပြီး ဝိုင်းအနိုင်ကျင့်ကြတာ သင်အဖြစ်ခံနိုင်သလား။


 ပြီးတော့ မယ်တိုင်းက ကိုယ့် ဓာတ်ပုံတက်လာရင် ကိုယ့်ကို ကိုယ့်လူမျိုးတွေက ဘယ်လောက်ဝိုင်းပြီး အားပေးကြတယ်ဆိုတာ သိချင်ကြတာချည်းပါပဲ။ အားပေးတဲ့စာတွေကို ဖတ်လိုက်ရင် မဆီမဆိုင် " မြန်မာ  မြန်မာ  မြန်မာ" ဆိုပြီး ပေါက်တက်ကရတွေတက်တက်အော်နေတော့ ဓာတ်ပုံထဲမှာ မြန်မာလဲ မပါပဲနဲ့ဆိုပြီး လှောင်ချင်စရာ ၊ ဟားချင်စရာ ဖြစ်ပါတယ်။ ပြီးတော့ သူများလူမျိုးကို မကြိုက်ရင်မကြည့်ပါနဲ့။ သူများဓာတ်ပုံအောက်မှာ မလှဘူး ဘာညာကွိကွဆိုပြီး ရေးတာမကောင်းပါဘူး။ ကိုယ့်ဓာတ်ပုံအောက်မှာဒီလိုလာရေးရင် ကိုယ်ကော သဘောကျလား၊ လက်ခံနိုင်သလား။

ကျွန်မက သူငယ်ချင်းကို ဒီ link မှာ လူမျိုးခြားနှစ်ယောက်က မြန်မာတွေကိုဝေဖန်ပုံ ကို ကြည့်ခိုင်းလိုက်တော့ သူက ဓာတ်ပုံတိုင်းကိုကြည့်ဖို့ ပြန်ပြောပါတယ်။ ကျွန်မလဲ ဓာတ်ပုံတိုင်းကိုကြည့်ကြည့်တော့ ပုံတိုင်း မြန်မာလို့ ထအော်ထားတာတွေ့ရပါတယ်။

Miss International Beauty Pageant Page မှ comments တချို့
လူမျိုးခြားတယောက်က "ဒီဓာတ်ပုံမှာ မြန်မာမယ် ပါလို့လား။ ဒီဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးလေးတွေကလဲ အားပေးခြင်းခံသင့်ပါတယ်။ ဒီလို  မြန်မာမယ် ဆိုပြီး ခဏခဏကြားနေရတာ စိတ်ပျက်ငြီးငွေ့စရာပါပဲ။  အကယ်၍များ ဒီဓာတ်ပုံထဲမှာ  မြန်မာမယ် ပါလို့ရှိရင်၊ ငါတို့အားလုံး ဝိုင်းပြီးအားပေးလို့ရပါတယ်။ ဒါပေမယ့် သူမပါတဲ့ အခါမျိုးမှာ ဘာအဓိပ္ပာယ်ရှိမှာလဲ။ မြန်မာပြည်ကလူတယောက်မှ သူတို့ကိုသူတို့  ငြီးငွေ့စရာအလွန်ကောင်းတယ်ဆိုတာသတိမထားမိကြဘူးလားမသိဘူး။

အဲ့ဒီမှာ နောက်တယောက်က "ဟုတ်တယ် ဒေါက်တာရေ ။  မြန်မာလူမျိုးတွေက ဓာတ်ပုံတွေမှာ မြန်မာမယ်ပါပါ မပါပါ နေရာတကာ စုပြီးဝိုင်းရေးနေကြတယ်။  အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ။ သူတို့က လူဂရုစိုက်ခံချင်လို့ တမင်သက်သက် လုပ်နေသလား ၊ ဒါမှမဟုတ် သူတို့ရဲ့ မယ်က အချောဆုံး အလှဆုံး ဆိုတာကို လူတကာကို ပြော ချင်လို့လား ကျွန်မတော့မသိတော့ဘူး ။ တကယ်တော့ တခြားမယ်တွေက မြန်မာမယ်ထက်အများကြီးသာပါတယ်။


ကျွန်မသူငယ်ချင်းက ညည်းပါတယ်။ "စိတ်ညစ်ပါတယ် သူငယ်ချင်းရာ  မြန်မာမယ်က တော့ Miss International Beauty Pageant website မှာ ပေါ်ပြူလာမဖြစ်ပဲ မဆင်မခြင်လူတစုကြောင့် ဒုက္ခရောက်ပါပြီ။"

အခုဆိုရင်  မြန်မာမယ် ဓာတ်ပုံကို တခြားသူတွေလောက် ဖော်ပြခြင်းမရှိတော့ပါဘူး။ လူတွေအားလုံးသတိထားမိကြမှာပါ။
တော်တော်စိတ်မကောင်းစရာပါပဲ။ ကြာရင် vote တွေလဲအသိအမှတ်ပြုချင်မှပြုပါတော့မယ်။

ကိုယ့် မြန်မာတွေကို စည်းကမ်းရှိစေချင်ပါတယ်ရှင်။ အေးဆေးထိုင်ပြီး အားပေးလို့ရပါတယ်ရှင်။ အသံကြောင့်ဖားသေတဲ့။ စကားပုံလေးလဲကြားဘူးကြမှာပေါ့။ အားလုံးကို ကောင်းစေချင်တဲ့ စေတနာနဲ့ရေးလိုက်တာပါ။ ကျွန်မကို ဘယ်နှစ်ယောက်လောက်က ဝိုင်းဆဲကြအုံးမလဲမသိပါဘူး။ ကိုယ့်လူမျိုးအကြောင်းကိုယ်ပဲသိတယ်။

ဒါကြောင့် တတ်နိုင်ရင် မြန်မာမယ် မပါတဲ့ ဓာတ်ပုံ အောက်မှာ comments တွေဘလပွနဲ့ "မြန်မာ မြန်မာ" လို့မအော်ပါနဲ့လို့ အနူးအညွန့်  မေတ္တာရပ်ခံပါတယ်ရှင်။
ကျွန်မက မြန်မာလူမျိုးဖြစ်လို့ ကိုယ့်မြန်မာတွေရဲ့စိတ်ကို ကောင်းကောင်းသိပါတယ်။ မြန်မာတွေက ပွင့်လင်းတယ်။ ရိုးသားတယ်။ စိတ်ထဲရှိရင် ရှိတဲ့အတိုင်းပြောတတ်တယ်။  ဟန်မဆောင်တတ်ဘူး။ တခုဖြစ်နိုင်တာက ကိုယ့်သူငယ်ချင်း တယောက်က "မြန်မာ မြန်မာ" အော်လိုက်လို့ ကိုယ်က အပေါ်က ဓာတ်ပုံ တွေ ဝေဖန်မှူတွေကိုသေချာမကြည့်မိပဲ  အလျှင်စလို ဝင်ပြီး comments ပေးမိတာမျိုး၊ အားပေးမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အလျှင်စလို comments မပေးကြပါနဲ့လို့။  မေတ္တာရပ်ခံပါတယ်ရှင်။


ကျေးဇူးပြုပြီး ဝေမျှပေးပါလို့ မေတ္တာရပ်ခံပါတယ်






ဘကြီးသက်
Unknown at 5:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကောင်အထည်ပေါ်တော့မည့် မိုဘိုင်းငွေလွှဲခြင်းဆိုင်ရာလုပ်ငန်းများ


မြန်မာနိုင်ငံအတွင်းမိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲခြင်းနှင့် ငွေပို့ခြင်း၊ ဈေး
ဝယ်ခြင်းစသည့်ကိစ္စရပ်များကို ၂၀၁၃ ခုနှစ်အတွင်း အကောင်အထည်

ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သမဝါယမဘဏ်မှ သိရှိရသည်။

"ကျွန်တော်တို့ ဘဏ်ကနေ နောက်နှစ်ဆို တွင်ကျယ်အောင် လုပ်ဆောင်သွား
မှာပါ။ တခြားနိုင်ငံတွေမှာဆို သုံးနေကြပြီ။ အဲ့တာတော့ ကျွန်တော်တို့လည်း လုပ်ချင်တဲ့ ဆန္ဒပေါ်လာရတာပါ။ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာ
ကိုတော့ အစည်းအဝေးထပ်လုပ်ပါအုံးမယ်။"ဟု သမဝါယမဘဏ်မှ MD ဦးဖေမြင့်က ပြောသည်။

မိုဘိုင်းလက်ကိုင်ဖုန်းများမှ တစ်ဆင့် ဘဏ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် သမဝါယမဘဏ်အနေဖြင့် အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ Master နှင့် Visa အသုံးပြုနိုင်ရေး လိုအပ်သည့်
ဆော့ဖ်ဝဲလ်များနှင့် ကူညီပံ့ပိုးမှုများ ရရှိနိုင်ရန် ဆောင်ရွက်လျှက်ရှိနေပြီး လက်ရှိတွင် လေ့လာစမ်းသပ်မှုများ ပြုလုပ်လျှက်ရှိနေကြောင်း ၎င်းဘဏ်မှ သိရှိရသည်။

“ဒီစနစ်ကြောင့် နိုင်ငံနဲ့အဝန်း ဆက်သွယ်မှုကွန်ရက်ရှိတဲ့ ဒေသမရွေးမှာ သုံးစွဲနိုင်ပါလိမ့်မယ်။ လက်ရှိမှာ စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။” ဟု အဆိုပါ ဘဏ်ရုံးချုပ်က အိုင်တီဌာနမှ တစ်ဦးပြောသည်။

မိုဘိုင်းဖုန်းများမှတစ်ဆင့် အသုံးပြုသည့် ဘဏ်လုပ်ငန်းဆိုင်ရာ စနစ်
အတွက် သက်ဆိုင်ရာ ဘဏ်တစ်ခုတွင် အကောင့်ဖွင့်လှစ်ရန် လိုအပ် မည်ဖြစ်ပြီး ငွေလွှဲခြင်း၊ ငွေပို့ခြင်းနှင့် ဈေးဝယ်ခြင်း စသည့် ကိစ္စရပ်များအား မိမိတို့၏ ဖုန်းများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်မည်ဖြစ်ကာ မိမိတို့ မိုဘိုင်းဖုန်းများထဲတွင် သက်ဆိုင်ရာဘဏ်နှင့် ချိတ်ဆက်သုံးစွဲနိုင်ရန်
ဆော့ဖ်ဝဲလ်စနစ်တစ်ခု လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သမဝါယမဘဏ်နှင့် ချိတ်ဆက်မည့် ဂျီအက်စ်အမ်၊ စီဒီအမ်အေ မိုဘိုင်းဖုန်း
များအားလုံးတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး သုံးစွဲသူများ အနေဖြင့်
နောက်ဆုံးထွက် မိုဘိုင်းဖုန်း ဆော့ဖ်ဝဲလ်ဖြစ်သည့် အန်းဒရွိုက်ဗားရှင်း
များဖြင့် သုံးစွဲနိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
Myit Makha Mediagroup


ဘကြီးသက်
Unknown at 2:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တွေမြို့ရှိ ရခိုင်အမျိုးသမီးများအဖွဲ့မှ ယနေ့ (အောက်တိုဘာလ ၁၀ ရက်နေ့) နေ့လည် ၁ နာရီအချိန် ခန့်တွင် ဆန္ဒ ထုတ်ဖော်


ထိုသို့ ဆန္ဒ ဖော်ထုတ်သွားရာတွင် အမျိုးသမီးများ သီးသန့် ပါဝင်ခဲ့ပြီး
စစ်တွေမြို့ အိုးတန်း ရပ်ကွက်၊ ကမ်းနားလမ်းရှိ ရှေ့ဘက်ဧစေတီတွင် စတင် စုရုံးကာ ထွက်ခွာခဲ့ ကြောင်းနှင့် အမျိုးသမီး ၂၀၀ ခန့် ပါဝင်ကြောင်း သိရှိရပါသည်။

ဆန္ဒထုတ်ဖော်ရာတွင် အဓိကအချက် ၈ ချက်ကို တင်ပြ တောင်းဆိုခဲ့ကြောင်း
သိရသည်။ ထိုအချက်များမှာ
(၁) ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို လေးစားလိုက်နာကြပါ။
(၂) တရားမ၀င်ခိုးဝင်လာသည့် ဘင်္ဂလိများအား အလိုမရှိ၊
(၃) မြန်မာပြည်တွင်းအရေးကို OIC ၀င်ရောက်မစွက်ဖက်ပါနှင့် မြန်မာ့မြေပေါ်မှ
ထွက်သွားပေးရန်။
(၄)မြန်မာပြည်တွင် ဘယ်တုံးကမျှ ရိုဟင်ဂျာမရှိပါ။
(၅) သားရေပေါ်အိပ်၊သားရေနားစားများ ထွက်သွားပါ။
(၆) မြေမျို၍လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်။
(၇) မြန်မာအမျိုးသမီးများ ဘ၀လှပလုံခြုံမှုရှိပါစေ။
(၈) မြန်မာ တစ်မျိုးသားလုံးစည်းလုံးညီညွတ်ကြပါ တို့ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်အတွင်း ယခုအပတ်တွင် ဆန္ဒဖော်ထုတ်မှုများ
ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီးဒေ သဆိုင်ရာအာဏာပိုင်များခွင့်ပြုချက်ဖြင့်
ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

လက်ရှိကာ လသည် စစ်တွေမြို့
ညမထွက်ရမိန့် ၁၄၄ ထုတ်ပြန်ထားသော်လည်း ယင်းသို့ ဆန္ဒပြမှုများကို ဥပ
ဒေအဘာင်အတွင်းက ဆောင်ရွက်ခြင်းဖြစ်ရာ
စည်းကမ်းတစ်ကျလုပ်ကိုင်ရန်လိုအပ်လှကြောင်း လည်းဒေသခံများက
ပြောဆိုကြပါသည်။

ထှိုဆန္ဒထုတ်ဖော်မှုများအားသုံးသပ်ရာတွင် ဆန္ဒထုတ်ဖော်သူများအားလုံးသည်
မြန်မာနိုင် ငံအတွင်းသို့ OIC ၀င်ရောက်လာခြင်းကို လုံးဝသဘောမသော
အချက်တစ်ချက်မှာ တူညီနေကြောင်း တွေ့ရှိရသည်ဟုလည်း
ဒေသခံများသုံးသပ်ကြပါသည်။ တည်ငြိမ်အေးချမ်းရေး အတွက်
လူမျိုးစုနှစ်ခုလုံးက လိုလားကြသော်လည်း အခြေအနေများကို
သုံးသပ်ကြည့်ရန်လိုအပ် ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော
ပကတိအမှန်တရားကို ရှင်းလင်းမြင်သာစွာ ဖော်ထုတ်ပြသနိုင်ရေးမှာလည်း
အရေးပါလှကြောင်း ဒေသခံမြို့မိမြို့ဖများက ပြောပါ သည်။


ဘကြီးသက်
Unknown at 2:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကွယ်လွန်


ရဲဘော်သုံးကျိပ်ဝင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သူ ဗိုလ်မှူးချုပ်ကျော်ဇောသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ခွေးမင်မြို့တွင် ယနေ့နံနက် ၃ နာရီ အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း မြန်မာဘာသာ ဖြင့် ထုတ်လွှင့်သော အွန်လိုင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

မကွယ်လွန်မီ စက်တင်ဘာလဆန်းအတွင်း က မြန်မာနိုင်ငံသို့ ပြန်လာ၍ ရွှေတိဂုံစေတီတော်ကို ဖူးမြှော်လိုသည့် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သော ဗိုလ်မှူးချုပ်ကျော်ဇောကို နိုင်ငံတော် သမ္မတ ကြီးက ပြည်တော်ပြန်လာရန် ခွင့်ပြုခဲ့သေးသည်။

အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သော ဗိုလ်မှူးချုပ် ကျော်ဇောကို အဖ ဦးပန်း၊ အမိ ဒေါ်တင်တို့က ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် သာယာဝတီ ခရိုင် သုံးဆယ်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။


၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန်လိုက်ပါသွားခဲ့သော ရဲဘော် သုံးကျိပ်ဝင်တစ်ဦးဖြစ်ပြီး ၁၉၅၃ ခုနှစ်တွင် ကူမင်တန် တရုပ်ဖြူကျုးကျော်ဝင်ရောက်မှုကို တွန်းလှန်တိုက်ခိုက်ခဲ့သော ဗမာ့တပ်မတော်၏ စစ်ဆင်ရေးများကို ဦးဆောင်ခဲ့သူဖြစ်သည်။


ဘကြီးသက်
Unknown at 2:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှာ ကတ်အဟောင်းတွေကို လာလဲသည်ဖြစ်စေ၊ မလဲသည်ဖြစ်စေ မူလ ATM ကတ်အားလုံးကို အသုံးပြုလို့မရအောင် ဘဏ်တွေက ပိတ်လိုက်မှာ ဖြစ်ပါတယ်”


Photo

စက်တင်ဘာ ၁၄ ရက်တွင် ငွေပေးချေမှုစနစ်တစ်ခု စတင်သည်။ Myanmar Payment Union(MPU) အဖွဲ့ဝင် ဘဏ် ၁၇ ခုထဲမှ ၈ ဘဏ်တွင် MPU ကတ်ကို စတင်မိတ်ဆက် အသုံးပြုခဲ့သည်။ ထိုကတ်မှာ ဘဏ်တွင် ငွေစာရင်းဖွင့်ပြီး ငွေကြိုပေးရသော Debit Card စနစ်ဖြစ်ပြီး အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များနှင့် ထိုကတ်လက်ခံသော ဆိုင်များတွင် အသုံးပြုနိုင်သည်။ ထိုကတ်စနစ်မှာ ငွေသားအသုံးပြုမှု လျှော့ချ၍ နိုင်ငံတကာကဲ့သို့ ကတ်ကို ပိုမိုအသုံးပြုလာရန် ရည်ရွယ်သည်။ မြန်မာငွေပေးချေမှုအဖွဲ့ အတွင်းရေးမှူး၊ AGD ဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
စက်တင်ဘာ ၂၃ ရက်အထိ MPU ကတ် ဘယ်နှဦးလုပ်ထားပါပြီလဲ။ ATM ကတ် ရှိထားသူတွေထဲက လဲတဲ့သူ ဘယ်နှဦးရှိပါသလဲ။
ဘဏ်တွေက ထုတ်ပေးထားတဲ့ ATM ကတ်အရေအတွက်ဟာ ရှစ်သောင်းခန့် ရှိပါတယ်။ လက်ရှိ ဘဏ်တွေက အဲဒီကတ်များကို MPU ကတ်များနဲ့ ပြန်လည်လဲလှယ်ဖို့အတွက် အချိန်သုံးလခန့် ယူပါမယ်။ ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှာ ကတ်အဟောင်းတွေကို လာလဲသည်ဖြစ်စေ၊ မလဲသည်ဖြစ်စေ မူလ ATM ကတ်အားလုံးကို အသုံးပြုလို့မရအောင် ဘဏ်တွေက ပိတ်လိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလကုန်ရင်တော့ ကတ်အဟောင်း လာလဲသူကိုပဲ ရှစ်သောင်းခန့်ရှိမှာ ဖြစ်ပါတယ်။ ဒီလိုပဲ အခုမှ MPU ကတ် တန်းထုတ်ပေးမယ့် ဘဏ်တွေကလည်း လက်ရှိပေးပို့လာတဲ့ စာရင်းအရ သုံးသောင်းရှိပါတယ်။ ဒါကြောင့် ဒီဇင်ဘာလကုန်ရင် ကတ်အသစ်အသုံးပြုသူ စုစုပေါင်း တစ်သိန်းတစ်သောင်းခန့် ရှိလာမှာဖြစ်ပါတယ်။
MPU ကတ် သုံးစွဲတဲ့သူတွေက ဘယ်လိုလူမျိုးတွေပါလဲ။ ဒီဝန်ဆောင်မှုက ဘယ်လူတန်းစားကို အဓိက ပစ်မှတ်ထားပါသလဲ။
ကတ်သုံးစွဲမှုကို လူတန်းစားအားလုံးအတွက် ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ပမာဏကြီးမားသော ငွေပေးချေမှုများသာမကဘဲ နေ့စဉ်သုံးစွဲနေတဲ့ ငွေပေးချေမှုများအထိ ဆောင်ရွက်နိုင်အောင် စီမံထားပါတယ်။ နောင်ဆိုရင် ဘတ်စ်ကားတွေ၊ ရထားတွေ၊ သင်္ဘောတွေပါ ပေးချေနိုင်အောင် ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဘဏ်အတွေ့အကြုံ မရှိသူတွေအတွက် ကတ်စလုပ်ရင် ဘာတွေလိုတယ်ဆိုတာ ရှင်းပြပါ။
MPU ကတ် စလုပ်ဖို့ဆိုရင် ငွေစာရင်းတစ်ခု အရင်ဖွင့်ရပါမယ်။ အလုပ် ဒါမှမဟုတ် အိမ်နဲ့နီးတဲ့ MPU အဖွဲ့ဝင် ဘဏ်တစ်ခုခုကိုသွားပြီး MPU ကတ် လျှောက်ထားဖို့အတွက် ငွေစာရင်းဖွင့်ချင်လို့ပါဆိုရင် ရပါတယ်။ ကျန်တာတော့ ဘဏ်ကလိုအပ်တဲ့ စာရွက်စာတမ်းတွေဖြည့်ပြီး ကတ်ပြားရရှိမယ့်နေ့ကို ပြန်ချိန်းပါလိမ့်မယ်။ တချို့ဘဏ်တွေကလည်း ချက်ချင်းထုတ်ပေးတဲ့ စနစ်နဲ့ တထိုင်တည်းပြီးအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။
ကတ်ပျောက်ရင် ဘယ်လိုလုပ်ရပါမလဲ။ သုံးစွဲသူတွေ သိသင့်တဲ့အချက်တွေ ပြောပြပေးပါဦး။
ကတ်ပျောက်ရင် ကိုယ့်ဘဏ်ကို အမြန်ဆုံး ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ ဆက်သွယ်တာနဲ့ ဘဏ်က အဲဒီ့ကတ်ကို သုံးစွဲလို့မရအောင် ပိတ်လိုက်မှာ ဖြစ်ပါတယ်။ သုံးစွဲတဲ့လူ သိသင့်တဲ့အချက်တွေက အများကြီးပါ။ ငွေစာရင်းဖွင့်လှစ်ခြင်းမှာတော့ ကျပ်တစ်သောင်းအနည်းဆုံး စဖွင့်ရမှာဖြစ်ပါတယ်။ အများဆုံးကတော့ ကန့်သတ်ချက်မရှိပါဘူး။ ဒါကို ဘဏ်က ကတ်လာထုတ်တဲ့အချိန်မှာ လမ်းညွှန်စာရွက်ပေးပြီး ရှင်းပြပါလိမ့်မယ်။ တစ်ဘဏ်နဲ့တစ်ဘဏ် တချို့အချက်အလက်တွေက နည်းနည်းကွာနိုင်ပါတယ်။ သုံးစွဲတဲ့လူတွေ မသိမဖြစ်သိရမှာကတော့ ကိုယ့်ရဲ့ PIN Number (ဂဏန်းခြောက်လုံးပါသော လုံခြုံရေးနံပါတ်)ကို သူများတွေ မသိစေဖို့ပါပဲ။ သိသွားခဲ့ရင် ကိုယ့်ကတ်ကိုယူပြီး ငွေထုတ်နိုင်လို့ပါ။ ကတ်ပျောက်ရင်တော့ စိုးရိမ်စရာမရှိပါဘူး။ ကတ်ကောက်ရတဲ့လူက PIN Number မသိတဲ့အတွက် ငွေထုတ်လို့ မရပါဘူး။ ကျွန်တော်တို့ဘဏ်မှာ ကြုံဖူးတာတစ်ခုကတော့ ကတ်ပျောက်တယ်။ ဒါပေမဲ့ ကတ်ပိုင်ရှင်က သတိမေ့တတ်လို့ ကတ်ပေါ်မှာ သူ့ PIN Number ကို မင်နဲ့ရေးထားတယ်။ ဒီအတွက် ကတ်ကောက်ရသူက ငွေထုတ်သွားတာ ကြုံရပါတယ်။ ဘဏ်က လာထုတ်သူရဲ့ ဓာတ်ပုံနဲ့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရပါတယ်။ ဒါကြောင့် ကိုယ့် PIN Number လုံခြုံရေးကိုတော့ သုံးစွဲသူတိုင်းက သတိပြုသင့်ပါတယ်။
MPU ကို လက်ရှိ ဘဏ်ရှစ်ခုမှာပဲ ၀န်ဆောင်မှုပေးနေတော့ ကျန်ဘဏ်ကိုးခုက ဘယ်တော့ ၀န်ဆောင်မှုပေးမှာလဲ။
MPU အဖွဲ့ဝင် ဘဏ်များအားလုံးဟာ ၂၀၁၃ အတွင်းမှာ ချိတ်ဆက် အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိ MPU ကတ် အသုံးပြုနေတဲ့ နေရာဆိုတာမှာ နှစ်ပိုင်းရှိပါတယ်။ ATM စက်များနဲ့ ငွေပေးချေမှု လက်ခံသော အရောင်းဆိုင်များပါ။ ATM စက်များကတော့ ၂၀၀ ကျော် ရှိပါတယ်။ ဆက်လက်ပြီးလည်း ဘဏ်တွေက တိုးချဲ့နေပါတယ်။ ကျွန်တော်တို့ဘဏ်(အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်)ဆိုရင် ဘဏ်ခွဲဖွင့်ထားတဲ့ မြို့တိုင်းမှာ MPU ကတ်ကို လက်ခံတဲ့ ATM စက်များ တပ်ဆင်ပြီး ဖြစ်ပါတယ်။ အရောင်းဆိုင်များကတော့ လက်ရှိ ရန်ကုန်မှာ စနေပါပြီ။ နေပြည်တော်နဲ့ မန္တလေးကိုလည်း စနိုင်အောင် ကြိုးစားနေပါတယ်။ ဒီနေရာမှာတော့ အရောင်းဆိုင်တွေဘက်က လက်ခံချင်မှဖြစ်တာမို့ ဘဏ်တွေဘက်က ဆွဲဆောင်မှုမျိုးစုံနဲ့ စတင်ကြိုးစားနေကြပါတယ်။
ဒီဝန်ဆောင်မှု အောင်မြင်ဖို့အတွက် အဓိကစိန်ခေါ်မှုက ဘာတွေပါလဲ။
ဆက်သွယ်ရေးဝန်ဆောင်မှုပါ။ ကတ်အသုံးပြုသူတွေက ATM စက်တစ်ခုမှာ ငွေသွားထုတ်တယ်။ ငွေထုတ်မရဘူး။ စက်ချထားတဲ့ဘဏ်ကို အပြစ်တင်ပါတယ်။ ဒီလိုပဲ ကတ်ထုတ်ပေးလိုက်တဲ့ ဘဏ်ကိုလည်း အပြစ်တင်ပါတယ်။ ဒါပေမဲ့ စက်ရှိနေတဲ့ နေရာကနေ ဘဏ်ကို ဘာနဲ့ဆက်သွယ်ထားတယ် ဆိုတာကို စဉ်းစားမိတဲ့လူ နည်းပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ ATM ၉၀ ရာခိုင်နှုန်းကျော်ဟာ iPStar နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ မိုးအုံ့ရင် iPStar က သုံးလို့မကောင်းပါဘူး။ ဒါကို တတ်သိနားလည်သူတွေက ဘဏ်တွေကို အပြစ်တင်ပါတယ်။ တစ်ကမ္ဘာလုံး PSTN တို့၊ Data Card (3G Network)တို့ သုံးနေတဲ့အချိန်မှာ မြန်မာဘဏ်တွေဟာ iPStar လို stable မဖြစ်တဲ့ ဂြိုဟ်တုဆက်ကြောင်းကို သုံးရလားလို့ ပြောကြပါတယ်။ ကျွန်တော်တို့မှာ ရွေးစရာမရှိပါ။ မြန်မာနိုင်ငံမှာ ၀ယ်လို့ရတဲ့အထဲက သုံးခွင့်ရတဲ့ သုံးလို့ရတဲ့စနစ်ကိုသာ သုံးရခြင်းဖြစ်ပါတယ်။ ပိုကောင်းတဲ့စနစ်တွေရှိမှန်း သိပါတယ်။ သုံးခွင့်ရဖို့ သုံးလို့ရတဲ့ စနစ်ကိုသာ သုံးရခြင်းဖြစ်ပါတယ်။ ပိုကောင်းတဲ့စနစ်တွေရှိမှန်း သိပါတယ်။ သုံးခွင့်ရဖို့ အချိန်တစ်ခု စောင့်ရဦးမှာပါ။ ဥပမာပြောရရင် စတားဘတ်ကော်ဖီ ဘယ်လောက်ကောင်းတယ်ပြောပြော စတားဘတ်ကော်ဖီဆိုင် မရှိရင် ကျွန်တော်တို့ သောက်လို့မရပါဘူး။ ကျွန်တော်တို့ အဓိကရင်ဆိုင်ရမှာ ဘယ်ဆက်သွယ်ရေးမီဒီယာကို အသုံးပြုခွင့် ရမလဲဆိုတာရယ် အဲဒီ့ဆက်သွယ်ရေးမီဒီယာက ဘယ်အချိန်ဖြစ်ဖြစ် တည်ငြိမ်ပြီး connection ကျတာ၊ network busy ဖြစ်တာ မရှိဖို့လိုပါတယ်။ ဒါကို ကျော်လွှားနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ISP အားလုံးနှင့် ကျွန်တော်တို့ ညှိနှိုင်းလျက်ရှိပါတယ်။
MPU ကတ်ကနေ အကြွေးဝယ်ကတ်စနစ်(Credit Card)အထိ ၀န်ဆောင်မှုတိုးချဲ့ဖို့ အချိန်ဘယ်လောက် ယူရမယ်လို့ထင်ပါသလဲ။
အကြွေးဝယ်ကတ်စနစ်ကို တိုးချဲ့ဖို့ဆိုတာက မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ပဲ ဆိုင်ပါတယ်။ ဒီနေ့ခွင့်ပြုရင် ဒီနေ့ဘဏ်တွေက ဆောင်ရွက်ကြမှာပါပဲ။
JCB (Japanese Credit Bureau) ၊ CUP (China Union Pay)တို့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ် အသေးစိတ်ကို ရှင်းပြပေးပါ။
ပထမအဆင့်အနေနဲ့ CUP ၊ JCB စတဲ့ နိုင်ငံတကာကတ် အသုံးပြုသူတွေ မြန်မာနိုင်ငံရဲ့ ATM တွေအားလုံးမှာ ငွေထုတ်နိုင်ပါမယ်။ အဲဒီ့နောက်မှာတော့ MPU နဲ့ ချိတ်ဆက်ထားတဲ့ ဈေးဆိုင်တွေမှာ ဈေးဝယ်လို့ရပါမယ်။ ဒုတိယအဆင့်မှာ MPU နဲ့ ၎င်းကုမ္ပဏီများ ပူးပေါင်းပြီး မြန်မာနိုင်ငံသားများ နိုင်ငံတကာတွင် သုံးစွဲနိုင်ရန်အတွက် MPU-CUP Card ၊ MPU-JCB Card တွေ ဆက်လက်ထုတ်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာသုံးကတ်တွေဖြစ်တဲ့ Master ၊ Visa တို့နဲ့ရော အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါသလား။
Master၊ Visa ကျတော့ ပုံစံတစ်မျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုထဲမှာ ပါတဲ့ဘဏ်တွေနဲ့ သူတို့က အလုပ်လုပ်လို့မရပါဘူး။ ဒီအတွက် သူတို့က လုပ်ငန်းပုံစံတစ်မျိုးကို အဆိုပြုလာပါတယ်။ (၁) စီးပွားရေးပိတ်ဆို့ခံရသူ မပါဝင်သောဘဏ် (ဥပမာ- MOB နှင့် CB)၊ (၂) စီးပွားရေး ပိတ်ဆို့ခံထားရသောဘဏ်၏ စီမံခန့်ခွဲမှုတွင် ၎င်းပုဂ္ဂိုလ်များ ပါဝင်ပတ်သက်မှု နည်းသည်ဟု သူတို့ယူဆရသောဘဏ် (ဥပမာ- ကမ္ဘောဇဘဏ်)တို့ကို သူတို့ရဲ့ Partner များအဖြစ် ရွေးချယ်ပါတယ်။ ဒီဘဏ်သုံးခုရဲ့ ATM တွေမှာ ငွေထုတ်လို့ရဖို့ သူတို့ စလုပ်ပါမယ်။ ပြီးမှ MPU Network နဲ့ ချိတ်ပြီး MPU POS ချထားတဲ့ ဆိုင်တွေမှာ ငွေပေးချေလို့ရအောင် သူတို့ဆက်လုပ်မှာ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေးပိတ်ဆို့မှု မရှိတော့တဲ့ တစ်နေ့မှာတော့ MPU အဖွဲ့ဝင် ဘဏ်အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ကို သူတို့ လာတွေ့တဲ့အချိန်မှာ သူတို့ ပြောပြတာတွေ ဖြစ်ပါတယ်။
ဘဏ်လုပ်ထုံးလုပ်နည်းတွေ လျှော့ပေါ့ပေးလာတာ၊ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ပြုတာ၊ MPU ၀န်ဆောင်မှု စပေးလာတာ စတာတွေကြောင့် မြန်မာ့ဘဏ်လုပ်ငန်း ဖွံ့ဖြိုးလာပြီလို့ ပြောနိုင်ပါလား။ ၂၀၀၃ ဘဏ်တွေ မပြိုလဲခင်က အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုနေမလဲ။
မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းဟာ စတင်ဖွံ့ဖြိုးဖို့အတွက် တာစူနေပါပြီ။ အားလုံးကလည်း ကြိုးစားနေကြပါတယ်။ လုပ်ထုံးလုပ်နည်းတွေမှာ ခေတ်နဲ့ မလျော်တော့တာလေးတွေ၊ အရင်ကစိုးရိမ်လို့ တားမြစ်ထားတာလေးတွေကို တဆင့်ချင်းပဲဖြစ်ဖြစ်၊ အားလုံးပဲဖြစ်ဖြစ် ဖြေလျော့မှုတွေ ဆက်လက်လုပ်ဆောင်ပေးရင် ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ကကျတော့လည်း ငွေရေးကြေးရေးကဏ္ဍ ဖြစ်နေတဲ့အတွက် ရုတ်တရက် ဖွင့်ပေးလိုက်ခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း ချိန်ဆနေတယ်လို့ ယူဆပါတယ်။ MPU ကြောင့် မြန်မာ့ဘဏ်လုပ်ငန်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာပြီလို့ မပြောနိုင်ပါဘူး။ မြန်မာ့ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေမယ့် ဆောင်ရွက်ရမယ့် ကိစ္စများစွာထဲက MPU ဟာ တစ်ခုဖြစ်ပါတယ်။ ၂၀၀၃ ဘဏ်များ ပြိုလဲခဲ့ခြင်း မတိုင်ခင်နဲ့ နှိုင်းယှဉ်ရင် အခုက အများကြီးပိုသာပါတယ်။ ဘဏ်ခွဲအရေအတွက်၊ ဘဏ်အသုံးပြုသူ အရေအတွက်၊ ဘဏ်များတွင် သုံးစွဲနေသော ငွေကြေးပမာဏ၊ ဘဏ်လုပ်ငန်းအတွင်းမှ လူ့စွမ်းအားအရင်းအမြစ်များ စသဖြင့် အများကြီး တိုးတက်နေပါပြီ။
အစိုးရသစ်တက်လာပြီး ပြောင်းလဲမှုများစွာ ပြုလုပ်ပေမယ့် စီးပွားရေးအခြေအနေက မကောင်းဘူးလို့ လုပ်ငန်းရှင် တော်တော်များများ ပြောကြပါတယ်။ ဘဏ်လုပ်ငန်းတွေရဲ့ အခြေအနေရော။
အစိုးရအသစ်က အပြောင်းအလဲတွေ အများကြီးလုပ်နေပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ရဲ့ အဓိကကျွမ်းကျင်မှုက နိုင်ငံရေးနဲ့ စီမံအုပ်ချုပ်မှုပါ။ ဒါ့ကြောင့် နိုင်ငံရေးပိုင်း အများကြီး ပွင့်လင်းတိုးတက်လာတယ်။ စီမံအုပ်ချုပ်မှုပိုင်း အရင်နဲ့စာရင် အများကြီး လွယ်ကူချောမွေ့လာတယ်။ စီးပွားရေးအခြေအနေ မကောင်းဘူးဆိုတာမှာ အစိုးရပိုင်းက သတိထားမှု များနေတယ်လို့တော့ မြင်ပါတယ်။ အမှားအယွင်း နည်းနိုင်သမျှနည်းအောင် ဂရုစိုက်နေတဲ့အတွက် ထင်သာမြင်သာကြီး တိုးတက်လာတာ မမြင်ရသေးတာပါ။ ပြောင်းလဲမှုတွေတော့ လုပ်နေပါတယ်။ ဒါပေမယ့် အချိန်ယူ လေ့လာနေရတာတွေ သိမယ်ထင်တဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ရတာတွေကြောင့် ချက်ချင်းမမြင်သာသေးတာလို့ မြင်ပါတယ်။ အကြံပေးတွေနဲ့ တိုင်ပင်တယ်ဆိုပေမယ့် အကြံပေးတွေ ပြောသမျှကိုလည်း အစိုးရဆိုတာမျိုးက ထလုပ်လို့ရတာ မဟုတ်ဘူးလေ။ အကြံပေးတွေက သူ့ကိုယ်ကျိုးအတွက် အကြံပေးတာလား၊ နိုင်ငံအတွက် ပေးနေတာလား စသဖြင့် အစိုးရက ပြန်လည်ချင့်ချိန်ရသေးတာကိုး။ ဒီတော့ မြန်မာနိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာတော့ အမှန်ပဲ။ အချိန်တစ်ခုတော့ ယူလိမ့်ဦးမယ်လို့ မြင်ပါတယ်။
ဘဏ်တွေကတော့ လက်ရှိ ဆုတ်ယုတ်မှုမရှိ၊ တိုးတက်နေတာမို့ အစိုးရသစ် ပြောင်းပြီးနောက်ပိုင်း တောက်လျှောက်တိုးတက်နေတယ်လို့ပဲ မြင်ပါတယ်။ တိုးတက်နှုန်းကတော့ ဘဏ်တွေ မျှော်လင့်သလောက် မရောက်သေးပါဘူး။ တချို့သော ၂၀၀၃ နောက်ပိုင်း တားဆီးထားမှုတွေ ဖြေလျှော့လိုက်ရင်တော့ ဘဏ်တွေ ဒီထက်ပိုပြီး တိုးတက်လာမယ်လို့ မြင်ပါတယ်။ (ဥပမာ- အကြွေးဝယ်ကတ်စနစ် သုံးစွဲခွင့်ပြုခြင်း၊ ဘဏ်ခွဲဖွင့်ခွင့်ကို အခုထက် လွတ်လပ်စွာ နေရာရွေးချယ်မှုပြုခြင်း၊ ချေးငွေကို ငွေရေးကြေးရေး ဥပဒေပါအတိုင်း ဆောင်ရွက်ခွင့်ပြုခြင်း)
ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
MPU ကို မီဒီယာတွေက စိတ်ဝင်တစားရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လူတိုင်း ဘဏ်သုံးစွဲရေးပါ။ လူတိုင်း ဘဏ်သုံးနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်တာဟာ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကို ယှဉ်ထိုးနှိုင်းယှဉ်နိုင်တဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအတွက် ဘဏ်များအားလုံး စုပေါင်းဖွဲ့စည်းထားတဲ့ MPU အနေနဲ့ လုံခြုံမှု၊ စိတ်ချရမှု၊ အသုံးပြုရလွယ်ကူမှုတွေနဲ့အတူ ကောင်းမွန်သည်ထက် ပိုကောင်းမွန်လာအောင် အမြဲတမ်း ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။
ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
7 Day New
ဘကြီးသက်
Unknown at 1:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အညောင်းမိကြသူများနဲ့ ရုပ်ဖျက်ထားတဲ့ကမ္ဘာ

Photo

ခတ္တာသည် ပန်းနုရောင် နှုတ်ခမ်းနီတောင့်ကို နှုတ်ခမ်းနှစ်လွှာပေါ် ခပ်ထူထူ သုတ်လိမ်းလိုက်သည်။ အလယ်အလတ်တန်းစား မိတ်ကပ်ဘူးလေးကိုဖွင့်ကာ မျက်နှာပေါ် တဖျပ်ဖျပ်ရိုက်လိုက်ပြီး ဆံပင်ကို ခပ်ဖွဖွသပ်တင်လိုက်သည်။ အချိန်က ညနေခြောက်နာရီရှိပါပြီ။
ညဥ့်နက်သည်နှင့်အမျှ ယမကာဆိုင်တချို့မှ ပြန်လာကြသော အညောင်းမိသူ အမျိုးသားအများစုကို သူမတို့က ၀န်ဆောင်မှုကောင်းကောင်း ပေးရတော့မည် ဖြစ်သည်။ ဒီလကုန်လျှင် နယ်မှာရှိသော ဆင်းရဲနွမ်းပါးသည့် သူမ၏မိသားစုထံ ပြန်ပို့ရမည့် ငွေကြေးပမာဏ မပြည့်သေးကြောင်းကိုလည်း ခတ္တာသိထားပါသည်။
အများစုက မာဆတ်ဟု အလွယ်တကူ ခေါ်ဝေါ်နေကြသော အနှိပ်ခန်း (Massage)များသည် ခြေလက်နှိပ်နယ်မှုများအတွက် ၀န်ဆောင်မှုပေးရန် ဖွင့်လှစ်ထားခြင်း ဖြစ်သော်လည်း ပြည့်တန်ဆာလုပ်ငန်းအား တရားဝင် ခွင့်ပြုထားခြင်းမရှိသည့် နေရာဒေသများအတွက် ထိုအနှိပ်ခန်းအများစုက ဟန်ပြလုပ်ငန်းအဖြစ် ရပ်တည်နေလေ့ရှိသည်။ သို့သော် အနှိပ်ခန်းအားလုံးသည် လိင်ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်နေခြင်းတော့ မဟုတ်ပေ။
မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော် စသောမြို့တော်ကြီးများအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်များကိုပါ အနှိပ်ခန်းယဉ်ကျေးမှုတစ်ရပ် အရှိန်အဟုန်ဖြင့် ထွန်းကားလာနေခဲ့ပြီ ဖြစ်သည်။ ၂၀၀၂ ခုနှစ်ခန့်အထိ အနှိပ်ခန်းကို ကြားဖူးရုံသာရှိပြီး ကိုယ်တိုင်ဒိဋ္ဌ တွေ့ကြုံဖူးခြင်း မရှိကြသေးသည့် နယ်မြို့လေးများမှာ ယခု ၂၀၁၂ ခုနှစ်မှာတော့ အနှိပ်ခန်းကိုယ်စီဖြင့် ပျော်ရွှင်မှုကို ရှာဖွေတတ်နေကြပါပြီ။ မြို့ခံအမျိုးသားထုတွေသည်လည်း ညောင်းညာကိုက်ခဲခြင်း၊ အကြောတက်ခြင်း စသည်တို့ကို ပိုမိုသတိပြု ခံစားမိလာကြပါပြီ။
ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက မြို့တော်များတွင်များက တစ်ခုထက်မက ရှိလာကြပြီဖြစ်သည်။ သို့သော် အနှိပ်ခန်းအားလုံးက တရားဝင် ရပ်တည်နေကြခြင်းတော့ မဟုတ်ပါ။ ပြည်ပနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း တရားမ၀င်သော လုပ်ငန်းများကို တရားဝင်သယောင် ရုပ်ဖျက်တတ်ကြပါသည်။ လိင်ဖျော်ဖြေရေး လုပ်ငန်းအတွက် အနှိပ်ခန်းသဏ္ဌာန် ရုပ်ဖျက်ထားခြင်းမျိုး ရှိသကဲ့သို့ များသောအားဖြင့်တော့ အလှပြင်ဆိုင် (Beauty Salon)အဖြစ် ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားတတ်ကြသည်။ အလှပြင်ခန်းဟု အမည်တပ်ထားသော်ငြားလည်း အဓိကလုပ်ငန်းမှာ နှိပ်နယ်ခြင်းများသာ ဖြစ်သည်။ အဖမ်းအဆီး၊ အစစ်အဆေးများ လက်အောက်မှာပင် အနှိပ်ခန်းများသည် မီးရောင်တလဲ့လဲ့ဖြင့် လှပကျော့ရှင်းလျက် ရှိနေခဲ့သည်။ သို့သော် မည့်သည့်နေရာမှာပင်ဖြစ်စေ အနှိပ်ခန်း (Massage Parlour)များသည် အမျိုးသမီးငယ်များအတွက် အကျဉ်းထောင်တစ်ခုသဖွယ်ပင် ဖြစ်နေတတ်သည်။
ခတ္တာ (အမည်ရင်းမဟုတ်ပါ) ရောက်ရှိနေသည့် ရန်ကုန်မြို့လယ်တစ်နေရာက အနှိပ်ခန်းသည်လည်း သူလိုငါလိုပင် ရုပ်ဖျက်ထားခဲ့သည်ပဲ ဖြစ်သည်။ သုံးလွှာတိုက်ခန်းပေါ်က ၀ရန်တာမှာ Beauty Salon ဟု ရေးထားပြီး အနီရောင်မီးလုံးလေးကို ခပ်မှိန်မှိန် ထွန်းညှိထားသည်။ တိုက်ခန်းအောက်ကို ငုံ့ကြည့်ပါက ပလတ်စတစ်ထိုင်ခုံတစ်လုံးဖြင့် ဆေးပေါ့လိပ်ဖွာနေသော အမျိုးသားတစ်ဦးကို တွေ့ရပါမည်။ ထိုသူက သူမတို့ဆိုင်ကို လာရောက်သည့် ဧည့်သည်များ အခန်းမမှား၊ လမ်းမမှားစေရန် ခေါ်ဆောင်လာလိမ့်မည်။ ထိုသို့မထားရှိပါက ရီဝေေ၀ဖြစ်နေသော ဧည့်သည်များသည် တခြားသော ဘေးတိုက်ခန်းတံခါးများကို မှားခေါက်ကြမှာ သေချာပါသည်။
Beauty Salon ဟု အမည်တပ်ထားသည့် ဆိုင်၏တံခါးကို တွန်းဖွင့်၍ ဧည့်ခန်းရှိ ဆိုဖာဆက်တီခုံတွင် ၀င်ထိုင်လိုက်သော ဧည့်သည်များအနီးမှာ ခတ္တာတို့တွေ စီတန်း၍ ရပ်ကြရသည်။ ဧည့်သည်က ကိုယ့်ကိုရွေးချယ်ပါစေဟု ခတ္တာက ဆုတောင်းနေမိသည်။ ဧည့်သည်များများ ရမှသာ ဒီလအတွက် ပိုက်ဆံများများကျန်မည် ဖြစ်သည်။ ထိုပိုက်ဆံများထဲမှ အများစုကို မြစ်ဝကျွန်းပေါ်ဒေသ၊ ရွာလေးတစ်ရွာက သူမရဲ့မိသားစုထံ ပြန်ပို့ရပါမည်။
ခတ္တာမှာ အမေနှင့် မောင်လေးတစ်ဦးရှိသည်။ အဖေကတော့ ဆုံးပါးသွားတာ ငါးနှစ်လောက်ရှိပါပြီ။ အဖေဆုံးပြီး မကြာမီမှာပဲ ရန်ကုန်မှာ အလုပ်လုပ်ပြီး ခဏပြန်လာသည့် သူငယ်ချင်းတစ်ဦးနှင့် ရန်ကုန်မြို့သို့ လိုက်ပါလာခဲ့သည်။ ရွာက ထွက်လာကတည်းက ဒီအလုပ်ကိုလုပ်ရမည်ဆိုတာ ခတ္တာကြိုသိထားပြီး ဖြစ်သည်။ ခတ္တာတို့ Beauty Salon မှ လုပ်ဖော်ကိုင်ဖက် ညီမငယ်အများစုကတော့ ဒီလောကထဲကို မရည်ရွယ်ဘဲ ရောက်လာကြသူတွေ ဖြစ်သည်။ သူတို့အားလုံး၏ တူညီသောအချက်ကတော့ ဆင်းရဲနွမ်းပါးခြင်းနှင့် အတန်းပညာ နည်းပါးခြင်းပဲဖြစ်သည်။
“တချို့ကတော့ စားဝတ်နေရေးပေါ့။ ပညာမတတ်ဘဲ ဘယ်အလုပ်ကမှ ကိုယ့်ကိုမခေါ်ဘူး။ ပိုက်ဆံလည်း ဒီလောက်များများ မရဘူး။ တချို့ကတော့ ၀ါသနာပါလို့ တမင်လုပ်နေတဲ့လူတွေ ရှိတယ်။ တစ်ယောက်၊ နှစ်ယောက် တွေ့ဖူးတယ်”ဟု ခတ္တာကပြောပြသည်။
ခတ္တာသည် ရန်ကုန်ရောက်ရောက်ချင်းပင် အောင်မင်္ဂလာအဝေးပြေးကွင်းအတွင်းရှိ အနှိပ်ခန်းတစ်ခုတွင် အလုပ်ရခဲ့သည်။ အလုပ်၏ ပထမရက်သတ္တပတ်များသည် သူမအတွက် ပင်ပန်းဆင်းရဲကြီးစွာပင် ဖြစ်ရသည်ဟု ခတ္တာကဆိုပါသည်။ ရွာပြန်ပြေးရန်ပင် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသော်လည်း အထမမြောက်ခဲ့ပေ။ ဆိုင်ပိုင်ရှင်များသည် သူမတို့လုပ်ကိုင်ရမည့် သတ်မှတ်ကာလတစ်ခု မပြည့်မချင်း မှတ်ပုံတင်များကို လုံခြုံရာမှာ သိမ်းဆည်းထားတတ်ကြသည်။ နောက်တော့လည်း မီးရောင်တလဲ့လဲ့အောက်မှာ သူမ နေသားကျသွားခဲ့သည်ဟု ဆိုသည်။
အောင်မင်္ဂလာအဝေးပြေးကွင်းမှာ အနှိပ်ခန်းနှင့် ဗြူတီးဆလွန်းခန်းများ ၄၀ ကျော်ခန့်ရှိသည်ဟု သိရသည်။ အဆိုပါလုပ်ငန်းများ အများဆုံးတည်ရှိနေရာ ရပ်ဝန်းမှာ ကျောက်တံတား၊ လသာ၊ လမ်းမတော်စသည့် မြို့တွင်းဧရိယာများဖြစ်ပြီး စမ်းချောင်းမြို့နယ်နှင့် ဘုရင့်နောင်ပွဲရုံဝန်းကျင် စသည်တို့လည်း နာမည်ကျော်ကြားသည်။ ရန်ကုန်တစ်မြို့လုံးတွင် အနှိပ်ခန်းများ ထောင်ဂဏန်းကျော်လာပြီ ဖြစ်သည့်အတွက် ရွေးချယ်စရာလည်း ပေါများလာပြီ ဖြစ်သည်။ အနှိပ်ခန်းနှင့် အလှပြင်ခန်းများအားလုံးကို လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်လိမ့်မည်ဟု သိမ်းကျုံးမြင်လို့ မရသော်လည်း မကြာမခဏတော့ လုပ်ငန်းချင်းဆက်နွယ်မှု ရှိတတ်ကြသည်ဟု ကိုယ်တိုင်သွားရောက်နေကျ အမျိုးသားအများစုက တညီတညွတ်တည်း ပြောကြသည်။
တရားမ၀င် အနှိပ်ခန်းများသည် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အသီးသီးကို လိုင်းကြေးဟုခေါ်ဝေါ်သည့် ငွေပမာဏများကို လစဉ်ပေးသွင်းရမှုများ ရှိသည်ဟု ဆိုကြသည်။ ထိုငွေပမာဏမှာ သိန်းဂဏန်းခန့်ရှိသည်ဟု သိရပြီး ထိုသို့ တရားမ၀င် ပေးသွင်းရသည့် အဖွဲ့အစည်းများမှာလည်း ထုံးစံအရပင် သက်ဆိုင်ရာ မြို့နယ်စည်ပင်၊ လုံခြုံရေးအဖွဲ့အစည်း၊ နယ်မြေရဲကင်း စသဖြင့် ဖြစ်နေတတ်သည်။
မြန်မာနိုင်ငံနယ်စပ် ပြည်နယ်တချို့မှ အမျိုးသမီးများသည်လည်း ထိုင်းနိုင်ငံနှင့် တခြားနိုင်ငံများရှိ အနှိပ်ခန်းလုပ်ငန်းနှင့် ပြည့်တန်ဆာလုပ်ငန်းများတွင် လုပ်ကိုင်ရန်အလို့ငှာ ရောင်းစားခံနေကြရဆဲဖြစ်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အနှိပ်ခန်းလုပ်ငန်းများမှ အမျိုးသမီး    ၅၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း စစ်တမ်းများကဆိုသည်။
“ထိုင်း-မြန်မာနယ်စပ်ဒေသတွေမှာတော့ အနှိပ်ခန်းတွေက မြန်မာမိန်းကလေးတွေ များတယ်ဗျ။ လိင်ကိစ္စတော့ မရဘူး။ ဒါပေမဲ့ အဆင်ပြေရင်တော့ အနှိပ်ခန်းပိတ်ချိန် စောင့်ခေါ်သွားပေါ့။ အဲဒီလိုမျိုးတွေတော့ရှိတယ်။ မြန်မာလူမျိုးဆိုတာထက် တိုင်းရင်းသူတွေ ပိုများကြပါတယ်”ဟု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သူ မြန်မာတစ်ဦးဖြစ်သည့် ဘလော့ဂါကိုဈာန်ကပြောသည်။
“ထိုင်းနိုင်ငံမှာ ကျေးလက်ဆေးခန်းတွေမှာ အနှိပ်ခန်းရှိတယ်။ တချို့နေရာမှာဆိုရင် ချွေးပေါင်းရုံရှိတယ်ဗျ။ အဲဒီမှာ လုပ်တဲ့သူတွေက အဲဒီရပ်ကွက်က အသက်(၄၀)ကျော် အမျိုးသမီးကြီးတွေ များတယ်။ သူတို့ကို အစိုးရက ကောင်းကောင်းသင်တန်းပေးပြီး အဲဒီကျေးလက်ဆေးခန်းတွေမှာ အနှိပ်ရုံဖွင့်ပေးထားတာ”ဟု ကိုဈာန်ကဆက်ပြောပြသည်။
မြန်မာနိုင်ငံမှာလည်း ထိုသို့ အနှိပ်ပညာရှင်များရှိပြီး ၎င်းတို့မှာ မျက်မမြင်များ ဖြစ်ကြသည်။ သူတို့ကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ ပညာရှင်များ ပူးပေါင်း၍ အနှိပ်ပညာကို စနစ်တကျ သင်ကြားပေးခြင်းများရှိသည်။ ထိုသင်တန်းမှ မျက်မမြင်သင်တန်းသားများသည် မျက်မမြင်ကျောင်းရှိ အနှိပ်ခန်းတွင် ၀မ်းစာရှာကြသကဲ့သို့ ရပ်ကွက်ထဲတွင် ပြန်လည်အသုံးချသူများလည်း ရှိသည်။
ဟန်ပြအနှိပ်ခန်းများအပြင် ယင်းကဲ့သို့သော ကျန်းမာရေးအနှိပ်ခန်းများလည်း များစွာရှိသောကြောင့် အမှန်တကယ် အညောင်းမိ၊ အကြောတက်နေသော အမျိုးသားများသည် ကျန်းမာရေးအနှိပ်ခန်းများသို့သာ သွားကြပြီး ဘောလုံးပွဲစဉ်ရှိသည့် နေ့ရက်များတွင် ဘောလုံးဝါသနာရှင်များလည်း အနှိပ်ခံရင်း ဘောလုံးပွဲကြည့်ရှုရန် လာရောက်ကြသည်ဟု သိရသည်။ ဟန်ပြအနှိပ်ခန်းများနှင့် ကျန်းမာရေးအနှိပ်ခန်းတို့မှာ ဈေးနှုန်းအားဖြင့် ကွာဟမှုမရှိလှသော်လည်း ဟန်ပြအနှိပ်ခန်းများတွင်တော့ Happy Ending ဖြစ်လိုပါက အမျိုးသမီးတောင်းသည့် ငွေကြေးကို ထပ်မံပေးဆောင်ရခြင်း ရှိလာသည်။
အင်္ဂလန်နိုင်ငံမှာတော့ အခကြေးငွေဖြင့် လိင်ဆက်ဆံခြင်းကို တရားဝင် သတ်မှတ်ထားခြင်းမျိုး ရှိသော်လည်း လူကြားထဲတွင် ဖောက်သည်ရှာခြင်း၊ ပြည့်တန်ဆာခန်းဖွင့်ခြင်း၊ ပြည့်တန်ဆာခေါင်းလုပ်ခြင်းများကတော့ တရားမ၀င်ပါ။ ထိုသို့သော တရားမ၀င် ပြည့်တန်ဆာလုပ်ငန်းများသည် အနှိပ်ခန်းအဖြစ် ရုပ်ဖျက်ထားတတ်ကြသည်။
အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၃၈ ခုတွင် အနှိပ်ခန်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် ခွင့်ပြုမိန့်လိုင်စင်ရှိဖို့ လိုအပ်ပြီး အနှိပ်ခန်းအဖြစ် ရုပ်ဖျက်ထားသော ပြည့်တန်ဆာလုပ်ငန်းများလည်း အများအပြားရှိနေပါသည်။ ဥပမာအားဖြင့် နယူးဂျာစီမြို့ တစ်ခုတည်းမှာပင် Massage Parlor အမည်ခံထားသော လိင်ဖျော်ဖြေရေးလုပ်ငန်းပေါင်း ငါးရာကျော်ရှိနေခဲ့သည်။
အဆိုပါ ပြည်ပနိုင်ငံများနှင့် အလားတူပင် မြန်မာပြည်အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများမှာလည်း အနှိပ်ခန်းလုပ်ငန်းများကို တရားဝင်တစ်မျိုး၊ တရားမ၀င်တစ်ဖုံ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိသည်။ ထိုအလုပ်အကိုင်အတွင် အသုံးပြုသော အရင်းအမြစ်မှာ ဆင်းရဲသည့်နိုင်ငံများမှ ထွက်ရှိလာသည့် လူသယံဇာတများပင် ဖြစ်သည်။
၁၉၉၆ ခုနှစ်မှ စတင်ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ ထိုင်းနိုင်ငံ၏ နယ်စပ်ခရိုင် ၁၈ ခုရှိ နေရာပေါင်း ၄၀ ကျော်တွင် အနှိပ်ခန်းလုပ်ငန်းအား    ၀င်ရောက်လုပ်ကိုင်နေကြသော အမျိုးသမီးအများစုမှာ ထိုင်းနိုင်ငံသားများ မဟုတ်ကြပါ။ သူတို့အားလုံး၏ ၆၀ ရာခိုင်နှုန်းကတော့ ၁၈ နှစ်အောက် အသက်အရွယ်များပဲဖြစ်ပြီး ၎င်းအမျိုးသမီးများသည့် ထိုင်းနယ်စပ်ဂိတ်ပေါက်များမှ တဖွဲဖွဲဝင်ရောက်လျက်ရှိသည်။
မြန်မာနိုင်ငံမှာတော့ ရုပ်ဖျက်ထားသည့် အနှိပ်ခန်းနှင့် အလှပြင်ခန်း ၀န်ထမ်းအမျိုးသမီး အများစုမှာ လူကုန်ကူးခံရခြင်း မဟုတ်ဘဲ ဆင်းရဲမွဲတေမှုနှင့် အတန်းပညာနည်းပါးမှု၊ မိသားစုအဆင်မပြေမှုတို့မှ ပေါက်ဖွားလာကြခြင်းဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး အနှိပ်ခန်းများဆိုလျှင် လိင်မှုဆိုင်ရာကိစ္စရပ်များ မပါဝင်ဘဲ အနှိပ်ပညာကိုသာ ဦးစားပေး လုပ်ဆောင်ကြသော သမ္မာအာဇီဝကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ စံပယ်(အမည်လွှဲထား)သည် ကျန်းမာရေးအနှိပ်ခန်းတွင် လာရောက်လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ကာလပင် ရှိပြီဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး တစ်နေရာတွင် မွေးဖွားခဲ့သော သူမသည် အသက်(၁၇)နှစ်အရွယ်၌ ရန်ကုန်မြို့တွင် ကျန်းမာရေးအနှိပ်သမလေး ဖြစ်လာခဲ့သည်။ စံပယ်တို့အနှိပ်ခန်းသည် ရန်ကုန်မြို့တွင်း၌ပင်တည်ရှိကာ လူတစ်ဦးကို တစ်နာရီတစ်ချိန်နှိပ်လျှင် နှစ်ထောင့်ငါးရာကျပ် ကျသင့်ပြီး ထိုငွေထဲမှ ငါးရာကျပ်ကိုသာ စံပယ်တို့ ရရှိသည်။ “ပုံမှန်တော့မရှိပါဘူး။ တစ်ခါတလေ တစ်ရက်လုံးမှာ ၁၅ ချိန်လောက် နှိပ်ရတယ်။ အနည်းဆုံးတော့ ၈ ချိန်လောက်တော့ ရပါတယ်။ လကုန်ရက်တွေနဲ့ ဘောလုံးပွဲရှိတဲ့ရက်တွေ လူအရမ်းကျတယ်။ လစာက တစ်သောင်းပဲပေးတယ်။ ထမင်းကျွေးတယ်။ အဆောင်မှာနေရတယ်။ တစ်လလုံးမှာ ကိုယ်နှိပ်ခဲ့တဲ့ ဆက်ရှင်ချိန် ၃၀၀ ပြည့်ရင် တစ်ချိန်ကို ခြောက်ရာ၊ ခုနှစ်ရာအထိ တွက်ပေးတယ်။ ပြီးတော့ ဘောက်ဆူး လေးသောင်းလည်း ပေးတယ်။ တစ်လကို တစ်သိန်းကိုးသောင်းလောက်တော့ ပုံမှန်ရပါတယ်။ တစ်လကိုနှစ်ရက် နယ်ကိုခွင့်ပြန်လို့ရတယ်”ဟု စံပယ်က သူမရရှိသော လုပ်အားခနှင့် ခံစားခွင့်ကို တွက်ပြသည်။
စံပယ်တို့လို ကျန်းမာရေးအနှိပ်ခန်း သီးသန့်တွေမှာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ခန့်အထိ တွေ့နိုင်ပါသည်။ အနှိပ်ခန်းတစ်ခုလျှင် အမျိုးသမီးအနှိပ်ဝန်ထမ်း အယောက်ငါးဆယ်ခန့် ရှိတတ်သည်။ သူမတို့အားလုံးကို ကိုယ်ပိုင်နံပါတ်စဉ်များဖြင့် သတ်မှတ်ပေးထားတာ ဖြစ်သည်။
“အလုပ်စ၀င်တာနဲ့ တစ်ပတ်ဆယ်ရက်လောက် အနှိပ်သင်တန်းပေးတယ်။ စိတ်ပါရင် အတတ်မြန်ပါတယ်။ တစ်ခါတလေ တစ်နေကုန်နှိပ်ရတော့ ကိုယ်ပါအညောင်းမိနေရော။ ကိုယ်ညောင်းတော့ နှိပ်ပေးမယ့်သူ မရှိဘူး”ဟု စံပယ်၏သူငယ်ချင်း မိန်းကလေးတစ်ဦးက ၀င်ပြောပြီး သူ့စကားသူ သဘောကျကာ တစ်ချက်ရယ်လိုက်သည်။ သူမသည် စံပယ်နှင့်အတူတူပင် အလုပ်ဝင်ခဲ့သူဖြစ်သည်။
မည်သည့်အနှိပ်ခန်းမှာမဆို ညဘက်တွေမှ လူစည်ကားလေ့ရှိသည်။ ထိုအချိန်မှာ လာရောက်သည့် ဧည့်သည်အမျိုးသား ကြီးငယ်မရွေးမှာလည်း ယစ်မူးထုံဝေနေကြပြီ ဖြစ်သည်။ အနှိပ်သမလေးများသည် ဧည့်သည်များထံမှ အရက်နံ့အပြင် ရစ်သည့်ဒဏ်ကိုပါ သည်းခံကြရသည်။ ဧည့်သည်နှင့် အဆင်မပြေလျှင် အနှိပ်ခန်းမန်နေဂျာနှင့် ပြဿနာတက်မှာပဲ ဖြစ်သည်။ အနှိပ်ခန်းအမျိုးမျိုးက တရားမ၀င်ဖြစ်နေသည့်အတွက် ဧည့်သည်ကို စိတ်ရှည်သည်းခံကြရမြဲ ဖြစ်သည်။
မြန်မာအနှိပ်ခန်းများတွင် တစ်ချိန်တစ်ဆက်ရှင်ကို ၄၅ မိနစ်မှ ၁ နာရီကြား သတ်မှတ်ပြီး ဈေးနှုန်းမှာလည်း ၂၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိ ရှိတတ်သည်။ ဈေးနှုန်းမှာ ဆိုင်အပြင်အဆင်နှင့် ၀န်ထမ်းအမျိုးသမီးငယ်များ၏ ရုပ်ရည်တို့ ကွာခြားသွားခြင်းသာ ဖြစ်သည်။
“၂၅၀၀ ဆိုတာမျိုးနဲ့ ကျန်းမာရေးမဟုတ်တဲ့ ဟန်ပြမာဆတ်တွေက တော်တော်ညံ့တယ်။ မိန်းကလေးတွေကအစ ရွက်ကြမ်းရေကျိုအဆင့်တောင်  မရှိဘူး။ အကုန်လုံးနီးပါက မာစွပ်တွေ (လိင်ကိစ္စပါဝင်သည့် အနှိပ်ခန်းကို ဆိုလိုခြင်းဖြစ်သည်)။ မူးရူးပြီးရောက်လာတဲ့ လူတွေကို အခန်းထဲရောက်မှ ဈေးထပ်ညှိတယ်။ ဈေးက ငါးထောင်ကနေ ရှစ်ထောင်အထိ ခေါ်တတ်တယ်။ ဒါပေမဲ့ ပေးသလောက်နဲ့ ဖြစ်သွားကြတာပဲ။ အဲဒါက သူတို့အတွက် အပိုဝင်ငွေလေ”ဟု ဟန်ပြအနှိပ်ခန်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူ အမျိုးသားတစ်ဦးကရှင်းပြသည်။
“အများဆုံးကတော့ ဧရာဝတီတိုင်းဘက်က လာကြတာပဲ။ တချို့က အိမ်ဖော်ဘ၀က၊ တချို့က အထည်ချုပ်က။ တချို့ကတော့ ဒီလောကထဲ  တိုက်ရိုက်ပဲ ရောက်လာတာ။ လုပ်သက်နုတဲ့အချိန်မှာ အရမ်းသနားစရာကောင်းကြတယ်။ လုပ်သက်ရလာရင်တော့ ဧည့်သည်တွေအတွက် အရမ်းစိတ်ပျက်စရာ ကောင်းလာတယ်။ အများစုကတော့ မာဆတ်လို့ နာမည်ခံထားပေမယ့် ၀န်ဆောင်မှုကတော့ လိင်ကိစ္စပါပဲ”ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။
သူမတို့၏ ၀င်ငွေမှာ ပုံမှန်မရှိသော်လည်း တစ်ညကို အနည်းဆုံး တစ်သောင်းခွဲလောက်တော့ ကျန်တတ်သည်ဟုလည်း သိရသည်။ ခတ္တာသည် ကျန်းမာရေးအနှိပ်ခန်း တစ်ခုမှာလည်း လုပ်ကိုင်ခဲ့ဖူးသည်။ သို့သော် တကယ်အညောင်းမိနေသူများကို ဆက်တိုက်နှိပ်နယ်ပေးရခြင်း၏ ပင်ပန်းမှုမှရရှိသည့် ၀င်ငွေထက် လွယ်ကူပြီး ပမာဏများပြားသော ၀င်ငွေကို ပို၍မက်မောခဲ့သဖြင့် ဟန်ပြအနှိပ်ခန်းတစ်ခုသို့ ထပ်ပြောင်းလာခဲ့ခြင်း ဖြစ်သည်ဟု သူမက၀န်ခံခဲ့သည်။
ကျန်းမာရေးအနှိပ်ခန်းများသို့ လာရောက်ကြသည့် အမျိုးသားများမှာ လူလတ်ပိုင်းများက ပိုမိုပြီး ဟန်ပြအနှိပ်ခန်းသို့ လာရောက်ကြသူများမှာတော့ အရွယ်စုံပင်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးသီးသန့် အနှိပ်ခန်းများသို့ တစ်ခါတစ်ရံတွင် အညောင်းမိသူ အမျိုးသမီးတချို့ပါ လာရောက်လေ့ရှိကြသည်ဟု အနှိပ်ခန်းမန်နေဂျာတစ်ဦးက ဆိုသည်။
တကယ်သွားရောက်ခဲ့ဖူးသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကလည်း “ကျွမ်းကျင်မှုအားနည်းတယ်။ နောက်အဆိုးဆုံးကတော့ သူတို့ရဲ့အတွင်းရေးကို အော်ကြီးဟစ်ကျယ်ပြောတာပါ။ အဲဒါမလုပ်ရဘူး။ အစ်မတို့က ပင်ပန်းတာလာဖြေတာ။ စိတ်ညစ်ညူးစရာကို မပြောရဘူး”ဟု ပြောပြသည်။
“အညောင်းအညာပြေချင်လို့ သွားတာ။ ကျန်းမာရေးအရလည်း သွေးလေလှည့်ပတ်မှုမှန်အောင် အနင်းအနှိပ်ခံရမယ်လို့ အကြံပြုချက်တွေရှိတယ်။ဒါပေမဲ့ ဒီထဲမှာပဲ တချို့ကလည်း ကောင်မလေးတွေနဲ့ လိင်ဆက်ဆံမှုအဆင့်အထိ မရောက်တဲ့ အီစီကလီအဆင့်ကို အရသာခံချင်လို့ သွားတာလည်း ပါမှာပေါ့”ဟု ကျန်းမာရေးသီးသန့် အနှိပ်ခန်းများကို တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပုံမှန်သွားရောက်လေ့ရှိသည့် ကုမ္ပဏီလုပ်ငန်းခွင်တစ်ခုမှ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးကလည်း ပြောသည်။
ပြည့်တန်ဆာလုပ်ငန်းများသာ တရားဝင်ဆောင်ရွက်ခွင့် ရရှိလာပါက အနှိပ်ခန်းနှင့် အလှပြင်ခန်းများ သဏ္ဌာန်ရုပ်ဖျက် လုပ်ကိုင်စရာ မလိုတော့ဘဲ ကျန်းမာရေးအနှိပ်ခန်းများနှင့် သီးခြားစီ ကွဲပြားသွားလိမ့်မည် ဖြစ်သည်။ ထိုအခါ ကျန်းမာရေးအနှိပ်ခန်းများသည်လည်း အမြင်တင့်တယ်လာလိမ့်မည်ဟု အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကဆိုသည်။
“တရားဝင်လုပ်တော့မယ်လို့ ပြောသံကြားတယ်။ သမီးတို့အနှိပ်ခန်းမှာလည်း ၀န်ထမ်းတွေကို သေချာလေ့ကျင့်ပေးပြီး သင်တန်းဆင်းလက်မှတ်လိုမျိုး ထုတ်ပေးမယ်လို့ ပြောထားတယ်။ ဘယ်တော့လဲတော့ မသိဘူး”ဟု ကျန်းမာရေးအနှိပ်ခန်းမှ အသက် ၁၈ နှစ်အရွယ် စံပယ်ကပြောသည်။
သူမတို့အကြောင်းကို မေးမြန်းစူးစမ်းတတ်သည့် ဧည့်သည်တွေကို စိတ်လိုလက်ရရှိပါက အမှန်အတိုင်းပြောပြတတ်ပြီး များသောအားဖြင့်တော့ စိတ်ထဲပေါ်ရာ ဇာတ်လမ်းများကို ပြောပြလိုက်တတ်သည်ဟု ခတ္တာက ခပ်ပြုံးပြုံးပြောပါသည်။ ပြီးတော့ ခတ္တာဆိုတာက သူမ၏အမည်ရင်း မဟုတ်ဘဲ အမည်သစ်ပေးထားခြင်း ဖြစ်သည်။ အနှိပ်ခန်းနှင့် အလှပြင်ခန်းများမှ မိန်းကလေးအားလုံးလိုလိုသည် မိမိတို့၏ အမည်ရင်းများကို အမည်လှလှလေးများဖြင့် အစားထိုး ပြောင်းလဲထားတတ်ကြသည်သာ ဖြစ်သည်။
ဟန်ပြအနှိပ်ခန်းများ၏ နောက်ကွယ်တွင် ဇာတ်လမ်းများစွာ ရှိပါသည်။ ဇာတ်လမ်းများသည် သမားရိုးကျ ဖြစ်ကောင်းဖြစ်ပါမည်။ တစ်နေ့နှင့်တစ်နေ့ မရိုးမထပ်စေရသော ဇာတ်လမ်းများလည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ ထိုဇာတ်လမ်းများက အညောင်းမိသူတို့ကို ပျော်ရွှင်မှုပေးရန် ညစဉ်စောင့်ဆိုင်းနေကြမည်သာ ဖြစ်ပါသည်။
ခတ္တာသည် ဧည့်သည်ရှင်းချိန်တွင် သူမ၏ အ၀တ်သေတ္တာငယ်ထဲမှ ငွေစက္ကူတချို့ကို တစ်ရွက်ချင်း ရေတွက်နေမိသည်။ သူမသုံးစွဲရန် အနည်းငယ်ဖယ်ပြီးပါက နယ်မြို့လေးမှ အမေနှင့် မောင်လေးတို့ဆီ ပို့ပေးရမည့် ပမာဏကိုလည်း စိတ်မှန်းဖြင့် တွက်ချက်ကြည့်လိုက်ပြီး အသက်ကို၀၀ ရှူသွင်းလိုက်သည်။ ထိုအခိုက်မှာပင် ဧည့်ကြိုကောင်တာဆီမှ သူမ၏အမည်ကို လှမ်းခေါ်လိုက်သောအခါ သေသေသပ်သပ်စီထားသော ငွေစက္ကူထပ်ကို သေတ္တာထဲ အမြန်ထိုးထည့်လိုက်ပြီး ခတ္တာတစ်ယောက် ဧည့်ခန်းဆီသို့ သွက်လက်ပေါ့ပါးစွာ ထွက်လှမ်းသွားလေသည်။
7 day 
ဘကြီးသက်
Unknown at 1:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ချိုလိမ်ကြီးနဲ့ ကိုခရိုနီ


အောက်တိုဘာလ ၄ ရက်၊ ည ၁၁ နာရီ ထိုးပြီးသွားပြီ။ ကျွန်တော့်အိမ်မှ သားသမီးတွေ မအိပ်နိုင်ကြသေး။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လှမ်းပို့ပေးနေသော ဓာတ်ပုံတွေကို သူတို့ဝက်ဘ်ဆိုက်ပေါ် တင်နေကြသည်။ သူတို့တင်လိုက်သည့် ဓာတ်ပုံတွေကို စောင့်မျှော်ကြည့်ရှု နေကြသူတွေကလည်း မနည်းလှဟုထင်၏။

အမေရိကားခရီးစဉ်မှ ပြန်ရောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြသည့် ပြည်သူများ၏ ဓာတ်ပုံများက အွန်လိုင်းမှတစ်ဆင့် ဟောတစ်ပုံ ဟောတစ်ပုံ ရောက်လာနေသည်။ ကြိုကြသူတွေက လေယာဉ်မဆိုက်မီ အစောကြီးကတည်းကပင် လေယာဉ်ကွင်းသို့ ကြိုတင်ရောက်ရှိနေကြပုံရ၏။ လေဆိပ်ထဲမှာ ပြည့်ကျပ်နေသည်။ သွားကြိုသူတစ်ဦးထံ ဖုန်းဆက်မေးကြည့်တော့ “ဥရောပခရီးစဉ်တုန်းက လာကြိုကြသူတွေထက် နှစ်ဆ၊ သုံးဆလောက်ပိုတယ်။ ခြေချစရာနေရာတောင် ခပ်ရှားရှား”ဟု ဆိုသည်။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ခရီးမှ အပြန်ပေပဲ ပျော်စရာကြီးပေါ့ဟု တွေးမိသည်။

အလားတူ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပသည့် (၆၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် မိန့်ခွန်းပြောကြားပြီး အောက်တိုဘာ ၁ ရက်နေ့ နံနက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ရုပ်ရှင်အနုပညာနယ်ပယ်မှ ထင်ပေါ်ကျော်ကြားသည့် မင်းသား၊ မင်းသမီးတွေ အပါအ၀င် ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုကြသည်ကို ဂျာနယ်တွေမှာ တခမ်းတနား မြင်ရတုန်းကလည်း ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာတစ်ပါးပါပေပဲဟု လှိုက်သည်းသော မုဒိတာပီတိ ဖြစ်မိခဲ့ရပါသေးသည်။

သို့သော် ထိုသို့ လာကြိုသည့် ပြည်သူတွေထဲတွင် စက်မှုဇုန်စက်ရုံမှ သမ္မတကြီးကိုပင် မသိသော မသိနိုးနား အလုပ်သမလေးတွေကို ဘုမသိဘမသိ ဆွဲခေါ်လာတာတွေလည်း ပါသည်ဟု လူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ဖတ်လိုက်ရသည့် အခါတွင်တော့ ရသာခြောက်ပါးနှင့်ပြည့်စုံစွာ မြိန်ယှက်ဖွယ်ကောင်းလှသည့် နတ်သုဒ္ဓါစားမြိန်ခွက်ထဲသို့ မစင်စက် မုန်ညင်းစေ့ခန့် စဉ်လာလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

အောက်တိုဘာလ ၄ ရက်နေ့ထုတ် အတွဲ-၁၁၊ အမှတ်(၃၀) 7Day News ဂျာနယ်ထဲတွင်ပါသည့် “ကုန်သည်/စက်မှုညီနောင် အသင်းများမှ သမ္မတကြီးဦးသိန်းစိန်ကို ကြိုဆိုရန်အတွက် အသင်းတစ်သင်းလျှင် လူ ၅၀ တောင်းခံခဲ့ကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌက ပြောသည်”ဟု ဖတ်ရပြန်သောအခါတွင်လည်း အဘယ်သို့သော “အနားပျာ” တစ်ဦးဦးကများ ခေတ်ဟောင်းမှာ စို့ခဲ့ဖူးသည့် ချိုလိမ်အဟောင်းကြီးကို ဖြုတ်မထားနိုင်ခဲ့သေးဘဲ လူတွေကို ချောဆွဲခိုင်းပြန်တာပါလိမ့်ဟု ကရုဏာဒေါသဖြစ်ရသည်။

တကယ်တော့ ထိုသို့သော လိမ်ဆင်မျိုးကို ဖန်ဆင်းရန် အကြောင်းမရှိ။ သို့သော်... “ဒေါ်အောင်ဆန်းစုကြည် ပြန်လာတဲ့အခါ ကြိုတဲ့သူတွေများမှာ။ ဒို့သမ္မတကြီး အပြန်မှာ လူများများနှင့် သိုက်သိုက်ဝန်းဝန်း သောင်းသောင်းဖြဖြရှိမှ ကောင်းမယ်။ ငါလည်း မျက်နှာကောင်းရမယ်”ဆိုသည့် အပြိုင်အဆိုင် အနားပျာအတွေး လက်တစ်ဆစ်မျှသာရှိသော ခရိုနီတစ်ဦးဦး၏ ဦးမှန်းမသိ ပဲ့မှန်းမသိ အရိပ်သုံးပါးနားမလည်သော စေတနာရေစီးကမ်းပြို ငဖားကိစ္စဖြစ်ဖို့က သေချာသည်။

“ခရိုနီ”ဆိုသည့် စကားလုံးကို ပုဂ္ဂိုလ်တစ်ဦးကတော့ “မိတ်ဆွေအပေါင်းအသင်း”ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ ကျွန်တော်ကတော့ ထိုသို့မဖွင့်ချင် “လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာ ငဖားအနားပျာ”ဟုသာ ဖွင့်ချင်သည်။ ထိုသို့သော သခင်အားရ ကျွန်ဝမ်းဝဆိုသည့် ကိုယ်ကျိုးရှာ အနားပျာတွေ ဆိုသည်က ပွင့်လင်းမြင်သာမှု မရှိသော အာဏာရှင်တို့၏ လက်ထက်မျိုး၌သာ မျိုးပွားရှင်သန်နိုင်သည်ဟု ထင်သည်။ မြန်မာနိုင်ငံဆိုသည်ကလည်း အာဏာရှင်အဆက်ဆက်တို့၏ လက်အောက်တွင် နှစ်ပေါင်းငါးဆယ်ခန့် နေလာခဲ့ရသည် ဆိုသည့်အခါ လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာ ငဖားအနားပျာ စိတ်ဓာတ်က အမြစ်ခိုင်နေခဲ့ပြီ။ သည်လိုလူမျိုးတွေက နေရာတကာမှာရှိသည်။ မဆလ၊ န၀တ၊ နအဖလက်ထက်မှ ယခုတိုင် အဆက်ဆက်မှာလည်း ရှိနေခဲ့၊ ရှိနေဆဲဖြစ်သည်။ တည်ဆဲနိုင်ငံရေးပါတီ အချို့ထဲမှာလည်း ရှိလေသည်။

ထိုသို့သော မျက်နှာလိုအားရ ခရိုနီတစ်ဦးတလေကြောင့် သမ္မတကြီးကို ကြိုဆိုသည့်ကိစ္စတွင် သန့်သန့်လေးဖြစ်သင့်ပါလျက် နတ်သုဒ္ဓါထဲ မစင်အမှုန်အမွှား ကျလိုက်သလို စိတ်မကောင်းစရာဖြစ်ရသည်။

တကယ်တော့ သမ္မတကြီးဦးသိန်းစိန်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် အနှစ်ငါးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မိန့်ခွန်းပြောခွင့်ရသော နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်သာမက မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံသို့ ဦးတည်ပြောင်းလဲရာ လုပ်ငန်းစဉ်များကို စိတ်ပါလက်ပါ ကြိုးစားဆောင်ရွက်နေသူလည်း ဖြစ်သဖြင့် မိမိတို့ နိုင်ငံသူနိုင်ငံသားများ အနေဖြင့် “တာဝန်”မဟုတ်သော ရင်ခုန်သံပါသည့် လှိုက်လှဲပျူငှာ သောင်းသောင်းဖြဖြ ကြိုဆိုခြင်းမျိုးဖြင့် ကြိုဆိုအပ်ကြိုဆိုထိုက်လှသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အမြဲတစေ စောင့်ကြည့်ကူညီနေခဲ့သော အမေရိကန်အစိုးရက တမင်ဖန်တီးလေရော့သလားမသိ။ သမ္မတကြီးဦးသိန်းစိန်နှင့် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်ပြည်ထောင်စုတွင် ဆုံကြသည်။ ဆုံကြပုံကလည်း လက်ရှိ အာဏာရပြည်ခိုင်ဖြိုးပါတီ၏ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတနှင့် အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ အတိုက်အခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံကြပုံနှင့်မတူ။ အာဏာရနှင့် အတိုက်အခံ ပြိုင်ဘက်တွေ ဆုံပုံမျိုးလည်းမဟုတ်။ ဆွေမျိုးရင်းချာ ညီအစ်ကိုမောင်နှမ ဆန်လှသည်။ မြန်မာ့ရိုးရာအားကစားတစ်ခုနှင့် ပမာပြုရလျှင် “ခြင်းရိုင်ခတ်ပွဲ”တစ်ခုနှင့်တူသည်။

ခြင်းရိုင်ခတ်သည် ဆိုသည်က ၀ိုင်းဖွဲ့၍ ကစားရသောနည်းဖြစ်၏။ လေထဲတွင် ၀ဲနေသည့် ခြင်းလုံးကို မြေမကျရလေအောင် သူ့တွင်လည်း တာဝန်ရှိသည်။ ကိုယ့်တွင်လည်း တာဝန်ရှိသည်။ အပေးအယူ၊ အထောက်အပင့်၊ အဆယ်အမညီရသည်။ သို့မှလည်း ၀ိုင်းကလှသည်။

အမေရိကားခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တောင့်တင်းခိုင်မာစွာ ဖွဲ့စည်းထားသော အကြံပေးအဖွဲ့ ပါမသွားသည့်တိုင် သမ္မတကြီးတွင်တော့ တောင့်တင်းသော အကြံပေးအဖွဲ့နှင့်အတူ သမ္မတရုံးဝန်ကြီးနှစ်ဦးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီးတို့ ပါသွားကြသည်။

သို့တိုင် သမ္မတကြီးတို့ အဖွဲ့ငါးဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမေရိကားခရီးစဉ်အတွင်း နေရာအသီးသီး၌ သီးခြားစီ ပြောခဲ့ကြသည့် စကားတို့က တူညီသောပန်းတိုင်ဆီသို့ တစ်ဦးအပေါ်တစ်ဦး ယုံကြည်စွာ စည်းချက်ညီ ပြိုင်တူလှမ်းနေကြောင်း ထင်သာမြင်သာရှိလှသည်။ တူညီသောစေတနာ၌ ကိုယ်စီအခြေခံထားသဖြင့်လည်း အပေးအယူ၊ အထောက်အပင့်၊ အဆယ်အမ ညီလှသော ခြင်းဝိုင်းတစ်ခုနှင့် ထပ်တူရှိလှသည်။

တစ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

“တစ်ခုတော့ ကျွန်မပြောချင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက တပ်မတော်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မားမားမတ်မတ် ပြည်သူတွေနဲ့အတူ လျှောက်ပြီဆိုရင်တော့ နောက်ကြောင်းပြန်လှည့်ဖို့ မရှိသလောက် ဖြစ်သွားမယ်လို့တော့ ကျွန်မတို့ ယုံကြည်လို့ရပါတယ်”

အခြားတစ်နေရာတွင် သမ္မတကြီးဦးသိန်းစိန်က မြန်မာမီဒီယာသမားနှင့် တွေ့ဆုံရာ၌ “ယနေ့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရန်အတွက် အုပ်ချုပ်ရေးပိုင်းမှာ ၀င်ရောက်စွက်ဖက်ရန် မရှိကြောင်း၊ နိုင်ငံရေးအပိုင်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ပေးသည့် သဘောသာရှိကြောင်း၊ တပ်မတော်၏ အဓိကအလုပ်မှာ တိုင်းပြည်ကို ကာကွယ်ရန်သာဖြစ်ကြောင်း...” ပြောကြားသွားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့၏ စကားအတွင်းသားတို့ ချိတ်ဆက် မိတ်ဖက်ပြုနေမှုက မြင်သာသည်။

သမ္မတကြီးဦးသိန်းစိန်နှင့် ဘီဘီစီ HARDTALK အစီအစဉ်၌ မေးမြန်းသည့်သူက “ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ သူတို့ဟာ ပြောင်းလဲနေပါပြီ။ ဒါပေမဲ့ စစ်မှန်တဲ့ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီကို ပြောင်းလဲဖို့ လိုနေပါသေးတယ်လို့ ပြောခဲ့ပါတယ်”ဟု ပြောသည့်အခါ သမ္မတကြီးက “မှန်ပါတယ်။ ကျွန်တော်တို့ဟာ သက်တမ်းအားဖြင့်လည်း တစ်နှစ်ခွဲပဲရှိပါသေးတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ဖို့
လုပ်စရာတွေ အများကြီး လိုအပ်နေပါသေးတယ်”ဟု ရင်ထဲအတိုင်း ရှင်းရှင်းဘွင်းဘွင်းပြောပုံက မှတ်မှတ်သားသား ဖြစ်စရာတစ်ခု ဖြစ်နေပြန်သည်။

အလားတူပင် “ကုလသမဂ္ဂမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးအဖြစ် သမ္မတကြီးက ချီးကျူးခဲ့ပါတယ်။ သမ္မတကြီးအနေနဲ့ သူမဟာ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်မယ်လို့ ယုံကြည်ပါသလား။ သမ္မတကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းပြည်ကို ဦးဆောင်ရာမှာ သူမနဲ့တွဲပြီး လုပ်ဆောင်မယ်လို့ စိတ်ကူးပြီး ပြင်ဆင်ထားပါသလား”ဟု မေးလာသည့်အပေါ်တွင် သမ္မတကြီး ပြန်လည်ဖြေကြားပုံက ရိုးရှင်းလှသည်။

“အားလုံးဟာ ပြည်သူတွေအပေါ် မူတည်ပါတယ်။ ပြည်သူတွေက လက်ခံရင် ကျွန်တော်လည်း လက်ခံမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှမရှိပါဘူး”ဟူ၏။

ထိုမျှမက အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုများ ပြန်လည်ရုပ်သိမ်းရေးမှအစ ပြောခဲ့ကြသော အခြားစကားများစွာတို့၌လည်း တိုင်းပြည်အကျိုးစီးပွားပေါ်၌ နှစ်ဦးသား ညီညွတ်စွာ စကားအတွင်းသားချင်းတွေ ချိတ်ဆက်ညီညွတ် လှပနေခဲ့ကြသည်။ ထို့ကြောင့်ပင် နိုင်ငံတော်သမ္မတကြီး၏ အမေရိကားခရီးစဉ်သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ချီးမွမ်းထောပနာ ပြုခဲ့ကြရသည့် ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။

ထို့ကြောင့်လည်း ဒီမိုကရေစီအပြောင်းအလဲကို နှစ်ပေါင်းများစွာ ရင်တမမဖြင့် မျှော်လင့်စောင့်စားနေခဲ့ကြရသည့် ကျွန်ုပ်တို့အနေဖြင့် သမ္မတကြီး၏ အပြန်ခရီးကို စိတ်ရင်းစေတနာအရင်းခံဖြင့် လှိုက်လှိုက်လှဲလှဲ မကြိုဆိုနိုင်ရန် အကြောင်းမရှိဟု ထင်မိသည်။ သွားကြိုကြသူတွေ အားလုံးထဲမှာလည်း စက်ရုံမှ မဆင်မခြင် ချောဆွဲခံခဲ့ကြရသည့် အလုပ်သမလေးတွေမှအပ အားလုံးမှာ စိတ်ရင်းစေတနာအမှန်များသာ ဖြစ်ကြလိမ့်မည်ဟု မျှော်လင့်ယုံကြည်မိသည်။

သို့သော် တစ်ခုရှိသည်မှာ နိုင်ငံတော်သမ္မတကြီးဟု ဆိုလင့်ကစား ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူဦးရေနှင့် သမ္မတကြီးကို ကြိုဆိုသူဦးရေချင်းတော့ တူချင်မှတူပေလိမ့်မည်။

အကယ်စင်စစ် လူတိုင်းသည် မိမိစိုက်သော သီးနှံကိုသာ မိမိရိတ်သိမ်းကြရသည်ချည်းဖြစ်သည်။

ထိုစကားမှန်လျှင်..ဒေါ်အောင်ဆန်းစုကြည် ပြည်သူနှင့်အတူ စိုက်ခဲ့သည့်အပင်က ငွေရတုတိုင်တော့မည်။ အနှစ်အသား အပွင့်အခက်ဝေလှပြီ။

ပြည်သူနှင့်အတူ သမ္မတကြီးစိုက်ခဲ့သည့် အပင်က ဒေါ်အောင်ဆန်းစုကြည်နည်းတူ မျိုးကောင်းမျိုးသန့်မှန်ပေငြား တစ်နှစ်ခွဲသားမျှသာ ရှိသေးသည်။

မည်သို့ဆိုစေ သမ္မတကြီး၏ ဖြူစင်သော စေတနာ၊ မေတ္တာတို့ကို ကျွန်ုပ်တို့ပြည်သူများက အကြွင်းမဲ့ယုံသည်။ ယုံကြည်မှုနှင့်အတူလည်း မျှော်လင့်အားထားသည်။

ယုံကြည်အားထားကြသည့် အတိုင်းလည်း သမ္မတကြီးအပေါ် တစ်စထက်တစ်စ ထောက်ခံသူတွေ တိုးများလာကြမည်မှာ မလွဲဧကန်ဖြစ်မည်ဟုလည်း ယုံကြည်နေမိသည်။

ထို့ကြောင့်ပင် နိုင်ငံတော်သမ္မတကြီး၏ နောက်ခရီးစဉ်တစ်ခုခုမှ အပြန်ခရီးလေဆိပ်သို့ စိတ်ရင်းစေတနာ ရင်ခုန်သံအပြည့်နှင့် ပြည်သူများက လှိုက်လှဲပျူငှာ ကြိုဆိုကြမည်ဖြစ်ရာ “ခေတ်ဟောင်းမှ ချိုလိမ်အဟောင်းကြီးကို စို့လျက်သားနှင့် မလာခဲ့ပါနဲ့တော့ ကိုခရိုနီရယ်...”ဟုသာ ပြောလိုက်ရင်းဖြင့်။

ဘကြီးသက်
Unknown at 12:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ အကြံပြုစာ-အပိုင်း(၂) ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ

အခန်း-၁
(၁) တည်ငြိမ်အေးချမ်းမူ ပျက်ပြားစေသော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ
(က)ပဋိပက္ခဖြစ်ရသည့် လတ်တလောအကြောင်းရင်းများ
(၁) မုဒိန်းမှုကျူးလွန်သူတရားခံများ၊
(၂) ရဲအချုပ်တွင် ဆွဲကြိုးချသေဆုံးမှုနှင့်စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ငယ်ဖွဲ့ ၍ဖော်ထုတ်ရန်၊
(၃) သရက်သီးခူးထွက်သူ တရားခံအတု ၂ဦး၊
(၄) ရခိုင်ပဋိပက္ခကြီးသည် တိုက်ဆိုင်မှုလား ဖန်တီးမှုလား၊
(၅) ၁၀လောင်းပြိုင်လူသတ်မှု၊  (အပိုင်း-၁) တွင် ဖော်ပြထားပြီးဖြစ်သည်။

(ခ)ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများ
(၁) ပြန်ကြားရေးဝန်ကြီးဌာန၏ သဘောထားမမှန် 
(၂) သမိုင်းဖျောက်ဖျက်ခြင်း 
(၃) မမှန်သတင်းဖြန့်ခြင်း၊ ပုံကြီးချဲ့ခြင်း 
(၄) နယ်များတွင် အသုဘချရန် လူငယ်များမရှိ 
(၅) အမိန့်မရလျှင် ရေတောင်မသောက်ရ 
(၆) (၁၉၈၂)ခုနှစ် နိုင်ငံသားဥပဒေကိုဖောက်ဖျက်ကျူးလွန်သူဘယ်သူလဲ အပိုင်း (၂) တွင်ဖော်ပြပါမည်။
(၇) ကမ္ဘာကသိသော ကမ္ဘာကျော် နဂါးမင်းစီမံချက်
(၈) လှေစီးပြီး ပင်လယ်သမုဒ္ဒရာထဲသို့ ထွက်ပြေးကြမလား လိုက်ချင်လျှင် ပိုက်ဆံပေး
(၉) ပြည်တွင်းနေ ခရီးသွားများအား သတ်ဖြတ်ကြ
(၁၀) ပင်လယ်သမုဒ္ဒရာထဲသို့ ထွက်ပေါက်ပေးပါ
(၁၁) ဘယ်ဘက်လက်မောင်းတွင် ကျောက်ရောဂါကာကွယ်ဆေးထိုး ထားပါသလား
(၁၂) ချင်းပြည်နယ်နှင့် ဘင်္ဂလားဒေ့(ရှ်)နယ်စပ်ရှိ ချင်းပြည်သူများ နိုင်ငံခြားသို့ ဘယ်အပေါက်မှ ထွက်ပြေးကြသလဲ
(၁၃) ပိန်းရွက်စားကြမလား
(၁၄) စကပ်ချွတ် – ထဘီဝတ် – ထဘီချွတ် – စကပ်ဝတ် ပဋိပက္ခ၏မူလအကြောင်းခံတစ်ရပ်
(၁၅) ရွာဘုရား ရွာသား မလေးစား
(၁၆) တော်လှန်ရေးကောင်စီ၏ လူမျိုးစု (၁၃၅)မျိုး
(၁၇) လူမျိုးစု (၁၄၄)မျိုးစာရင်း ဘယ်ပျောက်နေသလဲ (၉)မျိုး ဘယ်လို ပျောက်သွားသလဲ
(၁၈) အကြမ်းဖက်သမားက ကိုဆိုဗိုနှင့် ပါလက်စတိုင်းကို ထောက်ပြ၍ လှုံ့ဆော်ခြင်း
(၁၉) ရခိုင်ပြည်နယ်ပဋိပက္ခသည် ဘာသာရေးပဋိပက္ခဟုတ်/မဟုတ်
(၂၀) ဝတ်ကျောင်းတော်များနှင့် စာသင်ကျောင်းများကို ဖျက်ဆီးခြင်း
(၂၁) ပုဒ်မ(၁၄၄)ကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း
(၂၂) လူမျိုး(၂)မျိုးကြား ရန်တိုက်ပေးနေပါသလား
(၂၃) အင်းစိန်ထောင်မှ နှစ်ရှည်ထောင်ကျ ရိုဟင်ဂျာ-မူဂျာဟစ်များ၊ ဘယ်ပျောက်သွားသလဲ
(၁) ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ သဘောထားမမှန်
ပြန်ကြားရေးဝန်ကြီးဋ္ဌာနသည် မူလကတည်းက သဘောထားမမှန်သည့် အကြောင်းခံများစွာရှိပါသည်၊ အချို့ ကို တင်ပြလိုပါသည်၊ ကျောက်နီမော် မုဒိန်းမှုနှင့် တောင်ကုတ်လူသတ်မှုတို့ နှင့်စပ်လျဉ်း၍ သတင်းကြေညာပုံ သဘောထား မမှန်ကြောင်း၊ အားလုံးသိပြီးဖြစ်သည်။ သတင်းစာပြင်ဆင်ချက်တွင်လည်း သဘောထားမမှန်ကြောင်း သိရပြန်ပါသည်။ ၎င်းတို့ ၏ပြင်ဆင်ချက်တွင် “ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များ’’ ဟု ပြင်ဆင်ရေးသားပါသည်။ အဓိပ္ပါယ်မှာ အစ္စလာမ်ဘာသာဝင်များသည်၊ နိုင်ငံမဲ့များဖြစ်သည်ဟုဆိုလိုရာရောက်ပါသည်၊ စော်ကားရာလည်း ရောက်ပါသည်။ အရေအခင်းဖြစ်ရန် လှုံဆော်ရာလည်း ရောက်သည်။ အင်္ဂလိပ် အစိုးရ အုပ်ချုပ်စဉ်အချိန်ကစ၍ အစိုးရအဆက်ဆက်က တရားဝင်ပြန်တမ်းဝင် အမည်များစွာရှိပါလျက်၊ ပြန်တမ်းဝင်အမည်များကို မသုံးစွဲဘဲ သဘောထားမမှန်သည့်အမည်များကို တီထွင်သုံးစွဲခဲ့ပါသည်။
ယခင်အခါများကလည်း အစ္စလာမ်ဘာသာဝင်များနှင့် စပ်လျဉ်း၍ အခြားသူများထက်ပို၍ ကန့် သတ်ခံခဲ့ရပါသည်။ နှိမ့်ချဆက်ဆံခံရပါသည်။ ထိုသို့ သဘောထားမမှန်သည့် အချက်အလက်များသည် ပဋိပက္ခများကို ဖြစ်ပွားစေသည့် မူလအကြောင်းခံများဟု မှတ်ယူပါမည်။ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အမှန်အတိုင်းတင်ပြခွင့်၊ဖော်ပြခွင့်၊ရေးသားခွင့် များကို မရရှိသဖြင့် အစ္စလာမ်ဘာသာဝင်များ၏ ခံစားချက်များ၊အသံများကို ၊ပြန်ကြားရေးဝန်ကြီးဋ္ဌာနအနေဖြင့်လုံးဝ နားမလည်နိုင်ပါ။ အစ္စလာမ်ဘာသာဝင်များ၏စာအုပ်စာတမ်းများလည်း မရှိသလောက် ရှားပါးပါသည်။ မြန်မာမင်းများ၊ ရခိုင်မင်းများ လက်ထက်က စာအုပ်စာတမ်းများတောင် ပြန်လည်၍ ဖော်ပြရန် အလွန်ခက်ခဲပါသည်။မြန်မာဘာသာပြန် ကျမ်းစားများလည်း ရှားပါးပါသည်။ ဤသို့ ဖြင့် အစ္စလာမ်ဘာသာဝင်များနှင့် အခြားပြည်သူများ နားလည်မှု လွဲမှားနိုင်ပါသည်။
အစ္စလာမ်ဘာသာဝင်များ၏ စာအုပ်စာတမ်းများကို ပြည်ထောင်စုသားအားလုံးဖတ်ရှု သိရှိနိုင်ရန်၊ နားလည်မူရနိုင်ရန်၊ တရားဝင် ရေးသားထုတ်ဝေလိုသူများရှိကြပါသည်။ သို့ မှသာပြည်ထောင်စုသားအားလုံး တစ်ဦးကိုတစ်ဦးနားလည်နိုင်ကြ ပေမည်။ ယခုတွင်မူ ပြန်ကြာရေးဝန်ကြီးဋ္ဌာနကိုယ်တိုင်က အစ္စလာမ်ဘာသာဝင်များနှင့် စပ်လျဉ်း၍ နားလည်မှုခေါင်းပါး ကြောင်းတွေ့ ရပါသည်။ သဘောထားလည်းမမှန်ကြောင်း သုံးသပ်၍ရပါသည်။အကယ်၍ ဤပဋိပက္ခများ မဖြစ်မီကတည်းက တည်ရှိနေသော စွပ်စွဲချက်အချို့ ကို အစ္စလာမ်ဘာသာဝင်များ ကြိုတင်၍ အဖြေများပေးနိုင်ပါလျက်နှင့် ပေးခွင့်မရခဲ့ကြပါ။ အကယ်၍သာ ထိုစွပ်စွဲချက်များ၏ အဖြေကို အချိန်မီပေးခွင့်ရနိုင်ခဲ့လျှင် ယခုပဋိပက္ခကြီးကို ရှောင်ကောင်း ရှောင်နိုင်ခဲ့မည် ဖြစ်သည်။
အစ္စလာမ်ဘာသာဝင်များသည် ရခိုင်ပြည်နယ်အပါအ၀င် ပြည်သူအားလုံး အေးချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရန်၊ အစ္စလာမ်ဘာသာဝင်များ အပေါ် နားလည်မူများရှိရန်၊ စာနယ်ဇင်းများတွင်၊ဆောင်းပါများ၊သတင်းများ၊ စာအုပ်စာတမ်းများ ရေးသားလိုကြပါသည်။သို့ သော် ရေးသားခွင့်မရှိပါ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ လွဲမှားသောသဘောထားအမြင်ဖြင့်၊ ဒေါက်ထောက်ကြည့်ခြင်းကိုသာ ခံရပါသည်။ နိုင်ငံခြားသား/နိုင်ငံမဲ့များအဖြစ်သာလျှင် ဆက်ဆံခံရပါသည်။ ပြစ်မှုကျူးလွန် အံ့ဆဲဆဲသော ပုဂ္ဂိုလ်များ အဖြစ်သာ ဆက်ဆံခံရသည်က များပါသည်။ထို့ ကြောင့် အစ္စလာမ်ဘာသာဝင်များအပေါ် ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ အမြင်ကြည်လင်ရန်လိုပါသည်။သို့ မှသာ ပြည်သူများကလည်း အမြင်ကြည်လင်လာနိုင်ပါသည်။ သွေးထိုးလှုံဆော်မူများ အထိုက်အလျှောက်လျော့နည်းသွားနိုင်ပါသည်။ ထိုကြောင့်ပဋိပက္ခဖြစ်ရသည့် အကြောင်းရင်းများ တွင် မူလအကြောင်းအရင်းခံအဖြစ် ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ သဘောထားအမြင်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အကြံပြုပါသည်။
(၂) သမိုင်းဖျောက်ဖျက်ခြင်း
ရိုဟင်ဂျာများသည် ခိုးဝင်လာသူများ၊ တရားမ၀င် ၀င်ရောက်လာသူများ၊ အင်္ဂလိပ်ကလယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ခေါ်လာသူများ၊ ဖြစ်သည်ဟူ၍လည်းကောင်း၊ တစ်ဖက်နိုင်ငံတွင်လူဦးရေးများနေသည်ဟူ၍လည်းကောင်း၊ အကြောင်းပြ လျှက်ဝါဒဖြန့် ချီမှုအမျိုးမျိုး၊သွေးထိုးလှုံ့ ဆော်မှုအမျိုးမျိုး ပြုလုပ်ကြပါသည်။ နိုင်ငံရေးပါတီ၂ခုကစာစောင်များ၊ အင်တာဗျူးများ၊ထုတ်ပြန်ချက်များ၊ အမျိုးမျိုးထုတ်ပြန်ကြပါသည်။သမိုင်းလိမ်များကို အမျိုးမျိုးအသုံးပြုကြပါသည်။ ရခိုင်မင်း အချို့  အစ္စလာမ်ဘာသာဝင်အမည်များ ရှိခြင်းကိုလည်း ဖုံးကွယ်ကြပါသည်။ ဒင်္ဂါးများအပေါ်တွင် ရိုဟင်ဂျာစာများ ရှိနေခြင်းကိုလည်း ဖုံးကွယ်ပါသည်။ အခြားထင်ရှားသည့် သမိုင်းအထောက်အထားများကိုလည်း လိမ်ညာဖော်ပြကြ ပါသည်။ထိုသို့ လိမ်ညာဖော်ပြနိုင်ရန်၊ ပဋိပက္ခဖြစ်သည့်အခါတိုင်း သမိုင်းဝင်ရိုဟင်ဂျာဝတ်ကျောင်းတော်များ၊ စာသင်ကျောင်းများ၊ဒရ်ဂါများ၊ အခြားထင်ရှားသည့် အဆာက်အဦးများကို ဖျက်ဆီးဖျောက်ဖျက်ကြပါသည်။ အစိုးရအဆက်ဆက်ကလည်း ၀တ်ကျောင်းတော်များ၊စာသင်ကျောင်းများ၊သမိုင်းဝင်သင်္ချိုင်းများနှင့် အခြေားအဆောက်အဦးများကိုပါ၊ ဖျက်ဆီးတတ်ကြပါသည်။
ထိုကြောင့်သမိုင်းလိမ်ရေးသားလိုသူများအတွက်၎င်း၊ ရိုဟင်ဂျာသမိုင်းကို ဖျောက်လိုသူများအတွက်လည်းကောင်း၊ များစွာအထောက်အကူပြုရာကြသည်။ယခုအခါ ရခိုင် ပြည်နယ်သမိုင်း ဆွေးနွေးကြသည့်အခါ၊ ဓါးထမ်း၍ ဆွေးနွေးကြရမည့်အခြေအနေသို့ ရောက်နေပါသည်။ပဋိပက္ခကိုသာ ဦးတည်နေပါသည်။အနာဂတ်တွင် ပဋိပက္ခမဖြစ်ပေါ်စေရန် ၊အထူးလိုအပ်ပါသည်။နိုင်ငံတကာသမိုင်းဝင်သုတေသီများက ရေးသားသည့် သမိုင်းများကိုသာ ဘက်မလိုက်သမိုင်းများ အဖြစ်ရှာဖွေစုဆောင်း၍ သုံးသပ်ရန်လိုအပ်ပါသည်။
ရခိုင်မင်းများသည် စစ်တကောင်းမြို့ မှ၊မော်လမြိုင် ထားဝယ်အထိ အုပ်ချုပ်ခဲ့သည်ကိုသမိုင်းအထောက်အထားများတွင် တွေ့ နိုင်သည်။ ထိုသို့ ကြီးမားကျယ်ဝန်းသော နိုင်ငံတော်ကြီးကို လူမျိုးတစ်မျိုး၏ အင်အားဖြင့်တည်ထောင်ခဲ့သည်မဟုတ် ရိုဟင်ဂျာများအပါအ၀င်၊ နိုင်ငံသားလူမျိုးပေါင်းစုံက စည်းစည်းလုံးလုံး ပါဝင်ထမ်းဆောင်ခဲ့ကြောင်းတွေ့ ရပါသည်။ ဘုရင်မင်းမြတ်များကလည်း ကျောသားရင်သားမခွဲခြားပဲ အုပ်ချုပ်ခဲ့သည့်အပြင် ဘုရင်မင်းမြတ်တို့ ၏အမည်များတွင် ရိုဟင်ဂျာအမည်များ ၊ဒင်္ဂါများတွင်လည်း ရိုဟင်ဂျာစာသားများ အတိအလင်းဖေါ်ပြခဲ့ကြောင်း အထင်ရှားတွေ့ ရပါသည်။ ယခုအချိန်တွင် စည်းလုံးမူ ပျက်ပြားလျက် တဖက်တစ်မျိုး လိုရာအဓိပ္ပါယ်ဖွင့်ဆိုနေကြပါသည်။အငြင်းအခုန်ပြင်းထန်နေကြ ပါသည်။ ရခိုင်မင်းများ၏ အထက်ပါစေတနာများမှာ ယခုအခါဝေဒနာဖြစ်နေပါသည်။ကြားလူများ ၀င်ကူမှငြိမ်းချမ်းပါ တော့မည်။အနာဂတ်တွင်ပဋိပက္ခများ မဖြစ်စေရေး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ရပါမည်။ ကိုယ်လိုရာရေးဆွဲသည့် သမိုင်းလိမ်များ၊ ဘက်လိုက်သမိုင်းများကိုရှောင်ရပါမည်။ကျန်ရှိနေသည့် သမိုင်းဝင် အဆောက်အဦးများအပါအ၀င်၊သမိုင်းအထောက်အထားများကို နိုင်ငံတော်မှ တာဝန်ယူထိန်းသိမ်းရန်လိုအပ်ပါသည်။ သမိုင်းဝင်အထောက်အထားအနည်းငယ်သာ ကျန်ရှိတော့သည်ဟု ယုံကြည်ပါသည်။ထပ်မံဆုံးရူံးပျောက်ပျက်မည်ကို အလွန်စိုးရိမ်ပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ထုတ်ဝေသည့် အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း စာအုပ်သည်ဘက်မလိုက် ကြားနေစာအုပ်အဖြစ် မှတ်ယူပါသည်။ ထိုစာအုပ်အရ မိုဟာမက်ရှား အမည်ပါရခိုင်ဘုရင်ကိုတွေ့ ရပါသည်။ မိုဟာမက် ဟူသည့်အမည်သည် ကမ္ဘာက သိသည့်ကမ္ဘာကျော်အမည် ဖြစ်သည်။ ဒင်္ဂါများပေါ်တွင်လည်း ‘ အလ္လာအရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ခံထိုက်သူမရှိ၊ မိုဟာမက်သခင်သည် အလ္လာ၏တမန်တော်ဖြစ်သည်ဟု ၊ဖော်ပြကြောင်းသိရပါသည်။ အလားတူ အင်္ဂလန်နိုင်ငံပြတိုက်များတွင်လည်း ရခိုင်ပြည်၏သမိုင်းအထောက်အထား များစွာရှိကြောင်း တွေ့ ရပါသည်။ ထို့ ကြောင့် နိုင်ငံတကာအပါအ၀င် ကျန်ရှိနေသည့် သမိုင်းအထောက်အထား အကြွင်းအကျန်များ၊ ရှေးဟောင်းစာအုပ်များ စုဆောင်း၍ ထိန်းသိမ်းရန် လိုအပ်ပါသည်။ သို့ မှသာ ပဋိပက္ခဖြစ်ရသည့်မူလအကြောင်းခံများကို ဖယ်ရှားနိုင်မည်ဖြစ်သည်။
(၃) မမှန်သတင်းဖြန့် ခြင်း၊ ပုံကြီးချဲ့ ခြင်း
ပဋိပက္ခဖြစ်ရသည့်မူလအကြောင်းခံများတွင်၊ မမှန်သတင်းဖြန့် ခြင်း ပုံကြီးချဲ့ ခြင်းများလည်းပါဝင်ပါသည်။ DVB ဒီမိုကရက်တစ်မြန်မာ့သံနှင့် စာစောင်အချို့ က ရခိုင်အမျိုးသားများတင်ပြသည့်သတင်းကိုသာ အဓိကဖေါ်ပြကြပါသည်။ ပုံကြီးချဲ့ ကြပါသည်၊ လှုံ့ ဆော်ကြပါသည်၊ရိုဟင်ဂျာများဘက်မှ မဖော်ပြကြပါ၊ထိန်ချန်ကြပါသည်၊ဖြေရှင်းခွင့်လည်း မရကြပါ၊ ရိုဟင်ဂျာဒုက္ခသည်များ၏ အခြေအနေကိုမသိကြရပါ၊သွားရောက်ကူညီလိုသူများ အတွက်လည်း သွားရောက်ခွင့်မရှိပါ။ ထိုသို့ တစ်ဖက်သတ်ဖေါ်ပြခြင်းသည် ပဋိပက္ခကြီးထွားပြန်နှံ့ စေရန် လှုံ့ ဆော်သည့်သဘော သက်ရောက်ပါသည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားရပါသည်။
ကမန်အမျိုးသားများ သတ်ဖြတ်ခံရသလို အိမ်များမီးရှို့ ခံရပါသည်။သို့ သော် ကမန်အမျိုးသားများ၏သတင်း လုံးဝမကြားရပါ။ အားလုံးမျိုးပြုတ်သေကုန်ကြပြီလား။ ရန်ကုန်ရှိ ကမန်အမျိုးသားများ အကြီးအကျယ်ငိုကြွေး ပူဆွေးနေကြ ပါသည်။ အကူအညီပေးသည့် အဖွဲ့ အစည်းများကလည်း ၎င်းတို့ ထံသွားရောက်နိုင်ခြင်းမရှိ။ အကူအညီများလည်း မျှမျှတတရရှိပုံမရ၊ လူနည်းစုများ၏ အသံပျောက်နေပါသည်။ လူနည်းစုများကိုကာကွယ်ရန် အထူးအရေးကြီးပါသည်။ လူနည်းစုများ မျိုးပြုတ်မသွားအောင် ကာကွယ်ရပါမည်။ ကောင်းမွန်သည့်အစီအစဉ်များ ရှိရပါမည်။ သတင်းဋ္ဌာနများ ကလည်း ၎င်းတို့ ကိုမေ့နေပုံရသည်။ အကြီးအကျယ်ဘက်လိုက်မှုများရှိသည်။ ဖုံးကွယ်ခြင်း၊လိမ်လည်ခြင်း၊ ထိန်ချန်ခြင်း သည်အစဉ်အလာဆိုးဖြစ်သည့်အပြင် လူနည်းစုများကို ပို၍ထိခိုက်စေပါသည်။ အနာဂတ်တွင် ထိုသို့ မဖြစ်စေရန် အစဉ်လာ ဆိုးများကို ဖယ်ရှားရပါမည်။ဤအကြောင်းအချက်များသည် ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံလည်း ဖြစ်သည်။
(၄) နယ်များတွင် အသုဘချရန် လူငယ်များမရှိ
မြန်မာနိုင်ငံအနှံ့ နယ်များတွင် အသုဘချရန် လူငယ်များမရှိ၊ ဘယ်လူမျိုးသေသေ၊ ဘယ်ဘာသာ သေသေ အသုဘ ချရန် လူငယ်များမရှိ၊ အားလုံးနိုင်ငံခြားသွား၍ အလုပ်လုပ်နေကြသည်။ ဒီအသံကျယ်ကျယ်ပြန့် ပြန့် ကြားနေရပါသည်။ သို့ သော် ရခိုင်ဒေသတွင် ထိုသို့ မဟုတ်။ ရခိုင်လူငယ်များ နိုင်ငံခြားသွားအလုပ်လုပ်ကြသည်။ ရိုဟင်ဂျာလူငယ်များ နိုင်ငံခြားထွက်၍ အလုပ်လုပ်ခွင့်မရှိ၊ နိုင်ငံခြားထွက်ခွင့်မရှိ၊ ရွာပုန်းများအဖြစ်နေကြရပါသည်။ အခြားရွာများသို့ လည်း သွားခွင့်မရှိ၊ မြို့ တက်ခွင့်မရှိ၊ အကန့် အသတ်ဖြင့်သာ နေကြရပါသည်။ မိန်းမယူ၊ကလေးမွေး အလုပ်မှလွဲ၍ အခြားအလုပ် မရှိပါ။ ထို့ ကြောင့်လူဦးရေတိုးနှုန်းလည်း များလာရပါသည်။ ရိုဟင်ဂျာလူမျိုးများနှင့် ကမန်လူမျိုးများက မွေးဇာတိကို အခြားလူမျိုးများထက် ပို၍ပို၍ ချစ်နေရပါသည်။ ဇာတိချက်ကြွေ မွေးရပ်မြေသည်၊ သူတို့ ၏သင်္ချိုင်းမြေလည်းဖြစ်သည်။ ဘယ်မှပြောင်းမရ ရွေ့ မရ၊ ဤသည်ကား လက်တွေ့ ဖြစ်ရပ်မှန်၊ သရုပ်မှန်သာဖြစ်သည်။
ထို့ ကြောင့် ခိုးဝင်လာသူများ တရားမ၀င် ၀င်ရောက်လာသူများဟု မတရားစွပ်စွဲလာသည့်အခါ အသည်းနာအောင် ခံစားကြရပါသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အကျဉ်းထောင်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ၀င်ရောက်လာရန် အကြောင်းမရှိ၊ ယုတ္ထိမတန်။ ရိုဟင်ဂျာများ၏ ရွာများတွင် ၀င်လမ်းလည်းမရှိ၊ထွက်လမ်းလည်းမရှိ။ ပြည်တွင်းပြည်ပ ဧည့်သည်များလည်းမလာ၊ နိုင်ငံတကာသံတမန်များလည်း မရောက်၊ ပြည်တွင်းပြည်ပသတင်းဋ္ဌာနများလည်းမရောက်၊ ကယ်မဲ့သူ၊ကူမဲ့သူလည်း မရောက်ပါ။ ရိုဟင်ဂျာများအာလုံး ထားရာနေ စေရာသွားအဆင့်သာ ရှိပါသည်။
ရိုဟင်ဂျာများနှင့် ကမန်လူမျိုးများသည် နိုင်ငံသားမှတ်ပုံတင်များလည်း မရရှိကြပါ၊ အစိုးရအလုပ်အကိုင် များလည်း မရကြပါ။အခြားလူမျိုးများ နည်းတူ တန်းတူဆက်ဆံခြင်းများ မခံရပါ၊ အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုများကိုသာ ခံရပါသည်။ဖိနှိပ်မှုအမျိုးမျိုး ၊ပိတ်ဆို့ မှု အမျိုးမျိုးခံရသဖြင့်အစွန်းရောက်အခြားလူမျိုးများက အားရကြပါသည်။၎င်းတို့ ကပါ လူမျိုးရေး၊ဘာသာရေးခွဲခြားဆက်ဆံမှုများ ပြုလုပ်ပြီး ပဋိပက္ခအမျိုးမျိုးဖန်တီးလိုကြပါသည်။ ရန်စမှုအမျိုးမျိုး ကြုံကြ ရ ပါသည်။နိုင်ငံတကာလူ့ အခွင့်ရေးစောင့်ကြည့်သည့်အဖွဲ့ များကလည်း ဤအချက်များကိုထောက်ပြကြပါသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းများကလည်း ထောက်ပြကြသည်။ခံရသူများကလည်း နှစ်ရှည်လများ ခံနေရသဖြင့် ဘာသာရေးအရ ခွဲခြားဖိနှိပ်ချုပ်ချယ်သည်ဟု မှတ်ယူကြသည်။ အမေရိကန်အစိုးရ၏ ဘာသာရေးအရခွဲခြားဖိနှိပ်ချုပ်ချယ် မှုရှိကြောင်း နှစ်စဉ်ထုတ်ပြန်ကြေညာချက်များလည်း ရှိနေသည်။ကမ္ဘာ့ နိုင်ငံအစိုးရများ၊နိုင်ငံရေးပါတီများကလည်း ဤအတိုင်း ယုံကြည်ကြပါသည်။ဤသတင်းဆိုးကျော်ကြားမှုကြီးကို အချိန်မီဖယ်ရှားရန် လိုပါသည်။သို့ မဟုတ်ပါက ပဋိပက္ခဖြစ်ပေါ်ရန် လှုံ့ ဆော်ဘိသကဲ့သို့ ဖြစ်နေပါမည်။ဤအချက်သည် ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းရင်းခံတစ်ချက် လည်းဖြစ်ပါသည်။နိုင်ငံတော်အစိုးရ၏ ဥပဓိရုပ်ကို ဆိုးရွားစွာ ပျက်စီးစေပါသည်။
ထို့ ကြောင့် အခြားနယ်များတွင် အသုဘချရန် လူငယ်များမရှိသည့်အချိန်တွင် ရိုဟင်ဂျာနှင့်ကမန်လူငယ်များကို ဒေသအတွင်း အသုဘချရန် လှောင်ပိတ်ထားသကဲ့သို့ ဖြစ်နေပါသည်။ လူဦးရေတိုးပွားနေသည်ဟု မလှုံ့ ဆော်သင့်ပါ။ တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသည်ဟု မစွပ်စွဲသင့်ပါ။ယမ်းပုံမီးကျ မလှုံ့ ဆော်သင့်ပါ။ ကျွန်တော်များအနေဖြင့်အနာဂတ်တွင် မတူကွဲပြားခြားနားသူ အားလုံး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေနိုင်မည့် အခြေအနေမျိုးကိုသာ လိုလားပါသည်။ထိုအခြေအနေ မျိုးကို ထိခိုက်ပျက်စီးစေမည့် လှုံ့ ဆော်မှုမျိုးစုံကို ဖယ်ရှားရန် မေတ္တာရပ်ခံလိုပါသည်။ပဋိပက္ခတွင် ပါဝင်သူအသီးသီး ကလည်း ရှောင်ရှားရန်လိုပါသည်။အစိုးရကလည်း တရားဥပဒေနှင့်အညီ တားဆီးသင့်ပါသည်။စုံစမ်းစစ်ဆေးရေးကော်မရှင် ကလည်း ဤအချက်ကို ပဋိပက္ခဖြစ်စေသည့် မူလအကြောင်းခံ တစ်ရပ်အဖြစ် မှတ်ယူသင့်ကြောင်း အကြံပြုလိုပါသည်။
(၅)အမိန့် မရလျှင် ရေတောင်မသောက်ရ
ရိုဟင်ဂျာလူမျိုများ၊ကမန်လူမျိုးများသည် အမိန့် မရလျှင် လက်မထပ်ကြရ၊ အမိန့် မရလျှင် ကလေးမမွေးရ၊ခရီးမထွက်ရ၊ အမိန့် မရလျှင် ဆေးရုံမတက်ရ၊ ဘုရားဝတ်မပြုရ၊ စာမသင်ရ၊ စာသင်ကျောင်းမဖွင့်ရ၊ အမိန့် မရလျှင် အိမ်မဆောက်ရ၊ အိမ်ယာမရွေ့ ရ၊ အမိန့် မရလျှင် အိမ်ထောင်ကျသားသမီးများ အိမ်ခွဲမနေရ၊ သန်းခေါင်စာရင်းမခွဲရ၊ အမိန့် မရလျှင် ၀တ်ပြုကျောင်းမဆောက်ရ၊ စသည်စသည်ဖြင့် ကန့် သတ်မှု၊ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးခံရပါသည်။ ယုတ်စွအဆုံး အမိန့် မရလျှင် ရေတောင်မသောက်ရဟုဆိုရပါမည်။ ရိုဟင်ဂျာများ အားလုံး အကြောက်တရားအောက်တွင် ကြီးပြင်း ခဲ့ရပါသည်။လူမြင်တိုင်း ကြောက်လန့် ၍ပြေးပုန်းနေကြရပါသည်။ အထူးသဖြင့် ယူနီဖောင်းဝတ်လာသူများကိုမြင်လျှင် တစ်ရွာလုံး ကလေး၊လူကြီးမကျန် ပြေးပုန်းနေရပါသည်။ကြာလျှင်အခြေအနေ အလွန်ဆိုးရွားနိုင်ပါသည်။သံသယအကျိုး ကို ဆိုးရွားစွာ ခံစားနေကြရသည်။ ဤအကြောင်းတရားများသည် ပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံများသာဖြစ်သည်။
အစိုးရ၀န်ထမ်းဟောင်းများ၊ပင်စင်စားများ၏သားသမီးများပင် အလုပ်မရကြပါ။အစိုးရအလုပ် လုံးဝမရ၊ ခွဲခြားဆက်ဆံ ခံကြရပါသည်။ ရိုဟင်ဂျာများ၏လက်ရှိ၊ လက်တွေ့ အခြေအနေများကို ပြည်မမှပြည်သူများ၊အခြားပြည်နယ်များမှ ပြည်သူများ မသိရှိကြပါ။ သတင်းဋ္ဌာနများ၊ စာစောင်များကလည်း ရေးသားတင်ပြခြင်းမရှိကြပါ။ သို့ သော် နိုင်ငံတကာ သတင်းဋ္ဌာနများ၊ အဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့ အစည်းများက အချို့ အခြေအနေများကို သိကြပါသည်။အလားတူ မြန်မာနိုင်ငံပြည်သူများကလည်း အခြေအနေအရပ်ရပ်ကို အမှန်တိုင်းသိရန်လိုအပ်ပါသည်။ ပွင့်လင်းသောလူ့ အဖွဲ့ အစည်း ဖြစ်လာရန် လိုအပ်ပါသည်။ ပွင့်လင်းသောလူ့ အဖွဲ့ အစည်း ဖြစ်လာအောင် အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြရပါမည်။ သို့ မှသာ ၀ါဒဖြန့် သူများ အစွန်းရောက်သူများ၏နယ်ပယ် ကျဉ်းမြောင်းသထက်ကျဉ်းမြောင်း သွားပါမည်။အမျိုးသားရေး ကို တရားဥပဒေ၏အထက်တွင် နေရာမပေးသင့်ပါ။တစ်ချို့ က မြန်မာနိုင်ငံ၏ထူးခြားသည့်အခြေအနေကိုကောင်းကောင်း မသိဟု ပြောဆိုကြသည်၊အထင်သေးကြသည်၊ နိုင်ငံတကာက မြန်မာနိုင်ငံအကြောင်းကိုကောင်းကောင်းသိသည်ဟု ကျွန်တော်ယုံကြည်ပါသည်။ယနေ့ ကမ္ဘာကြီးသည်ကျဉ်းမြောင်းလာပါသည်။သတင်းခေတ်သို့ ရောက်နေပါသည်။ ဘယ်သူ့  ကိုမျှ လျှော့မတွက်သင့်ပါ၊ပြည်တွင်းတွင်သာ ဖုံးကွယ်၍ရမည်၊လိမ်လည်၍ရမည်၊ကမ္ဘာကြီးကိုတော့ ဘာမှမသိဟုဆိုပြီး လိမ်၍မရနိုင်ပါ။ပွင့်လင်းသောလူအဖွဲ့ အစည်းကို ထူထောင်နိုင်မှသာလျှင် အနာဂတ်ပဋိပက္ခများကိုရှောင်လွဲနိုင်မည်ဟု ယုံကြည်ပါသည်။ပွင့်လင်းသောလူ့ အဖွဲ့ အစည်း မရှိခြင်းကပဋိပက္ခဖြစ်ရသည့် မူလအကြောင်းခံတစ်ရပ်ဟု သုံးသပ် လိုပါသည်။
ပွင့်လင်းသောလူ့ အဖွဲ့ အစည်းမဟုတ်သည့်အတွက်၊လူမျိုးရေးတစ္ဆေဘာသာရေးတစ္ဆေများ၏ ခြိမ်းခြောက်မှုကို ခံနေရသူများစွာရှိသည်၊ လှုံ့ ဆော်မှုအမျိုးမျိုးလည်းရှိသည်၊ ထိုသူများသည် ကိုယ့်မျက်ဝတ်ကို ကိုယ်မမြင်အခြားသူများ၏ မျက်ဝတ်ကိုသာ မြင်ကြသည်။ပွင့်လင်းသောလူ့ အဖွဲ့ အစည်းကို ထူထောင်နိုင်မှသာလျှင်အနာဂတ်ပဋိပက္ခများကို ရှောင် လွဲနိုင်မည်။တရားလမ်းမှန်အပေါ် လျှောက်လှမ်းနိုင်ရန်အတွက်အလင်းရောင် တည်းဟူသောပွင့်လင်းမှု့ လိုအပ်ပါသည်။ သို့ မှသာ တရားလမ်းမှန်ကိုလည်း သိမြင်ကြရမည်။ပြည်သူများ လမ်းမမြင်ကမ်းမမြင် သွားနေရသည့်အဖြစ်မှကျွတ်မည်၊ ငြိမ်းချမ်းသာယာသော လူ့ အစုအဝေးကိုလည်း တည်ဆောက်နိုင်မည်။ အနာဂတ်ပဋိပက္ခများ မပေါ်ရန် ကြိုတင်ကာကွယ် ရာလည်းရောက်မည်။
(၆) ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို ဖောက်ဖျက်ကျူးလွန်သူ ဘယ်သူလဲ
၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေသည် မတရားသောဥပဒေဖြစ်သည်။ သို့ သော်လည်း ထိုမတရားသောဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရှိသူများ၊ နိုင်ငံသားလက်မှတ်လျှောက်ထားလာသည့်အခါတွင်လည်း ထပ်ဆင့်၍ မတရားဆက်ဆံ ခံကြရပါသည်။ ပြည်သူအမြောက်အများ ၊ နိုင်ငံသားစိစစ်ရေးကဒ် မရကြပါ။ အစ္စလာမ်ဘာသာဝင်အားလုံးနီးနီး၊ နိုင်ငံသား စိစစ်ရေးကဒ်ရရှိရန်၊ အခက်ခဲမျိုးစုံကြုံကြရပါသည်။အချိန်စွဲခံကြရသည်၊ ခွဲခြားဆက်ဆံခံကြရပါသည်။ လ၀ကအရာရှိကြီးများသည် ကျွန်တော်တို့ ၏ အရှင်သခင်များဖြစ်ကြပါသည်။ ၎င်းတို့ ကို အရှင်သခင်အဖြစ် ဆက်ဆံကြရပါသည်။ သူတို့ သနားမှ ကျွန်တော်များ မှတ်ပုံတင်ရကြပါသည်။ သို့ မဟုတ်ပါက ၁၉၉၀ခုနှစ်ဘူးသီးတောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း ကဲ့သို့ ထောင်နှစ်ရှည်ကျခံရနိုင်ပြီး မိသားစုတစ်ခုလုံး ဘ၀ပျက်သွားနိုင် ပါသည်။စိစစ်ဆေးရေးကဒ်ပြားလျှောက်ထားသူများကို အချိန်မီထုတ်မပေးဘဲ အချိန်ဆွဲထားခြင်းသည်၊ ဥပဒေချိုးဖောက်ခြင်း သာဖြစ်သည်။ ပါးစပ်ဟထားခြင်းလည်း ဖြစ်သည်ဟု သုံးသပ်၍ ရသည်။ ဥပဒေချိုးဖောက်သူ ဘယ်သူလဲ သုံးသပ်၍လည်း ရသည်။
ရိုဟင်ဂျာလူမျိုးများနှင့်ကမန်လူမျိုးများ သည်လည်း အမျိုးသားမှတ်ပုံတင်များ မရရှိကြပါ။ သိက္ခာမဲ့သောအဖြူရောင် စက္ကူများသာ ရရှိကြသည်။ အဖြူရောင်စက္ကူသည် ခွဲခြားဆက်ဆံမှု၏ သက်သေခံတစ်ရပ်သာဖြစ်သည်။ ဖိနှိပ်မှု၏သင်္ကေတ လည်းဖြစ်သည်။ပဋိပက္ခ ဖြစ်ရန်အကြောင်းခံတစ်ရပ်လည်းဖြစ်သည်။လှုံ့ ဆော်မှု တရပ်လည်း ဖြစ်သည်။ထို့ ကြောင့် အနာဂတ်ပဋိပက္ခကို ရှောင်ရှားရန်အတွက် တရားဥပဒေနှင့်အညီ၊ ရိုဟင်ဂျာနှင့်ကမန်များကို အမြန်ဆုံး (ချက်ချင်း) နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးရန်လိုအပ်ပါသည်။နယ်ခြားဒေသဖြစ်၍ နိုင်ငံသားစိစစ်ရေးကဒ်ပြား အမြန်ဆုံး ထုတ်ပေးရန် အရေကြီးပါသည်။ မလိုလားအပ်သည့်သံသယများ ဖယ်ရှားရန်အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားသည် မရှိ မဖြစ် လိုအပ်ပါသည်။ အစိုးရကနိုင်ငံမဲ့များအဖြစ် ပြုမူဆက်ဆံမှုများ ရှောင်သင့်သည်။တရားဥပဒေကို လေးစားသင့်သည်။ ခေါင်ကမိုးမလုံ မဖြစ်သင့်ပါ၊ ပြည်သူများအကြား သံသယပွားအောင် မလှုံ့ ဆော်သင့်ပါ။ အကယ်၍ ဥပဒေနှင့်အညီ မှတ်ပုံတင်ရထိုက်သူများ၊ မရရှိဘဲအချိန်စွဲနေလျှင် ပဋိပက္ခများကို ဖိတ်ခေါ်ရာကျမည်။ ဤအချက်သည် ယခုဖြစ်ပွားခဲ့ ရသည့် ပဋိပက္ခ၏ မူလအကြောင်းခံတစ်ရပ်လည်း ဖြစ်သည်။

ဘကြီးသက်
Unknown at 12:19 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

Facebook မှာ ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ


မြန်မာပြည်ကတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook user တော်တော်များများ သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။ 
အချို့  က ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ၊ ဘယ်နှစ်ယောက် က ဝင်ကြည့်သလဲဆိုတာကို သိအောင် Facebook မှာ ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အမှန်တော့ လုံးဝမရပါဘူး။ Facebook ရဲ့  Privacy Policy အရ ဘယ်သူကမှ ကိုယ့် Profile ကိုယ်ဘယ်သူဝင်ကြည့်တယ်ဆိုတာ သိခွင့်မပေးပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ Facebook မှာ အကြောင်းပြချက် သီးသန့်ရှိနေပါတယ်။ Facebook တင်မကပဲ အခြား Social Network တော်တော်များများလည်း ဒီ Option ကို ပေးမထားပါဘူး။ User interface သာ အဲလောက်ထိ ပေးလိုက်ရင် Facebook မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် Facebook ပေါ်မှာ ကိုယ့် Profile, Wall ကို ဘယ်သူတွေ ဝင်ကြည့်သလဲဆိုတဲ့ Application များဟာ အလိမ်အညာနဲ့ အပျော် အပျက် နှစ်မျိုးသာ ဖြစ်ပါတယ်။ အပျော်အပျက်ကတော့ Application အသုံးပြုသူကို ဖျော်ဖြေတဲ့သဘောဆန်ပြီး အခြား App တွေလိုပါပဲ။ ဥပမာ- Wow!!! Dear …, 103456 viewed your profile ဆိုပြီး ပုံလေးနဲ့တွဲ ထားတာမျိုးဖြစ်ပါတယ်။ အောက်မှာ Just for fun ဆိုပြီးတော့ ပါတတ်ပါတယ်။

အလိမ်အညာဆိုတာကတော့ ဟက်ကာများ ဖြစ်ပါတယ်။ ယင်း App ကို Install လုပ်မိရင် နောက်ဆက်တွဲက အဆိုးဘက်ကိုသာ ဦးတည်ပါတယ်။ အဆိုးဆုံးကတော့ မိမိ Password ကို သိသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကောင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ အချို့ ကျတော့ Pasword မယူပေမယ့် အကောင့်ထဲကို Spam တွေအပြည့် ထည့်သွားပါတယ်။

ကိုယ်လည်းဘာမှမလုပ်ရပဲနဲ့ News Feed တွေတစ်ခုပြီးတစ်ခု ဆက်တိုက် တက်ပါမယ်။ တက်မယ့် Status တွေကလည်း wow! This app actually work! Now I know who viewed my profile, you can also try ဘာညာနဲ့ လခ့်တွေတောင် ပေးလိုက်ပါသေးတယ်။ ဒါကို မသိတဲ့ အစ်ကိုအမများက အဲလိုလားဆိုပြီး Click တွေ ဇွတ်နှိပ်ပါတော့တယ်။ ဒီလိုနဲ့ တစ်ယောက်မွေးတဲ့မီးက Facebook အသိုက်အဝန်းတစ်ခုလုံး ကို နေ့ချင်း ညချင်း ပျံလွင့်သွားစေပါတယ်။ ဒီမှာ ဗျာများပြီး ဘာလုပ်ရမှန်းမသိတော့ Feed တွေတစ်ခုပြီးတစ်ခု လိုက်ဖြတ်ရပါတယ်။ အဲလို ဖြတ်လေလေ ထပ်တပ်လာလေလေမျိုးလည်း ဖြစ်တတ်ကြပါတယ်။

သိတဲ့သူများကတော့ ဒါမျိုးတွေ ရှောင်ကြဉ်ကြပါတယ်။ တစ်ခါခါ အဲဒီလို Page ကို အချို့  စီးပွားရေး လုပ်ငန်းရှင်နဲ့ Product Page များက အသုံးပြု တတ်ပါတယ်။ သူတို့က အဲလိုလုပ်ပေးတဲ့ Developer တွေကို ဆပွန်ဆာပေးပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ ဘယ်သူ သင့် Profile ကြည့် သလဲဆိုတာတွေကို click နှိပ်မိလိုက်ရုံနဲ့ သူတို့ Fan Page ကို အလိုလို Like လုပ်ပြီးသား ဖြစ်အောင်ထားတဲ့ Option မျိုးဖြစ်ပါတယ်။ အချို့ကျတော့ အကောင့်ခိုးချင်တဲ့၊ ပျက်ဆီးစေချင်တဲ့ သဘောနဲ့လုပ်ကြပါတယ်။ ဒီ App တင်မကပဲ အခြားသော ဆိုးဆိုးရွားရွား Application များလည်း Facebook မှာ သိန်း၊သန်းမက ရှိနေတယ်လို့ သိရပါတယ်။

သို့ပေမယ့် ဘယ်လိုပဲလုပ်လုပ် သိထားတဲ့သူများအတွက် ကတော့ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ပဲ သတိချော်လို့ Click မိပြီဆိုရင်တော့ ထုံးစံအတိုင်း - Account Setting > App> ကိုဝင်ပြီး ကိုယ်မသုံးတဲ့ App တွေ၊ အတုအယောင် App တွေအားလုံး Remove လုပ်ပေးရုံဖြင့် မူလအခြေအနေကို ပြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။
----
အောင်ခမ်း
ဘကြီးသက်
Unknown at 12:17 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆေးမသောက်တဲ့ လူနာနဲ့ စကားပြောခြင်း

 
ဆရာဝန်နဲ့လူနာကြားက သင်ခန်းစာများ(၂)
အသည်းအထူးကု ပေးထားတဲ့ Rivabrin ဆေးကို အကုန်မသောက်ဘဲ လျှော့သောက်တာကို မိသားစုဝင်တွေက ဆေးကျန်တွေ လူနာဝှက်ထားတာကို တွေ့မှ သိကြတယ်။ စီပိုးရှိ အဲ့ဒီလူနာက တွန်းလှည်းနဲ့ သွားနေရသူပါ။ ဒီနေရာမှာ "ခင်ဗျားသောက်ကိုသောက်ရမယ်" လို့ ကျနော် သွားကြိမ်းမောင်းလို့ ရပါတယ်။ တကယ်တော့ ဒီလိုမျိုး ငယ်ငယ်က လုပ်လေ့ရှိတာပါ။ "ခင်ဗျားက ဘာသိလို့လဲ၊ ဆရာဝန်တွေက သိလို့ တတ်လို့ ဆေးတွေပေးတာကိုး၊ ခင်ဗျားသေသွားချင်လို့လား" စသည်ဖြင့် မိုးကိုမွှန်သွားမှာပဲ။
ကျနော်သွားတွေ့ပါတယ်။ သွားမတွေ့ခင်မှာ လူနာအပေါ် မေတ္တာစိတ်မွေးနိုင်ဖို့ ကြိုးစားရပါတယ်။ "အော် သူ့ခဗျာ မသိနားမလည်လို့ လုပ်ရှာတာပဲလေ" လို့ တွေးရပါတယ်။
နားမလည်သူကို မြင့်မြတ်ရင့်ကျက်တဲ့လူတစ်ယောက်ရဲ့ ရှုဒေါင့်ကနေ ကြည့်မြင်ဖို့ အရေးကြီးပါတယ်။ သားသမီးကို မိဘက အမြဲ အပြစ်မမြင်သလိုမျိုးပေါ့ဗျာ။
"လူနာတွေက ရှည်ကို ရှည်တယ်။ သူတို့ကိုယ်သူတို့ လူတတ်ကြီး လုပ်ကြတယ်"    ဆိုတဲ့ဖက်က တွေးလိုက်ရင်တော့ လူနာအပေါ် ဒေါသထွက်လာမှာပါ။ မေတ္တာစိတ်မွေးတယ်ဆိုတာ တကယ်တော့ မလွယ်လှပေမဲ့ ကြိုးစားယင်း အကျင့်ရလာ ပါရမီရင့်သန်လာမှာပါ။ ဘုရားဖြစ်ဖို့ လေးအသင်္ချေကမ္ဘာတစ်သိန်း အကျင့်ကောင်းတွေ ကျင့်သလောက် မခက်ပါဘူး။
ကျနော်။ - ။ ခင်ဗျား Rivabrin တွေကို လျှော့လျှော့သောက်နေတယ်ဆို။ ဘာလို့လျှော့သောက်တာတုန်းဗျ။
လူနာ။ - ။ ဆရာ - အဲဒါတွေက သောက်ရင် နုံးတယ်ဆရာ။
ကျနော်။ - ။ အသည်းရောင်ရောဂါကိုယ်၌က နုံး တတ်တာမျိုးဗျ။ ဆေးကြောင့်နုံးတယ်ဆိုတာ ခင်ဗျားဖက်က သေချာရဲ့လား။
(ခင်ဗျားက ဘာသိလို့ ဆေးကြောင့်နုံးတယ်လို့ ပြောရတာတုန်း၊ ခင်ဗျားက ဆေးကျောင်းတက်ထားလို့လား - လို့ မေးခဲ့ဖူးတာပါ။ ဒီလို ထိပ်တိုက်ရင်ဆိုင် Confrontation လုပ်ရင် လူနာနဲ့ ဆရာဝန်ဆက်ဆံရေး ပျက်ပါပြီ။)
သူတွေသွားတာကို ကြည့်ရင်း ခဏစောင့်ရပါတယ်။ သူအာရုံပြန်စိုက်လာတော့ ဆက်ရပါတယ်။
လူနာ။ - ။ ၂၄လုံး ခြောက်လပြည့်တော့ ပြန်စစ်တော့ ပိုးမရှိတော့ဖူးလေ။ လျှော့သောက်တော့ သွေးနီဥအားနည်းတာ သက်သာမှာပေါ့။
ကျနော်။ - ။ ဒါဆို ဆရာကြီးက ဘာလို့ လျှော့မပေးဘဲ အများကြီးတိုက်တယ်လို့ ခင်ဗျားထင်သလဲ။ 
(မျက်လုံးကို မျက်တောင်မခတ် တည့်တည့်စိုက်ကြည့်ပြီး မေးရပါတယ်)
လူနာ။ - ။ ပေးဖို့ လိုအပ်လို့ နေမှပေါ့။
ကျနော်။ - ။ ဟုတ်တယ်။ ခင်ဗျားရဲ့ ကိုယ်အလေးချိန် ပိုးအမျိုးအစားအရ သူ့ပညာနဲ့ ဆုံးဖြတ်ပြီး ဆေးကို ပေးထားတာ။ အခုလို လျှော့သောက်နေတော့ ခင်ဗျားမှာ ဘာဆိုးကျိုးတွေ ဆက်ဖြစ်နိုင်သလဲ။
(ထုံးစံအတိုင်း စူးစူးစိုက်စိုက် ကြည့်ပြီး မေးရတာမျိုးပါ။)
လူနာ။ - ။ ရောဂါမပျောက်ဘဲ ဖြစ်နိုင်တယ်ဆရာ။
ကျနော်။ - ။ အပြည့်သောက်ရင် နုံးတယ်၊ သွေးအားနည်းတယ်၊ လို့ ခင်ဗျားက ပြောတယ်။ နုံးတာက စီပိုးကုတဲ့ ကာလ ၁ နှစ်ပဲ မဟုတ်ဘူးလား။ တစ်နှစ်ပြည့်လို့  ဆေးရပ်ရင် ပြန်မသက်သာဘူးလား။ သွေးအားနည်းတာလည်း Hemapo သွေးအားတိုးဆေးတွေ ထိုးရင်ပြန်တက်တာလာတာပဲဟာ။
(သူစဉ်းစားနေတာကို စောင့်ဖို့ စက္ကန့်ပိုင်းလောက် စောင့်ပါတယ်။)
ကျနော်။ - ။  ဆေးလျှော့သောက်လို့ ရောဂါမပျောက်တာရယ်။ ဆေးအပြည့်သောက်လို့ တစ်နှစ်လောက် နုံးတာ၊ သွေးအားနည်းတာရယ်  ၂ လမ်းရှိတယ်။ ခင်ဗျား ဘယ်ဟာကို ရွေးချင်သလဲ။
(သူစဉ်းစားနေပြီးမှ)
လူနာ။ - ။ကျနော် ဆေးအပြည့်သောက်ပါတော့မယ်ဆရာ။
လူနာဇနီးက ဆရာ့ကို ကျေးဇူးအရမ်းတင်ပါတယ်တဲ့။ ကျနော်နားလည်တဲ့ ကျင့်သုံးတဲ့ Counseling ဆိုတာ ဒါမျိုး။

ဘကြီးသက်
Unknown at 12:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည် တွင်း စစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များပါ နောက်ဆက် တွဲဘတ်ဂျက် တောင်းခံနိုင်


From : ရန်ကုန်တိုင်းမ်း

ရခိုင်ပဋိပက္ခနှင့်ကချင်ပြည် နယ်ပြည်တွင်းစစ်ကိစ္စများအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးရေး စရိတ်များပါ နောက်ဆက်တွဲ ဘတ်ဂျက်တောင်းခံ မှု ပြည်ထောင်စု အစိုးရအဖွဲ့မှနောက်ဆက် တွဲဘတ်ဂျက်တွင
် တင်ပြလာမည်ဖြစ်ကြောင်း မကြာမီရက်ပိုင်း တွင်ဆွေး နွေးမည်ဖြစ် ကြောင်း ပြည်သူ့ ငွေ စာရင်းပူး ပေါင်းကော် မတီအဖွဲ့ဝင်ပြည်သူ့လွှတ် တော်ကိုယ်စား လှယ်ဦးမန်းမောင်မောင် ဉာဏ်ထံမှ သိရ သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီက ပြည်ထောင်စုအစိုးရမှတင် သွင်းမည့် ၂၀၁၂-၂၀၁၃ခုနှစ်နောက် ဆက်တွဲ ဘတ်ဂျက် များ လေ့လာစိစစ်ရန် အ တွက်အောက်တိုဘာ(၉)ရက်နှင့်(၁၀) ရက်နေ့များတွင် နေပြည်တော်ရှိ ကော်မတီရုံးခန်းတွင်အစည်းအဝေးပြုလုပ်ပြီးလေ့ လာစိစစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

''အခုလုပ်မယ့် ပူးပေါင်းကော်မတီ အစည်းအဝေးက ပြည်ထောင်စုအ စိုးရကတင်လာမယ့် နောက် ဆက်တွဲ ဘတ် ဂျက်ကိုဆွေးနွေးကြ မှာဖြစ်တယ်။ရခိုင်နဲ့ ကချင်ပြည်နယ်တွေအနေနဲ့ မမျှော်လင့်တဲ့ ကိစ္စတွေဖြစ်ပွား တဲ့ အခါမှာ နောက်ဆက် တွဲဘက်ဂျက်တွေကလိုမှာပဲ။ ဒီပြည်နယ် တွေကတော့ အဓိကခွင့်ပြုပေး ရမယ့် ဘတ် ဂျက်တွေပါ။ကချင်လိုစစ်ပြေးဒုက္ခသည် တွေရှိမယ်၊ရခိုင်လို ဒုက္ခသည်တွေ အတွက် နေ့စဉ်စောင့်ရှောက်မှုစရိတ်တွေက ဘယ် ဝန်ကြီးဌာနမှာမှ အပိုမရှိနိုင်ဘူး။ဒါတွေက နောက် ဆက်တွဲ ဘတ်ဂျက်တွေမှာတက်လာ နိုင်တဲ့ဟာတွေပေါ့။နောက်တစ်ခုတက် လာနိုင်တာက ငြိမ်းချမ်းရေး ကိစ္စ၊ငြိမ်းချမ်း ရေးအဖွဲ့ကလိုက်တာဆွေးနွေးနေတာ သူ့မှာဘတ်ဂျက်မရှိဘူး။ ဒါတွေတက် လာ နိုင်တယ်။''ဟုပြည်သူ့ငွေ စာရင်းပူး ပေါင်းကော်မတီ အဖွဲ့ဝင်ပြည်သူ့လွှတ် တော်ကိုယ်စား လှယ် ဦးမန်းမောင်မောင် ဉာဏ်ကဆိုသည်။

ပြည်နယ်တိုင်းအသီးသီးက တင်မှတင်ပြလာသည့်နောက်ဆက်တွဲဘက် ဂျက်များကိုစိစစ်ရမည့်အပြင် ပြည်ထောင် စုအစိုးရမှတင်ပြလာမည့် ဘတ်ဂျက်များ လည်းကို ယခုပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီအစည်း အဝေးတွင် လေ့လာစိ စစ်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ခုနှစ်အရ အသုံးဆိုင်ရာ ငွေစာရင်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးရာတွင်ဆွေးနွေးမည့်ကိုယ် စား လှယ်များ ပြားသည့် အတွက် အချိန်ကြာ မြင့်လာခြင်းကြောင့် ပြည်ထောင်စု နာယ ကမှပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မ တီသို့ဘတ်ဂျက်ဆိုင်တိုမြင့်တောင်းခံမှုများ ကိုဖျက်တောက်ရန် အထူး သဖြင့်မှာကြားခဲ့ ပြီး ထိုသို့မှာကြားခြင်းမှာ ဝန်ကြီးဌာန အချို့တွင် ယခုနှစ်အတွင်း ဆောင်ရွက် ရမည့် စီမံကိန်းထက် နှစ်ရှည်စီမံကိန်းများ ကိုတောင်းခံထားသည့်အတွက်ထိုကဲ့သို့ငွေ များကို ဖျက်တောက် ခဲ့ကြောင်း၊သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဘတ်ဂျက်များမှာ ပထမအရအသုံးဆိုင်ရာ လျာထားချက်ခွင့်ပြုချက်ထက် (၆)လအ ပြီးတွင် နောက်ဆက်တွဲထပ်တိုး ဘတ်ဂျက် များတောင်းခံလာရသည့် အတွက် နိုင်ငံ တော်၏ ဝင်ငွေနှင့်ထွက်ငွေမညီ မျှမှုများ ရှိကြောင်း၊ထို့ကြောင့် နိုင်ငံတကာမှချေး ငွေများရယူနေရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဝင်ငွေအဖြစ်ရရှိနိုင်မည့်ကဏ္ဍာ များတွင် စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်ပြီး လိုက်နာကြရန်လိုအပ် ကြောင်းဆိုသည်။

''အခွန်ကရရှိမှု ရေးချိုးက တော်တော်နည်းတယ်။ အခွန်က လည်း တော်တော်များများက တိမ်းရှောင်ကြ တယ်။အခွန်ရတာ ကတော့ လယ်သမား တွေပဲရှိတယ်။ သူတို့ကရှောင်လို့လဲမရဘူး။ တကယ်တန်း တော့ သူတို့လယ်တွေမ အောင်မြင်ပေမယ့်လည်း အခွန်တော့ ဆောင်ကြတာပဲ။ အခွန်မဆောင်တာ က တော့ စီးပွားရေးသမားတွေပဲ''ဟုဆိုသည်။
  Myanmar Express

ဘကြီးသက်
Unknown at 12:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း


ရန်ကုန်မြို့အခြေစိုက် တက္ကသိုလ်ကျောင်းကြီး တစ်ကျောင်းကနေ ပါမောက္ခဘ၀ဖြင့် အငြိမ်းစားယူသွားပြီးဖြစ်သူ ဆရာတစ်ယောက်နှင့် ကျွန်တော်တို့ မကြာခဏဆိုသလို စကားစမြည်ပြောဖြစ်ပါသည်။ ထိုစကားစမြည်တွင်ကား ဆရာက “တိုက်စစ်” အကြောင်းပြောကာ ရယ်ပွဲဖွဲ့ပါသည်။

“တိုက်စစ်”တဲ့။ တက္ကသိုလ်ကျောင်းထဲက တိုက်စစ်။ ဤတွင် ပညာရေးလောကနှင့်တိုက်စစ် ဘာဆိုင်လို့တုံးဟု ဆန္ဒစောသူတို့က မေးနိုင်ပါသည်။ ရေလည်အောင် ရှင်းပြပါရစေဦး။

စစ်ရေးလောက၌ တိုက်စစ်၊ ထိုးစစ်၊ ခံစစ်၊ ပြောက်ကျားစစ် စသည်စသည်ဖြင့် သေနင်္ဂဗျူဟာ အမျိုးမျိုးရှိသည်ကို အများအသိ ဖြစ်ပါသည်။ ယခုက တက္ကသိုလ်ကျောင်းပရိဝုဏ်ထဲက “တိုက်စစ်”။

ထိုဆရာတို့၏ ဘာသာရပ်က အင်္ဂလိပ်ဘာသာဖြင့် သင်ယူကာ အင်္ဂလိပ်ဘာသာဖြင့်ပင် ပြန်လည်ဖြေဆိုရသည့် ဘာသာရပ်ဖြစ်ပါသည်။ သို့ဖြင့် တစ်နေ့စာ မေး-အဖြေလွှာများ စစ်ဆေးအပြီး အမှတ်များ ထည့်သွင်းကြစဉ် သံသယဖြစ်ဖွယ် ခုံနံပါတ်တစ်ခုကို သွားတွေ့လိုက်ကြရသည်ဟု ဆိုပါသည်။ ထိုခုံနံပါတ်ရှင်က ဘာသာရပ်တိုင်းလိုလိုတွင် အမှတ်ကောင်းကောင်း မြင့်မြင့်တွေ ရထားပြီး တစ်ခုတည်းသော ဘာသာ၌ အလွန်ညံ့ဖျင်း စုတ်ပြတ်သည့် အမှတ်ကိုသာ ရထားသည်ဟု ဆိုပါသည်။

ဤတွင် ဆရာ၊ ဆရာမကြီးအချို့တို့ သံသယဖြစ်ကာ ထိုညံ့ဖျင်းစုတ်ပြတ်သည့် အဖြေလွှာကို ထုတ်ကြည့်ရာ ခေါင်းနားပန်းကြီးသွားကြရသည်ဟု ဆိုပါသည်။

အကြောင်းမှာ အလွန်တရာ အဆင့်အတန်းမြင့်သည့် အင်္ဂလိပ်စာအရေးအသားဖြင့် ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် ဖြေဆိုထားကြောင်း တွေ့လိုက်ရသောကြောင့်ဟု ဆိုပါသည်။ သို့ဖြင့် ထိုအဖြေလွှာ စစ်ဆေးသည့် နည်းပြဆရာမကို ခေါ်ရပါသည်။ ဘယ်လိုစစ်ဆေးသလဲ မေးရပါသည်။ ဆရာမကလည်း ရိုးရိုးသားသားပဲ ဖြစ်ပါသည်။ မည်သည့်ပယောဂ တစ်စုံတစ်ရာမှ မရှိပါ။

သူက ပို့ချချက်စာအုပ်ကို လက်ကိုင်ထားသော ဆရာမကလေးဖြစ်ပါသည်။ ပို့ချချက်ထဲက ၀ါကျတွေ၊ စာပိုဒ်တွေကို သူအကုန်မှတ်မိသည်။ ယခုအဖြေလွှာထဲက ၀ါကျတွေ၊ စာပိုဒ်တွေကို သူတစ်ခါမှမတွေ့ဖူး။ သို့ဖြင့် ပို့ချချက်စာအုပ်ကြီးကို ရှေ့တွင်ချကာ တိုက်ကြည့်သည်။ မတူ။ လုံးဝမတူ။ သို့ဖြင့် အမှတ်ကို တော်စွလျော်စွပေးကာ ချထားလိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ဆရာကြီး၊ ဆရာမကြီးတို့ ရယ်လည်းရယ်၊ မောလည်းမော၊ ထိုဆရာမကလေးကိုလည်း သွန်သင်ဆုံးမကာ ပြန်လည်ပြင်ဆင် စစ်ဆေးပေးခဲ့ကြရကြောင်း ဇာတ်လမ်းပင်ဖြစ်ပါသည်။

“နောက်မှသိရတာက အဲဒီစာဖြေသူက မိဘတွေအလုပ်တာဝန်ကြောင့် ပြည်ပမှာ တော်တော်ကြာကြာ နေခဲ့ဖူးတဲ့သူတဲ့ ...
အင်္ဂလိပ်စာအရေးအသား သိပ်ကောင်းတာ၊ ကျုပ်တို့ဆရာမက ပို့ချချက်စာအုပ်နဲ့တိုက်ပြီး စစ်တာ... မတူတော့ မှားတယ်ထင်တာ။ အဲဒီမှာ ရယ်ရင်းမောရင်း ဆုံးမရတာ နောင်တိုက်မစစ်နဲ့ တိုက်စစ်က အန္တရာယ်များတယ်လို့”

ပါမောက္ခဟောင်းကြီး တ၀ါးဝါးရယ်နေသည်ကိုကြည့်ကာ ကျွန်တော်လည်း သူ့နောက်က လိုက်ရယ်နေမိပါသည်။ စာအုပ်ကြီးထဲကနဲ့ တူ၊ မတူကို တိုက်ပြီးစစ်လို့ “တိုက်စစ်”တဲ့။ အော် ကျောင်းပရိဝုဏ်အတွင်းက တိုက်စစ်များ။

(နှစ်)

“တိုက်စစ်” အန္တရာယ်က ပညာရေးလောကအတွက် ကြီးလွန်းလှပါသည်။ ၏သည်မလွဲ ပြန်ပြောနိုင်လျှင် လူတော် မပြောနိုင်လျှင် လူညံ့အဖြစ် ဆရာ၊ ဆရာမများကိုယ်တိုင်က သဘောထားနေကြသည်ကို မပြင်ဘဲနှင့်တော့ ဘာမှဖြစ်လာလိမ့်မည် မထင်ပါ။ ရန်ကုန်မြို့၌ ရွှေတိဂုံစေတီတော် ရှိပါသည်ဟူသည့် ၀ါကျကိုပင်လျှင် “ရွှေတိဂုံစေတီတော်သည် ရန်ကုန်မြို့၌ရှိသည်”ဟု ပြန်မရေးရဲသော ကလေးတွေကို နေရာတိုင်းမှာ ကျွန်တော်တို့ တွေ့နိုင်ပါသည်။ ဆရာ သို့မဟုတ် ဆရာမက သူရေးပေးတဲ့အတိုင်း မရေးရင် အမှတ်မပေးဘူးဟုဆိုကာ စိုးထိတ်နေကြပါသည်။ ခြေလေးချောင်းသတ္တ၀ါ သုံးမျိုးကို ဆရာ၊ ဆရာမက ခွေး၊ ကြောင်၊ နွားဟု ရေးပေးထားသည် ဆိုပါတော့။ ကလေးက ဆင်တို့၊ ကျွဲတို့၊ မြင်းတို့၊ ဆိတ်တို့ကို မရေးရဲ။ ရေးလျှင် အမှတ်မရမှာ (သို့မဟုတ်) ဆူမှာ သို့မဟုတ် အငြိုငြင်ခံရမှာကို စိုးထိတ်နေရသည့် အနေအထားဖြစ်ပါသည်။

ဝါကျကလေးများ စကားလုံးကလေးများကိုပင်လျှင် လွတ်လွတ်လပ်လပ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ချမရေးရဲမှတော့ အတွေးအခေါ် အယူအဆတွေကို ချပြရဲ၊ တင်ပြရဲဖို့ ဆိုသည်မှာ ဟိုးအဝေးကြီးမှာပါ။

(သုံး)

ပြင်သစ်နိုင်ငံ၌ ပညာသင်ကြားကာ မြန်မာနိုင်ငံမှာ ဟိုတယ်တွေ လာဖွင့်နေသူ သွက်လက်ထက်မြက်သော ရှမ်းသမီးပျိုကလေးတစ်ဦးနှင့် အင်းလေးကန်ဘေးက သူတို့ဟိုတယ်ထဲမှာပင် စကားဝိုင်းဖွဲ့ဖူးပါသည်။ မိုးလေ၀သဆရာကြီး ဒေါက်တာဦးထွန်းလွင်တို့၊ ဆရာချစ်ဦးညိုတို့၊ မနုနုရည်(အင်းဝ)တို့လည်း ထိုမိန်းကလေးကို ကောင်းကောင်းသိပါသည်။

သူက ဆိုကြပါစို့တဲ့။ ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုး (Victor Hugo)ကို သင်သတဲ့။ ဆရာ၊ ဆရာမက ဗစ်တာဟူးဂိုး (Victor Hugo) ပြောတာကို ကြိုက်၊ မကြိုက် လက်ခံ၊ လက်မခံ မေးသတဲ့။ လက်ခံရင် ကြိုက်ရင် လက်ခံကြောင်း ကြိုက်ကြောင်း ရေး၊ လက်မခံဘူး မကြိုက်ဘူး ဆိုရင်လည်း လက်မခံကြောင်း မကြိုက်ကြောင်း ရေးတဲ့။

ကျွန်တော်တို့ကတော့ မှတ်စုများကိုပင် ရိုက်နှိပ်ထုတ်ဝေကာ ကျောင်းသား၊ ကျောင်းသူများဆီသို့ ရောင်းချဝေငှ ထားလိုက်ပါသေးသည်။ အဲသည့် စာအုပ်ထဲကအတိုင်း ဖြေဆိုကြပေတော့။

ငါရေးချပေးထားတဲ့ ၀ါကျအတိုင်းပဲရေး။ မကွန့်နဲ့။ ငါတွေးပြပေးထားတဲ့အတိုင်းပဲတွေး။ မတွန့်နဲ့။ ငါတွက်ပြပေးထားတဲ့အတိုင်းပဲတွက်။ မညွန့်နဲ့။ ငါခံစားပြထားတဲ့အတိုင်းပဲခံစား။ မလွန့်နဲ့။

ဒါကို ကျွန်တော်က အာဏာ၏အရိပ်ဟု ထင်ပါသည်။ စာသင်ခန်းထဲသို့ အာဏာ၏အရိပ်များ လွှမ်းမိုးလာခြင်းဖြင့် ပညာရေးလောကသည်လည်း အခြားသော လောကများနှင့်အတူ ဆွံအကြုံလှီ ညှိုးနွမ်းခြောက်သွေ့သွားခဲ့ရခြင်း ဖြစ်ပါသည်။

အလွတ်ကျက်ထားသည်ကို တစ်သဝေမတိမ်း ပြန်ရွက်ပြ ပြန်ရေးပြသည်ကို Factual Recall ဟု ခေါ်ဆိုရာ ထိုဖက်ကျူရယ်ရီကောလ်သည် Reasoning Power ခေါ် ဆင်ခြင်ခြင်း၏ရန်သူ၊ Critical Thinking ခေါ် ဝေဖန်သုံးသပ်ခြင်း၏ရန်သူ၊ Decision Making ခေါ် ဆုံးဖြတ်ချက်ချခြင်း၏ရန်သူ၊ Problem Solring ခေါ် ပြဿနာဖြေရှင်းခြင်း၏ရန်သူပင် ဖြစ်ပါသည်။

စာအုပ်ထဲကအတိုင်း ပြန်ချရေးနိုင်၊ မရေးနိုင် စစ်ဆေးသော “တိုက်စစ်”သည် Factual Recall ပင် ဖြစ်ပါသည်။

ယခုအာဏာ၏အရိပ်ကို ဖယ်ကာ ဒီမိုကရေစီရေးသို့ ရှေးရှုနေသောကာလ၌ ကျောင်းပရိဝုဏ်များအတွင်းတွင် “တိုက်စစ်” ရှိနေသေးသည်ဆိုလျှင် ဆရာ၊ ဆရာမတို့ကိုယ်တိုင်က အာဏာအရိပ်အောက်က မလွတ်မြောက်နိုင်ကြခြင်းပင် ဖြစ်ပါသည်။ ငါရေးတဲ့ ငါတွေးတဲ့၊ ငါတွက်တဲ့၊ ငါချက်တဲ့အတိုင်း ရေး၊ မရေး၊ တွေး၊ မတွေး၊ တွက်၊ မတွက်၊ ချက်၊ မချက် တိုက်စစ်ကြည့်သော ဓလေ့။
7 day new facebok 

ဘကြီးသက်
Unknown at 12:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.