ရဲဘော်သုံးကျိပ်ဝင်
ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သူ
ဗိုလ်မှူးချုပ်ကျော်ဇောသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ခွေးမင်မြို့တွင်
ယနေ့နံနက် ၃ နာရီ အချိန်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း
မြန်မာဘာသာ ဖြင့် ထုတ်လွှင့်သော အွန်လိုင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။
မကွယ်လွန်မီ စက်တင်ဘာလဆန်းအတွင်း က မြန်မာနိုင်ငံသို့ ပြန်လာ၍
ရွှေတိဂုံစေတီတော်ကို ဖူးမြှော်လိုသည့် ဆန္ဒရှိသည်ဟု ပြောကြားခဲ့သော
ဗိုလ်မှူးချုပ်ကျော်ဇောကို နိုင်ငံတော် သမ္မတ ကြီးက ပြည်တော်ပြန်လာရန်
ခွင့်ပြုခဲ့သေးသည်။
အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သော
ဗိုလ်မှူးချုပ် ကျော်ဇောကို အဖ ဦးပန်း၊ အမိ ဒေါ်တင်တို့က ၁၉၁၉ ခုနှစ်
ဒီဇင်ဘာလ ၃ ရက်နေ့တွင် သာယာဝတီ ခရိုင် သုံးဆယ်မြို့တွင် မွေးဖွားခဲ့ပြီး
မွေးချင်း ၆ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။
၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ စစ်ပညာသင်ကြားရန်လိုက်ပါသွားခဲ့သော ရဲဘော် သုံးကျိပ်ဝင်တစ်ဦးဖြစ်ပြီး ၁၉၅၃ ခုနှစ်တွင် ကူမင်တန် တရုပ်ဖြူကျုးကျော်ဝင်ရောက်မှုကို တွန်းလှန်တိုက်ခိုက်ခဲ့သော ဗမာ့တပ်မတော်၏ စစ်ဆင်ရေးများကို ဦးဆောင်ခဲ့သူဖြစ်သည်။
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge